Wednesday, December 30, 2009

Smoke Control Part 1: Pressurization Systems In Building

  • မီး အရေးပေါ် အခြေအနေ မှာ လူတွေ လွတ်မြောက်စေနိုင် ဘို့ Escape Route ကို စနစ်တကျ တွက်ချက် ပြီး ထားပေးရပါတယ်။ ဒီ Escape Route ထဲ ကို မီးခိုးတွေ ဝင် မလာနိုင်ဘို့ အတွက် accommodation area ထက်ပိုတဲ့ Positive Pressure ကို ထားပေးနိုင် ဘို့ ဒီ Escape Route ထဲ ကို အပြင် က Fresh Air လုံလုံလောက်လောက် မှုတ်သွင်းပေး ရပါတယ်။
  • ဒီစနစ် ကို Pressurization Systems In Building လို့ခေါ်ပါတယ်။ ဒီ Protected Escape Routes တွေ ထဲမှာ Staircases, Lobbies နဲ့ တစ်ခါတစ်ရံ Corridors တွေ ပါဝင်တတ်ပါတယ်။

  • ဒီ Post မှာ စီစဉ်ထားတာကတော့
    1. Introduction to Smoke Control ( မီးခိုး ထိန်းချုပ်ခြင်း-မိတ်ဆက် )
    2. Pressurization: Basics Concepts
    3. Design Calculations
  • ဒီ အကြောင်းအရာ ကို စာရေးသူ အရင် တင်ပြခဲ့ဘူးတဲ့ Fire Protection : Introduction
    [ http://chawlwin.blogspot.com/2008/10/fire01introduction.html ]
    နဲ့တွဲဖက် လေ့လာစေလို ပါတယ်။
  1. Introduction to Smoke Control ( မီးခိုး ထိန်းချုပ်ခြင်း-မိတ်ဆက် )
    • လူတွေ အသက်ရှုဘို့ သင့်တော်တဲ့ လေမှာ အောက်ဆီဂျင် 21% ခန့်ပါဝင်ပါတယ်။ မီးလောင်တဲ့ အခါ လေထဲက အောက်ဆီဂျင် ကို သုံးပစ်ယုံမက မီးခိုးတွေ ပါဝင်လာတာမို့ Oxygen Level ကျလာပြီး အဆိပ်ငွေ့ Toxic Contaminants Level လည်း တက်လာပါတယ်။ မီးခိုး ဒါဏ်ခံနိုင်မှု အားက တော့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူမှာပါ။ မီးခိုးတွေကို ရှု မိတဲ့ အခါ အသက် ကို အန္တာရာယ် မပေးရင်တောင် မှ Nervous System, Cardiac, respiratory systems, genetic systems and reproductive systems တွေ ကို ဒုက္ခပေးနိုင်ပါတယ်။
    • မီးလောင်တဲ့ အခါ၊ အထူးသဖြင့် မီးတောက်စပြီးခါစ မှာ မီးခိုးထွက်လာပြီး ချက်ချင်းဆိုသလို အဆောက်အအုံ ထဲ မှာ နေရာအနှံ့ ပျံ့နှံ့သွားနိုင်ပါတယ်။ ထိန်းသိမ်းမထားနိုင်ရင် လူတွေ လွတ်မြောက်ရာ အပြင်ထွက်ဘို့ လမ်းကြောင်း Escape Routes တွေဖြစ်တဲ့ Stairwells (လှေကား)၊ ကော်ရစ်ဒါ၊ Lobbies တွေ နဲ့ ဓာတ်လှေကား တွေ မီးခိုးတွေ နဲ့ ပြည့်သွားနိုင်ပါတယ်။ ဒီလို Escape Routes တွေမှာ မီးခိုးဝင်လာရင် သူ့ရဲ့ အဆိပ်တွေ ကြောင့် Occupants (အဆောက်အအုံ ထဲမှာနေတဲ့သူတွေ) ကို ဆိုးဆိုးဝါးဝါး အန္တာရာယ် ပေးနိုင်ပါတယ်။ (မီးလောင်တဲ့ အခါ လူတွေ အသက်ဆုံးရှုံး ရတဲ့ အဓိက တရားခံ က မီးခိုးဖြစ် ပါတယ်။) ဒါ့အပြင် မီးခိုးက မြင်ကွင်းတွေ ကို ပိတ်ဆို့ ထားမှာ မို့ လူတွေ အများကြီး mass evacuation လုပ်တာ ကို အကြီးအကျယ် အနှောင့်အယှက် ပေးပါလိမ့်အုံးမယ်။
    • မီးခိုးပျံအောင် ကူညီတဲ့ အချက်တွေ ကတော့ Stack Effect, buoyancy, expansion, wind နဲ့ HVAC system တွေ ဖြစ်ကြပါတယ်။
    • Temperature & Pressure Differences တွေကြောင့် Stack Effect ဖြစ်ရပါတယ်။ မီးခိုးပါတဲ့ လေက ပူတာ မို့ ပိုပြီးတော့ ပေါ့ပါး (Relatively Less Dense) ဖြစ်ပါတယ်။ ဒီအခါ Buoyancy Forces တွေက မီးခိုးကို အပေါ်တွန်းတင် ပါလိမ့်မယ်။ ဒီအခါ မီးခိုးတွေက Stairwell တွေလို၊ Elevator Shafts / Refuse Chute တွေလိုနေရတွေ က နေ အပေါ်ကို တက်ဘို့ ကြိုးစားပါလိမ့်မယ်။ တစ်ပြိုင်တည်း မှာပဲ ဘေးက ကျလာတဲ့ လေအေးတွေ က မီးခိုး အချို့ကို အေးစေနိုင်ပါသေးတယ်။ ဒါ့အပြင် မီးက ထုတ်လွှတ်တဲ့ Energy က လည်း မီးခိုးတွေ ကို Forces of Expansion နဲ့ တွန်းအားပေးနိုင်ပါတယ်။
    • မီးလောင်ရာ လေပင့်ဆိုသလို အပြင်မှာရှိတဲ့ လေ ကလည်း မီးကို အားပေးဘို့သာမက မီးခိုးတွေ လျှောက်ပြန့်ဘို့ပါ အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ မီးလောင်တဲ့ အခါ ပွင့်နေတဲ့ ပြူတင်းပေါက်တွေ က သာမက အပူရှိန် နဲ့ ပြူတင်းမှန်တွေ၊ Façade Glass တွေကွဲ ပြီး မီးခိုးတွေ ထွက်လာ၊ အပြင်က လေ အကူအညီနဲ့ လျှောက်ပျံ့နိုင်ပါသေးတယ်။
    • အဆောက်အအုံ ထဲမှာ သုံးထားတဲ့ HVAC Systems တွေကလည်း စနစ်တကျ ဒီဇိုင်းလုပ်မထားခဲ့ရင် မီးလောင်တဲ့ အခါ မီးခိုးတွေ ကို လူတွေရှိတဲ့ နေရာကို ပျံ့နှံ့ ရောက်ရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးလောင်တဲ့ နေရာ ကိုလည်း လေသန့်တွေ လှယ် ပို့ပေးပြီး မီးကို ပိုမိုအားပေး နိုင်ပါသေးတယ်။ ဒါကြောင့် HVAC Design မှာ Fire နဲ့ Smoke Control ကိုထည့်သွင်း စဉ်းစားပေးရပါတယ်။ ဥပမာ အားဖြင့် Fire Compartments တွေ ကို ဖြတ်တဲ့ Ductworks တွေ မှာ သင့်တော်တဲ့ Fire Dampers တွေ ထည့်တာ၊ AHU (Air Handling Units) Return မှာ Smoke Detector တွေထည့်တာ မျိုးပါ။ သင့်တော်တဲ့ Smoke Suppression System တွေ ကို Active Fire Protection နဲ့တွဲထည့်ရတာ လည်း ရှိနိုင်ပါတယ်။
    • Smoke Control ကိုကြည့်ရင် အဓိက တွေ့ရမဲ့ နည်းနှစ်နည်း ကတော့
      1. Smoke Venting
      2. Pressurization
    • Smoke Venting: မီးခိုးရှိနေတဲ့ Space ထဲ က မီးခိုးတွေ ကို အခြား Occupied Spaces တွေဆီ မပျံ့လွင့်အောင် နဲ့ မီးခိုးပြယ်သွားအောင် လုပ်တာပါ။ အများအားဖြင့် Sprinkler အကူအညီ ပါရပါတယ်။ မီးကို Sprinkler က ငြှိမ်းသတ်ပေးမယ်။ ထွက်လာတဲ့ မီးခိုးကို Smoke Control System ကနေ စနစ်တကျ venting (ဖွင့်ထုတ်) ပေးပြီး ပြယ်သွားအောင် Dilution လုပ်ပေးမယ်။
    • သိပ်ပြီး ကြီးတဲ့ Space တွေ မှာ သီးသန့် ဒီဇိုင်း လုပ်ယူရတဲ့ Performance Base Engineered Smoke Control စနစ် လိုအပ်နိုင်ပါတယ်။ CFD (Computational Fluid Dynamic), Egress Simulation စတဲ့ Computer Simulation တွေ ပါဝင်လေ့ရှိပါတယ်။
    • လူတွေ လွတ်မြောက်ဘို့ လိုအပ်တဲ့ Escape Routes တွေထဲကို မီးခိုးတွေ ဝင်မလာအောင် ကတော့ Pressurization Systems တွေ ထည့်ပေးရပါတယ်။ ဒီနေရာတွေ မှာ အစထဲက မီးခိုးဖြစ်စေမဲ့ မီးလောင်နိုင်တဲ့ ပစ္စည်းတွေ မရှိစေ ဘို့ သတ်မှတ်ထား လေ့ရှိပါတယ်။ အခု ဒီ Post မှာ အဓိက ဖော်ပြမှာ ကတော့ ဒီ Pressurization Systems တွေ အကြောင်းဖြစ်ပါတယ်။
    • Pressurization Systems တွေ ကို ဒီဇိုင်းမလုပ်ခင် တကယ်လိုအပ် မလိုအပ် အရင် စဉ်းစားရပါမယ်။ ဒါကို တော့ သက်ဆိုင်ရာ Code & Regulations တွေမှာ သတ်မှတ်ထားလေ့ရှိပါတယ်။ စဉ်းစားရမဲ့ အဆင့်တွေ ကတော့
      1. ပထမ အဆင့် - Natural Ventilation
      2. ဒုတိယ အဆင့် - Mechanical Ventilation
      3. တတိယ အဆင့် - Pressurization
