Monday, June 21, 2010

Self-Study Guide for Revit MEP 2010 - 2011

  • Building Services Design မှာ ရေပန်းစားစ ပြုလာတာ ကတော့ BIM (Building Information Modeling) ပါ။ Architectural + Structural + MEP Systems တွေ အားလုံး ကို စုပေါင်းပြီး Integrated Model တစ်ခု အနေနဲ့ ပြလို့ ရနိုင် လို့ဖြစ်ပါတယ်။
  • BIM နဲ့ ပါတ်သက်လို့ အရင်တုန်းက ကြားခဲ့ ဘူးတာ ကတော့ Microstation Platform သုံးထားတဲ့ Plant Space ဖြစ်ပါတယ်။ စကာင်္ပူ နိုင်ငံ Changi Water Reclamation Plant (CWRP) ဆောက်လုပ်ခဲ့တုန်း က သက်ဆိုင်ရာ Project အခွဲ အလိုက် Consultant, Client နဲ့ Contractors အားလုံး က Engineers တွေ အဲဒီ Project အတွက် သက်ဆိုင်ရာ 3d Model တစ်ခုထဲ မှာပဲ ဝိုင်း အလုပ်လုပ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ Model ထဲမှာ Walk through လုပ်ရင်း တွေ့တဲ့ Fittings (ဥပမာ။ ။ valve) ရဲ့ Model, Spec တွေ ကို လည်း ကြည့်လို့ လည်း ရပါတယ်။Design, Walk Through, Material Take-Off, Coordination, Automatic Section Cutting စတာတွေ အားလုံးလိုလို ကို Model တစ်ခုထဲ ကနေ ပဲ ထုတ်ယူ ကြတယ်လို့ သိရပါတယ်။
  • Autodesk က နေ Actively Promote လုပ်နေတာ ကတော့ Autodesk Revit ပါ။ သူ့မှာ Architecture, Structure နဲ့ MEP ဆိုပြီး ရှိပါတယ်။ MEP Engineer တွေ အတွက် အသုံးဝင် မှာ ကတော့ Revit MEP ဖြစ်ပါတယ်။ Design Decisions ချတဲ့ အခါ ပိုမို လွယ်ကူ စေမှာ ဖြစ်ပြီး အမှားလည်း နည်းစေလိမ့် မယ် လို့ Autodesk က ဆိုပါတယ်။ ဒီ Post မှာ အဓိက တင်ပြပေးမှာ ကလည်း Revit MEP အကြောင်းပဲ ဖြစ်ပါတယ်။
  • Self-Study= Free of Charge : Revit MEP ကို အားလပ်တဲ့ အချိန်မှာ Self-Study လုပ်နိုင်ပါတယ်။ လိုအပ်တဲ့ System Requirements ပြည့်မှီတဲ့ ကွန်ပြူတာ တစ်လုံး နဲ့ Internet ရှိရင် အခြားလိုအပ်မဲ့ Trial Software နဲ့ Study Materials အားလုံး က အခကြေးငွေ မကုန်ကျပဲ ရနိုင်ပါတယ်။
  • ပိုပြီး နားလည်တတ်ကျွမ်း ချင်လို့ AutoDesk Authorized Training Center တွေ မှာ အခကြေးငွေ ပေးပြီး သင်တန်းတက်လို ကလည်း တက်နိုင် ပါသေးတယ်။
    1. Trial Software: Getting and Installation
    2. Practicing Tutorials
    3. Discussions
    4. References


  1. Trial Software: Getting and Installation
    1. Trial Software ကို ဘယ်လို ရယူနိုင်မလဲ။
      • Trial Software ကို ရနိုင်တဲ့ နည်း နှစ်နည်း ကတော့။
        1. Trial DVDs from Local Autodesk's Authorized Distributers or Training Centers
        2. Download from Autodesk Revit MEP Website

      • Autodesk's Authorized Distributers or Training Centers တွေ ကနေ အခမဲ့ ရယူ နိုင် မဲ့ AutoDesk MEP Suite 2010 DVDs တွေ မှာ AutoCAD MEP နဲ့ Revit MEP 2010 တွေ ပါဝင်ပါတယ်။ AutoCAD MEP က ပုံဆွဲတဲ့ သူတွေ အတွက် ရည်ရွယ်တာ ဖြစ်ပြီး Revit MEP ကတော့ Engineer တွေ အတွက် Design Decision ချဘို့ Model ဖြစ်ပါတယ်။
      • Software က Full access trail 30 days နဲ့ ရက် ၃၀ နောက်ပိုင်းမှာ Evaluation/Training အနေနဲ့ ဆက်လေ့ကျင့် နိုင်ပါတယ်။ ကန့်သတ်ချက် က တော့ Model တစ်ခု ကို ပြင်ပြီးရင် Print out ထုတ်လို့ မရတာ နဲ့ Save / Save as လုပ်လို့ မရတာပဲ ရှိပါတယ်။ Edit မလုပ်ရင်တော့ Viewer သဘောမျိုး မို့ Print out ထုတ်လို့ရပါတယ်။
      • စကာင်္ပူ အတွက် Authorised Training Centre တွေ ကို အောက် က လိပ်စာ မှာ တွေ့နိုင်ပါတယ်။
        http://south-apac.autodesk.com/adsk/servlet/index?siteID=1157326&id=3863016
      • အဲဒီ အထဲ က IMAGINiT Technologies (S) Pte Ltd နဲ့ Innocom Technologies Pte Ltd တွေ မှာ သင်တန်းတွေ ရှိသလို သူတို့ ဆီက နေ (သင်တန်းတက်သည် ဖြစ်စေ၊ မတက်သည် ဖြစ်စေ၊ ) Trial DVDs တွေ ရနိုင် ဘို့ အခွင့်အရေး များပါတယ်။ နောက်လူတွေ တောင်းယူလို့ မရ၊ ဒုက္ခ ရောက်ရလေအောင် သူတို့ကို အနှောင့်အယှက် ပေးသလို မဖြစ်ဘို့ တော့ သတိထားပါ။
        " Please request professionally, be responsible, don’t upset them for trial dvds and next people will suffer."
      • Online download link ကို အောက်က Link ပေးထားတဲ့ Autodesk website မှာ ရှာနိုင်ပါတယ်။
        Autodesk Revit MEP Website [ http://usa.autodesk.com/adsk/servlet/pc/index?siteID=123112&id=6861034 ]


    2. Installations
      • သတိထားရမဲ့ အချက် နှစ်ခုကတော့
        1. System Requirements တွေ ကို စစ်ပါ။
        2. Installation Keys တွေ ကို သတိထားပါ။

      • ပထမဆုံး System Requirements တွေ ကို အရင်စစ်ပါ။ 3d model တွေ မို့ Memory လိုအပ်ချက် နဲ့ System Requirements တွေ က မြင့်ပါတယ်။ အသေးစိတ် ကို တော့ Autodesk Revit MEP Website မှာ တွေ့နိုင်ပါတယ်။ အကြမ်းအားဖြင့်။
        1. Microsoft® Windows Vista® (SP2 or later), Windows® XP (SP2 or later), Microsoft® Windows® 7
        2. Intel® Pentium® 4 or AMD Athlondual core, 1.6 GHz (XP) or 3.0 GHz (Vista/Windows 7) or higher
        3. 3 GB RAM
        4. 5 GB free disk space
        5. 1,280 x 1,024 monitor and display adapter with true color
        6. Microsoft® Internet Explorer® 7.0 (or later)
        7. Microsoft Mouse-compliant pointing device
        8. Download or installation from DVD

      • သတိထားရန် ။ ။ Installation လုပ်တဲ့ အခါ Installation key တွေ ရိုက်ထည့်ရမဲ့ နေရာရောက် ရင် Trial အတွက် ဘာ keys တွေ ရိုက်ထည့် ရမလဲ ဆိုတာ ကို အဲဒီ Installation Dialogue ထဲက Instruction မှာ ဖော်ပြ ပေးထား ပါလိမ့်မယ်။ ဒီအဆင့် မမှန်ရင် Installation successful ဖြစ်မှာ မဟုတ်ပါဘူး။



  2. Practicing Tutorials
    • Tutorials တွေ ကို Autodesk Revit MEP Services & Support Website [ http://usa.autodesk.com/adsk/servlet/item?siteID=123112&id=13081672&linkID=9243140 ] ကနေ Download လုပ်ပြီး ရယူနိုင်ပါတယ်။
    • သတိထားရန် ။ ။ Installation လုပ်ထားတဲ့ Region အလိုက် သင့်တော်ရာ Unit ကိုရွေးချယ် ရပါမယ်။
      1. IP-unit (Imperial Unit)
      2. SI-unit (Metric Unit)
    • သတိထားရန် ။ ။ သုံးစွဲမဲ့ SI (သို့) IP ယူနစ်အောက် က Tutorial documents တွေ နဲ့ dataset files အားလုံး ကို download လုပ် နောက် Organize လုပ်ပြီး မှ Tutorials တွေ ကို စသင့်ပါတယ်။ မဟုတ်ရင် Links တွေ ပျောက်နေနိုင်ပါတယ်။ ဒီ Post ရေးနေတဲ့ အချိန်မှာ rme_tutorial_documents_i.zip တစ်ဖိုင် နဲ့ rme_tutorial_datasets_01_i.zip ကနေ rme_tutorial_datasets_08_i.zip အထိ ရှစ်ဖိုင်၊ စုစုပေါင်း 9-files ရှိပါတယ်။
    • rme_tutorial_documents_i.zip ကို unzip လုပ်လိုက်ရင် ရလာမဲ့ Tutorialxxxx.pdf file ထဲ မှာ လေ့ကျင့်ရမဲ့ Tutorial Lessons တွေ ကို ဖော်ပြပေး ထားပါတယ်။
    • rme_tutorial_datasets_01_i.zip ကနေ rme_tutorial_datasets_08_i.zip ထဲမှာ ကတော့ Tutorials တွေ အတွက် သုံးရမဲ့ Practice Files တွေ ပါဝင်ပါတယ်။ သူတို့ကို unzip လုပ်လိုက်ရင် Folders ငါးခု တွေ့ရမှာ ဖြစ်ပါတယ်။
      1. 02_Mechanical Systems
      2. 03_Electrical Systems
      3. 04_Plumbing Systems
      4. 05_Fire Protection Systems
      5. Arch_Struct Link Files
    • သတိထားရန် ။ ။ Tutorial File တွေ ကို ဖွင့်တဲ့ အခါ သက်ဆိုင်ရာ Arch Link File ပျောက် နေတတ်ပါတယ်။ ဒီအခါ error တွေ ပါ တက်လာ တတ်ပါ သေးတယ်။Arch Link Model.rvt ကို အခြား Folder တွေထဲ ကူးထည့်ထားပါ။ ဒါမှ မရရရင်တော့ ကနေ Revit link model ကို reload လုပ်ယူရမှာ ဖြစ်ပါတယ်။
    • ဒီ Tutorials တွေ ကို အစီအစဉ် အတိုင်း လေ့ကျင့် စေချင်ပါတယ်။ Services အလိုက် နောက် သင်ခန်းစာ ကရှေ့က လေ့ကျင့်ခန်း ကနေ ဆက်သွားရတာ မို့ပါ။ လေ့ကျင့်ခန်း ကို Download လုပ်ထားတဲ့ မူရင်း File တွေ ကို သုံးပြီး လေ့ကျင့်ပါ။ File တွေ လိုနေရင် ပေးထားတဲ့ Link ကနေ Download လုပ်ပါ။ Trial Period မှာ လေ့ကျင့်ခန်း တစ်ခုပြီးတဲ့ အခါ File ကို Save လုပ်လို့ရပေမဲ့ မလုပ်ပါနဲ့။

    • အကြံပေးချက် ။ ။ Tutorial Exercise တွေ လုပ်တဲ့အခါ မလုပ်ခင် ရှင်းပြချက် နဲ့ အဆုံးသတ် မှာ ကိုယ်ဘာတွေ လုပ်ခဲ့တာလဲ ဆိုတာ ရှင်းပြ ထားပါတယ်။ ဒါတွေ က အရေးကြီးပါတယ်။ လေ့ကျင့်ခန်း တစ်ခု ပြီးတိုင်း ဒီမှတ်စု နှစ်ခု ကို ကြည့်ပြီး ဘာကြောင့်ဘာလုပ်ရတာ လဲ ပြန်ဆန်းစစ်ပါ။ ဒါမှ သေချာ နားလည်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ဘာအတွက် ဘာတွေ ဘာကြောင့် လုပ်ရတာလဲ မသိ၊ လေ့ကျင့်ခန်း တွေ သာပြီးသွားတယ် ဘာမှ နားမလည် ဖြစ်နေပါလိမ့်မယ်။

