Showing posts with label Water Supply. Show all posts
Showing posts with label Water Supply. Show all posts

Friday, March 4, 2016

Water Reservoirs

အကြမ်းရေးလက်စ။ ရေးပြီးသွားလျင် ဒီစာကြောင်း ကို ဖယ်ပေးပါမယ်။
မြန်မာပြည် အထက်အညာဒေသ တွေမှာ ရေတွင်းတွေ ရေမထွက်တော့တဲ့ အကြောင်းနဲ့ နွေရာသီ မှာ ရေရှားပါးမှု ပြဿနာ ကို ဖြေရှင်းနိုင်ဘို့ အတွက် စဉ်းစားနိုင်ဘို့ အချက်တစ်ခု ပါ။ Lake Livingston, Texas ပြီးခဲ့တဲ့ ရုံးပိတ်ရက် က က သစ်တော ကို ဖြတ်မောင်းပြီး ရောက်သွားတဲ့ ရေကန် တစ်ခုပါ။ Lake Livingston လို့ခေါ်ပါတယ်။ ဟိုဘက်ကမ်း ကို ကောင်းကောင်း မမြင်ရပါဘူး။ အချက်စစ်ကြည့်တော့ အင်းလေးကန် ထက် သုံးဆလောက် ပိုကြီးတယ်။ အရွယ် က ယူအက်စ် နံပါတ် ၄၂။ တက္ကဆက် မှာ ဒုတိယ၊ တက္ကဆက် မှာ အကြီးဆုံး Toledo ကလည်း ရေလှောင်တမန် တစ်ခုပါပဲ။ ဒီ Lake Livingston က ရေလှောင်ဘို့ တမင် တူးထားတဲ့ ရေလှောင်ကန်နဲ့ လို့ဆိုပါတယ်။ ၁၉၆၆ မှာ တူးတယ် ၁၉၆၉ မှာ တူးလို့ ပြီးတယ် လို့ ဆိုပါတယ်။ ယူအက်စ်နိုင်ငံတစ်ဝှမ်း မှာ ရေချိုလှောင်ဘို့ လူတူးထားတဲ့ ကန် အချို့ကို လည်း တွေ့နိုင်ပါတယ်။ ဒီနေရာ မှာ အကြီးဆုံး တူးကန် ဖြစ်တဲ့ Lake Oahe (man-made) ကြောင့် နေရာရွှေ့ပေးလိုက်ရတဲ့ ဒေသခံ တွေ ကို ဒုက္ခရောက်စေပုံ ကို လည်း မမေ့စေချင်ပါ။ ရွှေ့ပြောင်း တိုင်းရင်းသားတွေ နေရာသစ်မှာ မနေတတ်၊ မလုပ်တတ်၊မကိုင်တတ် နဲ့ ဆင်းရဲတွင်း နက် သွားတဲ့ အကြောင်း ကိုလည်း တွေ့ရပါတယ်။ (နှစ်ဘက် မျှ စဉ်းစားနိုင်ရန် ဖြစ်ပါတယ်။)ုခုလို ရေကန်တွေ တူးထားတာ သာ မဟုတ်ရင် ယူအက်စ် က ကုန်းတွင်းများတဲ့ နိုင်ငံ မို့ မြန်မာပြည် အညာဒေသ ထက် ရေရှားမှာ သေချာပါတယ်။ ဒီလို ကန်တွေ မှာ လှေလှော် ငါးမျှားလို့ ရပါတယ်။ အပန်းဖြေ စက်ဘီးစီး၊အပြေး နဲ့ ညအိပ် Camping အတွက် ပန်းခြံတွေ ရှိလေ့ရှိပါတယ်။ အကောင်သေးရင် ဥပဒေ အရ ပြန်လွှတ်ပေးရတယ်။ စီးပွားဖြစ် မျှားတယ် လို့ ယူဆရင်တော့ နောက်တစ်ခါ ပေးမမျှားတော့ဘူး လို့ ဆိုပါတယ်။ (ပြောပြတဲ့ သူက ဝါသနာ ရှင် ဆိုပေမဲ့ တစ်ခါတစ်လေ စီးပွားဖြစ်မျှားတာ၊ ငါးအကောင်အကြီးကြီးတွေ မှ ရွေးမျှားတာ၊ ရတဲ့ ငါးကို တရုတ်ဆိုင် သွင်း၊ ငါးခြောက်လုပ်၊ ဒါပေမဲ့ လူမြင်မကောင်း အောင် မလုပ်တော့ ပြဿနာ မဖြစ်ဘူး။)... အညာဒေသ မှာ နွေရာသီရေရှားတယ် ဆိုပေမဲ့ မိုးရာသီ မှာ ဧရာဝတီ နဲ့ ချင်းတွင်း မြစ်ကြောင်းတစ်လျောက်၊ မတန်တဆ ရေကြီးလေ့ရှိပါတယ်။ ရေချို ကို မထိန်းရင် ပင်လယ်ထဲ ပြန်စီးသွားမှာပါပဲ။ စနစ်တကျ စီမံ လို့ ကံကောင်းရင် ရေအားလျှပ်စစ်တောင် ရချင်ရအုံးမယ်။ Planning & ESIA Assessment ကောင်းကောင်းလည်း လိုပါလိမ့်မယ်။ ဆည်မြောင်း ဌာန က အင်ဂျင်နီယာ တွေ Master Plan တော့ ရှိလောက်မယ် ထင်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း ရေအရင်း အမြစ်နဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန အောက်မှာ ပြဌာန်းထားတဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးနည်းဥပဒေ - 22nd Jan 2013 နဲ့ အသင်းအဖွဲ့တစ်ခု ကို တွေ့မိပါတယ်။ ဘယ်လို Enforce လုပ်မလဲ တော့ သေချာမသိသေးပါဘူး။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးနည်းဥပဒေ ကို အကောင်အထည် ဖော်မယ် ဆိုရင် ပထမဆုံး လုပ်ရမှာ က ပို့ဆောင်ရေး အောက်က သဘောင်္တိုင်း မှာ မိလ္လာကန် ထည့်ဘို့ နဲ့ ဒီမိလ္လာ ကန်ထဲ က ရေဆိုး တွေ ကို စနစ်တကျ ရွှေ့ပြောင်း သန့်စင် စွန့်ထုတ်နိုင်ဘို့ ပါ။ နောက်ရေထဲ ကို အညစ်အကြေးတွေ စွန့်နေတဲ့ စက်ရုံတွေ နဲ့ သတ္တုတွင်း ကိစ္စတွေ ကိုလည်း ကြပ်မတ်နိုင်ဘို့ လိုပါလိမ့်မယ်။ ပတ်ဝန်းကျင် နဲ့ အကျိုးသက်ရောက် မှု ဆန်းစစ်ချက် (Environmental and Social Impact Assessment) မြန်မာပြည်မှာ ဒီနေရာမှာ ESIA နဲ့ သက်ဆိုင်တဲ့ အချက် တွေ နဲ့ ပတ်သက်ပြီး စနစ်တကျ လေ့လာ ဆန်းစစ် မှု မလုပ်တဲ့ တာတမံ အချို့ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေ၊ ရေမျောသွားတဲ့ အိမ်တွေ ရဲ့ အဖြစ်အပျက် တွေ ရှိခဲ့တာ ကို လည်း လူတိုင်း သိချင်မှ သိပါလိမ့်မယ်။ နောက် စိနပြည်က စွန့်ပစ်လိုက်တဲ့ အမှိုက် သာပေါင်း စက္ကူစက်ကြီး ကြောင့် မျိုးတုန်းသွားတဲ့ ငါးတွေ အကြောင်းလည်း မမေ့စေချင်ပါ။ လေ့လာနိုင်ဘို့ လင့်ခ်တွေ အောက်မှာ ပေးလိုက်ပါတယ်။ ၁)https://en.wikipedia.org/wiki/Lake_Livingston ၂)http://tpwd.texas.gov/state-parks/lake-livingston/ ၃)https://en.wikipedia.org/wiki/List_of_largest_lakes_of_the_United_States_by_area ၄)Google Map: Lake Livingston - https://www.google.com/maps/place/Lake+Livingston,+Texas/@31.0751863,-94.5438413,8z/data=!4m2!3m1!1s0x8647976e43e256bd:0x403180354aba4322 ၅)EPA Protecting Water Resources with Higher-Density Development - http://www.epa.gov/smartgrowth/protecting-water-resources-higher-density-development ၆)EPA National Lakes Assessment - http://www.epa.gov/national-aquatic-resource-surveys/nla

Read More... [ အကျယ် ဖတ်ရန်... ]

Saturday, February 6, 2016

သောက်သုံးရေ အဆင့်အတန်း စံ (Potable Water Quality)

သောက်သုံးရေ ကို ပိုက်နဲ့ ဖြန့်ဝေတဲ့ စနစ် ( Domestic / Potable Water Supply Systems) တွေ မှာ ပေးဝေထားတဲ့ ရေက သတ်မှတ်ထားတဲ့ စံချိန် နဲ့ အညီ သောက်သုံးရေ အဆင့်မှာ အမြဲတမ်း ရှိနေအောင် ဂရုစိုက် ပေး ရပါတယ်။ Water Source မူရင်းထုတ်ယူတဲ့နေရာ၊ ရေစစ်တဲ့စနစ်၊ ရေဖြန့်ဝေတဲ့ ပိုက် စနစ် နောက်ဆုံး ဘုံဘိုင်ခေါင်း၊ ရေသုံးတဲ့ နေရာအားလုံး (အစ မှ အဆုံး အထိ) ရေသန့်စင်အောင် နဲ့ အပြင် က အညစ်အကြေး တွေ လုံးဝ ဝင် မလာနိုင်အောင်၊ စနစ် အထဲမှာ လည်း (ဥပမာ သံချေး၊ ဘက်တီးရီးယား) မပွားရအောင်၊ ရေပြောင်းပြန် လည်း မစီးနိုင်အောင် သေသေချာချာ ဂရုစိုက် ပေးရပါတယ်။
ဒီရေတွေ ရဲ့ ရှိသင့်တဲ့ စံညွှန်း အဆင့်အတန်း တွေ ကို World Health Organization ( WHO) ရဲ့ လမ်းညွှန်မှာ အပိုင်းလေးပိုင်း ရှု့ထောင့်လေးခု ကနေ ခွဲခြား သုံးသပ်ပြထားပါတယ်။


    ... Back to Top [Table of Contents]....
  1. Microbial Aspect: အနုဇီဝ ပိုးမွှား ဆိုင်ရာ ရှုထောင့်။
  2. အနုဇီဝ ပိုးမွှား ဆိုင်ရာ ရှုထောင့် ကနေ ကြည့်တဲ့ အခါ လူတွေ ဝမ်းပျက်ဝမ်းလျှော၊ အော့အန်၊ ကြွက်တက် စေနိုင်တဲ့ ပိုးမွှားတွေ နဲ့ အခြားဘေးဖြစ်စေ မဲ့ ပိုးမွှားတွေ လူတွေ အန္တရာယ် ဖြစ်စေနိုင်လောက် တဲ့ အထိ မပါဝင်စေဘို့ ပါ။ ဒီအထဲ မှာ နာမည်ကြီး Legionella & e-coli bacteria တွေ လည်း ပါဝင်ပါတယ်။
    E-coli ( Escherichia coli) ဆိုတာကတော လူတွေရဲ့ အူသိမ် နဲ့ တိရစ္ဆာန် တွေရဲ့ အူလမ်းကြောင်းမှာ ပေါက်ပွားရှင်သန် နေတဲ့ အစာကြေချက် မှု အတွက် မရှိမဖြစ် ဘက်တီးရီးယား တစ်မျိုးပါ။ သူ့ကို လူတွေ နဲ့ တိရစ္ဆာန် တွေ စွန့်ထုတ် လိုက်တဲ့ အညစ်အကြေး တွေ မှာ တွေ့နိုင်ပါတယ် (မှတ်ရလွယ်တာ ပေါ့ အီး-ကိုလိုင်) ။ E-coli အမျိုးအစား အချို့က ဘာဒုက္ခ မှ မပေးပေမဲ့ အချို့ ကတော့ အသက်ကို ပါရန်ရှာ နိုင်ပါတယ်။ (မှတ်ချက်။ ။ ဒိန်ချဉ်ထဲမှာ ပါတဲ့ အစာခြေ ဘက်တီးရီးယား တွေ က E-coli မဟုတ်ပါ။ ဒိန်ချဉ်ထဲ မှာ E-coli ပါရင်လည်း ဒုက္ခပေးနိုင်ပါတယ်။)
    နောက်တစ်ချက် က E-coli တွေ့တယ် ဆိုတာ နဲ့ လူတွေ၊ တိရစ္ဆာန် တွေ ဆီ က အခြား ရောဂါပိုးမွှားတွေ လည်း ပါဘို့ အခွင့်အလမ်း များတယ် ဆို တဲ့ အချက်ပါ။
    သောက်သုံးရေ ကြည်လင်ဘို့ ကလည်း လိုအပ်ချက် တစ်ခုပါ။ ရေမကြည်လင်စေတဲ့ အချက်တွေ ဖြစ်တဲ့ ရေအနည်ပါတာ ရေနောက်တာ တွေ က လည်း အနုဇီဝ ပိုးမွှားတွေ ပါဝင်နှုန်း နဲ့ တိုက်ရိုက်နီးပါး ဆက်စပ်နေပါတယ်။ Total Suspended (TSS) & Turbidity / Total Dissolved Solid (TDS) တွေ ကို စံသတ်မှတ် တိုင်းတာနိုင်ပါတယ်။
    အခြား ပိုးမွှားဆိုင်ရာ အချက်တွေ အကြောင်းကို လည်း စိတ်ဝင်စား ရင် မှီငြမ်းစာရင်း မှာပေးထားတဲ့ WHO-Guidelines for Drinking-Water Quality စာအုပ်ကို ဒေါင်းလုပ်လုပ် ပြီး ဖတ်နိုင်ပါတယ်။

    ... Back to Top [Table of Contents]....
  3. Chemical Aspect: ဓာတ်သတ္တု ဆိုင်ရာ ရှုထောင့်၊
  4. ဓာတ်သတ္တု ဆိုင်ရာ ရှုထောင့် ကနေ ကြည့်တဲ့ အခါမှာလည်း ရေထဲမှာ ပျော်ဝင်နေတဲ့ အထဲက ချက်ချင်း အဆိပ်သင့်နိုင်တဲ့ ဓာတ်ပေါင်း၊ ရေရှည်မှာ ဒုက္ခပေးမဲ့ ဓာတ်ပေါင်း၊ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်ပေါင်း စသည်ဖြင့် တွေ့နိုင်ပါတယ်။ ဒီအထဲ မှာ အာဆင်းနစ် ( Arsenic)၊ ခဲ ( Lead)၊ ပြဒါး ( Mercury)၊ ဆိုင်ယာနိုတ် ( Cyanide) တွေ က နာမည်ကြီး အဆိပ်တွေပါ။
    Lead (ခဲ) ကို ကယ်လီဖိုးနီးယား မှာတော့ ချက်ချင်းပဲ သေတော့မဲ့ အဆိပ်တစ်ခု သဘောထား ရွံ့ကြပါတယ်။ လက်ရှိ US မှာ ပိုက်ဆက်ပစ္စည်း တွေ က ခဲ အနည်းဆုံး (သို့) ခဲလုံးဝ သန့်စင်တဲ့ ( Lead-Free) ပစ္စည်းတွေ ကို ပဲ သုံးခွင့် ရှိပါတယ်။
    EPA မှာတော့ ရေသန့်ဘို့ အတွက် သုံးတဲ့ ဓါတုပစ္စည်း ( Disinfectants) တွေ နဲ့ ဒီပစ္စည်းတွေ ကို သုံးလို့ ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ ကို လည်း ကန့်သတ်ပါတယ်။
    EPA မှာတော့ ရေသန့်ဘို့ အတွက် သုံးတဲ့ ဓါတုပစ္စည်း ( Disinfectants) တွေ နဲ့ ဒီပစ္စည်းတွေ ကို သုံးလို့ ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ ကို လည်း ကန့်သတ်ပါတယ်။
    • Disinfectants အနေနဲ့ သုံးတဲ့ ကလိုရင်း တွေ က မျက်စေ့၊ နှာခေါင်း နဲ့ အရေပြားယားယံတာ၊ အစာအိမ် သွေးနီဥ လျော့နည်းတာ တွေ ဖြစ်စေနိုင်တာ မို့ သုံးမဲ့ နေရာမှာ ရှိတဲ့ Residual Chlorine ကို ကန့်သတ်ပါတယ်။
      ဒီနေရာ မှာ အတွေ့အကြုံ အချို့အရ ပြောရမယ် ဆိုရင် မလေးရှား၊ စကာင်္ပူ က ရေတွေ မှာ Residual Chlorine အတိုင်းအတာ တစ်ခု အထိ ပါတာမို့ သောက်တဲ့ အခါ အနံ့ သိသာပါတယ်။ ဒီရေတွေ ကို ငါးကန်ထဲ ထည့်မယ် ဆိုရင် ငါးတွေ မသေရင်တောင် သက်တမ်းတို ပါလိမ့်မယ်။ ကလိုရင်း က ရေထဲမှာ breakdown လုပ်တာ မြန်ပါတယ်။ ဒါကြောင့် တစ်ဆင့် ရေကန်ထဲ မှာ တစ်ရက် တန်သည်၊ နှစ်ရက်တန်သည် ချင့်ပြီး ခန လှောင်ထားပေးပြီး မှ ငါးကန်တွေ ထဲ ထည့်ရင် အဆင်ပြေ လေ့ရှိပါတယ်။
      Water Features လို Legionella ဘက်တီးရီးယား ထိန်းဘို့ ကလိုရင်း ဆက်တိုက်ထည့်ထားတဲ့ ရေကတော့ ငါးတွေ အတွက် အဆိပ်ပါပဲ။ ပရောဂျက် တစ်ခု မှာ အပေါ်က Water Features အောက်မှာ Koi Fish Pond ထားတာ အပေါ်က ရေတွေလျှံပြီး အောက် က ငါးကန်ထဲ ကျလို့ ငါးတွေ အကုန်သေ ကုန်တာ ကြားဘူးပါတယ်။ (အတော် လျော်လိုက်ရတယ် လို့ လည်း ကြားလိုက်ရပါတယ်။)
    • ကလိုရင်း နဲ့ ဓာတ်ပြု ပြီး ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ မှာလည်း ကင်ဆာဖြစ်စေ နိုင်တဲ့ Bromate, Chlorite, Haloacetic acids ( HAA5) & Total Trihalomethanes ( TTHMs) တွေကလည်း ကင်ဆာ နဲ့ အခြား ဆိုးကျိုးတွေ ကို ဖြစ်စေနိုင်တာ မို့ ကန့်သတ်ပါတယ်။

    ... Back to Top [Table of Contents]....
  5. Radiological Aspect: ရေဒီယို ဓာတ်ကြွမှု ဆိုင်ရာ ရှု့ထောင့်။
  6. ရေဒီယို ဓာတ်ကြွမှု ဆိုင်ရာ ရှု့ထောင့် ကနေ ကြည့်တဲ့ အခါမှာ လည်း ဒီဓာတ်ကြွ ပစ္စည်းတွေ ပါဝင်မှု အတိုင်းအတာ နဲ့ လူတွေ အပေါ် ဘယ်လောက်အထိ ဒုက္ခပေးနိုင်သလဲ ဆိုတဲ့ အချက်နဲ့ပဲ ကြည့်တာပါ။ Alpha, Beta, Radon စတဲ့ ရေဒီယို ဒြပ်ပေါင်း တွေ ကို ကန့်သတ်ချက် တွေ ပါဝင်ပါတယ်။

    ... Back to Top [Table of Contents]....
  7. Acceptability Aspect: Taste, odour and appearance: (အရသာ၊ အနံ့၊ အရောင်အဆင်း) လက်ခံနိုင်မှု ဆိုင်ရာ ရှု့ထောင့်
  8. အရသာ၊ အနံ့၊ အရောင်အဆင်း (အမြင်) လက်ခံနိုင်မှု ရှိ မရှိ ဆိုတာက တော့ လူတွေ ကြိုက်နှစ်သက်တာ၊ မကြိုက်နှစ်သက်တာ နဲ့ တိုက်ရိုက် သက်ဆိုင်လေ့ရှိပါတယ်။ အများအားဖြင့် ကျန်းမာရေး နဲ့ တိုက်ရိုက် မသက်ဆိုင် ရင် တရားဝင် ကန့်သတ်မှု နည်းပါတယ်။
    ရေစေးတာ ( Calcium / Ca Salt ထုံးဓာတ်ပါတာ) က လည်း အများအားဖြင့် ဥပဒေ အရ တရားဝင် ကန့်သတ်ချက် မှု ရှိချင်မှ ရှိပါမယ်။ ဒီနေရာ မှာ စံ နဲ့ တိုက်ရိုက် မသက်ဆိုင် တဲ့ အကြောင်းအရာ တစ်ခု ကို ဆွေးနွေးချင်ပါတယ်။
    Water Softner လို့ခေါ်တဲ့ ရေစေးကို ရေသွက်ဖြစ်အောင် လုပ်တဲ့ နည်းတွေ ရှိပါတယ်။ အများအားဖြင့် ရေစေးစေတဲ့ Calcium ( Ca) Salt တွေကို ရေသွက် Sodium ( Na) Salt သို့ Potassium ( K) Salt နဲ့ Iron Exchange လုပ်တာပါ။
    ကျန်းမာရေး အရ ကြည့်ရင် Calcium က လူတွေ အကျိုးပြုတယ် Sodium က မကောင်းဘူး ဆိုတဲ့ အချက်ပေါ် အခြေခံ ပြီး Water Treatment Specialist တွေ နဲ့ ဆွေးနွေးဘူးပါတယ်။ Sodium ဆိုတာလည်း လိုအပ်တဲ့ minierals တစ်ခုပါ။ ဆိုလိုတာက ကျန်းမာရေး အရ ထိခိုက်မှု အနည်းအများ ရှိနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းတာရ ခက်ပါတယ်။ ပါဝင်တဲ့ ppm ပေါ်မှာ မှီပါလိမ့်မယ်။
    အဓိက ကတော့ အမြင် အတွက် လုပ်ကြတာပါ။ ရေစေး က ထုံးဓာတ်က (ရေနွေးအိုး ဓာတ်ဘူးကို ဂျိုးကပ်စေသလို) ရေချိုးခန်း မှန်တွေ၊ ကြွေခွက်တွေ။ ပန်းကန် ခွက်ယောက် တွေ ကို စွန်းစေတယ်။ သန့်ရှင်းရေးလုပ်ရခက်တယ်။ ပိုက်တွေ ထဲ မှာ ဂျိုးကပ်တယ်။ ပိတ်တယ်။ ကျန်းမာရေး နဲ့ သိပ်မသက်ဆိုင်တာမို့ ရေဝေတဲ့ စနစ်တွေ မှာ တော့ EPA တရားဝင် တားမြစ်ချက် မရှိပါဘူး။ နောက် RO စနစ် ကစစ်ထုတ်လိုက်တဲ့ ရေ ကျပြန်တော့လည်း လိုအပ်တဲ့ Minerals သတ္ထု ဓာတ် တွေ ကုန်လု နီးပါးဖြစ်အောင် သန့်လွန်းလို့ PH7 ဆို ပေမဲ့ အက်ဆစ် လို ဖြစ်သွားတယ်။ ခန္ဓာကိုယ်ထဲ က ဓာတ်သတ္တုတွေ ကို ပြန်စုတ်ယူနိုင်တယ်။ ဒါကြောင့် ရေသန့် စက်ရုံတွေ မှာ လိုအပ်တဲ့ သတ္ထု ဓာတ် တွေ ကို အရသာ အတွက် ပြန်ထည့်ပေးလေ့ရှိပါတယ်။ အဲ ကော်ဖီဖျော်ရင်တော့ ကောင်းမှကောင်း။