    • Staircase Ventilation ကိုစဉ်းစားတဲ့ အခါ External Staircase တွေမှာ လုံလောက်တဲ့ Louver Area ရှိရင် Natural Ventilation နဲ့တင် လုံလောက်လေ့ရှိပါတယ်။ အထပ်သိပ်မများတဲ့ Internal Staircase နဲ့ Basement Staircase တွေမှာလည်း Mechanical Ventilation နဲ့တင် လုံလောက်ကောင်းလုံလောက်ပါလိမ့်မယ်။ အထပ်မြင့် တဲ့ (ဒါမှမဟုတ်) Basement အထပ်များတဲ့ Internal Staircase တွေ မှာ ပဲ Pressurization Systems တွေ လိုအပ်နိုင်ပါတယ်။
  2. Pressurization: Basics Concepts
    • Pressure Requirements လိုအပ်ချက် စဉ်းစားတဲ့ အခါ အခြေခံ အချက် နှစ်ချက် ရှိပါတယ်။
      1. ပထမ အချက်က မီးခိုးတွေ ဝင်မလာနိုင်အောင် ထိန်းထားဘို့ (To prevent smoke egress)။ နဲ့
      2. ဒုတိယ အချက် ကတော့ အရေးပေါ် အခြေအနေ မှာ လူတွေ တံခါးကို ဖွင့်လို့ ရနိုင်ဘို့
      တွေပါ။
    • ပထမ အချက် က အနည်းဆုံး လိုအပ်တဲ့ Minimum Pressure Requirements ကို သတ်မှတ် ပေးစေတာ ဖြစ်ပြီး ဒုတိယ အချက် ကတော့ ကျော်လို့ မရမဲ့ Maximum Pressure Requirements ကို သတ်မှတ်ပေးစေတာ ဖြစ်ပါတယ်။
    • ပထမ အချက် ဖြစ်တဲ့ မီးခိုးဝင်မလာ ဘို့ အတွက် မီးခိုးဝင်မလာနိုင်မဲ့ Minimum Pressure ကို ရအောင် ထိန်းထားပေး နိုင်ဘို့ လိုပါတယ်။ ဒီ Pressure ကို ရဘို့ မှုတ်သွင်းရမဲ့ Air Flowrate (လေပမာဏ) ကို စဉ်းစားတဲ့ အခါ မှာတော့
      1. Air Leakage through Closed Doors (ပိတ်ထားတဲ့ တံခါး Gap တွေ ကြား၊ ကနေ စိမ့်ထွက်မဲ့ လေ)
      2. Leakage Through Open Doors (ပွင့်နေမဲ့ တံခါးပေါက်တွေ ကနေ စိမ့်ထွက်မဲ့ လေ)
      3. Air Leakage through Shafts
      တွေ ကို စဉ်းစားပေး ရပါမယ်။
    • ဒုတိယ အချက် ဖြစ်တဲ့ တံခါးဖွင့်လို့ရနိုင်ဘို့ ကတော့ လူတွေ ရဲ့ တံခါးဖွင့်နိုင်တဲ့ အား Door Opening Forces ကို Pressurization Force နဲ့ Door Closer Forces နှစ်ခုပေါင်း က မကျော်မှ ရပါမယ်။ အရေးပေါ် အခြေအနေ မှာ တံခါးဖွင့်လို့ မရနိုင်ရင် Pressurization လုပ်ထားတာ လူတွေ ကို ပိတ်သတ် သလို ပဲ ဖြစ်စေပါလိမ့်မယ်။ ဒီနေရမှာ စဉ်းစားရမဲ့ အချက်တွေ က
      1. Pressure Differential
      2. Door Size and Latch Location
      3. Door Opening Direction
      4. Door Closer Force
    • ဒီအကြောင်းတွေ ကို မဆက်ခင် သုံးစွဲတဲ့ တံခါးတွေ နဲ့ ပတ်သက်တဲ့ အခြေခံ အချက် တွေ ကို အရင် သိထားဘို့ လိုအပ်ပါတယ်။
      1. Types of Doors
        • တပ်ဆင်တဲ့ တံခါး အမျိုးအစား Types of Doors တွေ အကြောင်း ကို လေ့လာတဲ့ အခါ Door Leaf (တံခါးရွက် အရည်အတွက်) နဲ့ Door Opening Direction ပေါ်မူတည်ပြီး။
          1. Single leaf: opening into a pressurised space
          2. Single leaf: opening outwards from a pressurised space
          3. Double leaf: opening into pressurised space
          4. Double leaf: opening outwards from pressurised space
          သုံးလေ့ရှိတာ က Fire Rated Doors တွေ ဖြစ်ပြီး အနည်းဆုံး ရှိရမဲ့ အရွယ်အစား ကို Code တွေမှာ ဖော်ပြထားလေ့ ရှိပါတယ်။ မလေးရှား မှာ အသုံးများတာ ကတော့ 800mm Width x 2,000mm Height Single Leaf Door ဖြစ်ပါတယ်။