    • နောက် Presentation Media Files တွေ ကို လည်း Revit MEP Media Files ကနေ ရရှိနိုင်ပါတယ်။ Salesman Talk တွေ ဖြစ်တာမို့ ညွှန်းလွန်းတာ တော့ သတိပြုပါ။


  3. Discussions
    • Revit MEP မှာ ပုံဆွဲတယ်ဆိုတာ ထက် model design လုပ်တယ်ဆိုတာ က ပိုသင့်တော်ပါတယ်။ Database ပုံစံနဲ့ Model Analysis တွေ ပါတွဲသုံး ထားတာမို့ပါ။
    • သုံးရမဲ့ Architecture Link Model က အဖြစ်၊ Archi အမြင်ရယုံ သက်သက် မဟုတ်ပဲ အချက်အလက် ပြည့်စုံတဲ့ အမှန်တကယ် Architecture Model ကောင်း ဖြစ်နေဘို့ လည်းလိုအပ်ပါတယ်။ Architects တွေ က အမြင်ရယုံ ပြီးစလွယ် လုပ်ထားရင် Revit MEP သုံးတဲ့သူ ချာလပတ်ရမ်း သွားနိုင်ပါတယ်။ ဒီပြဿနာ က တော့ တော်ရုံ နဲ့ ရှင်းရမယ် မထင်ပါဘူး။
    • နောက် MEP Equipments တွေ ရဲ့ Model တွေ ကို Library မှာ အများကြီး အဆင်သင့် ထည့်သွင်း ပေးထားတယ် ဆိုပေမဲ့ လည်း Still very limited ပါ။ ဥပမာ Pumps/ Equipments အမျိုးမျိုး က Type နဲ့ Manufacturer ပေါ် မူတည် ပါမယ်။ ဒီ Model တွေ မှာ သင့်တော်တဲ့ အရွယ်အစား အပြင် MEP connection sizes တွေ၊ Types တွေ လည်း ပါရမှာ ဖြစ်ပါတယ်။ ဥပမာ 2" Chilled water inlet, 2" Chilled water outlet, 9"x12" Air Supply, ဆိုတာမျိုးတွေ ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒါတွေ ကို ကိုယ့်ဖာသာ လိုက်ပြီး Create လုပ်နေရမယ် ဆိုရင် လည်း သိပ်ခရီးတွင် မှာ မဟုတ်ပါဘူး။
    • Building Services Design အခြေခံ တွေ နဲ့ ဒီဇိုင်းလုပ်နိုင် တဲ့ Engineering Knowledge / Skills တွေ ကတော့ လိုအပ် ပါလိမ့်မယ်။ Software က သိပ် Advanced ဖြစ်ပြီး သုံးလို့လွယ်ကူ လာပေမဲ့ အခြေခံ Design/Engineering Knowledge ရှိမှ အမှားအမှန် ခွဲခြားစစ်ဆေးနိုင်မှာ ဖြစ်ပြီး အမှားနည်းစေနိုင်မှာ မို့ပါ။ Proper Input မထည့်နိုင်ရင် Reliable Output မရနိုင်ပါဘူး။ စာရေးသူ အမြင်အရ အသုံးချမဲ့ သူအတွက် မရှိမဖြစ် လိုအပ်ချက် တွေ ကတော့
      1. Knowledge to Understand All Building System Drawings (Architectural, Structural, MEP Systems)
      2. MEP Service Basic Design Knowledge
      3. Basic MEP Systems Coordination

    • ဒါ့အပြင် Construction (Site) Experiences ရှိခဲ့ရင် လည်း ဒီ Software ကို အသုံးချတဲ့ အခါ ပိုပြီး မြင်လွယ် စေနိုင် ပါတယ်။ AutoCAD နဲ့ ပုံစံ မတူပေမဲ့ Autodesk Environment ပဲမို့ AutoCAD Experiences ရှိခဲ့ရင်လည်း အတိုင်းအတာ တစ်ခုအထိ တော့ အသုံးကျ ပါလိမ့်မယ်။
    • ဒီဇိုင်း အခြေခံ ရှိရမယ် လို့ ဘာလို့ ပြောရလဲ တာ ကို နမူနာ ပြောရရင် အခန်းတစ်ခန်း အတွက် Autodesk Revit ကို သုံးပြီး HVAC Ducting System တစ်ခု လုပ်တော့မယ် ဆိုရင် လုပ်ရမဲ့ အဆင့်တွေ က
      1. ဒီအခန်း က ဘာအခန်း လဲ၊ ဘာအတွက် သုံးမှာလဲ။ Archi-Model က (အခင်း၊ အမိုး၊ အကာ) ပြည့်စုံရဲ့လား။
      2. ဘယ်လို Diffuser Type ကို သုံးမလဲ၊ Air Flow က ဘယ်လောက် စီလဲ။
      3. Supply Air Diffuser ဘယ်နှလုံး ဘယ်နေရာ မှာ ချထားမှာလဲ။ Return Grill ကရော ဘယ်လိုလဲ။
      4. Ceiling မရှိရင် ဘယ်အမြင့် မှာ ဆင်သင့်တာလဲ။
      5. BIM ကို သုံးပြီး Cooling/Heating Load တွက်ချက် နိုင်ဘို့ အတွက် Basic Cooling Load Calculation Knowledge ရှိရပါမယ်။ (ဥပမာ။ ။ ventilation rate, occupant density, lighting load, power load, schedule, etc.)
      6. Cooling/Heating Load တွက်ချက်မှု အရ Air Flow ဘယ်လောက် လိုမှာလဲ။ ဒါရော ကိုက်ရဲ့လား။
      7. Terminal Equipment က ဘာအမျိုးအစား လဲ။ Capacity ကဘယ်လောက်လဲ။
      8. Ducting / Fittings အမျိုးအစား (Round / Rectangle) နဲ့ သုံးမဲ့ Sizing Method
      9. Duct Pressure Loss / Velocity Limit Constraints
      10. Elevation to Locate the Duct (i.e. How high from the floor)
      11. Duct Size Constraint (i.e. Maxiumum Duct Height, etc.)

    • ဒါတွေ ကို မှန်မှန်ကန်ကန် ထည့်သွင်းပြီးမှသာ Duct Sizes တွေ ကို Software အကူအညီ နဲ့ တွက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
    • တစ်ပြိုင်တည်း မှာပဲ သက်ဆိုင်ရာ Ducting Layout နဲ့ အတူ Database တွေကနေ Schedule/Quantities တွေကို Update လုပ်ပြီးသားမို့ သင့်တော်သလို Extract လုပ်သုံးနိုင်ပါတယ်။
    • ဒါ့အပြင် MEP Systems တွေ ကို ဘယ်လို အုပ်စု ဖွဲ့မယ်။ ဘာနဲ့ ဘာနဲ့ ဆက်သွယ်ချက် ရှိတယ်။ သက်ဆိုင်တဲ့ Architectural Drawing က Floor Plan တွေ Ceiling နဲ့ Ceiling Plenum တွေ ကို ဘယ်လိုယူ သုံးမယ်။ အခန်းဖွဲ့ထားတာ တွေ ကို ဘယ်လို zone လုပ်မယ် စတာတွေ က Design Knowledge ရှိမှ သုံးလို့ သက်တောင့်သက်သာ ရှိမှာဖြစ်ပါတယ်။


  4. References & Web-Links
    1. Autodesk Revit MEP Website
      [ http://usa.autodesk.com/adsk/servlet/pc/index?siteID=123112&id=6861034 ]

    2. Autodesk Revit MEP Services & Support Website
      [ http://usa.autodesk.com/adsk/servlet/item?siteID=123112&id=13081672&linkID=9243140 ]

    3. Revit MEP Media Files
      [ http://www.buildings-media-center.com/search.php?solution=all&product=revit-mep ]

    4. Singapore: Autodesk Authorised Training Centres
      [ http://south-apac.autodesk.com/adsk/servlet/index?siteID=1157326&id=3863016 ]




No comments: