Friday, March 4, 2016

Water Reservoirs

အကြမ်းရေးလက်စ။ ရေးပြီးသွားလျင် ဒီစာကြောင်း ကို ဖယ်ပေးပါမယ်။
မြန်မာပြည် အထက်အညာဒေသ တွေမှာ ရေတွင်းတွေ ရေမထွက်တော့တဲ့ အကြောင်းနဲ့ နွေရာသီ မှာ ရေရှားပါးမှု ပြဿနာ ကို ဖြေရှင်းနိုင်ဘို့ အတွက် စဉ်းစားနိုင်ဘို့ အချက်တစ်ခု ပါ။ Lake Livingston, Texas ပြီးခဲ့တဲ့ ရုံးပိတ်ရက် က က သစ်တော ကို ဖြတ်မောင်းပြီး ရောက်သွားတဲ့ ရေကန် တစ်ခုပါ။ Lake Livingston လို့ခေါ်ပါတယ်။ ဟိုဘက်ကမ်း ကို ကောင်းကောင်း မမြင်ရပါဘူး။ အချက်စစ်ကြည့်တော့ အင်းလေးကန် ထက် သုံးဆလောက် ပိုကြီးတယ်။ အရွယ် က ယူအက်စ် နံပါတ် ၄၂။ တက္ကဆက် မှာ ဒုတိယ၊ တက္ကဆက် မှာ အကြီးဆုံး Toledo ကလည်း ရေလှောင်တမန် တစ်ခုပါပဲ။ ဒီ Lake Livingston က ရေလှောင်ဘို့ တမင် တူးထားတဲ့ ရေလှောင်ကန်နဲ့ လို့ဆိုပါတယ်။ ၁၉၆၆ မှာ တူးတယ် ၁၉၆၉ မှာ တူးလို့ ပြီးတယ် လို့ ဆိုပါတယ်။ ယူအက်စ်နိုင်ငံတစ်ဝှမ်း မှာ ရေချိုလှောင်ဘို့ လူတူးထားတဲ့ ကန် အချို့ကို လည်း တွေ့နိုင်ပါတယ်။ ဒီနေရာ မှာ အကြီးဆုံး တူးကန် ဖြစ်တဲ့ Lake Oahe (man-made) ကြောင့် နေရာရွှေ့ပေးလိုက်ရတဲ့ ဒေသခံ တွေ ကို ဒုက္ခရောက်စေပုံ ကို လည်း မမေ့စေချင်ပါ။ ရွှေ့ပြောင်း တိုင်းရင်းသားတွေ နေရာသစ်မှာ မနေတတ်၊ မလုပ်တတ်၊မကိုင်တတ် နဲ့ ဆင်းရဲတွင်း နက် သွားတဲ့ အကြောင်း ကိုလည်း တွေ့ရပါတယ်။ (နှစ်ဘက် မျှ စဉ်းစားနိုင်ရန် ဖြစ်ပါတယ်။)ုခုလို ရေကန်တွေ တူးထားတာ သာ မဟုတ်ရင် ယူအက်စ် က ကုန်းတွင်းများတဲ့ နိုင်ငံ မို့ မြန်မာပြည် အညာဒေသ ထက် ရေရှားမှာ သေချာပါတယ်။ ဒီလို ကန်တွေ မှာ လှေလှော် ငါးမျှားလို့ ရပါတယ်။ အပန်းဖြေ စက်ဘီးစီး၊အပြေး နဲ့ ညအိပ် Camping အတွက် ပန်းခြံတွေ ရှိလေ့ရှိပါတယ်။ အကောင်သေးရင် ဥပဒေ အရ ပြန်လွှတ်ပေးရတယ်။ စီးပွားဖြစ် မျှားတယ် လို့ ယူဆရင်တော့ နောက်တစ်ခါ ပေးမမျှားတော့ဘူး လို့ ဆိုပါတယ်။ (ပြောပြတဲ့ သူက ဝါသနာ ရှင် ဆိုပေမဲ့ တစ်ခါတစ်လေ စီးပွားဖြစ်မျှားတာ၊ ငါးအကောင်အကြီးကြီးတွေ မှ ရွေးမျှားတာ၊ ရတဲ့ ငါးကို တရုတ်ဆိုင် သွင်း၊ ငါးခြောက်လုပ်၊ ဒါပေမဲ့ လူမြင်မကောင်း အောင် မလုပ်တော့ ပြဿနာ မဖြစ်ဘူး။)... အညာဒေသ မှာ နွေရာသီရေရှားတယ် ဆိုပေမဲ့ မိုးရာသီ မှာ ဧရာဝတီ နဲ့ ချင်းတွင်း မြစ်ကြောင်းတစ်လျောက်၊ မတန်တဆ ရေကြီးလေ့ရှိပါတယ်။ ရေချို ကို မထိန်းရင် ပင်လယ်ထဲ ပြန်စီးသွားမှာပါပဲ။ စနစ်တကျ စီမံ လို့ ကံကောင်းရင် ရေအားလျှပ်စစ်တောင် ရချင်ရအုံးမယ်။ Planning & ESIA Assessment ကောင်းကောင်းလည်း လိုပါလိမ့်မယ်။ ဆည်မြောင်း ဌာန က အင်ဂျင်နီယာ တွေ Master Plan တော့ ရှိလောက်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း ရေအရင်း အမြစ်နဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန အောက်မှာ ပြဌာန်းထားတဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးနည်းဥပဒေ - 22nd Jan 2013 နဲ့ အသင်းအဖွဲ့တစ်ခု ကို တွေ့မိပါတယ်။ ဘယ်လို Enforce လုပ်မလဲ တော့ သေချာမသိသေးပါဘူး။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးနည်းဥပဒေ ကို အကောင်အထည် ဖော်မယ် ဆိုရင် ပထမဆုံး လုပ်ရမှာ က ပို့ဆောင်ရေး အောက်က သဘောင်္တိုင်း မှာ မိလ္လာကန် ထည့်ဘို့ နဲ့ ဒီမိလ္လာ ကန်ထဲ က ရေဆိုး တွေ ကို စနစ်တကျ ရွှေ့ပြောင်း သန့်စင် စွန့်ထုတ်နိုင်ဘို့ ပါ။ နောက်ရေထဲ ကို အညစ်အကြေးတွေ စွန့်နေတဲ့ စက်ရုံတွေ နဲ့ သတ္တုတွင်း ကိစ္စတွေ ကိုလည်း ကြပ်မတ်နိုင်ဘို့ လိုပါလိမ့်မယ်။ ပတ်ဝန်းကျင် နဲ့ အကျိုးသက်ရောက် မှု ဆန်းစစ်ချက် (Environmental and Social Impact Assessment) မြန်မာပြည်မှာ ဒီနေရာမှာ ESIA နဲ့ သက်ဆိုင်တဲ့ အချက် တွေ နဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာ ဆန်းစစ် မှု မလုပ်တဲ့ တာတမံ အချို့ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေ၊ ရေမျောသွားတဲ့ အိမ်တွေ ရဲ့ အဖြစ်အပျက် တွေ ရှိခဲ့တာ ကို လည်း လူတိုင်း သိချင်မှ သိပါလိမ့်မယ်။ နောက် စိနပြည်က စွန့်ပစ်လိုက်တဲ့ အမှိုက် သာပေါင်း စက္ကူစက်ကြီး ကြောင့် မျိုးတုန်းသွားတဲ့ ငါးတွေ အကြောင်းလည်း မမေ့စေချင်ပါ။ လေ့လာနိုင်ဘို့ လင့်ခ်တွေ အောက်မှာ ပေးလိုက်ပါတယ်။ ၁)https://en.wikipedia.org/wiki/Lake_Livingston ၂)http://tpwd.texas.gov/state-parks/lake-livingston/ ၃)https://en.wikipedia.org/wiki/List_of_largest_lakes_of_the_United_States_by_area ၄)Google Map: Lake Livingston - https://www.google.com/maps/place/Lake+Livingston,+Texas/@31.0751863,-94.5438413,8z/data=!4m2!3m1!1s0x8647976e43e256bd:0x403180354aba4322 ၅)EPA Protecting Water Resources with Higher-Density Development - http://www.epa.gov/smartgrowth/protecting-water-resources-higher-density-development ၆)EPA National Lakes Assessment - http://www.epa.gov/national-aquatic-resource-surveys/nla

Read More... [ အကျယ် ဖတ်ရန်... ]

Sunday, February 21, 2016

Potable Water Pipe Materials ( သောက်သုံးရေ ပိုက်များ )

အကြမ်းရေးလက်စ။ ရေးပြီးသွားလျင် ဒီစာကြောင်း ကို ဖယ်ပေးပါမယ်။

    ဒီတစ်ပါတ်တော့ သောက်သုံးရေ ဖြန့်ဝေ တဲ့ ပိုက်တွေ အကြောင်း ပြန်ပြီး ဆွေးနွေး ပေးဘို့ ရည်ရွယ်ထားပါတယ်။ သောက်သုံးရေ အတွက် ပိုက်ဆင်ရာ မှာ သုံးတဲ့ ရေနဲ့ ထိမဲ့ ပိုက်ပစ္စည်း တွေ အားလုံး က သောက်သုံးရေ အတွက် သင့်တော်တဲ့ ပိုက် အမျိုးအစား နဲ့ ပိုက်ဆက်ပစ္စည်း တွေ ဖြစ်ရပါမယ်။
      Table of Contents နိုင်ငံတကာ မှာ သောက်သုံးရေ ပိုက်နဲ့ ပတ်သက်တဲ့ စံတွေ ရှိပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတော်တော် များများ က ရေပိုက်တွေ ရဲ့ စံနှုန်း က မြင့်ပါတယ်။ အဓိက ကတော့ လူတွေ ရဲ့ ကျန်းမာရေး နဲ့ ဆိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေ၊ မတော်တဆ မှု တွေ ကနေ သင်္ခန်းစာယူ ပြီး စံက မြင့်လာတာ ဖြစ်ပါတယ်။ ဆိုလိုတာ က တိုးတက် နေဆဲ နိုင်ငံ ဖြစ်စေကာ မူ တိုးတက်ပြီး နိုင်ငံတွေ က စံ ကို သုံးဘို့ လိုပါတယ်။ (အမှား ကို Lesson Learn from Others သူများဆီက သင်္ခန်းစာ မယူဘဲ ကိုယ်တိုင် အတွေ့အကြုံဆိုး ရတဲ့ အထိ ထပ်စောင့်တာ ကို လက်ရှိအခြေအနေ အရ အကောင်းဆုံး လုပ်ရတာ ပါ လို့ ရောချ လို့ မဖြစ်ပါဘူး။)
    စံတွေ ကို စနစ် ထိန်းနိုင်ဘို့ ပိုက် နဲ့ ပိုက်ပစ္စည်း ထုတ်လုပ်သူ တိုင်း က အသားတံဆိပ် ရိုက်နှိပ် ထားပေးရပါမယ်။ ထုတ်လုပ်သူ၊ စံ နဲ့ ပစ္စည်းအမျိုးအစား၊ Class စသည်…. မှီငြမ်းထားတဲ့ စံ မှာ ဘယ်အချက်တွေ ရိုက်နှိပ်ဖော်ပြ ပေးရမယ် လို့ ပါရင် လည်း ထုတ်လုပ်သူ တွေ လိုက်နာဘို့ လိုအပ်ပါတယ်။ ( Ref IPC 303.1)
    တပ်ဆင်တဲ့ အပိုင်း မှာ လည်း စံသတ်မှတ် ချက် အတိုင်း အတိအကျ လိုက်နာဘို့ လိုအပ်ပါတယ်။ စံမရှိ ရင် ထုတ်လုပ်သူ ရဲ့ လိုအပ်ချက် ကို လိုက်နာပေးရပါမယ်။
    ပိုက်အားလုံး (ပလတ်စတစ် ပိုက် အပါအဝင်) သောက်သုံးရေ အတွက် သင့်တော်ကြောင်း ဓာတ်ခွဲခန်း မှာ စနစ်တကျ စစ်ဆေး အတည်ပြုပြီး သားတွေ ဖြစ်ရပါမယ်။ (သို့) လက်ခံ နိုင်တဲ့ စံ အတိုင်း ထုတ်လုပ်ထားကြောင်း သမာသမတ် ရှိတဲ့ Third Party Certification ပါရပါမယ်။

    ... Back to Top [Table of Contents]....
  1. Lesson Learnt (အခြား နေရာများ မှ ပေးသော သင်္ခန်းစာ အတွေ့အကြုံများ။)
  2. ဒီနေရာ မှာ စံချိန်စံညွှန်းတွေ အကြောင်း မဆက်ခင် ရာဇဝင် အချို့ ကို ပြန်လှန်ကြည့်ရင်.
    Cast Iron သံပိုက် တွေ က ရာစု နှစ်ပေါင်း များစွာ သုံးခဲ့ ပေမဲ့ ခုအချိန် မှာတော့ မှေးမှိန်သွားပါပြီ။ အဓိက ကတော့ သံချေးစား ပြီး အတွင်းမှာ ဗျုတ်ထ။ ရေထဲ မှာ လည်း သံချေးပါ။ နောက် ဗျုတ်ထတဲ့ အတွက် ရေစီးခုခံအား Pipe Friction လည်း တက်လာတာမို့ Energy လည်း ဆုံးရှုံးရတာ မို့ပါ။
    Copper Pipe တွေ ဆိုရင်လည်း အဓိက ကတော့ ပစ္စည်း သန့်ဘို့လိုပါတယ်။ အမှုန် မထွက် ဘို့၊ ခဲ နဲ့ အခြား မသင့်တော်တဲ့ Material တွေ မပါဘို့၊ Dimension မှန်ဘို့ နဲ့ သတ်မှတ်ထားတဲ့ အထူ ရှိဘို့ တွေ လိုအပ်ပါတယ်။
    GI ( Galvanized Iron) ပိုက်လည်း ထိုနည်း ၄င်း ပါပဲ။ အရည်အသွေး သိပ်ကောင်းအောင် ထိန်းနိုင်တဲ့ စက်ရုံ က ထွက်တာ ဖြစ်ဘို့ လိုပါတယ်။ အရည်အသွေး မကောင်းရင် ပိုက်အတွင်း မှာ မကြာခင် သံချေး လိုက်လာပါမယ်။ နောက် Galvanizing Material ထဲမှာ ခဲပါရင် သွားပြီ။ ခဲဆိပ်သင့်ပေရော့။ နောက်အောက်မှာ ခံတဲ့ ပိုက်က သံလား၊ သံမဏိလား။ သံဆိုရင် မကြာခင် Galvanized အကာပေါက်ပြီး သံချေးလိုက်ဘို့ ပိုလွယ်ပါတယ်။ Galvanizing လုပ်တယ် ဆိုတာ ကလည်း Zinc & Aluminum ကို အပူပေးအရည်ဖျော်ထားတဲ့ မီးဖိုထဲ နှစ်လိုက် အက်ဆစ်ထဲ နှစ်လိုက် လုပ်ပြီး ရလာတာပါ။ မြန်မာပြည် အနေနဲ့ တော့ အရည်အသွေးကောင်း တဲ့ GI Pipe / Fittings အမြဲတမ်း ရနိုင်ဘို့ အခွင့်အရေး သိပ်ကို နည်းလွန်းသေးတာ မို့ မသုံးသင့်တဲ့ ပိုက်အမျိုးအစား လို့ ပဲ သတ်မှတ် သင့်ပါတယ်။ (စကာင်္ပူ မှာ GI Pipe ကို သောက်သုံးရေ အတွက် သုံးခွင့် မရှိပါ။)
    Lead (ခဲ) ကို ကယ်လီဖိုးနီးယား မှာတော့ ချက်ချင်း သေမဲ့ အဆိပ်လို ရွံ့ကြပါတယ်။ လက်ရှိ US မှာ ပိုက်ဆက် ပစ္စည်း တွေ က ခဲ အနည်းဆုံး (သို့) ခဲလုံးဝ သန့်စင်တဲ့ ပစ္စည်းတွေ ကို ပဲ သုံးခွင့်ရှိပါတယ်။
    PVC ဆိုရင်လည်း ရေထဲ ကို အဆိပ်မထွက် အောင် သေချာ လုပ်ထားတဲ့ အမျိုးအစား ဖြစ်ဘို့ နဲ့ လိုအပ်တဲ့ ရေဖိအား ဒါဏ် ကို ကောင်းကောင်း ခံနိုင်တဲ့ ပစ္စည်း ဖြစ်ဘို့ လိုအပ်ပါတယ်။ နေဒါဏ် ( UV attack) ကို လည်း မခံနိုင်ပါဘူး။ ပလတ်စတစ် ပိုက် အမျိုးအစား အားလုံး ဒီအတိုင်းပါပဲ။ Recycle Material ပါလို့ မရပါဘူး။ Corrosion Protection, Back Flow Prevention and Contamination Control, Water Hammer, Cavitation ဒါတွေ က လည်း ဖြစ်သလို လုပ်ထားတဲ့ Plumbing Code နဲ့ မလုံလောက်ပါဘူး။ PVC ပိုက်မို့ ခဲစင်တယ် လို့ ယူဆလို့ လည်း မရပါဘူး။
    အိန္ဒိယ မှာ ပီဗီစီ ပိုက်က နေ ခဲဆိပ်သင့်တဲ့ ပြဿနာ တော်တော် ကြီးပါတယ်။
    (ဒီအချက် က လက်ရှိ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာ အကောင်းဆုံး အချက်ပါ။ )

    ... Back to Top [Table of Contents]....
  3. မြေအောက်ပိုက်။ ။
  4. မြေအောက်မှာ မြုတ်မဲ့ ပိုက်တွေ အားလုံး က မြုတ်မဲ့ မြေကြီးထဲမှာ ရှိတဲ့ ဓာတ်ပစ္စည်းတွေ နဲ့ သဟဇာတ ဖြစ်ဘို့ လိုအပ်ပါတယ်။ ရေနံ၊ အက်ဆစ် (သို့) အယ်လ်ကာလီ၊ ဆားဓာတ် နဲ့ အခြား Organic Compound အချို့က ပိုက်တွေ ကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် မြုတ်မဲ့ မြေကြီးရဲ့ အခြေအနေ ကို သိဘို့ လိုအပ်ပါတယ်။ ( Ref IPC 605)
    ဆားနဲ့ ကန့်ဓာတ်များတဲ့ မြေမှာ သတ္ထုပိုက်တွေ ကို ဒီ အတိုင်းမြုတ်လို့ မဖြစ်ပါဘူး။ သတ္ထုပိုက်တွေ မှာ Galvanic Corrosion ကို ကာကွယ်ဘို့ လည်း လိုအပ်နိုင်ပါတယ်။ Solvent နဲ့ ဓာတ်မြေသြဇာတွေ ရာနှုန်း များတဲ့ နေရာ (သို့) မြေသြဇာ အဆက်မပြတ် ကျွေးနေမဲ့ နေရာမှာ ပီဗီစီ လို ပလတ်စတစ် ပိုက်တွေ သွားမြုတ်လို့ လည်းမရပါဘူး။
    နောက်တစ်ခု က မြေအောက်ပိုက် မြုတ်တဲ့ အခါ သတိထားရမဲ့ ပိုက်မြုတ်နည်း စနစ် တွေ ပါ။ ပြီးစလွယ် လုပ်လို့ မရပါဘူး။ Trenching, Bedding & Back Filling Practices, Thrust Blocks and Anchors စတဲ့ လိုအပ်ချက် တွေ က ရေရှည်အတွက် လိုအပ်ချက်တွေ ပါ။ နေရာတကာ ကံရာဇာငယ် လုပ်နေလို့ မဖြစ်ပါ။
    အပေါ်မှာ ဖိမဲ့ ဝန်အား ကို လည်း ခံနိုင်မဲ့ အနက်မှာ မြုတ်ရပါမယ်။ (ဥပမာ။ ။ မီးသတ်ကား ရဲ့ ကုန်ပြည့်ဝန် ကို ခံနိုင်ဘို့ အနည်း ဆုံး သုံးပေကျော်မှာ မြုတ်ပေးရပါမယ်။ လိုအပ်ရင် RC Full Haunch လုပ်ပေးရပါမယ်။)
    Lead (ခဲ) နဲ့ ပတ်သက်လို့ မှာ IPC မှာ အရင် က 8% အထိ ခွင့်ပြုခဲ့ပါတယ်။ ခဲပါမှ သတ္ထုပိုက် နဲ့ ပိုက်ဆက်ပစ္စည်း တွေ ကို ပုံသွင်းရ လွယ်ကူလို့ ပါ။ ဒါပေမဲ့ ဒီကန့်သတ်ချက် ကြောင့် ခဲဆိပ်သင့်တာ ကို သိပ်မလျှော့ချ နိုင်ဘူး ဆိုတဲ့ အချက်တွေ ကို တွေ့လာရတာ မို့ ခဲကင်းစင် တဲ့ ပစ္စည်းတွေ ဖြစ်ဘို့ 0.2% အထိလျှော့ချဘို့ လိုအပ်လာပါတယ်။
    မြူနီစီပါယ် ပိုင်း မှာ water service piping အနေနဲ့ သောက်သုံးရေ အတွက် သုံးမဲ့ ပိုက် နဲ့ ပိုက်ဆက်ပစ္စည်းတွေ ကို အနိမ့်ဆုံး လက်ခံ မဲ့ ခံနိုင်ရည် ကို IPC မှာ 160 psi ( 1100 kPa) at 73.4ºF ( 23ºC) လို့သတ်မှတ် ထားပါတယ်။ ဒီထက် Water Pressure များရင်တော့ ပိုပြီး ခံနိုင်ရည် ရှိတဲ့ ပိုက်ပစ္စည်း တွေ ကို သုံးရပါလိမ့်မယ်။ ဒီအချက် ကို ပလတ်စတစ် ပိုက် တွေ ရွေးတဲ့ အခါ သတိထားရပါမယ်။ IPC မှာ ပီဗီစီ ပိုက် နဲ့ ပတ်သက်ပြီး မြူနီစီပါယ် ပိုင်း မှာ water service piping အနေနဲ့ လက်ခံပေမဲ့ အဆောက်အအုံ ဘက် မှာ သုံးမဲ့ water distribution piping ဘက်မှာ လက်မခံ တဲ့ သဘောတွေ့ရပါတယ်။ ပီဗီစီ ပိုက်တွေ ရဲ့ သဘာဝ အရ ရေပူ ဒါဏ် လုံးဝ မခံနိုင်ပါဘူး။ ဒီအချက် က လည်း အမှားမခံ တဲ့ အချက် မို့ လုံးဝ ကန့်သတ်ထားတဲ့ သဘောဖြစ်ပါလိမ့်မယ်။
    IPC က လက်ခံတဲ့ Water Service Pipe Material တွေ က တော့ ABS, Asbestos-Cement, Brass, CPVC, Copper or Copper Alloy Pipe & Tubing, PEX, DICL, Galv. Steel, PE, PP, PVC, SUS 304/ 316 ပါ။ အမျိုးအစား တိုင်း အတွက် စံ သတ်မှတ်ချက် ရှိပါတယ်။ Asbestos-Cement ပိုက်က တော့ ထုတ်လုပ်ဘို့ ခက်သွားပါပြီ။ ဒါကလည်း Asbestos (ကျောက်ဂွမ်း) နဲ့ အဆုပ်ထိခိုက်မှု ဆက်စပ်ချက် တွေ ကြောင့် ကိုင်တွယ် မဲ့ သူ မရှိသလောက် နည်းသွားတာမို့ပါ။
    အဆောက်အဦ အတွက် သုံးမဲ့ Water Distribution Piping ဘက်မှာ PVC နဲ့ ပလတ်စတစ် အမျိုးအစားအချို့ မပါတော့ပါဘူး။

    ... Back to Top [Table of Contents]....
  5. စကာၤပူ PUB က လက္ခံတဲ့ အမ်ိဳးအစား။
  6. စလုံး စီပီ-၄၈ မှာတော့ ကြေးပိုက် ဆို ရေပူရေအေးအတွက် သုံးလို့ရတယ်။ သံပိုက် (သို့) Steel ပိုက်တွေ ဆိုရင် အထဲမှာ Lining အကာလွှာ ပါရမယ်။ သံပိုက်တွေ ဆို အပြင်ဘက်က လည်း ကတ္တရာစေးလို အကာအကွယ် ပါရမယ်။ နောက် သတ္ထုပိုက်တွေ ကို Corrosive Ground ထဲမှာ မြုတ်ထားရင် သင့်တော်တဲ့ အကာအကွယ် ပေးရမယ် စသည်ဖြင့်ပါပါတယ်။ Cathodic Protection ဆိုတာ လည်း ပိုက်တွေ ကို ကာကွယ်ဘို့ နည်းပညာ တစ်ခုပါ။
    စကာင်္ပူ မှာ ဂျီအိုင် ပိုက် ( Galvanized Pipe) ရိုးရိုး က တရားဝင် သုံးခွင့် မရှိပါ။ သင့်တော်တဲ့ Lining တစ်မျိုးမျိုး ပါမှ သာ လျှင် သုံးခွင့်ရှိပါတယ်။
    ဒီလိုသတ်မှတ် ချက် တွေ နဲ့ တင် မလုံလောက်ပါ။ သောက်သုံးရေ ပိုက်နဲ့ ပိုက်ဆက် ပစ္စည်းအားလုံး က သတ်မှတ်ထားတဲ့ စံ နဲ့ ကိုက်ညီရပါမယ်။ စစ်ဆေးထားတဲ့ test report or certificate တွေမှာ SAC-SINGLAS ( or) ILAC-MRA partner logo တစ်ခုခု မပါလျင် PUB က လုံးဝ အသိအမှတ် မပြုပါတဲ့။ (သုံးစွဲခွင့် လုံးဝ မရှိပါ။)
    ပစ္စည်းတစ်ခု ချင်းရဲ့ စံသတ်မှတ်ချက် Fittings and Standards for Water Service တွေ ကို PUB Website မှာ တရားဝင် ဖော်ပြပေးထားပါတယ်။

    ... Back to Top [Table of Contents]....
  7. မြန်မာပြည် က အခြေအနေ။
  8. မြန်မာပြည် မှာ လက်ရှိ အပြာရောင် ပီဗီစီ ပိုက် နဲ့ ဂျီအိုင် ပိုက်တွေ ကို အတော်သုံးစွဲ နေတဲ့ ပုံစံ တွေ့ရပါတယ်။ ရေပိုက်လည်း ပိုက်ပြာ၊ အီးပိုက်လည်း ပိုက်ပြာ၊ မိုးရေလည်း ပိုက်ပြာ မို့ အတော်ခွဲရခက်မယ် လို့ တွေးမိပါတယ်။ စလုံးမှာ ဆိုရင်တော့ မိလ္လာ မြေပေါ်၊ မြေအောက် တစ်မျိုးတစ်ရောင်၊ မိုးရေပိုက် က တစ်ရောင် (ရေပိုက် ကို တော့ မသုံးပါ။)
    သိတဲ့ ညီငယ်တွေ ရဲ့ ပြောပြချက် အချို့အရ class 5, class 8.5, class 13.5 ဆိုပြီးရှိပါတယ်တဲ့။ thai standard ( TIS 17- 2532) လို့ ယူဆကြပါတယ်။ Water supply ဆို cl 13.5 Sanitary and Drain ဆို class 8.5 သုံးလိုက်တာပဲ လို့ ရှင်းပြပါတယ်။ အရင် ယိုးဒယား က သွင်းလေ့ရှိပြီး အခု တော့ ပြည်တွင်း မှာတင် ထုတ်နေကြပြီ လို့ ဆိုပါတယ်။
    ဒီပိုက်ပြာ တွေ ကို သောက်သုံးရေ ပိုက်အနေ နဲ့ သုံးတဲ့ အခါ စိုးရိမ်မှု အချို့ ရှိပါတယ်။ ပထမ တစ်ခု ကတော့ သောက်သုံးရေ အတွက် သင့်တော်မှု ရှိ၊ မရှိ။ ကုန်ကြမ်း နဲ့ ထုတ်လုပ်မှု အဆင့်ဆင့် မှာ ဘယ်လောက်သန့် သလဲ ဆိုတဲ့ အချက် နဲ့ တိုက်ရိုက် သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။
    PVC ပိုက်မို့ ခဲစင်တယ် လို့ ယူဆလို့ လည်း မရပါဘူး။ အိန္ဒိယ မှာ ပီဗီစီ ပိုက်က နေ ခဲဆိပ်သင့်တဲ့ ပြဿနာ တော်တော် ကြီးပါတယ်။ (ဒီအချက် က လက်ရှိ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာ အကောင်းဆုံး အချက်ပါ။)
    ဒုတိယ အချက် က တော့ ပိုက်ဆင်တဲ့ အခါ ခံနိုင်ရည် နဲ့ မဆင်သင့်တဲ့ နေရာတွေပါ။ မြေအောက်မှာ Solvent, ဒီဇယ် (သို့) ဓာတ်မြေသြဇာ သုံးမဲ့ နေရာတွေ မှာ မသုံးသင့်ပါဘူး။ မြေအောက်ပိုက် ဆင်တဲ့ အခါ လိုက်နာရမဲ့ စံတွေ ကို လိုက်နာမှု နည်းပါးတာ လည်း စိုးရိမ်စရာ တစ်ခု ဖြစ်ပါတယ်။ ရေပန့် ( Water Pump) အထွက်မှာ တတ်ရင် Head နည်းပေမဲ့ Surge ( Water Hammer) ကြောင့် Fittings/ Elbow မှာ ကွဲထွက်ပါတယ်။ ဒါကြောင့် ရေပန့်နဲ့ ပေးရတဲ့ နေရာ မှာ သုံးလို့ မရပါဘူး။ Gravity Feed ဆိုရင်တောင် မှ Sudden Closure ရုတ်တရက် အပိတ်မြန်တဲ့ Solenoid သုံး ပစ္စည်း (သို့) Flush Valve တွေ များတဲ့ နေရာ မှာ လည်း Surge ကြောင့်ကွဲပါမယ်။ မလေးရှား နာမည်ကြီး ဟိုတယ် တစ်ခု မှာ Laundry Equipment တွေကို Gravity Feed နဲ့ ပေးတဲ့ Copper Pipe အထူကြီးတွေ ကွဲထွက်တာ ကိုယ်တိုင် ကြုံဘူးပါတယ်။
    နောက် နေထိမဲ့ နေရာမှာ လည်း သုံးလို့ မဖြစ်ပါဘူး။ PVC က UV Attack ခံနိုင်ရည် မရှိပါ။
    ပြန်ကျိုထားတဲ့ recycled pvc သုံးလို့ မရသလို ရေဆိုး မိလ္လာ အတွက် လို့ သတ်မှတ် ထားတဲ့ ပိုက်အမျိုးအစား ကို လည်း သောက်သုံးရေ အတွက် သုံးလို့ မဖြစ်ပါဘူး။
    ပီဗီစီ ရေဆိုး မိလ္လာပိုက် ကျတော့ လည်း သောက်သုံးရေ ပိုက် Fittings တွေ ချိုးထားတဲ့ ပုံ မတူပါ။ အမေရိက မှာတော့ Soil Waste and Vent Pattern ( ASTM D 3311, drain, waste, and vent patterns) လို့ခေါ်ပါတယ်။ စကာင်္ပူ မှာ လည်း ဒီလို သတ်မှတ်ချက် ရှိပါတယ်။
    လက်ရှိ အများသုံးနေတဲ့ ပိုက်ဖြစ်တဲ့ အတွက် သင့်တော်မှု ရှိ၊ မရှိ တကယ် စစ်ဆေးသင့် နေပြီ လို့ ထင်ပါတယ်။ နောက်မှ အိန္ဒိယ လို နောင်တ ဆိုး မရစေချင်ပါ။
    ကုန်ကျ စားရိတ် ပိုများ လာမယ် ဆိုပြီး ကန်ထရိုက်တာ တွေ ငြီးကောင်း ငြီးနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ အိမ်ဈေး၊ အဆောက်အဦ ဈေးတွေ က လည်း ငါးပြား၊ တစ်ပဲ မဟုတ်ပါ။ အရည်အသွေး ရှိတဲ့ ပိုက် စနစ် တွေ ရသင့်တဲ့ တန်ဘိုးတွေ ဖြစ်တာ အငြင်းပွားဖွယ် မဟုတ်တာ တွေ့ရပါတယ်။

    ... Back to Top [Table of Contents]....
  9. မြန်မာပြည် အတွက် Material Standards စံချိန်စံညွှန်းများ။
  10. မြန်မာပြည် မှာ လည်း Material Quality ကိုထိန်းဘို့ စံသတ်မှတ် ပေးမဲ့ National Standard Council လိုအဖွဲ့မျိုး စနစ်တကျ ဖွဲ့စည်း ထားဘို့ လိုအပ် နေတဲ့ သဘောတွေ့ရပါတယ်။ စကာင်္ပူ မှာ လုပ်တဲ့ စနစ် လို နိုင်ငံ တကာ စံ အဖွဲ့တွေ နဲ့ ပူးပေါင်း ဆောင်ရွက်မှု ရှိဘို့ လိုအပ်ပါလိမ့်မယ်။
    ပစ္စည်းအရည်အသွေး ကို စံနဲ့ ညီမညီ စစ်ဆေးပေးမဲ့ Accredited Laboratory တွေလည်း ရှိဘို့ လိုအပ်ပါမယ်။
    ဖြစ်နိုင်ရင် နည်းပညာ တက္ကသိုလ်တွေ မှာ ပေါင်းထားပေးရင် တော့ မျိုးဆက်သစ် တွေ လည်း ပညာရပါလိမ့်မယ်။ Certified Lab Technicians တွေ နဲ့ ပညာရှင် ဆန်ဘို့ တော့ အရေးကြီးပါတယ်။
    စကားမစပ်၊ Middle East Project တစ်ခု မှာ ဂန္ဓာလရာဇ် ပြည်က Stainless Steel Pipes တွေ သုံးတာ တစ်နှစ်အတွင်း သံချေး တက် လာလို့ တစ်ဆိုဒ် လုံး ပြန်လဲဘို့လိုတဲ့ အဖြစ် ကို ဌာနတွင်း ဆွေးနွေးပွဲ တစ်ခု က နေ ကြားရပါသေးတယ်။ (တရုတ်နိုင်ငံ မှာ နိုင်ငံတကာ အဆင့်မီ ပစ္စည်း တွေ ထုတ်နိုင်ပါတယ်။ တပြိုင်တည်းမှာ ပဲ အဆင့်အတန်း မမီတဲ့ ပစ္စည်းတွေ လည်း ရှိနေအုံးမှာပါ။ အုတ်ရောရော ကျောက်ရောရော။ ၉၀% သန့်တဲ့ အချိန်မှာ မသန့်တဲ့ ၁၀% က ဒုက္ခကောင်းကောင်းပေးနိုင်တာမို့၊ တရုတ်နိုင်ငံထွက် ပစ္စည်းတွေ ကို QC သေချာစစ်နိုင်မှ သုံးခွင့်ပေးရပါမယ်။)
    ဒီနေရာ မှာ ပို့လွှတ်မဲ့ ရေရဲ့ အရည်အသွေး က လည်း အရေးပါပါတယ်။ မသန့်တဲ့ (သို့) အက်ဆစ်ဓာတ် လို ဓာတ်ပြုလွယ်၊ တိုက်စားလွယ် တဲ့ အရည်အသွေး ဆိုရင် ပိုက်တွေ ကို စားပါမယ်။ Copper Pipe တောင် Blue Water လို့ခေါ်တဲ့ ကြေးညှိတွေ ပါပြီး ကြေးဆိပ်သင့်နိုင်ပါတယ်။ Hardness များရင်တော့ ပိုက်တွေ ချိုးကပ်ပြီး ပိတ်လာဘို့ အလားအလာ ရှိပါတယ်။

  11. Download PDF Copy: W057_R01 Potable Water Pipe Materials
    https://www.dropbox.com/s/m1rjk9xrdvyhryg/W057_R01%20Potable%20Water%20Pipe%20Materials.pdf?dl=0

  12. ... Back to Top [Table of Contents]....
  13. References:
    1. International Plumbing Code , International Code Council
    2. Singapore Standard Code of Practice - CP: 48 Code of Practice for Water Services
    3. စကာၤပူ PUB

Read More... [ အကျယ် ဖတ်ရန်... ]

Saturday, February 13, 2016

MNBC-2012, Engineers and Contractors

အကြမ်းရေးလက်စ။ ရေးပြီးသွားလျင် ဒီစာကြောင်း ကို ဖယ်ပေးပါမယ်။
Myanmar National Building Codes (MNBC-2012) တွေ နဲ့ ပတ်သက်ပြီး အရင် က ရေးတင်ပေးခဲ့ တာ တွေ ကို ပြန်တင်ပေးလိုက် ပါတယ်။ ဒီ ကုဒ်တွေ ကို ရှာဖွေဖတ်ပြီး တဲ့ အချိန် မှာ ရေးပေးခဲ့တာပါ။ ကုဒ်တွေ ထွက် နှစ်အတန် ကြာပြီဖြစ်ပေမဲ့ ကျနော်တို့ ဖတ်မိတာ တော့ လပိုင်း လောက်ပဲ ရှိပါသေးတယ်။ ဆောက်လုပ်ရေး လောက အတွက် လိုအပ်မဲ့ စံ နဲ့ စည်းစနစ် တွေ ဖြစ်ပါတယ်။ Myanmar Building Codes Development အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင် က အင်ဂျင်နီယာတွေ ရဲ့ ပြိုင်တူတွန်းအား ထည့်နိုင်ဘို့ ဒီ မှတ်ချက်ကို ရေးခဲ့ပါတယ်။ ကျနော် ကိုယ်တိုင် လည်း ပြည်ပရောက် အင်ဂျင်နီယာ တစ်ယောက် မို့ Code Development Team မှာ မပါဝင် ပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် က အင်ဂျင်နီယာ အများ နဲ့ ဆိုင်တဲ့ အတွက် ဒီမှာ လာတင်ပြ ပေးရတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ရောင်နီပြတာ နဲ့ အတူ နိုင်ငံ ကို ဝိုင်းပြီး ထူထောင်ရမဲ့ အချိန် စ လာပြီး မို့ပါ။ Professional Engineers လိုင်စင် အကြောင်း အခြေအတင် ဆွေးနွေးကြတာ တွေ အရင် က မကြာခန ဖတ်ရပါတယ်။ စကာင်္ပူ၊ မလေးရှား မှာ ရော US မှာပါ PE လိုင်စင်မရှိ ပဲ လုပ်လို့ ရတဲ့ အင်ဂျင်နီယာ အလုပ်တွေ လည်း အများကြီး ရှိတယ်။ လိုင်စင် ရှိမှ လုပ်ခွင့်ရှိတဲ့ နေရာလည်း ရှိပါတယ်။ PE အကြောင်း ထက် လက်ရှိ အဆောက်အအုံ Standards တွေ မြှင့်ပေးဘို့ နဲ့ နိုင်ငံ တကာ နဲ့ အမီ ရင်ပေါင်တန်း နိုင်ဘို့ရာပြိုင်တူတွန်း ဘို့ လိုအပ်ချက် အချို့ ကို အဖြေရှာတဲ့ အခါ ဝိုင်းစဉ်းစား နိုင်ဘို့ အချက် အချို့ ကို တင်ပြချင်လို့ ပါ။ နိုင်ငံရပ်ခြားမှာ Professional Engineers / Architect အင်ဂျင်နီယာ၊ဗိသုကာ အလုပ်လုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ သူတွေ က နောက်မှာ ကြီးလေးတဲ့ တာဝန် တွဲလျှက် ပါနေတယ် ဆိုတာ သတိပြုရပါတယ်။ အများပြည်သူ နဲ့ ပါတ်သက်တဲ့ နေရာတွေ အတွက် Engineering ဒီဇိုင်း လုပ်တဲ့ အခါ ကိုယ့်နဲ့ ဆိုင်တဲ့ အပိုင်း ကို တရားဝင် လုပ်ပိုင်ခွင့်ရတာ နဲ့ အတူ တာဝန်လည်း ယူရပါတယ်။ ဒါကြောင့် PE နဲ့ တာဝန်ခံ အင်ဂျင်နီယာ လုပ်ရင် တကယ် တာဝန်ယူနိုင်ရပါတယ်။ တာဝန်ယူ မဲ့ အလုပ်က လည်း ကိုယ် အသေးစိတ် နားလည်ပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်ဘူးတဲ့ အလုပ် ဖြစ်ရမယ်။ လိုင်စင်ရတာ နဲ့ ထင်ရာလက်တဲ့ စမ်းလို့ မရဘူး။ ကျင့်ဝတ် သေချာ ထိန်းရမယ်။ သိက္ခာစောင့်ရမယ်။ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်း ဆိုတာ က အန္တာရာယ် များတဲ့ အလုပ်။ ကိုယ့်ဒီဇိုင်း နဲ့ ဆက်စပ်ပြီး ထိခိုက်မှု Accident တစ်ခုခု ဖြစ်တယ် ဆိုတဲ့ အခြေအနေ မျိုးမှာ တာဝန်ရှိသူ အင်ဂျင်နီယာ ပီပီ ကျင့်ဝတ် နဲ့ အညီ သက်သေလုပ်ပေးနိုင်၊ အစစ်ဆေး လည်း ခံနိုင်ရပါမယ်။ တာဝန်ခံ အင်ဂျင်နီယာ အဖြစ် Drawings တွေ Reports တွေ မှာ တံဆိပ်တုံးထု (သို့) လက်မှတ် ထိုးလိုက်တာ နဲ့ ဥပဒေကြောင်း အရ တရားဝင် မှတ်တမ်း တစ်ခု ဖြစ်သွားပါတယ်။ သက်ဆိုင်ရာ Authority Submission မှာ လက်မှတ်ထိုးရင် လည်း အများပြည်သူ နဲ့ ဆိုင်တဲ့ မှတ်တမ်းအနေ နဲ့ နှစ်ပေါင်းများစွာ ရှိနေမှာပါ။ အများပြည်သူ အန္တာရယ် တစ်ခုခု ဖြစ်ရင် ဒီမှတ်တမ်း တွေ ကို ပြန်လှန်ကြ ပါလိမ့်မယ်။ ဒါကြောင့် US မှာ ကိုယ်ပိုင် Engineer Practice လုပ် ရင် မတော်တဆ အမှား ကြောင့် ဆုံးရှုံးဘဝခြင်း မဖြစ်ရအောင် Professional Liability Insurance ဝယ်ရပါတယ်။ ကုမ္ပဏီ မှာလုပ်တယ် ဆိုရင်တော့ ကုမ္ပဏီ အနေ နဲ့ ဖြေရှင်းမှာ မို့ ဝယ်စရာ မလိုပါဘူး။ ဒီနေရာ မှာ တာဝန်ခံ အင်ဂျင်နီယာ က အပြစ်ဒါဏ် ခံရလောက် တဲ့ အမှားလုပ်တာ မဟုတ်ပေမဲ့ လက်ညိုးထိုး (သို့) အပြစ်ပေး ခံ ရတာ ကို ဘာနဲ့ ကာကွယ်မလဲ။ သူကျွမ်းကျင်တဲ့ အလုပ် ကို ဂရုတစိုက် အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့ တာကို ဘာတွေ နဲ့ သက်သေပြမလဲ။ သူတွက်ချက် ထားတာတွေ၊ ဒီဇိုင်း လုပ်ထားတာ တွေ က မှန်ကန်ကြောင်း ဘာနဲ့ နှိုင်းယှဉ် သက်သေပြမလဲ။ လျစ်လျူရှုတဲ့ (သို့) ပြီးစလွယ် လုပ်တဲ့ အမှား၊ မစဉ်းစား မဆင်ခြင် ဘဲ လုပ်တဲ့ အမှား မဟုတ်ကြောင်း ဘယ်လို သက်သေထူနိုင်မလဲ။ ဒီအတွက် Building Codes, Regulations, Rules, Act, Standards စသည်ဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစီးကမ်း၊ ဥပဒေ၊ စံ သတ်မှတ်ချက် တွေ ကို တရားဝင် ဥပဒေ နဲ့ ပြဌာန်းထား နိုင်ဘို့ လည်းလိုအပ်ပါတယ်။ ဒါတွေရှိမှ တာဝန်ခံ အင်ဂျင်နီယာ တွေ ကို လမ်းကြောင်း မှန် ပေါ် ပို့ပေးနိုင်မှာပါ။ ဒီအတွက် Myanmar Building Codes (Drafts) နဲ့ Provisional တွေ ထွက်လာတာ အားရစရာ တစ်ခုအနေ နဲ့ ကြိုဆိုရပါမယ်။ ပထမ အဆင့် အခြေခံ လမ်းကြောင်းတစ်ခု ရောင်နီပျိုးတဲ့ သဘောပါ။ အဆောက်အအုံ တွေ ဆောက်လုပ်တဲ့ အခါ ရှိရမဲ့ အနိမ့်ဆုံး စံ သတ်မှတ်ချက် လည်း ဖြစ်တာမို့ အရည်အသွေး မီတဲ့ အဆောက်အဦ တွေ တစ်ပြေးညီ ဖြစ်လာစေဘို့ အတွက်လည်း အခြေခံ လိုအပ်ချက် ဖြစ်ပါတယ်။ ဒီ Building Codes တွေ ကို မွမ်းမံနိုင်အောင် နဲ့ အတည် ပြုနိုင်အောင် လည်း ဝန်းရံ ပေးကြရပါမယ်။ Code Development လုပ်တဲ့ အထဲမှာ မပါဘူး ဆိုပြီး ဘေးက ရပ်ကြည့် မနေသင့်ပါဘူး။ Public Codes တွေ ဖြစ်တဲ့ အတွက် အကောင်းအဆိုး ထောက်ပြ နိုင်ဘို့ နဲ့ ပိုကောင်းလာအောင် တည်းဖြတ် မွမ်းမံ နိုင်ဘို့ က လည်း အင်ဂျင်နီယာ ထု ကြီး ရဲ့ တာဝန်ဖြစ်ပါတယ်။ ပုံမှန် အားဖြင့် Building Codes တွေ မထွက်ခင် Public Input ရှိလေ့ ရှိပြီး မွမ်းမံ ဘို့လည်း Public Feedbacks တွေ ကို အခြေခံ ရပါတယ်။ ဆန်းစစ် သုံးသပ်နိုင်ဘို့ ဝေဖန်နိုင်ဘို့ ဆိုရင် ဒီ Codes တွေ ကို ပထမ ဆုံး သေချာ နားလည်အောင် လုပ်ရပါလိမ့်မယ်။ သမိုင်းကြောင်း၊ မှီငြမ်းနဲ့ အခြား နောက်ခံ အကြောင်းတရား တွေ ကို လည်း အထိုက်အလျောက် နားလည် ဘို့ လိုပါလိမ့်မယ်။ ဒါ့အပြင် နိုင်ငံ ရဲ့ Public Works နဲ့ Infrastructure Limitations တွေ ကို လည်း နိုင်ငံ တကာ နဲ့ ရင်ပေါင်တန်း နိုင်အောင် မွမ်းမံ နိုင်ဘို့လည်း တွန်းရပါအုံးမယ်။ အရင်က Public Utilities တွေ နဲ့ ပါတ်သက်ရင် အကြောက်လွန် ပြီး Transparency မရှိတာ (So called Security Conscious - သို့သော် လုံခြုံရေး က အရေးကြီး သလို တိုးတက်ဘို့ က လည်း အရေးကြီးပါတယ်) ဌာန ဆိုင်ရာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုအားနည်း တာ တွေ ကို လည်း အဖြေရှာရပါမယ်။ လက်ရှိ အခြေအနေ က ခနော်နီ ခနော် နဲ့ လှည်းနောက် မှာ မြင်း ထား နိုင်တဲ့ အခြေအနေ တောင် မရောက်သေးတာ မို့ ဝိုင်းဝန်း အဖြေရှာနိုင်ဘို့ လိုအပ်ပါတယ်။ (Idiom: Put the Cart before the Horse…) ဒီ Building Codes တွေ ကို သေချာနားလည်ဘို့ က လည်း အချိန်ယူရပါမယ်။ နောကြေအောင် ရတယ်ထား၊ ဒီဇိုင်း လုပ်လို့ ရချင်မှ ရအုံးမှာပါ။ အခြားမှီငြမ်း Codes, Standards, Reference Design Manuals & Handbooks တွေ နဲ့ ကျွမ်းဝင်ဘို့ အဆင့်တွေ အများကြီး လိုအပ် နိုင်ပါသေးတယ်။ ပြီးတော့ အတွေ့အကြုံ နဲ့ သက်ဆိုင်တဲ့ အပိုင်းမှာ Engineering Compentency (Experience & Knowledges) လည်းရှိဘို့ လိုအပ်ပါတယ်။ အရာအားလုံး က စာဖတ်ရုံ နဲ့ ကောက်လုပ်လို့ ရတာ မဟုတ်ပါဘူး။ “ဆရာမပြ ငါးပိဖုတ် တောင် နည်းမကျ” ဆိုတဲ့ မြန်မာ စကားပုံ လည်း ရှိတာပဲလေ။) ဒီ အခက်အခဲ တွေ ကို ဖြေရှင်းဘို့ အတွက် ကျနော်သိသလောက် (US & Singapore) မှာ PE မဖြစ်ခင် ပထမ စံအနေနဲ့ သတ်မှတ်ထားတဲ့ ပညာရေး အဆင့်အတန်း အရည်အချင်း (ဘွဲ့) ရရုံ နဲ့တင် PE တန်း မရပါဘူး။ လုပ်ငန်းခွင် ထဲ မှာ လမ်းညွှန် လက်တွဲခေါ် မဲ့ လုပ်ငန်း အတွေ့အကြုံ ရှိတဲ့ PE အောက်မှာ လုပ်ပြီး တွက်ချက်ခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ လုပ်ထုံးလုပ်နည်း နဲ့ အခြားသက်ဆိုင်ရာ အတွေ့အကြုံ ကို လည်းယူရပါတယ်။ အင်ဂျင်နီယာ အခြေခံ တွေ နဲ့ မစိမ်းကြောင်း Fundamental of Engineering Exam တွေ ပြန်ဖြေရပါတယ်။ ပြီးမှ ကိုယ်တာဝန် ယူမဲ့ မေဂျာ အတိုင်း Professional Architect, Structural Engineer, Civil Engineer, Mechanical Engineer, Electrical Engineer, Fire Protection Engineer စသည်ဖြင့် စာမေးပွဲ တွေ ဖြေ၊ လူတွေ့ ဖြေဘို့ လိုရင် လူတွေ့ဖြေ နဲ့ အားလုံး ယုံကြည်စိတ်ချ ရတဲ့ အဆင့် ရောက်အောင် လုပ်ရတာပါ။ တပြိုင်တည်း မှာ ပဲ ကိုယ့် Field (Archi, Structure, Civil, Mechanical, Electrical, etc.) နဲ့ ဆိုင်တဲ့ Standards ပေါင်းစုံ နဲ့ ကျွမ်းဝင်အောင် လုပ်ရပါမယ်။ ပရောဂျက် အကြီးတွေ ကို အောင်အောင်မြင်မြင် လုပ်နိုင်တဲ့ အထိ လုပ်နိုင်ဘို့ အတွက် လှေခါးထစ် တွေ အများကြီး လိုပါသေးတယ်။ Building Codes ထွက်ပြီးရင် Regulation Body (Authority) တွေ နဲ့ Plan Approval Process ကို လည်း စနစ်တကျ ပြဌာန်းဘို့ လိုမှာပါ။ ဥပမာ။ ။ YCDC မှာ အရင် လုပ်ထုံးလုပ်နည်း တွေ ရှိပြီးသား ဖြစ်မှာပါ။ အဓိက ကတော့ Transparent, Efficient & Corruption Free Process တစ်ခု ဖြစ်လာအောင် မွမ်းမံစရာ ရှိတာ မွမ်းမံ ရပါလိမ့်မယ်။ ပထမ ဒီ ကုဒ်တွေ ကို ညီငယ် တစ်ယောက် ပေးတဲ့ အင်တာနက် UN Habitat link ကနေ ရယူခဲ့ပါတယ်။ နေရာကတော့ ဒီနေရာမှာပါ၊ သက်ဆိုင်တဲ့ အင်ဂျင်နီယာ တွေ သွားရောက် ကူးယူ လေ့လာနိုင်ပါတယ်။ http://unhabitat.org.mm/publications/myanmar-national-building-code-mnbc-2012/ လေ့လာကြည့်တဲ့ အခါ လက်ရှိ ထွက်လာတဲ့ MNBC-2012 မှာ Parts ခုနှစ်ပိုင်း ပါပါတယ်။ Part 1: Planning, Environment, Administration and Legislation Part 2: Architecture and Urban Design Part 3: Structural Design Part 4: Soils and Foundations Part 5: Building Services Part 5A: Lighting Part 5B: Electrical and Allied Installations Part 5C: Installation of Lifts and Escalators Part 5D: Plumbing Services - Water Supply, Drainage And Sanitation (Including Solid Waste Management) Part 5E: Fire Part 6: Building Materials Part 7: Construction Practices and Safety Project Coordinating Committee (PCC) နဲ့ အတူ အခန်းတစ်ခု စီ အတွက် Technical Working Group (TWG 1 to 7) ရှိပါတယ်။ ပါဝင် ရေးဆွဲခဲ့ တဲ့ TWG Member တွေ ကို အခန်း တစ် မှာ တွေ့ နိုင်ပါတယ်။ Myanmar Engineering Society, UN Habitat, Norweigian Ministry of Foreign Affair, Ministry of Construction, Association of Myanmar Architects, Myanmar Fire Force, YCDC, Public Works, CQHP, TU Professors တွေ နဲ့ အခြားဌာန ဆိုင်ရာ တော်တော် များများ က အရာရှိတွေ ပါဝင်ပါတယ်။ ဆောက်လုပ်ရေး ပိုင်းက လိုအပ်ချက် တွေ နဲ့ သိပ်မရင်းနှီးကြ သလို Building Codes တွေ နဲ့ မယဉ်ပါးကြသေးတာ မို့ လိုအပ်ချက်တွေ တော့ ရှိမှာပါ။ Architecture အပိုင်း အရ International Building Codes ကို အဓိက မှီငြမ်းထားပုံ ရပါတယ်။ အားလုံး တော့ မဟုတ်ပါ။ အင်ဂျင်နီယာ အားလုံး နဲ့ ဆိုင်တဲ့ Fire Prevention, Passive / Active Fire Protection အပိုင်း ကတော့ သီးသန့် ထွက်ပါလိမ့်မယ်။ ဖြစ်နိုင်ချေ အများ ဆုံး က Singapore SCDF ကို မှီငြမ်းမဲ့ သဘောတွေ့ရပါတယ်။ SCDF နဲ့ မြန်မာ မီးသတ်တပ်ဖွဲ့ လည်း ပူးပေါင်းဆောင်ရွက် မှုအတိုင်းအတာ တစ်ခု အထိ ရှိပုံရပါတယ်။ HVAC အပိုင်း လည်း မပါသေးပါဘူး။ ခုမှ စတဲ့ Codes တွေ ကို အလွယ်တကူ ဝေဘန်တဲ့ သဘောထက် MNBC 2012 ကို လေ့လာပြီး ရင် စနစ်ကျပြီး သား Codes တွေ စံတွေ နဲ့ ယှဉ်ထိုး ဆန်းစစ်ပြီး ပြင်သင့်တဲ့ အချက် တွေ ကို အကောင်းဘက် က နေ သုံးသပ်၊ ထောက်ပြ ဆွေးနွေး အကြံပေး နိုင်ဘို့ ဆန္ဒ ရှိကြစေချင်ပါတယ်။ ( ခက်ခက်ခဲခဲ မွေးလာတဲ့ လမစေ့ တဲ့ လူမမယ် လို အခြေအနေ ပါ။ အင်မတန် နုနယ်ပါသေးတယ်။ ) Building Codes တွေ ရဲ့ သဘာဝ အရ အကျိုး နဲ့ ကုန်ကျစရိတ် ချိန်ပြီး အနည်းဆုံး ရှိရမဲ့ စံ သတ်မှတ်ချက် ပေးရတဲ့ သဘောပါ။ အင်ဂျင်နီယာ တွေ ဆုံးဖြတ်ချက် ချတဲ့ အခါ တိုင်းစရာ ပေတံ တစ်ခုပါ။ ဘယ်နေရာ မှာ ဘာ၊ ဘယ်အဆင့် အနည်း ဆုံး သုံးရမယ်။ ဘယ်အခြေအနေ မှာ ဘာလိုမယ်။ (ဥပမာ။ ။ အဆောက်အအုံ ဘယ်လောက်ကြီး မှ Automatic Fire Sprinkler မဖြစ်မနေ တပ်ရမယ်။) Wind Design Criteria က ဘယ်လို Seismic Design Basis က ဘယ်လို က စလို့ အင်ဂျင်နီယာ တွေ သုံးရမဲ့ မှီငြမ်း နဲ့ လမ်းကြောင်းတွေ ကို ပေးပါလိမ့်မယ်။ ဘောင်တစ်ခု ခတ်ပေးထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီ Codes တွေ စနစ်တကျ လည်း ဖြစ်လာပြီ၊ သုံးခွင့်လည်း ရပြီ ဆိုရင် အင်ဂျင်နီယာတွေ အတွက် ရော အများပြည်သူ အတွက် ရော၊ ဌာန ဆိုင်ရာ နဲ့ နိုင်ငံအတွက် ပါ အကျိုးရှိပါလိမ့်မယ်။ ပထမ အဆင့် က တော့ တရားဝင် ပြဌာန်း ဘို့ ပါ။ (First Step: Legislation) နောက်တစ်ဆင့် က တော့ ပြောသလို ပဲ စနစ်ရှိဘို့ လိုအပ်ချက်ပါ။ ဘယ်သူ က ထိန်းမှာလည်း၊ ဘယ်သူက လိုက်နာဘို့ ဘယ်သူက ဘယ်လို စစ်မှာလဲ။ Plan Approval Process အပါအဝင် လိုက်နာဘို့ နဲ့ စစ်ဆေးဘို့ အာဏာပိုင် အဖွဲ့အစည်း အပါအဝင် လိုအပ်ချက် တွေ က တော့ ပါလာရမှာပါ။ ဒါလည်း သက်ဆိုင်တဲ့ သူတွေ နားလည်လိုက်နာ ဘို့ (အချိန်ပေးဘို့) အပါအဝင်…(Next Step: Apply, then Enforce) ဒါနဲ့ ပတ်သက်ပြီး Building Control Act (CIDB Law) ဆန်ဆန် လည်း ထွက်ဘို့ ရှိတယ် လို့ တော့ သတင်းသန့်သန့် ကြားမိပါတယ်။ အခြား Standards တွေ လည်း လိုပါသေးတယ်။ နောက် ဆောက်လုပ်ရေး သုံး ပစ္စည်းတွေ ကို စနစ်တကျ စံ နဲ့ ထိန်းချုပ်ပေးမဲ့ Laboratory တွေ လည်း လိုအပ်လာအုံးမှာ ပါ။ Myanmar National Standard အသင်းအဖွဲ့ တစ်ခု စနစ်တကျ ဖွဲ့စည်းဘို့ လည်း လိုအပ်ပါလိမ့်မယ်။ နိုင်ငံတကာ စံ အဖွဲ့တွေ ရဲ့ အကူအညီ ရနိုင်ရင် တော့ ပိုပြီး အဆင်ပြေမယ် စနစ်ကျမယ် လို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ လေးစားလျက်....

Read More... [ အကျယ် ဖတ်ရန်... ]

Wednesday, February 10, 2016

Imperial or SI မြန်မာ နိုင်ငံဆောက်လုပ်ရေး ဒီဇိုင်း အတွက် Imperial vs Metrics (IP) - ဘယ်ယူနစ် ကို ရွေးမှာလဲ။

ဒီကိစ္စ ကို ဆွေးနွေးမယ် ဆိုရင် ကြောင်ရေချိုးတယ် လို့ ထင်မဲ့သူ အများကြီး ရှိပါတယ်။ လက်ရှိအနေအထား မှာ မလွယ်ကူ တဲ့ ပုံစံ လည်း တွေ့နေရပါသေးတယ်။ လက်မခံနိုင်တဲ့ လူအချို့ရဲ့ Resistance ကလည်း များပုံ ရပါတယ်။ အတင်း မတိုက်တွန်း လိုပါ။ ဦးစားပေးရမဲ့ အချက်လည်းမဟုတ်သေးပါ၊ စဉ်းစားဆင်ခြင် ကြည့် နိုင်ကြဘို့သာဖြစ်ပါတယ်။
မြန်မာ နိုင်ငံ အတွက် Fundamental အခြေခံ ယူနစ် မှာ မက်ထရစ် အခြေခံ The International System of Units ( SI) ယူနစ် ကို အခြေခံ သင့်တယ် လို့ ယူဆပါတယ်။ ကျနော့်အမြင် မှာ လက်ရှိ Myanmar National Building Codes တွေ မှာ အများအားဖြင့် Dual Units နဲ့ပေးထားပေမဲ့ အချို့ဌာနတွေ က ရှေးရိုးစွဲ လို့ IP မှ IP ဆိုတဲ့ အခြေအနေ ကတော့ ရေရှည် မဖြစ်သင့်ပါဘူး။ SI units ကို ချက်ချင်း မပြောင်းပေး နိုင်သေးရင်တောင် ပြောင်းနိုင်ဘို့ လမ်းကြောင်း ကိုတော့ ဦးတည်ပေးရပါမယ်။ ဒါက ရေရှည် လိုအပ်ချက် ပါ။
တစ်ကမ္ဘာလုံး က နိုင်ငံအားလုံး လိုလို ပြောင်းလဲသင့်တာ ကို ပြောင်းလဲခဲ့ကြပါပြီ။ IP units တွေရဲ့ မူလ ပင်ရင်း ဘိုးအေ နိုင်ငံကြီးတွေ ဖြစ်တဲ့ အင်္ဂလန် အပါအဝင် သြစတေးလျား၊ ကနေဒါ စတဲ့ နိုင်ငံတွေ အားလုံး မက်ထရစ် စနစ် ကို ပြောင်းပြီးသွားပါပြီ။ ဒီလိုနိုင်ငံကြီး တွေ ကိုယ်တိုင် က သူတို့ ရိုးရာ အမွေအနှစ် မူရင်း သုံးနေကြစနစ်တွေ ကို ပစ်ပယ်ပြီး သူတို့ နဲ့ သိပ် အစေးမကပ် လှတဲ့ ပြင်သစ်တွေ ရဲ့ အခြေခံ ယူနစ် စနစ် ကို ပြောင်းယူသွားတာ အကြောင်းမဲ့ လို့ ထင်ကြပါသလား ခင်ဗျာ။
အခြား ASEAN နိုင်ငံ အားလုံး ကလည်း မက်ထရစ် သုံးနေကြပါပြီ။ မလေးရှား ဆိုတာ လည်း အရင်က အင်္ဂလိပ် စနစ် မို့ အင်ဂျင်နီယာ တွေ IP ယူနစ်တွေ ကို နားလည်တယ်၊ စကားပြောတဲ့ အချိန်မှာ သုံးနေဆဲ ဆိုပေမဲ့ တရားဝင် သုံးနေတာ က တော့ မက်ထရစ် စနစ်ပါ။ စကာင်္ပူ မှာ လည်း မက်ထရစ် ပါပဲ။ ဒါကြောင့် မက်ထရစ် စနစ် ကို မသုံးရင် အာဆီယံ နဲ့ ယှဉ်တဲ့ အခါ၊ အပြန်အလှန် အလုပ်လုပ် ရတဲ့ အခါ Barrier တစ်ခု ဖြစ်နေပါလိမ့်မယ်။
မှတ်မှတ်ရရ SI Units ရဲ့ကောင်းချက်တွေ နဲ့ ဘာကြောင့် စသုံးမယ် ဆိုတာ ကို ကျနော်တို့ အထက်တန်းလောက်ထဲက စထိတွေ့ခဲ့ရတာ မို့ အနှစ် သုံးဆယ်ကျော်နေပါပြီ။ စနစ် အသစ်၊ အဆန်း လည်း မဟုတ်ပါဘူး။
အင်တာနက် က အချက်အလက်တွေ အရ လက်ရှိ ကမ္ဘာပေါ်မှာ IP units ကို ဖက်တွယ် သုံးနေဆဲ နိုင်ငံ သုံးနိုင်ငံပဲ ရှိပါတယ်တဲ့။ အမေရိကန် ရယ်၊ မြန်မာ ရယ်၊ နဲ့ Liberia ဆိုတဲ့ အာဖရိက အနောက်ကန်းရိုးတန်း က နိုင်ငံငယ် လေးရယ်ပါ။ Liberia က ဂရုစိုက် စရာ မရှိလို့ စာရင်းထဲ မထည့်ရင် US & us (မြန်မာ) ရယ် ပဲကျန်ပါတယ်။

USA
US မှာ က Standards တွေ က အတည်တကျ သောင်းနဲ့ ချီနေတာ။ ကမ္ဘာပေါ်မှာ စံ အများဆုံး နိုင်ငံ။ ဘာလုပ်လုပ် တိုင်းစရာ စနစ် ပေတံ လေးက ပါရမှ။ Codes တွ တောင်ဖြည်းဖြည်းချင်းပြင်နေပြီ။ အခု နောက်ပိုင်း ထွက်သမျှ Codes/ Standards တွေ ကျနော်သိသလောက် အားလုံးလိုလို Dual Units တွေနဲ့ပါ။ ဒါမှ အခြားနိုင်ငံ တွေ မှာ လည်း ဆက်သုံးနိုင်မှာ မို့ပါ။ International Building Code ( IBC) ကို ကြည့်ရင်လည်း Dual Units အတွက် ပြင်ထားတာမှန်း သိသာပါတယ်။ (ယူနစ် အပြောင်းမှာ မှားလေ့ရှိတာ လည်း ရှိနိုင်ပါတယ်။ သတိထားနိုင်ဘို့ပါ။)
Science Subjects ( Chemistry/ Chemical) တွေ အားလုံး က မက်ထရစ် ( SI) နဲ့ဘဲ သင်ပါတယ်တဲ့။ Engineering Curriculum မှာ တောင် ကျနော့် မန်နေဂျာ ဟောင်း ယူလာပြတဲ့ သူ့ Mechanical Engineering ( Undergrad) HVAC မေးခွန်း အရ Mechanical Engineering က SI units နဲ့သင်တာပါ။
အမေရိက မှာ ကမ္ဘာကျော် ထင်ရှားတဲ့ Engineering Company နှစ်ခု ဖြစ်တဲ့ the US Army Corp of Engineers and NASA တို့ က လည်း Metric ( SI) units ပဲ သုံးပါတယ်။ သိပ္ပံ ( Science Subjects) တွေ လည်း မက်ထရစ် ပါပဲ။ Laboratory တွေ မှာ xxx/ 100 mL ဆိုတာမျိုး ပဲ တွေ့ရပါမယ်။ (/ tbs လို့ မတွေ့မိပါ။)
Consumer Products တွေ အားလုံး မှာ မက်ထရစ် လုံးလုံးမဟုတ်ရင် တောင် Dual Units ပါ။ ဥပမာ၊ နွားနို့ Half Gallon ( 1.89 L)၊ ရေချိုးခန်းသုံး ဆပ်ပြာ၊ သွားတိုက်ဆေး လိုမှာ ကျတော့ 251 mL ( 8.5 fl. oz.) , NET WT 3.0 oz ( 85 g)။ အဲ သောက်ဆေးတွေ မှာ ပါဝင်တဲ့ အမယ် တွေ ကျတော xxx mg (မက်ထရစ် လုံးလုံး) ဖြစ်နိုင်ပါတယ်။
အစားအသောက်တွေ မှာ ပါတဲ့ energy value ကို Calorie နဲ့ ပြပါတယ်။ Btu နဲ့ပြတာ မတွေ့မိပါ။
ကားတွေ က မိုင်နှုန်း ပြတဲ့ ဒိုင်ခွက် မှာ လည်း အပြင် က မိုင်၊ အတွင်း က ကီလို မီတာ ပါ။ မြန်မာပြည် မှာ ကားတွေ က ကီလိုနဲ့ ပြပြီး လမ်းတွေ က မိုင်၊ ခုတစ်ခေါက် ပြန်တော့ မိုင်တိုင် တွေ ကို ကီလိုမီတာ နဲ့ ပြန်လဲ နေတာ တွေ့မိတာမို့ လမ်းဆောက်လုပ် ရေး က တော့ စပြောင်းနေပြီ လို့ ယူဆရပါတယ်။ ဘယ်မောင်းညာမောင်း ကိစ္စ ကိုလည်း ပြောင်းဘို့ လုပ်နေတာ တွေ့ရပါတယ်….
ကားအင်ဂျင် (ဆလင်ဒါ) အရွယ်အစား မှာ လည်း 3L, 3.5L စသည်ဖြင့်။ 2 Pints, 1 gal မရှိပါ။ ( horse power ကိုတော့ သုံးပါတယ်။)
Engineering, Procurement and Construction Management ( EPCM) Companies အကြီးကြီးတွေ မှာ လုပ်မယ် ဆိုရင် လည်း ယူနစ် နှစ်ခုလုံး ကို သုံးနိုင်ဘို့ လိုအပ်ပါတယ်။ US Projects တွေ အတွက် IP ဖြစ်နိုင်ပေမဲ့ အခြားနေရာ တွေ မှာ တော့ မက်ထရစ် ပါ။ (ဆောက်လုပ်ရေး မဟုတ်တဲ့ Petrochemical & ပိုက်လိုင်း စနစ် တွေ မှာ တော့ IP units အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒါက လည်း Engineering Standards / Practices တွေ က အခြေခံ ထားပြီး စနစ်ကျနေပြီး ဖြစ်တာမို့ ပါ။)
တစ်နိုင်ငံလုံး မှာ ရှိတဲ့ အဆောက်အဦ တွေ သာမက Engineering Products တွေ အားလုံးလိုလို က စနစ်တကျ Standards တွေ နဲ့ လုပ်ခဲ့ တာမို့ ပြင်ဘို့ကတော့ အချိန်ကြာအုံးမှာ ပါ။ ကျနော့်ဆရာ ပြောသလို ဒီမှာ Freeway တွေ ရှိတယ်။ သွားချင်တဲ့ နေရာ မြေပုံကြည့်၊ လမ်းညွှန်ကြည့်ပြီး သွား လွယ်လွယ်လေး၊ ခု GPS နဲ့ ဆို ပိုတောင် သက်သာသေးတယ်။ ဟော မင်းအိမ်က တံခါးမ မကြိုက်လို့ လဲချင်ရင် မင်းကြိုက်တဲ့ ဆိုင်က သွားဝယ် Home Depot, Lowe's ဘယ်ဆိုင် က ဝယ်ဝယ် အိမ်ပြန် လာ ကိုယ့်ဟာကိုယ် တပ်၊ ဘယ်သူမှ ခေါ်စရာ မလိုဘူး ကွက်တိပဲ တဲ့။ ငါတရုတ်ပြည် မှာ တံခါး မှာဝယ်ရတော့ Spec. တွေပေး၊ လိုတဲ့ အတိုင်းအတာ တွေပေး တစ်ဆင့်ချင်း အမှားမပါ အောင် သေချာအောင် အဆင့်ဆင့် စစ်ပြီး လုပ်တာတောင် ရောက်လာတော့ မှားသေးတယ် တဲ့။
ကျနော် နဲ့ လုပ်ဖော်ကိုင်ဖက် Architect တစ်ယောက် ရဲ့ ပြောကြားချက် အရ ယူအက်စ် မှာသုံးလေ့သုံးထ ရှိတဲ့ တံခါးမ ( Main Door) အရွယ် အစားတွေ က တော့ 3'x7' for Commercial and3'x6'-8" for Residential ဖြစ်ပါတယ်တဲ့။
ဒါကြောင့် US မှာက တော်ရုံ နဲ့ IP units ကို တော်တော် နဲ့ ပြောင်းဘို့ မလွယ်သေးပါဘူး။ ကျန်ခဲ့တဲ့ ဆယ်စုနှစ် အချို့ အခြားနိုင်ငံ ကြီးတွေ ပြောင်းမဲ့ အချိန်မှာ တုန်းကတော့ လိုက်ပြောင်းဘို့ အတော်ကြိုးစားခဲ့ ကြသေးတယ် လို့ သိရပါတယ်။ အလုပ် မှာ တော့ နှစ်ယူနစ် လုံး ကောင်းကောင်း သုံးတတ်ဘို့ လိုတယ်။ ကျနော်တို့ က Over sea projects တွေ လည်း ကိုင်ရတာမို့ ပါ။ လက်ရှိ ယူနစ်နှစ်ခု လုံးသုံးပြီး အလုပ်လုပ်နေရတဲ့ ကျနော့်အဖို့ မက်ထရစ် ရဲ့ ပိုမို ခရီးရောက်မှု ကို အမွှန်းမတင် လိုပါ။ IP units ဆိုတာ ကလည်း ငယ်ငယ်ထဲက ရင်းနှီးလာတာမို့ မက်ထရစ် ပရောဂျက် ဆို မက်ထရစ်၊ IP ပရောဂျက် ဆို IP units ဘာသာမပြန် ယူနစ် မပြောင်းဘဲ တွက်နိုင်ပါတယ်။
ကဲနောက်ဆုံး ကျန်နေတဲ့ နိုင်ငံထဲ က တစ်နိုင်ငံ အကြောင်းကို တော့ ပြောပြပြီးပါပြီ။ တစ်နိုင်ငံ ကို တော့ စာရင်းထဲ ထည့်လို့ မပြောလိုတော့ပါ။ ကျနော်တို့ ရွှေနိုင်ငံ ဘက် ကို ပြန်လှည့်ရအောင်ပါ။

ရွှေနိုင်ငံ တော်။
ပထမ ဒုတိယ ကမ္ဘာစစ် ဝန်းကျင် က Indian Standards (ကုလား ကျမ်းအိုကြီးများ) ကို ဆက်ပြီး ဖက်တွယ်ထားရင် တော့ IP units ကလည်း ဆက်ပြီး အသုံးဝင် မှာ အသေအချာပါ။ ဆယ်စုနှစ် ပေါင်း များစွာ နောက်ကျ ကျန်ခဲ့ လို့ ကျန်ခဲ့တဲ့ နှစ်ငါးဆယ် လောက် က နေ ပြန်စမယ် ဆို ရင် နှစ်ခါ မက နာပါတယ်။ လမ်းတွေ မှာ ကီလိုမီတာတိုင် တွေ ပြောင်းတပ်နေပါတယ်။

USA Standards vs Myanmar
Standards တော်တော်များများ က နိုင်ငံတကာ က မှီရမယ်။ British Standards တွေ က တော့ SI units ပဲ။ ဒါဆို American Standards တွေ ယူမယ်။ ယူနစ် က ဂါလံ၊ ဂါလံချင်း တူသလား၊ မတူပြန်ပါ။ [ US gal= 3.785 L, IP gal= 1.2 x US gal ( 4.546 L) ]။ မြန်မာပြည် မှာ သုံးလေ့ ရှိတာ က Imperial Gallon ပါ။ အခြား ဒီလို US-UK ကွဲတာ လေးတွေ ရှိတဲ့ အချိန် မှာ UK စနစ် ကို သုံးခဲ့တဲ့ မြန်မာ နိုင်ငံ က US Standards တွေ ကို ဒီအတိုင်း ယူသုံးရင် လွဲအုံးမှာပါ။

ခုချိန်ထိ ဂါလံ နှစ်မျိုး သေချာ မကွဲတဲ့ မြန်မာ အင်ဂျင်နီယာလောင်း လေးတွေ တွေ့နေရတုန်းပါ။ လေ့လာတွေ့ရှိချက် တွေ အရ အကြမ်းအားဖြင့်။
  • US gal [3.785 L, 231 in3, 8.34#]: 1706 ခုနှစ်က Queen Anne သတ်မှတ်ခဲ့ တဲ့ wine gallon ကို အခြေခံပါတယ်။ 231 cubic inches နဲ့ သတ်မှတ်ပါတယ်။ [ Volume of a cylinder 6" deep and 7" dia ]
  • UK gal / igal ( Imperial ), [4.546 L, 277.42 in3, 10#] : 1824 မှာ UK က သူ့ရဲ့ ယူနစ် ကို ရေသန့် 10 ပေါင် ရဲ့ ထုထည်နဲ့ ညီတဲ့ ပမာဏ ကို Imperaial gallone လို့သတ်မှတ်ပြီး ပြောင်းလဲ သုံးစွဲခဲ့ပါတယ်။
ဘယ်ဂါလံ က ပိုကြီးသလဲ မှတ်ရလွယ်အောင်။ ။အင်္ဂလန် က နေ အမေရိက ကို အလည်လာတဲ့ အင်္ဂလိပ် တွေ ဘီယာစုတ် ဘို့ တစ်ပိုင့် လို့ မှာတဲ့ အခါ ပိုင့်မပြည့် ဘူးလို့ စိတ်ဆိုးကြပါသတဲ့။ 1 igal = 1.2 us gal (approx.)

မက်ထရစ် စနစ် က ဘယ်လောက်ပို ရှင်းလဲကြည့်ရအောင်။
  • Length: meter (m) vs [inch, foot, yard, chain, furlong, mile, …]
  • Weight: kilogram (kg) vs [ gr, oz, lb, Stone, Quarter, Hundredweight, Ton ], UK or US
  • Volume: liter (L)/ m3=1,000 L vs [ in3, ft3, yd3, US or UK (fl. oz., pint, quart, gallons, …) ]
10 power, giga (G-), mega (M-), kilo (k-), centi (c-), milli (m-), micro (µ-) စတဲ့ prefix တွေ နဲ့ SI units ကို ပိုပြီး ရိုးရှင်းအောင် လုပ်ပေးနိုင်ပါတယ်။ Imperial units က လှပါတယ်။ ဒါပေမဲ့ ရိုးရှင်း ထိရောက်မှု မှာတော့ မက်ထရစ် ကို အမှတ်ပေးတဲ့ သူ များပါတယ်။ ဒါကြောင့် မက်ထရစ် စနစ် ကို ပြောင်းကုန်ကြတာ လို့ပဲ မြင်ပါတယ်။
Exercise တစ်ခုလောက် လုပ်ကြည့်ရအောင် ပါ။
  1. အခန်းတွေ ရဲ့ အရွယ်အစား နဲ့ ဧရိယာ၊ ထုထည် တွေ ကို Excel Spreadheet နဲ့ တွက်ကြည့်ပါ။ ပေ၊ လက်မ ပြီးတော့ 1/ 16" precision ပုံထဲ က အတိုင်း ယူပြီးတော့။
  2. မိသားစု တစ်စု ပျမ်းမျှ လူဦးရေ ငါး ယောက်ပါ အိမ်ထောင် စု ၂၀ အတွက် သောက်သုံးရေလိုအပ်ချက်။ လူတစ်ဦး လျှင် IP Gal 30 (135 L) နှုန်း ယူဆပါ။ ရေလှောင်ရန် ပမာဏ တစ်ရက်စာ။
  3. ရေကန်အရွယ်အစား ခန့်မှန်းပါ။
  4. ရေကန်၏ Structure Load ကို ခန့်မှန်းပေးပါ။
စမ်းကြည့်ပါ။ ပြီးရင် Pipe Selection Charts တွေ မသုံးပဲ ဂဏန်းတွက်စက်သုံးပြီး ပိုက်အရွယ်အစား ရွေးကြည့် လိုက်ပါအုံး။
စကားမစပ် တစ်ဧက မှာ Square Foot ဘယ်လောက်ရှိလဲ သိနေသေးတဲ့ သူ ဘယ်နှယောက် ရှိမလဲ မသိ။ (ဆော့ဖဝဲ မသုံး၊ စာအုပ် မဖတ်ပဲ လက်တမ်း သိတဲ့ သူ ကို ပြောတာပါ။)

ယူနစ် အပြောင်းအလဲ အတွက် နည်းပညာ တက္ကသိုလ်များ ၏ အခန်းကဏ္ဍ။။
မက်ထရစ် စနစ် ကို တစ်ဖြေးဖြေး ပြောင်းသွားဘို့ လိုအပ်တယ် လို့ ဆုံးဖြတ်ရင် ပထမ ဆုံး ပြင်ရမှာ က Higher Education အင်ဂျင်နီယာ ကျောင်းတွေမှာ သင်တဲ့ သင်ရိုးညွှန်းတမ်း နဲ့ စာအုပ်တွေ က စပြီး မက်ထရစ် စနစ်တွေ ဖြစ်နေဘို့ လိုအပ်ပါလိမ့်မယ်။ အခြေခံ ပညာ အထက်တန်း မှာ သင်လာတဲ့ Physics, Chemistry & Mathematics က ရခဲ့တဲ့ မက်ထရစ် စနစ် အခြေခံ တွေ ဆက်သုံး သွားနိုင်မှာပါ။

ယူနစ် အပြောင်းအလဲ နဲ့ အခက်အခဲ များ။
နိုင်ငံ အားလုံး လိုလို SI units / Metric Units ကို ပြောင်းခဲ့ ကြတဲ့ အခါ အားလုံး ပိုမို လွယ်ကူသွားသလား ဆိုတဲ့ အချက် ကို လည်း ကြည့်ရအောင် ပါ။ ပိုပြီး ခက်ခဲသွားတာ တွေ လည်း ရှိပါတယ်။ အထူးသဖြင့် Engineering Standards & Building Codes တွေ ကို ကြည့်ရင် အကျိုးသက်ရောက် မှု အချို့ကို တွေ့ ရပါမယ်။
US Codes တွေ မှာ IP unit အခြေခံ မှာ မှတ်ရလွယ် ပေမဲ့ SI လည်းပြောင်းရော မှတ်ရခက်သွားတာ မျိုးတွေ့နိုင်ပါတယ်။ ဥပမာ
  • IBC မှာ အထပ်မြင့် အဆောက် အအုံ ကို 75 feet ( 22.86 m)
  • မီးသတ်ဘို့ အတွက် Class I Standpipe လိုအပ်ချက် 50 psi ( 345 kPa) residual pressure loss with a flow of 250 gpm ( 946.4 L/ min) မျိုးတွေပါ။
Air Conditioning Central Chilled Water Plant မှာ သုံးလေ့ရှိတဲ့ Chilled Water 2.4 gpm/ RT @ dT 10°F, Condenser Water 3.0 gpm/ RT ဆိုတာ က လည်း SI units ထက်မှတ်ဘို့ ပိုလွယ်နေတတ် ပြန်ပါတယ်။
နောက်တစ်ချက် က ယူနစ် ပြောင်းတဲ့ အခါ အမှားလေးတွေ ပါတတ်ပါတယ်။ ဥပမာ Temperature Differential (T2-T1), ΔT=5°C (41°F) ဆိုတာမျိုးပါ။ အမှန် က ΔT(°F)= 1.8 * ΔT(°C) ဖြစ်တာမို့ 5°C (9°F) ဖြစ်ရပါမယ်။
say; T1=15 C (59F), T2=20C(68F); T2-T1 = (20–15= 5°C, 68-59=9°F)

Download PDF
Download PDF "G005_R02 IP or SI units.pdf" from Dropbox
https://www.dropbox.com/s/7kod2zfeal6ck3y/G005_R02%20IP%20or%20SI%20units.pdf?dl=0


References:
  1. SI, Metric, Imperial and American
    http://www.windmill.co.uk/units.html
  2. METRIC 4 US!
    http://www.metric4us.com/why.html
  3. Metrication in the United Kingdom
    https://en.wikipedia.org/wiki/Metrication_in_the_United_Kingdom
  4. Metrication in the United States
    https://en.wikipedia.org/wiki/Metrication_in_the_United_States
  5. Gallon
    https://en.wikipedia.org/wiki/Gallon

Read More... [ အကျယ် ဖတ်ရန်... ]

Saturday, February 6, 2016

သောက်သုံးရေ အဆင့်အတန်း စံ (Potable Water Quality)

သောက်သုံးရေ ကို ပိုက်နဲ့ ဖြန့်ဝေတဲ့ စနစ် ( Domestic / Potable Water Supply Systems) တွေ မှာ ပေးဝေထားတဲ့ ရေက သတ်မှတ်ထားတဲ့ စံချိန် နဲ့ အညီ သောက်သုံးရေ အဆင့်မှာ အမြဲတမ်း ရှိနေအောင် ဂရုစိုက် ပေး ရပါတယ်။ Water Source မူရင်းထုတ်ယူတဲ့နေရာ၊ ရေစစ်တဲ့စနစ်၊ ရေဖြန့်ဝေတဲ့ ပိုက် စနစ် နောက်ဆုံး ဘုံဘိုင်ခေါင်း၊ ရေသုံးတဲ့ နေရာအားလုံး (အစ မှ အဆုံး အထိ) ရေသန့်စင်အောင် နဲ့ အပြင် က အညစ်အကြေး တွေ လုံးဝ ဝင် မလာနိုင်အောင်၊ စနစ် အထဲမှာ လည်း (ဥပမာ သံချေး၊ ဘက်တီးရီးယား) မပွားရအောင်၊ ရေပြောင်းပြန် လည်း မစီးနိုင်အောင် သေသေချာချာ ဂရုစိုက် ပေးရပါတယ်။
ဒီရေတွေ ရဲ့ ရှိသင့်တဲ့ စံညွှန်း အဆင့်အတန်း တွေ ကို World Health Organization ( WHO) ရဲ့ လမ်းညွှန်မှာ အပိုင်းလေးပိုင်း ရှု့ထောင့်လေးခု ကနေ ခွဲခြား သုံးသပ်ပြထားပါတယ်။


    ... Back to Top [Table of Contents]....
  1. Microbial Aspect: အနုဇီဝ ပိုးမွှား ဆိုင်ရာ ရှုထောင့်။
  2. အနုဇီဝ ပိုးမွှား ဆိုင်ရာ ရှုထောင့် ကနေ ကြည့်တဲ့ အခါ လူတွေ ဝမ်းပျက်ဝမ်းလျှော၊ အော့အန်၊ ကြွက်တက် စေနိုင်တဲ့ ပိုးမွှားတွေ နဲ့ အခြားဘေးဖြစ်စေ မဲ့ ပိုးမွှားတွေ လူတွေ အန္တရာယ် ဖြစ်စေနိုင်လောက် တဲ့ အထိ မပါဝင်စေဘို့ ပါ။ ဒီအထဲ မှာ နာမည်ကြီး Legionella & e-coli bacteria တွေ လည်း ပါဝင်ပါတယ်။
    E-coli ( Escherichia coli) ဆိုတာကတော လူတွေရဲ့ အူသိမ် နဲ့ တိရစ္ဆာန် တွေရဲ့ အူလမ်းကြောင်းမှာ ပေါက်ပွားရှင်သန် နေတဲ့ အစာကြေချက် မှု အတွက် မရှိမဖြစ် ဘက်တီးရီးယား တစ်မျိုးပါ။ သူ့ကို လူတွေ နဲ့ တိရစ္ဆာန် တွေ စွန့်ထုတ် လိုက်တဲ့ အညစ်အကြေး တွေ မှာ တွေ့နိုင်ပါတယ် (မှတ်ရလွယ်တာ ပေါ့ အီး-ကိုလိုင်) ။ E-coli အမျိုးအစား အချို့က ဘာဒုက္ခ မှ မပေးပေမဲ့ အချို့ ကတော့ အသက်ကို ပါရန်ရှာ နိုင်ပါတယ်။ (မှတ်ချက်။ ။ ဒိန်ချဉ်ထဲမှာ ပါတဲ့ အစာခြေ ဘက်တီးရီးယား တွေ က E-coli မဟုတ်ပါ။ ဒိန်ချဉ်ထဲ မှာ E-coli ပါရင်လည်း ဒုက္ခပေးနိုင်ပါတယ်။)
    နောက်တစ်ချက် က E-coli တွေ့တယ် ဆိုတာ နဲ့ လူတွေ၊ တိရစ္ဆာန် တွေ ဆီ က အခြား ရောဂါပိုးမွှားတွေ လည်း ပါဘို့ အခွင့်အလမ်း များတယ် ဆို တဲ့ အချက်ပါ။
    သောက်သုံးရေ ကြည်လင်ဘို့ ကလည်း လိုအပ်ချက် တစ်ခုပါ။ ရေမကြည်လင်စေတဲ့ အချက်တွေ ဖြစ်တဲ့ ရေအနည်ပါတာ ရေနောက်တာ တွေ က လည်း အနုဇီဝ ပိုးမွှားတွေ ပါဝင်နှုန်း နဲ့ တိုက်ရိုက်နီးပါး ဆက်စပ်နေပါတယ်။ Total Suspended (TSS) & Turbidity / Total Dissolved Solid (TDS) တွေ ကို စံသတ်မှတ် တိုင်းတာနိုင်ပါတယ်။
    အခြား ပိုးမွှားဆိုင်ရာ အချက်တွေ အကြောင်းကို လည်း စိတ်ဝင်စား ရင် မှီငြမ်းစာရင်း မှာပေးထားတဲ့ WHO-Guidelines for Drinking-Water Quality စာအုပ်ကို ဒေါင်းလုပ်လုပ် ပြီး ဖတ်နိုင်ပါတယ်။

    ... Back to Top [Table of Contents]....
  3. Chemical Aspect: ဓာတ်သတ္တု ဆိုင်ရာ ရှုထောင့်၊
  4. ဓာတ်သတ္တု ဆိုင်ရာ ရှုထောင့် ကနေ ကြည့်တဲ့ အခါမှာလည်း ရေထဲမှာ ပျော်ဝင်နေတဲ့ အထဲက ချက်ချင်း အဆိပ်သင့်နိုင်တဲ့ ဓာတ်ပေါင်း၊ ရေရှည်မှာ ဒုက္ခပေးမဲ့ ဓာတ်ပေါင်း၊ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်ပေါင်း စသည်ဖြင့် တွေ့နိုင်ပါတယ်။ ဒီအထဲ မှာ အာဆင်းနစ် ( Arsenic)၊ ခဲ ( Lead)၊ ပြဒါး ( Mercury)၊ ဆိုင်ယာနိုတ် ( Cyanide) တွေ က နာမည်ကြီး အဆိပ်တွေပါ။
    Lead (ခဲ) ကို ကယ်လီဖိုးနီးယား မှာတော့ ချက်ချင်းပဲ သေတော့မဲ့ အဆိပ်တစ်ခု သဘောထား ရွံ့ကြပါတယ်။ လက်ရှိ US မှာ ပိုက်ဆက်ပစ္စည်း တွေ က ခဲ အနည်းဆုံး (သို့) ခဲလုံးဝ သန့်စင်တဲ့ ( Lead-Free) ပစ္စည်းတွေ ကို ပဲ သုံးခွင့် ရှိပါတယ်။
    EPA မှာတော့ ရေသန့်ဘို့ အတွက် သုံးတဲ့ ဓါတုပစ္စည်း ( Disinfectants) တွေ နဲ့ ဒီပစ္စည်းတွေ ကို သုံးလို့ ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ ကို လည်း ကန့်သတ်ပါတယ်။
    EPA မှာတော့ ရေသန့်ဘို့ အတွက် သုံးတဲ့ ဓါတုပစ္စည်း ( Disinfectants) တွေ နဲ့ ဒီပစ္စည်းတွေ ကို သုံးလို့ ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ ကို လည်း ကန့်သတ်ပါတယ်။
    • Disinfectants အနေနဲ့ သုံးတဲ့ ကလိုရင်း တွေ က မျက်စေ့၊ နှာခေါင်း နဲ့ အရေပြားယားယံတာ၊ အစာအိမ် သွေးနီဥ လျော့နည်းတာ တွေ ဖြစ်စေနိုင်တာ မို့ သုံးမဲ့ နေရာမှာ ရှိတဲ့ Residual Chlorine ကို ကန့်သတ်ပါတယ်။
      ဒီနေရာ မှာ အတွေ့အကြုံ အချို့အရ ပြောရမယ် ဆိုရင် မလေးရှား၊ စကာင်္ပူ က ရေတွေ မှာ Residual Chlorine အတိုင်းအတာ တစ်ခု အထိ ပါတာမို့ သောက်တဲ့ အခါ အနံ့ သိသာပါတယ်။ ဒီရေတွေ ကို ငါးကန်ထဲ ထည့်မယ် ဆိုရင် ငါးတွေ မသေရင်တောင် သက်တမ်းတို ပါလိမ့်မယ်။ ကလိုရင်း က ရေထဲမှာ breakdown လုပ်တာ မြန်ပါတယ်။ ဒါကြောင့် တစ်ဆင့် ရေကန်ထဲ မှာ တစ်ရက် တန်သည်၊ နှစ်ရက်တန်သည် ချင့်ပြီး ခန လှောင်ထားပေးပြီး မှ ငါးကန်တွေ ထဲ ထည့်ရင် အဆင်ပြေ လေ့ရှိပါတယ်။
      Water Features လို Legionella ဘက်တီးရီးယား ထိန်းဘို့ ကလိုရင်း ဆက်တိုက်ထည့်ထားတဲ့ ရေကတော့ ငါးတွေ အတွက် အဆိပ်ပါပဲ။ ပရောဂျက် တစ်ခု မှာ အပေါ်က Water Features အောက်မှာ Koi Fish Pond ထားတာ အပေါ်က ရေတွေလျှံပြီး အောက် က ငါးကန်ထဲ ကျလို့ ငါးတွေ အကုန်သေ ကုန်တာ ကြားဘူးပါတယ်။ (အတော် လျော်လိုက်ရတယ် လို့ လည်း ကြားလိုက်ရပါတယ်။)
    • ကလိုရင်း နဲ့ ဓာတ်ပြု ပြီး ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ မှာလည်း ကင်ဆာဖြစ်စေ နိုင်တဲ့ Bromate, Chlorite, Haloacetic acids ( HAA5) & Total Trihalomethanes ( TTHMs) တွေကလည်း ကင်ဆာ နဲ့ အခြား ဆိုးကျိုးတွေ ကို ဖြစ်စေနိုင်တာ မို့ ကန့်သတ်ပါတယ်။

    ... Back to Top [Table of Contents]....
  5. Radiological Aspect: ရေဒီယို ဓာတ်ကြွမှု ဆိုင်ရာ ရှု့ထောင့်။
  6. ရေဒီယို ဓာတ်ကြွမှု ဆိုင်ရာ ရှု့ထောင့် ကနေ ကြည့်တဲ့ အခါမှာ လည်း ဒီဓာတ်ကြွ ပစ္စည်းတွေ ပါဝင်မှု အတိုင်းအတာ နဲ့ လူတွေ အပေါ် ဘယ်လောက်အထိ ဒုက္ခပေးနိုင်သလဲ ဆိုတဲ့ အချက်နဲ့ပဲ ကြည့်တာပါ။ Alpha, Beta, Radon စတဲ့ ရေဒီယို ဒြပ်ပေါင်း တွေ ကို ကန့်သတ်ချက် တွေ ပါဝင်ပါတယ်။

    ... Back to Top [Table of Contents]....
  7. Acceptability Aspect: Taste, odour and appearance: (အရသာ၊ အနံ့၊ အရောင်အဆင်း) လက်ခံနိုင်မှု ဆိုင်ရာ ရှု့ထောင့်
  8. အရသာ၊ အနံ့၊ အရောင်အဆင်း (အမြင်) လက်ခံနိုင်မှု ရှိ မရှိ ဆိုတာက တော့ လူတွေ ကြိုက်နှစ်သက်တာ၊ မကြိုက်နှစ်သက်တာ နဲ့ တိုက်ရိုက် သက်ဆိုင်လေ့ရှိပါတယ်။ အများအားဖြင့် ကျန်းမာရေး နဲ့ တိုက်ရိုက် မသက်ဆိုင် ရင် တရားဝင် ကန့်သတ်မှု နည်းပါတယ်။
    ရေစေးတာ ( Calcium / Ca Salt ထုံးဓာတ်ပါတာ) က လည်း အများအားဖြင့် ဥပဒေ အရ တရားဝင် ကန့်သတ်ချက် မှု ရှိချင်မှ ရှိပါမယ်။ ဒီနေရာ မှာ စံ နဲ့ တိုက်ရိုက် မသက်ဆိုင် တဲ့ အကြောင်းအရာ တစ်ခု ကို ဆွေးနွေးချင်ပါတယ်။
    Water Softner လို့ခေါ်တဲ့ ရေစေးကို ရေသွက်ဖြစ်အောင် လုပ်တဲ့ နည်းတွေ ရှိပါတယ်။ အများအားဖြင့် ရေစေးစေတဲ့ Calcium ( Ca) Salt တွေကို ရေသွက် Sodium ( Na) Salt သို့ Potassium ( K) Salt နဲ့ Iron Exchange လုပ်တာပါ။
    ကျန်းမာရေး အရ ကြည့်ရင် Calcium က လူတွေ အကျိုးပြုတယ် Sodium က မကောင်းဘူး ဆိုတဲ့ အချက်ပေါ် အခြေခံ ပြီး Water Treatment Specialist တွေ နဲ့ ဆွေးနွေးဘူးပါတယ်။ Sodium ဆိုတာလည်း လိုအပ်တဲ့ minierals တစ်ခုပါ။ ဆိုလိုတာက ကျန်းမာရေး အရ ထိခိုက်မှု အနည်းအများ ရှိနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းတာရ ခက်ပါတယ်။ ပါဝင်တဲ့ ppm ပေါ်မှာ မှီပါလိမ့်မယ်။
    အဓိက ကတော့ အမြင် အတွက် လုပ်ကြတာပါ။ ရေစေး က ထုံးဓာတ်က (ရေနွေးအိုး ဓာတ်ဘူးကို ဂျိုးကပ်စေသလို) ရေချိုးခန်း မှန်တွေ၊ ကြွေခွက်တွေ။ ပန်းကန် ခွက်ယောက် တွေ ကို စွန်းစေတယ်။ သန့်ရှင်းရေးလုပ်ရခက်တယ်။ ပိုက်တွေ ထဲ မှာ ဂျိုးကပ်တယ်။ ပိတ်တယ်။ ကျန်းမာရေး နဲ့ သိပ်မသက်ဆိုင်တာမို့ ရေဝေတဲ့ စနစ်တွေ မှာ တော့ EPA တရားဝင် တားမြစ်ချက် မရှိပါဘူး။ နောက် RO စနစ် ကစစ်ထုတ်လိုက်တဲ့ ရေ ကျပြန်တော့လည်း လိုအပ်တဲ့ Minerals သတ္ထု ဓာတ် တွေ ကုန်လု နီးပါးဖြစ်အောင် သန့်လွန်းလို့ PH7 ဆို ပေမဲ့ အက်ဆစ် လို ဖြစ်သွားတယ်။ ခန္ဓာကိုယ်ထဲ က ဓာတ်သတ္တုတွေ ကို ပြန်စုတ်ယူနိုင်တယ်။ ဒါကြောင့် ရေသန့် စက်ရုံတွေ မှာ လိုအပ်တဲ့ သတ္ထု ဓာတ် တွေ ကို အရသာ အတွက် ပြန်ထည့်ပေးလေ့ရှိပါတယ်။ အဲ ကော်ဖီဖျော်ရင်တော့ ကောင်းမှကောင်း။

နိုင်ငံတကာ မှာ ပိုက်နဲ့ ရေပေးဝေတဲ့ စနစ်တွေ မှာ ဒီ စံနှုန်း နဲ့ ကန့်သတ်ချက် တွေ ကို လိုက်နာ ရလေ့ရှိပါတယ်။
ဒီအရည်အသွေး ကို ထိန်းဘို့ အတွက် ရေဖြန့်ဝေပေးတဲ့ အဖွဲ့အစည်း တွေ ရော၊ ပိုက်ဒီဇိုင်း လုပ်ပေးတဲ့ အင်ဂျင်နီယာ ရော၊ ဆင်ပေးတဲ့ လိုင်စင်ရ ပိုက်ဆက်သမား ရော အားလုံးမှာ တာဝန် ရှိပါတယ်။ ဒီစည်းကမ်းချက် တွေ ကို ခပ်ပေါ့ပေါ့ ထားလို့ မရပါဘူး။ ချွင်းချက် မရှိ လိုက်နာ ကြဘို့လိုအပ်ပါတယ်။ စည်းကမ်း က အဆင့်အတန်း မမီရင်၊ မလုံလောက် ရင် ပြင်ရပါမယ်။

မြန်မာပြည် မှာ လည်း ဒီစံ တွေ ကို ထိန်းဘို့ အချိန် ရောက်လာ တော့မှာပါ။

အောက်က မှီငြမ်းထဲ မှာ သောက်သုံးရေ အဆင့်သတ်မှတ်ချက် တွေ ကို ရယူနိုင်ပါတယ်။

မှီငြမ်း။
  1. WHO : Guidelines for Drinking-Water Quality, Fourth Edition
    http://www.who.int/entity/water_sanitation_health/publications/dwq_guidelines/en/index.html
  2. SG-PUB: Water Quality
    http://www.pub.gov.sg/general/watersupply/Pages/DrinkingWQReport.aspx
    x
  3. US-EPA: Table of Regulated Drinking Water Contaminants
    http://www.epa.gov/your-drinking-water/table-regulated-drinking-water-contaminants
ပထမ အဆင့် ဖြစ်တဲ့ သောက်သုံးရေ Water Quality အဆင့်မှီတဲ့ ရေတွေ ဝေပေး ပေမဲ့လည်း လမ်းမှာ (သို့) အဆောက်အအုံ ထဲ က ပိုက်တွေ မသန့် လို့ သောက်သုံးရေ ထဲမှာ ပိုးမွှားတွေ နဲ့ အခြား အညစ်အကြေးတွေ ပါလာနိုင်ပါတယ်။ ဒီလိုအပ်ချက် တွေ ကို အရင်က ရေးခဲ့ ဘူးတာတွေ ရှိသလို ဆက်လက် ပြီးလည်း တင်ပြပေးသွား မှာ ဖြစ်ပါတယ်။

Read More... [ အကျယ် ဖတ်ရန်... ]