        • စကာင်္ပူ နိုင်ငံရဲ့ သတ်မှတ်ချက် ကို SCDF Code ထဲကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
          Single Leaf
          Double Leaf

        • IBC (International Building Code) မှာတော့ Application (Occupancies Groups) အလိုက် အနည်းဆုံး ရှိရမဲ့ အရွယ်အစား ကို ဖော်ပြပေးထားပါတယ်။ ဒီ အရွယ်အစား က လည်း အပေါ်က အရွယ်အစား နဲ့ သိပ်မကွာ လှပါဘူး။
        • Fire Lift Lobby ပါလာရင်တော့ Lift Landing Door ကြားကနေ စိမ့်ထွက်မဲ့ ပမာဏ ကိုပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။
      2. Door Opening Direction
        • Door Opening Direction ကလည်း Leakage ပမာဏ နဲ့ Door Opening Forces တွေ အပေါ် အကျိုးသက်ရောက် မှု ရှိပါတယ်။ Occupied Floor တွေမှာ တံခါးတွေ က opening into pressurised space ဖြစ်သင့်ပါတယ်။ ကြောက်ကြောက်လန့်လန့် နဲ့ ထွက်ပြေးလာတဲ့ လူတွေ ကို ဆွဲဖွင့်ရတဲ့ တံခါး နဲ့ ထားလို့ မသင့်တော်ပါဘူး။ တွန်းရင်းထိုးရင်း တံခါးဖွင့်မရ ပဲ ပိတ်မိနေနိုင်ပါတယ်။ (ဒါနဲ့ ပတ်သက်ပြီး အကြီးအကျယ် အသက်ဆုံးရှုံး ခဲ့တဲ့ သာဓက တွေ ရှိခဲ့ ဘူးပါတယ်။)။ ဒါကြောင့် တွန်းဖွင့်တဲ့ တံခါး ကိုပဲ အသုံးများပါတယ်။
        • ဒီလို ဖွင့်ရတဲ့ အခါ Pressurized လုပ်ထားတဲ့ အချိန်မှာ Against Pressurized Force မို့ တံခါးဖွင့်အား ပိုမိုလိုအပ်တာ ကို တော့ သတိပြုရမှာပါ။ ဒါကြောင့် Door Opening Force ကိုပါစဉ်းစားရတာ ဖြစ်ပါတယ်။
        • ထွက်ပေါက်ဖြစ်တဲ့ Ground Floor မှာပဲ opening outwards from pressurised space ဖြစ်သင့်ပါတယ်။ အမိုးထိ ပေါက်တဲ့ တံခါး ဆိုရင် တော့ အမိုးမှာလည်း Ground Floor လိုပဲ opening outwards from pressurised space ဖြစ်ပါလိမ့်မယ်။
        • ဒါက Pressurization System ကို ပိုပြီး ရိုးရှင်းစွာ နားလည်စေပါလိမ့်မယ်။

    1. Prevent smoke egress (မီးခိုးတွေ ဝင်မလာနိုင်အောင် ထိန်းသိမ်းကာကွယ် ခြင်း။)
      1. Air Leakage through Closed Doors (ပိတ်ထားတဲ့ တံခါး Gap တွေ ကြား၊ ကနေ စိမ့်ထွက်မဲ့ လေ)
        • Pressure Difference နဲ့ ပတ်သက်ပြီး Singapore / Malaysia မှာ သတ်မှတ် ထားတာ ကတော့ Pressure Difference ကို အနည်းဆုံး 50 Paလို့ သတ်မှတ်ထားပါတယ်။ ( တံခါးတွေ အားလုံးပိတ်ထားတဲ့ အခြေအနေ မှာသာ 50 Pa ရဘို့ လိုပါတယ်။ )
        • IBC အရတော့ Fully Sprinklered buildings တွေ အတွက် Pressure Difference ကို အနည်းဆုံး 0.05-inch water gage (12.4Pa) လို့ သတ်မှတ်ထားပါတယ်။
        • Door Leakage ကို စဉ်းစားတဲ့ အခါ Door Gap တွေ ကို Average 3mm (1/8 inch) လောက်လို့ အကြမ်းဖျဉ်း ယူဆ လို့ ရပါတယ်။ ဒါပေမဲ့ တံခါးဖွင့်တဲ့ Direction ကိုလိုက်ပြီး အပြောင်းအလဲ ရှိပါတယ်။ Pressurised Space ထဲကို တွန်းဖွင့်ရမဲ့ opening into a pressurised space ဆိုရင် Leakage Area ပိုနည်းပါတယ်။ (တစ်ဝက်လောက် ကို ပိုနိုင်ပါတယ်။ ) ဒါနဲ့ပတ်သက်ပြီး Reference တစ်ခုကို အောက်မှာ ပေးထားပါတယ်။
          Type Of DoorDoor SizeCrack Length
          (m)
          Leakage
          Area(m²)
          Leakage
          at 50Pa
          (cmh)
          Height
          (mm)
          Width
          (mm)
          Single leaf opening into a pressurised space20.85.60.01210
          Single leaf opening outwards from a pressurised space20.85.60.02420
          Double leaf opening into pressurised space21.69.20.03630
          Lift Landing Door2280.061,260
          • Leakage Air Flow (cmh) ပမာဏ က တော့ စကာင်္ပူ မလေးရှား မှာ အသုံးများ တဲ့ Pressure Differential = 50 Pa ကို အခြေခံ ထားပါတယ်။
          • ဒီ Leakage Air Flow ကို တွက်ယူတာ က တော့ Basic Fluid Dynamic Equation ဖြစ်တဲ့
            Q = CA √ (2gh) ကို အခြေခံပါတယ်။ [ g x h= Δp/ρ ] ဖြစ်တာမို့
            Q = CA √ (2 Δp/ ρ )
            Where;
            Q = volumetric airflow rate
            C = flow coefficient
            A = flow area (leakage area)
            Δp = pressure difference across flow path
            ρ= density of air entering flow path

          • ဒါကိုကြည့်ရင် Q A √Δp ဆိုတဲ့ ဆက်သွယ်ချက် ကို တွေ့ပါလိမ့်မယ်။
          • Flow Coefficient C က 0.6 – 0.7 လောက်ဖြစ်လေ့ ရှိပါတယ်။
          • S.I Unit: ρ= 1.2 kg/m³ and C = 0.65, [ Q (m³/s); A (m²); Δ p (Pa) ]
            Q = 0.839 AΔp
          • IP Unit:ρ = 0.075 lbm/ft³ and C =0.65, [ Q (cfm); A (ft²); Δ p (in. of water) ]
            Q = 2610 AΔp
        • သတိထား ရမှာ က Undercut မပါစေဘို့ ပါ။ Undercut ပါနေရင် Area က အဆပေါင်းများစွာ များနေပါလိမ့်မယ်။
        • အထပ်တွေ သိပ်များလာလို့ Leakage ကိုလျှော့ချင်တဲ့ အခါ Simple Lobby (Smoke Stop Lobby) လို့ခေါ်တဲ့ အကန့်တစ်ကန့် ထပ်ထည့်ပေးနိုင်ပါတယ်။ အဲဒီ့အခါ တံခါးနှစ်ခု (2 doors in series) ဖြစ်သွားပါတယ်။ ဒါထည့်ပေးခြင်းအားဖြင့် Leakage နှစ်မျိုးစလုံး ကို ပိုပြီး ထိန်းလို့ ကောင်းပါတယ်။ (similar to Air-Lock in Industrial Buildings)
        • ဒီအကန့် အတွက် Ventilation System ကိုတော့ သက်ဆိုင်ရာ နိုင်ငံ အလိုက် Code တွေနဲ့ ပြန်ဆန်းစစ် ရမှာ ဖြစ်ပါတယ်။ ( ဥပမာ၊ Malaysia - Simple Lobby – no need to ventilate during fire mode; Singapore – Mechanically Ventilated Smoke Stop Lobby – 10 air changes /hour during fire mode.) ပုံမှန်အခြေအနေ မှာ တော့ Pressurized Staircase နဲ့ကပ်ရက် ဖြစ်ပြီး Natural ventilation လည်း မရနိုင်တာမို့ Mechanically Ventilated လုပ်ပေးရလေ့ ရှိပါတယ်။
      2. Leakage Through Open Doors (ပွင့်နေမဲ့ တံခါးပေါက်တွေ ကနေ စိမ့်ထွက်မဲ့ လေ)
        • Fire Emergency မီးလန့်တဲ့ အချိန်မှာ လူတွေ ဘယ်လောက်၊ ဘယ်လို ထွက်မှန်း အတိအကျ မသိနိုင် တာမို့ တံခါး ဘယ်နှစ်ချပ် ပွင့်နေမလဲ ဆိုတာလည်း အတိအကျ မပြောနိုင်ပါဘူး။ အကုန်ပွင့်ချင်လည်း ပွင့်နိုင်တာပဲ။ Zone by Zone Evacuation လုပ်ရင် တံခါးအချို့ပဲ ပွင့်နေမှာ ဖြစ်ပါတယ်။ ဒါကို ဒီဇိုင်းလုပ်တဲ့ အခါ Guided Assumption ကိုယူရပါတယ်။ Code အတော်များများ မှာ အနည်းဆုံး 2 x open doors လို့ ယူပါတယ်။
        • Malaysia UBBL မှာတော့ အနည်းဆုံး အနည်းဆုံး minimum 2 x open doors but not less than 10% of doors quantity လို့သတ်မှတ်ပါတယ်။ (i.e. 21 floors -> 3 doors )
        • စကာင်္ပူ မှာတော့ အနည်းဆုံး အပေါ်ထပ် ကပ်ရက် အထပ်နှစ်ခု တံခါး နှစ်ချပ် နဲ့ အပြင်ထွက်ရမဲ့ အဓိက တံခါးတစ်ချပ် ကို စဉ်းစားခိုင်းပါတယ်။ ( The flow velocity shall be attained when a combination of two doors from any two successive storeys and the main discharge door are fully open. )
        • ပွင့်နေတဲ့ တံခါးတွေ ကနေ စီးထွက်မဲ့ လေရဲ့ Egress Velocity ကိုတော့ အနည်းဆုံး 1 m/s ရှိသင့်တယ် လို့ (စကာင်္ပူ၊ မလေးရှား) သတ်မှတ်ပါတယ်။
      3. Air Leakage through Shafts
        20% to 35%

      4. Stack Effects
        To be considered where;

        Extreme difference in Outdoor vs Indoor (such as New York - when too cold outside, or Dubai - When too hot outside)

        Building is too Tall
    2. Door Opening Forces (တံခါး ဖွင့်အား)
      • Static Equation ဖြစ်တဲ့ ∑M = 0 [ M = moments = force x arm length ] ကို သုံးပြီး တွက်ချက် နိုင်ပါတယ်။
        • (F - Fdc) x (W-d) = (A x Δ p ) x ( W/2)
        • F = Fdc + (W x A x Δ p ) / { 2 x (W-d) }
        • Where;
          1. F = total door-opening force
          2. Fdc = force to overcome door closer
          3. W = door width
          4. A= door area
          5. Δp= pressure difference across door
          6. d = distance from doorknob to edge of knob side of door
      • S.I Unit: [F (N); Fdc (N); W (m); A(m²); Δp (Pa); d (m) ]
        F = Fdc + (W x A x Δ p ) / { 2 x (W-d) }
      • IP Unit: [ F (lbf); Fdc (lbf); W (ft); A(ft²); Δp (in. of water); d (ft) ]
        F = Fdc + ( 5.2 x W x A x Δ p ) / { 2 x (W-d) }

      • IBC နဲ့ NFPA 101 အရ The forces are applied to the latch side. (လက်ကိုင် ဘက် ကို အားထည့် ဖွင့်မယ် ဆိုရင်)
        1. 15-pound (67 N) force is applied = Door latches, including panic hardware must release, then
        2. 30-pound (133 N) force is applied = The door must begin to swing, then
        3. 15-pound (67 N) force is applied = The door must swing to a full-open position
      • ဒါကို ဘယ်လို စစ်မလဲ နမူနာ လေ့လာချင်ရင်
        http://www.usfa.dhs.gov/downloads/pdf/coffee-break/cb-2006-26.pdf
      • စကာင်္ပူ SCDF Code သတ်မှတ်ချက် အရ က တော့ 110 N မကျော်ဘို့ ဖြစ်ပါတယ်။ [ W = 0.85m, H = 2m, A=WxH, Δp=50 Pa, d=75mm (0.075mm) ]
    3. Control of Pressure
      • Leakage through gaps ရော Through Open Doors ပါ Design Calculation နဲ့ တွက်ထားတာ ပါ။ Safety Side ဖြစ်တာမို့ အခြေအနေ တော်တော်များများ မှာ Capacity လိုအပ်တာထက် များနေနိုင်ပါတယ်။ ဒီအခြေအနေ မှာ Fan Capacity အပြည့် ပေးခဲ့မယ် ဆိုရင် ဆိုးကျိုးက Pressure Built-up ဖြစ်လာပြီး တံခါးဖွင့်လို့ မရနိုင်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။
        Door Closer Force က အများအားဖြင့် 3lb ထက်ပိုများလေ့ရှိပြိး တစ်ခါတစ်ရံ 20lb လောက်ထိရှိနိုင်ပါတယ်။ ဒါပေမဲ့ 11 lb (50 N ) အောက်မှာ ပဲ ရှိမှ အနည်းဆုံး 50 Pa Pressurization လုပ်ဘို့ ဖြစ်နိုင်ချေ ရှိပါမယ်။
        ဒီအခြေအနေ က IBC ရဲ့ Door Force : 133 N (30 lbf) မကျော်ဘို့ ဆိုရင် Pressure 0.3 in.wg (78 Pa) လောက်ရောက်လာရင် ဖြစ်နိုင်ပါတယ်။ စကာင်္ပူရဲ့ Max Door Opening Force - 110N နဲ့ ဒီဇိုင်း လုပ်ထားရင်တော့ 56 Pa လောက်မှာတင် ထိနေပါပြီ။ ဒါကို ထိန်းနိုင်ဘို့ အတွက် အောက်က နည်းတွေထဲ က တစ်နည်းနည်း နဲ့ ထိန်းနိုင်ပါတယ်။
        1. Variable Frequency Drive
        2. Relief Dampers (Barometric Dampers)
        3. Fan Air Flow By-Pass
        4. Fan Blade / Adjustable Guide Vanes
      • The effect of Fan over-sizing
      • VSD has its limits too.
    4. Control of System Operation
      • Activate Automatically in the Events of Fire Signal (upon Fire Alarm / Sprinkler System Activation)
      • Must be Powered by Emergency Power Supply Systems
  3. Design Calculations
    Pressurization Systems တွေ ကို ကြည့်ရင် အဓိက တွေ့ရမှာ တွေကတော့
    1. Staircase (Stairwell) Pressurization
    2. Fire Lift Lobby Pressurization
    3. Pressurization of Escape Route (including Corridors)
    တွက်ချက်တဲ့ သဘောတရား က တော့ သိပ်မကွာ လှပါဘူး။
    1. Required Air Flowrate
      1. List Door Types and Leakage
      2. Calculate Air Leakage through Closed Doors (A)
      3. Estimate Air Flow through Opened Doors (B)
      4. Fan Capacity = A + B + allowance for other leakages (shafts, wall, etc.) [e.g. 1.35 x (A+B)]
    2. Required Fan Pressure
      • Required Pressure = Minimum Pressure Required + Friction Losses
    3. Sample Design Calculations
      စာဖတ်သူ မှီငြမ်းနိုင်ဘို့ နမူနာ တွက်နည်း နှစ်ခု Excel Spread Sheet ကို Media Fire မှာ တင်ပေးထားပါတယ်။ M'sia Fire Stair Pressurization Sample.xls

    4. Duct Sizing
      Duct Size တွက်တဲ့ အခါ င်္Flow Velocity = (Flowrate / Free Area) < 10 m/s ရနိုင်ရင် တော့ ပိုကောင်းပါတယ်။ ဒါပေမဲ့ ရနိုင်တဲ့ Space Constraints အရ 14 m/s လောက် အထိ ဒီဇိုင်းလုပ်ရနိုင်ပါတယ်။ 14m/s ထက်တော့ မကျော်ပါစေနဲ့။ Velocity များလာတာ နဲ့ Pressure Loss များလာတာ မို့ Fan Capacity ပိုလိုအပ်မှာ ကို လည်း သတိထားရပါမယ်။( Free Area ဆိုတာ ကို အထူးသတိ ထားပါ။ အထူးသဖြင့် Architect နဲ့ ပြောတဲ့ အခါ Free Area ရဘို့ အရေးကြီးပါတယ်။ တစ်ခါတစ်ရံ Masonary Shaft ထဲမှာ Sheet Metal Duct ထည့်ချင်ခဲ့ရင် လိုအပ်မဲ့ Shaft Size က Free Area ထက် အများကြီး ပိုနိုင်ပါတယ်။)

    5. Pressure Balancing
      Pressure ညီဘို့ အတွက် Multiple Injection ပေးရပါတယ်။ Fan နဲ့ကပ်ရက် ကနေ တိုက်ရိုက် ပေးတဲ့ အခါ အနီးဆုံး တံခါး မှာ ပြဿနာ အကြီးအကျယ် ပေးတတ်ပါတယ်။

    6. စာရေးသူ မှတ်ချက်။
      Pressurization Systems တွေ ကို အခြေခံ အနေ နဲ့ နားလည်နိုင်ဘို့ တင်ပြပေးတာ ဖြစ်ပါတယ်။ နေရာဒေသ ကိုလိုက်ပြီး ပိုမို အသေးစိတ် ရှုတ်ထွေး တဲ့ Calculations တွေလည်း လိုအပ် နိုင်ပါတယ်။ ဒီစနစ် ကို နိုင်ငံတိုင်းလို မှာ Fire Protection Specialist Engineer တွေ က တာဝန်ယူ ဒီဇိုင်းလုပ်တာပါ။ စာရေးသူ က Fire Protection Specialist Engineer တစ်ယောက် မဟုတ်ပါဘူး။ ဒါကြောင့် ဒီစနစ် ဒီဇိုင်း တွေ ကို ပြန်စစ်တာ၊ Consultant နဲ့ ညှိနှိုင်းတာတွေ အတွက် အသုံးချ တဲ့ အခြေခံ တွေ ကို မျှဝေပေးတာ သာ ဖြစ်ပါတယ်။
  4. Smoke Control မိတ်ဆက်
    • ဒီအကြောင်း အသေးစိတ် မရေးနိုင်တာမို့ စာဖတ်သူ လေ့လာနိုင်ဘို့ Procedure Check List ကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
      1. Is it required? Check Code & Regulations
      2. Smoke Compartments / Zones and Location of and Smoke Curtains, Fire Shutters, etc.
      3. What is Occupancy? –> What is Fire Size? (Heat Capacity)
      4. Is it Engineered Smoke Control (or) Prescribed Smoke Control? If Engineered Smoke Control, Computational Fluid Dynamics Comes in
      5. Capacity Calculation: Air Changes Method (or) Smoke Capacity Method
      6. Calculate Smoke Capacity (Check if the zone is protected by sprinkler system, if protected building Heat Capacity could be limited at Lower value)
      7. Determine Smoke Vent, Fresh Air Makeup and Fan Capacity Based on the calculated smoke Capacity
      8. Air Distribution (Ducting, Fresh air Diffusers, Exhaust Air Grills, Fans, Ductless Fans, etc.)


References:
  1. ASHRAE Handbook: HVAC Applications, : " Chapter 52: Fire and Smoke Management ", 2007

  2. International Code Council (ICC) : Codes
    1. International Mechanical Code : " Chapter 5, Sec 513: Smoke Control Systems", 2003
    2. International Building Code : "Section 909: Smoke Control Systems; Section 1008: Doors, Gates And Turnstiles", 2003

  3. Singapor Standard : Code of Practices
    1. CP 13 : "Code of practice for mechanical ventilation and air-conditioning in buildings", 1999 [Revised As SS 553 : 2009]
    2. Fire Code 2007 Master, : " CHAPTER 7: Mechanical Ventilation and Smoke Control Systems ", 2007
  4. Malaysia Regulations
    1. Uniform Building Bylaw
    2. Guide on Fire Protection Systems in Buildings (Red Book )


Web-Links:
  1. Singapore Civil Defence Force (စင်္ကာပူ မီးသတ်တပ်ဖွဲ့)
    1. Publication Website : Singapore Civil Defence Force
      [ http://www.scdf.gov.sg/Building_Professionals/Publications/index.html ]

    2. SCDF (Singapore Civil Defence Force): Fire Code 2007 Master Version
      [ http://www.scdf.gov.sg/Building_Professionals/Publications/fire_code_2007master_version.html ]

    3. SCDF: Fire Code 2002 Handbooks
      [ http://www.scdf.gov.sg/Building_Professionals/Publications/fire_code_2002handbooks.html ]
  2. M'sia Fire Stair Pressurization Sample.xls
    [ http://www.mediafire.com/file/tymyymh5hzf/M'sia Fire Stair Pressurization Sample.xls ]


  3. Fire Protection : Introduction
    [ http://chawlwin.blogspot.com/2008/10/fire01introduction.html ]


  4. U.S. Fire Administration Coffee Break Training : Door Opening Forces
    [ http://www.usfa.dhs.gov/downloads/pdf/coffee-break/cb-2006-26.pdf ]

No comments: