Sunday, June 19, 2016

American Institute of Steel Construction (AISC) အမေရိကန် စတီးအင်စတီကျု။

US မှာ ကျွမ်းကျင်ရာဘာသာရပ် နဲ့ဆိုင်တဲ့ အင်ဂျင်နီယာ အသင်းတွေ၊ ကုန်ထုတ်လုပ်သူ အသင်းတွေ၊ ကန်ထရိုက်တာ အသင်းတွေ တော်တော်များများ ရှိပါတယ်။ ဒီအသင်းတွေ က ပဲ သက်ဆိုင်ရာ လုပ်ငန်းပိုင်း အတွက် Engineering Standards, Material Specification တွေ Design Manual တွေ ကို ပြုစုကြတယ်။ မွမ်းမံကြတယ်။ နည်းပညာ ကို ပြန့်ပွားအောင် လုပ်ပေးကြတယ်။ ဒီတစ်ပါတ်တော့ American Institute of Steel Construction (AISC), [http://www.aisc.org/] နဲ့ မိတ်ဆက်ပေးမှာ ပါ။ ဒီအသင်း က နည်းပညာ အပိုင်းရော ထုတ်လုပ်သူတွေ နဲ့ ပါဖွဲ့စည်းထားတဲ့ အသင်းတစ်ခု ဖြစ်ပါတယ်။ 1921 မှာ စတင်ဖွဲ့စည်း ခဲ့တာ မို့ နှစ်တစ်ရာ နီးပါး အတွေ့အကြုံ ရှိနေပါပြီ။ ဒီအသင်းက ပို့ချတဲ့ Webinar အချို့ ကို ရုံးမှာ စီစဉ်ပေးလေ့ရှိပါတယ်။ Training သဘောရော Professional Development Hour (PDH) / LU and CEU စတဲ့ လိုအပ်ချက် တွေ ကို ဖြည့်ပေးနိုင်ဘို့ပါ။ ဒီအထဲ မှာ Steelwise Seminar / Webinar တွေ အခြေခံ တဲ့ Publications တွေ ကို ဒီ လင့်ခ် ကနေ သွားပြီးလေ့လာနိုင်ပါတယ်။ http://msc.aisc.org/modernsteel/resources/steelwise/ သူတို့မှာ E-Publications ဆိုပြီး သူ့တို့ ရဲ့ Design Manual အဟောင်းတွေ ကို ပါ Scan ဖတ်ပြီးတင်ပေးထားတယ် လို့ ဆိုပါတယ်။ အားလုံး အတွက် ဖရီးပေးတဲ့ စာအချို့ ရှိသလို။ အချို့ အချက် အလက် တွေ ကတော့ မန်ဘာ ဖြစ် မှ ဖရီးရမှာပါ။ http://www.aisc.org/epubs http://www.aisc.org/content.aspx?id=2858 သံမဏိ တံတား ဆိုင်ရာ AASHTO/NSBA ပူးပေါင်းဆောင်ရွက်မှု။ ဒါနဲ့ဆက်စပ်ပြီး The AASHTO/NSBA Steel Bridge Collaboration အပိုင်းကို လည်း ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ http://www.aisc.org/contentNSBA.aspx?id=20130 သံမဏိ တံတား များ ဆောက်လုပ်ခြင်းအကြောင်း ညကျောင်း။ ဒီအသင်းမှာ ဒီလို ညကျောင်း Online Webinar တွေ ကို လည်းပို့ချပေးပါတယ်။ (ဒီ ညကျောင်း နဲ့ပတ်သက်ပြီး ရုံးမှာ ရွာဆော် အင်ယာ အချို့က ရုံးမှာ စီစဉ်ကြပါတယ်။ ကလေးတွေ ကျောင်းကြိုရမဲ့ အချိန် မို့ ကျနော်တော့ မတက်ဖြစ်ပါ။ အခု တော့ နှစ်ပါတ်တောင် ပို့ချလိြု့ပီးသွားပါပြီ။) SSession 1: June 6, 2016 - Introduction to Bridge Engineering Session 2: June 13, 2016 - Introduction and History of AASHTO LRFD Bridge Design Specifications Session 3: June 20, 2016 - Steel Material Properties Session 4: June 27, 2016 - Loads and Analysis Session 5: July 11, 2016 - Steel Bridge Fabrication Session 6: July 18, 2016 - Plate Girder Design and Stability Session 7: July 25, 2016 - Effects of Curvature and Skew Session 8: August 1, 2016 - Fatigue and Fracture Design ဒီသင်တန်းကို ဝါရင့်ပညာရှင် အချို့ က ပို့ချပေးမှာ ဖြစ်ပါတယ်။ တစ်ခုချင်းစီ နဲ့ စီစဉ်ပုံ က လည်း လေ့လာသင့်တယ် လို့ထင်ပါတယ်။ သင်တန်းမှာ ပါတဲ့ အသေးစိတ် နဲ့ ပို့ချမဲ့သူ တွေ အကြောင်း ကို ဒီအောက် က လင့်ခ်မှာ လေ့လာနိုင်ပါတယ်။ http://www.aisc.org/content.aspx?id=33952 စာကြွင်း။ ။ စာရေးသူ က စတီးပိုင်း ကို အပေါ်ယံ လောက်ပဲ အသုံးချဘို့၊ သိဘို့ လိုတဲ့သူပါ။ Steel Structure Design ပိုင်းနဲ့ ပါတ်သက်ရင် မကျွမ်းကျင်ပါ။ တကယ်သုံး မဲ့ သူတွေ အတွက် ရည်ညွန်းချက် ပေးချင်လို့ သာ ရေးဖြစ်တာ ဖြစ်ပါတယ်။

No comments: