Showing posts with label Environment. Show all posts
Showing posts with label Environment. Show all posts

Friday, March 4, 2016

Water Reservoirs

အကြမ်းရေးလက်စ။ ရေးပြီးသွားလျင် ဒီစာကြောင်း ကို ဖယ်ပေးပါမယ်။
မြန်မာပြည် အထက်အညာဒေသ တွေမှာ ရေတွင်းတွေ ရေမထွက်တော့တဲ့ အကြောင်းနဲ့ နွေရာသီ မှာ ရေရှားပါးမှု ပြဿနာ ကို ဖြေရှင်းနိုင်ဘို့ အတွက် စဉ်းစားနိုင်ဘို့ အချက်တစ်ခု ပါ။ Lake Livingston, Texas ပြီးခဲ့တဲ့ ရုံးပိတ်ရက် က က သစ်တော ကို ဖြတ်မောင်းပြီး ရောက်သွားတဲ့ ရေကန် တစ်ခုပါ။ Lake Livingston လို့ခေါ်ပါတယ်။ ဟိုဘက်ကမ်း ကို ကောင်းကောင်း မမြင်ရပါဘူး။ အချက်စစ်ကြည့်တော့ အင်းလေးကန် ထက် သုံးဆလောက် ပိုကြီးတယ်။ အရွယ် က ယူအက်စ် နံပါတ် ၄၂။ တက္ကဆက် မှာ ဒုတိယ၊ တက္ကဆက် မှာ အကြီးဆုံး Toledo ကလည်း ရေလှောင်တမန် တစ်ခုပါပဲ။ ဒီ Lake Livingston က ရေလှောင်ဘို့ တမင် တူးထားတဲ့ ရေလှောင်ကန်နဲ့ လို့ဆိုပါတယ်။ ၁၉၆၆ မှာ တူးတယ် ၁၉၆၉ မှာ တူးလို့ ပြီးတယ် လို့ ဆိုပါတယ်။ ယူအက်စ်နိုင်ငံတစ်ဝှမ်း မှာ ရေချိုလှောင်ဘို့ လူတူးထားတဲ့ ကန် အချို့ကို လည်း တွေ့နိုင်ပါတယ်။ ဒီနေရာ မှာ အကြီးဆုံး တူးကန် ဖြစ်တဲ့ Lake Oahe (man-made) ကြောင့် နေရာရွှေ့ပေးလိုက်ရတဲ့ ဒေသခံ တွေ ကို ဒုက္ခရောက်စေပုံ ကို လည်း မမေ့စေချင်ပါ။ ရွှေ့ပြောင်း တိုင်းရင်းသားတွေ နေရာသစ်မှာ မနေတတ်၊ မလုပ်တတ်၊မကိုင်တတ် နဲ့ ဆင်းရဲတွင်း နက် သွားတဲ့ အကြောင်း ကိုလည်း တွေ့ရပါတယ်။ (နှစ်ဘက် မျှ စဉ်းစားနိုင်ရန် ဖြစ်ပါတယ်။)ုခုလို ရေကန်တွေ တူးထားတာ သာ မဟုတ်ရင် ယူအက်စ် က ကုန်းတွင်းများတဲ့ နိုင်ငံ မို့ မြန်မာပြည် အညာဒေသ ထက် ရေရှားမှာ သေချာပါတယ်။ ဒီလို ကန်တွေ မှာ လှေလှော် ငါးမျှားလို့ ရပါတယ်။ အပန်းဖြေ စက်ဘီးစီး၊အပြေး နဲ့ ညအိပ် Camping အတွက် ပန်းခြံတွေ ရှိလေ့ရှိပါတယ်။ အကောင်သေးရင် ဥပဒေ အရ ပြန်လွှတ်ပေးရတယ်။ စီးပွားဖြစ် မျှားတယ် လို့ ယူဆရင်တော့ နောက်တစ်ခါ ပေးမမျှားတော့ဘူး လို့ ဆိုပါတယ်။ (ပြောပြတဲ့ သူက ဝါသနာ ရှင် ဆိုပေမဲ့ တစ်ခါတစ်လေ စီးပွားဖြစ်မျှားတာ၊ ငါးအကောင်အကြီးကြီးတွေ မှ ရွေးမျှားတာ၊ ရတဲ့ ငါးကို တရုတ်ဆိုင် သွင်း၊ ငါးခြောက်လုပ်၊ ဒါပေမဲ့ လူမြင်မကောင်း အောင် မလုပ်တော့ ပြဿနာ မဖြစ်ဘူး။)... အညာဒေသ မှာ နွေရာသီရေရှားတယ် ဆိုပေမဲ့ မိုးရာသီ မှာ ဧရာဝတီ နဲ့ ချင်းတွင်း မြစ်ကြောင်းတစ်လျောက်၊ မတန်တဆ ရေကြီးလေ့ရှိပါတယ်။ ရေချို ကို မထိန်းရင် ပင်လယ်ထဲ ပြန်စီးသွားမှာပါပဲ။ စနစ်တကျ စီမံ လို့ ကံကောင်းရင် ရေအားလျှပ်စစ်တောင် ရချင်ရအုံးမယ်။ Planning & ESIA Assessment ကောင်းကောင်းလည်း လိုပါလိမ့်မယ်။ ဆည်မြောင်း ဌာန က အင်ဂျင်နီယာ တွေ Master Plan တော့ ရှိလောက်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း ရေအရင်း အမြစ်နဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန အောက်မှာ ပြဌာန်းထားတဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးနည်းဥပဒေ - 22nd Jan 2013 နဲ့ အသင်းအဖွဲ့တစ်ခု ကို တွေ့မိပါတယ်။ ဘယ်လို Enforce လုပ်မလဲ တော့ သေချာမသိသေးပါဘူး။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးနည်းဥပဒေ ကို အကောင်အထည် ဖော်မယ် ဆိုရင် ပထမဆုံး လုပ်ရမှာ က ပို့ဆောင်ရေး အောက်က သဘောင်္တိုင်း မှာ မိလ္လာကန် ထည့်ဘို့ နဲ့ ဒီမိလ္လာ ကန်ထဲ က ရေဆိုး တွေ ကို စနစ်တကျ ရွှေ့ပြောင်း သန့်စင် စွန့်ထုတ်နိုင်ဘို့ ပါ။ နောက်ရေထဲ ကို အညစ်အကြေးတွေ စွန့်နေတဲ့ စက်ရုံတွေ နဲ့ သတ္တုတွင်း ကိစ္စတွေ ကိုလည်း ကြပ်မတ်နိုင်ဘို့ လိုပါလိမ့်မယ်။ ပတ်ဝန်းကျင် နဲ့ အကျိုးသက်ရောက် မှု ဆန်းစစ်ချက် (Environmental and Social Impact Assessment) မြန်မာပြည်မှာ ဒီနေရာမှာ ESIA နဲ့ သက်ဆိုင်တဲ့ အချက် တွေ နဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာ ဆန်းစစ် မှု မလုပ်တဲ့ တာတမံ အချို့ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေ၊ ရေမျောသွားတဲ့ အိမ်တွေ ရဲ့ အဖြစ်အပျက် တွေ ရှိခဲ့တာ ကို လည်း လူတိုင်း သိချင်မှ သိပါလိမ့်မယ်။ နောက် စိနပြည်က စွန့်ပစ်လိုက်တဲ့ အမှိုက် သာပေါင်း စက္ကူစက်ကြီး ကြောင့် မျိုးတုန်းသွားတဲ့ ငါးတွေ အကြောင်းလည်း မမေ့စေချင်ပါ။ လေ့လာနိုင်ဘို့ လင့်ခ်တွေ အောက်မှာ ပေးလိုက်ပါတယ်။ ၁)https://en.wikipedia.org/wiki/Lake_Livingston ၂)http://tpwd.texas.gov/state-parks/lake-livingston/ ၃)https://en.wikipedia.org/wiki/List_of_largest_lakes_of_the_United_States_by_area ၄)Google Map: Lake Livingston - https://www.google.com/maps/place/Lake+Livingston,+Texas/@31.0751863,-94.5438413,8z/data=!4m2!3m1!1s0x8647976e43e256bd:0x403180354aba4322 ၅)EPA Protecting Water Resources with Higher-Density Development - http://www.epa.gov/smartgrowth/protecting-water-resources-higher-density-development ၆)EPA National Lakes Assessment - http://www.epa.gov/national-aquatic-resource-surveys/nla

Read More... [ အကျယ် ဖတ်ရန်... ]

Friday, December 4, 2015

ဆေးလိပ်မီးခိုး ထိန်းချုပ်ရေး၊ ဆေးရွက်ကြီး၊ ဆေးလိပ်၊ အရက်၊ လူငယ် နှင့် နိုင်ငံတကာ ဥပဒေများ။

HVAC Engineers တွေ ETS (Environmental Tobacco Smokes) ထိန်းချုပ်မှု နည်းစနစ် တွေ အကြောင်း ကို သိရှိပြီး လိုက်နာ ဘို့ လည်း လိုအပ်ပါတယ်။
US Green Building Council ရဲ့ LEED Programs တွေ မှာလည်း မလိုက်နာလို့ မရတဲ့ အခြေခံ လိုအပ်ချက် အနေနဲ့ ပါပါတယ်။ သဘောတရား က တော့ အဆောက်အအုံ အတွင်း လူတွေ နေတဲ့ နေရာတွေ မှာ ဆေးလိပ်ငွေ့ လုံးဝ ကင်းစင်ရေး အတွက် ဖြစ်ပါတယ်။ အဆောက်အအုံ အနီးမှာ ဆေးလိပ် သောက်ခွင့် မရှိအောင် လုပ်ထားရတာပါ။ တံခါး၊ ဖွင့်ပိတ်လို့ ရတဲ့ ပြူတင်းပေါက်၊ လေဝင်ပေါက် Ventilation Air Intake တွေ ကနေ အနည်းဆုံး ၂၅ပေ ဝေးရမယ်။ တံခါးနဲ့ ၁၀ ပေ အတွင်း ဆေးလိပ်မသောက်ရ နယ်မြေ စာကပ် ထားပေးရမယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဆေးလိပ် မသောက်တဲ့ သူတွေ ဆေးလိပ်ငွေ့ ကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးတွေ က နေ ကာကွယ် နိုင်ဘို့ ဖြစ်ပါတယ်။ (Second hand smoke kills….)
LEED Certified Building ထဲက ကိုယ့်ရုံးခန်း ထဲ မှာ (အဲကွန်းခန်းထဲမှာ ဇိမ်လေးနဲ့ ရှူရအောင်) အခြားရွေးစရာ လမ်း မရှိတော့ဘူးလား ဆိုတော့ ရှိပါတယ်။ အင်မတန် ဈေးကြီး ပြီး ခက်ခဲ ပါတယ်။ အပြင်ကလေတွေ အများကြီးသွင်းပေးရမှာ မို့ မီတာခ က လည်း အဆပေါင်း များစွာ ကုန် ကျပါလိမ့်မယ်။ လေကို လည်း မိုက်ခရို HEPA Filter & Charcoal Filters တွေ တပ်ပေးရမှာ မို့ စရိတ်လည်း မသေးပါဘူး။ ပြီးရင် ဒီအခန်းထဲ က လေတွေ အခြားအခန်း ကို မသွားကြောင်း သက်သေပြ နိုင်ဘို့ လိုပါတယ်။ ဆိုလိုတာက တံခါးဖွင့် လိုက်ရင်တောင် အနံ့တွေ အပြင်ထွက်လာလို့ မရပါဘူး။
LEED Certified Building ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ရုံးခန်းတွင်း မှာ ဆေးလိပ်သောက်ခွင့် မရှိအောင် ဥပဒေ နဲ့ ထိန်းချုပ်ထားတာ က တော့ နေရာတော်တော် များများမှာပါ။ စလုံး မှာ လည်း ဥပဒေ တွေ ရှိပါတယ်။ အမေရိက မှာ လည်း ရှိပါတယ်။ တိုက်ခန်း နဲ့ လုံးချင်းအိမ်တွေ မှာတောင် မီးဘေးကာကွယ်ရေး အတွက် Smoke Detectors တွေ ပါလေ့တာမို့ အကြမ်းအားဖြင့် ဆေးလိပ်သောက်ရင် လည်း မီးလှန့် ပါလိမ့်မယ်။ (ကုလ အရ ဆိုရင် တော့ နိုင်ငံ တိုင်း အကျုံးဝင် တယ် ဆိုသလားပဲ။)

