Showing posts with label Sanitary. Show all posts
Showing posts with label Sanitary. Show all posts

Sunday, November 15, 2015

မြို့ပြ အခြေခံ စနစ်များ နှင့် စည်ပင်သာယာ ဝန်ဆောင်မှု စနစ်များ အကြောင်း မိတ်ဆက်။

မြန်မာနိုင်ငံ ရဲ့ Infrastructure တွေ ကို မွမ်းမံဘို့ Mega-City ဖြစ်နေတဲ့ မဟာရန်ကုန် ရဲ့ လိုအပ်ချက် တွေ ကို ဆွေးနွေးနိုင်ဘို့ အချက်တွေကို File Upload တင်ပေးလိုက်ပါတယ်။ (Rev 4, 28 Nov 2015)
တိုးတက်လာတဲ့ လူဦးရေ နဲ့ မွမ်းမံ ရမဲ့ စနစ်တွေ အကြောင်းပါ။ အင်မတန် အိမ်ယာ ဈေးကြီးတဲ့ မြို့ ဖြစ်နေပေမဲ့ အခြေခံ စနစ်တွေ မပြည့်စုံသေးတာ ကို မဟာရန်ကုန် က စပြီး ပြင်နိုင်အောင် အဖြေရှာ ပေးနိုင်ဘို့ပါ။
လက်ရှိအစိုးရ ဖွဲ့တော့ မဲ့ NLD ပါတီ ရဲ့ စီးပွားရေး မူဝါဒ အချက် ငါးခု မြောက် က လည်း Infrastructure တွေ ကို မွမ်းမံဘို့  ဖြစ်တာမို့ အကောင်အထည် ပေါ်နိုင်ပါစေ လို့ ဆန္ဒလည်းပြု လိုအပ်ချက် တွေ ကို လည်း လေ့လာတဲ့ သဘောပါ။

မြန်မာနိုင်ငံ နဲ့ ပတ်သက်လို့ မြို့ပြအခြေအနေ တွေ အကြောင်း ပြောဆို ဆွေးနွေး ကြတဲ့ အခါ ပြည်ပရောက် မြန်မာ အင်ဂျင်နီယာ တွေ နဲ့ နိုင်ငံခြားသား အင်ဂျင်နီယာ တွေ သဘော တူညီတဲ့ အကြောင်းအရာ တစ်ခု ကတော့ မြန်မာနိုင်ငံ က Public Infrastructure တွေ ကို တိုးချဲ့ ပြီး ပိုမို ကောင်းမွန် အောင် လုပ်သင့် နေပြီ ဆိုတဲ့ အချက်တစ်ခုပါ။
ဒီနေရာမှာ Public Infrastructure ဆိုတာ ကတော့ နိုင်ငံ တစ်ခု၊ မြို့ပြတစ်ခု ရဲ့ လူနေမှု နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ဘို့ အထောက်အပံ့ ပေးမဲ့ အခြေခံ စနစ်တွေ ကို ဆိုလိုပါတယ်။ ဒါကို Hard Infrastructure နဲ့ Soft Infrastructure လို့ နှစ်ပိုင်းခွဲနိုင်ပါတယ်။
Hard Infrastructure လို့ခေါ်တဲ့ အခြေခံ စနစ်တွေ ကိုကြည့်ရင်။

  1. ခရီးသွား အဆင်ပြေဘို့ လမ်းပန်းဆက်သွယ်ရေး ကွန်ယက်များ။ (ကားလမ်း၊ အမြန်လမ်း၊ ရထားလမ်း၊ မြို့ပြ လူများစု ပို့ဆောင်ရေး စနစ်များ၊ တံတား၊ ကားဂိတ်၊ဘူတာ၊ သဘောင်္ဆိပ်၊ လေဆိပ်၊)
  2. မိုးရေ နှင့် ရေအရင်းအမြစ် စီမံခန့်ခွဲ ရေး နှင့် ရေသန့် ပေးဝေရေး စနစ်များ၊
  3. မိလ္လာ နှင့် ရေဆိုး သန့်စင်ရေး နှင့် စွန့်ပစ်ရေး စနစ်များ၊
  4. အမှိုက်သိမ်း စနစ် နှင့် စနစ်တကျ စွန့်ပစ် ရေး စနစ်များ၊ သန့်ရှင်းရေး စနစ်များ။
  5. အဆိပ်အတောက် (သို့) အန္တာရာယ် ဖြစ်စေနိုင်သော အမှိုက်များ စနစ်တကျ သန့်စင် စွန့်ပစ်ရေး စနစ်များ။
  6. လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး နှင့် ဖြန့်ဝေရေး စနစ်များ၊
  7. ဆက်သွယ်ရေး တယ်လီဖုန်း၊ ကေဘယ် (တီဗီ၊ အင်တာနက်) နှင့် အရေးပေါ် အချက်ပေး နှင့် ကာကွယ်ရေး စနစ်များ၊

ဒုတိယ အမျိုးအစား က တော့ နိုင်ငံ တိုးတက်ရေး နဲ့ ပြည်သူတွေ ရဲ့ လူနေမှု ဘဝ တိုးတက်ရေး (စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အပန်းဖြေ ရေး နဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံစိတ်ချ မှု ရှိရေး) အတွက် လိုအပ်တဲ့ Soft Infrastructure လို့ ခေါ်တဲ့ အဖွဲ့အစည်း တွေ၊ စီမံခန့်ခွဲမှု စနစ်တွေ နဲ့ ၄င်းတို့ရဲ့ အခြေခံ အဆောက်အအုံတွေ ကို ဆိုလိုပါတယ်။
  • အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေး။ ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ အရေးပေါ် (ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်သူနာပြု / လူနာပို့ဆောင်ရေးနှင့် သဘာဝ ကပ်ဘေး ကာကွယ်ရေး စနစ်များ)၊ နိုင်ငံတော် ကာကွယ်ရေး နဲ့စစ်ဘက်ဆိုင်ရာ။
  • စီးပွားရေး။ ။ ဘဏ်၊ ဈေးကွက်၊ အခြေခံ စီးပွားရေး နှင့် ကုန်ထုတ်လုပ်မှု ဆိုင်ရာ စက်ရုံ အလုပ်ရုံ၊ ဝန်ကြီးဌာန (လယ်ယာ၊ စက်မှု၊လက်မှု၊ သယံဇာတ။)
  • လူမှုရေး။ ။ကျန်းမာရေး၊ (ဆေးရုံ၊ဆေးခန်း)၊ ပညာရေး (စာသင်ကျောင်း၊ သင်တန်းကျောင်း၊ တက္ကသိုလ်)၊ ကပ်ဘေး မှ ပြန်လည်ပြိုးထောင်ရေး။
  • ရိုးရာဓလေ့ ယဉ်ကျေးမှု၊အားကစား နှင့် အပန်းဖြေရေး။ ။အားကစားရုံ၊ အားကစားကွင်း၊ ပန်းခြံ၊ ပြတိုက်၊ ရုပ်ရှင်၊ ရှေးဟောင်းအမွေ အနှစ်၊ဘာသာရေး ဆိုင်ရာ အသင်းအဖွဲ့ များ။
ဒီလိုအပ်ချက်တွေ က လည်း မြို့ပြ စည်ပင်သာယာရေး (မြူနီစီပါယ်) စနစ် တွေ အတွက် အခြေခံ ဖြစ်နေပြန်ပါတယ်။ နိုင်ငံ တကာ ရဲ့ မြို့တွေ မှာ သူတို့ မြို့တိုးတက်ဖွံ့ဖြိုးရေး အတွက် အစီအစဉ် တွေ ရှိနေလေ့ရှိပါတယ်။ ကိုယ့်မြို့စီးပွားရေး နဲ့ လူနေမှု ဘဝတိုးတက်ဘို့၊ သန့်ရှင်း သာယာလှပဘို့၊ နာမည်ကောင်း ရှိဘို့ နဲ့ထိန်းသိမ်း နိုင်ဘို့၊ လုံခြုံစိတ်ချ ရဘို့၊ စီးပွားရေ အရရော၊ အလည်အပတ် အတွက်ပါ ဆွဲဆောင်မှု ရှိဘို့ ရေတို၊ ရေရှည်စီမံကိန်း တွေ သတ်မှတ် ပြီး မြို့ကျက်သရေ နဲ့ ဂုဏ်သိက္ခာ ရှိအောင် မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေး စနစ် တွေ စည်ပင်သာယာ၊ အခြားလူမှုရေး၊ လိုအပ်ချက် တွေ ကို စနစ်တကျ အုပ်ချုပ် စီမံ ခန့်ခွဲ နေနိုင်ဘို့ လိုအပ်ပါတယ်။
စာရေးသူ အနေနဲ့ ဆရာကြီးတစ်ယောက် မဟုတ်သလို Jack-of-All-Trades မဟုတ်တာ မို့ ကိုယ် ရင်းနှီးကျွမ်းဝင်တဲ့၊ လုပ်ငန်းအတွေ့ အကြုံနဲ့ တိုက်ရိုက် ပတ်သက်တဲ့ မြို့ပြဒေသ အဆောက်အအုံ တွေ ဘက် ရှုထောင့်ကနေ ပဲ ကြည့်ပြီး ဆွေးနွေး မှာပါ။ မဟာ ရန်ကုန် မြို့တော် အတွက် အဆင့်မြှင့် ဘို့ လိုအပ်တဲ့ မြို့ပြလူနေမှု စနစ် မှာ ရှိသင့်တဲ့ ဝန်ဆောင်မှု အကြောင်းအရာ အချို့ ကို ဦးစားပေး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
မြို့လို့ခေါ်လိုက်ရင် မြို့အင်္ဂါရပ်တွေ နဲ့ ညီဘို့ လိုပါတယ်။ ဒီအင်္ဂါရပ် ဆိုတဲ့ စကားလုံး မှာ လည်း ခေတ်နဲ့ လည်း လိုက်လျော ညီထွေ ရှိတဲ့ အင်္ဂါရပ်မျိုး တွေ ကို ဆိုလိုပါတယ်။ မြို့တော် ဆိုရင် လည်း မြို့တော် တစ်ခု ရဲ့ လိုအပ်ချက် နဲ့ ညီဘို့ လိုအပ်ပါမယ်။ အနာသိမှ ဆေးရှိမှာ မို့ လုပ်သင့်တာ နဲ့ ဖြစ်သလို လုပ်နေရတာ တွေ ကို အခြေအနေ ဆိုးသည်ထက် ဆိုးသည့် ဘက် ကို မသွားပဲ အမြန်ဆုံး ပြုပြင်နိုင်ဘို့ ကြိုးစားကြရမှာပါ။ စနစ် ကျတဲ့ စီမံခန့်ခွဲမှု တွေ လုပ်ထုံးလုပ်နည်း တွေ ချမှ ပြီး သင့်တော်တဲ့ စီမံကိန်းတွေ ကို လည်း အကောင်အထည် ဖော်ဆောင် နိုင်ဘို့ လိုအပ်ပါတယ်။
မြို့လို့ ဆိုလိုက်တာ နဲ့ စနစ်တကျ ဖောက်လုပ်ထားတဲ့ လမ်းတွေ ရှိရမယ်။ ရာဇဝတ် မှု နဲ့ မီးဘေးအန္တာရာယ် တွေ တင် မက သဘာဝ ဘေးအန္တာရာယ် အတွက် ကာကွယ်မှု အစီအစဉ် တွေ ရှိရမယ်။ ရေ၊ မီးအစုံ ရှိရမယ်။ အမှိုက် တွေ ရှင်းရမယ်။ သန့်ရှင်းမှု ရှိရမယ်။ အနားယူ အပန်းဖြေ၊ လေ့ကျင့်ခန်း လုပ်ဘို့ ပန်းခြံတွေ၊ ကစားကွင်းတွေ ရှိရမယ်။ ကျန်းမာရေး အတွက် လိုအပ်တဲ့ ဆေးရုံ၊ ဆေးခန်း နဲ့ အရေးပေါ် လူနာစောင့်ရှောက်မှု စနစ်တွေ ရှိရမယ်။ နေချင် စဖွယ်လည်း ဖြစ်နေရပါမယ်။
ဟုတ်ကဲ့။ မြို့ပြတစ်ခု မှာ နေတဲ့ သူတွေ အတွက် ဒါတွေက ရသင့်တဲ့ အခြေခံ လိုအပ်ချက်တွေ ပါ။ ရေ၊မီး အစုံ လိုချင်ပါတယ်။ ခြင်ကိုက် မခံခြင်ကြပါဘူး။ အစားအသောက်တွေ ယင်နားတာ မကြိုက်ကြ ပါဘူး။ အမှိုက်တွေ နဲ့ နံစော်ညစ်ပတ်နေတာ လည်း ကြိုက်ကြမယ် မထင်ပါဘူး။ သွားရေးလာရေး လည်း လွယ်ကူချောမွေ့စေချင်ပါမယ်။ စိတ်ချမ်းသာစွာ သွားလာနေထိုင်ချင်ကြပါမယ်။
ဒါဆို ဒီလို စည်ပင်သာယာ ဝန်ဆောင် မှု တွေ အလကား ရနိုင်မလား ဆိုရင် လည်း မရနိုင်ပါဘူး လို့ပဲ ဖြေရပါမယ်။။ လမ်းတွေခင်းတာ၊ လူသွား ပလက်ဖောင်းတွေ၊ မီးပွိုင့်တွေ၊ ရေ၊ မီး၊ မိလ္လာ စနစ်တွေ အပါအဝင် Infrastructure တွေ အားလုံး ကို ဆောက်လုပ်ဘို့၊ ထိန်းသိမ်းဘို့၊ မွမ်းမံ ချဲ့ထွင်ဘို့ ကုန်ကျစရိတ် တွေ လည်း ရှိပါတယ်။ ဒီကုန်ကျ စရိတ် တွေ ကို မြို့ကို စနစ်တကျ စီမံခန့်ခွဲမှု တွေ က ရလာတဲ့ အခွန်အကောက် ငွေတွေ၊ မ တည်ငွေ တွေ နဲ့ ဖြည့်ဆီးပေးရပါတယ်။ မြို့တော်တွေ ရဲ့ စီမံ ခန့်ခွဲ မှု လိုအပ်ချက် ကို နောက် ပိုင်း စာစုတွေ မှာ ဆက်လက် ဆွေးနွေးပေးသွားပါမယ်။
ရန်ကုန် မြို့တော် မှာ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ က လူဦးရေ ငါးသိန်းခန့် ပဲ ရှိတယ်လို့ ဆိုပါတယ်။ ခုလက်ရှိ အခြေအနေ မှာ လူဦးရေ က ငါးသန်း မက တော့တာ မို့ မဟာ ရန်ကုန် မြို့တော် လို့ ပြောရမှာပါ။ လူဦးရေ ဆယ်ဆ မက တိုးလာပေမဲ့ ကိုလိုနီ ခေတ် တုံး က မြို့တော်စည်ပင် သာယာရေး အတွက် စနစ်တကျ တွက်ချက် ဆောက်လုပ်ခဲ့ တဲ့ ရေပေးဝေရေး၊ မိလ္လာစနစ် နဲ့ စည်ပင်သာယာ ဝန်ဆောင်မှု တွေ က ဘယ်လောက်အဆင့် အထိ တိုးချဲ့မှု ရှိခဲ့ပါသလဲ။ ဘယ်လောက် အထိ ထိန်းသိမ်း ထား နိုင်ခဲ့ သလဲ။ ဆိုတဲ့ မေးခွန်း ကို ဖြေနိုင်တဲ့ သူရှားပါလိမ့်မယ်။ နှစ်ပေါင်း ခုနှစ်ဆယ် ဆိုတာ နည်းတဲ့ အချိန် မဟုတ်တာ မို့ အချို့ စနစ် တွေ ခုချိန် အထိ သုံးလို့ ရနေဆဲ ဆိုရင်တောင် လဲလှယ်၊ မွမ်းမံ ဘို့ လိုအပ်နေ လောက်ပါပြီ။ လူဦးရေ က လည်း ထပ်တိုး လာဘို့ရှိပါတယ်။
မွမ်းမံတယ် ဆိုတဲ့ နေရာမှာ လက်ရှိ အခြေအနေ ကို ပြေလည်းရုံ လောက်သာမက ရေရှည် အတွက်၊ တိုးတက်လာမဲ့ လူဦးရေ၊ ပြောင်းလဲလာနိုင်တဲ့ စီးပွားရေး အခြေအနေ နဲ့ အဆောက်အအုံ အမျိုးအစား၊ စတာ တွေ ကို ပါခြုံငုံ သုံးသပ်ပြီး အနာဂါတ် အချိန် အတိုင်းအတာ တစ်ခု အတွက် ပါပြင်ဆင်ထား ဘို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဒီ နှစ်ပေါင်း ခုနှစ်ဆယ် အတွင်း နိုင်ငံ တကာ မှာ နည်းစနစ် တွေ က လည်း အတော်လေး တိုးတက်ပြောင်းလဲ ခဲ့ပါတယ်။ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်း နိုင်ဘို့ အတွက် က ကိုယ့်နေရာ တစ်ခုထဲ ကွက်ကြည့်နေ လို့ မဖြစ်နိုင်ပါဘူး။ အခြားနိုင်ငံ မြို့ပြ တွေ ရဲ့ တိုးတက်မှု ကို လည်း မျက်ခြေမပြတ် ဘို့ လိုအပ်ပါတယ်။
အခု လက်ရှိဖြစ်နေတာက
  1. ခရီးသွား ရတာ အဆင်မပြေကြပါဘူး။ ကားတွေ ပိတ်ကျပ်နေတယ်။ အချိန်အရမ်းကုန်တယ်။ ဘတ်စ်ကားတွေ၊ လိုင်းကားတွေ က လည်း လူတွေ ကျပ်ကျပ်တည်းတည်း စီးနေရတုန်း၊ လမ်းသွားရတာ လည်း အဆင်မပြေကြပါ။
  2. မိုးရေကို စနစ်တကျ မစွန့်ထုတ်နိုင်၊ သောက်ရေအဖြစ်လည်း ရေကန်တွေ နဲ့ မစုဆောင်းနိုင်သေးပါ။ ရေအရင်းအမြစ် စီမံခန့်ခွဲ နိုင်မှု အားနည်းနေပါသေးတယ်။
  3. ရေသန့် ပေးဝေရေး စနစ်များ ကို ကြည့်ရင်လည်း နိုင်ငံတကာ နဲ့ WHO ကလက်ခံ နိုင်တဲ့ ရေသန့် အဆင့် ပေးဝေနိုင်မှု အားနည်းပါတယ်။ tap water က မသန့်ပါ၊ စည်ပင်ရေ မပေးနိုင်တာ မို့ သဘာဝဆိုးကျိုးများစွာ ပေးမဲ့ အထပ်မြင့် နဲ့ အဝီစိတွင်းတွေ တူးပြီး မြေအောက်ရေ ကို မတန်တဆ ထုတ်ယူ သုံးစွဲနေရပါတယ်။ ရေကို ဆိုးဝါးစွာ ညစ်ညမ်းစေမဲ့ မြေအောက် အုတ်ကန် တွေ နဲ့ ရေလှောင်ပြီး သုံးစွဲ နေကြဆဲပါ။
  4. မိလ္လာ နှင့် ရေဆိုး သန့်စင်ရေး နှင့် စွန့်ပစ်ရေး စနစ်များ ဆိုရင် လည်း ပိုက်လိုင်း၊ ( Sewer Pipes & Manhole Networks) တွေ မနိုင်တော့ပါ။ အထပ်မြင့်အပါအဝင် အဆောက်အဦ တော်တော်များများ မှာ Septic Tanks တွေ သုံးပြီး ကမ္ဘာမြေကြီး ကို ပူဇော်ပသ နေကြရဆဲပါ။ Septic Tanks တွေ က ထွက်လာတဲ့ ရေနဲ့ ချိုးရေ၊ သုံးရေတွေ စွန့်ထုတ်ဘို့ အတွက်လည်း ကိုယ်ထူကိုယ်ထ မြောင်းတွေ တူးကြရပါတယ်။ ရေနုတ်မြောင်း မဟုတ်ပဲ၊ ခြင်ပွား၊ ရေပုတ်၊ ရေသေတွေ ဖြစ်နေပါတယ်။
  5. အမှိုက်သိမ်း စနစ် နှင့် စနစ်တကျ စွန့်ပစ် ရေး စနစ်များ၊ သန့်ရှင်းရေး စနစ်များ ဆိုရင် လည်း ကောင်းသော ပြောင်းလဲမှု တွေ နဲ့ တိုးတက်မှု တွေ တွေ့လာရပြီ ဆိုပေမဲ့ လက်ရှိအခြေအနေ က တော့ ရှုတ်ပွ နေဆဲပါ။ လူတွေ ကလည်း အမှိုက်တွေ မဆင်မခြင် ပစ်နေကြတုန်းပါ။
  6. အဆိပ်အတောက် (သို့) အန္တာရာယ် ဖြစ်စေနိုင်သော အမှိုက်များ စနစ်တကျ သန့်စင် စွန့်ပစ်ရေး စနစ်များ မှာ လည်း စည်ပင်သာယာ ဘက်က ကျိုးစားအားထုတ်မှု တွေ တွေ့လာရပါပြီ။ လုပ်ငန်းရှင်တွေ ဆက်ပြီး မမှားကြဘို့ နဲ့ ကိုယ့်အရှုတ် ကိုယ်ရှင်းဘို့ လည်း လိုပါမယ်။
  7. လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး နှင့် ဖြန့်ဝေရေး စနစ်များ၊ အသစ်တွေ လည်း လုပ်နေကြပါတယ်။ JICA နဲ့ပေါင်း ပြီး 500KV လိုင်းတွေ နဲ့ Infrastructure မြှင့်ဘို့ လုပ်နေတာ လည်း တွေ့ရပါတယ်။ အခြားရေအားလျှပ်စစ် အပါအဝင် ထုတ်နေတာ တွေ တော့ တွေ့လာရပါပြီ။ အိမ်တွေမှာ ရှိတဲ့ မီးအားမြှင့်ထိန်းစက်၊ တွေ ပျောက်သွားဘို့ နဲ့ လျှပ်စစ်ပစ္စည်းတွေ ကောင်းကောင်းသုံးရ ဘို့ တော့ ဘယ်လောက်စောင့်ရမယ် မသိသေးပါ။
  8. ဆက်သွယ်ရေး တယ်လီဖုန်း၊ ကေဘယ် (တီဗီ၊ အင်တာနက်) နှင့် အရေးပေါ် အချက်ပေး နှင့် ကာကွယ်ရေး စနစ်များ၊ ဒီနေရာ မှာ အရေးပေါ် (ရေကြီး၊ မုန်တိုင်း) တွေ အတွက် တီဗီ၊ ကေဘယ်တီဗီ နဲ့ ရေဒီယို မီဒီယာ အားလုံးမှာ ဖြတ်ပြီး အရေးပေါ် ( overwrite) ကြေငြာ အချက်ပေးတဲ့ စနစ်မျိုးတွေ လည်း မရှိသေးပါဘူး။
မီးဘေးကာကွယ် ရေး စနစ် တွေ ကို သတ်မှတ်ပြဌာန်း ပေမဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ Public Fire Hydrants Networks တွေ ကလည်း အရင် ကိုလိုနီခေတ် တုန်းက ကောင်းကောင်း ရှိခဲ့ပုံ ရပေမဲ့ ခု က ပြောက်တိပြောက်ကျား နဲ့ လွယ်လင့်တကူ အဆင်သင့် မရှိသေးပါဘူး။ မီးဘေးကာကွယ်ရေး စနစ်တွေ စနစ်တကျ အကောင်အထည် ဖော်နိုင်ဘို့ ရာ ရေပေးတဲ့ စနစ် ကို လည်း အဆင့်မြှင့် ဘို့ လိုအပ်တယ် ဆိုတာပါ။
မိုးရေ စနစ်တကျ စီမံခန့်ခွဲတဲ့ စနစ်၊ မိလ္လာစနစ် နဲ့ အမှိုက်သိမ်း စနစ် မကောင်းတဲ့ အခါ မြို့တော် သန့်ရှင်းရေး သာယာ လှပရေး ဆိုတာ ဖြစ်မလာ နိုင်ပါဘူး။ အနံ့အသက် ဆိုးရွားရုံမက၊ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟတ် နဲ့ အခြား ရောဂါပိုး သယ်ဆောင်မဲ့ အကောင်ပလောင် တွေ ကိုပါ တိုးပွား စေမှာပါ။ မသန့်ရှင်းတဲ့ အမှိုက်ပုံ တွေ ကို ဖြတ်စီးလာတဲ့ မိုးရေကို လည်း သောက်ရေကန်တွေ ကို ပို့လို့ မရတော့ပါဘူး။
နေထိုင်တဲ့ လူဦးရေ တိုးပွား လာတာ နဲ့ လက်ရှိစည်ပင်သာယာ စနစ်တွေ မလုံလောက် တော့တာ ကို YCDC မှာ ရှိတဲ့ အင်ဂျင်နီယာ တွေ လည်း လေးလေးနက်နက် သိကြပါလိမ့်မယ်။ သုတေသန စာတမ်းတွေ နဲ့ Presentations အချို့ ကို အင်တာနက် မှာ တွေ့မိပါတယ်။ ကန့်သတ်ချက် တွေ၊ ဘတ်ဂျက်၊ နည်းပညာ၊ ကန်ထရိုက်တာ၊ အဆင့်တိုင်းမှာ အခက်အခဲ တွေ ကို လည်း ကြုံတွေ့ရမှာပါ။
နိုင်ငံတကာ က ပညာရှင်တွေ ကလည်း မြန်မာ နိုင်ငံ ကို လာရောက် အကြံပေး ဆွေးနွေးမှု ရှိကောင်းရှိပါလိမ့်မယ်။ ဂျပန် အစိုးအရ အကူအညီ နဲ့ အကြံပေး အဖွဲ့ တစ်ခု ရောက်တယ် ဆိုတဲ့ သတင်းလည်း ကြားမိပါတယ်။ ဂျပန် အစိုးရ အေဂျင်စီ တစ်ခု ဖြစ်တဲ့ JICA ကတော့ နိုင်ငံတွင်း မှာ အကူအညီ ပရောဂျက် တွေ လုပ်ပေးနေတယ် လို့ တော့ သိရပါတယ်။။
ကားလမ်း နဲ့ ခရီးသွား လုပ်ငန်းတွေ ကို ပြင်ဘို့ အကြောင်းကို အချို့က အာရုံစိုက်ကြပါတယ်။ ဟုတ်ကဲ့ လမ်းပန်းဆက်သွယ် ရေးပြင်ဘို့ လိုသလို အရမ်းအခြေခံ ကျတဲ့၊ ရေ၊ မိလ္လာ၊ မီး၊ အမှိုက်၊ သန့်ရှင်းရေး လုပ်ငန်းတွေ ကိုလည်းကြည့်ရပါမယ်။ ဆေးမီးတို တွေ နဲ့ ပဲ ကုနေရင် ဂျာအေး သူ့အမေရိုက် နေပါလိမ့်မယ်။ Master Planning နဲ့ အင်ဂျင်နီယာ၊ ပြည်သူလူထု အသိများ လာဘို့ လိုပါတယ်။ Public Works Major Reform လိုအပ်တာမို့ ပြိုင်တူ တွန်းဘို့ လိုအပ်ပါလိမ့်မယ်။
အဓိက ကတော့ Public Works တွေ ကို Tranparency နဲ့ ဌာန ဆိုင်ရာချင်း ယိုင်းပင်း၊လက်တွဲ လုပ်ဆောင် နိုင်ဘို့ပါ။ စည်ပင်သာယာ နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ အားလုံး ကို Master Plan နဲ့ သေသေချာချာ Coordination လုပ်ပြီးမှ အကောင်အထည် ဖော်နိုင်ပါမယ်။
ဆက်ရန်- https://www.dropbox.com/s/uzm8avzq96yjyc2/I001_R4%20Infrastructure%2C%20Municipal%20Svs%20and%20Bldg%20Mech%20Sys.pdf?dl=0

Read More... [ အကျယ် ဖတ်ရန်... ]

Saturday, October 11, 2008

Sanitary Plumbing Systems: Introduction

Sanitary ဆိုတာက ကျန်းမာသန့်ရှင်းရေး လို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် Sanitary Plumbing ဆိုတာ ရေပေးဝေ ရေးနှင့် ရေဆိုးနုတ်တဲ့ စနစ်ကို ခေါ်တာဖြစ်ပါတယ်။ ဒီတစ်ပါတ် တော့ Sanitary Drainage System (ရေဆိုးနုတ် တဲ့စနစ်) အကြောင်းကို တင်ပြမှာ ဖြစ်ပါတယ်။ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ ရေဆိုး တွေကို လူတွေ နဲ့ မထိတွေ့ရလေ အောင်စနစ်တကျ စွန့်ပစ်တဲ့ နည်းစနစ်ပါ။

  1. Introduction
    • ဒီနေရမှာ အလျင်းသင့်လို့ သင့်တော်မယ့် စကာင်္ပူ နိုင်ငံ ရဲ့ Code of Practice on Sewerage and Sanitary Works ကို မှီငြမ်းစရာ အဖြစ်ရွေးချယ် ထားပါတယ်။ ဒီစာအုပ် က Online Free download လုပ်နိုင်တာရယ်၊ အချက်အလက် ပြည့်စုံတာရယ် နဲ့ လက်ရှိ ကမ္ဘာပေါ်မှာ သုံးနေတဲ့ အဆင့်အတန်း ကောင်းတွေ နဲ့ ညီမျှတာရယ် တွေ ကြောင့် ရွေးချယ်ရတာပါ။
    • ကျန်ခဲ့တဲ့ နှစ်သုံးလေးဆယ် လောက်ကို ပြန်ကြည့်မယ် ဆိုရင် စကာင်္ပူရဲ့ လူနေရပ်ကွက် အတော်များများက ကျေးရွာ လေးတွေပါ။ ရေတွင်းကရေ ခပ်၊ ခြံစိုက်၊ ဝက်မွေး၊ ဘဲမွေး၊ တံငါ လုပ် စသည်ဖြင့် ပေါ့။ စကာင်္ပူ ဆိုတာ ခုလို သန့်ရှင်းတိုးတက်နေတဲ့ နိုင်ငံ ဖြစ်လာမယ် လို့ ဘယ်သူထင်ပါ့ မလဲ။ အမြော်အမြင် ရှိတဲ့ ပညာတတ် ပြီး (သင်္ကြန် အမြောက် မဟုတ်ပဲ) အလုပ် တကယ် ဖြစ်အောင် လည်း လုပ်နိုင်တဲ့ ခေါင်းဆောင်တွေ ရဲ့ ကြိုးစားမှု နဲ့ ဒီနေ့ စကာင်္ပူ နိုင်ငံ ဟာ ရေသန့် ထုတ်လုပ်မှု မှာ ရှေ့ပြေးနေသလို၊ ရေဆိုးကို သန့်စင်တဲ့ နေရာမှာ လည်း ထိပ်ကိုရောက်နေ ပါတယ်။
    • Singapore က တစ်နှစ်ပတ်လုံးလို မိုးများ ပြီး ပူပြင်းစွတ်စို တဲ့ ဒေသတစ်ခုပါ။ ထူထပ်လွန်းတဲ့ လူဦးရေ နဲ့ပေါင်းစပ် လိုက်တဲ့အခါ high standard of public health (အဆင့်မြင့် တဲ့ အများကျန်းမာရေး စံနှုန်း) သာ မထိန်းထား နိုင်ရင် ရေကနေ ကူးစက်တဲ့ ရောဂါတွေ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ကူးစက် စေပါလိမ့်မယ်။
    • ရေလမ်းကြောင်း၊ ရေလှောင်ကန်၊ မြစ် နဲ့ ပင်လယ် ရေပြင် တွေကို မညစ်ညမ်းစေဘို့ လုပ်ခြင်းဖြင့် ရောဂါတွေ မကူးစက်အောင် ထိန်းသိန်း နိုင်စေဘို့ အတွက် စနစ်တကျ Collection (သိမ်းဆည်းခြင်း) , Treatment (သန့်စင်ခြင်း) နဲ့ Disposal (စွန့်ပစ်ခြင်း) တို့ဟာ အရေးပါပါတယ်။
    • ပင်လယ်ကူး သဘောင်္တွေ တန်းစီနေတဲ့ World Busiest Port ဖြစ်နေပေ မဲ့ ရေထဲမှာ အညစ်အကြေး စွန့်ပစ်ခွင့် မပေးထားတာ မို့ အမှိုက်သရိုက်၊ ဆီ၊ နဲ့ လူတွေ ရဲ့ မိလ္လာအညစ် အကြေးတွေ ကမ်းခြေ ကိုဝေးလို့ ပင်လယ်ရေ ထဲကို တောင် ရောက်မလာပါဘူး။
    • စကာင်္ပူ နိုင်ငံရဲ့ Used Water သန့်စင် နည်းပညာတွေ ဘယ်လို တိုးတက်လာလဲ ဆိုတာသိချင်ရင် တော့ PUB Website မှာ သွားရောက်လေ့လာ နိုင်ပါတယ်။ လူနေအိမ်တွေနဲ့ စက်ရုံတွေက စွန့်ပစ်ရေ တွေကို Sewer (မိလ္လာပိုက်) တွေကနေ Sewerage Treatment Plant (ရေဆိုးသန့်စင် စက်ရုံ) တွေကို ပို့၊ သန့်စင်ပြီးမှ ဒီရေတွေ ကိုကမ်းခြေနဲ့ ဝေးတဲ့ ပင်လယ်ထဲ စွန့်ပစ် တာပါ။ ခုနောက်တစ်ဆင့် သွားနေတဲ့ The Deep Tunnel Sewerage System ဆိုတာကတော့ တစ်နိုင်ငံ လုံးက ရေဆိုးတွေက ခပ်နက်နက်မှာ လှိုင်ခေါင်း၊ ပိုက်ကြီးတွေ နဲ့ အဆင့်မြင့် သန့်စင်စက်ရုံတွေ ကိုပို့လွှတ်သန့်စင် စေတဲ့နည်းပါ။ ဗဟုသုတ အနေနဲ့ သိချင်ရင် DTSS Presentation Download လုပ်ပြီးလေ့လာပါ။
  2. References (မှီငြမ်းစရာ)
    • စကာင်္ပူနိုင်ငံ မှာ Sanitary Drainage System တွေ ဒီဇိုင်းလုပ်တဲ့ အခါ နဲ့ Install လုပ်တဲ့ အခါ လိုက်နာရမဲ့ Code of Practices တွေ၊ Standard Drawings တွေနဲ့ Requirements တွေ ကတော့။
      1. Code of Practice on Sewerage and Sanitary Works (View Online)
        (OR) Download Code in Word Document
      2. The Sanitary Drawings
      3. Sewerage Standard Drawings
      4. Requirements for Discharge of Trade Effluent into public sewer
      5. NEA: Code of Practice on Pollution Control
    • အပေါ်က References တွေအကုန်လုံးကို Web-link ထည့်ထားပေးပါတယ်။ Download လုပ်ယူနိုင်အောင် ပါ။
    • ဒီ PUB Code of Practice website မှာပဲ မိုးရေနဲ့ ပတ်သက်တဲ့ Code of Practice on Surface Water Drainage စာအုပ် ကို ပါ Free Download လုပ်ယူနိုင်ပါသေးတယ်။ ဒီစာအုပ်ကလည်း စကာင်္ပူ မှာ မိုးများတဲ့ကြားထဲက ခြင်မရှိ အောင်၊ ရေမဝပ်အောင် နဲ့ မိုးရေသန့်သန့် Reservoir ထဲအထိ ရောက်လာရအောင်ဘာလုပ်ထား လဲ သိနိုင်ပါတယ်။ ဒီအကြောင်းကိုတော့ နောက်ကြုံမှပဲ တင်ပြပေးပါမယ်။ ရေသန့်နဲ့ ပတ်သက်တဲ့ CP:48 Code of Practice for Water Services ကတော့ ဈေးကြီးပေးဝယ် မှရနိုင်တဲ့ စာအုပ်ပါ။ ရင်းနှီးတဲ့သူ အချင်းချင်း ဆီက လက်တို့ မိတ္တူ ဆွဲရင်လည်း ဖြစ်နိုင်ပါတယ်။ မူပိုင်ခွင့် ရှိတာ မို့ သတိတော့ ထားရပါလိမ့်မယ်။
    • ဒီအချက်အလက် တွေက လက်ရှိ Sanitary Services Drawing တွေကို ကောင်းကောင်းနားလည်ဘို့ နဲ့ အခြေခံ ဒီဇိုင်းအတွက် အထောက်အကူပြုပါလိမ့်မယ်။ ပိုက်တွေကို အသေးစိတ် Sizing လုပ်နိုင်ဘို့ကတော့ Discharge Loading Units Calculation လုပ်နည်းတွေကို British Plumbing Institutes ရဲ့ Handbook ကပဲ ဖြစ်ဖြစ် US-International Plumbing Codes နဲ့ ASHRAE ကပဲဖြစ်ဖြစ် ရနိုင်ပါတယ်။ (အသေးစိတ် ကို နောက် ထပ်ရေးတဲ့ အခါ ထည့်သွင်းပေးပါမယ်။)
  3. Common Definitions and Terms (စကားလုံးအသုံးအနှုန်း)
    • Definitions
      1. Waste (liquid): ရေသုံးတဲ့ ပစ္စည်းတွေ ကနေထွက်လာတဲ့ စွန့်ပစ်ရေ။
      2. Sanitary Waste: Plumbing Fixtures တွေကနေ စွန့်ထုတ်တဲ့ရေ။
      3. Soil (Waste): မိလ္လာ (ဆီး၊ ဝမ်း၊) အနည်းနဲ့အများ ပါဝင် တဲ့ စွန့်ပစ်ရေ။
      4. Vent : လေပိုက်။ အဓိက ကတော့ အနံ့ဆိုး တွေကို ထိန်းဘို့၊ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့တွေ ကို မစုနိုင်အောင် ထိန်းဘို့ နဲ့ Water-seal trap တွေကို Anti-syphonage Effect ပေးဘို့ လိုအပ်တဲ့ လေပိုက်။
      5. Sewer: ရေဆိုးတွေကို Treatment Plnat အထိသယ်ယူပို့ဆောင်ပေး မဲ့ ပိုက်တွေ ပါဝင်တဲ့ စနစ်။
      6. Soil & Waste Stack - ရေဆိုးတွေကို သယ်ယူမဲ့ Vertical Soil & Waste Pipe
      7. Ventilating Stack - vertical ventilating pipe
      8. Singapore : Code of Practice on Sewerage and Sanitary Works ထဲက Terminology ကိုလေ့လာပါ။
    • Domestic (အိမ်သုံး) Sanitary Appliances & Fittings (Ref Sec 3.3)

      1. Water Closet Pan (အိမ်သာ ကြွေခွက်)
        အဓိက သုံးတဲ့ နှစ်မျိုးကတော့
        • Oriental Water Closet Pan (Squatting Pan) - ဆောင့်ဆောင့် ထိုင်သွားရသော အာရှရိုးရာ ပုံစံ အိမ်သာခွက်
        • Pedestal (or) Wall Hung (Sitting Pan) - ကုလားထိုင်မှာ ထိုင်သလို သက်သက်သာသာ ထိုင် သွားလို့ရတဲ့ အိမ်သာခွက်
          Pedestal Water Closet Pan
          with Cistern
          Pedestal Water Closet Pan
          with Flush Valve
          Wall-Hung Water Closet Pan
          with Flush Valve
      2. Urnial (အမျိုးသား ကျင်ငယ်စွန့် ဘို့ပါ)
        • Bowl (တစ်ယောက်ချင်း အတွက်)
        • Trough (တစ်ကြိမ်မှာ တစ်ယောက်ထက် ပိုလက်ခံ နိုင်တဲ့ ခွက်ရှည်)။ စကာင်္ပူ မှာ အသုံးနည်းလာပါပြီ။ အဓိက သုံးတာက စက်ရုံလို နေရာမျိုးတွေမှာပါ။
          Urnial BowlUrinal Bowls in Series
      3. Flushing Devices (ရေလောင်းတဲ့ ကိရိယာတွေ)
        • Flushing Cistern (ရေကန် အသေး၊ တစ်ကြိမ်လောင်းပြီး ပြန်ဖြည့်ရန် အချိန်အနည်းငယ် လိုသည်။)
        • Flush Valve (ရေပေးဝေသော ပိုက်မှ တိုက်ရိုက်ဆက်ထားသော Flush Valve)
        • Automatic Flushing Devices (လူ အသုံးကို အာရုံခံ ပြီး အလိုအလျောက် Flush လုပ်ပေးနိုင်သော ကိရိယာများ။)
          Flush Valve
          WC Auto-FlushValve
          Urinal Auto-Flush Valve
      4. Bidet အညစ်အကြေးစွန့် အင်္ဂါများ ကိုဆေးကြောရန် ကြွေခွက် (ပြင်သစ် ဝေါဟာရဖြစ်ပြီး အနည်းစပ်ဆုံး အသံထွက် မှာ "ဘီဒေး" ဖြစ်သည်။ သာမန်အိမ် များတွင်သုံးလေ့ မရှိပဲ အဆင့်မြင့် အိမ်၊ ဟိုတယ် အထူးခန်း တို့တွင်သာ သုံးကြသည်။)
        Pedestal Type BidetWallhung BidetBathroom with Wash Basin (Lavatory), Longbath, WC & Bidet
      5. Bath & Shower Units ရေချိုးဇလုံ နှင့် ရေပန်းများ
      6. Floor Trap
ကြမ်းခင်းမှ ရေကိုစွန့်ထုတ်ရန် သုံးရသည်။ အနံ့ဆိုးများ တက်မလာစေရန် Water Seal ပါသောကြောင့် Trap ဟုခေါ်ရခြင်းဖြစ်သည်။
မြေညီထပ် အတွက်
(Floor Trap)
Floor Trap
အမျိုးမျိုး



  • Floor Waste ကြမ်းခင်းမှ ရေကိုစွန့်ထုတ်ရန် သုံးရသည်။ သူ့တွင် Water Seal မပါသောကြောင့် Floor trap သို့သာ စွန့်ထုတ်ရသည်။ Soil & Waste Pipe သို့တိုက်ရိုက် သွယ်ခွင့်မရှိ။
  • Wash Basin (Lavatory) မျက်နှာသစ်ရန်၊ လက်ဆေးရန် သုံးရသော ကြွေခွက်။
    Wash Basin (Lavatory)Wash Basin (Lavatory) with Pedestal
  • Sink ပန်းကန်ဆေးရန်။ ဟင်းသီးဟင်းရွက် အသား၊ငါး ဆေးကြောပြင်ဆင် ရန် မီးဖိုချောင် သုံး Sink၊ (ဓာတ်ခွဲခန်း များတွင်သုံးသော Lab Sink လည်းရှိပါသည်။)
    Kitchen Cabinet with SinkKichen Island Counter with Sink


  • Sanitary Drainage အခြေခံ သတိထားစရာ လေးတွေ။
    • Waste Water ကောင်းကောင်းစီးသွားနိုင်ဘို့ လိုအပ်တဲ့ Pipe Size (အရွယ်အစား) နဲ့ Slope / Gradient (လျှောစောက်) ရှိရပါမယ်။ Back-Slope လို့ခေါ်တဲ့ ပြောင်းပြန်ဖြစ် နေတဲ့ Slope က မှားလေ့မှားထ ရှိပေမဲ့ (Underground Pipework မှာတော့ အင်မတန် ဆိုးဝါးပြီး ပြင်ဆင်ဘို့ အကုန်အကျများတဲ့) အမှား တစ်ခုပါ။ ဒါကြောင့် Flow Direction နဲ့ Invert Level တွေကို သေချာနားလည်အောင် ဂရုစိုက်ပါ။
    • ဓာတ်ငွေ့တွေ၊ အနံ့ဆိုးတွေ၊ အင်းဆက်၊ ပိုးမွှား တွေ ပြန်တက် မလာနိုင်စေ ဘို့အတွက် Water-Seal Trap (ရေခံ) အမြဲရှိနေ ရပါမယ်။ Trap ပုံစံကိုလိုက်ပြီး
      • S-Trap
      • P-Trap
      • U-Trap
    • အောက်ကပုံ မှာ မြေညီထပ်က စွန့်ထုတ်တဲ့ Sanitary Drainage ပုံကို ထုတ်ယူ ဖော်ပြ ထားပါတယ်။
      • ဒီပုံအရ အနည်းဆုံး ရှိရမဲ့ ပိုက်အရွယ်အစား Diameter (အချင်း) တွေကတော့
        • Wash Basin (Lavatory) နဲ့ Bath Tub အတွက် 40mm (1-1/2”)
        • Floor Waste 75mm (3”)
        • Floor Trap 100mm (4”)
      • Basin (Lavatory)မှာ Bottle Trap ပါလေ့ရှိပြီး Bath မှာ Bath Trap ပါလေ့ရှိပါတယ်။ သူတို့ကို Floor Trap ထပ်ခံပြီး မှဆက်တာ က Singapore Style ပါ။ သူ့ Trap နဲ့ သူပါပြီးသားမို့ နိုင်ငံတော်တော် များများမှာ Floor Trap မခံပဲ တိုက်ရိုက် ဆက် တတ်ကြ ပါတယ်။ Hong Kong မှာ SARS (Severe acute respiratory syndrome) တွေဖြစ်တုံးက ရောဂါ ပိုးပြန့်လွယ်တာ Floor Trap မခံပဲ ဆက်တဲ့ စနစ်ကြောင့် ဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။
    • Sanitary Fixture Connection Size (တစ်ခုချင်းစီ အတွက်၊)
      FixtureDischarge SizeMin. Depth of
      Water Seal
      Domestic
       Wash Basin (Lavatory)1-¼" (32mm)3" (75mm)
        Bidet1-¼" (32mm)3" (75mm)
        Bathtub1-½" (40mm)2" (50mm)
        Sink1-½" (40mm)3" (75mm)
        Dishwasher, domestic1-½" (40mm)3" (75mm)
        Laundry (Washing Machine)1-½" (40mm)3" (75mm)
        Shower Tray1-½" (40mm)3" (75mm)
        Hose bibsProvide F.W / F.T
        Shower, standardProvide F.W / F.T
        Floor Waste3" (75mm)2" (50mm)
        Floor Trap4" (100mm)2" (50mm)
        Water Closet4" (100mm)2" (50mm)
      Non-Domestic
        Drinking fountain1-¼" (32mm)2" (50mm)
        Urinal Bowl2" (50mm)3" (75mm)
        Hotel / Canteen Sink1-½" (40mm)3" (75mm)
    • Recommended Pipe Slope (Gradient)
      Pipe SizeGradientGradient(°)Slope/foot
       1-¼" (32mm)1:25 -to- 1:501¼° -to- 2½°1/4" -to- 1/2"
       1-½" (40mm)1:25 -to- 1:501¼° -to- 2½°1/4" -to- 1/2"
       2" (50mm)1:25 -to- 1:501¼° -to- 2½°1/4" -to- 1/2"
       3" (75mm)1:25 -to- 1:100*½° -to- 2½°1/8" -to- 1/2"
       4" (100mm)1:25 -to- 1:100*½° -to- 2½°1/8" -to- 1/2"
       6" (150mm)1:25 -to- 1:100**½° -to- 2½°1/8" -to- 1/2"
       8" (200mm) and above1:30 -to- 1:200¼° -to- 2½°1/16" -to- 1/2"
         *Singapore code specified < 1:60
         **Singapore code specified < 1:90
    • Vent Pipe က ဒီ Water Seal မှာ Siphon Effect ကြောင့်ရေတွေ မကျန်ခဲ့ မဖြစ်ရအောင် ထည့်ပေးရတာပါ။ Vent Pipe မှာလေပဲရှိအောင်၊ ရေဝင်လာရင် အားလုံးပြန်ထွက်သွားရအောင် Trap ပုံစံ ဖြစ် မနေဘို့ ဂရုစိုက် ရပါတယ်။ (နေရာတကျ အသုံးချရတာပါ။ ဥပမာ၊ Sanitary မှာ Anti-Siphonage လိုချင်ပေမဲ့ Rain-water Drain မှာတော့ Siphonage သုံးတဲ့ နည်းပညာက ပိုကောင်းပါတယ်။ Proper Trap က Drainage မှာအရေးကြီး ပေမဲ့ Vent Pipe မှာတော့ Trap ပုံစံမဖြစ်အောင် ဂရုစိုက်ရ ပြန်ပါတယ်။)
    • ဒီ Soil & Waste ပိုက်တွေ သောက်ရေကန် တွေအပေါ်၊ သောက်ရေပိုက်တွေ အပေါ် တိုက်ရိုက်ရောက် မနေဘို့။ မီးဖို၊ စားသောက်ဆိုင် တွေ အပေါ် တိုက်ရိုက် ရောက်မနေ ဘို့ တားမြစ်ထားပါတယ်။ မတော်တဆ ယိုစိမ့်ခဲ့ရင် လူတွေ အန္တရာယ် ဖြစ်မှာစိုးလို့ပါ။ ဖြစ်ဘူးခဲ့တဲ့ အတွေ့အကြုံတွေ လည်းရှိခဲ့ဘူးတာမို့ပါ။
    • Silt (သဲ၊ နုန်း၊)၊ Grease (အဆီ)၊ ရေနံ၊ စက်ဆီ (Diesel/Patrol Oil) တွေ ကို Public Sewer ထဲစွန့်ထုတ်ခွင့် မပြုပါဘူး။ ဒါကြောင့် Public Sewer နဲ့မသွယ်ခင်
      • Beach Site / Construction Site တွေမှာ Silt Sump (သဲစုကန်)
      • Restaurants နဲ့ Non-Domestic Kitchen တွေ မှာ Grease Interceptor (ဆီစစ်ကန်) နဲ့
      • Garage တွေမှာ Patrol Interceptor
      တွေ ထည့်ပေးရပါတယ်။ Grease Interceptor တွေထဲ က Grease တွေကို လိုအပ်တဲ့ အချိန်ကာလ တစ်ခုအတွင်း မှာ Special Collector တွေကို ခေါ်ယူ စွန့်ပစ်စေရပါတယ်။ မဟုတ်ရင် အနံ့ဆိုးထွက် လာပါလိမ့်မယ်။
    • စက်ရုံတွေ မှာတော့ Chemical Properties နဲ့ PH Level တွေ ကိုထိန်းသိမ်းနိုင်ဘို့ နဲ့ လက်ခံနိုင်တဲ့ အရည်အသွေး ရစေဘို့ ဂရုစိုက်ရပါတယ်။ စကာင်္ပူ မှာတော့ လိုအပ်တဲ့ Chemical Treatment တွေအပြင် PH Monitoring Chamber နဲ့ လိုအပ်ရင် မထုတ်သေးပဲ ပိတ်ထားလို့ရမဲ့ တံခါး Penstock တွေကို ထည့်ပေးရပါတယ်။
    • Waste Sump, Inspection Chamber (IC) & Manhole
      အားလုံးက အဖုံးဖုံး ထားတဲ့ ကျင်းတွေပါပဲ။ အောက်ခြေအနား မှာ ပိုက်ဝင်ဘို့ နဲ့ ရေစီးဘို့ Channel တွေပါပါတယ်။
      • Waste Sump က မိလ္လာမပါတဲ့ Waste Water အတွက်ပဲသုံးလို့ ရပါတယ်။
      • Inspection Chamber (IC) ကတော့ အဆောက်အအုံ ရဲ့ Boundary (နယ်နိမိတ်၊ ခြံစည်းရိုးအတွင်း) မှာသုံးတာ ပါ။
      • Manhole ဆိုတာကတော့ Public Sewer / Minor Sewer ပိုက်တွေကိုသွယ်ဘို့ သုံးတာပါ။
    • Inspection Chamber (IC) / Manhole ကိုသွယ်ထုတ်တဲ့ ပိုက်ပဲဖြစ်ဖြစ်၊ IC to IC, IC to Manhole or Manhole to Manhole သွယ်တဲ့ပိုက်ပဲ ဖြစ်ဖြစ် ရေကို ပုံမှန် ချောချောမောမော စီးအောင် (ပရမ်းပတာ လို၊ ရေတံခွန် လို မစီးအောင်) လည်းဂရုစိုက် ရပါမယ်။ ဒါမှာအဖတ်တွေ တင်ကျန် မနေပဲ Self-Cleansing Flow (အလိုလို ဆေးထုတ်တဲ့ ရေစီး) ဖြစ်မှာပါ။ ဒါကြောင့် အထဲမှာ Channel (ရေတံလျှောက် လိုမြောင်း) တွေ နဲ့ အမြင့် ကွာရင် Back-drop တို့ , Tumbling Bay တို့ ထည့်သွင်းပေးရတာပါ။
    • အိမ်သာတွေ၊ ရေချိုးခန်းတွေ မှာ သန့်ရှင်းဘို့ နဲ့ အနံ့အသက် ကင်းစင်ဘို့ အတွက် ဒီ Proper Sanitary and Venting Systems တွေ သာမက လေ အဝင်အထွက် ကောင်းဘို့ နဲ့ ဒီလေတွေ လူတွေနေတဲ့ နေရာကနေ ဝေးဝေးကို ပို့ပေးနိုင်ဘို့ Ventilation (Natural or Mechanical) Systems တွေ နဲ့ ပေါင်းစပ်ပေး ရပါတယ်။
    • ဒီလောက်ဆို စာဖတ်သူ Code Of Practice On Sewerage And Sanitary Works နဲ့တွဲပြီး Sanitary Drainage အကြောင်းကို ကောင်းကောင်း လေ့လာနိုင်ပါပြီ။ အောင်မြင်ပါစေ။

  • ဆက်လက် လေ့လာရန် စာအုပ်အညွှန်း
    1. Plumbing Engineering Services Design Guide, The Institute of Plumbing, UK
    2. International Plumbing Code® , International Code Council®


    Web-Links
    1. Code of Practice on Sewerage and Sanitary Works[ http://www.pub.gov.sg/general/code/Pages/default.aspx ]
    2. Singapore : History of Waste Water[ http://www.pub.gov.sg/about/historyfuture/Pages/UsedWater.aspx ]
    3. The Deep Tunnel Sewerage System [ http://www.pub.gov.sg/dtss/Pages/default.aspx ]
    4. DTSS Presentation Download [ http://www.pub.gov.sg/sites/dtss/Documents/DTSS_SIWW_2008_Presentation.pdf ]
    5. Code of Practice on Sewerage and Sanitary Works (View Online) [ http://www.pub.gov.sg/general/code/Pages/ViewOnlineSewandSan.aspx ]
    6. Code of Practice on Sewerage and Sanitary Works (Download Word Document ) [ http://www.pub.gov.sg/general/Documents/COPSSW nov2004.doc ]
    7. The Sanitary Drawings [ http://www.pub.gov.sg/general/code/Pages/SanitaryDrawings.aspx ]
    8. Sewerage Standard Drawings [ http://www.pub.gov.sg/general/Pages/StandardDrawings-Sewerage.aspx ]
    9. Requirements for Discharge of Trade Effluent into public sewer [ http://www.pub.gov.sg/general/Documents/RequirementsForDischargeToSewer.doc ]
    10. NEA: Code of Practice on Pollution Control [ http://app.nea.gov.sg/cms/htdocs/category_sub.asp?cid=47 ]

    Read More... [ အကျယ် ဖတ်ရန်... ]

    Saturday, August 23, 2008

    မြန်မာပြည် နဲ့ ရေကောင်းရေသန့် (အပိုင်း တစ်)

    မြန်မာနိုင်ငံ အနေနဲ့ကြည့်မယ်ဆိုရင်တော့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဘို့ အသိပညာပေး ဆောင်းပါးတွေ ရေးလာတာ၊ NGO တွေ ကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ဘို့ အားထုတ် နေကြတာ တွေ ကို မဂ္ဂဇင်း တွေမှာ တွေ့လာရပါတယ်။ ပြဿနာ ကိုသိပေမဲ့ အဖြေရှာ နိုင်ဘို့ ကတော့ လိုအပ်ချက်တွေ ရှိနေဆဲပါ။

    • UNICEF: Water Quality Handbook 2008 ကိုဖတ်မိ တဲ့ အခါ ဒါကို ပြန်ရေး ဘို့ဖြစ်လာပါတယ်။ သန့်ရှင်းရေး အကြောင်းရေး ရမှာ မို့ လက်ရှိအခြေအနေ တွေကို တင်ပြတဲ့ အခါ ရွံစရာ စကားလုံးတွေ ကိုရှောင်လို့ မရပါဘူး။ (ဒီအတွက်တော့ ကြိုတောင်းပန် ထား ပါရစေ။)
    • အဓိက ကတော့ တကယ်ဖြစ်အောင် လုပ်နိုင်ဘို့ အခက်အခဲ တွေကို သိရှိဘို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု က သုံးမျိုးပါ။
      1. Air Pollution (လေထု ညစ်ညမ်းမှု)၊ Air Pollution ဆိုတာကတော့ လေထဲမှာ လူ၊ တိရစ္ဆာန်၊ အပင် နဲ့ ပတ်ဝန်းကျင် ကို ထိခိုက်ပျက်စီး စေမဲ့ အရာဝတ္ထု တွေ ပါဝင်နေ တာကို ခေါ်ပါတယ်။
      2. Water Pollution (ရေထု ညစ်ညမ်းမှု)၊ Water Pollution ဆိုတာကတော့ ရေထဲမှာ လူ၊ တိရစ္ဆာန်၊ အပင် နဲ့ ပတ်ဝန်းကျင် ကို ထိခိုက်ပျက်စီး စေမဲ့ အရာဝတ္ထု တွေ ပါဝင်နေ တာကို ခေါ်ပါတယ်။
      3. Soil Pollution (မြေထု ညစ်ညမ်းမှု)၊ Soil Pollution ဆိုတာကတော့ မြေကြီးထဲမှာ လူ၊ တိရစ္ဆာန်၊ အပင် နဲ့ ပတ်ဝန်းကျင် ကို ထိခိုက်ပျက်စီး စေမဲ့ အရာဝတ္ထု တွေ ပါဝင်နေ တာကို ခေါ်ပါတယ်။
    • မြန်မာပြည် မှာ အဓိကတွေ့ ရမှာ က Water Pollution ဖြစ်ပြီး Soil Pollution လည်း အတိုင်းအတာ တစ်ခုအထိ ရှိလာနေတာ တွေ့ရပါလိမ့် မယ်။ အခုလို တစ်ကမ္ဘာလုံး ပတ်ဝန်းကျင် ထိန်းသိမ်းရေး အော်နေကြတဲ့အချိန်မှာရေထုညစ်ညမ်းမှု လျှော့ချရေး အတွက် ဘာလုပ်ကြရင်ကောင်းမှာလဲ။ ရေထဲကို အမှိုက်တွေ၊ အညစ်အကြေးတွေ မိလ္လာတွေ မစွန့်ပစ်ကြဘို့။ စက်ရုံ တွေက စွန့်ပစ် ပစ္စည်းတွေ၊ ဓါတု အဆိပ်တွေ မစွန့် ပစ်ကြဘို့ က အရေး ကြီးပါ တယ်။
    • နိုင်ငံ ရဲ့ လူဦးရေ အတော်များများ က မြစ်၊ချောင်း တွေက ရေတွေကို အမှီပြုနေ ရတာပါ။ အထူးသဖြင့် ဧရာဝတီ မြစ် ဆိုရင် လူသန်းပေါင်း များစွာ ရဲ့ အသက်ရှင်ရေး အတွက် သောက်သုံးဘို့ သာမက စီးပွားရေး အတွက် လည်း အရေးပါတဲ့ မိခင် နဲ့ တူတဲ့ မြစ် တစ်စင်းပါ။ ကချင်ပြည်နယ် ကနေ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၊ ရေငံ မထိသေးခင် အထိ ရေချို ရတဲ့ နေရာတွေမှာ ဒီမြစ်ရေကို ပဲ အဓိက ထား သုံးစွဲကြ ရပါတယ်။ မြစ်ညာမှာ ညစ်ညမ်းမှု ဖြစ်ခဲ့ရင် မြစ်အောက်ပိုင်း တွေအထိ တောက်လျှောက် ဒါဏ်ခံ ရမှာပါ။
    • “ရေတစ်ပိဿာရှိရင် သန့်တယ်” ဆိုတဲ့ အယူအဆ နဲ့ ရေထဲမှာ အီးတုံး မျောလာတာ တွေ့တာတောင် မှ လက်နဲ့ ယက်ထုတ် ပြီး၊ အဲဒီ ရေကို လက်ခုတ် နဲ့ခတ် မရွံမရှာ ပလုတ်ကျင်း နေနိုင် ကြတဲ့ သနားစရာ နိုင်ငံသားတွေ ကို အပြစ်တင် လို့ မဖြစ်ပါဘူး။ ဗဟုသုတ ပြည့်စုံခွင့်လေး တောင်မှ မရကြရှာ လေတော့လည်း။
    • လက်ရှိ အခြေအနေ မှာ ကျန်ခဲ့ တဲ့ အနှစ်၂၀ -လောက် ကနဲ့ ယှဉ်ရင် တောင် ငါး၊ပုစွန် တွေ ပို ရှားပါးလာတာ၊ ရေထု ပိုညစ်ညမ်း လာတာ သိသိသာသာ တွေ့ရမှာပါ။ ရေထုညစ်ညမ်းမှု ကိုလျှော့ချပေးနိုင်ဘို့ ဟာ လက်ရှိ လူတွေ အတွက် သာမက ၊ အနာဂါတ် မျိုးဆက် သစ်တွေ အတွက်ရော၊ ရေနေသတ္တဝါတွေ ပုံမှန် ပေါက်ဖွားရှင်သန်နိုင် ဘို့ အတွက်ပါ အရမ်း အရေးကြီးနေ ပါပြီ။ ဒီရေတွေ ကိုညစ်ညမ်း စေတဲ့ အဓိက လက်သည်တွေကတော့
      1. မိလ္လာ၊ အညစ်အကြေး
      2. အမှိုက်စွန့်ပစ်
      3. စက်ရုံ ထုတ် ရေဆိုး၊ အမှိုက်၊ ဓာတု အညစ်အကြေး
      4. ပိုးသတ်ဆေး၊ အဆိပ်၊ ဓာတ်မြေသြဇာ။
    • ဆရာဝန် တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ နဲ့ ဆေးရုံတွေ က အညစ်အကြေး စနစ်တကျ စွန့်ပစ်ဘို့ အတွက် စံပြ တွေဖြစ် ရပါမယ်။ (ပြည်သူ့ ဆေးရုံ အနား ရောက် လေ အဝေ့ မှာ မစင်နံ့ ထွက် နေရင် မကောင်း ပါဘူး။) ရေကောင်း၊ ရေသန့် ရနေဘို့ နဲ့ မိလ္လာ စနစ်ကောင်း ရှိဘို့ ပထမ စံပြဖြစ်နေရမဲ့ နေရာပါ။ ဒါပေမဲ့...
    • ကျောင်းဆရာ၊ ဆရာမတွေ နဲ့ ကျောင်းတွေ။ ။ ဆရာ၊ ဆရာမ တွေက ဆရာဝန် မဟုတ်ပေ မဲ့ ပြည်သူ့ ကျန်းမာရေး ဗဟုသုတ ဖြန့် နိုင်ဘို့ အတွက် အဓိက နေရာ မှာ ရှိနေပါတယ်။ ကျနော် ငယ်ငယ် တုန်းက (လေးတန်း၊ ငါးတန်း လောက် က) အမဖြစ်သူ ကျောင်းဆရာမ ရဲ့ “ ကျန်းမာခြင်း နှင့် အသက်ရှည်ခြင်း ” ဆိုတဲ့ စာအုပ် ခပ်ထူထူ တစ်အုပ် ကို အထပ်ထပ် ဖတ်ဘူးပါတယ်။ ဒီစာအုပ် ထဲ မှာ အခြေခံ ကျန်းမာရေး လိုအပ်ချက် တွေသာမက Pathogens & Parasites(ရေဂါပိုး၊ ကပ်ပါးပိုး၊ သန်ကောင် အမျိုးမျိုး၊ အစရှိသည်။) တွေကို ပုံတွေ နဲ့ အတူ ရှင်းပြထားတာ ပါ။ ကျောင်းဆရာ၊ ဆရာမ တွေ က တဆင့် ပညာပေးဘို့ ရည်ရွယ်ဟန် တူပါတယ်။ ဒါပေမဲ့ ပီတိ ကိုပဲ စားခွင့် ရရှာ နေတဲ့ ကျောင်းဆရာ၊ ဆရာမ တွေ၊ သူတို့ ခမျာ ကိုယ်တိုင် တောင် လိုက်နာ နိုင်ပါ့မလား။

    1. မိလ္လာ
      • မိလ္လာ ကတစ်ဆင့် ကူးစက်ရောဂါတွေ လျော့ပါးစေဘို့ နဲ့ လူနေမှု အဆင့်မြင့်လာစေ ဘို့ မိလ္လာ ကိုစနစ်တကျ စွန့်ပစ်နိုင်ဘို့ လိုအပ်ပါတယ်။
      • မြစ်၊ ချောင်းရေ တွေကို သုံးနေကြပေမဲ့ အိမ်သာ ဆောက်ရင် တောင် လွယ်လွယ်ကူကူ ကမ်းနားဘေး ရေထဲ (ဒါမှမဟုတ်) ရေစပ် မှာ ဆောက်ပြီး သုံးနေရက် ကြတုန်းပါ။ တချို့ဆို အိမ်သာတောင် မဆောက်ပဲ ရေကျ တုန်း ရေစပ်နား မှာစွန့်၊ ရေတက်တော့ ရေထဲပါသွား တဲ့နည်းနဲ့ ဖြေရှင်းတတ် ကြပါသေးတယ်။ လှေသမားတွေ လည်း ဒီလိုပါပဲ။ ရေထဲငုတ် ပြီး အီးပါတော့ လူမပေါ်ခင် အီးပေါ်မှာ မို့ အီးတုံး နဲ့လွတ် ရာ ငုတ်ကူးတတ် တဲ့ အကျင့် ကို ရေနဲ့ နီးတဲ့ ကလေးတိုင်း လိုသိပါတယ်။
      • စက်လှေတွေ၊ မော်တော်ဘုတ် တွေ၊ သဘောင်္တွေ ကလည်း တိုးတက်တဲ့ နိုင်ငံတွေ မှာလို Sewerage Storage Tank / Treatment မပါပဲ ရေထဲ တိုက်ရိုက် စွန့်ပစ်နေတာ ပါ။ ရေနံဆီ ဝေ့နေတဲ့ သဘောင်္ဝမ်း ထဲက ရေတွေကို တုန်ကင် နဲ့မြစ်ထဲ တိုက်ရိုက် စွန့်ထုတ် ပါသေးတယ်။
      • ငါးတွေက တော့ သတ္တဝါပီပီ မသိရှာ လို့ပဲလား၊ ဒါမှမဟုတ် ကြိုက်တတ် လို့ပဲလားမသိ၊ အီးတုံး တွေ့တာနဲ့ အားရပါးရ ဝိုင်းတွတ် ကြတော့ တာပါပဲ။ ဒီငါးတွေ ကို တံငါတွေ ဖမ်းမိတော့...
      • မြို့တစ်ချို့ ကမိလ္လာတွေ ကိုလည်း Sewerage Treatment Plant ကိုမဖြတ်ပဲ ရေထဲ တိုက်ရိုက် စွန့်ပစ် နေဆဲပါ။ ရန်ကုန်က ရေဆိုးဌာန က Sewerage Treatment Plant တစ်ခုကို မကြာခင် က ဆောက်လုပ် အသုံးပြုတဲ့ အကြောင်း တစ်နေရာ မှာ ဖတ်ဘူးပါတယ်။ ဒီ Sewerage Treatment Plant တွေဟာ အမှန် တကယ် လိုအပ်ချက် ဖြစ်ပေမဲ့ (သယံဇာတ ကြွယ်ဝပါလျက်) အရာရာ လိုအပ်နေတဲ့ မြန်မာ နိုင်ငံသားတွေ အတွက် ဦးစားပေး အခြေအနေ မှာ မရှိနိုင် သေးပါဘူး။
      • ငယ်ငယ်တုန်း က ကျောင်းသွားရင် ရထား လမ်းပေါ်က ဇလီဖားတုံး (Sleepers) တွေ အတိုင်း လျှောက် သွားရင် တစ်ခါတစ်လေ အီးပုံကြီး တွေ တွေ့ရပါတယ်။ ရထားတွေပေါ် ကစွန့်ချ ထားခဲ့ကြတာပါ။ နောက် ခရီးသွားရတဲ့ အခါ အထူးသဖြင့် ရန်ကုန် ဘူတာကြီး လို နေရာတွေ မှာ ဒီလို အီးပုံတွေ အမြောက်အများ ရှိနေတာ၊ တွေ့ ခဲ့ ဘူးပါတယ်။ ခရီးဝေး သွားနေတဲ့ ခရီးသည် တွေကို အီးမပါ နဲ့ ပြောလို့ မဖြစ်သလို ဖြစ်လည်း မဖြစ်သင့်ပါဘူး။ (မြန်မာပြည်၊ ရန်ကုန် ပြည်တွင်း လေဆိပ် မှာ လေယာဉ်စောင့် နေတဲ့ (Transit) ခရီးသည် တစ်ယောက်ကို (လူကြီးတွေ လာစစ်မှာမို့လို့ အိမ်သာပိတ်ထားကြောင်း)အိမ်သာသုံးခွင့် မရှိကြောင်း သန့်ရှင်းရေး သမားက ပြောပြီး အိမ်သာ ကိုအဝတ်နဲ့ ချည်ပိတ်ထားပြီး ထွက်သွားခဲ့တယ် လို့ ကြားဘူးပါတယ်။ အိမ်ခြေမနီး၊ လေယာဉ်ကွင်း ဘေးမှာ ထိုင်သွား စေချင်တဲ့ ပုံစံပါပဲ။ အံ့သြစရာ ပါ။ စကားချပ်။) ဒါပေမဲ့ ဒီ Sewerage တွေ ကို သံလမ်းပေါ် အလွတ် မစွန့်ပစ် ပဲ သိုလှောင်ပြီး စနစ်တကျ သန့်စင် စွန့်ပစ် ဘို့ Sewerage Treatment Facilities တွေဆောက်လုပ် သုံးစွဲ ပေးရမှာ ဖြစ်ပါတယ်။
        ဒီလို နိုင်ငံပိုင် သဘောင်္တွေ မီးရထားတွေ မှာ တောင် သန့်ရှင်းမှု ကို ထိန်းထိန်းသိမ်းသိမ်း မလုပ် နိုင်ရင် ဘယ်လိုလုပ် လူတွေ ကို ရေလောင်းအိမ်သာ သုံးဘို့ နှိုးဆော် နိုင်ပါ့မလဲ။
      • ဒီလို သဘောင်္တွေ၊ မီးရထားတွေ မှာ မိလ္လာ အလွတ် စွန့်ထုတ် တာကို ပဲမြင်ဘူးတဲ့ ကလေးဘဝ တုန်းက ကျနော် ဟာ လေယဉ်ပျံ တွေလာ ရင်လယ်ကွင်း ထဲ ပြေးထွက် ကြည့်တတ် ပေမဲ့ ကိုယ့် အထက် တည့်တည့် ရောက်မှာ တော့ ကြောက်တတ် ပါတယ်။ (သူတို့အီးယိုလို့၊ ငါ့အပေါ် အီးတွေကျလာရင် ဒုက္ခပဲ)
      • ကျနော် ငယ်ငယ် (ခြောက်နှစ်သားလောက်၊ သိတတ်ခါစ) တုန်းက အဖေက မိသားစုအတွက် ဝါးပိုးဝါး ထက်ခြမ်းခွဲ နဲ့ရေလောင်း အိမ်သာ တစ်လုံး ဆောက်ပေး နေတုန်း သွားစပ်စု ခဲ့တာ မှတ်မိ ပါတယ်။ အီအီး တွေ မမြင် ရပဲ အီးပါ ရတာ စိတ်ချမ်းသာစရာပါ။
      • နောက် ၁၉၈၀ လောက်မှာ အိမ်သာ ကမုတ် ခွက် (PVC Squatting Pan) တွေ လိုက်ဝေပေးပါတယ်။ UNICEF က ပေးတာ လို့ထင်ပါတယ်။ (Water Seal P-Trap) ပါတဲ့အတွက် အနံ့အသက်ပါနည်းပါတယ်။ မှတ်မှတ်ရရ အဲဒီ ခွက်ကို ဆယ်စု နှစ် တစ်ခုလောက် သုံးလိုက်ရတယ်ထင်ပါရဲ့။ ကျန်တဲ့အိမ်တွေ တော်တော် များများ က တကယ် မသုံးပဲ ရောင်းစားကြပါတယ်။ ကျနော်မူလတန်း တက်တုန်းက မကြာခန သွားညာစားနေ ကြ အိမ်က တရုတ်မကြီး မြို့ ကို ပို့တာ တွေ့ခဲ့ဘူးပါတယ်။ အမှန်တကယ် သုံးတဲ့ မိသားစုက ၁၀% ထက် ပို ကျန်မယ်လို့ မထင်ပါဘူး။
        အိမ်သာဆောက် ပြီး မထိန်းသိမ်းနိုင်မဲ့ အတူတူ ရောင်းစားတာ ကမှ အဓိပ္ပါယ် ရှိအုံးမယ် မဟုတ်လား။
      • အောက်မှာ အဲဒီ အိမ်သာ ပုံ ကို မှတ်မိ သလောက် ပြန်တင် ပြထားပါတယ်။ ပုံစံ ၄ -မျိုး ရွေးချယ် တတ်ဆင် နိုင်ပြီး နှစ်မျိုးက ရေခံ (Water Seal Trap) ပါပါတယ်။
        PVC WC PanAssembly Options
        Toilet with Offset PitToilet On Pit

      • ကျနော်တို့ သုံးခဲ့တာက ပထမ (A) ပုံစံပါ။ အနံ့အသက် ရော ပုံစံပါ ကောင်းပေမဲ့ ရေတော့ အတော် ကုန်ပါတယ်။ အဲဒီ အိမ်သာ တစ်ခါတက်ပြီးတိုင်း ရေ နှစ်ဂါလံလောက်လောင်းရပါတယ်။ ရေရဖို့ မလွယ်ရင် ဒီလို ရေလောင်း အိမ်သာ သုံးနိုင်ဘို့ရာ မလွယ်ပါဘူး။ အဲဒါ ကလည်း အဓိက ပြဿနာ တစ်ခုပါပဲ။ ရွာတွေ မှာ များသောအားဖြင့် ရေကို ပင်ပန်းကြီးစွာ ခပ်ရပါတယ်။ ရေထမ်းပုံး နှစ်ပုံးပြည့်ဘို့ ရေတွင်းထဲက ဂါလံပုံး နဲ့ အကြိမ်ကြိမ် ငင်ရပါတယ်။ ချောင်းတွေမြစ်တွေ နားက လူတွေလည်း ကမ်းမတ်မတ်ကို တက်ရဆင်းရ လွယ်လှတယ် မဟုတ်ပါဘူး။ ပြီးရင် အိမ်ရောက်သည် အထိ ခရီးဝေးဝေး ကို သယ်ရ ပါသေးတယ်။ ရေကို အဆင်သင့် ပိုက်နဲ့ သွယ် မထားနိုင်တဲ့ နေရာမှာ အချိန်ကုန် လူပင်ပန်း မခံဘဲ ဘယ်လိုလုပ် ရေလောင်းအိမ်သာ သုံးနိုင်မှာလဲ။ ကျန်းမာရေး အသိပညာ ကလည်း မပြည့်စုံတော့ (ပြည့်စုံခွင့် လေးတောင် မရကြရှာတော့)…
      • ပြည်သူတွေ ယင်လုံအိမ်သာ သုံးစွဲလာနိုင်ဘို့ ဘာတွေ လိုအပ်နေလဲ။ ယင်လုံအိမ်သာ၊ ရေလောင်းအိမ်သာ၊ သုံးစွဲနိုင်ဘို့ရာ အခြေအနေပေးဘို့လိုပါသေးတယ်။ ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်နေမယ်၊ စားဝတ်နေရေး ကိုပဲ ပူပန်နေရမယ် ဆိုရင်လည်း မဖြစ်သေးပါဘူး။ မနက်ခြင်ထောင်ပေါင်၊ ညအိုးပေါင် မိသားစုတွေ နဲ့ တစ်နေ့ လုပ်မှ တစ်နေ့စားရ တဲ့ မိသားစုတွေ အတွက် တော့ ရေလောင်းအိမ်သာ ဆိုတာ တကယ့် ဝန်ထုပ်ဝန်ပိုး ပါ။ နေစရာ အမိုးအကာ လုံလုံလောက်လောက် မရှိ၊ ခြင်ထောင် မရှိ၊ အဝတ်အစား ခါးလုံ ရုံ၊ မိသားစုတွေ အိမ်သာကောင်း ဆောက်နိုင်ပါ့မလား။
      • အကျင့်ဆိုးတွေ ကို ပြင်ပေးရပါလိမ့်မယ်။ “ Old Habits Die Hard” လို့ ဆိုတဲ့အတိုင်း လွယ်လွယ်ကူကူ နဲ့ ပြင်လို့ရ မှာတော့ မဟုတ်သလို အတင်းအကျပ် ဇွတ်ခိုင်းရုံ နဲ့လည်း အောင်မြင်မှာမဟုတ်ပါဘူး။ ပြည်သူတွေ ကိုယ်၌က အခြေခံ စားဝတ်နေရေး တွေပြည့်စုံလာ၊ ဗဟုသုတ တွေတိုးပွားလာပြီး ကိုယ်ပိုင် အသိစိတ် နဲ့ စိတ်ပါလက်ပါ ဖြစ်လာမှပဲ ဒီအကျင့်တွေ တကယ်ပျောက် သွားမှာ ပါ။ တောထိုင်၊ ရေစပ်နားဆင်း ၊ လယ်ကွင်းထဲသွားတဲ့အကျင့်တွေ နဲ့ ဖြစ်သလို အိမ်သာ ဆောက်တဲ့ အကျင့်တွေက စလို့ပေါ့လေ။ ဒါတွေဖြစ်လာဘို့ ကတော့…
      • ရွာတွေမှာတွေ့ရပါလိမ့်မယ်၊ ခနော်နီခနော်နဲ့ ဝါးအိမ်သာလေးတွေကိုပါ။ မြေအိုး တစ်လုံး နဲ့ ဝါးရိုးတပ် အိုးမှုတ်ခွက် ရှိတဲ့ ရေလောင်း အိမ်သာ လေးတွေ ရှိသလို၊ ရေမသုံးနိုင်တဲ့နေရာတွေမှာတော့ ကျင်းအိမ်သာ နဲ့ သန့်စင်စရာ ဒုတ်ခနောင်းကို သုံးကြပါတယ်။
      • ၃ ပေလောက်နက်တဲ့ ကျင်းလေးတူး သစ်သားလေးနှစ်ချောင်းတင် ပြီး ဓနိပစ်လေး သုံးလေးပစ် လောက် ကာလိုက်ရင် အလုပ်ဖြစ် တဲ့ အိမ်သာတွေ ရှိသလို ကျင်းတောင်မှမတူးပဲ ခွေးပဲစားစား၊ ကြက်ပဲယက်ယက် ၊ ဝက်ပဲထိုးထိုး၊ ပြီးတော့ မွစိတက်နေတဲ့ လောက်ကောင်တွေ ပျော်ပျော်ပါးပါး နေနိုင်စေ တဲ့ အိမ်သာတွေ လည်း အများကြီးပါ။ သာမန် ယင်လုံ အိမ်သာ တစ်လုံးဆောက်ဘို့ လိုအပ်တာတွေ ကတော့
        1. လိုအပ်တဲ့မြေနေရာရှိဘို့ - တစ်ချို့ ဆင်းရဲသား ရပ်ကွက်မှာ အိမ်တွေ ပြည့်ကျပ် နေအောင် ဆောက်ထားတာ နေရာလွတ် မရှိအောင် ပါပဲ။
        2. ကျင်းတူး ဘို့ - ၅ ပေ လုံးပတ်၊ ၆ပေ အနက် ကျင်း တစ်လုံး တူးဘို့ အားကောင်းမောင်းသန် ယောကျာ်း တစ်ယောက် လိုပါတယ်။ ငှားတူးရင် ဆင်းရဲသား တွေ အတွက် မသက်သာ လှပါဘူး။
        3. ယိုင်ပတ် ချ - ဝါးကြော နဲ့ ရက်ထားတဲ့ ယိုင်တစ်ခု ရဘို့ က လည်း မလွယ်လှပါဘူး။
        4. အဖုံးဖုံး - မတော်တဆ လူကျွံ မကျနိုင် အောင် ဒါဏ်ခံ နိုင်ဘို့ ကလည်း အလကား မရ ပါဘူး။
        5. အိမ်သာ ဆောက် - ကြမ်းခင်း၊ အကာ၊ အမိုး၊ ရေတံလျှောက်၊ သစ်ဈေး၊ ဝါးဈေး၊ ဓနိဈေး နဲ့
        ဒါတွေ အားလုံး ပေါင်းရင် ပီတိပဲ စားခွင့်ရရှာ တဲ့ မူလတန်း ကျောင်းဆရာ တစ်ယောက် အတွက်တောင် ...

      • UNICEF: Water Quality Handbook 2008 မှာဖော်ပြထား တဲ့ အကြောင်းအရာ တွေ ကိုဆီလျော် မယ်ထင်သလို ဘာသာပြန် တင်ပြထားပါတယ်။ မူရင်းကို လေ့လာချင် ရင် လည်း Download UNICEF: Water Quality Handbook 2008 လုပ်နိုင်ပါတယ်။

        1. Sanitation promotion (ကျန်းမာသန့်ရှင်းရေး ကို အားပေးခြင်း)
          • တကိုယ်ရည် သန့်ရှင်းရေး ရဲ့ အကျိုးကျေးဇူး များပါလျက် နဲ့ sanitation coverage က water supply coverage ထက် များစွာ နောက်ကျ ကျန်နေတုန်းပါ။ ကမ္ဘာ့လူဦးရေ ရဲ့ ၄၀% ဖြစ်တဲ့ 2.4 billion က အခြေခံ sanitation facilities ကို အသုံးပြုခွင့်မရကြသေး ပါဘူး။ အဓိက အကြောင်းရင်း ကတော့ “လူထုတွေ ကြားမှာရော ဆုံးဖြတ်ချက် ချနိုင်တဲ့ သူတွေ အတွက် ပါ စနစ်တကျ မိလ္လာစွန့် နိုင်ဘို့ လိုအပ်ချက် (တောင်းဆိုချက်) တွေက ရေ နဲ့ အခြား စားဝတ်နေရေး လိုအပ်ချက် တွေ ကိုဖြည့်ဆီး ပေးနိုင်ဘို့ထက် အဆပေါင်းများစွာ နည်းနေတဲ့ အခြေအနေ တွေပါ။ “
          • အောင်အောင် မြင်မြင် ရေရှည် ထိန်းသိမ်း သွား နိုင်မဲ့ sanitation programmes တွေ က နိုင်ငံရေး အရရော အိမ်တွင်းရေး အရရော လိုအပ်ချက် ဖြစ်ကြောင်း ဖန်တီးပေး နိုင်ဘို့ပါ။
          • sanitation coverage တိုးတက်မှု နှေးကွေးလွန်း တာက promotion efforts တွန်းအားပေးတဲ့ အားထုတ်လုပ်ဆောင်မှု တွေ မလုံလောက် သေးတာ ကို ပြသနေ ပါတယ်။
          • New sanitation promotion initiatives တွေ က coverage ကိုအရှိန် အဟုန် နဲ့ တိုးတက် လာစေဘို့ အတွက် နည်းပေါင်း စုံ အပေါ် အားထားနေရပါတယ်။ ပါဝင်တာ တွေကတော့
            • ဦးတည်တဲ့ လူတွေ ရဲ့ အသိပညာ၊ ဗဟုသုတ ကို နီးနီးစပ်စပ် ခန့်မှန်း နိုင်ဘို့ နဲ့ ကို တွန်းအား ပေးနိုင်ဘို့ အတွက် လိုအပ်တဲ့ ဆန်းစစ် လေ့လာမှု နဲ့ အခြေခံ စစ်တမ်း ကောက်ယူမှု တွေကို ပိုကောင်းအောင် လုပ် ဘို့။
            • ဆက်သွယ်မှု နည်းပညာ အမျိုးမျိုး နဲ့ media (ရေဒီယို၊ သတင်းစာ၊ တီဗီ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စသည်.) ကို အသုံးပြုပြီး social marketing approaches ကိုသုံးပြီး လူထု ဆီရောက် အောင် ကြော်ငြာ ပေးနိုင်ဘို့

        2. Community-led total sanitation (CLTS) [လူထု တွေ ဦးဆောင် တဲ့ အလုံးစုံ သန့်ရှင်းရေး ]
          • CLTS ဆိုတာကတော့ မိလ္လာစွန့်တဲ့ ပုံစံ နဲ့ အန္တရာယ် ဖြစ်စေနိုင်တာတွေ ကို ကိုယ့်ဖာသာ ကိုယ် သိစေ နိုင်ဘို့ အားပေးခြင်း ဖြင့် open defecation (အိမ်သာမရှိ ပဲ အလေးစွန့်ခြင်း) ကို လျှော့ချရာ ကစလို့ လုံးလုံး မရှိတော့ တဲ့ အထိ တွန်းအားပေး နိုင်စေမဲ့ နည်းလမ်း ဖြစ်ပါတယ်။
          • ဒီနည်းလမ်း က လူတွေကို အိမ်သာဆောက်ဘို့ ၊ ပစ္စည်းတွေ ထောက်ပံ့ ဘို့ ကို တိုက်ရိုက် အလေးအနက် ထားပြော တာ မဟုတ်ပဲ လူထု နဲ့ တစ်ဦးချင်း အပေါ်ကို ဦးတည်ချက် ထား၊ open defecation ရဲ့ ကျန်းမာရေး အန္တရာယ် ဖြစ်စေနိုင်တာတွေ ကို သေချာသိနား လည်စေဘို့ ပညာပေး ပြီး၊ ရွံရှာ အော်ဂလီ ဆန်စရာ နဲ့ ရှက်စရာ ဆိုတဲ့ အသိ နဲ့ တွန်းအား ပေးခြင်းဖြင့် ဈေးချိုချို ကိုယ်ပိုင် အိမ်သာ ဆောက်သုံး နိုင်ဘို့ ကို ဦးတည်ပါတယ်။
          • CLTS ရဲ့အန္တိမ ရည်မှန်းချက် တွေ ကတော့ “ open defecation-free status ကိုရဘို့ နဲ့ ဆက်လက်ထိန်းသိမ်း နိုင်စေ ဘို့ဖြစ်ပါတယ်။
          • The CLTS approach က အထူးသဖြင့် Bangladesh မှာအောင်မြင်မှု ရနေပါ ပြီး MDG target for sanitation ကို မှီတော့မှာ ဖြစ်ပါတယ်။ MDG target for sanitation ဆိုတာကတော့ UNDP (United Nations Development Programme) ကသတ်မှတ် ထားတဲ့ Millennium Development Goals (MDGs) ကိုပြောတာပါ။ Cambodia, Ethiopia, Indonesia နဲ့ အခြားနိုင်ငံ တွေမှာ လည်း စတင် မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှု ရနေတာ တွေ့ရပါတယ်။

        3. Design and technologies (ဒီဇိုင်း နဲ့ နည်းပညာ)
          • sanitation technologies မှာ categories နှစ်ခု ရှိပါတယ်။ on-site နဲ့ off-site ပါ။
          • On-site technologies ဆိုတာကတော့ အိမ်သာ၊ ကျင်း (သို့) မိလ္လာကန် တွေ နဲ့ အိမ်နားမှာ မိလ္လာ တွေ ကိုစွန့်ပစ် တဲ့ နည်းပါ။
          • Off-site technologies: water-borne sewage systems လို Manhole တွေ ပိုက်လိုင်းတွေ နဲ့ မိလ္လာတွေ ကို အဝေးကို ပို့ပစ်တဲ့ နည်းပါ။
          • off-site systems တွေက အကြမ်းအားဖြင့် မိလ္လာတွေ အဝေးကို ပို့ပစ်တာမို့ အဲဒီ လူထု အတွက်တော့ ပိုပြီးတော့ သန့်ရှင်းစေပါတယ်။ ဒါပေမဲ့ off-site systems တွေကို ကောင်းကောင်း မွန်မွန် ထိန်းထိန်းသိမ်းသိမ်း မလုပ် နိုင်ရင် တော့ ပြောင်းပြန် ဖြစ်သွား ပါလိမ့်မယ်။ တစ်ခါတစ်ရံ လူနေအုပ်စု တစ်စုဆီ ကစွန့်ထုတ် လိုက်တဲ့ မိလ္လာ က နောက် လူနေအုပ်စု ဆီရောက်သွား နိုင်ပါ သေးတယ်။
          • off-site systems တွေထက် ကုန်ကျစရိတ် သက်သာတာ မို့ On-site solutions ကို ရွေးချယ် ကြပါတယ်။ အဓိက သုံးတဲ့ on-site systems တွေကတော့
            1. simple pit latrines, (ရိုးရိုး ကျင်းတူး အိမ်သာ)
            2. ventilated pit latrines, (အနံ့ ထွက်ရန် လေပေါက် ပါသော ကျင်း)
            3. pour-flush latrines (ရေလောင်းအိမ်သာ) and
            4. septic tanks (မိလ္လာကန်)

          • UNICEF: Water Quality Handbook 2008 ထဲမှာ ဖော်ပြထား တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ တွေ အတွက် အိမ်သာ တွေ အကြောင်း ကို အောက်က ဇယား မှာ ဘာသာပြန် ပေး ထားပါတယ်။
        Technology
        (နည်းပညာ)
        Advantages
        (အားသာချက်)
        Disadvantages
        (အားနည်းချက်)
        Simple pit latrine (ရိုးရိုး ကျင်းတူး အိမ်သာ)
        • ကုန်ကျစရိတ် အသက်သာ ဆုံး
        • မိသားစုဝင် တွေကိုယ်တိုင် ဆောက်နိုင်
        • ရေလောင်းရန် မလို
        • ယင် ကိုမထိန်းနိုင်
        • အနံ့ ထွက်
        • မိရိုးဖလာ သာမန် ပစ္စည်းတွေ နဲ့လုပ်ထားရင် ပြိုကျ ပျက်စီးနိုင်
        Ventilated pit latrine (အနံ့ ထွက်ရန် လေပေါက် ပါသော ကျင်း)
        • ကုန်ကျစရိတ် သက်သာ
        • ယင်ပေါက်ပွားမှု ကို လျော့ချ နိုင်
        • အနံ့ အသက် ကို လျော့ချ နိုင်
        • ရေလောင်းရန် မလို
        • အိမ်သာ ထိထိရောက်ရောက် အလုပ်လုပ်စေ နိုင်ဘို့ အိမ်သာ၏ အတွင်း ပိုင်း မှောင်နေဘို့ လိုအပ်တာ မို့၊ အထူးသဖြင့် ကလေးတွေ အတွက် ထိခိုက်မှု ရှိနိုင်ပါတယ်။
        • နိုင်ငံ တိုင်းမှာ ရချင်မှ ရနိုင်မဲ့ screening and vent pipe အတွက် materials ပစ္စည်းတွေလိုအပ်ပါတယ်။
        • အတန်သင့် ကျွမ်းကျင် တဲ့ အလုပ်သမား လိုအပ် ပါတယ်။
        Pour-flush latrine (ရေလောင်းအိမ်သာ)
        • ယင်တွေ ကို ရှင်းနိုင်
        • အနံ့ကို ဖယ်ထုတ်နိုင်
        • အိမ်သာ နဲ့ကျင်း တဲ့ နေစရာမလို (အိမ်သာ ကိုအိမ် ထဲမှာ ထားနိုင်)
        • မိလ္လာကန် ကိုမမြင်ရ (အိမ်သာထဲမှ)
        • Sewer Pipeline တွေရှိလာ တဲ့ အချိန် အသင့် သွယ်ထုတ် နိုင်
        • ဈေးကြီး
        • ရေလောင်းဘို့ ပုံမှန်ရေဖြည့်ထား ဘို့လိုအပ်
        • အတန်သင့် ကျွမ်းကျင် တဲ့ အလုပ်သမား လိုအပ် ပါတယ်။
        • ဒုတ်ကနောင်း လို ပြောင်းဖူးရိုး လို ခပ်မာမာ နဲ့မှ အီးကုံး တတ်တဲ့ (solid anal cleaning materials) တွေသုံးတဲ့ နေရာတွေ အတွက် မသင့်တော်။
        • Permeable Soil စိမ့် ထွက်နိုင်တဲ့ မြေမျိုး လိုအပ်
        • Periodic Sludging - ရံဖန်ရံခါ အဖတ်တွေ ဆယ်ထုတ် ဘို့ လိုအပ်။
        Septic tanks (မိလ္လာကန်)
        • ရေလောင်းအိမ်သာ အတိုင်း
        • Sewer ကိုဆက်ထားတဲ့ flush toilet လို convenience မျိုးရနိုင်
        • ဈေးအကြီးဆုံး
        • ပုံမှန် လုံလုံလောက်လောက် ရနိုင်တဲ့ ရေ အတော်များများ လိုအပ်
        • Skilled Labour (ကျွမ်းကျင် တဲ့ အလုပ်သမား) လိုအပ်၊
        • Permeable soil စိမ့် ထွက်နိုင်တဲ့ မြေမျိုး လိုအပ်၊
        • Periodic Sludging - ရံဖန်ရံခါ အဖတ်တွေ ဆယ်ထုတ် ဘို့ လိုအပ်၊


      • အိမ်သာ မသုံးတာ ဟာ မိမိကျန်းမာ ရေးသာ မကပဲ အများပြည်သူ ကျန်းမာရေး ပါ ထိခိုက်စေ နိုင်တာ မို့ အိမ်သာ အားလုံး သုံးခွင့် ရအောင် ပံ့ပိုးသင့် တာပံ့ပိုး၊ ကြပ်မတ် သင့်တာ ကြပ်မတ် သင့်ပါပြီ။
      • ကျောင်းအိမ်သာ တွေ အထူး အုပ်စုထဲ မှာ ပါဝင် ပါတယ်။ Sanitation facilities (တကိုယ်ရည် သန့်ရှင်းရေး စနစ်၊ အိမ်သာ ကောင်းကောင်း။ ) ရှိတဲ့ ကျောင်း မှာ ကလေးတွေ ကျောင်းပိုအပ် လာစေပြီး စာသင်ကြားမှု ကိုပို တိုးတက် စေ ရုံသာမက ကလေးတွေ က လူထုကြားထဲကို သန့်ရှင်းရေး အတွက် ထောက်ခံပြောဆို ပေး ကြမှာ ပါ။
      • ဒါကြောင့် အိမ်သာ ဒီဇိုင်း လုပ်တဲ့ အခါ သူတို့ သုံးဘို့ အားပေးနိုင်တဲ့ ဒီဇိုင်း ဖြစ်ဘို့ လိုပါတယ်။ privacy လို့ ခေါ်တဲ့ သီးသန့် (လူတွေ ချောင်းမကြည့်နိုင်) တာက အဓိက စဉ်းစားရမဲ့ အချက်ပါ၊ အထူးသဖြင့် မိန်းကလေး တွေ အတွက် ပေါ့။ လုံခြုံတဲ့ တံခါးတွေ နဲ့ အခြား privacy features တွေ ကိုထည့်သွင်း စဉ်းစား ပေးရပါမယ်။ ကျား၊မ သီးသန့် ခွဲထားတဲ့ အိမ်သာ မှ မိန်းကလေး တွေ ပို အသုံးပြုကြောင်း လေ့လာချက် တွေ က ပြသ ပါတယ်။
      • ကလေးတွေ ရဲ့ အရွယ်အစား နဲ့ အခြားအကြောင်းအရာ တွေကို လည်း ထည့်သွင်း စဉ်းစား ရပါမယ်။ အအောင်မြင်ဆုံး အိမ်သာ ဒီဇိုင်း ကတော့ ဒီဇိုင်း ကာလ တစ်လျှောက် ကလေးတွေ ကိုယ်တိုင် ပါဝင်ပတ်သက် ခွင့် ရထားတဲ့ ဒီဇိုင်းတွေ ပဲဖြစ်ပါတယ်။

      - ဆက်ရန် -

    2. မြန်မာပြည် နဲ့ ရေကောင်းရေသန့် (1)




    Read More... [ အကျယ် ဖတ်ရန်... ]

    Saturday, July 12, 2008

    ၁.၇ ၊ High-Rise Buildings တွေအတွက် M&E ဒီဇိုင်း

    High-rise building တစ်ခုအတွက် ဒီဇိုင်း လုပ်တဲ့ အခါ ပြဿနာ တစ်ခု အတွက် အဖြေက တစ်ခုထဲ မဟုတ် နိုင်တော့ပါဘူး။ အရွယ်အစား နဲ့ Configuration တူနေရင် တောင် မှ Site Location မတူတာ နဲ့ပဲ သုံးသင့်တဲ့ M&E Systems နဲ့၊ Central Plant ထားသင့်တဲ့ နေရာ တူချင်မှ တူပါမယ်။ ရာသီဥတု အခြေအနေ နဲ့ ဒေသ ရဲ့ စီးပွားရေး အခြေအနေ နဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ စတဲ့ အချက်တွေကလည်း M&E Systems တွေ ရွေးချယ်ရာ အကြောင်းရင်း တစ်ချို့ဖြစ်ပါတယ်။

    ထူးခြားတဲ့ အခက်အခဲ နဲ့ ထည့်သွင်းစဉ်းစား ရမဲ့ အချက် တွေကတော့

    1. Architectural Design
    2. Life Safety (အရေးပေါ် အခြေအနေ မှာ လူတွေ ဘေးမသီ ရန်မခ လွတ်မြောက် အောင် ဘယ်လိုလုပ်ထား ရမှာလဲ။ မီးသတ်စနစ် တွေ၊ မီးဘေး ကာကွယ်ရေး စနစ်တွေ က ရော ဘယ်လိုလုပ်ရမှာလဲ။)
    3. Space Requirements (နေရာ လိုအပ် ချက်)
    4. Ventilation
    5. Water / Hydronic Systems Pressure(ရေဖိအား ကို ဘယ်လို ထိန်းမှာ လဲ။ ဒါက ရေသုံးတဲ့ စနစ် တိုင်း အတွက် စဉ်းစားရမှာပါ။)
    6. Electrical Distribution, Wiring & Voltage Drops
    7. ELV Signals
    8. Lightning Protection
    MEP Systems တွေကို ဒီဇိုင်းလုပ် သူတွေ အတွက် Architectural & Structural Design တွေကို ဒီဇိုင်းလုပ်ပေး စရာမလို ပေမဲ့ ကောင်းကောင်း ကြည့်တတ် ပြီး နားလည်နိုင်ဘို့ လိုအပ်ပါတယ်။
    1. Architectural Design
      1. Penthouse Design
        အပေါ်ဆုံး အမိုးပေါ် မှာ Elevator Equipments, နဲ့ Elevator overtravel, Cooling Towers, Exhaust Fans နဲ့ အခြား Equipment ကို ငုံပြီး ကာထား တဲ့ အထပ် တစ်ထပ် ထည့်ဆောက် တာပါ။ Elevator Overtravel ဆိုတာ ကတော့ ဓာတ်လှေကား လိုအပ်တဲ့ အတိုင်း အချိန်မီ မရပ်နိုင်ခဲ့ရင် အရှိန်လျော့ ဘို့ အတွက် ချန်ထားတဲ့ နေရာ (အမြင့်) ကိုခေါ်တာပါ။ ဒါက အခြေခံကျ တဲ့ ပုံစံ ဖြစ်ပြီး နိုင်ငံ အတော် များများ နဲ့ မြို့ အတော်များများ မှာ အာဏာပိုင် အဖွဲ့ အစည်းတွေ ရဲ့ လိုအပ်ချက်ဖြစ်ပါတယ်။

      2. Flattop Design

        အပေါ်ဆုံး တစ်ထပ်၊ နှစ်ထပ် ကို Cooling Towers, Air Handling Units တွေနဲ့ Elevator Equipments စတဲ့ Upper-Level M&E equipments တွေ ထားဘို့ အတွက် ဒီဇိုင်းလုပ် ထားတာပါ။ ထင်ရှားတဲ့ အဆောက်အအုံ ကတော့ 9/11 တုန်းက ဖျက်ဆီး ခံခဲ့ရ တဲ့ New York -World Trade Center ဖြစ်ပါတယ်။

      3. Intermediate Floor Bands Design

        အထပ် ၃၀ ထက်မြင့်တဲ့ အဆောက်အအုံ တွေမှာ Central M&E Equipments တွေ ကိုထား ဘို့ အတွက် ကြားမှာ Intermediate Floor ထားရှိ ရပါတယ်။ M&E Systems တွေအတွက် အထပ်အမြင့် ပိုလိုတာမို့ ဒီ Intermediate Floors တွေ ရဲ့ Façade ကို အခြား အထပ်တွေ နဲ့ မတူခြားနား တာကို မြင်တွေ့ နိုင်ပါတယ်။

      4. Signature Design

        ၁၉၉၀ နောက်ပိုင်းမှာ အထိန်းအမှတ် ပုံစံ အနုပညာ အဆောင်အယောင် တွေနဲ့ သီးသန့် အလှဆင် ထားတဲ့ Sculpture-Type rooftops တွေ ခေတ်စား လာခဲ့ပါတယ်။ ဒီပုံစံ တွေမှာ Cooling Tower တွေကို မြေညီထပ် နဲ့ နီးတဲ့ နေရာ ပို့ချင်ပို့ ဒါမှမဟုတ် အဆောက်အအုံ ထဲမှာ ထည့်ထားချင် ထည့်ထား ရပါလိမ့်မယ်။

    2. Life Safety
      • အရေးပေါ် အခြေအနေ၊ လိုအပ်ချက် တွေပါဝင်ဘို့ လိုပါတယ်။ အဓိက ကတော့ မီးဘေးအန္တရာယ် ပါ။ မီးအန္တရာယ် ဆိုတာမှာ မီးသာ မက ဆက်နွယ် နေတဲ့ မီးခိုး၊ အဆိပ် အတောက် တွေ နဲ့၊ မီးကြောင့် ပြိုကျ ပျက်စီး မဲ့ အဆောက်အအုံ ရဲ့ အစိတ်အပိုင်း တွေ ကိုပါထည့်သွင်း စဉ်းစား ရပါမယ်။
      • အများအားဖြင့် mixed occupancies ရုံးခန်းတွေ၊ ဆိုင်ခန်း၊ ဈေး (Office Premises, Shopping Malls, Retail Outlets, Amusement Arcade, Residents, Mass Transport Terminals) တွေ ပါရှိ နိုင်ပါတယ်။ အရွယ်အစား အလယ်အလတ် လောက် ရှိတဲ့ High-Rise Building တစ်ခုမှာ ရှိနေနိုင် တဲ့ Occupants (လူတွေ) ၅၀၀ ကနေ ၁၀၀၀ လောက်ရှိ နိုင်ပြီး အရွယ်အစား ကြီးမားတဲ့ City နာမည် တတ်ထားနိုင်တဲ့ အဆောက်အအုံ တွေမှာ ဆို လူထောင်ပေါင်း များစွာ ရှိနေနိုင် ပါတယ်။ ဒီအထဲ မှာ ပတ်ဝန်းကျင် နဲ့ စိမ်းနေသေးတဲ့ ဧည့်သည် တွေ၊ ကလေးတွေ၊ မစွမ်းမသန် တွေ၊ သက်ကြီးရွယ်အို တွေ ပါ ရှိနိုင်တာမို့ အားလုံးကို အန္တရာယ် ကင်းကင်း ထွက်ခွာ စေနိုင်ဘို့ နဲ့ ရွှေ့ပြောင်း ပေးနိုင်ဘို့ အခက်အခဲ တွေ ရှိနေနိုင် ပါတယ်။
      • ဘယ်လို အခက်အခဲ ပဲရှိရှိ Occupants တွေရဲ့ Safety (အန္တရာယ် ကင်းရှင်းရေး) နဲ့ Well-Being (ကောင်းကျိုးချမ်းသာ ရရှိရေး) တွေ က မရှိမဖြစ် ပါဝင်ရမဲ့ အချက်တွေ ပါ။
      • ဒီလို အန္တရာယ် ကင်းကင်း လွတ်မြောက်နိုင်ဘို့ အချိန်ကို တွက်ချက် တဲ့ အခါ ASET > RSET ဖြစ်ရပါမယ်။
        • ASET (Available Safe Egress Time) ရရှိနိုင် တဲ့ အချိန်
        • RSET (Required Safe Egress Time) လိုအပ် တဲ့ အချိန်

      1. Structural Safety (Passive Fire Protection)
        1. Purpose Groups
          • လူတွေ အသုံးပြုတဲ့ အခြေအနေ ပေါ်မူတည် ပြီး Purpose Groups ခွဲပေးရပါတယ်။
          • Compartments လို့ခေါ်တဲ့ မီးဒါဏ်ခံ နိုင်တဲ့ အခန်းတွေ ဖွဲ့တာ တို့၊ စီစဉ်တာ တို့လုပ်ရ ပါမယ်။
        2. Fire Appliance Access
          • မီးသတ်တပ်ဖွဲ့ နဲ့ မီးသတ်ကားတွေ အချိန်မရွေး ဝင်လို့ရအောင်၊ မီးသတ်ကား ဝင်လို့ ရတဲ့ လမ်း နဲ့ ရပ်စရာ နေရာ တွေ၊
          • မီးသတ်တပ်ဖွဲ့ အရံသင့် သုံးစရာ Fire Appliances တွေ ကို ထည့်သွင်း စဉ်းစားရ ပါမယ်။
        3. Walls & Floors
          • အဆောက်အအုံ ရဲ့ အစိတ်အပိုင်း တွေ ကို လိုအပ်တဲ့ အချိန် အတိုင်းအတာ အထိ မီးဘေး၊ ဒါဏ်ခံ နိုင်ဘို့ FRR (Fire Resistance Rating, ) ကို သတ်မှတ် ပြီး ၊ သတ်မှတ်ချက် အတိုင်း ဆောက်လုပ် ရပါမယ်။
          • Purpose Group နဲ့ Dimension (အခန်း ရဲ့ အရွယ်အစား) ကို လိုက်ပြီး လိုအပ် တဲ့ minimum periods of fire resistance (hours) ကို သတ်မှတ် ရပါတယ်။
        4. Means of Escape
          • ရှိနေနိုင်တဲ့ လူအရေအတွက် နဲ့ နေရာ အကွာအဝေး ကို မူတည်ပြီး လိုအပ်တဲ့ အရေးပေါ် Emergency Exits (ထွက်ပေါက်) တွေ Staircases (လှေခါး) တွေ ကို ထည့်သွင်း ရမှာ ဖြစ်ပြီး၊ အထူးသဖြင့် အဲဒီနေရာ တွေကို မီးဒါဏ် ခံနိုင်ဘို့ နဲ့ မီးခိုး မရောက် လာစေဘို့ ဒီဇိုင်းလုပ်ရ ပါတယ်။
          • ရွေးစရာ Alternative Means of Escape ရှိထား ရပါမယ်။
          • Mean of Escape ဆိုတာက အန္တရာယ်ကင်း တဲ့ နေရာ (ဥပမာ၊ အဆောက်အအုံ ရဲ့ အပြင်ဘက်၊ (သို့) အဆောက်အအုံ အတွင်း အန္တရာယ်ကင်းကင်း ခိုနားစရာ နေရာ) တွေဆီ လမ်းညွှန်ပေးနိုင်မဲ့ အနီးစပ်ဆုံး လမ်းကြောင်း ကိုဆိုလိုတာ ပါ။ အထပ်မြင့် တော့ Ground Floor မရောက်ခင်ကြားမှာ ခိုနားစရာ နေရာ Refuge Floor လိုအပ်ကောင်း လိုအပ် ပါလိမ့် မယ်။
          • အဆောက်အအုံ အတွင်းပိုင်း လူရှိ နေနိုင်တဲ့ နေရာ အားလုံး ကနေ လွယ်လွယ်ကူကူ ထွက်ခွာ နိုင်ဘို့ Exit Path တွေ လိုပါတယ်။
          • Unprotected Areas, leading direct to exit
          • Protected Areas, leading direct to exit
          • Protected Areas ဆိုတာကတော့ မီးအန္တရာယ် (အပူ၊ မီးခိုး) ကို အတိုင်းအတာ တစ်ခုထိ အကာအကွယ် ပေးနိုင်တဲ့ နေရာတွေ ကို ခေါ်တာပါ။
          • သွားရမဲ့ အကွာအဝေး ဖြစ်တဲ့ Travel Distance ကို စဉ်းစားရပါမယ်။
          • Staircase
            • လှေကား ဆိုရင်လည်း ဘယ်လောက်ကျယ်ရမယ်။ လှေကား ဆိုတာ လူတွေ အရွယ်မရွေး တက်နိုင်ဆင်းနိုင် တဲ့ ခပ်ပြေပြေ Staircase ကိုဆိုလိုတာ ပါ။ မတ်စောက်လွန်း တဲ့ Ladder ကိုဆိုလိုတာ မဟုတ်ပါဘူး။ Staircase ကိုလည်း လှေကားထစ် တစ်ခုနဲ့ တစ်ခု ညီညီညာညာ မျှမျှတတ ရှိရပါမယ်။ ခြေနင်း အကျယ် အမြင့် သင့်တော် အောင် ထားရပါတယ်။ မလေးရှား၊ စကာင်္ပူ မှာ ခြေနင်းပြား အရွယ် Thread Width အနည်းဆုံး ၁၀” (255mm Min) လှေကားထစ် တစ်ထစ် အမြင့် ၄ - ၇” (102mm - 180mm Max) ရှိရပါမယ်။ NFPA အရတော့ Thread Width အနည်းဆုံး ၁၁” (279mm Min) လှေကားထစ် တစ်ထစ် အမြင့် ၄ - ၇” (102 to 178mm) ရှိရ မယ်လို့ ဆိုပါတယ်။ ကြောင်လိမ် လှေကား သုံးခွင့် ရရင်တော့ လိုအပ်ချက် ကို ထပ်မံစစ် ဆေး ရမှာ ဖြစ်ပါတယ်။
            • လှေကား မှာ ရွေးစရာ အရံ တစ်ခု အနည်းဆုံး ပါဝင်သင့်ပါတယ်။ ပြီးတော့ ဒီလှေကားတွေ အမိုးပေါ် အထိ ပေါက် ဘို့ လည်း လိုအပ် ပါတယ်။ ပြီးတော့ မြေပြင်ပေါ် အန္တရာယ် ကင်းကင်း ထွက်ခွာ နိုင်တဲ့ ထွက်ပေါက် လည်း ပါဝင်ရ ပါမယ်။ လူတွေ ယောင်ယောင်မှား မှာ မဖြစ် စေဘို့ မြေအောင် လှေကား နဲ့ မြေပေါ် လှေကား ကို သီးသန့် ခွဲ ထားပေးရပါမယ်။
            • ပြင်ပ လေထု နဲ့ တိုက်ရိုက် မထိနေတဲ့ အဆောက် အအုံ ရဲ့ အတွင်းပိုင်းဖြစ် နေရင် Pressurization (Inflation) System လို့ ခေါ်တဲ့ မီးခိုးမဝင် အောင် လေကို ဖိ မှုတ် ပေးနေနိုင် တဲ့ Blower (Fan) တွေ ကို တွက်ချက် တတ်ဆင် ပေးရပါမယ်။ အပြင်ဘက် မှာ ဆိုရင် တော့ လုံလောက်တဲ့ Natural Ventilation Louvers တွေပါဝင် ရပါမယ်။




        5. Elevator use for Evacuation

          • နိုင်ငံ တော်တော် များများ မှာ Elevator နဲ့ Evacuate လုပ်တာကို တားမြစ်ထား ဆဲပါ။ US က NFPA Code မှာတော့ အတိုင်းအတာ တစ်ခု အထိခွင့်ပြု ထားပါတယ်။ အမေရိကန် Architects တွေကတော့ Elevator သုံးနိုင်ဘို့ ကို အားသန် ကြပါတယ်။
            NFPA Code : An elevator complying with the requirements of Section (x.x) and (x.x.x) shall be permitted to be used as a second means of egress from towers, as defined in (x.x.xxx), provided that the following criteria are met:
            1. The tower and any attached structure shall be protected throughout by an approved, supervised automatic sprinkler system in accordance with Section (x.x.)
            2. The tower shall be subject to occupancy not to exceed 90 persons.
            3. Primary egress discharges shall be directly to the outside.
            4. No high hazard content areas shall exist in the tower or attached structure.
            5. One hundred percent of the egress capacity shall be provided independent of the elevators.
            6. An evacuation plan shall be implemented, specifically including the elevator, and staff personnel shall be trained in operations and procedures for elevator emergency use in normal operating mode prior to fire fighter recall.
            7. The tower shall not be used by the general public.


          • အဓိက စိုးရိမ်ကြတာ ကတော့ မီးလောင်တဲ့ အထပ်မှာ Elevator ရပ်ပြီး လူတွေပိတ်မိ နေမှာ ကိုပါ။ Elevator သုံးခွင့် ရဘို့ အတွက် Elevator Shaft ရော Elevator Lobby ကိုပါ Fire Compartment လုပ်ပြီး Pressurized လုပ်ရပါတယ်။ အရှိန် နဲ့ သွားနေတဲ့ Elevator ကြောင့် ဖြစ်ပေါ် လာတဲ့ Piston Effect ကိုထိန်းနိုင် ဘို့ ကလည်းမလွယ် ပါဘူး။
          • လူကြီးတွေ၊ မသန်မစွမ်း တွေ အတွက် အထပ်မြင့် ကို ခြေကျဉ် လျှောက်ဆင်း ဘို့ ကလည်း မလွယ်တာ မို့ Elevator သုံးသင့်၊ မသုံးသင့် ဆိုတဲ့ အချက်က စဉ်းစားစရာ ဖြစ်လာ ပါပြီ။



      2. Fire Protection Modes
        M&E Systems တွေကို အကြမ်း ရှင်းပြထားတာ ကို အရင် တင်ပြခဲ့တဲ့ M&E Systems ဆိုတာ ဘာတွေလဲ။ မှာ လေ့လာနိုင်ပါတယ်။
        1. Fire Detection, Alarm and Communication Systems
          • Heat Detectors / Smoke Detectors
          • Heat Detectors: က အပူကို အာရုံခံတာ ပါ။ Smoke Detectors ကတော့ မီးခိုးကို အာရုံခံတာ ပေါ့၊ ဒါတွေ နဲ့ Fire Alarm (မီးလှန့် အချက်ပေး စနစ်) ကို Activate လုပ်မှာ ပါ။
          Communication Systems ဆက်သွယ်ရေး စနစ်တွေ ကတော့
          • မီးသတ်တပ်ဖွဲ့ အချင်းချင်း ဆက်သွယ် နိုင်ဘို့ အတွက် Fire Brigade communication Systems
          • အရေးပေါ် အခြေအနေ မှာ လူတွေ စနစ်တကျ Evacuate လုပ်နိုင်စေဘို့ ညွှန်ကြားပေးနိုင်ဘို့ အတွက်၊ Public Address Systems

        2. Extinguishing Systems မီးကို ငြိမ်းသတ် ဘို့ အတွက် လိုအပ်တာ တွေကတော့
          • Portable Fire Extinguishers
          • Sprinkler Systems
          • Standpipes (Wet / Dry Rising Mains)
          • Fire Hoses (Hose reels)

          High-rise Buildings တွေ အတွက် အထက်က မီးသတ်စနစ် ၄ -ခု လုံး လိုအပ်ပါတယ်။
          အချို့နိုင်ငံ တွေ မှာ Residential High rise (လူနေအိမ်ခန်း) တွေ Sprinkler Systems
          မပါတာ ကို လျှော့ပေါ့စဉ်းစားပေး တတ်ပါတယ်။ Sprinkler Systems က မီးသတ် ရာမှာ အထိရောက်ဆုံး မို့ ဖြစ်နိုင်ရင် ပါအောင် ထည့်ပေးရ ပါမယ်။ Data Center လိုနေရာ မျိုးမှာ Gas Suppression System ထည့်ပေးထား လို့ Sprinkler ကိုဖြုတ် မပစ်သင့် ကြောင်း Fire Engineer တွေက ဆိုပါတယ်။

        3. Emergency Lighting and Standby Power
          အရေးပေါ် အခြေအနေ မှာ သုံးလို့ ရမဲ့ Standby Power (Usually by Diesel Generator) ကို စဉ်းစားတဲ့ အခါ အောက်မှာ ဖော်ပြထားတဲ့ စက်ပစ္စည်း တွေ နဲ့ အရေးပေါ် လိုအပ်ချက် တွေ အပေါ် မှီပြီး တွက်ချက် ရပါမယ်။
          • Electric Fire Pumps
          • Emergency Command Center / Fire Command Center Equipment & Lighting
          • Fire Lifts (serving all floors)
          • Mechanical Equipment for Smoke Proof Enclosure
          • Power for Detection, Alarm, and Communication Systems
          • Emergency Lightings

        4. Emergency Command Center
          Emergency Command Center (အရေးပေါ် အခြေအနေ မှာ စီမံခန့်ခွဲ လမ်းညွှန် မဲ့ သူနဲ့ ပစ္စည်း တွေထားတဲ့ အခန်း) မှာ ဒါတွေ ထားရမယ်။
          1. Voice fire alarm system panels and controls
          2. Fire department two-way telephone communication (ဆက်သွယ်ရေး စနစ်) service panels and controls where required by another section of this Code
          3. Fire detection and fire alarm system annunciation panels
          4. Elevator floor location and operation annunciators (ဓာတ်လှေကား နေရာပြ)
          5. Sprinkler valve and waterflow annunciators
          6. Emergency generator status indicators
          7. Controls for any automatic stairway door unlocking system
          8. Fire pump status indicators
          9. Telephone for fire department use with controlled access to the public telephone

      3. မီးစလောင်ရခြင်း အကြောင်းရင်းများ
        • Fire Ignition (အလိုအလျောက် မီးပွင်)့
        • Faulty Electricity (လျှပ်စစ်လျှော့ခ်)
        • Smoking (ဆေးလိပ်မီး)
        • Arson (တို့မီး၊ ရှို့မီး)
        • Cooking (ချက်ပြုတ် မီး)
        • Renovations (အတွင်းပိုင်း ပြန်လည်ပြင်ဆင်မှု လုပ်နေစဉ်)

      4. မီးဒါဏ်ခံ ရခြင်း အကြောင်းရင်းများ
        • လုံလောက် တဲ့ မီးသတ်စနစ် မရှိခြင်း
        • အချက်ပေးစနစ် ၊ အန္တရာယ်ကင်းသောလမ်းကြောင်း မရှိခြင်း
        • လျှင်မြန်တိကျသော တုံ့ပြန် မှု မရှိခြင်း
        • အချက်ပေးမှု ညံ့ဖျင်းခြင်း

      5. High-rise Building Fire Tragedies (အထပ်မြင့် အဆောက်အအုံ မီးဘေးသင့်မှုများ။)
        1. Dupont Plaza, Puerto Rico
          • December 1986 New Year s Eve (နှစ်သစ်ကူး အကြိုည) မှာဖြစ်ခဲ့တဲ့ မီးလောင်မှုပါ။
          • ဟိုတယ် အလုပ်သမား သုံးယောက် က လစာ နဲ့ ကျန်းမာရေး ခံစားခွင့် တွေကို မကျေနပ် ရာက အလုပ်သမား အဖွဲ့ နဲ့ တိုင်ပင် အချို့ က အပြင်မှာ ဆန္ဒပြ နေတဲ့ အချိန် အချို့ က Ballroom နဲ့ Ground Floor မှာ ဆီလောင်း မီးရှို့ ကြပါတော့တယ်။ အမှန်က Tourists တွေကို မတည်းအောင် ကြောက်လန့်အောင် လုပ်ချင်တာပါ။ ဒါပေမဲ့ မီးက လူ ၉၇ ယောက် ကိုသေဆုံးစေခဲ့ ပြီး လူ ၁၄၀ လောက် ကို ဒါဏ်ရာရစေခဲ့ ပါတယ်။
          • အများစု က မီးခိုးမွှန် လို့ သေဆုံး ရတာပါ။
          • မီးသတ်စနစ် မလုံလောက် တာရယ်။ ထွက်ပေါက် က တံခါး တွေက အပြင်ကိုဖွင့်တာ မဟုတ်ပဲ အတွင်းကို ဖွင့်တာတွေ ဖြစ်နေပြီး လူတွေ က ကြောက်လန့် တကြား တိုးကြ တွန်းဖွင့်ကြ တော့ ဘယ်လိုမှ ဖွင့်လို့ မရတော့ ပဲ ပိတ်မိ ကုန်ပါတယ်။
          • ဒီ မီးမှာ Rescue Effort တွေ အကြောင်းကို ကြည့်ချင်ရင် တော့

        2. MGM Grand fire (November 21, 1980)
        3. Fire at Las Vegas Hilton (February 10, 1981)


    3. နေရာလိုအပ်ချက်
      M&E Space လိုအပ်ချက်တွေ ကို အရင် တင်ပြခဲ့တဲ့ ၁.၄ ၊ နေရာ လျာထားသတ်မှတ်ခြင်း။ မှာ လေ့လာနိုင်ပါတယ်။
      • အရင်တုန်းက Post မှာ တင်ပြခဲ့သလို M&E Systems တွေဟာ နေရာ အတော်ယူပါတယ်။ အလယ်အလတ် တန်းစား Office Building (ရုံးခန်း အဆောက်အအုံ) တစ်ခုမှာ နေရာ ဧရိယာ ၄% လောက် လိုအပ်ပါတယ်။ ၂၅ ထပ်ရှိရင် တစ်ထပ်စာ လောက်လိုအပ်တာပါ။ ဒီလိုပဲ အထပ် ၅၀ ရှိရင် ၂ ထပ်၊ အထပ် ၁၀၀ ရှိရင် ၄ ထပ် စာ လိုအပ်ပါလိမ့်မယ်။ Initial Planning Stage မှာထဲ က နေရာကို ယူမထားခဲ့ ရင် နောက်မှ လိုချင်သလို ထပ်တိုး ချင်တိုင်း တိုးလို့ ရနိုင်တာမျိုး မဟုတ်တာ ပြောစရာတောင် မလိုတော့ပါဘူး။
      • ရွေးချယ်ထားတဲ့ systems တွေကို မူတည်ပြီး M&E Equipment Spaces တွေဟာ Centralized (သို့မဟုတ်) Decentralized ဖြစ်နိုင်ပါတယ်။ နှစ်ခုလုံး အထပ်တိုင်းမှာ Local Equipments အတွက် နဲ့ Distribution Shafts တွေအတွက် On-Floor (Local Space) နေရာ လိုအပ် ပါတယ်။ အဓိက ကွာခြားချက် ကတော့ Centralized Systems တွေမှာ အဓိက Equipments တွေ အထပ် တစ်ထပ် နှစ်ထပ်မှာ စုစည်းတပ်ဆင် ထားပြီး On-Floor နေရာလိုအပ်ချက် နည်းပါမယ်။ Decentralized Systems တွေမှာ ကတော့ပြောင်းပြန်ပေါ့။
      • High-rise Building အားလုံးလိုလို မှာ Basement Floor (မြေအောက်ထပ်) တစ်ထပ် အနည်းဆုံး ပါလေ့ ရှိပါတယ်။ Underground Parking (ကားရပ်နားရန် နေရာ) Utility Service အတွက်၊ Delivery of Supplies, Fuel Storage
      • Underground Levels က Foundation အတွက် ပိုပြီး ကောင်းမွန် ခိုင်မာတဲ့ Structural Stability ကိုပေးပါတယ်။ သတ်မှတ် ထားတဲ့ Car Parking အရေအတွက် ပါဘို့ City Codes တွေမှာ ပြဋ္ဌာန်းထား လေ့ရှိတာမို့ လည်း Underground Parking က ရှောင်လွှဲလို့ မရနိုင်တဲ့ လိုအပ်ချက် ဖြစ်ပါတယ်။
      • ပုံမှန်အားဖြင့်တော့ M&E Central Plant တွေကို Underground Level မှာ ထားသင့်ပါတယ်။ ဒါပေမဲ့ အမြဲတမ်း ဖြစ်နိုင်တာ မဟုတ်ပါဘူး။ M&E systems risers တွေဟာ Building Core နဲ့ နီးတဲ့ နေရာတွေမှာ ရှိရမှာ မို့ တစ်ခါတစ်ရံ Parking နဲ့ အကူးအသန်း လုပ်ဘို့ ရာမှာ အတားအဆီး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် M&E Central Plant တွေကို Roof (သို့မဟုတ်) Intermediate Level မှာ ထားရနိုင်ပါတယ်။
      • Equipments တွေရဲ့သဘာဝ အရ လည်း နေရာ ကို ရွေးရပါတယ်။ ဥပမာ Cooling Tower ဆိုရင် လေသွားလေလာ ကောင်းတဲ့ အဆောက်အအုံ ရဲ့ အပြင် (သို့) အမိုးပေါ်မှာပဲ ထားလို့ရပါတယ်။ ဒါပေမဲ့ အမိုး ပေါ် တင်ထားဘို့ ဆိုတာကလည်း High-rise Building တွေမှာ လွယ်လှတာ မဟုတ်ပါဘူး။

      • Central Plant Location
        1. Central Plant Room လိုအပ်ချက်တွေ ကို ၁.၄ ၊ နေရာ လျာထားသတ်မှတ်ခြင်း။ မှာပြခဲ့ပါတယ်။
          သတိထားရမှာ က ဒီနေရာလို အပ်ချက်တွေ စဉ်းစားတဲ့ အခါ Structural Column နဲ့ Architectural Detail တွေကို ထည့် စဉ်းစား ပေးဘို့ပါ။
        2. Loading / Unloading (ပစ္စည်းတွေ အတင်အချ လုပ်ဘို့နေရာ) ကို လွယ်ကူစွာ သွားနိုင်၊ ရောက်နိုင် ဘို့၊
        3. M&E Equipments တွေ ပြင်ဆင်ဘို့ လိုအပ်လို့ လဲရမယ်၊ ဖြုတ်ရမယ် ဆိုရင် လည်း သယ်ထုတ်၊ ပြန်သွင်း လုပ်နိုင်ဘို့။
        4. လေဝင်လေထွက် ကောင်းနိုင်ဘို့ Outside Air Supply နဲ့ Exhaust Air Discharge တွေနဲ့ နီးနီးနားနားဖြစ်ဘို့။ (ဒီနေရာ မှာ Outside Air Supply နဲ့ Exhaust Air Discharge ကြားမှာ လုံလောက် တဲ့ အကွာအဝေး ရှိရမယ် ဆိုတဲ့ အချက်ကိုလည်းစဉ်းစား ရမှာပါ။ အနည်းဆုံး 5m (16.5 ft) နဲ့ တစ်ခါတစ်ရံ 8m (26.2 ft) လောက်အထိ လိုအပ်နိုင်ပါတယ်။)
        5. လုံလောက် တဲ့ Floor Height (အထပ် အမြင့်) ရနိုင်ဘို့
        6. အဆင်ပြေပြေ Car Parking Plan (ကားရပ်နား စရာ နေရာတွေ) နဲ့ သင့်တော်စွာ ဆက်စပ်နိုင်ဘို့။
        7. Safety (အန္တရာယ် ကင်းဝေး စေဘို့) - ဥပမာ Boilers, Chillers, Liquid Filled Transformers တို့လို M&E Equipments တွေမှာ Stored Energy နဲ့ Toxic Material တွေ ပါဝင်ပါတယ်။ ဒါကြောင့် ဒီ Equipments တွေကို Fireproof Walls တွေနဲ့ ကာရံထားရ ပါမယ်။
        8. M&E System Components တစ်ခု နဲ့ တစ်ခု ကြား နီးနီးနားနား ဖြစ်စေဘို့။ ဥပမာ Chiller ရဲ့ Condenser နဲ့ Cooling Towers ကြား၊
        9. Piping System Pressure - Hydrostatic Pressure ကို လိုအပ်ချက် လည်းရအောင် ခံနိုင်ရည် ထက် လည်း မလွန်အောင် ဘယ်လိုလုပ် မှာလဲ၊
        10. Ease of Maintenance ထိန်းသိမ်းဘို့
        11. Vibration and Noise from Equipment စက်ခန်းတွေ နဲ့ နီးတဲ့ နေရာမှာ တိတ်ဆိပ်ငြိမ်သက် မှုကို လိုအပ်တဲ့ အခန်းမျိုး ရှိရင် အတော် ခက်ခဲပါတယ်။
        12. Aesthetics : Architects အများစု က M&E Plants တွေကို ဖုံးကွယ်ထားချင် ကြပါတယ်။ အချို့ Architects တွေကတော့ M&E Plants တွေကို မြင်ကွင်းမှာ ပြသထားလိုကြပါတယ်။ ဒါကြောင့် M&E Plant တွေက Architect's Concept ကို လိုက်ပြီး အနုပညာ အားဖြည့်ပေး နိုင်တာ ရှိသလို၊ အားပျော့ စေနိုင်တာ လည်း ရှိပါတယ်။
        13. Code and Authority Requirements တချို့ နိုင်ငံတွေမှာ လည်း Authorities တွေရဲ့ လိုအပ်ချက်ကလည်း Fire Water Tank နဲ့ Fire Fighting Equipments တွေကို Ground Floor (or) Basement 1st Storey မှာပဲ ထားရပါတယ်။ သောက်ရေ ပေးတဲ့ Utilities Authorities တွေကလည်း Storage / Transfer Tank (ရေကန်) တွေကို Basement Floor တွေမှာ Flood (ရေလွှမ်း) ခဲ့ရင် ရေညစ်တွေ ဝင်မှာစိုးလို့ ပါ။

      • Cooling Towers
        • တစ်ခါတစ်ရံ Podium လို့ခေါ်တဲ့ Tower အောက်ခြေမှာ ပိုပြီး ကျယ်တဲ့ အထပ်တွေ ပါခဲ့ရင် Podium Roof ကို သုံးလို့ရကောင်း ရနိုင်ပါတယ်။
        • Cooling Tower ရဲ့ Exhaust က Moisture Saturated Air ဖြစ်တဲ့ အပြင် Fresh Air အနေနဲ့ သုံးဘို့မသင့်တော် တာမို့ Fresh Air Intake တွေကို Cooling Tower နဲ့ဝေးရာ မှာပဲထားရပါတယ်။

      • AHU
        • AHU မှာ ဘာ components တွေထည့်မှာလဲ။
        • AHU Components
          • Mixing Box Fresh Air (with or without pre-cool) နဲ့ Return Air ကို သမအောင် ရောစပ်ဘို့ ပါ။ တစ်ခါတစ်ရံ Room Plenum လုပ်ခွင့်ရရင် Mixing Box မလိုပါဘူး။ Room Plenum ဆိုရင် AHU အခန်းက Plenum ဖြစ်သွားတာပါ။ AHU အခန်းထဲက လေကို တိုက်ရိုက် စုတ်ယူတဲ့အခါ Negative Pressure ဖြစ်သွားတာမို့ Drainage Pipe တွေ အခြား Contaminants တွေ ကိုစုတ်ယူနိုင်တာ ကြောင့် သိပ်မကြိုက်ပါဘူး။
          • Air Washers - အချို့နေရာတွေ မှာ Air Washers ထည့်တတ်ပါတယ်။ အဓိက ကတော့ Humidify လုပ်ဘို့ပါ။ Evaporative Cooling လည်း လုပ်လို့ရပါတယ်။ လေထဲမှာ ပါလာတဲ့ အမှုန်အမွှား ကိုအတိုင်းအတာ တစ်ခုထိလည်း သန့်စင်ပေးနိုင်ပါတယ်။
          • Filter Sections - သုံးမဲ့ Application ပေါ်မူတည်ပြီး Filter Section တစ်ခု (သို့) တစ်ခုထက်ပိုပြီး ပါနိုင်ပါတယ်။ သိပ်ပြီး အမှုန်အမွှားကင်း၊ သန့်ရှင်း ခြင်ရင် HEPA Filter Section တောင် ပါနိုင် ပါသေးတယ်။
          • Coil Sections - သုံးမဲ့ Application ပေါ်မူတည်ပြီး Cooling Coil (or) Heating Coil (or) BOTH ပါနိုင်ပါတယ်။ တစ်ခါတစ်ရံ Run Around Coils လို့ခေါ်တဲ့ Pre-Cool နဲ့ Re-Heat Loop Coil လည်း ပါနိုင်ပါတယ်။ ဒီ Run Around Coils အစား Heat Pipe Loop Coils ကိုလည်း သုံးနိုင်ပါတယ်။
          • Fan Section AHU fan နဲ့ Motor ကို တတ်ဆင်ဘို့ အတွက် Fan Section လိုအပ်ပါတယ်။
          • ခုနောက်ပိုင်း Environment Issue တွေကို စဉ်းစားလာတဲ့ အခါ Indoor Air Quality ကလည်း အဓိက ဖြစ်လာပါတယ်။ Indoor Air ထဲမှာ ပါတဲ့ ပိုးမွှားတွေ၊ ကပ်ပါးတွေ၊ မှိုတွေ ကို နှိမ်နင်းဘို့ UV Sterilizer Lamp တွထည့်ပေးလာတာ တွေ့ရပါတယ်။ အရင်တုန်းက တော့ အရေးကြီးတဲ့ Bio-Hazard ဖြစ်နိုင်တဲ့ အခန်းတွေမှာ ပဲ UV sterilizer တွေသုံးခဲ့ ကြတာပါ။


      • Water Tanks and Pumps
        • High rise building တွေ မှာ Mechanical Engineer တွေ အဓိက တွေ့ရမဲ့ အခက်အခဲ ကတော့ ရေလှောင်ကန် တွေ ထားဘို့ နေရာတွေ ပါ။ အထပ်မြင့် လာတာနဲ့ ရေကန်တွေ၊ pumps တွေ ကလည်း အဆင့်ဆင့် လိုအပ်လာပါတယ်။ domestic water သောက်ရေသုံးရေ သာမက fire fighting tanks တွေ အတွက် ပါ စဉ်းစားစရာ လိုအပ်လာတာ ဖြစ်ပါတယ်။ နေရာသာ မက အလေးချိန် က လည်း စီးတာမို့ structural load မှာလည်း အဓိက စဉ်းစားရမဲ့ အချက် တစ်ခု အနေနဲ ပါဝင်ပါတယ်။ အချို့နိုင်ငံ တွေ မှာ အမြင့်ဆုံး သုံးနိုင်တဲ့ Pump head ကို ကန့်သတ်ထား တတ်တာကြောင့် လိုအပ်ချက် က နည်းလှတာတော့ မဟုတ်ပါဘူး။ ဥပမာ၊ မလေးရှား နိုင်ငံ၊ Kuala Lumpur မြို့မှာ သောက်သုံးရေဖြန့်ပေးတဲ့ SYABAS ရဲ့ သတ်မှတ်ချက် အရ End Suction Pump head ကို 75m maximum ထားရမယ် လို့ဆိုပါတယ်။ ဒါကြောင့် အမြင့် မီတာ ၃၆၀ လောက် ရှိတဲ့ အဆောက်အအုံ တစ်ခု အတွက် (မြေညီ (သို့) မြေအောက်၊ တစ်ကန် နှင့် အမိုးပေါ် တစ်ကန် အပါအဝင်) ရေကန် ၆ ဆင့် အနည်းဆုံး လိုပါတယ်။ တစ်ဆင့် ကနေ တစ်ဆင့် ကို ပို့ပေးဘို့ Transfer Pumps တွေလည်း လိုအပ်ပြန်ပါတယ်။
        • Fire Protection အတွက် လည်း အလားတူ ပါပဲ။ Wet riser tanks, Sprinkler tanks, Hosereel tanks စသဖြင့် အမျိုးမျိုး လိုအပ်ပါတယ်။ ဒီစနစ်တွေ အတွက် သီးသန့် လိုအပ်တဲ့ Fire Pumps တွေ အပြင် တစ်ဆင့် ကနေ တစ်ဆင့် ကို ပို့ပေးဘို့ Transfer Pumps တွေလည်း လိုအပ်ပြန်ပါတယ်။



      အောက်က ရေးလက်စ အကြမ်းပါ။ အပတ်စဉ် ဆက်ရေး နေတုန်း ပါ။
    4. Ventilation(လေကောင်းလေသန့်)


      • Temperature Stack Effect
        • အဆောက်အအုံ ရဲ့ အပြင်နဲ့ အတွင်း အပူချိန် သိပ်ကွာနေရင်၊ ပြီးတော့ အမြင့်လည်းရှိ၊ လေဝင်၊ လေထွက် ပေါက်လည်းရှိမယ် ဆိုရင် Stack effect ကို ထည့်သွင်း စဉ်းစား ပေးရပါမယ်။ ဒီ stack effect က တံခါးဖွင့်တဲ့ ပိတ်တဲ့ အခါ အရှိန် နဲ့ မှုတ်ထုတ်သလို ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းဘက် အအေးပြင်းတဲ့ တိုကျို လို နယူးယောက် လို မြို့တွေ က High-rise Buildings တွေမှာ ဒီ Stack effect အခြေအနေ ကို ထည့်သွင်း စဉ်းစားပေးရပါတယ်။ ဒါကြောင့် ဒီဒါဏ် ကို ခံနိုင်အောင် တံခါးတွေ က ဆွဲဖွင့်ရတဲ့ တံခါးတွေ အစား ဆုံလည်တံခါးတွေ ဖြစ်နေတတ်ပါတယ်။ စကာင်္ပူ၊ မလေးရှား လို တစ်နှစ်ပတ်လုံး အပူချိန် အပြောင်းအလဲ သိပ်မရှိ၊ Indoor temperature နဲ့ outdoor temperatureအလွန်မကွာ တဲ့ နေရာတွေ မှာ တော့ ဒီပြဿနာ က သိပ်မကြီး လှပါဘူး။
        • Stack effect ကိုတွက်ချက်တာ က တော့ CFD (Computational Fluid Dynamics) specialist တွေရဲ့ အလုပ်ပါ။



    5. Water / Hydronic Systems Pressure(ရေဖိအား ထိန်းခြင်း)

      • Cavitation ဆိုတာက စီးနေတဲ့ ရေထဲ မှာ ပလုံစီ လာတာ ကို ခေါ်တာပါ။
      • Pump တွေမှာ Cavitation ဖြစ်တာ ကိုတော့ တော်တော်များများ သိကြပေ မဲ့ valve တွေမှာ Cavitation ဖြစ်တာ ကိုတော့ သိပ်သတိ မထားမိ တတ်ကြပါဘူး။ အထူးသဖြင့် Pressure Reducing Valve တွေမှာ Cavitation မဖြစ်အောင် အရမ်း ဂရုစိုက် ရပါတယ်။
      • High pressure drop နဲ့ Low outlet pressure ဆိုတဲ့ Factors (အချက်) နှစ်ချက် ပေါင်းလိုက် တဲ့ အခါ Cavitation ဖြစ်လာပါတယ်။ အဲဒီ အခြေအနေ မှာ Fluid ရဲ့ Pressure က သူ့ Vapor Pressure အောက် ရောက်သွားတာ မို့ Bubbles လေးတွေ ပလုံစီ လာပါတယ်။ ဒီ Fluid Flow Stream မှာပဲ Pressure က Vapor Pressure အထက်ပြန် တက်လာတဲ့ အခါ ပလုံစီ နေတဲ့ Bubbles လေးတွေ ပြန် အရည်ထဲ ပျော်ဝင် ဘို့ ဖြစ်လာတဲ့ အခါ ဒီ Bubbles နေရာ ကို အရည်က အရှိန် နဲ့ ဝင် extremely high impact forces တွေ ဖြစ်ပေါ်လာပါတယ်။ ဒီအခါ Valve ကိုသာမက အနီးအနား က Pipe တွေကို ပါ ပြင်းပြင်းထန်ထန် တိုက်စားပါတော့ တယ်။ Pump တွေမှာ Cavitation ဖြစ်တဲ့ အခါ Impellers တွေ တွန့်လိမ် ကောက်ကွေး၊ လိပ်၊ ပျက်စီး သွားတာ တွေ့ ရပါတယ်။
      • ဒီလို Cavitation ဖြစ်တဲ့ အခါ ပိုက်ထဲ မှာ ကျောက်စရစ် ခဲ တွေ စီးသွား သလို အသံ နဲ့ တုန်ခါ မှု ကို ပါ ဖြစ်စေပါတယ်။
      • Pressure Reducing Valve က ဖြစ်နိုင်တဲ့ Cavitation Chart နမူနာ ကို အောက် မှာ ဖော်ပြ ထားပါတယ်။



    6. Electrical Distribution, Wiring & Voltage Drops
    7. ELV Signals
    8. Lightning Protection

    အပတ်စဉ် ဆက်ရေး နေတုန်း ပါ။ 30 Nov 2008 ရက်နေ့ပြီးဘို့ မှန်းထားပါတယ်။ ပြန်လာဖတ်ပါအုံး။

    Read More... [ အကျယ် ဖတ်ရန်... ]