နိုင်ငံတကာ မှာ ပိုက်နဲ့ ရေပေးဝေတဲ့ စနစ်တွေ မှာ ဒီ စံနှုန်း နဲ့ ကန့်သတ်ချက် တွေ ကို လိုက်နာ ရလေ့ရှိပါတယ်။
ဒီအရည်အသွေး ကို ထိန်းဘို့ အတွက် ရေဖြန့်ဝေပေးတဲ့ အဖွဲ့အစည်း တွေ ရော၊ ပိုက်ဒီဇိုင်း လုပ်ပေးတဲ့ အင်ဂျင်နီယာ ရော၊ ဆင်ပေးတဲ့ လိုင်စင်ရ ပိုက်ဆက်သမား ရော အားလုံးမှာ တာဝန် ရှိပါတယ်။ ဒီစည်းကမ်းချက် တွေ ကို ခပ်ပေါ့ပေါ့ ထားလို့ မရပါဘူး။ ချွင်းချက် မရှိ လိုက်နာ ကြဘို့လိုအပ်ပါတယ်။ စည်းကမ်း က အဆင့်အတန်း မမီရင်၊ မလုံလောက် ရင် ပြင်ရပါမယ်။

မြန်မာပြည် မှာ လည်း ဒီစံ တွေ ကို ထိန်းဘို့ အချိန် ရောက်လာ တော့မှာပါ။

အောက်က မှီငြမ်းထဲ မှာ သောက်သုံးရေ အဆင့်သတ်မှတ်ချက် တွေ ကို ရယူနိုင်ပါတယ်။

မှီငြမ်း။
  1. WHO : Guidelines for Drinking-Water Quality, Fourth Edition
    http://www.who.int/entity/water_sanitation_health/publications/dwq_guidelines/en/index.html
  2. SG-PUB: Water Quality
    http://www.pub.gov.sg/general/watersupply/Pages/DrinkingWQReport.aspx
    x
  3. US-EPA: Table of Regulated Drinking Water Contaminants
    http://www.epa.gov/your-drinking-water/table-regulated-drinking-water-contaminants
ပထမ အဆင့် ဖြစ်တဲ့ သောက်သုံးရေ Water Quality အဆင့်မှီတဲ့ ရေတွေ ဝေပေး ပေမဲ့လည်း လမ်းမှာ (သို့) အဆောက်အအုံ ထဲ က ပိုက်တွေ မသန့် လို့ သောက်သုံးရေ ထဲမှာ ပိုးမွှားတွေ နဲ့ အခြား အညစ်အကြေးတွေ ပါလာနိုင်ပါတယ်။ ဒီလိုအပ်ချက် တွေ ကို အရင်က ရေးခဲ့ ဘူးတာတွေ ရှိသလို ဆက်လက် ပြီးလည်း တင်ပြပေးသွား မှာ ဖြစ်ပါတယ်။

Read More... [ အကျယ် ဖတ်ရန်... ]

Sunday, January 17, 2016

မြို့တော် စည်ပင်သာယာ အဆင့်အတန်း နှင့် မီးအာမခံ ကုမ္ပဏီ များ၏ အခန်းကဏ္ဍ။

Building Codes တွေ အစ နဲ့ Life Safety လိုအပ်ချက် တွေကို အခြား Perspective ကနေ ကြည့်ကြရအောင် ပါ။ မီးအာမခံ စနစ် တွေ နဲ့ ပရီမီယံ သတ်မှတ်ချက် တွေ အတွက် အရေးပါတဲ့ အချက် တစ်ချို့ ကို တင်ပြပေးမှာ ဖြစ်ပါတယ်။

  1. General
  2. Public Protection Classification (PPC) : အများပြည်သူ ကာကွယ်မှု အဆင့်အတန်း သတ်မှတ်ခြင်း။
  3. သုံးသပ်ချက်
  4. မှီငြမ်း
  5. PDF Download:
  1. General
  2. ဖွံ့ဖြိုးပြီး နိုင်ငံတွေ ရဲ့ မြို့ပြ အဆောက်အဦ တွေ မှာ Building Codes တွေ ရှိတယ်။ မီးဒါဏ် ခံနိုင်ရည် ကိုလည်း သတ်မှတ်ထားတဲ့ အတိုင်း ထည့်သွင်းတည်ဆောက်ထားတယ်။ ခေတ်မီတဲ့ မီးဘေးကာကွယ်ရေး နဲ့ မီးသတ်စနစ် တွေလည်း ရှိတယ် ဆိုပေမဲ့ မီးလောင်ဆုံးရှုံး မှု ကို ရာနှုန်းပြည့် ကာကွယ်ပေးလို့ မရနိုင်ပါဘူး။
    ဒါကြောင့်အဆောက်အဦ တိုင်းလိုလို မီးအာမခံ ထားကြလေ့ရှိပါတယ်။ အဲ မီးအာမခံ ပေးတဲ့ ကုမ္ပဏီတွေ (Insurance Companies) က လည်း မီးဘေးကာကွယ်ရေး ဘယ်လောက် ကောင်းလည်း ကြည့်ပြီး မှ အာမခံ ပေးတတ် ကြတာပါ။ (သူတို့ လည်း အကျိုးအမြတ် ရချင်လို့ လုပ်ကြတာပဲ လေ။ သူတို့ အတွက် Risk သိပ်များနေရင် အာမခံ ဘယ်ပေးချင်မှာလဲ။ သူတို့ပါ ဒေဝါလီ ခံရဘို့ ဖြစ်သွားမှာပေါ့။)
    ဒါကြောင့် Buildings Codes တွေ သတ်သတ်မှတ်မှတ် ပေါ်လာရ တဲ့ အကြောင်းထဲ မှာ Insurance Companies တွေ ရဲ့ ပါဝင်ခဲ့ မှု ကလည်း အရေးပါခဲ့ပါတယ်။
    Building Codes တွေ က လည်း အဆောက်အဦ တိုင်း မှာ Automatic Fire Detection & Fire Suppression Systems တွေ ထည့်ရမယ်လို့ သတ်မှတ်ထားတာ လည်း မဟုတ်ပါဘူး။ ကုန်ကျစရိတ် မျှတ မဲ့ အရွယ်အစာ (သို့) အခြေအနေ ကို သုံးသပ်ပြီး အနည်းဆုံး ထည့်သွင်းပေးရမဲ့ လိုအပ်ချက် ကို ပဲ သတ်မှတ်ပေးထား တာပါ။ သတ်မှတ်ထားတဲ့ အနည်းဆုံးလိုအပ်ချက် ထက် ပိုပြီး ထည့်ချင် ရင်ကတော့ ပိုင်ရှင် က ဆုံးဖြတ်ဘို့ပါ။
    မီးသတ်တပ်ဖွဲ့ နဲ့ မီးသတ်တပ်ဖွဲ့ အတွက် အဆင်သင့် ဖြစ်နေဘို့ လိုအပ်တဲ့ စနစ် တွေ က မီးလောင်ဆုံးရှုံးမှု တွေကို လျှော့ချ နိုင်ဘို့ အဓိက အားထားစရာ အဆင့်မှာ ရှိနေပါတယ်။ ဒီနေရာ မှာ မြို့တစ်မြို့ (သို့) ရပ်ကွက် တစ်ခု ရဲ့ Municipal Services (စည်ပင်သာယာ ဝန်ဆောင်မှုတွေ) ထဲမှာ မီးဘေးကာကွယ် မှု အဆင်သင့် ရှိမှု၊ မရှိမှု (ဝါ) ကာကွယ်မှု အဆင့်အတန်း ရဲ့ အရေးပါမှု ကို လေ့လာရအောင် ပါ။

    ... Back to Top (Contents)....
  3. Public Protection Classification (PPC) : အများပြည်သူ ကာကွယ်မှု အဆင့်အတန်း သတ်မှတ်ခြင်း။
  4. US မှာ မြို့တစ်မြို့ရဲ့ စည်ပင်သာယာ ဝန်ဆောင်မှု (Municipal Services) တွေ နဲ့ ပတ်သက်ပြီး စစ်ပေးတဲ့ အဖွဲ့အစည်း တစ်ခု ရှိပါတယ်။ Insurance Service Office (ISO) လို့ ခေါ်ပါတယ်။ (International Standard Organization နှင့် မမှားစေလိုပါ။) ဒီလို စီစစ်ပြီးရင် ရလာတဲ့ အချက်အလက် တွေ ကို အာမခံ ကုမ္ပဏီ တွေ ကို ပြန်ရောင်းစားပါတယ်။ (ခုတော့ ဝယ်တဲ့ ကုမ္ပဏီ တွေ နည်းလာပြီ လို့ သိရပါတယ်။ စကားချပ်။)
    ISO က Fire Suppression Rating Schedule ( FSRS) ဆိုတာနဲ့ အများပြည်သူ ကာကွယ်မှု အဆင့်အတန်း Public Protection Classification (PPC) ကို 1 ကနေ 10 အထိအဆင့်ခွဲ သတ်မှတ်ပါတယ်။ အဆင့်  1 က အကောင်းဆုံးပါ။ 1-8 က လက်ခံနိုင်တဲ့ အထဲမှာ ပါပါတယ်။ အဆင့် 9 မှာ လက်မခံနိုင်တဲ့ အချက် တစ်ချက် က သင့်တော်တဲ့ ရေရနိုင်တဲ့ နေရာ (Fire Hydrant) နဲ့ ပေ တစ်ထောင် ထက် ပိုဝေးနေလို့ပါလို့ ဆိုပါတယ်။ အဆင့် 10 က တော့ ခရီးအကွာ အဝေး ငါးမိုင် အတွင်း မီးသတ်စခန်း မရှိလို့ပါတဲ့။ ဒါကို အဆိုးဆုံး အခြေအနေ လို့ သတ်မှတ် ပြီး မီးအာမခံ ပေးတဲ့ သူတွေ လက်ရှောင်တယ်။ ပေးရင်တောင် ပရီမီယံ အရမ်းများမယ် လို့ ဆိုပါတယ်။
    အဆင့် 9 & 10 အရ Public Hydrants တွေ နဲ့ မီးသတ်စခန်း တွေ ရဲ့ အရေးပါပုံ ကို သိနိုင်ပါတယ်။ ISO က FSRS နဲ့ ကဏ္ဍလေးမျိုး မှာ စစ်ဆေးသုံးသပ်ပါတယ်။
    1. Emergency Communications Systems: 10 Points
    2. Fire Department: 50 Points
    3. Water Supply: 40 Points
    4. Community Risk Reduction 5.5 Points
      Potential total of 105.5 points 

    1. Emergency Communications Systems ( မီးလှန့် အချက်ပေး သတင်းပို့ စနစ်များ )
    2. ပထမ Fire Alarms စနစ်တွေ ကနေ (သို့) အရေးပေါ် ဖုန်းစနစ် တွေက ပေးပို့ လာတဲ့ မီးလှန့်အချက်ပေးမှု တွေ ကို ဘယ်လိုကိုင်တွယ် စီမံ ခန့်ခွဲတယ် ဆိုတဲ့ အချက် ကို စစ်ဆေးသုံးသပ် ပါတယ်။
      မီးလန့်တဲ့ အခါ အလိုလို ဆက်သွယ် သတိပေးတဲ့ စနစ် တွေ က ခုချိန်မှာ သိပ်ပြီးခက်ခဲ လှတာ မဟုတ်တော့ပါဘူး။ Central Station Fire Alarm System ဝန်ဆောင်မှု တွေ အဆင်သင့် ရှိနေဘို့ တော့ လိုအပ်ပါမယ်။ ဒါဆိုရင် Panel သေးသေးတစ်ခုလောက်ပဲ အများဆုံး လိုအပ်နိုင်ပါတယ်။ နိုင်ငံတော်တော် များများ မှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြပါပြီ။ ကိုယ်ပိုင် အိမ်ခန်းမှာ တောင် တတ်လို့ ရနေတဲ့ အဆင့်ပါ။ ဆက်သွယ်ရေး စနစ်တွေ က လည်း ကောင်းနေပြီ မို့ ဘယ်လို သတင်းပို့ချင်ပိုချင် ဖြစ်နိုင်နေပြီ မဟုတ်ပါလား။
      စကာင်္ပူ မှာ တော့ Decentralised Fire Alarm Monitoring System (DECAM) Companies တွေ ရှိပါတယ်။ နာမည်ကြီး Security Company တွေများပါတယ်။ သူတို့ ဆီမှာ ချိတ်ဆက်ထားတဲ့ အဆောက်အဦ တွေ က မီးလန့် တဲ့ Fire Alarm Signal ရတယ်ဆိုရင် ချက်ခြင်း စိစစ်ပြီး SCDF ကို အကြောင်းကြားပေးပါတယ်။
      မလေးရှားမှာ လည်း ဒီလို စနစ်မျိုး ရှိပါတယ်။ Fire Alarm Signal ကို သီးသန့် ဖုန်းလိုင်းနဲ့ မီးသတ်ဌာန ကို အလိုလို ဆက်သွယ်ပေးတဲ့ စနစ်ပါ။
      NFPA ကတော့ Central Station Fire Alarm System လို့ ခေါ်ပါတယ်။ ဒီ ဝန်ဆောင်မှု ကိုပေးတဲ့ ကုမ္ပဏီ တွေ ဟာ Factory Mutual (FM) & Underwriters' Laboratory (UL) တစ်ခုခု ကနေ အသိအမှတ် ပြုဘို့ လည်း လိုအပ်လေ့ရှိပါတယ်။
      အမေရိက က အိမ်တွေ မှာ အချို့က GSM လိုင်းပါပြီး လုံခြုံရေး ဝန်ဆောင်မှု ပေးတာရှိပါတယ်။ ဖုန်းလိုင်း တောင် မလိုတော့ပါဘူး။ Home Alarm System နဲ့ပါ ချိတ်ထားတာမို့ သူခိုးဝင်ဝင် မီးလန့်လန့် သင့်တော်ရာ (ရဲစခန်း သို့ မီးသတ်ဌာန သို့ အရေးပေါ်ဆက်ဆံရေး ဌာန) ကို ဆက်သွယ်ပေးပါလိမ့်မယ်။

      ... Back to Top (Contents)....
    3. Fire Department ( မီးသတ်ဌာန )
    4. ဒုတိယ ကတော့ မီးသတ်ဌာန ရဲ့ အမြဲတမ်း အဆင်သင့် ဖြစ်နေမှု စွမ်းရည်ပါ။ မီးလန့်တဲ့ သတင်းရတာ နဲ့ ဘယ်လို တုန့်ပြန် နိုင်သလဲ ဆို ဆိုတဲ့ အရည်အသွေး ကို စိစစ်ပါတယ်။ မီးသတ်အင်ဂျင်၊ မီးသတ် လှေခါးအမျိုးမျိုး၊ စက်အရွယ်အစား၊ အရံစက်ပစ္စည်း နှင့် ကိရိယာ များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၏ အရေအတွက်၊ အရည်အချင်း နှင့် လေ့ကျင့်ပေးမှု စတာတွေ ကို အကဲဖြတ်ပါတယ်။ နောက် မြို့နယ်နမိတ် ထဲ က ဘယ် ပရဝုဏ် ဘယ်ခြံဝင်း မဆို မီးသတ်ဌာနတွေ အနီးနား ( ငါးမိုင်ခရီး အတွင်း ) မှာရှိမရှိ ကို လည်း အကဲဖြတ်ပါတယ်။
      မီးသတ်ဌာန (သို့) အပြင်က ဝန်ဆောင်မှုပေးတဲ့ မီးသတ်ယဉ် တွေ က လည်း ကွန်ပြူတာ စနစ် Computer Aided Dispatch Systems တွေ နဲ့ GPS စနစ်တွေ ကို သုံးပြီး စီမံခန့်ခွဲနိုင်ပါတယ်။
      မီလောင် ဆုံးရှုံးမှု တွေ ကို ကာကွယ် နိုင်ဘို့ မှာ အချိန်က စက္ကန့် နဲ့ အမျှ အရေးကြီး တာမို့ပါ။

      နိုင်ငံသားတွေ လိုက်နာရန် လိုအပ်ချက် ။ ။ မီးသတ်ကားတွေ အရေးပေါ်ကားတွေ က ဥသြဆွဲရင် အခြားကားတွေ အားလုံး လမ်းဖွင့်ပေးရပါမယ်။ လမ်းဘေးချရပ်ပေးရပါမယ်။ သူတို့ ကတော့ လွတ်တဲ့နေရာ က မောင်းသွားပါလိမ့်မယ်။ လမ်းအတည့် မရရင် လမ်းပြောင်းပြန် လည်း မောင်းခွင့်ရှိပါတယ်။ မြန်မာမီးသတ် ကားတွေ ကို လည်း ဥပဒေ နဲ့ ဒီလို လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ (လူတွေ မဖြစ်မနေ ဘေးဖယ်ပေး မပေးတော့ မသိပါ။ မီးသတ်က လူအချို့ပြောချက်အရ ဖယ်မပေးရင် ဆင်းဘေပလိုက်မယ် ဆိုလားပဲ။ )။
      မီးသတ်ကားနောက် ကပ် လိုက်တာ က ယာဉ်စီးကမ်း ချိုးဖောက်တာ ဖြစ်သလို၊ မီးကြည့်သွားတာ က လည်း အနှောင့်အယှက် ပေးခြင်း တစ်မျိုးမို့ ဥပဒေ နဲ့ တားမြစ်ပေးဘို့ လိုအပ်ပါတယ်။

      ... Back to Top (Contents)....
    5. Water Supply ( ရေပေးဝေ ရေး စနစ်များ )
    6. တတိယ အချက် က တော့ ရေပေးဝေတဲ့ စနစ်တွေ ကို စိစစ်အကဲဖြတ်တာပါ။ မီးသတ်ဘို့ အတွက် အရေးပေါ် အရံ ရေအား ဘယ်လောက် ရနိုင်မလဲ ဆိုတဲ့ အချက် ကို အလေးပေး ပါတယ်။ ပြီးရင် ဒီ အရံ ရေအား ပမာဏ က အရေးပေါ်အခြေအနေ မှာ မီးသတ်ဘို့ အတွက် အဆင်သင့်ရှိမလား၊ လုံလောက်မလား ဆိုတာ ကို စိစစ်ပါတယ်။ တပ်ဆင်ထားတဲ့ မီးသတ်ဘုံဘိုင်ခေါင်း (Fire Hydrants) တွေရဲ့ အရွယ်အစား၊ အမျိုးအစား၊ တပ်ဆင်ထားပုံ၊ ပြည့်စုံ ကောင်းမွန်မှု ရှိ၊ မရှိ၊ ပုံမှန် စစ်ဆေးမှု၊ ရေအားစစ်ဆေးမှု အစီအစဉ် တွေ ကို ပါ အကဲဖြတ်ပါတယ်။
      ဒီအချက် ကို အခြား Building / Fire Codes တွေ မှာ တွေ့နိုင် ပါတယ်။ လေ့လာနိုင်ဘို့ FEMA လို့ခေါ်တဲ့ ဘေး အန္တရာယ်ကာကွယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး ဆိုင်ရာ US အစိုးရ ဧဂျင်စီ ရဲ့ Water Supply Concept နဲ့ Fire Hydrants လိုအပ်ချက် စာအုပ် နှစ်အုပ် Links တွေ ပေးလိုက်ပါတယ်။
      FEMA Water Supply Systems and Evaluation Methods
      1. Volume I: Water Supply System Concepts
        https://www.usfa.fema.gov/downloads/pdf/publications/Water_Supply_Systems_Volume_I.pdf
      2. Volume II: Water Supply Evaluation Methods
        https://www.usfa.fema.gov/downloads/pdf/publications/water_supply_systems_volume_ii.pdf

      ဒီစာအုပ်တွေ ထဲ မြန်မာ Infrastructure Upgrade အတွက် အဖြေတစ်ခု ဖြစ်နိုင်တဲ့ District Water Supply Concept ကိုလည်း လေ့လာနိုင်ပါတယ်။

      ... Back to Top (Contents)....
    7. Community Risk Reduction ( ဆုံးရှုံးမှု လျော့ကျစေရန် ပြင်ဆင်မှု အစီအစဉ် များ။ )
    8. စတုတ္တအချက် ကတော့ နေထိုင်သူ ပြည်သူတွေ ရဲ့ ဆုံးရှုံးနိုင်မှု အခြေအနေ ကို လျော့ပါးအောင် ဘာတွေ၊ ဘယ်လို လုပ်နေသလဲ ဆိုတဲ့ အချက်ပါ။ မီးဘေးကာကွယ်ရေး အတွက် ဘာ Building Codes တွေ ရှိတယ်။ လိုက်နာမှု ရှိအောင် ဘယ်လို သတ်မှတ်ထားတယ်။ မီးဘေးကာကွယ် ရေး ပညာပေး အစီအစဉ် တွေ က ဘယ်လို။ မီးမတော်တဆ မှု တစ်ခု ဖြစ်ရင် ဘယ်လို စိစစ် စုံစမ်းမယ် ဆိုတဲ့ အချက်တွေ နဲ့ အကဲဖြတ် စိစစ်ပါတယ်။


    ... Back to Top (Contents)....
  5. သုံးသပ်ချက်
  6. မီးသတ်စနစ် တွေ မှာ စနစ်ကျနေ ပြီ ဖြစ်တဲ့ အမေရိကန် တွေ ရဲ့ စနစ်တွေ ကို မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ Insurance Office Data တွေ က အရင် က အရမ်းအားထား ခဲ့တဲ့ သဘောတွေ့ ရပါတယ်။ Code တွေ ပေါ်လာအောင် တွန်းအားပေးတဲ့ အထဲမှာလည်း ပါခဲ့ပါတယ်။ NFPA Fire Protection Handbooks တွေ မှာ ဒီ ISO data တွေ ကို မှီငြမ်းထားတာ တွေ့နိုင်ပါတယ်။ Building Codes တွေ Fire Prevention & Protection Practices တွေ၊ Codes & Standards တွေ ခုအခြေအနေ အထိရောက်လာတာ သူတို့ နဲ့ မကင်းဘူးလို ဆိုလိုချင်တာပါ။
    အမေရိက မှာ စီးပွားရေး အဆောက်အဦတွေ ကို သာမက အိမ်တွေ ကိုလည်း မီးအာမခံ ထားလေ့ရှိပါတယ်။ နောက်ဆုံး Apartment အိမ်ခန်းငှားတဲ့ အခါ လည်း စည်းကမ်းချက် အရ မီးအာမခံ ဝယ်ထားရတတ်ပါတယ်။ နေရာတကာ Insurance … ကား၊ ကျန်းမာရေး၊ အစုံ အစုံ...
    ခုနောက်ပိုင်း အချို့ Insurance Co. တွေ မှာ အလျော်အစား အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ကိုယ့်ဖာသာ စုနိုင်လာတဲ့ အခါ ဒီ ISO data တွေတောင် မဝယ်တော့ဘူးလို့ ကြားရပါသေးတယ်။ နောက် စည်ပင်သာယာ တွေ မှာ လည်း မီးသတ်စနစ် တွေ က စနစ်တကျ ထည့်လာပြီ။ မြို့သစ်တောင် မြို့မတည်ခင် ထဲ က Master Plan နဲ့ လာတာ ဆိုတော့... အာရှ နဲ့ အခြားနိုင်ငံ မှာ အမေရိကန် ကုမ္ပဏီ တွေ Factory Mutual (FM) မှာ အာမခံ ထားရင် သူတို့ မှာ ရှိတဲ့ Fire Protection Specialist တွေ က Fire Protection Drawings တွေ ကို စစ်ပြီး လိုတာတွေ ကို Comments ပေးတယ်။ ပစ္စည်းတွေ ဆိုလည်း တကယ့် အကောင်းတွေ သုံးရတာ။ ဆင်ပြီးရင် လည်း ကျေနပ်အောင် စစ်တယ်။ ပြီးမှ အာမခံ ပေးတယ်။ (အချို့ ကတော့ ကိုယ့်ဖာသာ Self-Insured လုပ်တာလည်း ရှိပါတယ်။)
    မီးသတ်စနစ် မှာ သုံးတဲ့ Appliances / Equipment အားလုံးလိုလို က UL Listed ဖြစ်ဘို့ လိုပြီး တစ်ခါတစ်ရံ FM Approved ဖြစ်ဘို့ လည်းလိုအပ်နိုင်ပါတယ်။

    Summary:
    ခြုံငုံပြီး သုံးသပ်ရမယ် ဆိုရင် Water Supply Infrastructure, Fire Department နဲ့ Fire Alarm Reporting & Emergency Response Systems တွေ က လည်း မြို့တစ်မြို့ရဲ့ မီးဘေး ကာကွယ်ရေး အဆင့်အတန်း ကို ဖော်ပြတာ ဖြစ်သလို မီးအာမခံ အတွက် လည်း အရေးပါကြောင်းပါ ခင်ဗျာ။


    ... Back to Top (Contents)....
  7. References:(မှီငြမ်း)
    1. NFPA Fire Protection Handbook, 20th Edition: Section 12
    2. ISO Mitigation: PPC Program, FSRS
      http://www.isomitigation.com/ppc-program/fire-suppression-rating-schedule-overview.html
    3. FEMA Water Supply Systems and Evaluation Methods
      1. Volume I: Water Supply System Concepts
        https://www.usfa.fema.gov/downloads/pdf/publications/Water_Supply_Systems_Volume_I.pdf
      2. Volume II: Water Supply Evaluation Methods
        https://www.usfa.fema.gov/downloads/pdf/publications/water_supply_systems_volume_ii.pdf
    4. FM Global http://www.fmglobal.com/
      1. FM Approvals http://www.fmglobal.com/page.aspx?id=50000000
      2. FM Approval Standards
        http://www.fmglobal.com/page.aspx?id=50030000
    5. UL http://ul.com/

    ... Back to Top (Contents)....
  8. PDF Download:
  9. Download "I003_R01 Municipal Services vs Fire Insurance.pdf" from Dropbox.
    https://www.dropbox.com/s/bwotvt0p009s7ki/I003_R01%20Municipal%20Services%20vs%20Fire%20Insurance.pdf?dl=0

Read More... [ အကျယ် ဖတ်ရန်... ]

Friday, December 4, 2015

သောက်သုံးရေ ညစ်ညမ်းမှု ကာကွယ် ခြင်း - EPA Cross Connection Control Manual

Cross Contamination & Back-flow Prevention သောက်သုံးရေ ပိုက်တွေ ကို သေချာ ဂရုမစိုက် ပဲ အမှတ်တမဲ့ တပ်ဆင်တဲ့ အခါ ရေညစ်ညမ်းမှု အမျိုးမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ဒီအတွက် US EPA က စာအုပ်တစ်အုပ် ကို တင်ပေးလိုက်ပါတယ်။
EPA Cross Connection Control Manual 

အင်မတန် အရေးကြီးတဲ့ ဒီလိုအပ်တွေ ချက် ကို စလုံး မှာ လည်း တွေ့နိုင်ပါတယ်။ မလေးရှား မှာ လည်း ရှိပါတယ်။ British Plumbing Institute’s Handbook မှာလည်း ပါပါတယ်။ IPC မှာလည်း ရှိပါတယ်။ ASPE Handbooks တွေ မှာလည်း တွေ့နိုင်ပါတယ်။ စနစ်တကျ မတွေ့ရသေးတဲ့ နေရာ က တော့ MNBC Part 5D – Plumbing Sections မှာပါ။ (ပြင်ရန်၊ ပြင်ရန်.... အပေါ်ယံတော့ ပါပါတယ်။) ပိုက်နဲ့သွယ်ပေးတဲ့ သောက်သုံးရေ တွေ ထဲကို အညစ်အကြေးတွေ ဝင်မလာ ဘို့ အတွက် သုံးတဲ့ နည်းအချို့ အနက် အသုံးများတဲ့ နှစ်မျိုး ကတော့ Air Gap & Back Flow Prevention Devices တွေ ပါ။
Air Gap ကိုတွေ့နိုင်တဲ့ နေရာတွေကတော့
၁) သောက်သုံးရေလှောင်ကန် Water Storage Tanks (Cisterns)
၂) အိမ်သာ ရေဆွဲကန် Water Closet Cistern
၃) လက်ဆေးကြွေခွက်၊ ရေပိုက်ခေါင်း Faucets (Sink Taps, Basin Taps) 

Back Flow Prevention Devices
Double Check Valve Assemblies:  စလုံးမှာ မှတ်မိသလောက် အောက်မှာ ဖော်ပြထားတဲ့ ပစ္စည်းတွေ ရဲ့ ရှေ့မှာ Double Check Assembly ခံပေးရပါတယ်။
၁) Cooling Tower Makeups
၂) Process Tanks (တစ်ခါတစ်ရံ ရေကန် ပေါ် ကတော့ခွက်တတ် + Air Gap)
၃)Fire Protection Systems
၎) Safety Showers
၅) Refuse Chute Tap
၆) Drinking Fountain
၇) Washing Machine

ကျန်ခဲ့တဲ့ ၁၅-၁၆ နှစ်တုန်း က ကျနော့ မန်နေဂျာ သင်ပေးတဲ့ပုံစံ ရွတ်ခိုင်းတာ ဒီလိုပါ။ ရေမီတာ Fire Hydrants Line (Gate + Drain + Check + Drain + Check + Gate) 

နောက် Single Check Valve ခံဆက်လေ့ ရှိတဲ့ ပစ္စည်းတွေ ကတော့။
၁) Flush Valves
၂) Hot-water Heaters

 US မှာလည်း ဒီလိုအပ်ချက် တွေရှိတာ ပါပဲ။ အပေါ်မှာ တင်ပေးထားတဲ့ စာအုပ် ကို ဖတ်လိုက်ရင် ပိုရှင်းသွား ပါလိမ့်မယ်။ ဒီနေရာ မှာ Dual Check Valves (Other terms or Double-Check Valves as this is one assembly) ကို Coffee Makers နဲ့ Refrigerators / Ice Makers တွေ မှာပါ သုံးထားတာ ပါ။ ပြဿနာ ဖြစ်ထားတဲ့ သမိုင်း ကို လည်း ရှာဖွေ နိုင်ပါတယ်။

Read More... [ အကျယ် ဖတ်ရန်... ]

Wednesday, December 2, 2015

အဝီစီ တွင်း နှင့် ရေသန့် စင်စနစ် များ

သောက်သုံးရေ ဖြန့်တဲ့ Domestic (Potable) Water Supply စနစ်တိုင်း မှာ ရေက သတ်မှတ်ထားတဲ့ စံချိန် နဲ့ အညီ သောက်သုံးရေ အဆင့်မှာ အမြဲတမ်း ရှိနေအောင် ဂရုစိုက် ပေး ရပါတယ်။ ယူတဲ့နေရာ၊ ရေစစ်စနစ်၊ ရေဖြန့်ဝေတဲ့ ပိုက် စနစ် နောက်ဆုံး ဘုံဘိုင်ခေါင်း၊ ရေသုံးတဲ့ နေရာအားလုံး အထိ အညစ်အကြေး အပြင် က နေ လုံးဝ မဝင်နိုင်အောင်၊ အထဲမှာ လည်း မပွား အောင်၊ ရေပြောင်းပြန် မစီးနိုင်အောင် သေသေချာချာ ဂရုစိုက် ရပါတယ်။ ဒီအတွက် ရေဖြန့်ဝေပေးတဲ့ အဖွဲ့အစည်း တွေ ရော၊ ပိုက်ဒီဇိုင်း လုပ်ပေးတဲ့ အင်ဂျင်နီယာ ရော၊ ဆင်ပေးတဲ့ လိုင်စင်ရ ပိုက်ဆက်သမား ရော အားလုံးမှာ တာဝန် ရှိပါတယ်။ ဒီစည်းကမ်းချက် တွေ ကို ခပ်ပေါ့ပေါ့ ထားလို့ မရပါဘူး။ ချွင်းချက် မရှိ လိုက်နာ ကြဘို့လိုအပ်ပါတယ်။ စည်းကမ်း က အဆင့်အတန်း မမီရင်၊ မလုံလောက် ရင် ပြင်ရပါမယ်။ (လက်ရှိ အစမ်း ထွက်ထားတဲ့ MNBC ရဲ့ Part 5D – Plumbing Code မှာ ပြင်ဘို့လိုအပ်ချက် တွေ မဖြစ်သင့်တာတွေ နဲ့ ခေတ် နောက်ပြန်ဆွဲထားတာတွေ အများကြီးပါ။ ဒါတွေ ကို ပြင်နိုင်အောင် လုပ် ပေးရပါမယ်။ ရောပြီး လိုက်နေရင် အနာဂါတ် မျိုးဆက်အတွက် မကောင်းပါဘူး။ နောက်မှသီးသန့် တင်ပေးပါမယ်။ စကားချပ်။)
အမေရိကန်နိုင်ငံ မြောက်ပိုင်း အိုဟိုင်းအို ပြည်နယ် မြို့နဲ့ အလှမ်းဝေးတဲ့ နေရာ မှာ အဆောက်အအုံ တချို့ ဆောက်ဘို့ ဒီဇိုင်း လုပ်ရတဲ့ အခါ ကိုယ်ပိုင် ရေတွင်း ပဲ အားကိုးစရာ ရှိတဲ့ နေရာ အချို့ ပါနေပါတယ်။ လူအနည်းငယ် အတွက် မို့ Tube-Well က အသင့်တော်ဆုံး ဖြစ်နေပါတယ်။ (မဟာရန်ကုန် မှာ တော့ အဝီစီတွင်း ဆိုတာ မရှိသင့်တာ နဲ့ နောက် ဘာနဲ့ တူလဲ မကြာခင် က မှ ရေးတင်ခဲ့ပါသေးတယ်။) လူ ၂၅ ယောက် အထက်၊ Public Water Supply ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး Evnironmental Protection Agency က ကိုင်ပါတယ်။ အကြောင်း လိုအပ်ချက် Links တွေ ကို တင်ပေးလိုက်ပါတယ်။
1) http://epa.ohio.gov/portals/28/documents/engineering/greenbook.pdf
2) http://epa.ohio.gov/ddagw/swap.aspxhttp://epa.ohio.gov/ddagw/pws.aspx#113432741-engineering
3) http://epa.ohio.gov/ddagw/DrinkingandGroundWaters.aspx

လူ ၂၅ ယောက် အောက် ကို တော့ ကျန်းမာရေး ဝန်ကြီးဌာန က ကိုင်ပါတယ်။ လိုအပ်ချက် က တော့ EPA ထက် မနိမ့်ပါဘူး။
https://www.odh.ohio.gov/odhprograms/eh/water/PrivateWaterSystems/PWSRules.aspx
P.S. အိုဟိုင်းအို ပြည်နယ် က မြောက်ပိုင်းကျတာ မို့ ဆောင်းရာသီ ဆို ရေခဲမှတ် အောက် အထိအတော်ကြာကြာ အေးနိုင်တာမို့ Freeze Protection လိုပါတယ်။ ကိုယ်ပိုင် ရေလှောင် ကန် ကို ရေမခဲ စေဘို့ မြေအောက် မှာ လည်း မြှုတ်ထားနိုင်ပါတယ်။ သို့သော် မြန်မာပြည် က ကန်ထရိုက် တိုက်တွေ လို ပြီးစလွယ် အုတ်ကန် လုပ်လို့ မရပါဘူး။

ပိုက်ပစ္စည်း တွေ နဲ့ ပတ်သက်ပြီး နဲနဲ ပြောပါအုံးမယ်။ ပိုက်ပစ္စည်း တွေ က သောက်သုံးရေ အတွက် သင့်တော်တဲ့ ပိုက်အမျိုးအစား ဖြစ်ရပါမယ်။ ကြက်တန်း က သွားဝယ်တဲ့ ကြေးပိုက်၊ ဂျီအိုင်ပိုက် (သို့) ပီဗီစီ ပိုက် နဲ့ ဆင်ပစ်လိုက် မယ် လုပ်လို့ မသင့်ပါဘူး။ ပြန်ကျိုထားတဲ့ recycled pvc သုံးလို့ မရသလို ရေဆိုး မိလ္လာ အတွက် လို့ သတ်မှတ် ထားတဲ့ ပိုက်အမျိုးအစား ကို လည်း သောက်သုံးရေ အတွက် သုံးလို့ မဖြစ်ပါဘူး။
ပီဗီစီ ရေဆိုး မိလ္လာပိုက် ကျတော့ လည်း ပိုက် Fittings တွေ ချိုးထားတဲ့ ပုံ မတူပါ။ (In US, we called Soil Waste and Vent Pattern, PVC Socket Fittings: ASTM D 2665, made to ASTM D 3311, drain, waste, and vent patterns and to fit Schedule 40 pipe. In Singapore, there are separate standards too…)

Cast Iron သံပိုက် တွေ က ရာစု နှစ်ပေါင်း များစွာ သုံးခဲ့ ပေမဲ့ ခုအချိန် မှာတော့ မှေးမှိန်သွားပါပြီ။ အဓိက ကတော့ သံချေးစား ပြီး အတွင်းမှာ ဗျုတ်ထ။ ရေထဲ မှာ လည်း သံချေးပါ။ နောက် Pipe Friction လည်း များလို့ပါ။

Copper Pipe ဆိုရင်လည်း အဓိက ကတော့ ပစ္စည်း သန့်ဘို့လိုပါတယ်။ အမှုန် မထွက် ဘို့ နဲ့
ခဲမပါဘို့၊ Dimension မှန်ဘို့ နဲ့ သတ်မှတ်ထားတဲ့ ပိုက်အထူ ရှိဘို့ တွေ လိုအပ်ပါတယ်။

GI (Galvanized Iron) ပိုက်လည်း ထိုနည်း ၄င်း ပါပဲ။ အရည်အသွေး သိပ်ကောင်းအောင် ထိန်းနိုင်တဲ့ စက်ရုံ က ထွက်တာ ဖြစ်ဘို့ လိုပါတယ်။ ပိုက်အတွင်း မှာ မကြာခင် သံချေး လိုက်လာပါမယ်။ နောက် Galvanizing Material ထဲမှာ ခဲပါရင် သွားပြီ။ ခဲဆိပ်သင့်ပေရော့။  (စကာင်္ပူ မှာ GI Pipe ကို သောက်သုံးရေ အတွက် သုံးခွင့် မရှိပါ။) Galvanizing လုပ်တယ် ဆိုတာ ကလည်း Zinc & Aluminum ကို အပူပေးအရည်ဖျော်ထားတဲ့ မီးဖိုထဲ နှစ်လိုက် အက်ဆစ်ထဲ နှစ်လိုက် လုပ်ပြီး ရလာတာပါ။ ပစ္စည်း မသန့် ရင် ခဲပါနိုင်ပါတယ်။

Lead (ခဲ) ကို ကယ်လီဖိုးနီးယား မှာတော့ ချက်ချင်း သေမဲ့ အဆိပ်လို ရွံ့ကြပါတယ်။ လက်ရှိ US မှာ ပိုက်ဆက်ပစ္စည်း တွေ က ခဲ အနည်းဆုံး (သို့) ခဲလုံးဝ သန့်စင်တဲ့ ပစ္စည်းတွေ ကို ပဲ သုံးခွင်ရှိပါတယ်။
PVC ဆိုရင်လည်း ရေထဲ ကို အဆိပ်မထွက် အောင် သေချာ လုပ်ထားတဲ့ အမျိုးအစား ဖြစ်ဘို့ နဲ့ လိုအပ်တဲ့ ရေဖိအား ဒါဏ် ကို ကောင်းကောင်း ခံနိုင်တဲ့ ပစ္စည်း ဖြစ်ဘို့ လိုအပ်ပါတယ်။ နေဒါဏ် (UV attack) ကို လည်း မခံနိုင်ပါဘူး။ ပလတ်စတစ် ပိုက် အမျိုးအစား အားလုံး ဒီအတိုင်းပါပဲ။ Recycle Material ပါလို့ မရပါဘူး။ Corrosion Protection, Back Flow Prevention and Contamination Control, Water Hammer, Cavitation ဒါတွေ က လည်း ဖြစ်သလို လုပ်ထားတဲ့ Plumbing Code နဲ့ မလုံလောက်ပါဘူး။

စကားမစပ်၊ Middle East Project တစ်ခု မှာ ဂန္ဓာလရာဇ် ပြည်က Stainless Steel Pipes တွေ သုံးတာ တစ်နှစ်အတွင်း သံချေး တက် လာလို့ တစ်ဆိုဒ် လုံး ပြန်လဲဘို့လိုတဲ့ အဖြစ် ကို ဌာနတွင်း ဆွေးနွေးပွဲ တစ်ခု က နေ ကြားရပါသေးတယ်။ (မြန်မာ ပြည် ကို လည်း ခုချိန်  ထ ကြိုပေးထားတဲ့ ပုဒ်မ နဲ့ (ပြစ်မှုမဂ္ဂဇင်း က အသုံးနဲ့ ဆို) အလိုတူတူ မတူတူ သားမယား အဖြစ် ဆက်လက် ပြုကျင့်နေတုန်း။ ဘယ်လောက်ထိ ဆက် ခံနေရမယ် မသိ၊)

ပိုက်နဲ့ ဖြန့်တဲ့ သောက်သုံးရေ မှာ ကြိုသောက် မှ ဘေးကင်းတဲ့ ရေ ကို စံချိန်မီတယ် လို့ မဆိုနိုင်ပါဘူး။ သောက်ရေ ကို ရေသန့်ဗူးမှာ သောက်မယ် ဆိုရင် လည်း ထမင်းမစားခင် လက်မဆေးတော့ဘူးလား။ ဇွန်းခရင်းရော၊ သွားတိုက် ပလုတ်ကျင်း မလုပ်ဘူးလား၊ ဟင်းသီးဟင်းရွက် မဆေးရတော့ဘူးလား။ အသီးတွေ (ဥပမာ သရက်သီး၊ နာနတ်သီး) ကို ရေနွေးဖျော စားရမှာလား။

သောက်ရေကန် နဲ့ ရေတွေ ကို သောက်သုံးရေ စံချိန် မှီမမှီ ဆင်ပြီးတစ်ခါ၊ပြီးတော့ နှစ်စဉ် လို စစ်ရတာ လည်း ရှိပါတယ်။ စကာင်္ပူ မှာ လည်း ဒီအတိုင်းပါပဲ။ ရေကန်ထဲ က ရေ ကို တစ်နှစ်တစ်ခါ အနည်း ဆုံး ပြန်စစ်ရပါတယ်။

ဆက်ရန်…

Read More... [ အကျယ် ဖတ်ရန်... ]

Sunday, November 15, 2015

မြို့ပြ အခြေခံ စနစ်များ နှင့် စည်ပင်သာယာ ဝန်ဆောင်မှု စနစ်များ အကြောင်း မိတ်ဆက်။

မြန်မာနိုင်ငံ ရဲ့ Infrastructure တွေ ကို မွမ်းမံဘို့ Mega-City ဖြစ်နေတဲ့ မဟာရန်ကုန် ရဲ့ လိုအပ်ချက် တွေ ကို ဆွေးနွေးနိုင်ဘို့ အချက်တွေကို File Upload တင်ပေးလိုက်ပါတယ်။ (Rev 4, 28 Nov 2015)
တိုးတက်လာတဲ့ လူဦးရေ နဲ့ မွမ်းမံ ရမဲ့ စနစ်တွေ အကြောင်းပါ။ အင်မတန် အိမ်ယာ ဈေးကြီးတဲ့ မြို့ ဖြစ်နေပေမဲ့ အခြေခံ စနစ်တွေ မပြည့်စုံသေးတာ ကို မဟာရန်ကုန် က စပြီး ပြင်နိုင်အောင် အဖြေရှာ ပေးနိုင်ဘို့ပါ။
လက်ရှိအစိုးရ ဖွဲ့တော့ မဲ့ NLD ပါတီ ရဲ့ စီးပွားရေး မူဝါဒ အချက် ငါးခု မြောက် က လည်း Infrastructure တွေ ကို မွမ်းမံဘို့  ဖြစ်တာမို့ အကောင်အထည် ပေါ်နိုင်ပါစေ လို့ ဆန္ဒလည်းပြု လိုအပ်ချက် တွေ ကို လည်း လေ့လာတဲ့ သဘောပါ။

မြန်မာနိုင်ငံ နဲ့ ပတ်သက်လို့ မြို့ပြအခြေအနေ တွေ အကြောင်း ပြောဆို ဆွေးနွေး ကြတဲ့ အခါ ပြည်ပရောက် မြန်မာ အင်ဂျင်နီယာ တွေ နဲ့ နိုင်ငံခြားသား အင်ဂျင်နီယာ တွေ သဘော တူညီတဲ့ အကြောင်းအရာ တစ်ခု ကတော့ မြန်မာနိုင်ငံ က Public Infrastructure တွေ ကို တိုးချဲ့ ပြီး ပိုမို ကောင်းမွန် အောင် လုပ်သင့် နေပြီ ဆိုတဲ့ အချက်တစ်ခုပါ။
ဒီနေရာမှာ Public Infrastructure ဆိုတာ ကတော့ နိုင်ငံ တစ်ခု၊ မြို့ပြတစ်ခု ရဲ့ လူနေမှု နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ဘို့ အထောက်အပံ့ ပေးမဲ့ အခြေခံ စနစ်တွေ ကို ဆိုလိုပါတယ်။ ဒါကို Hard Infrastructure နဲ့ Soft Infrastructure လို့ နှစ်ပိုင်းခွဲနိုင်ပါတယ်။
Hard Infrastructure လို့ခေါ်တဲ့ အခြေခံ စနစ်တွေ ကိုကြည့်ရင်။

  1. ခရီးသွား အဆင်ပြေဘို့ လမ်းပန်းဆက်သွယ်ရေး ကွန်ယက်များ။ (ကားလမ်း၊ အမြန်လမ်း၊ ရထားလမ်း၊ မြို့ပြ လူများစု ပို့ဆောင်ရေး စနစ်များ၊ တံတား၊ ကားဂိတ်၊ဘူတာ၊ သဘောင်္ဆိပ်၊ လေဆိပ်၊)
  2. မိုးရေ နှင့် ရေအရင်းအမြစ် စီမံခန့်ခွဲ ရေး နှင့် ရေသန့် ပေးဝေရေး စနစ်များ၊
  3. မိလ္လာ နှင့် ရေဆိုး သန့်စင်ရေး နှင့် စွန့်ပစ်ရေး စနစ်များ၊
  4. အမှိုက်သိမ်း စနစ် နှင့် စနစ်တကျ စွန့်ပစ် ရေး စနစ်များ၊ သန့်ရှင်းရေး စနစ်များ။
  5. အဆိပ်အတောက် (သို့) အန္တာရာယ် ဖြစ်စေနိုင်သော အမှိုက်များ စနစ်တကျ သန့်စင် စွန့်ပစ်ရေး စနစ်များ။
  6. လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး နှင့် ဖြန့်ဝေရေး စနစ်များ၊
  7. ဆက်သွယ်ရေး တယ်လီဖုန်း၊ ကေဘယ် (တီဗီ၊ အင်တာနက်) နှင့် အရေးပေါ် အချက်ပေး နှင့် ကာကွယ်ရေး စနစ်များ၊

ဒုတိယ အမျိုးအစား က တော့ နိုင်ငံ တိုးတက်ရေး နဲ့ ပြည်သူတွေ ရဲ့ လူနေမှု ဘဝ တိုးတက်ရေး (စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အပန်းဖြေ ရေး နဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံစိတ်ချ မှု ရှိရေး) အတွက် လိုအပ်တဲ့ Soft Infrastructure လို့ ခေါ်တဲ့ အဖွဲ့အစည်း တွေ၊ စီမံခန့်ခွဲမှု စနစ်တွေ နဲ့ ၄င်းတို့ရဲ့ အခြေခံ အဆောက်အအုံတွေ ကို ဆိုလိုပါတယ်။
  • အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေး။ ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ အရေးပေါ် (ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်သူနာပြု / လူနာပို့ဆောင်ရေးနှင့် သဘာဝ ကပ်ဘေး ကာကွယ်ရေး စနစ်များ)၊ နိုင်ငံတော် ကာကွယ်ရေး နဲ့စစ်ဘက်ဆိုင်ရာ။
  • စီးပွားရေး။ ။ ဘဏ်၊ ဈေးကွက်၊ အခြေခံ စီးပွားရေး နှင့် ကုန်ထုတ်လုပ်မှု ဆိုင်ရာ စက်ရုံ အလုပ်ရုံ၊ ဝန်ကြီးဌာန (လယ်ယာ၊ စက်မှု၊လက်မှု၊ သယံဇာတ။)
  • လူမှုရေး။ ။ကျန်းမာရေး၊ (ဆေးရုံ၊ဆေးခန်း)၊ ပညာရေး (စာသင်ကျောင်း၊ သင်တန်းကျောင်း၊ တက္ကသိုလ်)၊ ကပ်ဘေး မှ ပြန်လည်ပြိုးထောင်ရေး။
  • ရိုးရာဓလေ့ ယဉ်ကျေးမှု၊အားကစား နှင့် အပန်းဖြေရေး။ ။အားကစားရုံ၊ အားကစားကွင်း၊ ပန်းခြံ၊ ပြတိုက်၊ ရုပ်ရှင်၊ ရှေးဟောင်းအမွေ အနှစ်၊ဘာသာရေး ဆိုင်ရာ အသင်းအဖွဲ့ များ။
ဒီလိုအပ်ချက်တွေ က လည်း မြို့ပြ စည်ပင်သာယာရေး (မြူနီစီပါယ်) စနစ် တွေ အတွက် အခြေခံ ဖြစ်နေပြန်ပါတယ်။ နိုင်ငံ တကာ ရဲ့ မြို့တွေ မှာ သူတို့ မြို့တိုးတက်ဖွံ့ဖြိုးရေး အတွက် အစီအစဉ် တွေ ရှိနေလေ့ရှိပါတယ်။ ကိုယ့်မြို့စီးပွားရေး နဲ့ လူနေမှု ဘဝတိုးတက်ဘို့၊ သန့်ရှင်း သာယာလှပဘို့၊ နာမည်ကောင်း ရှိဘို့ နဲ့ထိန်းသိမ်း နိုင်ဘို့၊ လုံခြုံစိတ်ချ ရဘို့၊ စီးပွားရေ အရရော၊ အလည်အပတ် အတွက်ပါ ဆွဲဆောင်မှု ရှိဘို့ ရေတို၊ ရေရှည်စီမံကိန်း တွေ သတ်မှတ် ပြီး မြို့ကျက်သရေ နဲ့ ဂုဏ်သိက္ခာ ရှိအောင် မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေး စနစ် တွေ စည်ပင်သာယာ၊ အခြားလူမှုရေး၊ လိုအပ်ချက် တွေ ကို စနစ်တကျ အုပ်ချုပ် စီမံ ခန့်ခွဲ နေနိုင်ဘို့ လိုအပ်ပါတယ်။
စာရေးသူ အနေနဲ့ ဆရာကြီးတစ်ယောက် မဟုတ်သလို Jack-of-All-Trades မဟုတ်တာ မို့ ကိုယ် ရင်းနှီးကျွမ်းဝင်တဲ့၊ လုပ်ငန်းအတွေ့ အကြုံနဲ့ တိုက်ရိုက် ပတ်သက်တဲ့ မြို့ပြဒေသ အဆောက်အအုံ တွေ ဘက် ရှုထောင့်ကနေ ပဲ ကြည့်ပြီး ဆွေးနွေး မှာပါ။ မဟာ ရန်ကုန် မြို့တော် အတွက် အဆင့်မြှင့် ဘို့ လိုအပ်တဲ့ မြို့ပြလူနေမှု စနစ် မှာ ရှိသင့်တဲ့ ဝန်ဆောင်မှု အကြောင်းအရာ အချို့ ကို ဦးစားပေး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
မြို့လို့ခေါ်လိုက်ရင် မြို့အင်္ဂါရပ်တွေ နဲ့ ညီဘို့ လိုပါတယ်။ ဒီအင်္ဂါရပ် ဆိုတဲ့ စကားလုံး မှာ လည်း ခေတ်နဲ့ လည်း လိုက်လျော ညီထွေ ရှိတဲ့ အင်္ဂါရပ်မျိုး တွေ ကို ဆိုလိုပါတယ်။ မြို့တော် ဆိုရင် လည်း မြို့တော် တစ်ခု ရဲ့ လိုအပ်ချက် နဲ့ ညီဘို့ လိုအပ်ပါမယ်။ အနာသိမှ ဆေးရှိမှာ မို့ လုပ်သင့်တာ နဲ့ ဖြစ်သလို လုပ်နေရတာ တွေ ကို အခြေအနေ ဆိုးသည်ထက် ဆိုးသည့် ဘက် ကို မသွားပဲ အမြန်ဆုံး ပြုပြင်နိုင်ဘို့ ကြိုးစားကြရမှာပါ။ စနစ် ကျတဲ့ စီမံခန့်ခွဲမှု တွေ လုပ်ထုံးလုပ်နည်း တွေ ချမှ ပြီး သင့်တော်တဲ့ စီမံကိန်းတွေ ကို လည်း အကောင်အထည် ဖော်ဆောင် နိုင်ဘို့ လိုအပ်ပါတယ်။
မြို့လို့ ဆိုလိုက်တာ နဲ့ စနစ်တကျ ဖောက်လုပ်ထားတဲ့ လမ်းတွေ ရှိရမယ်။ ရာဇဝတ် မှု နဲ့ မီးဘေးအန္တာရာယ် တွေ တင် မက သဘာဝ ဘေးအန္တာရာယ် အတွက် ကာကွယ်မှု အစီအစဉ် တွေ ရှိရမယ်။ ရေ၊ မီးအစုံ ရှိရမယ်။ အမှိုက် တွေ ရှင်းရမယ်။ သန့်ရှင်းမှု ရှိရမယ်။ အနားယူ အပန်းဖြေ၊ လေ့ကျင့်ခန်း လုပ်ဘို့ ပန်းခြံတွေ၊ ကစားကွင်းတွေ ရှိရမယ်။ ကျန်းမာရေး အတွက် လိုအပ်တဲ့ ဆေးရုံ၊ ဆေးခန်း နဲ့ အရေးပေါ် လူနာစောင့်ရှောက်မှု စနစ်တွေ ရှိရမယ်။ နေချင် စဖွယ်လည်း ဖြစ်နေရပါမယ်။
ဟုတ်ကဲ့။ မြို့ပြတစ်ခု မှာ နေတဲ့ သူတွေ အတွက် ဒါတွေက ရသင့်တဲ့ အခြေခံ လိုအပ်ချက်တွေ ပါ။ ရေ၊မီး အစုံ လိုချင်ပါတယ်။ ခြင်ကိုက် မခံခြင်ကြပါဘူး။ အစားအသောက်တွေ ယင်နားတာ မကြိုက်ကြ ပါဘူး။ အမှိုက်တွေ နဲ့ နံစော်ညစ်ပတ်နေတာ လည်း ကြိုက်ကြမယ် မထင်ပါဘူး။ သွားရေးလာရေး လည်း လွယ်ကူချောမွေ့စေချင်ပါမယ်။ စိတ်ချမ်းသာစွာ သွားလာနေထိုင်ချင်ကြပါမယ်။
ဒါဆို ဒီလို စည်ပင်သာယာ ဝန်ဆောင် မှု တွေ အလကား ရနိုင်မလား ဆိုရင် လည်း မရနိုင်ပါဘူး လို့ပဲ ဖြေရပါမယ်။။ လမ်းတွေခင်းတာ၊ လူသွား ပလက်ဖောင်းတွေ၊ မီးပွိုင့်တွေ၊ ရေ၊ မီး၊ မိလ္လာ စနစ်တွေ အပါအဝင် Infrastructure တွေ အားလုံး ကို ဆောက်လုပ်ဘို့၊ ထိန်းသိမ်းဘို့၊ မွမ်းမံ ချဲ့ထွင်ဘို့ ကုန်ကျစရိတ် တွေ လည်း ရှိပါတယ်။ ဒီကုန်ကျ စရိတ် တွေ ကို မြို့ကို စနစ်တကျ စီမံခန့်ခွဲမှု တွေ က ရလာတဲ့ အခွန်အကောက် ငွေတွေ၊ မ တည်ငွေ တွေ နဲ့ ဖြည့်ဆီးပေးရပါတယ်။ မြို့တော်တွေ ရဲ့ စီမံ ခန့်ခွဲ မှု လိုအပ်ချက် ကို နောက် ပိုင်း စာစုတွေ မှာ ဆက်လက် ဆွေးနွေးပေးသွားပါမယ်။
ရန်ကုန် မြို့တော် မှာ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ က လူဦးရေ ငါးသိန်းခန့် ပဲ ရှိတယ်လို့ ဆိုပါတယ်။ ခုလက်ရှိ အခြေအနေ မှာ လူဦးရေ က ငါးသန်း မက တော့တာ မို့ မဟာ ရန်ကုန် မြို့တော် လို့ ပြောရမှာပါ။ လူဦးရေ ဆယ်ဆ မက တိုးလာပေမဲ့ ကိုလိုနီ ခေတ် တုံး က မြို့တော်စည်ပင် သာယာရေး အတွက် စနစ်တကျ တွက်ချက် ဆောက်လုပ်ခဲ့ တဲ့ ရေပေးဝေရေး၊ မိလ္လာစနစ် နဲ့ စည်ပင်သာယာ ဝန်ဆောင်မှု တွေ က ဘယ်လောက်အဆင့် အထိ တိုးချဲ့မှု ရှိခဲ့ပါသလဲ။ ဘယ်လောက် အထိ ထိန်းသိမ်း ထား နိုင်ခဲ့ သလဲ။ ဆိုတဲ့ မေးခွန်း ကို ဖြေနိုင်တဲ့ သူရှားပါလိမ့်မယ်။ နှစ်ပေါင်း ခုနှစ်ဆယ် ဆိုတာ နည်းတဲ့ အချိန် မဟုတ်တာ မို့ အချို့ စနစ် တွေ ခုချိန် အထိ သုံးလို့ ရနေဆဲ ဆိုရင်တောင် လဲလှယ်၊ မွမ်းမံ ဘို့ လိုအပ်နေ လောက်ပါပြီ။ လူဦးရေ က လည်း ထပ်တိုး လာဘို့ရှိပါတယ်။
မွမ်းမံတယ် ဆိုတဲ့ နေရာမှာ လက်ရှိ အခြေအနေ ကို ပြေလည်းရုံ လောက်သာမက ရေရှည် အတွက်၊ တိုးတက်လာမဲ့ လူဦးရေ၊ ပြောင်းလဲလာနိုင်တဲ့ စီးပွားရေး အခြေအနေ နဲ့ အဆောက်အအုံ အမျိုးအစား၊ စတာ တွေ ကို ပါခြုံငုံ သုံးသပ်ပြီး အနာဂါတ် အချိန် အတိုင်းအတာ တစ်ခု အတွက် ပါပြင်ဆင်ထား ဘို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဒီ နှစ်ပေါင်း ခုနှစ်ဆယ် အတွင်း နိုင်ငံ တကာ မှာ နည်းစနစ် တွေ က လည်း အတော်လေး တိုးတက်ပြောင်းလဲ ခဲ့ပါတယ်။ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်း နိုင်ဘို့ အတွက် က ကိုယ့်နေရာ တစ်ခုထဲ ကွက်ကြည့်နေ လို့ မဖြစ်နိုင်ပါဘူး။ အခြားနိုင်ငံ မြို့ပြ တွေ ရဲ့ တိုးတက်မှု ကို လည်း မျက်ခြေမပြတ် ဘို့ လိုအပ်ပါတယ်။
အခု လက်ရှိဖြစ်နေတာက
  1. ခရီးသွား ရတာ အဆင်မပြေကြပါဘူး။ ကားတွေ ပိတ်ကျပ်နေတယ်။ အချိန်အရမ်းကုန်တယ်။ ဘတ်စ်ကားတွေ၊ လိုင်းကားတွေ က လည်း လူတွေ ကျပ်ကျပ်တည်းတည်း စီးနေရတုန်း၊ လမ်းသွားရတာ လည်း အဆင်မပြေကြပါ။
  2. မိုးရေကို စနစ်တကျ မစွန့်ထုတ်နိုင်၊ သောက်ရေအဖြစ်လည်း ရေကန်တွေ နဲ့ မစုဆောင်းနိုင်သေးပါ။ ရေအရင်းအမြစ် စီမံခန့်ခွဲ နိုင်မှု အားနည်းနေပါသေးတယ်။
  3. ရေသန့် ပေးဝေရေး စနစ်များ ကို ကြည့်ရင်လည်း နိုင်ငံတကာ နဲ့ WHO ကလက်ခံ နိုင်တဲ့ ရေသန့် အဆင့် ပေးဝေနိုင်မှု အားနည်းပါတယ်။ tap water က မသန့်ပါ၊ စည်ပင်ရေ မပေးနိုင်တာ မို့ သဘာဝဆိုးကျိုးများစွာ ပေးမဲ့ အထပ်မြင့် နဲ့ အဝီစိတွင်းတွေ တူးပြီး မြေအောက်ရေ ကို မတန်တဆ ထုတ်ယူ သုံးစွဲနေရပါတယ်။ ရေကို ဆိုးဝါးစွာ ညစ်ညမ်းစေမဲ့ မြေအောက် အုတ်ကန် တွေ နဲ့ ရေလှောင်ပြီး သုံးစွဲ နေကြဆဲပါ။
  4. မိလ္လာ နှင့် ရေဆိုး သန့်စင်ရေး နှင့် စွန့်ပစ်ရေး စနစ်များ ဆိုရင် လည်း ပိုက်လိုင်း၊ ( Sewer Pipes & Manhole Networks) တွေ မနိုင်တော့ပါ။ အထပ်မြင့်အပါအဝင် အဆောက်အဦ တော်တော်များများ မှာ Septic Tanks တွေ သုံးပြီး ကမ္ဘာမြေကြီး ကို ပူဇော်ပသ နေကြရဆဲပါ။ Septic Tanks တွေ က ထွက်လာတဲ့ ရေနဲ့ ချိုးရေ၊ သုံးရေတွေ စွန့်ထုတ်ဘို့ အတွက်လည်း ကိုယ်ထူကိုယ်ထ မြောင်းတွေ တူးကြရပါတယ်။ ရေနုတ်မြောင်း မဟုတ်ပဲ၊ ခြင်ပွား၊ ရေပုတ်၊ ရေသေတွေ ဖြစ်နေပါတယ်။
  5. အမှိုက်သိမ်း စနစ် နှင့် စနစ်တကျ စွန့်ပစ် ရေး စနစ်များ၊ သန့်ရှင်းရေး စနစ်များ ဆိုရင် လည်း ကောင်းသော ပြောင်းလဲမှု တွေ နဲ့ တိုးတက်မှု တွေ တွေ့လာရပြီ ဆိုပေမဲ့ လက်ရှိအခြေအနေ က တော့ ရှုတ်ပွ နေဆဲပါ။ လူတွေ ကလည်း အမှိုက်တွေ မဆင်မခြင် ပစ်နေကြတုန်းပါ။
  6. အဆိပ်အတောက် (သို့) အန္တာရာယ် ဖြစ်စေနိုင်သော အမှိုက်များ စနစ်တကျ သန့်စင် စွန့်ပစ်ရေး စနစ်များ မှာ လည်း စည်ပင်သာယာ ဘက်က ကျိုးစားအားထုတ်မှု တွေ တွေ့လာရပါပြီ။ လုပ်ငန်းရှင်တွေ ဆက်ပြီး မမှားကြဘို့ နဲ့ ကိုယ့်အရှုတ် ကိုယ်ရှင်းဘို့ လည်း လိုပါမယ်။
  7. လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး နှင့် ဖြန့်ဝေရေး စနစ်များ၊ အသစ်တွေ လည်း လုပ်နေကြပါတယ်။ JICA နဲ့ပေါင်း ပြီး 500KV လိုင်းတွေ နဲ့ Infrastructure မြှင့်ဘို့ လုပ်နေတာ လည်း တွေ့ရပါတယ်။ အခြားရေအားလျှပ်စစ် အပါအဝင် ထုတ်နေတာ တွေ တော့ တွေ့လာရပါပြီ။ အိမ်တွေမှာ ရှိတဲ့ မီးအားမြှင့်ထိန်းစက်၊ တွေ ပျောက်သွားဘို့ နဲ့ လျှပ်စစ်ပစ္စည်းတွေ ကောင်းကောင်းသုံးရ ဘို့ တော့ ဘယ်လောက်စောင့်ရမယ် မသိသေးပါ။
  8. ဆက်သွယ်ရေး တယ်လီဖုန်း၊ ကေဘယ် (တီဗီ၊ အင်တာနက်) နှင့် အရေးပေါ် အချက်ပေး နှင့် ကာကွယ်ရေး စနစ်များ၊ ဒီနေရာ မှာ အရေးပေါ် (ရေကြီး၊ မုန်တိုင်း) တွေ အတွက် တီဗီ၊ ကေဘယ်တီဗီ နဲ့ ရေဒီယို မီဒီယာ အားလုံးမှာ ဖြတ်ပြီး အရေးပေါ် ( overwrite) ကြေငြာ အချက်ပေးတဲ့ စနစ်မျိုးတွေ လည်း မရှိသေးပါဘူး။
မီးဘေးကာကွယ် ရေး စနစ် တွေ ကို သတ်မှတ်ပြဌာန်း ပေမဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ Public Fire Hydrants Networks တွေ ကလည်း အရင် ကိုလိုနီခေတ် တုန်းက ကောင်းကောင်း ရှိခဲ့ပုံ ရပေမဲ့ ခု က ပြောက်တိပြောက်ကျား နဲ့ လွယ်လင့်တကူ အဆင်သင့် မရှိသေးပါဘူး။ မီးဘေးကာကွယ်ရေး စနစ်တွေ စနစ်တကျ အကောင်အထည် ဖော်နိုင်ဘို့ ရာ ရေပေးတဲ့ စနစ် ကို လည်း အဆင့်မြှင့် ဘို့ လိုအပ်တယ် ဆိုတာပါ။
မိုးရေ စနစ်တကျ စီမံခန့်ခွဲတဲ့ စနစ်၊ မိလ္လာစနစ် နဲ့ အမှိုက်သိမ်း စနစ် မကောင်းတဲ့ အခါ မြို့တော် သန့်ရှင်းရေး သာယာ လှပရေး ဆိုတာ ဖြစ်မလာ နိုင်ပါဘူး။ အနံ့အသက် ဆိုးရွားရုံမက၊ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟတ် နဲ့ အခြား ရောဂါပိုး သယ်ဆောင်မဲ့ အကောင်ပလောင် တွေ ကိုပါ တိုးပွား စေမှာပါ။ မသန့်ရှင်းတဲ့ အမှိုက်ပုံ တွေ ကို ဖြတ်စီးလာတဲ့ မိုးရေကို လည်း သောက်ရေကန်တွေ ကို ပို့လို့ မရတော့ပါဘူး။
နေထိုင်တဲ့ လူဦးရေ တိုးပွား လာတာ နဲ့ လက်ရှိစည်ပင်သာယာ စနစ်တွေ မလုံလောက် တော့တာ ကို YCDC မှာ ရှိတဲ့ အင်ဂျင်နီယာ တွေ လည်း လေးလေးနက်နက် သိကြပါလိမ့်မယ်။ သုတေသန စာတမ်းတွေ နဲ့ Presentations အချို့ ကို အင်တာနက် မှာ တွေ့မိပါတယ်။ ကန့်သတ်ချက် တွေ၊ ဘတ်ဂျက်၊ နည်းပညာ၊ ကန်ထရိုက်တာ၊ အဆင့်တိုင်းမှာ အခက်အခဲ တွေ ကို လည်း ကြုံတွေ့ရမှာပါ။
နိုင်ငံတကာ က ပညာရှင်တွေ ကလည်း မြန်မာ နိုင်ငံ ကို လာရောက် အကြံပေး ဆွေးနွေးမှု ရှိကောင်းရှိပါလိမ့်မယ်။ ဂျပန် အစိုးအရ အကူအညီ နဲ့ အကြံပေး အဖွဲ့ တစ်ခု ရောက်တယ် ဆိုတဲ့ သတင်းလည်း ကြားမိပါတယ်။ ဂျပန် အစိုးရ အေဂျင်စီ တစ်ခု ဖြစ်တဲ့ JICA ကတော့ နိုင်ငံတွင်း မှာ အကူအညီ ပရောဂျက် တွေ လုပ်ပေးနေတယ် လို့ တော့ သိရပါတယ်။။
ကားလမ်း နဲ့ ခရီးသွား လုပ်ငန်းတွေ ကို ပြင်ဘို့ အကြောင်းကို အချို့က အာရုံစိုက်ကြပါတယ်။ ဟုတ်ကဲ့ လမ်းပန်းဆက်သွယ် ရေးပြင်ဘို့ လိုသလို အရမ်းအခြေခံ ကျတဲ့၊ ရေ၊ မိလ္လာ၊ မီး၊ အမှိုက်၊ သန့်ရှင်းရေး လုပ်ငန်းတွေ ကိုလည်းကြည့်ရပါမယ်။ ဆေးမီးတို တွေ နဲ့ ပဲ ကုနေရင် ဂျာအေး သူ့အမေရိုက် နေပါလိမ့်မယ်။ Master Planning နဲ့ အင်ဂျင်နီယာ၊ ပြည်သူလူထု အသိများ လာဘို့ လိုပါတယ်။ Public Works Major Reform လိုအပ်တာမို့ ပြိုင်တူ တွန်းဘို့ လိုအပ်ပါလိမ့်မယ်။
အဓိက ကတော့ Public Works တွေ ကို Tranparency နဲ့ ဌာန ဆိုင်ရာချင်း ယိုင်းပင်း၊လက်တွဲ လုပ်ဆောင် နိုင်ဘို့ပါ။ စည်ပင်သာယာ နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ အားလုံး ကို Master Plan နဲ့ သေသေချာချာ Coordination လုပ်ပြီးမှ အကောင်အထည် ဖော်နိုင်ပါမယ်။
ဆက်ရန်- https://www.dropbox.com/s/uzm8avzq96yjyc2/I001_R4%20Infrastructure%2C%20Municipal%20Svs%20and%20Bldg%20Mech%20Sys.pdf?dl=0

Read More... [ အကျယ် ဖတ်ရန်... ]

Saturday, November 14, 2015

Fire Hydrants (မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်းများ) လိုအပ်ချက်

မီးသတ်တပ်ဖွဲ့ ဝင်တွေ မီးကို အမြန်ဆုံး ထိန်း နိုင်ဘို့ အတွက် အခြေခံ လိုအပ်ချက် တစ်ခု က တော့ လိုအပ်တဲ့ ရေဖြည့်ပေးနိုင်မဲ့ Fire Hydrants တွေ လက်လှမ်းမီတဲ့ အကွာအဝေး အတွင်း ရှိနေဘို့ပါ။ ပါ။ ဒီလိုအပ်ချက် နဲ့ အတူ မဟာရန်ကုန် နဲ့ မန္တလေး လို မြို့ကြီးတွေ အတွက် Fire Hydrants တွေ လိုအပ်ချက် နဲ့ အခန်းကဏ္ဍ တွေ ကို မိတ်ဆက် ပေးထားပါတယ်။ Drop Box ကနေ Download လုပ်ယူနိုင်ပါတယ်။
https://www.dropbox.com/s/4o6367w2hgn7mk5/F121_R04%20Fire%20Hydrants.pdf?dl=0
File Size အရွယ်အစား လည်း သိပ်မကြီး တော့ပါဘူး။ 1 MB ထက်နည်းတာ မို့ PC / Mobile နဲ့ Download လုပ်တာ အဆင်ပြေပါလိမ့်မယ်။ အောက်မှာ Mobile User တွေ အတွက် Web Version ကိုလည်း  ပြန်ရေးပေးထားပါတယ်။
တိုးတက်နေတဲ့ နိုင်ငံတွေ ရဲ့ လမ်းဘေး တစ်ဘက်တစ်ချက် မှာ Fire hydrants လို့ခေါ်တဲ့ မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်း တွေ ကို တွေ့ ရလေ့ရှိပါတယ်။ (အဲ တိုးတက်ခဲ့ဘူးတဲ့ နိုင်ငံတစ်နိုင်ငံ ရဲ့ ရွှေမြို့တော် မှာ လည်း အရိပ်အငွေ့ တွေ ကျန်နေဆဲပါ။ ) ဒီ Fire Hydrant တွေကို အရေးပေါ် အခြေအနေ မှာ မီးသတ်တပ်ဖွဲ့ဝင် တွေပဲ အသုံးပြုခွင့် ရှိပါတယ်။ မီးသတ်ကား (သို့) အခြား fire engine တွေ မီးသတ် ပိုက်ခေါင်း ရေပန်း တွေ နဲ့ မီးကို ဖြန်းသတ်တဲ့ အခါ ဒီ Fire Hydrant တွေကရေ တွေ ကို အခြားတစ်ဘက် ကနေ စုတ်ယူ ဖြည့်တင်း ပေးရပါတယ်။
မီးသတ်ကား ကို ရေသွင်းပေးနေပုံ။
မီးသတ်ဌာန၊ မီးသတ်ကား နဲ့ ပိုက်ရစ်၊ ပိုက်ဆက် အရွယ်အစားတွေ Standard စံတစ်ခု သတ်မှတ်ပြီး ဖြစ်နေရပါမယ်။ အရေးအကြောင်း မှ တပ်ဆင်လို့ မရအောင် လွဲချော်နေတာ မျိုး မဖြစ်စေဘို့ ပါ။
မီးသတ်သမားတွေ Fire Hydrant အသုံးပြုပုံ နမူနာ ဗီဒီယို။ YouTube - Fire Hydrant Training http://www.youtube.com/watch?v=1nsD864K6pk&NR=1
Fire Department Connection: လို့ ခေါ်တဲ့ မီးသတ်ဌာန က ရေသွင်း ဘို့ ထားပေးရတဲ့ ပိုက်ခေါင်း တွေ က လည်း အဆောက်အဦ ထဲ မှာ မီးသတ်ဘို့ အတွက် လိုအပ်တဲ့ ရေအား ကို ရနိုင်ဘို့ ဒီ Fire Hydrants တွေ ကို ပဲ မှီခိုနေရတာပါ။
ဥပမာ Sprinkler Systems တွေမှာ ရေဆွဲအားကြောင့် လိုအပ်တဲ့ ရေအား မရနိုင်ရင်လည်း Fire Engine တွေရဲ့ အကူနဲ့ အားဖြည့်ပေးနိုင်ပါတယ်။ Fire Department Connection တွေ ကို Breeching Inlets ( UK, Singapore, Malaysia ) / Siamese Connections ( US ) လို့ လည်း သိကြပါတယ်။ အမေရိက မှာ ဘာလို့ Siamese Connections လို့ ခေါ်ရသလဲ ဆိုတာ ကတော့ 19 ရာစု ထဲမှာ အမေရိက ကို လာအခြေချ တဲ့ Chang and Eng Bunker ထိုင်းညီအကို နှစ်ယောက် ကိုအစွဲပြု ခေါ်ခဲ့ကြတာ ဖြစ်တယ် လို့ ဆိုပါတယ်။

  1. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ။
  2. Public Fire Hydrants
  3. Private Fire Hydrants
  4. မြို့တော် မဟာရန်ကုန် နှင့် Public Fire Hydrants များ
  5. မြို့တော် မဟာရန်ကုန် နှင့် Public Infrastructure

  1. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ။
  2. Fire Hydrants တွေ ဘာလို့ အရေးပါသလဲ ဆိုတာ ဆက်ပြီး ဆွေးနွေး ကြရအောင်ပါ။ မီးသတ်ဘို့ ရေအား လိုအပ်ချက် တွေနဲ့ မရင်းနှီးတဲ့ အခါ မီးသတ်ကား မှာ ရေပါတာပဲ၊ ဘာလို့ Fire Hydrants လိုမှာလဲ ဆိုတဲ့ အမြင်မျိုး ရှိကြပါတယ်။
    လိုအပ်ချက်ပြည့်မီတဲ့ Fire Hydrants သတ်မှတ်တဲ့ အကွာအဝေး အတွင်း အနီးအနား မှာ ရှိမနေ ရင် မီးကို ကောင်းကောင်း ထိန်းနိုင်ဘို့ အင်မတန် ခက်ခဲပါတယ်။ မီးတစ်ခု ကို နိုင်နိုင်နင်းနင်း ထိန်းနိုင်ဘို့ နေရာ နဲ့ မီးပြင်းအား ပေါ်မူတည် ပြီး နာရီ နဲ့ ချီ ပြီး ကြာနိုင်ပါတယ်။ ရေအားအပြည့် မသုံး နိုင်တာ က လည်း မီးကို သက်ဆိုးရှည် ဘို့ အားပေးမဲ့ အချက် တစ်ခု ပါ။ မီးကို နိုင်နိုင်နင်းနင်း ထိန်းနိုင်ဘို့ နဲ့ အနိုင်တိုက်ဘို့ အတွက် ရေအား ဘယ်လောက် ကောင်းကောင်း နဲ့ ဖြန်းတယ် ဆိုတဲ့ အချက်ပေါ် မှာလည်း မူတည်ပါတယ်။
    အချိန် ကလည်း စက္ကန့် နဲ့ အမျှ အရေးကြီး ပါတယ်။ မီးကို အချိန်တို အတွင်းနိုင်အောင် ထိန်းနိုင်ဘို့ အဓိကကျ၊ အရေးကြီးပါတယ်။ အခြားအဆောက် အအုံ တွေ ကို လည်း မကူးစက်၊ လောင်တဲ့ အဆောက်အအုံ ပြာမကျ ခင် ငြိမ်းသတ် နိုင်ပါမှ မီးကို အောင်မြင်စွာ ငြိမ်းသတ်နိုင်တယ် လို့ ပြောလို့ ရပါတယ်။
    ပုံမှန် မီးသတ်ကား Pumper တစ်စီးမှာ အကြမ်းအားဖြင့် ရေ ဂါလံ (US gal) ငါးရာ (1,900 L) လောက်ဆန့် တဲ့ ရေတိုင်ကီ နဲ့ တစ်မိနစ် ကို ဂါလံ တစ်ထောင် (1000 gpm, 63 L/s) လောက်အထိ ရေအား ပေးနိုင်တဲ့ ရေပန့် နဲ့ အတူ မီးသတ်ပိုက် ခေါင်းတွေ ပါဝင်ပါတယ်။ ဆိုလိုတာက အရှိန်ပြည့် နဲ့ စက္ကန့် သုံးဆယ် လောက် ဖြန်းလိုက် ရင် ရေကုန် သွားပါပြီ။ ကြာကြာခံအောင် အနည်းဆုံး ရေအား 250 gpm နဲ့ ချွေပြီး ဖြန်းရင်တောင် နှစ်မိနစ် ပဲ ခံ ပါမယ်။
    မြို့ပြ မီးသတ်တပ်ဖွဲ့ သုံးသော မီးသတ် ရေပိုက်များ သုံးမျိုးရိပါတယ်။( NFPA 1961 1961- Standard on Fire Hose)
    1. Attack Hose: to combat fires
    2. Suction Hose: drafting water from below the pump, i.e, pumper suction
    3. Supply Hose: pressurized water source to fire pump, e.g. Hydrant to Pumper
    • Attack Hoses: မီးသတ်ရေပန်း နှင့်ဆက်ထားသောပိုက် ( minimum design operating test pressure of 275 psi)။ တွေ မှာ တွေ့ရလေ့ ရှိတဲ့ အရွယ်အစား အချို့ ရဲ့ အကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။
    • 1" ပိုက်လိုင်း ကို Booster Line လို့ ခေါ်ပါတယ်။ သယ်ရရွှေ့ရ လွယ်ပြီး မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး က နိုင်နိုင်နင်းနင်း ကိုင်တွယ်ပက်ဖြန်း နိုင်ပါတယ်။ ရေအားကတော့ နည်းပါတယ်။ approx. 50 gpm လောက်ပဲ ပက်ဖြန်းနိုင်ပါတယ်။
    • 1 3/4" Attack Hose: ကိုတော့ မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး-သုံးဦး ရဲ့ အားလိုအပ်ပါတယ်။ ရေအား ကတော့ အသင့်အတင့် ( 140- 200 gpm) ဖြစ်ပါတယ်။
    • 2 1/ 2" Attack Hose: ကို ကိုင်တွယ်ဘို့ အတွက် မီးသတ်တပ်ဖွဲ့ဝင် သုံး-လေး ဦး (သို့) ဒီထက် ပိုပြီး လိုအပ်နိုင်ပါတယ်။ ရွှေ့လို့ ပြောင်းလို့ တော့ သိပ်မလွယ်ပါဘူး။ ရေအား ကတော့ ( 200- 300 gpm) ဖြစ်ပါတယ်။
    • ပိုပြီးရေအား ကောင်းကောင်း ဖြန်းနိုင်တာ က တော့ Deck Gun / Water Cannon လို့ခေါ်တဲ့ ကားပေါ်မှာ တပ်ဆင်ထားတဲ့ Fire Monitor လိုပုံစံမျိုးပါ။ ဂါလံ တစ်ထောင် အထက် ရေအား ရှိနိုင်ပါတယ်။
    မီးကိုရေနဲ့ ငြိမ်းစေနိုင်ဘို့ အတွက် မီးသတ်ပိုက် က ရေ အဆက်မပြတ် ထွက်နေဘို့ အင်မတန် အရေးကြီး ပါတယ်။ ရေအားကောင်းကောင်း နဲ့ ဖြန်းနိုင်တဲ့ ပိုက်ခေါင်းမှာ အင်အား အပြည့်သုံးနိုင်ဘို့ လိုပါတယ်။ 1,000 gpm ရေဖြန်းအား က 500 gpm ထက် နှစ်ဆ မက ပို ထိရောက် နိုင်ပါတယ်။ 250 gpm နဲ့ ချွေတာ ဖြန်းမယ် ဆိုရင် တော့ အဆပေါင်း များစွာ ပိုကြာပါလိမ့်မယ်။
    International Fire Code (IFC) အရ ဆင်ခြေဖုန်း ရပ်ကွက် က သာမာန် မိသားစုတစ်စု လူနေ အိမ် ခပ်လတ်လတ် (<3,600 ft2) တစ်လုံး က မီးကို အနိုင်တိုက် ဖို့ အတွက် လိုအပ်ချက် က 1,000 gpm x 1 hour ပါ။ ကူးချီသန်းချီ လုပ်မယ် ဆို ရင် မီးသတ် Pumper အစီး ၁၂၀ စာ နဲ့ ညီမျှ ပါတယ်။ (အချိန် ကိုပါထည့်တွက် မယ် ဆိုရင် တော့ နှိုင်းယှဉ် လို့တောင် ရမယ် မထင်ပါဘူး။) 1000 gpm, 63 L/s ရေအား က ဘယ်လောက်လဲ ကြည့်ရအောင်။ စားအုံးဆီ ပေပါ တိုင်ကီ တစ်လုံး က 200 Liter (55 US gal) ပါ။ မြန်မာတွေ က တော့ Imperaial Gallon မို့ ခပ်လွယ်လွယ် ဂါလံ ၅၀ ဆန့် လို့ ခေါ်ကြပါတယ်။ ရေချိုး၊ ရေဖြည့် ရင် လေးဂါလံ ရေပုံး ဆယ့်နှစ်ပုံး (သို့) အနည်းဆုံး ခြောက်ထမ်း ဖြည့်ရပါတယ်။
    ဒီလို သာမန်ရပ်ကွက် မှာရှိတဲ့ Fire Hydrant တစ်ခုက ရနိုင်တဲ့ ရေအားက ပေ၄၀-၅၀ အမြင့်မှာ ရှိတဲ့ ဂါလံ 50 ရေတိုင်ကီ တွေ ကို သုံးစက္ကန့် တိုင်းတစ်လုံး အပြည့် (ဝါ) တစ်မိနစ် မှာ တိုင်ကီ အလုံးနှစ်ဆယ် ရေဖြည့်ပေးနိုင်ပါတယ်။ ဆက်စပ်ပြီး ယှဉ် ပြောရရင် မီးသတ်ရဲဘော်၊ ရဲမေ တွေ၊ ဗော်လန်တီယာတွေ၊ ရေညစ်ပတ် မြောင်းထဲ မရွံမရှာ၊ စွန့်စွန့်စားစား၊ အင်ကုန်၊ အားကုန် ရေပုံးကိုယ်စီ နဲ့ ခပ်ပြီး ရေဖြန်းတာ နဲ့ ယှဉ်ကြည့်ရင်လည်း လူအား ထောင်ဂဏန်း မက သောင်းဂဏန်း လောက် နဲ့ သွားညီပါလိမ့်မယ်။
    တစ်ခါတစ်ရံ မီးသတ်ကား အရေးပေါ် ရောက်လာပေမဲ့ ရေမပါတာလည်း ရှိနေနိုင်ပါတယ်။ ဒါကို မီးသတ်ကား ရေမပါ ပဲ ရောက်လာလို့ အလကား မဖြစ်သင့် ပါဘူး။ တကယ့်လက်တွေ့မှာ လိုအပ်တဲ့ Fire Hydrants တွေ အဆင်သင့်ရှိနေရင် ရေပါဘို့ ထက် အချိန်မီ ရောက်ဘို့ လိုပါတယ်။ Fire Hydrants တွေ အဆင်သင့်ရှိနေရင် တစ်မိနစ် စောရောက်တဲ့ ရေမပါတဲ့ ကားက တစ်မိနစ် နောက်ကျရောက်တဲ့ ရေပါတဲ့ ကားထက် ပို တန်ဘိုး ရှိကြောင်း ရှင်းပြပါမယ်။
    မီးသတ်ကား တွေ တန်းစီ ရေထည့်လိုက်၊ ဝင်လိုက်ထွက်လိုက်၊ မိနစ်ပိုင်း၊ စက္ကန့် ပိုင်းလောက် ဖြန်း ပြီးရင်ပိုက်တွေ ဖြုတ်လိုက် တတ်လိုက် လုပ်နေရရင် လုပ်ငန်းမတွင်၊ မထိရောက် တော့ပါဘူး။ ဒါကြောင့် မိနစ် ပိုင်း ကြာမဲ့ အချိန် အစား နာရီပေါင်း များစွာ ကြာပြီး အချို့ ကို မီးသွေး ဖြစ်မှ မီးကို စတိုက်နိုင် သလိုဖြစ်နေ ပါလိမ့် မယ်။
    ဒီနေရာ မှာ မီးငြိမ်းအောင် လုပ်တာ နဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ မီးဆိုတာ အချိန်တန်ရင် တော့ ငြိမ်း ရမှာပါ။ ဟုတ်ကဲ့ ။ ရေအား မကောင်းရင် ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး လုံးဝ ရေမပက်ဘဲ ပစ်ထားရင် တောင် တချိန်ချိန် မှာ တော့ မီးညွန့် ကျိုး ပြီး ငြိမ်းကို ငြိမ်းမှာပါ။ လောင်စရာ လောင်စာကုန် သွားတဲ့ အခါပေါ့။
    အဆောက်အအုံ အချို့ နဲ့ အတွင်းက ပစ္စည်းတွေ ပြန်ရချင်လား။ ပြာပုံပင်လယ် ကျန်မလား ဆိုတဲ့ အကြောင်းတရား အဖြေ အတွက် ဘယ်လောက် ထိထိရောက်ရောက် မီးသတ်နိုင်လဲ၊ အချိန်တို အတွင်း မီး ထိန်းနိုင်၊ မထိန်းနိုင် နဲ့ အချိန် တိုတို၊အချိန် ဘယ်လောက် အတွင်း ရေအား ဘယ်လောက် ဖြန်းနိုင်လဲ ဆိုတာ တွေက အရေးပါ တဲ့ အခြေခံလိုအပ်ချက် အကျိုးတရား တွေ ထဲ မှာ ပါဝင်ပါတယ်။
    တစ်ရပ်ကွက် လုံး ကုန်မှ၊ တစ်ဈေးလုံး ကုန်မှ မီးငြိမ်းတယ် ဆိုရင် အကျိုးမရှိ၊ မထိရောက် တော့ပါဘူး။

    ... Back to Top (Contents)....
  3. Public Fire Hydrants
  4. တိုးတက်နေတဲ့ နိုင်ငံတွေ ရဲ့ လမ်းဘေး တစ်ဘက်တစ်ချက် နဲ့ အဆောက်အအုံ ခြံဝင်း တွေ ထဲမှာ Fire hydrants လို့ခေါ်တဲ့ မီးသတ်သမားသုံး ရေဘုံဘိုင် ခေါင်း တွေ ကို ပေ ၃၀၀ - ၅၀၀ လောက် စီခြားပြီး ရှိနေတာ တွေ့ ရပါလိမ့်မယ်။ အများအားဖြင့် သင့်တော်တဲ့ ရေဖိအား Pressure ရှိတဲ့ ရေတွေ ကို မီးသတ်တဲ့အခါ လိုသလောက် အဆင်သင့် ရအောင် စီစဉ်ထားရတာပါ။ စာရေးသူ ရောက်ဘူးတဲ့ အရှေ့တောင် အာရှ အနီးအနား နိုင်ငံ တွေ ကို ကြည့်ရင် ဘန်ကောက်၊ ကွာလာလမ်ပူ၊ စကာင်္ပူ စသည်ဖြင့် မြို့တိုင်း မှာ Public Fire Hydrants တွေရှိပါတယ်။ US မှာလည်း City တိုင်းလိုလို မှာ ရှိပါတယ်။
    မြို့ပြ တွေ မှာ မြို့အင်္ဂါရပ် နဲ့ ကိုက်ညီအောင် စည်ပင်သာယာ ဝန်ဆောင်မှု (Municipal Services) တွေ ရှိရပါတယ်။ မီးသတ်ဘို့ လိုအပ်ချက်တွေ အရ မြို့နယ်နိမိတ် ထဲ က အဆောက်အဦ တွေ ရှိရာ အများပိုင် လမ်းမတွေ ပေါ်မှာ Public Fire Hydrant တွေ ထားရှိ ပေးရပါတယ်။ မီးသတ်ဌာန ရဲ့ လိုအပ်ချက် (သို့) လိုအပ်တဲ့ မီးသတ်ရေအား ပမာဏကို မြူနီစီပါယ် သောက်သုံးရေဝေတဲ့ စနစ်ထဲမှာ ထပ်ဆောင်း ထည့်သွင်းတွက်ချက် ထားရပြီး သင့်တော်ရာ မှာ တပ်ဆင် ပေးထားလေ့ ရှိပါတယ်။ Fire Hydrants တွေ ကို သတ်မှတ်ချက်၊ လိုအပ်ချက် အတိုင်း ပြုပြင်ထိန်းသိမ်းခြင်း၊ အခါအားလျော်စွာ (ဥပမာ တစ်နှစ် နှစ်ကြိမ်) ရေအားစစ်ဆေးခြင်း တွေ ကိုလည်း လုပ်ဆောင် ပေးရပါတယ်။
    အပေါ်ပုံတွေ က စကာင်္ပူ၊ မလေးရှား မှာ အတွေ့များတဲ့ Fire Hydrants တွေရဲ့ပုံ ဖြစ်ပါတယ်။ အများအားဖြင့် ဆေးအနီရောင် သုတ်ထားလေ့ ရှိပါတယ်။အနားမှာ ရှိတဲ့ Valve Chamber ထဲမှာ မီးသတ်သမားတွေ ပဲဖွင့်သုံးနိုင်မဲ့ Gate Valve တစ်ခုရှိပါတယ်။

    ပုံမှာ နယူးယောက်မြို့က Fire Hydrant တစ်ခုပုံ ကို Wiki ကနေကူးယူ ဖော်ပြထားပါတယ်။ နေရာဒေသ ကို လိုက်လို့ အခြားအရောင် တစ်ခုခုဖြစ်နိုင်သလို၊ ဒီဇိုင်းလည်း ပြောင်းလဲ နိုင်ပါတယ်။ Fire Engine က တိုက်ရိုက် ယူသုံးမှာမို့ Fire Department ရဲ့ လိုအပ်ချက် နဲ့ တော့ ကိုက်ညီရပါလိမ့်မယ်။ သူတို့ကို ဖွင့်ဘို့ ပိတ်ဘို့ Valve ကတော့ ထိပ်ပေါ်မှာ ရှိနေတာ တွေ့နိုင်ပါတယ်။
    L.A (Los Angeles) County တစ်ဝိုက် အချို့နေရာတွ မှာ တွေ့ရတဲ့ Public Fire Hydrant တွေ ကတော့ အဝါရောင် ဖျော့ဖျော့ ပါ။ ဒီအရောင် တွေ က City အလိုက် တစ်ပြေးညီ သတ်မှတ်ချက် ဖြစ် နိုင်သလို အောက်မှာ ဖော်ပြထား သလို NFPA 291 သတ်မှတ်ချက် ရေအား နဲ့ လည်း သက်ဆိုင် နိုင်ပါတယ်။
    NFPA 291, Chap. 3
    Class CLess than 500 GPMRed
    Class B500-999 GPMOrange
    Class A1000-1499 GPMGreen
    Class AA1,500 GPM & aboveLight Blue
    နိုင်ငံ အလိုက်၊ မြို့ အလိုက် အသုံးပြုတဲ့ Fire Hydrants အမျိးမျိုး ရဲ့ ပုံ အချို့ ကို http://www.firehydrant.org/ မှာ လေ့လာနိုင်ပါတယ်။
    အချို့နေရာတွေ မှာ Fire Hydrants ကို အပေါ်က အခြားအရောင် နဲ့ ဆေးထပ်သုတ် ချင်ကြပါတယ်။ အဆောက်အအုံ အမြင်လှချင်လို့။ ဘာလို့၊ ညာလို့ ပေါ့။ ဒီလို ဆေးသုတ်တာ က နေရာဒေသ တော်တော်များများ မှာ တရားမဝင်ပါဘူး။ ဘာလို့လဲ ဆိုတော့ Body Color က ရေအား ဘယ်လောက်ရှိသလဲ ဆိုတာ ကို ဖော်ပြပြီး Houston Area မှာ Bonnet (ထိပ်) အရောင်ပေါ် မူတည်ပြီး အောက်က ရေပိုက် အရွယ်အစား (တစ်နည်းအားဖြင့် ရေအား) ဘယ်လောက် ရနိုင်တယ် ဆိုတာ ကို ရည်ညွန်းတာ မို့ ဖြစ်ပါတယ်။
    စာရေးသူ အခု လက်ရှိ နေထိုင်တဲ့ Texas ပြည်နယ် တောင်ပိုင်း မြို့သစ်၊ ရပ်ကွက်သစ်မှာဆိုရင် လည်း အိမ်တွေ မဆောက်ခင်ထဲက Utilities Infrastructures တွေနဲ့ အတူ Public Fire Hydrants တွေ ကို အရင် တပ်ဆင်ထားတာ တွေ့ရပါတယ်။ လုံးချင်း အိမ်တွေ ပဲ ရှိတဲ့ ဒီ ရပ်ကွက်မှာ တပ်ဆင် ထားတဲ့ ပုံကို ဘယ်ဖက်မှာ ဖော်ပြထားပါတယ်။
    လမ်းလယ် က အပြာရောင် ရောင်ပြန်တုံးလေး ကို လည်း သတိမူမိမယ် ထင်ပါတယ်။ ဒီပုံထဲ က Public Fire Hydrants တွေ ကို အဓိပ္ပါယ် ဖွင့်ရရင်။
    Light Blue = Type AA – above 1500 gpm
    White Bonnett = Connected to 16" Public Water Main Below (Houston Codes)
    အရေးပေါ် အခြေအနေ မှာ မီးသတ်ကား အလွယ်တကူ ရပ်ဘို့ သီးသန့် အနီကြောင်း တားထားပြီး ကားမရပ်ရ နယ်မြေ အဖြစ် သတ်မှတ် ထားတတ်ပါတယ်။ (မီးသတ်ကား ရပ်နိုင်ဘို့ပါ)။ တားတား၊ မတားတား အများအားဖြင့် Hydrants ရဲ့ လမ်းဘက်ခြမ်း ၁၅ ပေ အတွင်းဧရိယာ က မီးသတ်ကားမဟုတ်တဲ့ ဘယ်ကားမဆို ကားမရပ်ရ နယ်မြေပါ။ ကားသွားရပ် မိရင် Ticket ဒါဏ်ကြေးလည်း အင်မတန် ကြီးပါတယ်။
    Hydrant နား ကားရပ်တော့ဘာဖြစ်လဲ။ ကံကောင်းရင် Normal Ticket (ငွေကုန်). ကံမကောင်း လို့ မီးလောင်တာနဲ့ ကြုံလို့ ဒီလို အခြေအနေမျိုး ဖြစ်လာရင် ဒါဏ်ကြေးကြီးလည်း ပေးရ၊ ကားမှန်တွေ လည်း အခွဲခံရ၊ လူလည်း ရစရာ မရှိအောင် အပြောခံ ရပါလိမ့်အုံးမယ်။….
    ဗီဒီယို : YouTube - Parked by hydrant? BMW = Break My Window
    Fire Hydrants အတွေ့များတဲ့ အမှားတွေ ကတော့ စနစ်မကျတာ (နိမ့်လွန်းတာ၊ မြင့်လွန်းတာ၊ ပိုက်ခေါင်းက သုံးလို့မရတဲ့၊ သုံးရခက်တဲ့ ဘက်လှည့်နေတာ)၊ အလွယ်တကူ မြင်ကွင်း က ပျောက်နေတာ (အပင် သို့ တစ်ခုခု တွေနဲ့ ဖုံးကွယ်နေတာ) တွေဖြစ်ပါတယ်။ ပိုက်ခေါင်းတွေ ပွင့်ပြီး အမှိုက်တွေ၊ သံဗူးခွံတွေ ဆို့နေတာ စတဲ့ လူတွေရဲ့ဖျက်ဆီးမှုကို လည်း သတိပြုရပါမယ်။
    အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ထိန်းသိမ်းဘို့ နဲ့ လိုအပ်တဲ့ ရေအား ပမာဏ ရ၊ မရ၊ စစ်ဆေးဘို့ အတွက် တရားဝင် ခွင့်ပြုချက် ရှိတဲ့ သူတွေ ပဲ ဖွင့်ခွင့် ပိတ်ခွင့် ရှိတဲ့ Valve တွေ ပါဝင်ပါတယ်။ အရေးပေါ် အခြေအနေ မှာ မီးကို အချိန်မီ ထိန်းနိုင်ဘို့ အတွက် Fire-Flow Requrements လို့ ခေါ်တဲ့ ရေအားလိုအပ်ချက် က အခြေခံ ဖြစ်ပြီး အလွန် အရေးပါ ပါတယ်။ Adequate Flow and Pressure: လုံလောက်တဲ့ ရေအား ကို လိုအပ်တဲ့ ရေဖိအား၊ ပြင်းအား နဲ့ အမြဲတမ်း (အချိန်မရွေး) အဆင်သင့် ရနေနိုင်ဘို့ လိုအပ်ပါတယ်။
    Fire Hydrant တစ်ခု၏ ရေအား ကို စစ်ဆေးနေပုံ။
    တစ်ဆင့်ချင်း ကြည့်ချင်ရင် http://www.firehydrant.org/info/ftest3.html NFPA 291 မှာ Flow Test & Residual Pressure တိုင်းတာ စစ်ဆေးတဲ့ နည်း စနစ် ကို သတ်မှတ် ပေးထားပါတယ်။ (မှတ်ချက်။ ။ စကာင်္ပူ မှာ စစ်တဲ့ နည်းနဲ့ အနည်းငယ် ကွဲပြားပါတယ်။ ရလဒ် က တော့ အတူတူပဲ ဖြစ်မှာပါ။)
    အချို့ ပရောဂျက် အသစ်တွေ (ဥပမာ၊ ဈေးသစ်၊ အိမ်ယာစီမံကိန်း) တွေ မှာ Fire Hydrants လိုအပ်ချက် တွေ ကို အမှတ်တမဲ့ ဖြစ်နေတတ် ကြပါတယ်။ အချို့နေရာ တွေ မှာ Water Mains က အရမ်းသေးနေတာ၊ (သို့) Fire Hydrants အကွာအဝေး နေရာ ချထားမှု ညံ့ဖျဉ်းတာ၊ အားနည်းတာ တွေ ကြောင့် မီးသတ်ရာ မှာ လိုအပ်တဲ့ ရေပမာဏ မရနိုင်တာမို့ အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့ ရလေ့ရှိပါတယ်။ မီးသတ်ကား တွေ အလွယ်တကူ ဝင်လို့ ရတဲ့ နေရာလည်း ဖြစ်ဘို့ လိုအပ်ပါတယ်။
    ကားတွေ အရမ်းရှုပ်တဲ့ လမ်းမကြီး တွေ မှာ ဆိုရင် လမ်းနှစ်ဘက်လုံး မှာရှိနေဘို့ လိုအပ်နိုင်ပါတယ်။
    ဒီ Fire Hydrant မှာ သင့်တော်တဲ့ ရေဖိအား ရအောင် Pressurized လုပ်ထား ရတာကြောင့်လည်း ရုပ်ရှင်တွေ ထဲ မှာ ကားတိုက်မှု ပဲဖြစ်ဖြစ်၊ လမ်းပေါ်ကို လေယာဉ်ပဲ ထိုးကျကျ၊ Hulk လို၊ ဂေါ်ဇီလာ လို အကောင်ကြီးတွေ ပဲ သောင်းကျန်း သောင်းကျန်း ထိခိုက်သွားတဲ့ Fire Hydrant ကရေတွေ မိုးပေါ်ထောင်ပန်း နေတဲ့ မြင်ကွင်းတွေ ကို ရုပ်ရှင် ဒါရိုက်တာတွေ ယုတ္တိရှိရှိ ကူးယူ ဖန်တီး ရိုက်ကူးနေကြ တာဖြစ်ပါတယ်။ Fire Hydrant တစ်ခု ပေါက်ပြီး ရေပန်းထွက် နေပုံ။ ဒီလို ပိုက်ပေါက်ပြီး ရေပန်းထွက် နေမယ် ဆိုရင် တာဝန်သိ ပြည်သူ တစ်ဦး အနေနဲ့ သက်ဆိုင်ရာ ကို ဖုန်းဆက် သတင်းပို့ ပေးရပါမယ်။
    ဒါကေတာ့ စကာၤပူ က ပံု ပါ။
    အပြင်မှာ တွေ့ရတဲ့ လက်တွေ့ အခြေအနေ တစ်ခု ကို ကြည့်နိုင်ဘို့ အောက်မှာ Link တွေ ပေးထားပါတယ်။

    ... Back to Top (Contents)....
  5. Private Fire Hydrants
  6. Building Design Architects & Engineers, Fire Protection Engineers တွေ အနေ နဲ့ မီးသတ်စနစ် တွေ အတွက် ရေအား လုံလုံလောက်လောက် လက်လှမ်းမီမီ ရနိုင်ဘို့ အတွက် စီမံပြင်ဆင် ရပါတယ်။ Public Fire Hydrants တွေ လိုအပ်တဲ့ သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်း မရနိုင်တဲ့ အခါ ကိုယ်ပိုင် အဆောက်အအုံ ခြံဝင်း တွေ ထဲမှာ ထပ်ဆင့် တပ်ဆင် ရရင်တော့ Private Fire Hydrants တွေလို့ ခေါ်ပါတယ်။ သီးသန့် ခြံကျယ်ကျယ် နဲ့ အဆောက်အအုံ အချို့မှာပဲ လိုအပ်နိုင်တာပါ။ NFPA 14 & 24 က ဒီ Site Planning အတွက် မှီငြမ်းဘို့ကောင်းတဲ့ References တွေ ဖြစ်ကြပါတယ်။ (စကာင်္ပူ မှာ ဆိုရင်တော့ SCDF Fire Codes တွေ နဲ့ SS 575 / formerly CP 29)
    အကွာအဝေး ဂဏန်းတွေ က တော့ အခြေအနေ နဲ့ နေရာဒေသ အလိုက်ကွဲပြားနိုင်ပါတယ်။ Private Hydrant တစ်ခုနဲ့ တစ်ခု အများဆုံး အကွာအဝေး သတ်မှတ်ချက် အနေနဲ့ ကတော့ စကာင်္ပူ နိုင်ငံ မှာအကြမ်းအားဖြင့် 100m ဖြစ်ပြီး စက်ရုံတွေအတွက် 90m ၊ မလေးရှား နိုင်ငံ ကတော့ 90m ဖြစ်ပါတယ်။ Internation Fire Code အရ ဆိုရင်တော့ လိုအပ်တဲ့ Fire-Flow Requirement ပေါ်မူတည်ပြီး လိုအပ်ချက် က 200 ft - 500 ft (60 - 150m) ဖြစ်ပါတယ်။ ရေအားများများ လိုလေ စိတ်စိတ် ထားရလေပါ။ စက်ရုံ (သို့) အန္တရာယ် ရှိတဲ့ ဂိုထောင်တွေ မဟုတ်ရင် အကြမ်းအားဖြင့် ပေ ၃၀၀ ပါ။ ဒေသ အလိုက် Authority ရဲ့သတ်မှတ်ချက် တွေကို ဆန်းစစ် လိုက်နာရမှာ ဖြစ်ပါတယ်။
    အများအားဖြင့် တော့ စည်ပင်ရေအား က လုံလောက်လေ့ ရှိတာမို့ ရေကန်တွေ ရေပန့် တွေ မလိုအပ်ပဲ မြေအောက်ရေပိုက် တွေ ကို ထပ်ဆင့် ဆက်သွယ် တပ်ဆင် ရယုံပါပဲ။ လိုအပ်တဲ့ ရေအား မရ နိုင်ရင် တော့ ရေလှောင်ကန် တွေ ရေပန့်တွေ နဲ့ control systems တွေ ကိုပါတပ်ဆင် ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီ ရေကန်၊ ရေပန့် လိုအပ်ချက် စက်ရုံတွေ၊ မဟာဈေးတွေ၊ ဟိုတယ်ကြီးတွေ နဲ့ အထပ်မြင့် သီးသန့်ခြံကျယ် ရှိတဲ့ ကွန်ဒို၊ apartment တွေ မှာ တပ်ဆင် ရတာ ယုတ္တိတန်ပေမဲ့၊ လူနေရပ်ကွက် နဲ့ လမ်းမ၊ လမ်းသွယ် နဲ့ ကပ်ရက် အိမ်ယာ တွေ၊ လုံးချင်းအိမ် တွေ အတွက် တပ်ဆင်ဘို့ ကတော့ အခက်အခဲ ရှိပါတယ်။
    မီးလောင်တဲ့ အခါ လွတ်လွတ်ကင်းကင်း မီးသတ်ခွင့် ရနိုင်ဘို့ အတွက် အဆောက်အအုံ နဲ့ မနီးကပ်လွန်းတဲ့ အနည်းဆုံး အကွာအဝေး တစ်ခု [ ဥပမာ။ NFPA: ပေ ၄၀ (22.2m) ။ မလေးရှား၊ စကာင်္ပူ 6m (ပေ ၂၀ ခန့်) ] လိုအပ်လေ့ ရှိပါတယ်။ ဒါက မီးသတ်တဲ့ အခါ မီးအရှိန် ကြောင့် အနှောင့်အယှက် မဖြစ်စေဘို့ ပါ။
    စာရေးသူ ကိုယ်တိုင် လည်း မလေးရှား နဲ့ စကာင်္ပူ မှာ သီးသန့် Private Fire Hydrants Systems လိုအပ်တဲ့ Projects လေးငါး ဆယ်ခု လောက်မှာ အစိတ်အပိုင်း တစ်ခု အဖြစ် ဒီဇိုင်း က အစ မြေအောက် ပိုက်ဆင်၊ စစ်ဆေးတာ အဆုံး အတွေ့အကြုံ အတော်အတန် ရခဲ့ပါတယ်။ စကာင်္ပူ မှာ က Codes (အရင် CP 48 & CP 29) တွေအဆင်သင့် ရှိတာ မို့ သိပ်ခက်ခဲ လှတာတော့ မဟုတ်ပါဘူး။
    KL မှာ 1998 လောက်တုန်း က KLCC Mandarin Oriental မှာ Fire Hydrant တွေ ကို စစ်တော့ အတူ ပိုင်ရှင်ဘက် က အင်္ဂလိပ် အင်ဂျင်နီယာ တစ်ယောက် က ဒီလို မှတ်ချက်ချပါတယ်။ " ငါ ရှုးပေါက် သလောက် တောင် မထွက် ပါလားဟ။ " စာရေးသူ ကတော့ Drawing အတိုင်း ကြည့်တာ က လွဲလို့ သူပြောတဲ့ အဓိပ္ပါယ် အဲဒီ အချိန်က သေသေချာချာ မသိခဲ့ ပါဘူး။ စာရေးသူ အင်ဂျင်နီယာ ပေါက်စ လုပ်ငန်းအတွေ့အကြုံ နှစ်နှစ် ရှိတဲ့ အချိန်မှာ တောင် ဘာကြောင့်လိုအပ်လဲ ဆိုတာ ကို မသိခဲ့တာ က မြန်မာနိုင်ငံ မှာ သာမန် လူတန်းစား Fire Hydrant အရေးကြီးချက် ကို မသိကြတာ အံ့သြစရာ မဟုတ်တော့ပါ။
    စကာင်္ပူ မှာ တပ်ဆင် တဲ့ ပရောဂျက် တွေ ထဲ က အမှတ်ရ တာ အချို့ ကို တင်ပြပေးပါမယ်။
    1. ပရောဂျက် တစ်ခု မှာ အပေါ် က မြေညီထပ်မှာ ပလက်ဖောင်း ပေ မဲ့ မြေအောက်ထပ် ကနေ ကြည့်တဲ့ အခါ ကားပါကင် ဖြစ်နေပါတယ်။ ဆိုလိုတာ က ကားပါကင် အပေါ်က ပိုက် ပြေးရမှာပါ။ Dia 150 / 200 (၆လက်မ၊ ၈လက်မ) လောက်ရှိတဲ့ Cement Lined Ductile Iron Pipe ကို မီးခံ Fire Rated Box Enclosure ထဲထည့်ရတာ ပိုက်တန် ဖိုးထက် များပါတယ်။
    2. Civil / Structure Engineer ဆီက ရတဲ့ မြေကြီးရဲ့ အနေအထား Soil Strength နဲ့ ထည့်ပေးရမဲ့ Pipe Support တွေ ကို ချင့်ချိန်ရပါတယ်။ အများအားဖြင့် အောက်ခံ မြေပျော့လို့ တဖြေးဖြေး မြေမနစ် ရအောင် Pile ထည့်ပေးရတာ လည်း ရှိပါတယ်။ မဒမ ချောင်း Bakau Pile (သို့) ကွန်ကရစ် သင့်တော်ရာ ကို Civil Engineer နဲ့ တိုင်ပင်ပြီး ထည့်ပေးရပါတယ်။
    3. နောက်တစ်ခု က Thrust Blocks ပါ။ Pipe Direction Change တဲ့ နေရာ နဲ့ Tee တွေ မှာ ထည့်ပေးရပါတယ်။
    4. ကားလမ်းအောက်ရောက် တဲ့ အခါ (သို့) ကားလမ်းဖြတ်တဲ့ အခါ အနည်းဆုံး 1m အနက် မှာ မြုတ်ပြီး ဝန်ဒါဏ် ခံနိုင်အောင် လုပ်ရပါတယ်။ CP အရ သင့်တော်တဲ့ အနက် မှာ မြုတ်ထား တာ ခွင့်ပြုပေ မဲ့ Consultant Engineer အများစု က Full Haunch Concrete encasement ဆိုပြီး ကွန်ကရစ် တုံးထပ်လောင်း ပြီး ပိုက်ကို ကာကွယ်ခိုင်းတတ်ကြပါသေးတယ်။ (Singapore Kiasu = အစိုးရိမ်လွန်ခြင်း။) ဘာပဲဖြစ်ဖြစ် ပိုက်အပေါ်မှာ ရှိမဲ့ ဝန် ကို တော့ တွက်ချက် တဲ့ အခါထည့်စဉ်းစား ဘို့ လိုအပ်တာတော့ အမှန်ပါ။
    5. မြောင်းတွေ ဖော်တဲ့ အခါ လိုအပ်တဲ့ အနက် မတိုင်မီ ရပ်ပြီး မြေသိပ်ရပါတယ်။ မထိန်းပဲ တူးရမဲ့ အနက်ထက် ကျော်ရင်တော့ နာပါပြီ။ မြေပြန်သိပ်တာ ကို အင်ဂျင်နီယာ သိရင် လက်ခံ လိမ့်မယ် မထင်ပါနဲ့ မြေကြီးရဲ့ တောင့်ခံအားပြန်ရဘို့ အောက်မှာ ကွန်ကရိလောင်း ပြီး ပြန်ဖြည့်ပေးရပါတယ်။ ဒါကတော့ Trade Secret ပါ။ အတူး မလွန်မိပါစေနဲ့။ ဘောနပ်စ တွေ မြေကြီးထဲ ရောက်သွား နိုင်ပါတယ်။
    6. မြောင်းတွေ ပြန်ဖြည့်တဲ့ အခါ အချို့ အင်ဂျင်နီယာ က သဲဖြူ အပြည့်ပြန်ဖြည့် ခိုင်းတတ်ပါတယ်။ အချို့ က တလွှာ နှစ်လွှာ အတိုင်းအတာ တစ်ခု အထိ သဲဖြူ နဲ့ တူးထားတဲ့ မြေကို အပေါ်က ပြန်ဖြည့်ခွင့်ပေးပါတယ်။ တူးထားတဲ့ မြေပြန်ဖြည့် ခွင့် ရရင် သဲသစ်ဘိုးရော ပိုလျှံမြေစွန့်ပစ်ခ ပါသက်သာပါတယ်။ ဒါကလည်း ကန်ထရိုက် လိုအပ်ချက် ပေါ်မှာ လည်းဆိုင်ပါတယ်။ မြောင်းပြန်ဖြည့်တဲ့ အခါ သတ်မှတ်ထားတဲ့ အလွှာထု တစ်ခု စီ ကို ဖြည့်ပြီး တစ်လွှာ လိုအပ်ချက်အတိုင်း ဖိသိပ်ပြီးမှ နောက်တစ်လွှာ ထပ်ဖြည့်ရပါတယ်။
    7. Testing လုပ်တဲ့ အခါ အရင်တုန်း က CP မှာ သတ်မှတ် ထားတဲ့ အတိုင်း မရရင် တောင် မှ PUB pressure ပဲလေဆိုပြီး လက်ခံခဲ့ပေမဲ့ ခုတော့ CP အသစ်မှာ အနီးစပ်ဆုံး Public Hydrant's Performance နဲ့ နှိုင်းယှဉ် တာ မို့ Hydraulic ကို သေချာတွက်ကြည့်ဘို့ လိုအပ်ပါတယ်။ ပိုက်အရွယ်အစား နဲ့ Looped Supply လုပ်တာက ဒီ လိုအပ်ချက် အတွက် သင့်တော်တဲ့ အဖြေတွေပါ။ အတိမ်အနက် ပြောင်းတာ နဲ့ ထောင့်ချိုး တာတွေမှာ 90 deg Elbow အစား 45 (or) 30 deg ကို သုံးရင် Pressure Drop ရော Thrust Force ပါနည်းစေပါတယ်။
    8. မလေးရှား က ပင်လယ်ကမ်းခြေ နဲ့ နီးတဲ့ ပရောဂျက် တစ်ခု မှာ မြေအောက် ပိုက်တွေ ဆားစား ပျက်စီး ကုန်တာမို့ Corrosion Protection ကို အဓိက စဉ်းစားပေးရပါတယ်။ Patroleum (Denso) Tape နဲ့ လုံလောက်အောင် ထပ်ပတ်ပြီးကာကွယ် တာ က ပိုပြီး ကြာရှည်ခံစေမှာပါ။ အနည်းဆုံး 55% overlap ဆိုရင် နှစ်ထပ် ရပါတယ်။ (စကာင်္ပူ ပရောဂျက် အချို့ မှာလည်း ဒီတိပ်ကို သုံးဘူးပါတယ်။)


    ... Back to Top (Contents)....
  7. မြို့တော် မဟာရန်ကုန် နှင့် Public Fire Hydrants များ
  8. ရန်ကုန်မြို့တော် ရဲ့ Public Fire Hydrants လိုအပ်ချက် နဲ့ အသုံးချနိုင် မချနိုင် ကို ဆွေးနွေးချင်ပါတယ်။ အင်တာနက် က ရှာဖွေတွေ့ ရှိချက် အရ မင်္ဂလာဒုံ စက်မှု ဇုန်မှာ Public Fire Hydrants တွေ ပါဝင်တယ် လို့ ဆိုပါတယ်။ နာဂစ် အပြီး Channel News Asia သတင်းတစ်ခု မှာ လူတွေကို Fire Hydrant တစ်ခု ကနေ ရေဝေ ပေးနေတာ လည်းတွေ့မိပါတယ်။ လူတွေ က ပုံးလေးတွေ၊ ဒန်အိုးလေးတွေ နဲ့ တန်းစီ နေကြတယ်။ ရေဖြည့်ပေးတဲ့ သူ က လည်း ဖြည့်ပေးပေါ့။ ရေက သာမန် တုံကင် က ထွက်သလောက် ပဲ ရှိပါတယ်။ တကယ့်ကို စိတ်မကောင်း စရာပါ။ အရေးပေါ် လိုအပ်ချက် အရ အလွဲသုံးနေတယ် လို့ လည်း အပြစ်မတင် သင့်တဲ့ အခြေအနေ လည်း ဖြစ်ပါတယ်။
    စာရေးသူ အမြင်အရ ကိုလိုနီခေတ် ရဲ့ လက်ကျန် ကောင်းမွေ တွေထဲက မထိန်းသိမ်း နိုင်လို့ (ဝါ) ထိန်းသိမ်းရကောင်း မှန်း မသိလို့ ဆုံးရှုံးရတဲ့ ဆုံးရှုံးမှုတွေ ထဲ တစ်ခု လို့ပဲ မြင်ပါတယ်။
    ဒီ Public Hydrants တွေ လုံလုံလောက်လောက် မရှိတဲ့ အချက် က လည်း အချို့မီးသတ်ကား တွေ ရောက်ရောက်ချင်း ရေမပက် ရဲစေတဲ့ အချက်တွေထဲ ကတစ်ခု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စနစ်ဆိုး တစ်ခု ရဲ့ အမွေ အရ လက်ထဲ တစ်ခုခု မထည့်သေးရင် ရေဖြန်းမပေးဘူး ဆိုတဲ့ ကောလဟာလ နဲ့ လူတချို့ရဲ့ အမြင်တွေ ကိုလည်း ပြောင်းလဲဘို့ ခက်နေမလားပဲ။ စာရေးသူ အနေ နဲ့ ရွှေပြည်တော် ပြန်မရောက်တာ ဆယ်စုနှစ် တစ်ခုလောက် ရှိနေပြီ မို့ ပြောင်းလဲမှု တွေ နဲ့ လက်ရှိ အခြေအနေ တွေ ကို သေသေချာချာ မသိနိုင်တာ ရှိပါတယ်။ မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး အင်တာနက် က နေ လိုက်ရှာတဲ့ အခါ နိုင်ငံတကာ ဖွံ့ဖြိုးရေး ရန်ပုံငွေ တစ်ခု က မန္တလေး မှာ Infrastructure Upgrade လုပ်ဘို့ စာတမ်း မှာ Public Fire Hydrants အခန်း ထည့်သွင်းထားတာ တွေ့ရပါတယ်။
    မိတ်ဆွေ အင်ဂျင်နီယာ တစ်ယောက် ရဲ့ အဆိုအရ ရန်ကုန်မြို့မှာ Fire Hydrants တွေ ရှိတယ်။ သို့သော် နေရာတိုင်း မှာမရှိသေးဘူး၊ ကွက်ကျားပဲရှိတယ်၊ ဖြစ်သလို တပ်ထားတော့ ကားပါကင် နေရာ မှာရော မြေအောက် ကားပါကင်အဆင်း ramp မှာရော တပ်ထားကြတယ်။ မြေနေရာ က ဈေးကြီးတော့ သီးသန့်ခွာပြီး ပေးထားတဲ့ နေရာက နေပြည်တော် လောက်မှာပဲ တွေ့ရတယ်။ ရေကလည်း အမြဲရချင်မှ ရမယ်။ စည်ပင် က မီးလောင်မှ ရေလွှတ်ပေးနိုင်တာလည်း ရှိတယ်လို့ ဆိုပါတယ်။
    ကျနော် ကိုယ်တိုင် လည်း ရန်ကုန် မြို့ ကို ဖြတ်သွားတုန်း Hydrant အချို့ ကို တွေ့မိပါတယ်။ တကယ့်ကို အနည်းစု ပါ။ တော်လှန်ရေးပန်းခြံ နားတစ်ဝိုက် မှာ လည်း အချို့တွေ့မိပါတယ်။ အရွယ်၊ ဆင်တဲ့ပုံ၊ ပုံစံ တစ်မျိုးနဲ့ တစ်မျိုး မတူတာ ကိုလည်း သတိထားမိပါတယ်။ မပြည့်စုံ ယုံ မက Standard သတ်သတ်မှတ်မှတ် မရှိတဲ့ ပုံစံမျိုး လည်း ဖြစ်နေပါတယ်။
    ရန်ကုန် မြို့တော်စည်ပင်က လည်း ပိုက်နဲ့ ရေဝေတဲ့ သောက်သုံးရေ ကိုတောင် လုံလောက်အောင် မပေးနိုင်တာ အတော်ကြာနေပါပြီ။ တိုးတက်လာတဲ့ လူဦးရေ နဲ့ မီအောင် ရေသန့်ပေးဝေတဲ့ စနစ် ထပ်မဖြည့်ဆီးနိုင်ယုံ မက ရှိပြီးသား စနစ် ကို ထိန်းနိုင်ဘို့ လည်း အခက်အခဲ ရှိနေဆဲပုံ တွေ့ရပါတယ်။
    အထပ်မြင့် အဆောက်အဦ တွေ ကို ကိုယ့်ဖာသာ အဝီစိတွင်း တူးသုံး ဆိုတဲ့ အခြေအနေ ကတော့ ရန်ကုန်မြို့ နဲ့ မြို့နေလူထု အတွက် လက်ရှိရော အနာဂါတ် ပါ ကောင်းကျိုး မပေးမဲ့ အင်မတန် ဆိုးဝါးတဲ့ အခြေအနေ တစ်ခုပါ။
    မြို့တော် ရန်ကုန် ရဲ့ Infrastructure တွေ မွန်းမံ ဘို့ ဘယ်လောက် လိုအပ်နေလဲ ဆိုတာကို ပြတဲ့ အချက်တွေ ထဲ က တစ်ချက်ပါ။ မြို့တော် စည်ပင်သာယာ ရဲ့ အဖြေရှာနေပုံ၊ ရေသန့်စက်တွေ နဲ့ အခြားသက်ဆိုင် ရာ အကြောင်းအရာ တွေ၊ သီးသန့် ဆွေးနွေးဘို့ The needs for Infrastructure Upgrade for the City of Yangon မှာ ဆက်လက်ဆွေးနွေး တင်ပြပေးပါမယ်။
    နောက်လိုအပ်ချက် အတိုင်း Fire Hydrants တွေ မရှိခဲ့ ရင်ဖြင့် အခြား ယာယီအဖြေ၊ ရွေးစရာ ဘာတွေ ရှိမလဲ ဝိုင်းစဉ်းစား ကြရအောင်ပါ။ အကောင်းဆုံး အနေအထား မရသေးခင် ယာယီ အဖြေ ဘာတွေ ရှိမလဲ။

    1. ပထမ ရွေးစရာ - ရပ်ကွက် အလိုက် ရေလှောင်ကန် များ ထားရှိပေးခြင်း။ ။
    2. သာမန် လူနေရပ်ကွက် တစ်ခု အတွက် SS 575 အရ ဆိုရင် Residential Group I & II အတွက် Pressure 2 bar, 27 L/s x 45 minutes x 60 s/min = 72,900 Liter (about 20,000 USgal) လောက်လိုအပ်ပါတယ်။ အခြားအုပ်စု တွေ အတွက် Sprinkler Protected ဆိုရင် Fire Compartment ဧရိယာ ပေါ်မူတည်ပြီး 57 L/s အထိလိုအပ်နိုင်ပါတယ်။ Group VI - Factory & Group VIII - Storage အတွက် ဆိုရင် 90 mins ပါ။
      မီးသတ်ကား ကို အချိန်တို အတွင်း ရေတိုက်ရိုက် သွယ်နိုင်တယ် ဆိုရင် အတိုင်းအတာ တစ်ခု အထိ ထိရောက်မှာပါ။ မီးသတ်ကားတွေ ရေစုတ်ဘို့ ပါ အားသုံးရမှာ မို့ ရေအား အပြည့်တော့ မရနိုင်ပါဘူး။ နောက်နေရာ လိုအပ်ချက် ကို လည်း ကြည့်ရပါလိမ့်မယ်။
      မန္တလေး မှာ ဂါလံ သုံးထောင် (၃၀၀၀) မီးသတ်ရေလှောင်ကန် အချို့ တွေ့မိပါတယ်။ (လိုအပ်ချက် နဲ့ ဝေးပေမဲ့ မရှိတာထက် စာ ရင်တော့ အများကြီး တော်ပါသေးတယ်။)မီးသတ်ကား အတွက် သုံးရမှာ မို့ ပေ ၃၀၀ တစ်ကန် ထားဘို့ ဆိုတာ က လည်း သိပ်မလွယ် လှပါဘူး။ ရေကန် မှာ ရေသေဖြစ်နေရင် Pathogens, Bacteria & Algae တွေ မွေးသလို ဖြစ်နေမှာ ကို လည်းဆင်ခြင် ရပါမယ်။ ခြင်တွေ အတွက် မျိုးပွားရာ နေရာ မဖြစ်အောင် လည်း တစ်ခါတည်း စဉ်းစား ထားပေးဘို့ လိုအပ်ပါလိမ့်မယ်။

    3. ဒုတိယရွေးစရာ - မီးသတ်ကား ရေဖြည့် စရာနေရာများ ။ ။
    4. ဒုတိယ အချက် က တော့ မီးသတ်ကား တွေ ကို ကူညီရေဖြည့်ပေးနိုင်တဲ့ နေရာတွေ ထားဘို့ ပါ။ ကျနော် ကျောင်းသားဘဝ က အချို့စက်ရုံတွေ မှာ တွေ့ဘူးတဲ့ ဒီလို ဆိုင်းဘုဒ် တွေသဘောမျိုး ဖြစ်ပါတယ်။
      မီးဘေးအတွက် ရေဂါလံ (မည်မျှ) ကူညီနိုင်ပါသည်။
      ဒီနေရာမှာ လည်း အချိန်ကုန်တာနဲ့၊ ထိရောက်မှု အားနည်းတာ ကို သတိပြုရမှာ ဖြစ်ပါတယ်။
      နောက်တစ်မျိုး က တော့ တတိယ နေရာ မှာ ဖော်ပြထားတဲ့ Dry Hydrants တွေပါ။

    5. တတိယ ရွေးစရာ - Dry Hydrants ။ ။
    6. အင်းယား၊ ကန်တော်ကြီးလို ရေကန်ကြီးတွေ အနားမှာ Dry Hydrant တွေ တပ်ဆင်ဘို့ ပါ။ Dry Hydrant ဆိုတာ က ရေကန်ထဲ က ရေနဲ့ ဆက်ထားတဲ့ ရေပိုက်ခေါင်း ပါ။ ရေကန်ထဲ အထိ ပိုက်ချဘို့ မလိုပဲ လမ်းဘေးကနေ အသင့်စုတ်ယူနိုင်အောင်ပါ။ ကန်ဘေးနား က အဆောက်အအုံ တွေ အတွက် အကျိုးရှိ၊ ထိရောက်မှာ ဖြစ်ပါတယ်။ ရေမျက်နှာပြင် က နေ ပိုက်အထိ အမြင့်ကွာခြားမှု Negative Suction Head သိပ်မများဘို့ တော့ သတိထားရပါမယ်။ ( Due to Possibility of Cavitation and Uncertainties of Priming ) ။ ၁၀ ပေ အတွင်း ဆိုရင်တော့ သိပ်မဆိုး ပါဘူး။ ပေ ၂၀ ထက်တော့် မများပါစေနဲ့။ သုံးမဲ့မီးသတ်ကားတွေ ရဲ့ NPSH (Net Positive Suction Head) required လိုအပ်ချက် နဲ့ ရေအမြင့်၊ ပိုက်အရွယ်အစား၊ ရေအားတွေ က နေတွက်ချက် လို့ ရတဲ့ NPSH available နှစ်ခု ယှဉ်ြ့ပီး ခန့်မှန်းဘို့ လိုပါမယ်။
      မှတ်ချက်။ ။ဒီ နေရာမှာ လည်း Public Fire Hydrans က သူ့ထက် အဆပေါင်း များစွာ ထိရောက်မှု ရှိတာမို့ ဒါကလည်း ယာယီ အဖြေ နဲ့ Public Fire Hydrans တွေ ရှိလာတဲ့ အခါ ဒုတိယ ရွေးစရာ တစ်ခု အနေပဲ ဖြစ်သင့်ပါတယ်။
      ဒီကန်တွေ ကို Water Reservoir အနေနဲ့ သုံးပြီး သောက်သုံးရေ အရည်အသွေး မီ Water Treatment Plant & Municipal Water Distribution Networks တွေထားလို့ ရနိုင်ပါတယ်။ ဒါဆိုရင် တော့ Public Hydrants တွေ ထည့်သွင်း ပေးနိုင်မယ်ထင်ပါတယ်။

    7. စတုတ္ထရွေးစရာ - Fire Tankers ။ ။

    8. ရေသက်သက်ပဲ သယ်ပို့ နိုင်တဲ့ ကားတွေ ပါ။ ရန်ကုန် မှာ ဒီစနစ် ကို အားထားနေတာ တွေ့ရပါတယ်။ ဒါလည်း တစ်စီး ကို မှ ဂါလံ ထောင့်ငါးရာ ( 1500 US gal ) လောက်ပဲ ဆန့်တာ မို့ သိပ်အလုပ်တွင် မှာ မဟုတ်ပြန်ပါဘူး။
      အသွားအပြန် ရေဖြည့်ပြိး တိုက်ရိုက်သုံးလို့ ရတာလည်း မဟုတ်ပြန် တာ မို့ မီးသတ်အင်ဂျင် နဲ့ ဆက်ဘို့ ဖြုတ်တာ တတ်တာ လုပ်ရတဲ့ အချိန်တွေ ကို လည်း မီးက စောင့်နေမှာ မဟုတ်ပါဘူး။ သူ့သဘာဝ အရ ရေမနိုင် သေးခင် လောင်ခွင့်ရသလောက် လောင်မြဲတိုင်း လောင်နေမှာပါ။

    9. ပဉ္စမ ရွေးစရာ - မြစ်ရေ၊ ချောင်းရေ။ ။
    10. ရေထဲမှာ ချီကာဂို မြို့က မီးသတ်သဘောင်္ လို ရေယာဉ် တွေ အသုံးချ လို့ ရပါတယ်။
      ပန်းလှိုင်မြစ်၊ ရန်ကုန်မြစ် စသည်ဖြင့် မြစ်ကြီးတွေ ရှိနေတာ ကို အသုံးချ နိုင်ပါတယ်။ အားနည်းချက် က ရေတွေ က ရေငံစပ် ဖြစ်ပြီး အနည်နဲ့ သန့်ရှင်းမှု အားနည်းတာပါ။ မီးသတ် ကားတွေ ရေငံစားပြီး ရေရှည်မခံ နိုင်မှာ ကိုလည်း စဉ်းစားရပါမယ်။
      Dry Hydrant သုံးဘို့ ကတော့ အခက်အခဲ ရှိပါလိမ့်မယ်။ ရေမျက်နှာပြင် နဲ့ မီးသတ် အင်ဂျင် အမြင့် သိပ်ကွာနေရင် Negative Suction Head အရမ်းများတာ မို့ လုံးဝ ရေစုတ်လို့ ရမှာ မဟုတ်ပါဘူး။ ရေတက်၊ ရေကျ က လည်း ရှိသေးတာ မို့ အခက်အခဲ တချို့ ရှိနိုင် ပါသေးတယ်။


    ... Back to Top (Contents)....
  9. မြို့တော် မဟာရန်ကုန် နှင့် Public Infrastructure
  10. အပေါ်မှာ သုံးသပ်ခဲ့တဲ့ အချက်တွေ ကို ခြုံပြီး ပြန်စဉ်းစားကြည့်မယ် ဆိုရင် အခြေခံ လိုအပ်ချက် ဖြစ်တဲ့ Water Districts တွေ သတ်မှတ်ပြီး စည်ပင်ရဲ့ Municipal Infrastructure တွေကို မွမ်းမံတာ က ရေရှည် အတွက် အဖြေလို့ စာရေးသူ အနေ နဲ့ မြင်ပါတယ်။ Infrastructure Upgrade မှာ Benefit-Cost Ratio နဲ့ ရင်းနှီးမြုပ်နှံ ရမဲ့ ငွေပမာဏ နဲ့ ရလာမဲ့ အကျိုးရလဒ် ဆန်းစစ်တာ၊ ဖြစ်နိုင်ချေ နဲ့ အခက်အခဲ တွေ ကို လည်း ဆန်းစစ်ဘို့ လိုပါလိမ့်မယ်။ စာဖတ်သူ အမြင် ကို အောက်မှာ မှတ်ချက်ပေးခဲ့ နိုင်ပါတယ်။ (ဒီအချက် ကို လည်း The needs for Infrastructure Upgrade for the City of Yangon မှာ ဆက်လက်ဆွေးနွေး ပါမယ်။)
    Water Supply Networks နဲ့ အတူ အခြား Utilities တွေ ဖြစ်တဲ့ ရေ၊ မိလ္လာ၊ မိုးရေ၊ ဂက်စ ဓာတ်ငွေ့၊ လျှပ်စစ်၊ ဆက်သွယ်ရေး စနစ်တွေ (တယ်လီဖုန်း၊ ကေဘယ်) တွေ ကို သေချာ Coordinate လုပ် စည်းကမ်းသတ်မှတ်၊ စီမံကိန်းချ ပြီးမှ Infrastructure Add/Alter/Upgrade/Modification လုပ်ရမှာ ပါ။ အကောင်အထည် ဖော်နိုင်ဘို့ အတွက် လုပ်ငန်း တကယ် ကျွမ်းကျင် တဲ့ ကန်ထရိုက်တာ ရဘို့ ကလည်း အခက်အခဲ ရှိအုံးမှာပါ။ For Design & Construction အတွက် နိုင်ငံတကာ အကူအညီ နဲ့ ကျွမ်းကျင်တဲ့ နိုင်ငံခြား ကုမ္ပဏီ တွေ ပါဝင်ဘို့ လိုအပ်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီ တွေ ဖက်စပ် အနေနဲ့ဝင် လာဘို့ လိုလိမ့်မယ် ထင်ပါတယ်။ ( စိနတိုင်း က ကံရာဇာငယ် ကုမ္ပဏီ တွေ မပါစေချင်ပါ။)
    Water Demand Estimates, Booster Pump Capacities, Pipe Stress & Surge Analysis and Pipe Laying Practices တွေ အတွက် လည်း နည်းပညာ နားလည်တဲ့ အင်ဂျင်နီယာတွေ တော်တော်များများ ရှိပါလိမ့်မယ်။ Contamination Control ကလည်း သတ်မှတ်ချက်တွေ ရှီပြီးသား မို့ နည်းပညာ ပိုင်း က အရမ်းရှုတ်ထွေးတာ မဟုတ်ပါဘူး။ နောက် အင်တာနက် ခေတ်မို့ နိုင်ငံတကာ မြို့တော်တွေ က လုပ်ဆောင်ချက် တွေ ကို လည်း လေ့လာနိုင်ပါတယ်။ (များလွန်းတော့ လည်း ဇဝေဇဝါ ဖြစ်နေ ရင် မရွေ့နိုင်ပဲ တစ်နေတတ်ပါတယ်။ အတွေ့အကြုံ ရှိတဲ့ သူတွေပါမှ ရွေ့မှာပါ။)
    ရေဝေတဲ့ စနစ်မှာ နိုင်ငံတကာ နဲ့ WHO သောက်သုံးရေ အဆင့်အတန်း ဖြစ်ရပါမယ်။ ဒါက အနည်းဆုံး လိုအပ်ချက်ပါ။ လက်ရှိအခြေအနေ မှာ မြို့တော်စည်ပင် အနေနဲ့ (သောက်သုံးရေ) ဆိုတဲ့ စကားလုံး အစား (သုံးရေ) ဆိုတဲ့ စကားလုံး လေးပြောင်းပြီး နဲ့ အဆင့်မမီ၊ သောက်လို့ မရတဲ့ ရေ တွေ ကို (အခြေအနေအရ) ပေးဝေနေရတာ ဖြစ်ကောင်းဖြစ်ပေမဲ့ ဒီအခြေအနေ က ရေရှည်အချိန်ဆွဲ ထားရမဲ့ ကိစ္စ မဟုတ်ပါဘူး။
    မြို့တွေမှာ ရှိတဲ့ Water Supply Networks & Hydrants Location ကို Geographical Information System (GIS) သုံး သိမ်းဆည်းထားပြီး ဒစ်ဂျစ်တယ် မြေပုံ နဲ့ ပေါင်းစပ် မီးသတ်ဌာန တည်နေရာ၊ ဇုန် နယ်ပယ် တွေလည်း ပါဝင်ပြီး မီးသတ်တပ်ဖွဲ့ တွေ အရေးပေါ်အခြေအနေ ကို Computer Program, Digital Devices & GPS Technology တွေသုံးပြီး တွက်ချက် လျင်လျင်မြန်မြန် တုန့်ပြန်နိုင်ဘို့ အတွက် အသုံးချနိုင်ပါတယ်။ (ကုလ အစီအစဉ် နဲ့ မြန်မာပြည် မှာလည်း GIS လုပ်နေတယ် လို့ တော့ ကြားမိပါတယ်။ အသေးစိတ် သိတဲ့သူများ ရှိရင်။… )
    US က မြို့တွေ မှာ စည်ပင်သာယာ လိုအပ်ချက် တွေ Municipal Codes ကို Public Documents တွေ အနေ နဲ့ လေ့လာလို့ရပါတယ်။ အင်တာနက် မှာ လည်း ရှိလေ့ရှိပါတယ်။
    ရေပိုက်နဲ့ တိုက်ရိုက်သွယ်နိုင်တဲ့ အကွာအဝေး အတွင်း မဟုတ်ရင် အကျိုး သိပ်မရှိတာ ကို အပေါ်မှာ ရှင်းပြခဲ့ပါတယ်။ လိုအပ်တဲ့ ရေအား Flow & Pressure မပေးနိုင်ရင် မီးသတ်အင်ဂျင် က ထုတ်ပေးမဲ့ ရေအားလည်း လျော့ကျ သွားပါလိမ့်မယ်။ ဒါကြောင့် မီးသတ်ကား လာရပ်မှ ရေဖြည့်ပေးနိုင်တဲ့ စနစ်ထက် အဆပေါင်း များစွာ အကျိုးရှိ ထိရောက်တာ ကို သတိမူစေချင်ပါတယ်။ Something is better than nothing ဆိုတဲ့ အပေးအယူ နဲ့ လိုအပ်ချက် မပြည့်ခင် အထိ တော့ သီးခံစောင့်ကြရအုံးမှာပါ။
    Sprinkler Systems တွေ ပါဝင်တဲ့ အဆောက်အအုံ တွေ မှာ မီးသတ်စနစ် အတွက် လိုအပ်တဲ့ ရေလှောင်ကန်၊ ရေပန့် တွေ ပါလေ့ရှိတာမို့ Pressurized Private Hydrants Systems ထပ်ထည့်ဘို့ ဝန်မကြီး လှပေမဲ့ အဆောက်အအုံ အသေးတွေ၊ မြို့လယ်တိုက်ခန်း တွေ မှာ လိုက်ပြီး ရေကန်၊ ရေပန့်တွေ ထည့်ဘို့က အကုန်အကျ များပါလိမ့်မယ်။ ခြုံပြီး သုံးသပ်ရမယ် ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ အဆောက်အအုံ တွေ အတွက် Private Hydrants Systems တွေ ပါဝင်သင့်တယ် လို့ မြင်ပါတယ်။
    1. စက်မှု ဇုန်များ နှင့် စက်ရုံများ။
    2. မြို့တော် ဈေးများ၊ (မင်္ဂလာဈေး၊သိမ်ကြီးဈေး)
    3. စူပါမားကက် ကုန်တိုက်
    4. ကုန်လှောင် ဂိုထောင် များ
    5. ဝန်းကျယ်ကျယ်၊ (အကြမ်းအားဖြင့် ခြံဝင်းပတ်လည် အတိုင်းအတာ ပေ 1,200, ပျမ်းမျှ 300 ft x 300 ft) အထက် သီးသန့် ခြံဝင်း ထဲမှာ ဆောက်မဲ့ စက်ရုံ (သို့) ကွန်ဒို၊ ဟိုတယ်ကြီးများ၊ အထပ်မြင့် အိမ်ယာများ

    လိုအပ်တဲ့ ရေအား၊ အရေအတွက်၊ အကွာအဝေး တွေ အပြင် သတ်မှတ်တဲ့ ရေအား နဲ့ သင့်တော်တဲ့ ပိုက်အရွယ်အစား၊ ခံနိုင်ရည်ရှိတဲ့ ပိုက်အမျိုးအစားတွေ ကို လည်းထည့်သွင်း စဉ်းစားပေးရမှာ ဖြစ်ပါတယ်။ Corrosion Protection: မြေအောင်ပိုက်တွေ ရေရှည်ခံနိုင်ရည် ရှိအောင်၊ တော်ရုံနဲ့ ဆွေးမြေ့ပျက်စီး သွားခြင်း မရှိရအောင် စီမံဘို့ လည်း အရေးကြီးပါတယ်။ Ductile Iron Pipe လို ကတ္တရာ အလွှာပါပြီးသား ရေရှည်ခံနိုင်တဲ့ ပိုက်မျိုး တောင် ရန်ကုန်လို ရေငံစပ် မြေမှာ မြေအောက်ပိုက်တွေ ရေရှည်ခံနိုင်မှာ မဟုတ်ပါဘူး။ Patroleum Tape လို့ခေါ်တဲ့ တိပ်မဲ အထူတွေ နဲ့ အရစ်ရစ်ပတ်ပြီး ကာကွယ်တာ က ထပ်ဆင့်လိုအပ်ချက် ဖြစ်ပါလိမ့်မယ်။ နောက် Cathodic Protection လို့ ခေါ်တဲ့ စနစ်တွေ လည်း လိုအပ်လာ နိုင်ပါတယ်။ နောက်တစ်ခု က မြေကျွံ (သို့) မြေနစ် တာ ကို ကာကွယ်ဘို့ပါ။ မြေအောက် ပိုက်မြှုတ် ဘို့ လိုအပ်ချက် တွေ ကတော့ NFPA 24 & Piping Standards လို စနစ်တွေ ကိုမှီငြမ်းရပါမယ်။
    အဲ စိနတိုင်းထုတ် ချိုင်းနားမိဒ် ခေါ် မိဒ်(အင်) ချိုင်းနား ဖော် မြန်တင့် ပိုက်တွေ က တော့ စေတနာ မပါပဲ ဈေးချိုချို နဲ့ အရည်အသွေး မရှိတာတွေ မို့ တိုင်းပြည်နဲ့ လူမျိုး ကို နစ်နာစေမှာပါ။ ချည်းနားမိဒ် ပိုက်တွေ ရဲ့ အရည်အသွေး ကို မယုံမိဘို့ လိုအပ်ပါတယ်။ သေချာပြန်စစ် မဲ့ ဓာတ်ခွဲခန်းတွေ မရှိခင် မသုံးတာ အကောင်းဆုံးပါပဲ။ သူတို့ ဆီမှာ စစ်ထားတယ် ဆိုတဲ့ စာရွက်တွေ ပါရင်လည်း မယုံမိဘို့ လိုပါမယ်။ (လာဘ်ယူ ပြီး ဝယ်မဲ့ အဝယ်တော် တွေ ကို လည်း သန့်ပစ်ဘို့ လိုပါမယ်။)
    ပိုက်ဘိုးသက်သာ တယ်ဆိုပေမဲ့ လူအား၊ စက်အား အချိန်တွေ သုံးပြီးရင်းနှီး ရမဲ့ ကိစ္စပါ အချို့ပြည်တွင်းသုံး ဂက်စ်ပိုက်လိုင်းတွေ မှာ ချည်းနားမိဒ် ပိုက်တွေကို သုံးတဲ့ အတွက် အနှစ်လေးငါးဆယ် ခံရမဲ့ နေရာ ဆယ်နှစ်တောင် မခံ ဘူးလို့ သိရပါတယ်။ ဒီချည်းနားပြည်ဖြစ် တွေ ကြောင့် မြန်တင့် တို့ တိုင်းပြည် လည်း နစ်နာလှပါပြီ။
    အဲ.. အခြားနိုင်ငံ တွေ ကို ပို့တာ တွေ က တော့ အကောင်းစားတွေ ဗျ။
    နောက်တစ်ခု က လူတွေ အသိပညာ ပေး နိုင်ဘို့ပါ။ ဘာအကြောင်း နဲ့ မှ Fire Hydrants တွေကို အလွဲသုံးလို့ မရဘူး။ မီးရေး အတွက်ပဲ သုံးရမယ်။ ဖြုတ်ခိုးရင် အင်မတန် ပြင်းထန်တဲ့ ပြစ်မှုဖြစ်မယ်။ ဖျက်ဆီးရင်၊ အလွဲသုံးရင်၊ ရေသွားဖွင့်ရင် အမှန်တကယ် အရေးယူခံရမယ် ဆိုတာသိနေကြဘို့ လိုအပ်ပါတယ်။ ဥပမာ - သင်္ကြန်မှာ ရေဆော့ဘို့ သုံးတာ ကို လုံးဝ လက်ခံဘို့ မဖြစ်ပါဘူး။ ဒီလို အကာအကွယ်ပေးတဲ့ ဥပဒေ တွေ လိုအပ် ပါတယ်။
    အချို့နိုင်ငံ တွေ မှာ ဒီမိုကရေစီ အော်နေပေမဲ့ မီးသတ်ကား လို ကားမျိုး ကို အဓိကရုန်း လူခွဲတဲ့ နေရာမှာ သုံးပါတယ်။ ခိုးဆိုးလုယက် သောင်းကျန်းနေတဲ့ အခြေအနေ ကို မဆိုလို ပဲ ကောင်းကောင်းမွန်မွန် နဲ့ ဆန္ဒ ထုတ်ဖော်တဲ့ သူတွေ ကို Water Canon သုံး လူစုခွဲ မယ် ဆိုရင် စာရေးသူ အနေနဲ့ ဒါကို လည်း အလွဲသုံးတာ လို့ပဲ မြင်ပါတယ်။ ဒီလို အလွဲသုံးတဲ့ အခါ ဘယ်လိုပဲ ဥပဒေ နဲ့ ကာကွယ်ကာကွယ်၊ လူတွေ မုန်းတီးရွံရှာ တဲ့ Fire Hydrants တွေ ဖြစ်ကုန်ပါလိမ့်မယ်။ ဒေါသကြီးတဲ့ သူက ဖျက်ဆီးမယ်။ သီးခံ နိုင်တဲ့ သူကလည်း အဖျက်မခံ ရအောင် ကာကွယ် မှာ မဟုတ်တာ မို့ ပြည်သူပိုင် ပစ္စည်း ကို အာဏာပိုင် တစ်စု အတွက် အလွဲသုံးစား လုပ်တဲ့ လူတွေ ကြောင့် မပျက်စီး စေဘို့ မီးသတ်တပ်ဖွဲ့ဝင် တွေ သတိ ရှိစေချင်ပါတယ်။ ထို့အတူ မီးသတ်တပ်ဖွဲ့ ဆိုတာ လည်း ဒီလို တလွဲ နေရာတွေ မှာ ပါနေရင် လူတွေ ကို ကာကွယ် စောင့်ရှောက်တဲ့ အဖွဲ့ အနေ နဲ့ မြင်တော့ မှာ မဟုတ်တော့မဲ့ အရေးက ဝမ်းနည်းစရာ ဖြစ်ပါတယ်။
    မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေတဲ့ အချိန် မှာ မီးသတ်တပ်ဖွဲ့တွေ ပြည်သူလူထု မေတ္တာ ရှိမဲ့၊ လူထုလည်း အကျိုးရှိမဲ့ အရောင်မရှိတဲ့ ပရဟိတ အဖွဲ့အစည်း တစ်ခု အဖြစ် အမြဲရှိနေစေဘို့ ဆန္ဒပြုပါတယ်။
    မည်သူမဆို ပွင့်ပွင့်လင်းလင်း ဝင်ရောက် ဆွေးနွေး နိုင်ပါတယ်။ အကြောင်းအရာ နဲ့ တိုက်ရိုက် ပတ်သက်တာကို ပဲ ဆွေးနွေး စေလိုပါတယ်။ အပြုသဘောဆောင်ဘို့ နဲ့၊ အပြန်အလှန် လေးစားမှု ရှိကြဘို့ လည်း အဆိုပြု ပါတယ်။

Read More... [ အကျယ် ဖတ်ရန်... ]