ဆေးလိပ်၊ ဆေးရွက် ကို သုံးလာ တာ နှစ်ပေါင်း ထောင်ချီ နေပြီး လူမျိုး မရွေး၊ ယဉ်ကျေးမှု မရွေး၊ နိုင်ငံမရွေး၊ တည်ရှိနေတဲ့ ဓလေ့တစ်ခုပါ။ ဒီလို နှစ်ပေါင်း များစွာ လက်ခံ လာတဲ့ ဆေးလိပ်သောက်ရှူ ခြင်း ကို လက်ရှိအချိန် မှာ (ကိုယ်တိုင် တရှိုက်မက်မက် သောက်ရှူ နေရင်တောင်) ကောင်းတဲ့ အကျင့်လို့ အာမခံ ပြောမဲ့ လူတွေ၊ လက်ခံမဲ့ လူတွေ ဘယ်လောက် ကျန်ပါသေးသလဲ။ (ရှိပါသေးတယ်။ သို့သော် တစ်နေ့ထက် တစ်နေ့ လျော့ကျ လာနေပါပြီ။) ကျန်းမာရေး အသိပညာ တွေ နည်းစနစ် တိုးတက် လာတာ နဲ့ အတူ ဆိုးရွားတဲ့ ရလဒ် တွေ က လည်း သက်သေ ရှိနေတာ မို့ လူတွေရဲ့ အမြင်တွေ လည်း ပြောင်းသွား တဲ့ သဘောပါ။ ကျနော်စီးဘူးတဲ့ နိုင်ငံတကာ လေယာဉ်တွေ မှာ ဆေးလိပ်သောက်ခွင့် လုံးဝ မရှိတော့ ပါဘူး။ ဟိုတယ်၊ မိုတယ် တွေ တော်တော်များများ လည်း Non-Smoking ကိုဦးတည် နေကြပါပြီ။ ကားမော်ဒယ် အသစ်တွေ မှာ လည်း မီးညှိတဲ့ Lighter နဲ့ ဆေးလိပ်ခွက် မပါတော့ပါဘူး။ (Mostly because of Second-hand Smoke).
US မှာ ဆေးလိပ်သောက်တဲ့ သူ ဆို (အသက်၊ ကျန်းမာရေး) အာမခံကြေး ပိုကောက် လေ့ရှိပါတယ်။ သို့သော် အသက်ပြည့်သူ တွေ အတွက် ရွေးချယ်ခွင့် ကို တော့ မပိတ်ပင်ထား ပါဘူး။ (ကြိုက်တတ် ရင် သဘောရှိ သောက်ရှူ တော်မူနိုင်ပါတယ်။ ပြည်နယ်တစ်ခု ဆို အသက်သာပြည့် ဆေးခြောက်တောင် ခွင့်ပြုသေး။ ကော်လိုရာဒို)
ဆေးလိပ်ဆေးရွက် နဲ့ ပတ်ဝန်းကျင် ထိခိုက်မှု ဘာညာ ပြောနေတဲ့ သူတွေ အများကြီးပါ။ ဒီစာ ရဲ့ အဓိက ရည်ရွယ်ချက် က ဆေးလိပ် မကောင်းကြောင်း ပြောဘို့ မဟုတ်တာမို့ ဆက်မပြော လိုတော့ပါ။ အဓိက ရည်ရွယ်ချက် က တော့ ကလေးတွေ နဲ့ ဆယ်ကျော်သက် လူရွယ် တွေ ကို ဆေးလိပ်ဘေး၊ အရက်ဘေး ကနေ ကာကွယ်ဘို့ ပါ။ (မူးယစ်ဆေးဝါး ဆိုရင် တော့ အများကြီး ပိုဆိုးရွားပါတယ်။)
ဆယ်ကျော်သက် နဲ့ ကလေးတွေ ကို ဆေးလိပ် နဲ့ သုရာ ဘေးကနေ တရားဝင် တားမြစ်နိုင်ဘို့ လိုအပ်ပါတယ်။ အသက်မပြည့်မီ အရက်သောက်တာ၊ ဆေးရွက်ကြီး နဲ့ ဆေးလိပ်သောက်တာ တွေ ကို နိုင်ငံတကာ မှာ တရားဝင် ဥပဒေ နဲ့ ကန့်သတ်ထားလေ့ ရှိပါတယ်။ နိုင်ငံတိုင်း လိုလိုပါ။ နိုင်ငံ ရဲ့အနာဂါတ် လူငယ်တွေ ငယ်ငယ်ရွယ်ရွယ် လက်တဲ့စမ်း ပြီး လမ်းမှား မရောက်အောင် ရှိသင့်တဲ့ ဥပဒေတွေပါ။ ကာယ၊ ဥာဏ ဖွံ့ဖြိုးမှု ကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တာ ကြောင့် လည်း ပါပါတယ်။ စကာင်္ပူ မှာ ၁၈ နှစ်မပြည့်ရင် ဆေးလိပ်ရော အရက်ရော ဝယ်လို့ မရပါဘူး။ မှတ်ပုံတင် (Identity Card) စစ်ပါတယ်။ ဆေးလိပ်ဗူး ခွံ ပေါ် မှာ ဆေးလိပ်သောက် လို့ ဖြစ်နိုင်တဲ့ ကြောက်စရာ ပုံတွေ လည်း ပါပါတယ်။ ကျန်းမာရေး နဲ့ အခြားဆုံးရှုံး မှု တွေ အတွက် အခွန် ကို လည်း တစ်ဆ မက ကောက်ထားပါတယ်။ ချန်ဂီ လေဆိပ် မှာ အခွန်မဲ့ စီးကရက် တစ်တောင့် (၂၀၀ လိပ်) ရနိုင်တဲ့ ငွေနဲ့ ကျွန်းပေါ်မှာ တော့ ၂ဗူး လောက် ပဲ ရပါလိမ့်မယ်။ ကျွန်းပေါ် က စီးကရက် တိုင်း မှာ အခွန်ဆောင် ထားကြောင်း စာတမ်း ပါပါတယ်။ မပါပဲ မိရင် တော့ လာထား နာပြီ။ ယမကာ ကို လည်း ထို့အတူ ပါပဲ။ ဘီယာ၊ ဝိုင် က အစ အသက်ပြည့်ရင် ဝယ်သောက်လို့ ရပေမဲ့ အခွန်ကတော့ (လူမှုရေး ဆုံးရှုံးမှုတွေ ကာမိအောင်) တွက် ထည့်ထားပြီးသားပါ။ [စကားချပ် - ဘီယာ ကို တော့ ၁၆ နှစ်ပြည့်ရင် သောက်ခွင့်ရှိတယ် လို့ လည်း ကြားမိပါတယ်။ (မှန်မမှန် မသိပါ)။]
ယူအက်စ် မှာ လည်း ပြည်နယ် အများစု က အနည်းဆုံး အသက် ၁၈ နှစ်အောက် ဆေးရွက်ကြီး Tobacco နဲ့ပါတ်သက်တာ ဘာမှ ဝယ်ခွင့် မရှိပါဘူး။ ရောင်းတဲ့သူလည်း ရောင်းခွင့် မရှိပါဘူး။ မှတ်ပုံတင် လည်း စစ်ပါတယ်။ အချို့နေရာတွေမှာ အနည်းဆုံး ၂၁ နှစ် သတ်မှတ်တာလည်း ရှိပါတယ်။ အရက်ပါတဲ့ အဖျော်ယမကာ (Alcoholic Beverages) တွေ ဆိုရင် တော့ ၂၁ နှစ်အောက် လုံးဝ ဝယ်ခွင့် မရှိပါဘူး။ သုံးစွဲ နေတုန်း မိရင်လည်း မီးခိုးကြွက်လျှောက် လိုက်ပါလိမ့်မယ်။ ဝယ်ပေးတဲ့ သူ တော့ နာပြီ မှတ်။ ဂျပန် နဲ့ အခြားနိုင်ငံ ကြီး တွေ လည်း ဒီလိုပဲ လို့ ဆိုရပါမယ်။
လုပ်ဖော်ကိုင်ဖက် အမေရိကန် အာခီတက် တစ်ယောက် က ဒီလိုပြောပါတယ်။ ယူအက်စ် မှာ ၁၈-နှစ် ပြည့်ရင် စစ်မှုထမ်းလို့ ရပြီ။ ဒါပေမဲ့ ဘီယာ ကျတော့ ၂၁-နှစ်မပြည့်ရင် သောက်ခွင့် မရှိဘူးကွာတဲ့။ (သူကတော့ သောက်တလွဲ လို့ ဆိုလိုချင်ဟန် ရှိပါတယ်။)
ရောင်းတဲ့သူ တွေ က လည်း ID မှတ်ပုံတင် မစစ်ဘဲ မနေရဲပါဘူး။ လူငယ်တွေ အုပ်စု လိုက် ဝင်လာ ရင် တစ်ယောက် မကျန် စစ်ချင် စစ်ပါတယ်။ ကြီးတဲ့သူ က ငယ်တဲ့သူ ကို ဝယ်ပေးမှာ စိုးလို့ပါ။ ရောင်းတာမိရင် စီးပွားပျက် သွားနိုင်တယ်လေ။ တချို့ ဆိုင်တွေ မှာ ရေးထားပါတယ်။ NO ID, NO SALE, Kick Them Out တဲ့။ ကန်လွှတ်ပလိုက် လို့ ဆိုလိုတာပါ။ (တကယ်သွားကန် ရင်တော့ ဘယ်ဖြစ်မလဲ၊ မောင်းထုတ်ဘို့ပါ။)
လက်ရှိ အခြေခံ ပညာ စာသင်ကျောင်းတွေ (၁၂တန်း အထိ) နဲ့ နောက်တက္ကသိုလ် တော်တော်များများ က ခုချိန်မှာ Smoke Free Environment ပါ။ စလုံးက NUS ဆို ကျနော်တို့ စတက်တဲ့ year 2000 မတိုင်ခင် ထဲ က ဆေးလိပ် မသောက်ရ နယ်မြေပါ။ NTU လည်း ထို့ အတူပါပဲ။ တက္ကသိုလ် ဝင်းထဲ ဆေးလိပ် ဝယ်ဘို့ မစဉ်းစားပါနဲ့။ မဖြစ်နိုင်ပါဘူး။ စလုံး က လူတွေ ဆေးလိပ် မသောက် ရ နယ်မြေ ဘယ်လောက် များသလဲ သိကြပါတယ်။ ( http://www.nea.gov.sg/public-health/smoking/faq-on-smoking-ban-in-public-places )
ကျနော်တို့ RIT ကျောင်းတော်ကြီး ဝင်းခြံ အတွင်း နဲ့ ကန်တင်း မှာ ဆေးလိပ်သောက်ခွင့် တွေ ရှိနေတုန်းပဲလား။ Smoke Free Campus မဖြစ်သင့်ဘူးလား။ အခုတစ်ခေါက် ပြန်တော့ Mechanical Department စာသင်ခန်း အပေါ်မှာ ဒီ စာတမ်း ကိုတွေ့ရပါတယ်။


ဤတက္ကသိုလ် ပရဝုဏ် အတွင်း ၌
မည်သူမျှ
ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ
တွေ့ရှိပါက ဒဏ်ငွေ (၅၀၀၀ိ ) ပေးဆောင်ရမည်။
ပါမောက္ခချုပ်
ရန်ကုန်နည်းပညာ တက္ကသိုလ်

ရုံးတွေ မှာ လည်း ဆေးလိပ်သောက်သူ တွေ အတွက် ရုံးအပြင် မှာ သီးသန့် နေရာရှိရပါတယ်။ တံခါးနား ပေ ၂၀ အတွင်း ဆေးလိပ်သောက်ခွင့် မရှိပါ။ Ventilation Air Intake အနား ဆေးလိပ်သောက်ခွင့် မရှိပါ။ (အပေါ်မှာ ရှင်းပြခဲ့ သလို If LEED certified, 25 feet minimum).
အမေရိက မှာ တက္ကသိုလ် ကျောင်းသူ တွေ ဘီယာဗူး နဲ့ တူတဲ့ ဖျော်ရည် ဝယ်လာတာ ကို အရပ်ဝတ် ရဲတွေ ဝိုင်းဖမ်းတဲ့ ကိစ္စ အသံထွက်လာတာ ကြားမိ ပါသေးတယ်။၁၈-နှစ် မပြည့်သေးတဲ့ လူငယ်တွေ ကို Minor လို့ ခေါ်ပါတယ်။ သူတို့အတွက် ဖြေဆိုရရှိနိုင်တဲ့ ကားမောင်း လိုင်စင် ကို Minor Driving License လို့ခေါ်ပါတယ်။ Minor တစ်ယောက်ထဲ ကားမောင်း လာတဲ့ အချိန် ကားထဲ ဘယ်နေရာ ဖြစ်ဖြစ် အရက်ပုလင်း ပါတာ မိလို့ ကတော့ နာပြီ မှတ်။ (သောက်သောက် မသောက်သောက် ကားပေါ်ပါလာရင် နာမယ်။)
ချွင်းချက် အနေနဲ့ အချို့ပြည်နယ်တွေ မှာ မိဘ (သို့ အုပ်ထိန်းသူ) က တစ်ဆင့် ယူပြီး တိုက်ရင် တော့ သောက်ခွင့် ရှိပါတယ်။ ဥပမာ - အချို့ စားသောက်ဆိုင် တွေ မှာ မအေက ဝိုင်နှစ်ခွက် မှာပြီး ဆယ်ကျော်သက် သမီးကို ပေးတိုက် ရင် ရပါတယ်။ ဆိုးဆိုးရွားရွား မဟုတ်ရင်ပေါ့။ (စားပွဲထိုး က တော့ Minor ရှေ့ကို ချပေးမှာ မဟုတ်ပါဘူး။) ဆေးလိပ် က တော့ နိုးနိုး ပါ။

အရက်မူးပြီး ကားမောင်းခြင်း။
ကျနော်သိသလောက် နိုင်ငံတိုင်း မှာ ကြီးကျယ်တဲ့ ပြစ်မှုမြောက်ပါတယ်။ ဒါဏ်လည်း အရိုက်ခံရမယ်။ လိုင်စင်လည်း အသိမ်း ခံရမယ်။ အမေရိက က တချို့ခရိင်တွေ မှာ ဆိုရင် ထောင်ထဲ တန်းပို့ပါလိမ့်မယ်။ (ထုံးစံ အတိုင်း လူငယ်ဆို ရင် စည်းကမ်းထိန်းသိမ်း ရေး ပုဒ်မ နဲ့ ညိအုံးမယ်။) ရုံးတွေ က လည်း အရက်မူးလာရင် လက်မခံ ပါဘူး။ Off-Show နဲ့ ဆိုင်တဲ့ အချို့ရုံးတွေ က အရက်သောက် ထားမထား ရံဖန်ရံခါ အလစ်မှာ သွေးစစ် ကြည့်နိုင် ပါသေးတယ်။
အများပြည်သူ အပန်းဖြေတဲ့ ပန်းခြံထဲ မှာ ဆေးလိပ်သောက်တာ၊ ယမကာ မှီဝဲတာ ကို လည်း တားမြစ်ထားနိုင်ပါသေးတယ်။ ကယ်လီဖိုးနီုးယား က အများအပန်းဖြေတဲ့ ကမ်းခြေ အချို့မှာ ယမကာ မှီဝဲ တာ ကို တားမြစ်ထားပါတယ်။ ရဲတွေ က လေးဘီးဆိုင်ကယ် တွေ နဲ့ ပတ္တရောင် လှည့်ပြီး အအေးဗူး စိမ်ထားတဲ့ ရေခဲပုံး တွေ ကို ဖွင့်စစ်တတ်ပါတယ်။ တွေ့ရင် (ထုံးစံ အတိုင်း အီစလန် ဝေဘို့ ပြင်ထား။ အသက်မပြည့် ရင် ပိုနာမယ်။ အချို့ရဲတွေ က အဝေး က နေ မှန်ပြောင်း နဲ့ လည်း လိုက်ကြည့်နေလေ့ရှိတယ် လို့ သိရပါတယ်။ အချှို့ဆိုင်တွေ မှာ အသက်ပြည့်ရင် အရက်ဝယ်လို့ ရပေမဲ့ ဆိုင်ထဲ မှာ သောက်ခွင့် မပေးပါဘူး။ အရက် ယမကာ တွေ ကို ဈေးပေါပေါ နဲ့ နေရာမရွေး ဝယ်သောက်နိုင်အောင် ခွင့်ပြုထားတဲ့ အစိုးရ က ပြည်သူ ကို ကောင်းစားစေချင် တဲ့ အစိုးရ လို့ ထင်ပါသလား။ (တစ်ခါသောက် တစ်ရက် ပျော်ရမယ် လေ။ နေ့တိုင်းပျော်ချင် - နေ့တိုင်းသောက်။) ဒါလည်း အသက်ပြည့်တဲ့ သူတွေ ဆို ရင် အာဏာပိုင် လူကြီးမင်း များ ခွင့်ပြုတာ ကို မပြောလိုပါ။ အသက်မပြည့် သေးသော ကလေးများ သုံးစွဲခွင့် မရှိအောင် (သုံးစွဲချင်စိတ်လည်း မရှိအောင်) ဘယ်လို ကာကွယ်ပေးထားပါသလဲ။
ကွမ်းယာ၊ ဆေးပေါ့လိပ်၊ ဆိုတာ ကလည်း မြန်မာတွေ အတွက် နှစ်ပေါင်း မနည်းတော့ တဲ့ ဓလေ့ထုံးစံ တစ်ခုပါ။ ဆက်ထိန်းသိမ်း သင့်တဲ့ ယဉ်ကျေးမှု ဟုတ်မဟုတ် တော့ အချိန် က အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ကွမ်းယာ ထဲ မှာ ဆေးပေါင်းစုံ ဘာမှန်းမသိတာ တွေ အထိ ရနိုင်ပါတယ်။ ဒီဆေးတွေ က လူတွေရဲ့ ကျန်းမာရေး ဆုံးရှုံး မှု ဘယ်လောက်ဖြစ်စေသလဲ သုတေသန လုပ်နေတဲ့ သူတွေ ရှိနေလောက်ပါပြီ။ ဒီဆုံးရှုံးမှု တွေ က ငွေကြေး နဲ့တင် တိုင်းတာလို့ ရမယ်ထင်ပါသလား။ တိုင်းတာလို့ရတယ် ဆိုရင်ရော ထိုက်တန်တဲ့ အခွန် ရနေတယ် လို့ ဘယ်သူ သိပါသလဲ။ ကျန်းမာရေး အတွက် မသင့်တော် တာ သိပေမဲ့ တရားဝင် တားမြစ်ထားတဲ့ ဥပဒေ တွေ အဆင်သင့် ရှိနေပါပြီလား။ ရှိယုံ နဲ့ တင် မလုံလောက် ပါဘူး။ ပြည်သူအားလုံး တစ်ပြေးညီ အစစ်အမှန် ကာကွယ်ဘို့ အတွက် လုံလောက်တဲ့ ဥပဒေ ဖြစ်ဘို့လည်း လိုအပ်ပါတယ်။ မျက်နှာမရွေး အကောင်အထည် ဖော်နိုင်ဘို့ လည်း လိုအပ်ပါတယ်။
မြန်မာပြည် က ကျောင်းဝင်း အတွင်းမှာ ကွမ်းယာဆေးလိပ် ရောင်းခွင့် ပြုတာ ဘာလို့ လက်ခံထားကြတုန်းလဲ။ ရောင်းတဲ့သူ ကို အပြစ်မပြောခင် Root Cause တွေ ကို ကြည့်ရပါမယ်။ ရှင်းရှင်းပြောရရင် မရောင်းသင့် မှန်း နားမလည် သေးတာပါ၊ မသိသေးလို့ ပါ။ လူတွေ တဖြေးဖြေး နားလည်လာအောင် ပညာပေးရပါမယ်။ ကလေးတွေ ကို ငယ်ငယ်လေးထဲ က ဆေးလိပ်နဲ့ မနီးစပ် နိုင်အောင် ပျိုးထောင်ပေးရပါမယ်။ ကျောင်းသွား၊ကျောင်းလာ လမ်းမှာ ကျောင်းသားတွေ ကို ဦးတည်ပြီး ရောင်းတဲ့ ဆိုင်တွေ ကို ရော ဘယ်သူ က တရားဝင် ဥပဒေ အရ ဘာပြောခွင့်ကြပါသလဲ။
ကွမ်းယာ ထဲ မှာ ဆေးရွက်ကြီးပါတယ်။ ဘယ်သူ့ ကို မဆို ရောင်းခွင့် ရှိတယ်။ အသက်မပြည့်ခင် ဝယ်စားလို့ရတယ်။ ဒါတောင် ပြည်တွင်းဖြစ် ဆေးရွက်ကြီး စားတဲ့ သူက ခပ်နည်းနည်း။ ဘယ်လိုစွဲအောင် ဘာအဆိပ်တွေ ထည့်ထားမှန်း မသိတဲ့ ကုလားပြည် က သံဗူးတွေ။ အစစ်အဆေး မရှိ။ အထိန်းအကွပ် မရှိ။
တချို့ ကလေးတွေ လေးငါးနှစ် ကျောင်းတောင် တက်ခွင့် မရသေးဘူး ဆေးလိပ် ဝယ်ခိုင်းရင် ဝယ်ပေးရတယ်။ အရက် ဝယ်ပေးရတယ်၊ မနိုင်တနိုင် ပုလင်းကို ဆွဲလို့။ ခိုင်းတဲ့သူ က လည်း မာတပီတ၊ အဘိုးအဘွား တွေ တောင် ပါချင်ပါမယ်။ ဘာလို့ ခိုင်းကြသလဲ။ လူကြီးဖြစ်ပေမဲ့ မသိနား မလည် နိုင်သေးလို့။ (အနိုင်ကျင့် ခိုင်းတာ လည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဗဟုသုတ အားနည်း တာ က အဓိက ပါ။) ဝယ်ပေးတာနဲ့ တင် အလိုလို ရင်းနှီးသွားပါပြီ။ လူငယ်ဆို တာ အတုမြင် အတတ်သင်။
ဆေးလိပ် မီးညှိ ပေးပါအုံး ဆို ရင် မီးဖိုထဲ ဝင် မီးကျီးခဲ ကို တဖူးဖူး မှုတ်ပြီး မီးရတဲ့ အထိဖွာ ပြီး ပေးရတာ ရှိတယ်။ မသောက်တတ် ဘဲ ခံနိုင်ရိုးလား။ Second Hand Smoke ဒါဏ် ကို လည်း ကလေးတွေ တော်တော်များများ ခံနေရတုန်း။
ကလေးတွေ နားမှာ ဆေးလိပ် မသောက်သင့် တာ လူတိုင်းသိတယ် လို့ ထင်ပါသလား။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) မှာ ဆေးလိပ်ဆေးရွက် နဲ့ ပါတ်သက်တဲ့ စာတမ်းတွေ ရှိပါတယ်။ ကလေးတွေ အတွက် ဘယ်လို ကာကွယ်သင့် သလဲ ဆိုတာ လည်း ပါဝင်ပါလိမ့်မယ်။ ကားပေါ်မှာ ဆေးလိပ် မသောက်ရ ဆိုပေမဲ့ သောက်တဲ့သူ ကို ဘယ်သူမှ မပြောရဲကြ။ နယ်က ဗီဒီယို ရုံတွေ မှာ ဆေးလိပ်သောက်ခွင့် ရှိလား။ လူစုံတဲ့ နေရာ မှာ ဆေးလိပ်သောက်တာရော။ စကားမစပ် - အားလုံးက ဥပေက္ခာ ပြုထားတဲ့ အချိန် မှာ လူစွမ်းကောင်း လုပ် မသောက်နဲ့ လို့ သွားမပြောလေနဲ့ ပြောရင် အဆော်ခံ ရနိုင်ပါတယ်။ (တရားဝင် ဥပဒေ မရှိရင်။) ပြောမိလို့ အဆော်ခံ ရ ရင် စာရေးသူ လာ အပြစ်မပြော ကြပါ ကုန်နှင့်။ 
အဲယားကွန်း ဖွင့်ထားတဲ့ ဆိုင်ထဲ စီးကရက် သောက်တာ ခွင့်ပြုထားတုန်းပဲလားမသိ။ ဒီဆိုင်တွေ ထဲ ကလေး တွေ နဲ့ လူငယ်တွေ လည်း ဝင်ထိုင်ချင် ထိုင်မယ်။ (တရားဝင် ခွင့်မပြုတော့ ဘူး လို့တော့ ထင်ပါတယ်။ စာဖတ်သူ ဘယ်လို သဘောရပါသလဲ။) မှတ်မှတ်ရရ မြန်မာပြည် အရင် တစ်ခါ ပြန်တုန်း က FMI Tower သွားတယ် မီးခိုးမွှန် လို့ ထွက်ပြေးရတယ်။ J-Donut မှာ ကော်ဖီသောက် မလို့ ဝင်တော့ ရှုတော်မူ နေကြတာ ဆောင်းတွင်း နှင်းပိတ်နေတဲ့ အတိုင်းပဲ။ တော်ရုံဆိုရင်တော့ မမှုပါဘူး။ ကော်ဖီလည်း ငတ်ရော၊ ကြာတော့ ကြာပါပြီ။ (ခုတစ်ခေါက် အပြန်မှာ တော့ ဆိုးဆိုးရွားရွား သိပ်မတွေ့ရတော့ ပါဘူး။ ပုံစံ က အဲကွန်းခန်းထဲ မှာ ဆေးလိပ်သောက်ခွင့် ပိတ်လိုက်ပုံ ရပါတယ်။ အချို့ဆိုင်တွေ မှာ လည်း ၁၈-နှစ်အောက် မရောင်းရ စာတမ်းထိုးထားတာ တွေ့မိပါရဲ့။ နေရာတိုင်းတော့ မဖြစ်သေးပါ)
အသက်မပြည့်တဲ့ ကလေးတွေ ဘီယာ စုတ်တာ၊ ထရေ ဆွဲတာ ရော ရောင်းတဲ့ သူ ကို ဘာမှ မလုပ်ကြဘူးလား။ နိုင်ငံ တကာ မှာ တော့ ရဲ အရေးပိုင်တဲ့ အမှု။ (ရောင်းသူရော၊ သောက်သူရော.)။ ဗုဒ္ဓ ဘာသာဝင် တွေက ရော ကလေးတွေ သုယာမေရိယ ကျူးလွန်တာ ကံ၊ ကံ၏ အကျိုး သဗ္ပေသတ္တာ ကံမ္မသကာ လုပ်နေကြအုံး မှာ လား။
အသက်မပြည့်ခင် ဆေးရွက်ကြီး နဲ့ မထိအောင်၊ မနီးစပ်အောင် ဘယ်လို လုပ်ကြမလဲ။ အရက်နဲ့ ဝေးအောင် ဘာလုပ်သင့်လဲ။ ဆေးလိပ်ခုံ တွေ ဆိုတာ မြန်မာ အမျိုးသမီး ထု အတွက် ခေတ်အဆက်ဆက် မှာ ဆုံစည်း Community Centers တွေပါ။ အမျိုးသမီးထု စကားပြောရင်း (တောက်တောက်တောက်၊ ဒုံးဒုံးဒုံး) ဆေးလိပ်လိပ်ရင်း။ ရေဒီယို က သီချင်းလေး တောင်းလိုက်၊ နောက် သတင်းစုံ၊ အတင်းစုံ။ တော်ရုံ သမီးရှင် တွေ သမီးတွေ ကို အိမ် မှာ ဘော်ကြော့ မဖြစ်စေချင် ရင် ဆေးလိပ်ခုံ ပို့လိုက် အဆင်ကို ပြေလို့။
ပါမစ်၊လိုင်စင် လိုအပ်ချက် အခွန်ဘာညာ စာရေးသူ နဲ့ မဆိုင်ပါ (တာဝန်ရှိသူ တွေ သဘော တော် အတိုင်း အများအကျိုး အတွက် သင့်တော်သလို ဆောင်ရွက်တော် မူကြပါကုန်။) အသက်မပြည့်သေးတဲ့ ကလေး တွေ အတွက် က တော့ နိုင်ငံသား အားလုံး နဲ့ ဆိုင်တာမို့ စွက်ပါမယ်။ ကလေးတွေ၊လူငယ်တွေ ဆေးရွက်ကြီး နဲ့ ကိုင်တွယ် ထိတွေ့ ရတဲ့ အခါ အရေပြား က နီကိုတင်း ကို စုတ်ယူနိုင်ပါတယ်တဲ့။ ဆိုလိုတာ က ဆေးလိပ်ခုံ မှာ ဆေးလိပ်လိပ် ရင် ဆေးလိပ် မသောက်သော်လည်း နီကိုတင်း စွဲနေနိုင်တယ် ဆိုတဲ့ သဘာဝ ပါ။ နေ့စဉ် ထိတွေ့ အနံ့ငွေ့တွေကို ရှုရှိုက် နေရရင် ဆေးလိပ်သောက်သူ လို ကျန်းမာရေး ရလဒ်တွေ ရနိုင်ပါတယ်။ ငယ်ရွယ်သူ တွေ ကို ဆေးရွက် က ဦးနှောက် ကို ပြင်မရတဲ့ ပျက်စီးမှု၊ ပြောင်းလဲမှုဖြစ်ပေါ် စေနိုင်ပါတယ်။
စကားမစပ် - ဗိုလ်ချုပ် အောင်ဆန်း က ဂျပန်ရွှေရည်စိမ် လွတ်လပ်ရေး အပြီး လမ်းပေါ် ဆေးရွက်ကြီး လှမ်းတဲ့ အကြောင်း ကို မိန့်ခွန်းထဲမှာ လွတ်လပ်ရေး အလွဲသုံးစား လုပ်တာ လို့ ထည့်ပြောခဲ့ပါတယ်။ ဗိုလ်ချုပ် မရှိတော့ တာ အနှစ် ၇၀ ကျော် ရှိပါပြီ။ ဆေးရွက်ကြီး နဲ့ ဆေးစပ် ကို လမ်းပေါ် မှာ လှမ်းရင် ဘယ်သူ က တားမြစ်ခွင့် ရှိပါသလဲ။ (နေရာ အတော်များများ မှာ တွေ့ဘူးပါတယ်။)

ဝေဘန်တော် ပြောတော်မူကြပါအုံး စာဖတ်သူတို့။
ဘာတွေ ပြင်ဘို့ လိုနေပြီလဲ။ တိုင်းပြည် တိုးတက်ဖို့ ပြောင်းလဲဘို့ အသံကောင်း ဟစ်ယုံ ငါနဲ့ မဆိုင် ဝေဖန် လေကန် သူများ အပုတ်ချ ယုံ လက်ညှိုး ထိုးယုံ နဲ့ ဆိုရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ Feasible Solution ဆိုတာ ဖြစ်နိုင်တဲ့ ကောင်းမွန်သင့်တော် တဲ့ အဖြေစစ် ဖြစ်သင့်ပါတယ်။ အဖြေမရှာ မပေးနိုင် ပဲ အာရင် ကျီးအာသီး သာသာ ပါပဲ။ (လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ရှိပါတယ်။)

မှတ်ချက်။ ။ 
အသက်ပြည့်လို့ ကိုယ့်အဆုတ်၊ ကိုယ့်အသည်း နဲ့ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ်မိုက်တာ ကို တော့ စာရေးသူ ပြောခွင့် မရှိပါ၊ (မောင့်သဘော၊ ခင့်သဘော ပါ။)
ကြိုက်တတ်လို့ ဆေးလိပ်သောက်ရှူသူ လူကြီးမင်း တွေ၊ ယမကာ မှီဝဲသူ လူကြီး မင်း တွေ ကို လည်း ကလေး လူငယ် တွေနဲ့ လွတ်ရာမှာ သုံးဆောင်ဘို့ မေတတာ ရပ်ခံပါရစေ။ ဆေးလိပ် က တော့ Second Hand Smoke နဲ့ ကလေး လူငယ် တွေ ကို တိုက်ရိုက် ဆိုးကျိုး ပေးပါလိမ့်မယ်။ အတုမြင် အတတ် သင် ဆို တာ သတိရတော် မူကြပါ။
Get PDF Copy - Feel Free to Share....  

စကားမစပ် - ဗဟုသုတ အားနည်းတာ နဲ့ ဆင်းရဲမှု တွေ အ စစ နိမ့်ကျနေမှု တွေ စတဲ့ လက်ရှိ Root Causes တွေ တော်တော်များများ က ဘယ်မှာ ဆုံးလဲ မမေးပါနဲ့၊ နောက် လူတော် လူကောင်းတွေ နေရာမှန် ရလာရင်တောင် မှ ဒီ နာတာရှည် အကျိုးဆက် တွေ တစ်ခုချင်း အမြစ်ပြတ် နိုင်ဘို့ အချိန် အတော်ကြာအုံး မှာပါ။)

Read More... [ အကျယ် ဖတ်ရန်... ]

Friday, March 25, 2011

Water Cooled Chiller Plant Efficiency and Singapore Green Mark Program

- Writing In Progress -

  • စကာင်္ပူ နိုင်ငံ လို ပူနွေးစွတ်စိုတဲ့ ရာသီဥတု ရှိတဲ့ ဒေသမှာ တစ်နှစ်ပတ်လုံး Air Conditioning Systems တွေ လိုအပ်တာမို့ Chiller Plant တွေ ကို အဆောက်အအုံ တော်တော်များများ မှာ တွေ့နိုင်ပါတယ်။
  • Chiller Plant တွေက Energy အသုံးများတာမို့ လည်ပတ်စရိတ် သက်သာစေဘို့ (တစ်နည်းအားဖြင့် စွမ်းအင်ချွေတာခြင်းဖြင့် ပတ်ဝန်းကျင် ကို ထိန်းသိမ်း နိုင်ဘို့ အတွက်) Energy Efficiency က အရေးပါပါတယ်။
  • စကာင်္ပူ နိုင်ငံ မှာ ရှိတဲ့ အဆောက်အအုံ သစ်တိုင်း Energy Efficient ဖြစ်စေဘို့ အတွက် Green Mark Program ကို လိုက်နာဘို့ လိုအပ် ပါတယ်။ အနည်းဆုံး အဆင့်က GM Certified ဖြစ်ပြီး ပိုင်ရှင်စိတ်တိုင်းကျ ပိုပြီး Energy Efficient & Environmental Friendly ဖြစ်အောင် လုပ်လို က လုပ်နိုင်ပါတယ်။
  • ဒီ Green Mark Certification Program အရ လိုအပ်ချက်တွေ ဖြစ်တဲ့ Chiller Plant Efficiency ရဘို့နဲ့ Energy Saving တွေ ရဘို့ အတွက် Chiller Plant Efficiency တွက်နည်းတွေ နဲ့ Efficiency ပိုကောင်းအောင် လုပ်တဲ့ နည်းလမ်းတွေ သိဘို့ က အရေးပါလာပါတယ်။


  • အခုတစ်ပါတ် Post မှာ တော့ Green Mark အတွက်သာ မဟုတ်ပဲ Chiller Plant Efficiency ကိုပိုကောင်းအောင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာ ကိုပါ လက်လှမ်းမီသလောက် တင်ပြပေးထားပါတယ်။


  • Contents
    1. Requirements under Green Mark for New Buildings v.4.0: 2010
    2. Minimum Energy Efficiency Requirements for Equipments
    3. Basic Calculation Procedure and Understanding Work Example Calculations
    4. Ways to Improve to achieve better Operation Efficiencies and Performances
    5. References
  1. Requirements under Green Mark for New Buildings v.4.0: 2010
    • လက်ရှိအခြေအနေ BCA Certification Standard for New Building (GM version 4.0: 2000) အရ Water-Cooled Chilled-Water Plant အတွက် လိုအပ်ချက်တွေ ကတော့
      Green Mark Rating Peak Building Cooling Load (RT)
      < 500 500
      Efficiency ( kW/RT)
      Certified 0.80 0.70
      Gold 0.80 0.70
      GoldPlus 0.70 0.65
      Platinum 0.70 0.65
    • အကယ်လို့ GoldPlus (သို့) Platinum လိုချင်တယ် ဆိုရင် အနည်းဆုံး ရရှိရမဲ့ Energy Saving နဲ့ပတ်သက်တဲ့ လိုအပ်ချက်ကတော့
      Green Mark GoldPlus - At Least 25% energy saving
      Green Mark Platinum - At Least 30% energy saving
      REF: http://www.bca.gov.sg/EnvSusLegislation/others/GM_Certification_Std2010.pdf
    • Chiller Plant Efficiency ကို အခြေခံ အားဖြင့် kW/RT နဲ့ တိုင်းတာပါတယ်။ Cooling Capacity 1 RT ရဘို့ အတွက် သုံးရမဲ့ Electricity kW ဘယ်လောက်သုံးရတယ် ဆိုတဲ့ အချက်ပါ။ kW နည်းရင် သုံးရမဲ့ Electricity နည်းတာမို့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ဒီအတွက် ဘယ်လောက် ပိုပြီး ငွေအကုန်အကျ ခံထားရမလဲ (ပိုရင်းနှီးထားရမလဲ) ဆိုတဲ့ အချက်က လည်း အရေးပါပါတယ်။
    • Water-Cooled Chiller Plant တစ်ခု အတွက် Energy Efficiency တွက်တဲ့ အခါ ပါဝင်တဲ့ စက်ပစ္စည်းတွေ ကတော့
      1. Chillers
      2. Chilled Water Pumps
      3. Condenser Water Pumps
      4. Cooling Towers
    • ဒီ Equipment လေးမျိုး အတွက် တစ်မျိုးစီ ရဲ့ kW/RT ကို တွက်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါတွေကို မတွက်သေးခင် ARI 550 မှာသတ်မှတ်ထားတဲ့ Standard Condition မှာ ရှိတဲ့ Water Flowrate တွေ ကို မိတ်ဆက်ပေးလိုပါတယ်။
      • Condenser Water Flowrate : 3 gpm/RT (0.18925 l/s.RT) at 29.4 °C Entering Temperature
      • Evaporator Water (Chilled Water) Flowrate: 2.4 gpm/RT ( 0.1514 l/s.RT) at ΔT=5.6 °C
      သတိပြုရမှာ က Water Flowrate တွေ ဟာ ΔT နဲ့ ပြောင်းပြန် အချိုးကျတယ် ဆိုတာပါ။ Ref: http://www.ahrinet.org/App_Content/ahri/files/standards%20pdfs/AHRI%20standards%20pdfs/AHRI%20550-590_2003.pdf
    • ဒါဆိုရင် GM Ver 4.0:2010, pg-101 မှာရှိတဲ့ Method A: Calculation နဲ့တွဲပြီး ဆက်လက် လေ့လာ နားလည်လို့ ရပါပြီ။
    ... Back to Top (Contents)....
  2. Minimum Energy Efficiency Requirements for Equipments
    • ပထမ သိသင့်တာ ကတော့ Singapore Regulation (Codes) အရ အနည်းဆုံး ရရှိရမဲ့ Efficiency တွေကိုပါ။ ဒီနေရာ မှာ Water-Cooled Chilled-Water Plant at Reference Standard Condition ပေါ်မူတည်ပြီး Code Compliance အတွက် Minimum Efficiency ကိုတွက်ထုတ် ထားတာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ဒီနေရာမှာ GM Ver 4.0:2010, pg-101 မှာရှိတဲ့ Method A: Calculation က Plant Configuration အတွက် တွက်ထားတာ ဖြစ်ပါတယ်။
    1. Minimum Efficiency required for Chillers
      Ref: SS530:2006. pg 14: for Chiller ≥ 1055kW : COP > 6.1
      3.517 kW/RT ÷ 6.1 kW/kW (COP) = 0.577 kW/RT
      Therefore: Minimum Chiller Efficiency ≤ 0.58 kW/RT
    2. Minimum Efficiency required for Chilled Water Pumps
      Ref: SS553: 2009: pg.22: For chilled water system 349 kW/m³/s
      Water Flowrate: 0.1514 l/s.RT (at ARI 550: Standard Condition)
      0.1514 l/s.RT × 349 kW/m³/s × 1 / 1,000 m³/l = 0.053 kW/RT
      Therefore: Minimum Chilled Water Pumps Efficiency < 0.053 kW/RT
    3. Minimum Efficiency required for Condenser Water Pumps
      Ref: SS553: 2009: pg.22: For condenser water system 301 kW/m³/s
      Water Flowrate: 0.18925 l/s.RT (at ARI 550: Standard Condition)
      0.18925 l/s.RT × 301 kW/m³/s × 1 / 1,000 m³/l = 0.057 kW/RT
      Therefore: Minimum Condenser Water Pumps Efficiency < 0.057 kW/RT
    4. Minimum Efficiency required for Cooling Towers
      Ref: SS530:2006. pg 15: for Propeller or Axial Fan Cooling Tower ≥ 3.23 l/s.kW
      Water Flowrate: 0.18925 l/s.RT (Same as Condenser Water Pumps)
      0.18925 l/s.RT ÷ 3.23 l/s.kW = 0.059 kW/RT
      Therefore: Minimum Cooling Tower Efficiency < 0.059 kW/RT
    • အထက်က တွက်ခဲ့တဲ့ Minimum Efficiency တွေ က Equipment တစ်မျိုးစီ အတွက်သာ ဖြစ်ပါတယ်။ အားလုံး စုတဲ့ အခါမှာ တော့ ဒါတွေ ကိုပေါင်းလို့ ရတဲ့ 0.75 kW/RT ( 0.58+0.053+0.057+0.059 ) အစား အနည်းဆုံး GM Certified အတွက် 0.7 kW/RT ရကိုရရမယ် လို့ သတ်မှတ်ထားတာပါ။
    • အရင် တုန်းက CP13 နဲ့ SS530 လိုအပ်ချက်တွေ အရ ဆိုရင်တော့
      - xxxx -

    ... Back to Top (Contents)....
  3. Basic Calculation Procedure and Understanding Work Example Calculations
    1. Chillers Efficiency
      ကိုယ်ရွေးချယ်တဲ့ Chiller ရဲ့ Full Load Efficiency ကို Manufacturer's Catalogue / Technical Data ကနေ ဖတ်ယူရပါမယ်။ ARI 550 Standard Condition ဖြစ်ဘို့ သတိထားပါ။
    2. Chilled Water Pumps Efficiency
      • Primary Chilled Water Pumps တွေ ကိုပဲ စဉ်းစားဘို့ လိုအပ်ပါတယ်။
      • Water Flowrate : အပေါ်မှာ တွက်ပြထားတဲ့ Flowrate ကိုပဲ အခြေခံပါတယ်။
      • Pump Head Chiller Plant ရဲ့ Piping Configuration ပေါ်မူတည်ပြီး တွက်ယူရပါမယ်။ စဉ်းစားဘို့ လိုအပ်တာကတော့ Pressure Loss at Chiller + Pipe Friction Loss + Pipe Fitting Loss
      • Pump Efficiency : ကိုယ်ရွေးမဲ့ Pump အတွက် Manufacturer's Catalogue ကနေ ဖတ်ယူရပါမယ်။ Duty Point က Pump Curve အောက် သိပ်မရောက်လွန်းစေဘို့ သတိပြုပါ။
      • Motor Efficiency ကိုယ်ရွေးမဲ့ Motor အတွက် Manufacturer's Catalogue ကနေ ဖတ်ယူရပါမယ်။
      • ပြီးရင် အောက်က Pump Power Formula ကို သုံးပြီး Pump Power Usage ကို တွက်ယူနိုင်ပါတယ်။

        Where;
        Q = Water Flowrate (l/s )
        h = Pump Head (m )
        ηp = Pump Efficiency
        ηm = Motor Efficiency
        သူ့ရဲ့ မူရင်း က တော့
      • ဒီနေရာမှာ VSD ရဲ့ Efficiency ကို ထည့်မတွက်သေးတာ တွေ့ရပါတယ်။

    3. Condenser Water Pumps Efficiency
      • Water Flowrate : အပေါ်မှာ တွက်ပြထားတဲ့ Condenser Water Flowrate ကိုပဲ အခြေခံပါတယ်။
      • Pump Head Chiller Plant ရဲ့ Piping Configuration ပေါ်မူတည်ပြီး တွက်ယူရပါမယ်။ စဉ်းစားဘို့ လိုအပ်တာကတော့ Pressure Loss at Chiller + Pipe Friction Loss + Pipe Fitting Loss + Height Difference between Cooling Tower Return Inlet and Basin
      • Pump Efficiency နဲ့ : ကိုယ်ရွေးမဲ့ Pump အတွက် Manufacturer's Catalogue ကနေ ဖတ်ယူရပါမယ်။ Duty Point က Pump Curve အောက် သိပ်မရောက်လွန်းစေဘို့ သတိပြုပါ။
      • Motor Efficiency ကိုယ်ရွေးမဲ့ Motor အတွက် Manufacturer's Catalogue ကနေ ဖတ်ယူရပါမယ်။
      • တွက်နည်းကတော့ Chilled Water Pumps တွက်တုန်းက သုံးတဲ့ Formula ကို ပဲ ပြန်သုံးရပါတယ်။

    4. Cooling Towers Efficiency
      • ကိုယ်ရွေးချယ်တဲ့ Cooling Tower ကနေ လိုအပ်တဲ့ Condenser Water Flowrate ကို မူတည်ပြီး Manufacturer's Catalogue / Technical Data ကနေ ဖတ်ယူရပါမယ်။ ဒီလိုဖတ်တဲ့ အခါ SS530:2006 / CTI ATC-105 အရ လိုအပ်တဲ့ 35°C Entering Water, 29°C Leaving Water And 24°C wb Outdoor Air မှာ ဖြစ်နေဘို့ သတိထားပါ။
    • အပေါ်က အခြေခံ တွက်ချက်မှု တွေ ကိုနားလည်ပြီ ဆိုရင် ပေးထားတဲ့ Work Example ပေါ်မှီငြမ်းပြီး Chilled-Water Plant Efficiency ကို တွက်ချက် ရယူနိုင်ပါပြီ။
    ---- DRAFT ------ ... Back to Top (Contents)....
  4. Ways to Improve to achieve better Operation Efficiencies and Performances
    1. Sizing the Chiller Plant Right
      • Full Load အတွက်သာ မက Part Load အတွက်ပါ သင့်တော်တဲ့ Chiller Plant အရွယ် နဲ့ အရေအတွက် ကို ရွေးချယ်ရပါမယ်။ လိုအပ်တဲ့ Chillers တွေ ကိုလည်း ဒီ အခြေအနေ နှစ်ခု စလုံးအတွက် သင့်တော်အောင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။
    2. Selecting High Efficiency Equipments, Know Their Nature and Reserve Space for Them
      1. Chillers
        Select High efficiency Chillers.
        Optimize Size and Quantity Combination. Chillers of different capacities have different efficiencies, optimize them.
        Optimize the refrigerant choice: Choose Higher Efficiency Refrigerant if favorable
        Consider and check for Part Load efficiency
        Watch out for Life Cycle Cost and Initial Investment Cost

        Chiller Efficiency Improve with;
        1. Lower Condenser Water Entering Temperature
        2. Higher Chilled Water Supply Temperature
        3. Higher Chilled Water Return Temperature
        4. Higher Chilled-Water ΔT (Temperature Difference)
        Check the efficiency changes for Different Chilled Water Supply/Return Temperature and Entering Condenser Water Temperature Humidity vs High Chilled Water Supply Temperature High dT vs FCU, Air Side
      2. Chilled Water Pumps
        Select the optimum pump size and Use VSD when required to vary the flowrate
        Select high efficiency pumps and motors
        Common Header Pumping (or) One-to-One Pumping
        Primary Only? Or Primary + Secondary

      3. Condenser Water Pumps
      4. Cooling Towers
        Check for Optimum Efficiency
        Get Space for Cooling Tower Performance, prevent hot-moist air short circuit. May utilize VSD however if Chiller Efficiency improve better with Lower Condenser Water Temperature Choose Constant Speed.
        Over-sizing Cooling Tower a little bit will save a lot.
        Bad Cooling Tower Performance : It will drag the whole chiller plant down.
        Don't let Architects give less space than required for cooling tower, don't let them cover or enclose it with decoration. (Major Mistake)
        Cooling Tower ဘေးမှာ နေရာတွေ အများကြီး လွတ်နေတယ် လို့ ထင်တယ်။ Cooling Tower က အရုပ်ဆိုးတယ် လို့ထင်တယ်။ Trellis တွေ၊ Louver တွေ နဲ့ ကာတယ်။ အသံလုံအောင် ဆိုပြီး နံရံတွေ နဲ့ ကပ်ပစ်တယ်။

      5. VSD: Is it Better (or) Not ?


        VSD good for Close Loop Pumps with Little or No Static Head
        VSD Good for Fans
        Power Varies proportional to the Cube of Flowrate
        However, Lowering Condenser Water Temperature may offset the fan power
        Condenser Water Temperature and VSD
        Condenser Water Pump and VSD



    3. Arranging the equipments and Piping to improve efficiency

      Cooling Tower closer to Chillers (However, Cooling Tower Should not be below the Chiller to prevent System drain to Cooling Tower)
      Provide sufficient space for Cooling Tower. Don't let Architects give less space than required for cooling tower, don't let them cover or enclose it with decoration. (Major Mistake)
      Size the Pipes to Lower Friction Loss (reduce Flow Velocity, Note: It will not Lower equipment Friction Losses)
      Use the fittings with Lower Head Loss
      Use minimum bends (elbows means head loss)


    4. Optimizing System Design and Operating Parameters
      Common Header Pumping (or) One-to-One Pumping
      Optimizing chilled water supply temperature and increasing delta T
      Maintain DT
      Improve Condenser Water Temperature
      Use redundant Cooling Tower to Improve Approach (or) Condenser Water Temperature
      Increasing pipe sizes to decrease pump heads (Note: It will not Lower equipment Friction Losses)
      Simulation with weather profile, instead of extreme design condition
      There will be Cost and other system performance impacts associated with any changes in design parameters.






    ... Back to Top (Contents)....

  5. References





  6. ... Back to Top (Contents)....

Read More... [ အကျယ် ဖတ်ရန်... ]

Friday, March 6, 2009

ASHRAE Guide for Buildings in Hot & Humid Climage မိတ်ဆက်။

  • ပူပြင်းပြီး Humidity များတဲ့ ရာသီဥတု ရှိတဲ့ ဒေသတွေ က အဆောက်အအုံ တွေ ကို ဒီဇိုင်း လုပ်တဲ့ အခါ Challenges က အေးအောင် လုပ်ရုံတင် မဟုတ်တော့ ပါဘူး။ စွတ်စိုထိုင်းမှိုင်းမှု Humidity နဲ့အတူကပ်ပါလာတဲ့ ပြဿနာ တွေ ကို ပါ ထည့်သွင်း စဉ်းစားရပါတယ်။ ဟိုတယ်ခန်း က မွေ့ရာအောက်မှာ ရေဝပ်နေတာ၊ wall paper နောက်မှာ ရေခိုနေတာ၊ မှိုစွဲ နေတာ၊ ကြမ်းပိုးထူတာ၊ ဆွေးမြေ့တာ၊ အောက်သက်သက် အနံ့ ဆိုးထွက်နေတာ စတဲ့ ပြဿနာ ပေါင်းစုံ ပါ။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေ အတွက် ဒီ အကြောင်းအရာ က အရေးပါ ပါတယ်။
  • စာရေးသူ တို့ အနေနဲ့ ဒီ ဒေသတွေ အတွက် ဒီဇိုင်းလုပ်တဲ့ အခါ humidity ကို အထူး သတိထား ဂရုစိုက် ရလေ့ရှိပါတယ်။ အထူးသဖြင့် အတိမ်းအစောင်း သိပ်မခံ တဲ့ High-Tech Production Factories တွေ မှာ ပိုပြီးဂရုစိုက် ရပါတယ်။ ဒီအကြောင်း ကို လေ့လာလည်း လေ့လာ အသုံးလည်း ချ နေစဉ် မှာပဲ Seminar တစ်ခု တက်ဘို့ အခွင့်အရေး ရတာ နဲ့ သွားတက်ဖြစ် ခဲ့ပါတယ်။ “New & Existing Buildings in Hot and Humid Climates” ဖြစ်ပါတယ်။ ဟောပြောသူ က တော့ ASHRAE president 2006-07 တာဝန် ယူခဲ့ဘူးသူ Mr. Terry E. Townsend, (P.E., Fellow ASHRAE) ဖြစ်ပါတယ်။
  • မကြာသေးခင် က ဒုတိယအကြိမ် ဖြည့်စွက် ရိုက်နှိပ် ထုတ်ဝေတဲ့ The ASHRAE Guide for Buildings in Hot & Humid Climates ကို အခြေခံပြီး ဟောပြောတာ ဖြစ်ပါတယ်။ နေရာကတော့ စင်္ကာပူ နိုင်ငံ BCA Acamedy မှာပါ။ ဒုတိယ ပိုင်းမှာ တော့ NUS က Professor တစ်ယောက်ဖြစ်တဲ့ Professor S.K. Chou ကနေပြီး “Enhancement of the Envelope Thermal Transfer Value Criterion for Improved Energy Performance of Buildings” အကြောင်းကို ဆက်လက် ဟောပြောပါတယ်။ (ဒီအကြောင်းကိုတော့ နောက်တစ်ပါတ် မှာ ဆက်လက် တင်ပြပေးပါမယ်။)
  • ဒီတစ်ပါတ် မှာ တော့ ဒီလို ပူပြင်းစွတ်စို တဲ့ ရာသီဥတု ရှိတဲ့ ဒေသ က အဆောက်အအုံ အားလုံး အတွက် အခြေခံ စဉ်းစားရမဲ့ အချက် တွေ ကို ခြုံငုံ တင်ပြမှာပါ။
  • North America မှာ mold (မှိုတက်တဲ့မှို) ကို ရှေ့နေတွေ ပေးထားတဲ့ နာမည် က ငွေ (money) ပါတဲ့။ ဆိုလိုတာ က မှိုတက်တာ တွေ့လို့ ကတော့ သူတို့ ဂွင်၊ ငွေတွင်း နဲ့ တူတဲ့ အမှုတွေ ရမှာ ဖြစ်လို့ ပါတဲ့။


  1. The ASHRAE Guide for Buildings in Hot & Humid Climates
    • ပထမ အကြိမ်ရိုက်နှိပ် စဉ် က စာအုပ် ကိုတော့ ဖတ်ရှုလေ့လာ ဘူးပါတယ်။ လက်ရှိ ဒုတိယ အကြိမ် မှာတော့ ပထမ အကြိမ် ထက် သုံးဆလောက် ပိုထူလာတာ တွေ့ရပါတယ်။ ဖတ်ကြည့်ဘို့ အခွင့်အရေး တော့ မရသေး ပါဘူး။
    • ဒီစာအုပ်ရဲ့ အညွှန်း keyword တွေ ကတော့ Moisture (အစိုဓာတ်), mold (မှိုတက်), humidity (စိုထိုင်းဆ), dehumidification (စိုထိုင်းဆ လျှော့ချခြင်း), sustainability (ရေရှည်တည်တံ့ နိုင်မှု), energy reduction (စွမ်းအင်အသုံး လျှော့ချခြင်း) , moisture management (စွမ်းအင် စီမံခန့်ခွဲခြင်း), hot and humid climates (ပူပြင်းစွတ်စိုသော ရာသီဥတု) တွေဖြစ်ပါတယ်။


      The expanded second edition of The ASHRAE Guide for Buildings in Hot and Humid Climates triples the size of this popular reference, adding information on building enclosures, dehumidification, sustainability, mold avoidance, energy reduction, and much more—all tightly focused on the needs of owners, architects, and engineers who build and manage buildings in hot and humid climates. The book includes six chapters that discuss critical crosscutting issues for architecture, engineering, and building management along with eleven chapters of detailed and practical solutions to everyday problems in each area. This expanded second edition provides a richly illustrated summary of the state of the art in building science, moisture management, and techniques for reducing energy consumption in hot and humid climates, all based on real-world field experience as well as on recent ASHRAE research. The expanded second edition is written and illustrated by Lew Harriman, the lead author of ASHRAE’s well-known Humidity Control Design Guide, and by Joe Lstiburek, ASHRAE Fellow and the author of the irreverent and popular Building Science column in the ASHRAE Journal.

      Related Products: Humidity Control Design Guide
      Format: Hard cover, 8.5" x 11"
      Keywords: moisture, mold, humidity, dehumidification, sustainability, energy reduction, moisture management, hot and humid climates
      Publisher: ASHRAE
      Year: 2009
      Author: Lewis G. Harriman, III, and Joseph W. Lstiburek
      Number of Pages: 316
      ISBN/ISSN: 978-1-933-742-43-4
      Sponsor: TC 1.12, Moisture Management in Buildings



  2. Lstiburek's Guide to Solving IAQ Problems
    • ဒီဒေသတွေ မှာ ရှိတဲ့ အဆောက်အအုံ တွေ မှာ တွေ့ရလေ့ ရှိတဲ့ အဓိက ပြဿနာ က တော့ IAQ (Indoor Air Quality) လို့ခေါ်တဲ့ အဆောက်အအုံ အတွင်း က လေရဲ့ သန့်ရှင်းလတ်ဆတ်မှု အရည်အသွေး ကို ထိန်းသိမ်းနိုင်ဘို့ပါ။ IAQ မကောင်းလို့ ဖြစ်လာမဲ့ ပြဿနာ တွေ ကလည်း အများကြီးမို့ပါ။
    • ဒီ ဒုတိယ အကြိမ် စာအုပ် မှာ ပူးတွဲရေးလာတဲ့ စာရေးသူ အသစ် Lstiburek က IAQ ပြဿနာတွေ ကို ဖြေရှင်းဘို့ လမ်းညွှန်ချက် အချို့ပေးထားပါတယ်။
      1. If it smells it probably is bad
        အနံ့ရတယ် ဆိုရင်တော့ အဲဒါမကောင်းတာ ဖြစ်နိုင်ပါတယ်။
      2. Not everything that is bad smells
        အားလုံးက အနံ့ဆိုးတာ တွေချည်း မဟုတ်ပါဘူး။ (Carbon monoxide, carbon dioxide, ozone လိုဓာတ်ငွေ့တွေ က အနံ့အသက် မရှိတဲ့ ဓာတ်ငွေ့တွေပါ။)
      3. Vent combustion sources
        မီးလောင်ပေါက်ကွဲ မှုရှိတဲ့ မီးဖို၊ Dryer, Engine အစရှိတဲ့ combustion sources တွေ ကနေ vent လို့ခေါ်တဲ့ လေကို အဆောက်အအုံ ပြင်ပကို ထုတ်လွှတ် ပေးဘို့။ မဟုတ်ရင် လေထဲကို မီးလောင်ပြီး ထွက်လာတဲ့ COx, NOx နဲ့ အခြား Pollutant တွေ အခန်းထဲ စုလာပါလိမ့်မယ်။
      4. Construct a tight enclosure
        အဆောက်အအုံ ရဲ့ အကာအရံ enclosure တွေက လေလုံနေဘို့ လိုပါတယ်။ ဒါမှ moisture များတဲ့ အပြင် ကလေတွေ အထဲ ကို Infiltrate (စိမ့်ဝင်) မလာမှာဖြစ်ပါတယ်။
      5. Keep things form getting wet, hot or exposed to UV. Isolate those that do from occupants.
        အရာဝတ္တုတွေ ကို ရေမထိအောင် (မစိုစွတ် မနေအောင်)၊ အပူ နဲ့ UV တွေ မထိအောင် ထားပါ။ ဒါတွေထိမဲ့ အရာဝတ္တုတွေ ကိုတော့ လူတွေနဲ့ သီးသန့် ဖြစ်အောင် ခွဲထားပါ။
      6. Control indoor humidity
        အခန်း ထဲမှာ ရှိတဲ့ Humidity ကိုထိန်းပါ။ ဒီ Humidity ဆိုတဲ့နေရာ မှာ Space Humidity တင်မက Surface Humidity ပါ ထည့်သွင်း စဉ်းစား ပေးရပါမယ်။
      7. Maintain stinky places/ things(eg. Bathrooms, kitchens, elevator shafts & trash chutes) under a negative pressure.
        အနံ့မကောင်းတဲ့ နေရာ၊ ပစ္စည်းတွေ ရှိတဲ့ နေရာ (ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်၊ elevator shafts နဲ့ အမှိုက်ပစ်တဲ့ trash chutes, etc.) တွေကို မယ်။ (လုံလောက်တဲ့ Exhaust ပေးခြင်းဖြင့်) negative pressure မှာ အမြဲရှိနေအောင် ထိန်းထားပေးပါ။
      8. Keep things & spaces clean
        နေရာ နဲ့ ပစ္စည်းတွေ ကို သန့်သန့်ရှင်းရှင်း ထားပေးပါ။
      9. Filter for people not just equipment
        စက်ပစ္စည်းတွေ ကို သာမဟုတ် ပဲ လူတွေ အတွက် လည်း လေကို သန့်စင် အောင် Filter စစ်ပေးပါ။
      10. Ventilate for people, not just the building (Source control ventilation will handle the building)
        အဆောက်အအုံ အတွက် သာမဟုတ်ပဲ လူတွေ အတွက်ကိုလည်း ventilate (လေသန့်သွင်း) ပေးပါ။ အဆောက်အအုံ အတွက် Source control ventilation က တာဝန်ယူ ပါလိမ့်မယ်။
      11. Don't do stupid things to your building
        သင့်အဆောက်အအုံ အတွက် မိုက်မဲတဲ့ အပြုအမူတွေ မလုပ်ပါနဲ့။


  3. Improving Thermal Comfort
    • ဒီ အပူပိုင်းဒေသ တွေမှာ Humidity တက် လာတာနဲ့ အိုက်စပ် မှု က Occupant’s Comfort Level ကျဆင်းလာတာ ကို အဓိကတွေ့ရပါတယ်။
    • Thermally Comfort ဖြစ်တယ်ဆိုတာ အေးစိမ့်နေတာ ကိုဆိုလိုတာ မဟုတ်ပါဘူး။ Thermal Comfort အကြောင်းကို အရင် HVAC Systems: Introduction to Design မှာ တင်ပြခဲ့ ပါတယ်။ ပိုပြီး အသေးစိတ် သိချင်ရင် မှီငြမ်းစရာ ကတော့ ASHRAE Standard 55: Thermal Environmental Conditions for Human Occupancy ပါ။ Hot & Humid Climate မှာ Thermal Confort ကို ဘယ်လို ပိုကောင်းအောင် လုပ်မလဲ ဆိုတာ ကို အခု ဆက်လက် တင်ပြမှာ ဖြစ်ပါတယ်။

    1. Key Suggestions
      အဓိက အကြံပေးချက် တွေ ကတော့
      1. အပူကူးမှု နည်းအောင် ကောင်းကောင်း Insulation လုပ်ထားတဲ့ enclosure တွေကို ဒီဇိုင်းလုပ်ပါ၊ ဆောက်လုပ်ပါ။ နေ က လာတဲ့ Solar Heat အပူနဲ့၊ Glare (မျက်စိ ကျိန်းစေတဲ့ အရောင်တောက်တောက်) တွေ ကို သက်သာရအောင် ကို ပြူတင်းပေါက်တွေ မှာ exterior shading တပ်ဆင်ပေးပါ။ ပြူတင်းပေါက် အားလုံး ( အထူးသဖြင့် အနောက်ဘက် မျက်နှာမူထားတဲ့ ပြူတင်းပေါက်တွေ) ရဲ့ အရွယ်အစား ကိုလျှော့ချပါ။
      2. အခန်းထဲ က အပူချိန် ကို 23.3°C (74°F) အထက်နဲ့ 26.1°C (79°F) အောက် ကြားရအောင် ထားပါ။
        ဒီ အပူပိုင်းဒေသ တွေမှာ Humidity တက် လာတာနဲ့ အိုက်စပ် မှု က Occupant’s Comfort Level ကျဆင်းလာတာ ကို အဓိက တွေ့ရပါတယ်။ ဒါကြောင့်
        Indoor Dew Point ကို 12.8°C (55°F) အောက်မှာ ရှိနေအောင် ထိန်းထား ပေးပါ။
      3. Air Handling systems တွေကို လျှော့သုံးမဲ့ အစား ပိုသုံးပါ။
        ဒါမှ လိုအပ်တဲ့ different/dynamic changing internal heat loads တွေနဲ့ အနီးစပ်ဆုံး ကိုက်ညှိပေး ပါလိမ့်မယ်။ ဆိုလိုတာက AHU တစ်လုံးတည်း နဲ့ နှစ်ထပ်ပေးမဲ့ အစား တစ်ထပ်ကို တစ်လုံး ပေးခဲ့ရင် ပိုကောင်း ပါလိမ့်မယ်။ လေကို ပို့ရတာထက် ရေ (Chilled Water) ကို ပို့ရတာ က ပိုလွယ်ပြီး ပိုလည်း သက်သာပါတယ်။ ဒါ့အပြင် ပိုမိုရိုးရှင်းပြီး operate လုပ်ဘို့အတွက် ပိုလည်းသက်သာ၊ ပိုလည်း စိတ်ချ ရပါလိမ့်မယ်။
        အနည်းဆုံး တစ်ထပ် ကို AHU တစ်လုံး ပေးပါ။

    2. Thermal Comfort ရဘို့အတွက် အခြေခံ အချက်များ
      1. Shaded Windows= Improved Comfort & Reduced Glare
        • Radiant Heat ဖြာကူးမှု နည်းပါးပါတယ်။
        • Glare နည်းလာတာနဲ့ မျက်လုံး နဲ့ မျက်နှာပေါ် ကကြွက်သား တွေ တင်းမာ ရှုံ့တွ တာကို လျှော့ချပေး နိုင်မှာ ဖြစ်ပြီး သက်တောင့်သက်သာ ရှိတဲ့ အမြင်ကို ပိုကောင်းစေပါတယ်။
        • Peak Load ကိုလည်း လျှော့ချ ပေးနိုင် ပါတယ်။

      2. Less East & West Glass= Better Comfort
        • တိုက်ရိုက်ကျလာတဲ့ နေရဲ့ Solar Load အများအပြား စုဝင်လာတာ ကို ကာကွယ်ပေးပါလိမ့်မယ်။ အာရှသား အများစုက မနက်ခင်း ခပ်စောစော နေ ကိုတော့ နှစ်သက်ကြလေ့ ရှိပါတယ်။ ဒါပေမဲ့ နေမြင့်လာတာ နဲ့ ဝင်လာမဲ့ အပူ ကလည်း များလာပါလိမ့်မယ်။
        • Cooling systems တွေရဲ့ အရွယ်အစား၊ ရှုတ်ထွေးမှု နဲ့ Operating cost ကို လျှော့ချ ပေးနိုင် ပါတယ်။

      3. Comfort Unlikely in 'Glass Boxes'
        • မှန်တွေ က well insulated wall ထက် ၅ ဆ လောက် အပူပို သွင်း ပေးပါတယ်။
        • သက်တောင့်သက်သာ မရှိလို့ ငြီးတွား မဲ့ Comfort complaint probability ပိုများနိုင်ပါတယ်။
        • Mechanical Systems တွေ ရဲ့ Construction, Operating and Maintenance Cost ပိုများပါတယ်။

      4. Tight, Well-constructed Exterior Walls Avoids Sharp Changes in Interior Conditions
        လေလုံအောင် သေချာ ဆောက်ထားတဲ့ နံရံတွေက အခန်းထဲက အခြေအနေ ကို ရုတ်တရက် မပြောင်းလဲ စေပါဘူး။
        • အခန်းထဲ က အပူချိန် အပြောင်းအလဲ နည်းစေ ပြီး သမမျှတ ပါတယ်။
        • Infiltration လေစိမ့် ဝင်တာ နဲ့ mold မှိုတက်တဲ့ ပြဿနာ တွေ ကို လျှော့ချ နိုင်ပါတယ်။

      5. High Ceilings and Personal Fans Allow Low-cost Comfort
        • Temperature Stratification ကိုရနိုင်ပါတယ်။
        • Ideal Ceiling Height = 3.65m
        • Ideal Fan Blade Height = 3.0m

      6. One Fan per Floor = Better Comfort + Simpler Systems
        အနည်းဆုံး တစ်ထပ် ကို Fan (AHU) တစ်လုံး ထားပေးခြင်း အားဖြင့် Comfort ကိုပိုကောင်း စေပြီး Systems တွေ ကိုလည်း ပိုမို ရိုးရှင်း စေပါတယ်။
        • Occupancy Schedules နဲ့ Heat Load တွေ နဲ့ အကိုက်ညီဆုံး ပေးနိုင်ပါမယ်။
        • Multiple Area အတွက် လိုအပ်တဲ့ လေအမြောက်အများ ကို ပေးရလို့ ကုန်ကျမဲ့ Energy Cost ကို သက်သာ စေပါမယ်။

    3. HVAC Systems
      1. လူတွေရဲ့ ဝတ်စားဆင်ယင် မှု ကို လိုက်ပြီး HVAC Design ကိုလုပ်ပါ။
        • Indoor Design ကို 24ºC ထားမဲ့ အစား 26ºC ထားပြီး Dew point ကိုတော့ 12.8°C (55°F) အောက်မှာ ရှိအောင် လုပ်ပါ။
        • Equipment တွေရဲ့ Cooling Capacity ကို Multiple-stages အဆင့်ဆင့် ထားပါ။ (သို့မဟုတ်) modulating capability ထည့်သွင်းပေးပါ။
        • Supply Air Stream ရဲ့ Noise နဲ့ Chilling Effect ကို ထည့်သွင်း စဉ်းစားပါ။ Occupant တော်တော်များများ က (သူတို့ ကိုယ်တိုင် Control မလုပ်နိုင်ပဲ) သူတို့ အပေါ် Cold Air Direct Blow လုပ်တာ ကို မကြိုက်ကြ တာကြောင့်မို့ပါ။

      2. Dry Ventilation Air Helps Avoid Temperature Swings
        • Dedicated Outside Air System (DOAS) ဆိုတာ က လူတွေ နဲ့ နေရာ အလိုက် လိုအပ်တဲ့ Ventilation Air ကို အခြား AC Equipments တွေ နဲ့ မရောပဲ သီးသန့် သန့်စင် ပို့လွှတ် ပေးတဲ့ စနစ် ကိုခေါ်တာပါ။Dew point ကိုတော့ 12.8°C (55°F) အောက်မှာ ရအောင် Treatment လုပ်ပေးရမှာ ဖြစ်ပြီး သင့်တော်တဲ့ Filter နဲ့လည်း လေကို စစ် ပေးရပါမယ်။
        • Cooling Equipment တွေ က လည်း humidity ကိုဖယ်ဘို့ အအေးဓာတ် ကို အပို ချပစ်ရမဲ့ အစားSensible Load ကိုပဲ ဂရုစိုက် ရပါတော့မယ်။
        • အခန်းထဲ မှာ မှိုတက်တဲ့ ပြဿနာ ကို လျော့ပါးစေ နိုင်တာမို့ US မှာ Dedicated Outdoor Air Dehumidification System တွေ က ရေပန်းစား လာပါတယ်။ မှို နဲ့ ဘက်တီးရီးယား ပွားတာ ကို ဟန့်တားနိုင်ဘို့ နဲ့ လူတွေ ရဲ့ နှစ်သိမ့်မှု ကို ပေးနိုင်ဘို့ အတွက် Federal Buildings တွေ မှာ Dedicated Ventilation dehumidification equipment တွေသုံးဘို့ 2003 ခုနှစ်ထဲ က ပြဌာန်း ခဲ့ပါတယ်။ ဒီ အဆောက်အအုံ တွေ မှာ အခန်းထဲ က လေကို ရုံးသူ၊ ရုံးသား တွေကနေ ထုတ်လွှတ်လာမဲ့ humidity ကို စုတ်ယူ ရင်းနဲ့ Dew point ကို 12.8°C (55°F) အောက် မှာ ထိန်းထားနိုင်ဘို့ အတွက် အပြင်က O/A လေကို Dew point 10.0°C (50°F) အောက် ရအောင် အမြဲတမ်း Treatment လုပ်ဘို့ လိုအပ်ပါတယ်။

      3. Constantly Cold Coil also Dry Air Effectively
        • Cooling Coil or Desiccant Dehumidifier controlled with a humidistat vs thermostat
        • VAV Systems with Constantly Cold Coil အတွက်
          • Supply Air Dew Point is Low enough (12.8°C (55°F))
          • Supply Air Dew Point က သတ်မှတ်ထားတဲ့ Indoor Dew Point အောက်မှာ ရောက်နေရင် Coil stays cold ထားရပါမယ်။
          • အအေးလွန် သွားလို့ လိုအပ်လာတဲ့ re-heat ကို waste heat (refrig condenser or heat recovery wheel) ကနေယူပါ။

      4. Drier Air Expands the Comfort Range in Mixed Uses
        • လူတွေ ကို ရံဖန်ရံခါ မသက်မသာ ဖြစ်စေတာ က အပူ ကြောင့်မဟုတ်ပဲ Humidity ကြောင့် ဖြစ်နေတတ်ပါတယ်။ အိုက်စပ်စပ် ကြီးဖြစ်နေတာပါ။ လေကို ပိုပြီး ခြောက်သွေ့အောင် လုပ်ခြင်းအားဖြင့် ဒီလို ဒုက္ခ မျိုး ကို လျော့ပါးစေပါတယ်။

      5. Capacity Modulation Avoids Sharp Changes Stop Overshooting Desired Conditions
        • Stop Oversizing Cooling Equipment - Size at or under "Peak Load"
          ဒီအကြောင်းကြောင့် ပူအိုက်တဲ့ ရာသီဥတု မှာ အနွေးထည် ဆောင် ဘို့ အတွက် ဖြစ်စေတာပါ။ Peak Load ဆိုတာက Operating hour အချိန်ရဲ့ 99% ကျော်မှာ လိုအပ်တာထက် ပိုနေပါပြီ။ ဒါ့အပြင် Designer က လိုရမယ်ရ ဆိုပြီး 10-20% လည်း ထပ်ထည့် နိုင်ပါသေးတယ်။ ဒီလို အပိုထည့်ထားတဲ့ အတွက် လိုချင်တဲ့ temperature ကိုကျော်ကျသွားတတ် တာ ကို ထိန်းဘို့ မလွယ်တော့ ပါဘူး။ ရလဒ် အနေနဲ့ ကတော့ အရမ်းပူတာ နဲ့ အရမ်းအေးတာ ကြား အလျင်အမြန် ပြောင်းနေတာပါပဲ။
          ဒါကြောင့် သင့်တော်ရုံ ပဲ ရွေးခဲ့မယ် ဆိုရင် Cost ကို ချပေးနိုင်ရုံ သာမက ပိုပြီးလည်း comfort ဖြစ်ပါလိမ့်မယ်။
        • Variable-Speed Motors (or) Multiple Stage of equipment Capacity
          အပြောင်းအလဲမြန်စေတဲ့ ဖွင့်လိုက်ပိတ်လိုက် (စက်တွေကို) လုပ်ရမဲ့ အစား လိုအပ်တဲ့ Capacity ရအောင် ညင်ညင်သာသာ လေး ပြောင်းပေး၊ ညှိပေး နိုင်ပါတယ်။ ဒါက Comfort ကို အများကြီး ပိုကောင်း စေရုံသာမက ဈေးလည်းချိုမဲ့ နည်းလမ်းပါ။
        • Split Cooling Load between several pieces of equipments (vs) One Large Piece /component
          Equipment စက်ကြီးအကြီး တစ်ခုအစား အနေတော်လေးတွေ အချို့ကို ရွေးတဲ့အခါ Load အတက်အကျ ကိုလိုက်ပြီး သင့်တော်သလို လိုက်တင်ပေးပါလိမ့်မယ်။ ဒီနည်းကတော့ equipment နဲ့ နေရာပိုလိုတာ မို့ အခြားရွေးစရာတွေ နဲ့ယှဉ်ရင် ဈေးအကြီးဆုံး most expensive ဖြစ်ပြီး ကုန်ကျစရိတ် ပိုလာမဲ့ နည်းပါ။ ဒါပေမဲ့ Comfort ကိုပိုကောင်းစေမယ်။ Energy use လည်း အတော် နည်းသွားမယ်။ ထိန်းသိမ်းစရိတ် ပိုသက်သာစေမဲ့ အပြင် ယုံကြည်စိတ်ချရမှု (reliability) လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။Equipment စက်ကြီးအကြီး တစ်ခုအစား အနေတော်လေးတွေ အချို့ကို ရွေးတဲ့အခါ Load အတက်အကျ ကိုလိုက်ပြီး သင့်တော်သလို လိုက်တင်ပေးပါလိမ့်မယ်။ ဒီနည်းကတော့ equipment နဲ့ နေရာပိုလိုတာ မို့ ကုန်ကျစရိတ် ပိုလာမဲ့ နည်းပါ။ ဒါပေမဲ့ Comfort ကိုပိုကောင်းစေမယ်။ Energy use လည်း အတော် နည်းသွားမယ်။ ထိန်းသိမ်းစရိတ် ပိုသက်သာစေမဲ့ အပြင် ယုံကြည်စိတ်ချရမှု (reliability) လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။
        • Ensure that a component in system responds to a humidstat control of dew point conditions
          Cooling System မှာဘာပဲဖြစ်နေနေ အခန်းထဲ က Humidity ကို 12.8°C (55°F) အောက်မှာ ထိန်းထား နိုင်ဘို့ အတွက် Humidistat ကို respond လုပ်နိုင်တဲ့ အစိတ်အပိုင်း တစ်ခု သီးသန့် ထည့်ပေးထားဘို့ လိုအပ်ပါတယ်။ Dedicated humidification equipment မပါခဲ့ရင် အခန်းထဲ က Heat Load နည်းလာတာ နဲ့ အမျှ အအေးလွန်တာ ကို ထိန်းရင်း နဲ့ Humidity က မသက်မသာ ဖြစ်လောက်အောင် မြင့် တက်လာ နိုင်ပါတယ်။

      6. Higher Velocity VAV Diffusers Avoid "Cold Air Dumping" (use with non-sleeping areas)
        • Low velocities cause " Cold Air Columns"
          High Velocity နဲ့ ရွေးချယ်ထားတဲ့ Loud Diffusers တွေက အိပ်ခန်းတွေ အတွက် မသင့်တော် ပေမဲ့ non-sleeping area တွေ မှာ Comfort နဲ့ Productivity အတွက် ကောင်းကျိုး ပေးနိုင်ပါတယ်။
          အသံငြိမ် နေအောင် ရွေးချယ်ထားတဲ့ Diffusers တွေမှာ Peak Design Flow ကို အခြေခံ ထား လေ့ရှိကြတာ မို့၊ Low Load Condition မှာ Air Flow က အရမ်းနည်းနေ တတ်ပါတယ်။ အဲဒါ က အခန်းထဲ က လေနဲ့ သမ Mixed ဖြစ် ရမဲ့ အစား "Cold Column" ဖြစ်စေပြီး Occupant ဆီထိ ရောက်နိုင်တာ မို့ Comfort ကို ထိခိုက်စေနိုင်ပါတယ်။
        • Benefit to having "White Noise" generation
          ရုံးခန်းတွေ၊ ကျောင်းတွေ မှာ High Velocity Diffuser က ထွက်လာ တဲ့ အသံတွေ ကြောင့် Low-Level "White Noise" ကိုဖြစ်စေပါတယ်။ တိတ်ဆိပ် လွန်း လို့ သူများတွေ ပြောဆိုနေ သမျှ အကုန် သေချာ ကြားနေရလို့ စိတ်ရှုတ် နေရမဲ့ အစား ကိုယ့်အလုပ်မှာ ကိုယ် အာရုံ စိုက်လာနိုင်မဲ့ လူမှုရေး အကျိုးကျေးဇူး ကို ပေးပါတယ်။ လုံးဝ တိတ်ဆိပ်နေ တာ က အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင် အတွက် မကောင်းပါဘူး။


  4. Managing Ventilation Air
    • သင့်တော်တဲ့ Outdoor Air (O/A) ပမာဏ ကို လူတွေ အသက်ရှု မဲ့ Breathing Zone အထိ ရောက်အောင် ပို့ပေးရပါမယ်။ Breathing Zone ဆိုတာ ကတော့ လူတွေ ရှိတဲ့ အခန်း တွေထဲမှာ ကြမ်းပြင် အထက် 3" နဲ့ 72" ကြား (75 & 1800mm)၊ နံရံ (သို့) Fixed air-conditioning equipment ကနေ 2 ft. (600mm) ထက်ဝေးတဲ့ နေရာလို့ သတ်မှတ် ပါတယ်။
    • Ventilation Air က သန့်ရှင်းရမယ်။ ခြောက်သွေ့ရမယ်။ အမှိုက် နဲ့ Pollutants တွေ ကင်းစင်ရပါမယ်။

    1. Key Suggestions
      အဓိက အကြံပေးချက်တွေ ကတော့
      1. Ventilation System ကို ASHRAE Standard 62.1: Ventilation for Acceptable Indoor Air Quality နဲ့ ASHRAE 62.1 User Manualကို သုံးပြီး size လုပ် ရွေးချယ်ပါ။
      2. အပြင်က လေ (O/A) ရဲ့ Dew point က 12.8°C (55°F) ထက်ပိုနေရင် Dehumidify (Dry) လုပ်ပေးပါ။
      3. အနည်းဆုံး MERV-8 အဆင့်ရှိတဲ့ Filter နဲ့ O/A ကို စစ်ပေးပါ။ အဆောက်အအုံ က အမှုန်အမွှား များတဲ့ နေရာ မှာ တည်ရှိနေခဲ့ရင် MERV-11 အဆင့်ရှိတဲ့ Filter နဲ့ စစ်ပေးပါ။ အိုဇုန်း ပါဝင်နှုန်း များတဲ့ လေဆိုရင်တော့ Carbon Filter (သို့) အခြားသင့်တော် တဲ့ နည်းနဲ့ အိုဇုန်း ကို စစ်ပေးပါ။
      4. O/A ကို လိုအပ် တဲ့ ပမာဏ အတိုင်း ရအောင် Modulate (ထိန်းညှိ) ပေး ပါ။ Energy Cost ကိုလည်းထိန်း၊ လေကောင်းလေသန့်လည်း ပေးနိုင်ဘို့ အတွက် လူဦးရေ အနည်းအများ ကိုလိုက်ပြီး Ventilation Amount ကို ပြောင်းပေးနိုင်ဘို့ လိုအပ်ပါတယ်။ ရှိနိုင်မဲ့ လူဦးရေ ကို ကြိုတင် ခန့်မှန်းပြီး Timer နဲ့ ပြောင်းတာဖြစ်ဖြစ်၊ CO2 Sensor ထည့်ပြီး ပဲဖြစ်ဖြစ်၊ Motion sensor နဲ့ လူရှိမရှိ sense လုပ်ပြီး ဖြစ်ဖြစ် လိုအပ်သလို modulate လုပ်ပေး နိုင်ပါတယ်။
      5. ဖြစ်နိုင်ရင် အလဟဿ ဆုံးရှုံးသွားမဲ့ Waste Energy တွေကို Recover လုပ်ပါ။ Cold & dry ဖြစ်နေတဲ့ exhaust air တွေ က နေ recover လုပ် ယူနိုင် ပါတယ်။ Sensible Heat ကိုပဲ Recover လုပ်နိုင်တဲ့ Heat Exchanger တွေ ရှိသလို Sensible ရော Latent ပါ recover လုပ်နိုင်တဲ့ Energy (Enthalpy) Wheel တွေ လည်း ရှိပါတယ်။

    2. Dehumidification and Air Cleaning
      • Ventilation Air ကို Condition လုပ်ရတာ က ဈေးကြီးပါတယ်။ အထူးသဖြင့် ပူနွေးစွတ်စို တဲ့ ရာသီဥတု ရှိတဲ့ ဒေသတွေ မှာ ပါ။ ဒီဒေသ တွေ မှာ အခန်းထဲ က Pollutant တွေ ကို Dilute ဖြစ်ဘို့ အပြင်ကလေ သွင်းရုံ သက်သက် နဲ့ ရတာ မဟုတ်ပါဘူး။ သင့်တော်အောင် သန့်စင် ပြီး dry မလုပ်ခဲ့ ရင် ကောင်းကျိုးထက် ဆိုးကျိုးကို တောင် ပိုဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် အဆောက်အအုံ ပိုင်ရှင်တွေ အတွက် အပြင်က လေကို သန့်အောင် စစ်ဘို့၊ ရေငွေ့ ဖယ်ဘို့ နဲ့ Breathing Zone အရောက် ပို့ဘို့ အတွက် က ကုန်ကျစရိတ် သက်သာလှတာ မဟုတ်ပါဘူး။
      • ဒီဒေသ တွေ က အဆောက်အအုံ တွေ မှာ Ventilation Air က Humidity Load ရဲ့ အချိုးအစား အတော်များများ ကို ယူထားပါတယ်။ အဆောက်အအုံ အများစု မှာ Total peak humidity load ရဲ့ 60% လောက်ကို ယူထားတာ ပါ။ ဒီ အပူပိုင်းဇုန် တွေ မှာ တစ်နှစ်လုံး လိုလို humidity ကလည်း များတတ်ပါတယ်။ ဆောင်းတွင်း မှာ တောင် အပြင်က လေရဲ့ Dew point က လိုချင်တဲ့ 12.8°C (55°F) ထက် ပိုနေတတ် ပါသေးတယ်။
      • ဒါကြောင့် အငြင်းပွားစရာ အခြေအနေ တွေ ကို ဖြစ်ပေါ်စေပါတယ်။ ဘယ်လောက် နှုန်းနဲ့ ပေးရမယ် ဆိုတာ ကို အတိအကျ သတ်မှတ် ဘို့ ကိစ္စ က လည်း HVAC Engineer တွေ အတော် သည်းညည်းခံ ရတဲ့ အငြင်းပွားမှု တွေ ပါ။
      • ဒါကြောင့် ဖြစ်နိုင်ရင် DOAS သုံးဘို့ တိုက်တွန်းတာပါ။ Federal Buildings တွေ မှာ Dedicated Ventilation dehumidification equipment တွေသုံးဘို့ 2003 နဲ့ အပြင်က O/A လေကို Dew point 10.0°C (50°F) အောက် ရအောင် အမြဲတမ်း Treatment လုပ်ဘို့ လိုအပ်တဲ့ အကြေင်း အထက်မှာ တင်ပြခဲ့ ပါတယ်။
        Designer အနေနဲ့ DOAS ကို မသုံးဘူး ဆိုရင် humidity control က cooling system ထဲမှာ ထည့်သွင်း စဉ်းစားရမဲ့ အချက် ဖြစ်လာပါတယ်။ ဒါက Designer ရဲ့ ရွေးချယ် မှု ဆိုခဲ့ ရင် Cooling systems ကို အခြားပုံမှန် Cooling systems တွေ နဲ့ မတူပဲ သေချာ ဒီဇိုင်း လုပ်ရပါလိမ့်မယ်။ လေက Cooling လုပ်ဘို့ မလိုခဲ့ ရင်တောင် မှ dry လုပ်ပေးနိုင်တဲ့ စနစ် မျိုးကို ဒီဇိုင်း လုပ်ရ ပါမယ်။ အခန်းထဲ မှာ Absolute Humidity (or Dew Point Temperature) တက်လာရင် ထိန်းနိုင်ဘို့ က Humidistat ကို respond လုပ်နိုင်တဲ့ စနစ်တွေ ထည့်သွင်းထားဘို့ လိုအပ်ပါတယ်။ အထူးသဖြင့် energy saving အတွက် higher thermostat setting လုပ်ထားတဲ့ အခါ cooling systems သက်သက်တွေ ပဲ သုံးခဲ့ ရင် အခန်းထဲ မှာ humidity တက်လာပြီး မှိုတွေ ပွားလာပါလိမ့်မယ်။
      • နောက်တစ်ခု ကတော့ အမှုန်အမွှား တွေ ကိုသင့်တော် သလို Filter တွေ သုံးပြီး စစ်ပြီး မှ သွင်းဘို့ ပါ။ Filter တွေ ရဲ့ Efficiency ကို ASHRAE MERV Rating နဲ့ ပြနိုင်ပါတယ်။ အသေးစိတ် ကို MERV Chart မှာ လေ့လာပါ။
      • ASHRAE Standard 62.1 က O/A ကို အနည်းဆုံး MERV-8 အဆင့်ရှိတဲ့ Filter နဲ့ စစ်ပေးဘို့ တိုက်တွန်း ထားပါတယ်။ အပြင်မှာ ရှိတဲ့ လေရဲ့ အမှုန်အမွှား ပါဝင်နှုန်း ကို လိုက်ပြီး Commercial Building အများစု သုံးကြတာ က MERV-8 နဲ့ MERV-11 ပါ။ ဆေးရုံလို အဆောက်အအုံ မျိုးမှာ တော့ ရံဖန်ရံခါ Filter အဆင့်ဆင့် ခံထားရပါတယ်။ ဥပမာ၊ ပထမ အဆင့် MERV-8 နဲ့ အမှုန်အကြီးတွေ ကိုစစ် ပြီး အန္တရာယ်ပေး နိုင်တဲ့ အမှုန်ငယ် လေးတွေ ကို စစ်နိုင်ဘို့ MERV-13 ကို ဒုတိယ အဆင့် ခံတာမျိုးပါ။
      • မြေပြင် နားမှာ ဖြစ်ပေါ်တဲ့ Ground Level Ozone အကြောင်းကို အရင် Clean Air မှာတင်ပြခဲ့ ပါတယ်။ ဒီအိုဇုန်း က မီးခိုးမြူ smog ကိုဖြစ်စေတာရယ်၊ လူတွေ ရဲ့ အသက်ရှုလမ်းကြောင်း ကို အကြီး အကျယ် ဒုက္ခ ပေးနိုင်တာ ရယ် ကြောင့် လေထဲမှာ 0.08ppm (8 hour avg) or 0.12 (1 hour avg) ထက်မကျော် အောင် ဂရုစိုက်ဘို့ သတ်မှတ်ပါတယ်။ ဒါကြောင့် လေထဲမှာ အိုဇုန်း ဒီထက်များတဲ့ နှုန်းနဲ့ ပါလာရင် carbon filter နဲ့ စစ်ပေးရပါတယ်။

    3. Ventilation Rate
      • Ventilation rate နဲ့ပတ်သက်ပြီး အသင့်တော် ဆုံး မှီငြမ်းစရာ ကတော့ ASHRAE Standard 62.1: Ventilation for Acceptable Indoor Air Quality ပါ။

      • Ventilation Rates ကို နှစ်ပိုင်း ခွဲထား ပါတယ်။ ပထမ တစ်ခု က ရှိနေနိုင်တဲ့ လူတွေ အတွက် ဖြစ်ပြီး ဒုတိယ ကတော့ အဆောက်အအုံ (ဥပမာ၊ ကော်ဇော) က ထွက်လာမဲ့ contaminants အငွေ့ တွေ ကို အားပျော့ စွန့်ထုတ် သွားစေ ဘို့ ဖြစ်ပါတယ်။
        Ventilation Rates= Occupancy+ Area Factors
      • အသုံးများတဲ့ Occupancy density နဲ့ လိုအပ်မဲ့ ventilation rate တွေကို စာရင်းပြုထားပါတယ်။ စာအုပ် (သို့) pdf download ဝယ်မယ်ဆိုရင် ဈေးအတော်အတန် ကြီးပေမဲ့ ဖတ်ရုံသက်သက် ဆိုရင်တော့ Free Online Preview လုပ်နိုင်ပါတယ်။
      • ပေးထားတဲ့ Rate တွေ က အနည်းဆုံး လိုအပ်ချက်ပါ။ LEED® ကတော့ လိုအပ်ရင် ASHRAE 62.1 ထက် 30% အထိပိုပေးနိုင်အောင် ဒီဇိုင်းလုပ်ဘို့ တိုက်တွန်း ထားပါတယ်။
      • အနံ့နဲ့ ပတ်သက်လို့ အဆောက်အအုံ ထဲကို ပထမ ဆုံး ဝင်လာခါစ အခြေအနေ မှာ သတိထားမိကောင်း ထားမိ စေပါလိမ့်မယ်။ ဒါပေမဲ့ လူတွေရဲ့ သဘာဝ အရ ဝင်လာသူ ထဲက ၈၀% လောက်က ၆ မိနစ် အတွင်း ပတ်ဝန်းကျင် နဲ့ နေသား ကျသွား လေ့ရှိပါတယ်။ ဒါပေမဲ့ အနံ့က အရေးပါတဲ့ နေရာတွေ မှာ တော့ လိုအပ်သလို ဒီဇိုင်းလုပ်ဘို့ လိုအပ်နိုင်ပါတယ်။ ဥပမာ။ ။စတိုးဆိုင် လိုမျိုး၊ Customer က အနံ့ပြင်းရင် အထဲဝင်ချင်မှ ဝင်ချင်မယ်။ ဝင်ရင်တောင် မှ ခပ်မြန်မြန် လိုသလောက် နည်းနည်းပါးပါး ပဲ ဝယ်ပြီး ပြန်ထွက် သွားချင် သွားမယ်။
      • အဆောက်အအုံ က ရေကို ကုန်စင်အောင် စွန့်ထုတ်နိုင်ဘို့၊ ရေမခိုစေ နိုင်ဘို့ လိုအပ်ပါတယ်။
      • HVAC Maintenance အတွက် Access က မရှိမဖြစ် လိုအပ်ပါတယ်။
      • 12.8°C (55°F) Dew Point က 65%RHupper Limit ထက်ပိုပြီး သင့်တော်ပါတယ်။
      • Commissioning, Documentation & Maintenance တွေ လည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒီ Ventilation System တွေရဲ့ performance စွမ်းဆောင်ရည် အမြဲကောင်းနေအောင် လိုအပ်တဲ့ စစ်ဆေး ထိန်းသိမ်းမှု ရှိ နေမှ ဖြစ်မှာ မဟုတ်လား။
      • Local Codes: လိုအပ်ချက် တွေ က လည်း အနည်းဆုံး ပေးရမဲ့ Ventilation rate ကို သတ်မှတ်ထားလေ့ ရှိပါသေးတယ်။ ရံဖန်ရံခါ ဆိုသလို ဒီ rate နှုန်းတွေ က ASHRAE 62.1 ထက် အဆပေါင်းများစွာ ပိုကောင်း ပိုနိုင်ပါသေးတယ်။ ဒါပေမဲ့ မလိုက်နာ လို့ မရပါဘူး။
        • Singapore: CP 13
        • Malaysia: Uniform Building Bylaw

        တစ်ခု သတိပြုရမှာ ကတော့ လေကို ခြောက်သွေ့အောင် မလုပ်ပဲ သွင်းခဲ့ ရင် Mold ပြဿနာ က ရှိနေအုံးမယ် ဆိုတဲ့ အချက်ပါ။ ဖြစ်နိုင်ရင် Energy Recovery လုပ်နိုင်ဘို့ လည်း လိုအပ်ပါတယ်။ Dry and Cold Air ကပဲ Total energy recovery ရနိုင်တယ် ဆိုတာ ကိုလည်း သတိပြု ရပါလိမ့်မယ်။
      • Ventilation rate နဲ့ပတ်သက်ပြီး US မှာ ရုံးခန်း အဆောက်အအုံ Office Buildings တွေ 510 လုံး ကို လေ့လာကြည့်တဲ့ အခါ မှာ အဆောက်အအုံ အများစု ASHRAE 62 က လိုအပ်တာထက် အများကြီး ပိုနေတာ ကိုတွေ့ရပါတယ်။

    4. Ventilation System Maintenance
      1. Outdoor Air Filter တွေကို လစဉ် အသစ်လဲပေးပါ။
      2. O/A damper တွေရဲ့ Position နဲ့ Operation ကို သုံးလတစ်ခါ စစ်ဆေးပါ။
      3. O/A sensor တွေ ကို ၆ လ တစ်ကြိမ် re-calibrate (စံချိန်ကိုက်အောင် မှန်အောင် ချိန်၊ ညှိ) လုပ်ပေးပါ။ Humidity Sensor တွေ က ရက်သတ္တပါတ် အချို့အတွင်း မှာတင် accuracy တိကျမှု ±5% RH ကနေ ±15% RH ရောက်အောင် ပြောင်းလဲ သွားနိုင်ပါတယ်။
      4. Coil, Drain Pans နဲ့ damp duct interior တွေကို တစ်နှစ် တစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးပါ။


  5. Energy Consumption Reduction
    1. Minimize exterior glazing, install low-e glass and shade it.
      နေရောင် တိုက်ရိုက် (Direct) (သို့) သွယ်ဝိုက် (Diffuse) ဝင်လာနိုင်တဲ့ မှန်တွေ ကို လျှော့ချပါ။ Heat transfer နည်းတဲ့ low-e glass ကိုသုံးပါ။ အရိပ်ရအောင် Shade လုပ်ပေးပါ။
    2. Avoid West facing glazing (အနောက်ဖက် မျက်နှာမူတဲ့ မှန်) တွေ ကို ရှောင်ပါ။
    3. Design glazing to allow daylighting of perimeter. နေ့ပိုင်း မှာ perimeter (အပြင်ဘက်နှင့် နီးသော အနား ရှိ နေရာများ) မှာ နေ့အလင်းရောင် ဖြတ်ဝင်လာနိုင်မဲ့ ပုံစံဖြစ်အောင် glazing တွေ ကို ဒီဇိုင်းလုပ်ပါ။ (လျှပ်စစ်မီးအသုံးလျှော့ချ နိုင်ဘို့ ပါ။ ပြူတင်းပေါက် ရဲ့ အပေါ်ဘက် Shade လုပ်ထားတဲ့ အမြင့် နေရာ က အသင့်တော် ဆုံးပါ။ နေရောင်ရဲ့ အပူ ကို လှိမ့်ဝင် မလာအောင် ထိန်းပေးနိုင်သလို အလင်းရောင် ကိုလည်း အတွင်းပိုင်း ပိုရောက်အောင် ပို့ပေးနိုင်ပါတယ်။
    4. Exterior enclosure must be air tight. အပြင်ဘက် က နံရံတွေ အကာတွေ အားလုံး က လေလုံ ဘို့ လိုပါတယ်။ ဒါမှ အပြင်က moisture များတဲ့ လေစိမ့်ဝင် လာလို့ ပိုမို ကုန်ကျ မဲ့ energy ကို save လုပ်နိုင်မှာ ဖြစ်ပါတယ်။
    5. Commissioning building and systems. အဆောက်အအုံ နဲ့ Systems တွေရဲ့ Function and performance စွမ်းဆောင်ရည် တွေ ကို စနစ်တကျ စစ်ဆေး တာ ကို commissioning လို့ခေါ်ပါတယ်။ ဒါမှ design လုပ်ထားတဲ့ အတိုင်း အမှန်တကယ် အလုပ် လုပ်မလုပ် သေချာ မှာ ဖြစ်ပါတယ်။
    6. Seal all ducts and plenums. Air duct တွေ Plenum တွေမှာ ယိုစိမ့်မှု တွေ ရှိနေရင် Energy ဆုံးရှုံးမှု ရှိပါတယ်။ ဒါကြောင့် လေမယို အောင် seal လုပ်ပေးရပါမယ်။
    7. Match ventilation to building's occupancy. အထဲမှာ ရှိနေမဲ့ လူတွေရဲ့ အရေအတွက် နဲ့ လိုအပ်ချက် ကို လိုက်ပြီး ventilation ကိုပေးပါ။
    8. Capture & re-use heat from cooling equipment & exhaust air. မသုံးရင် အလဟဿ ဖြစ်သွားမဲ့ heat တွေ၊ Cold & dry exhaust တွေ က နေ Energy ကို ဖမ်းယူပြီး ပြန်သုံးစွဲ ပါ။
    9. Control indoor dew point temperature. အခန်းထဲ က Dew point temperature ကို ထိန်းထားပါ။
    10. Provide ongoing-commissioning of systems. အဆောက်အအုံ လည်ပတ်နေဆဲ မှာ လည်း systems တွေ ကို ongoing-commissioning (ထိန်းသိမ်း စစ်ဆေး ပြုပြင်) လုပ်ပေးပါ။

    Energy Efficiency အတွက် လက်ရှိ အကောင်းဆုံး မှီငြမ်းစရာ ကတော့ ASHRAE 90.1 ပါ။ သူ့ကိုလည်း Free Preview တစ်အုပ်လုံး သွား ဖတ်နိုင်ပါတယ်။ ASHRAE Publications [http://www.ashrae.org/publications/page/1285] ကိုသွားပြီး Preview Popular ASHRAE Standards ကိုရှာပါ။


    စာဖတ်သူ အနေ နဲ့ ဒီ့ထက် ပိုပြီး လေးလေးနက်နက် သိချင်ရင် တော့၊ ဝယ်ယူဖတ်ရှု ပါ (ဒါမှမဟုတ်) ကုမ္ပဏီ ကို ဝယ်ခိုင်း ပါလို့။

    For Further Readings
    1. High Performing Buildings
      • ASHRAE က ကမကထ ပြုပြီး သုံးလတစ်ကြိမ် ထုတ်ဝေနေ တဲ့ မဂ္ဂဇင်း ပါ။ နည်းပညာ အသစ်တွေ နဲ့ Energy-efficient design and Operation တွေ ရဲ့ အကျိုးကျေးဇူး ကို Decision maker တွေ နဲ့ Building community တွေ သိရှိနားလည်အောင် လေ့လာနိုင်အောင် အထောက်အပံ့ ဖြစ်စေဘို့ ရည်မှန်းပါတယ်။ Sustainability movement ထဲ က စံပြ အဆောက်အအုံ တွေ ကို လေ့လာ တင်ပြထားတာ ဖြစ်ပါတယ်။
        ASHRAE Website မှာ ပိုက်ဆံပေးစရာ မလိုပဲ အလကား (Free) Download လုပ်ယူပြီး ဖတ်ရှုနိုင်ပါတယ်။


    2. Advanced Energy Design Guides Free Download
      • Building Energy အသုံး ကို လျှော့ချနိုင် ဘို့ Advanced Energy Guide Series ကို ထုတ်ထားပါတယ်။ လူတွေ ဆီ ရောက်လေ ကောင်းလေ မို့ ASHRAE Website မှာ ပိုက်ဆံပေးစရာ မလိုပဲ အလကား (Free) Download လုပ်ယူနိုင်ပါတယ်။ အခုလက်ရှိ ထုတ်ဝေပြီးတာကတော့
        • Small Offices
        • Small Retail
        • Warehouses
        • K-12 Schools

        နောက်ဆက်လက်ထုတ်ဝေ ဘို့ ပြင်ဆင်နေတာ တွေ ကတော့
        • Highway Lodging
        • Healthcare Facilities

      Small Warehouses and Self-Storage Buildings
      For warehouses up to 50,000 ft2 and self-storage buildings that use unitary heating and air-conditioning equipment, which represent a significant amount of commercial warehouse space in the U.S.
      I-P units.
      K-12 School Buildings
      For elementary, middle, and high school buildings, which have a wide variety of heating and air-conditioning requirements. Options for daylighting, an important component in schools, are included.
      I-P units.
      Small Retail Buildings
      For retail buildings up to 20,000 ft2, the bulk of retail space in the U.S. Addresses typical uses: retail (other than shopping malls); strip shopping centers; automobile dealers; building material, garden supply, and hardware stores; department stores; drugstores; equipment and home furnishing stores; liquor stores; and wholesale goods (except food).
      I-P units.
      Small Office Buildings
      For office buildings up to 20,000 ft2 the bulk of office space in the U.S.; and provides benefits and savings for the building owner while maintaining quality and functionality of the office space. Awards: USGBC 2005 Leadership Award; Stars of Energy Efficiency Award, Honorable Mention (Alliance to Save Energy); and Best Sustainable Practice Award, Honorable Mention (SBIC).
      I-P units.


    3. ASHRAE Publications
      • ASHRAE Publications [http://www.ashrae.org/publications/page/1285] ကိုသွားပြီး Preview Popular ASHRAE Standards ကိုရှာပြီး လေ့လာပါ။
      • ASHRAE Online Learning က Short Courses ထဲ မှာ ASHRAE 55 ကနေထုတ်နုတ် ထားတဲ့ HVAC Systems: Thermal Comfort (I-P) ကို Free ပေးထားပါတယ်။ ပိုက်ဆံ ပေးစရာ မလိုပဲ Free လေ့လာနိုင်ပါတယ်။



Web-Links

  1. HVAC Systems: Introduction to Design
    [ http://chawlwin.blogspot.com/2008/10/hvac01design.html ]

  2. ASHRAE Standard 55: Thermal Environmental Conditions for Human Occupancy
    [ http://www.ashrae.org/publications/ ]

  3. ASHRAE Online Learning : Look for Short Courses: HVAC Systems: Thermal Comfort (I-P)
    [ http://www.ashrae-elearning.org/catalog.php ]

  4. ASHRAE Standard 62.1: Ventilation for Acceptable Indoor Air Quality
    [ http://openpub.realread.com/rrserver/browser?title=/ASHRAE_1/ashrae_62_1_2007_1280 ]

  5. ASHRAE MERV Rating
    [ http://en.wikipedia.org/wiki/Minimum_Efficiency_Reporting_Value ]

  6. MERV Chart[ http://www.pureairsystems.com/103_2.html ]
  7. Clean Air [ http://chawlwin.blogspot.com/2009/01/clean-air.html ]
  8. Free Preview [ http://www.ashrae.org/publications/page/1285 ]
  9. High Performing Buildings [ http://www.hpbmagazine.org/ ]
  10. Advanced Energy Design Guides Free Download
    [ http://www.ashrae.org/publications/page/1604 ]


Read More... [ အကျယ် ဖတ်ရန်... ]