Showing posts with label MEP Systems. Show all posts
Showing posts with label MEP Systems. Show all posts

Friday, November 6, 2015

မီးအန္တရာယ် ကာကွယ် ရေး စနစ်များ အကြောင်း မိတ်ဆက် - စကားဦး (နိဒါန်း)

ကျန်ခဲ့တဲ့ ၈ နှစ်ကျော် က ရေးခဲ့တဲ့ စာစုတွေ ကို မီးအန္တရာယ် ကာကွယ် ရေး နစ်တွေ ရဲ့ ပြောင်းလဲ မှု နဲ့ အတွေ့အကြုံသစ် တွေ မူတည်ပြီး ပြန်လည် မွမ်းမံ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
Download PDF: https://www.dropbox.com/s/50d3afyy1ttt8x0/F000_R02%20Fire%20Protection%20-%20Preface.pdf?dl=0
အဆောက်အအုံ တွေ အတွက် လိုအပ်တဲ့ မီးဘေးကာကွယ်ရေး စနစ် တွေ နဲ့ မီးသတ်စနစ် တွေ အကြောင်း ကို မိတ်ဆက်တဲ့ စာစု ရဲ့ ပထမ ဆုံး စာ စုပါ။ မကြာခင် နောက်စာစု တွေ ကို ဆက်လက်တင် ပေးသွားပါမယ်။

လူတွေ ယဉ်ကျေးမှု ပြောင်းလဲ တိုးတက်လာခြင်း မှာ မီးကို ရှာဖွေတွေ့ရှိခြင်း က အထောက်အပံ့ အများကြီး ပေးခဲ့တာတွေ့ရပါမယ်။ မီးကို စတင် တွေ့ရှိပြီး နောက် လူတွေ မီးကင်စားတတ်လာတယ်၊ နောက်တစ်ဆင့်တက်ပြီး ချက်ပြုတ် စားသောက် တတ်လာတယ်။ အနွေးဓါတ် ရအောင် ဖန်တီး နိုင်လာတယ်။ အလင်းရောင် ရအောင် သုံးတတ်လာတယ်။ ဒါ့အပြင် လူ့ အသုံးအဆောင် လက်နက် ကိရိယာ တွေ တိုးတက် လာအောင်၊ လူနေမှု အဆင့်အတန်း တိုးတက်လာအောင် လူ့သမိုင်း တလျောက် အထောက်အပံ့ ပေးခဲ့ပါတယ်။
အခြားတစ်ဖက် မှာ လည်း မီးက လူမျိုးမရွေး၊ ဘာသာမရွေး မျက်နှာမရွေးပဲ လူတွေ ကို ဒုက္ခပေး ဖျက်ဆီး နိုင်တဲ့ စွမ်းအင် တစ်ခု လည်း ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် မြန်မာ တွေ က မီးကို ရန်သူမျိုး ငါးပါးထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ရှေးတုန်းက တော့ တောမီး နဲ့ သဘာဝ မီးတွေ လောက်ပဲ ကြောက်စရာရှိခဲ့ပါတယ်။ ခုခေတ်မှာ ဓါတုပစ္စည်းတွေ၊ လူလုပ်ပစ္စည်းတွေ၊ ရေနံထွက် ပစ္စည်းတွေ စသည်ဖြင့် မီးလောင်တဲ့ အခါ ဘေးထွက်ဆိုးကျိုးပေးနိုင်တာတွေ က ပိုပြီး ကြောက်စရာ ကောင်းလာပါတယ်။
အဆောက်အဦ တစ်ခု ဆောက်လုပ်တဲ့ အခါ အထဲမှာ ရှိနေမဲ့ လူတွေ၊ ပစ္စည်းဥစ္စာ တွေ သာမက အနီးအနား က အဆောက်အဦ တွေ ကို ပါ မီး အန္တရာယ် က နေ အတတ်နိုင်ဆုံး အကာအကွယ် ပေးနိုင်ဘို့ လိုအပ်ချက် တွေကို ထည့်သွင်း စဉ်းစားသင့် ပါတယ်။
အဆောက်အဦ တစ်ခု ဒီဇိုင်းလုပ်တဲ့ အခါ မီးဘေးကာကွယ် ရေးစနစ် နဲ့ မီးသတ်စနစ် တွေ ဖြစ်တဲ့ Fire Prevention and Fire Protection Systemsတွေ ကို စနစ်တကျ တွက်ချက်၊ စဉ်းစားပြီး ထည့်သွင်းတည်ဆောက် ထားသင့် သလို၊ အဆောက်အဦ ဆောက်လုပ်နေဆဲ (သို့) ပြင်ဆင်နေဆဲ အချိန် မှာရော၊ ဆောက်ပြီးသွားတဲ့ အခါမှာ အသုံးပြုနေတဲ့ အချိန် မှာ လည်း အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် လည်း စနစ်တကျ ထိန်းသိမ်းထား ရမှာဖြစ်ပါတယ်။
တိုးတက်နေတဲ့ နိုင်ငံတွေ မှာ တော့ ဒီ မီး အန္တရာယ် ကို အတတ်နိုင်ဆုံး လျှော့ချ ပေးမဲ့ စနစ် တွေ ကို မပါမဖြစ် ထည့်သွင်းပေးဘို့ လိုအပ်ပါတယ်။ အထူးသဖြင့် လူအများနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ တွေ မှာပါ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေ အတိုင်း ထည့်သွင်းစဉ်းစား မထားခဲ့ဘူး၊ မလိုက်နာခဲ့ဘူး၊ ဆိုရင် ဖြင့် ဆောက်လုပ်ပြီးသွားတဲ့ အဆောက်အဦ ဖြစ်ရင်တောင် အသုံးပြုခွင့်၊ နေထိုင်ခွင့် ပါမစ် ရမှာ မဟုတ်ပါဘူး။
ဆောက်လုပ်ဆဲ အခြေအနေ (သို့) ပြင်ဆင်နေတဲ့ အချိန်တွေ မှာ လည်း ယာယီမီးဘေး ကာကွယ်ရေး စနစ်တွေ နဲ့ အရေးပေါ် လိုအပ်ချက် တွေ သတ်မှတ်ချက် အတိုင်း ထားရှိ၊ လိုက်နာခြင်း မပြုခဲ့ရင် လည်း သက်ဆိုင်ရာ (အာဏာပိုင်) တာဝန်ရှိသူ တွေ က ဒီလို အရေးပေါ် အခြေအနေ လုံခြုံမှု အကာအကွယ် မဲ့တဲ့ ဆောက်လုပ်ရေး အလုပ်တွေ ဆက်မလုပ်ဘို့ တရားဝင် တားမြစ် နိုင်သလို၊ ဒာဏ်လည်း တပ်ရိုက် နိုင်ပါတယ်။
သတ်မှတ်ထားတဲ့ လိုအပ်ချက် အတိုင်း ဒီဇိုင်းလုပ်၊ ထည့်သွင်းဆောက်လုပ်၊ စမ်းသပ် စစ်ဆေး ပြီး ပြည့်စုံ ကောင်းမွန် အဆင်သင့် ဖြစ်ပြီ ဆိုမှ အသုံးပြုခွင့်၊ပါမစ် လျှောက်လို့ရမှာပါ။ အသုံးပြုနေတဲ့ ကာလ တစ်လျှောက်လုံး မှာ လည်း လိုအပ်တဲ့ ထိန်းသိမ်းပြင်ဆင် မှုတွေ၊ သတ်မှတ်ချက်တွေ အတိုင်း လိုက်နာကျင့်သုံး ရပါလိမ့်မယ်။
ဒီ မီးဘေးကာကွယ်ရေး အခြေခံ လိုအပ်ချက်တွေ ကို နေရာအနှံ့အပြား တစ်ပြေးညီ လိုက်နာနိုင်ဘို့ အတွက် Building Codes / Building Control Act, Regulation, Law, Standards, Code of Practices စသည်ဖြင့် လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ လိုအပ်ချက် တွေ ကို တရားဝင် သတ်မှတ် ပြဌာန်းထားလေ့ရှိကြပါတယ်။ နိုင်ငံ အလိုက် ကိုယ်ပိုင် ရေးဆွဲသတ်မှတ် ကြတယ် ဆိုပေမဲ့ နိုင်ငံ အတော်များများ ကတော့ ဗြိတိသျှ အင်္ဂလိပ် (အင်္ဂလန်) British Standards (သို့) အမေရိကန် US Standards တွေ ကို မှီငြမ်း အခြေခံ ကြပါတယ်။
စကားမစပ် နိုင်ငံတကာ စံချိန်စံညွှန်းသတ်မှတ် နိုင်ဘို့ ကြိုးပမ်းချက် အချို့ ကို ထည့်သွင်း မိတ်ဆက်ပေးလိုပါတယ်။ တစ်နိုင်ငံ တစ်စနစ် ဖြစ်နေတာတွေ ကို ညီညီညာညာ ပေါင်းစီး နိုင်ဘို့ အတွက် နိုင်ငံတကာ စံနှုန်း သတ်မှတ်ရေး အသင်းအဖွဲ့ကြီး တစ်ခု ဖြစ်တဲ့ International Standards Organization ကိုဖွဲ့စည်း ပြီး ISO Standards / Code တွေ ကို ရိုးရှင်းအောင် နဲ့ နေရာမရွေး သုံးနိုင်အောင် ကြိုးစားခဲ့ကြတာ လည်း အတိုင်းအတာ တစ်ခု အထိတော့ ခရီးပေါက် ခဲ့ပါပြီ။ ဒီမှာ လည်း Adoption လို့ ခေါ်တဲ့ ဒေသအလိုက် ပြန်လည်မွမ်းမံ သုံးစွဲမှု က ရှိနိုင်ပြန်ပါတယ်။ ပြန်လည် တည်းဖြတ် ထုတ်ဝေထားတဲ့ British Standards တွေမှာ BS-EN, BS-EN-ISO စသည်ဖြင့် ရှေ့က ထိပ်စီး ပုံစံပြောင်းလာတာ တွေ့ရပါမယ်။ EN ဆိုတာကတော့ European Union, EU (ဥရောပဘုံဈေး အဖွဲ့ဝင် နိုင်ငံများ)၊ ဘုံသုံးဘို့ EN Standards တွေ အဖြစ် European Committee for Standardization ကနေ ထုတ်ဝေပေးတာ ဖြစ်ပါတယ်။ ISO-EN က ISO ကနေ တစ်ဆင့်ခံ မွမ်းမံ ထုတ်ဝေ ထားတာ မို့ မူရင်း ISO Standards နောက်ဆုံးထုတ် ကို အခြေခံတာ ဖြစ်ချင်မှ ဖြစ်ပါမယ်။ နောက်တစ်ဖန် ဒီဘုံသုံး စနစ် တွေ ကို လည်းပဲ နိုင်ငံ တစ်နိုင်ငံ စီ က သူတို့ ဘာသာ နဲ့ ပြန်လည်ထုတ်ဝေသုံးစွဲ ကြတာ ဖြစ်ပါတယ်။ BS-EN-ISO ကိုအင်္ဂလန် က British Standard Institute ( BSI) ကနေ အင်္ဂလိပ် ဘာသာ နဲ့ ထုတ်ဝေပါတယ်။ ဂျာမဏီ က လည်း ဂျာမန်ဘာသာ ဖြင့် DIN-EN-ISO အဖြစ် ၄င်း၊ ပြင်သစ် နိုင်ငံ က လည်း ပြင်သစ်ဘာသာ ဖြင့် NF-EN-ISO အဖြစ် ၄င်း၊ မိမိတို့ရဲ့ နိုင်ငံ အတွင်း ပြန်လည် ပြဌာန်းထုတ်ဝေ သုံးစွဲ ကြပါတယ်။
ဒီလို Standards တွေ စနစ်တကျ တိုးတက် လာရတာ ကလည်း နှစ်ပေါင်း များစွာ အတွေ့အကြုံပေါ် အခြေခံတဲ့ စနစ်ကောင်းတွေ တိုးတက် လာတာဖြစ်ပြီး လိုအပ်ချက် Standards တွေ ကို စနစ်တကျ ထိမ်းသိမ်း နိုင်တဲ့ အဖွဲ့ အစည်းတွေ ကြောင့် ပါ။ ဥပမာ အားဖြင့်

  1. Internation Code Council ( ICC)
  2. British Standard Institute ( BSI) ,
  3. National Fire Protection Association ( NFPA) ,
  4. Society of Fire Safety Engineers ( SFPE) ,
  5. and many more…
မီး အာမခံ အသင်းအဖွဲ့ တွေ က နေ စတင် ဖြစ်ပေါ်လာ တဲ့ NFPA အသင်း ဆိုရင် 1896 မှာ စတင် တည်ထောင်ခဲ့ တာမို့ အတွေ့အကြုံ သက်တမ်း နှစ်ပေါင်း ၁၂၀ ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မီးဘေး နဲ့ အခြားအန္တရာယ် ကာကွယ်ရေး စနစ် တွေ နဲ့ ပတ်သက် တဲ့ Standards, Codes, Handbooks & Other publications တော်တော်များများ ထုတ်ဝေ ခဲ့ပြီး ကမ္ဘာတဝှမ်း က နိုင်ငံတိုင်းလိုလို က မှီငြမ်း အားထားနေရတဲ့ အဖွဲ့အစည်း တစ်ခု အဖြစ် ရှိနေပါတယ်။
အရှေ့တောင်အာရှ မှာ အတိုးတက်ဆုံး ဖြစ်တဲ့ စကာင်္ပူနိုင်ငံ မှာ ဆိုရင် လည်း
Singapore Civil Defence Force (SCDF = ပြည်သူ့ အကျိုးစီးပွား ကာကွယ်ရေးတပ် ခေါ် မီးသတ် တပ်ဖွဲ)့၊
Building & Construction Authority (BCA = ဆောက်လုပ်ရေး ဝန်ကြီး ဌာန)၊
Singapore Standard Council (ပစ္စည်း (သို့) ဆောက်လုပ်ရေး စံချိန်စံညွန်း တွေ နဲ့ စနစ်တွေ သတ်မှတ်ပြဌာန်းရေး ကောင်စီ)
စတဲ့ အာဏာပိုင် အဖွဲ့ အစည်းတွေ ရှိပြီး လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း တွေ ကို စနစ်တကျ သတ်မှတ် ပြဌာန်းပြီးရုံ မက မလိုက်နာပဲ မနေရ အောင် လည်း စစ်ဆေးတာ၊ သုံးသပ်တာ၊ ဥပဒေ နဲ့ ဘောင်ကွပ်ထားတာ နဲ့ ထိန်းထားပါတယ်။ ဒီစနစ်တွေ ကို အကောင်အထည် ဖော် အသုံးပြုတဲ့ သူတွေ ကတော့ နဲ့ ရင်းနှီးကျွမ်းဝင် ပြီး လုပ်ငန်းအတွေ့အကြုံရှိတဲ့
  • Professional Engineers တွေ က စနစ်တကျ ဒီဇိုင်းလုပ်၊
  • Experienced Contractors တွေ က ပစ္စည်း မှန်သုံး ပြီး စနစ်တကျ တည်ဆောက်။
  • သုံးရမဲ့ ပစ္စည်းမှန် ကို Codes တွေ က သတ်မှတ်၊ မမှန် စစ်ပေး၊ ထိန်းပေး မဲ့ ဓာတ်ခွဲခန်းတွေ က လည်း ရှိ။
  • Vendors, Manufacturers တွေ က စံချိန်စံညွှန်း မီတဲ့ ပစ္စည်း ပစ္စယ၊ တွေ ကို ပဲ ထုတ်လုပ် (သို့) တင်သွင်းရောင်းချ။
  • Property Owners တွေ က မိမိတို့မှာ ရှိတဲ့ မီးဘေးကာကွယ်ရေး စနစ်တွေ ကို အစဉ်မပြတ် ထိန်းသိမ်းပြီး အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ထား။
  • မီးသတ်တပ်ဖွဲ့ဝင်တွေ က လည်း နည်းပညာ၊ ယဉ်၊ စက်ပစ္စည်း၊ တပ်ဖွဲ့အင်အား နဲ့ လေ့ကျင့်မှု တွေ နဲ့ အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်၊ အဆောက်အဦ တွေ ကို စစ်ဆေးမှု တွေ ကိုလည်း လုပ်။
ဒီလို သက်ဆိုင်ရာ အဘက်ဘက် က ပူးပေါင်းပါဝင် ခဲ့တာ ကြောင့် စနစ်တကျ ဖွံ့ဖြိုး တိုးတက် ခဲ့ပြီး ဖြစ်ပါတယ်။ Code and Regulations ပိုင်းမှာ ဆက်လက် တင်ပြ ပေးပါမယ်။

ဒီ မီးဘေးကာကွယ်ရေး စနစ် တွေ ကို စဉ်းစား တဲ့အခါ အဆင့်တိုင်း၊ အဆင့်တိုင်း အတွက် လိုအပ်ချက်တွေ ကို စဉ်းစား ပေးဘို့ လိုအပ်ပါတယ်။

မီးမလောင်အောင် မီး အန္တရာယ် မဖြစ်ခင် က ကြိုတင် ကာကွယ်တာ၊ မီးအစ မပျိုးနိုင်အောင်၊ အလွယ်တကူ မီးမလောင် နိုင်တဲ့ အခြေအနေ မဖြစ်ပေါ်အောင် နဲ့ မီးဒါဏ်ခံနိုင်ရည် ရှိအောင်၊ သေးတဲ့ မီးမကြီးအောင်၊ တစ်နေရာကတစ်နေရာ မီး အလွယ်တကူ မကူးအောင် နဲ့ အရေးပေါ် အခြေအနေ မှာ အထဲမှာ ရှိတဲ့ လူတွေ ဘေးလွတ်ရာ ကို အန္တရာယ် ကင်းကင်း ထွက်ခွာ လွတ်မြောက် နိုင်အောင် နဲ့ မီးငြိမ်းသတ် ဘို့ လိုအပ်တဲ့ စနစ် တွေ အဆင်သင့် ရှိနေဘို့ စသည်၊ စသည် စနစ်တကျ ခန့်မှန်း တွက်ချက် ပြီး ထည့်သွင်း စဉ်းစားပေးရပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေ သူတို့တာဝန် အကောင်းဆုံး ထမ်းဆောင်နိုင်ဘို့ လိုအပ်တဲ့ အခြေခံ လိုအပ်ချက်တွေ ကိုလည်း ထည့်သွင်းပေးရပါတယ်။

ဒီစနစ်တွေ က မနေ့တနေ့ ကမှ ရုတ်တရက်ကြီး ဘွားကနဲ ပေါ်လာတာ မဟုတ်ပါဘူး။ အခု အခြေအနေ အထိ တိုးတက် လာဘို့ အတွက် ခါးသီးတဲ့ ဆုံးရှုံးမှု အတွေ့အကြုံတွေ၊ ဆုံးရှုံးမှု ဖြစ်စဉ်တွေ ကိုလေ့လာပြီး နောက်ထပ် မဖြစ်ရလေအောင် ဘယ်လို ကာကွယ်ပြင်ဆင် သင့်တယ် ဆိုတဲ့ လေ့လာ တွေ့ရှိချက်တွေ၊ ရုပ်ဝတ္ထု ပစ္စည်းတွေ ရဲ. မီးလောင်နိုင်မှု၊ မီးခိုးဖြစ်ပေါ်မှု ဂုဏ်သတ္တိတွေ နဲ့ လက်တွေ့ စမ်းသပ် မှု အမျိုးမျိုး အဖုံဖုံ၊ တစ်ခုနဲ့တစ်ခု နီးစပ်ရောနှော ရာ က ဖြစ်လာနိုင်တဲ့ ဓါတု ဓါတ်ပြုမှု အချက်အလက် ပေါင်းစုံ၊ သုတေသန အမျိုးမျိုး စသည်စသည် ဖြင့် နည်းပညာ နဲ့ လက်တွေ့တွေ ကိုပေါင်းစပ် အခြေခံ ပြီး တဖြေးဖြေး တိုးတက် ကောင်းမွန် လာရတာ ဖြစ်ပါတယ်။

ဒီလိုတိုးတက်တဲ့ စနစ်တွေ ရှိနေတာတောင်မှ မီးမတော်တဆ မှု တွေ က ဆုံးရှုံး မှု အမျိုးမျိုး ကို ဖြစ်စေဆဲပါ။ လူလုပ် ပစ္စည်း တွေ ဖြစ်တဲ့ ပလတ်စတစ် လို Flammable / Hazardous Chemicals တွေ ကြောင့် ခုခေတ် မီးတွေ က ပိုပြီး အန္တရာယ်ကြီးပြီး ကြောက်စရာ ပိုကောင်း ပါတယ်။

ဒီ မိတ်ဆက်မှာ ပထမပိုင်း မှာ မီးဘေး ကာကွယ်ရေး စနစ်တွေ ရဲ့ အခြေခံ လိုအပ်ချက် တွေ၊ မီးရဲ့ သဘော သဘာဝ၊ အခြေခံ သဘောတရား အချို့ နဲ့ Code and Regulations တွေ ကို မိတ်ဆက်ပေးပါမယ်။

ပြီးရင် ဒုတိယ ပိုင်း မှာ Classifications လို့ ခေါ်တဲ့ မျိုးအစား အဆင့်အတန်း ပိုင်းခြားသတ်မှတ် ပုံ ကို မိတ်ဆက်ပေးသွား ပါမယ်။ Classification တွေခွဲခြား သတ်မှတ် လိုက်တဲ့ အခါ လိုအပ်ချက်တွေ ကို ပိုမို နားလည်လွယ်စေတာမို့ သင့်တော်တဲ့ စနစ်တွေ၊ ကို စနစ်တကျ ရွေးချယ် နိုင်ဘို့ အထောက်အကူ ပြုပါတယ်။ Classification မှာ
  • Classification of Occupancy: အဆောက်အဦ ကို ဘာအတွက် ဘယ်လို သုံးမှာလဲ။ ဘယ်သူတွေ အတွက်လဲ။
  • Classification of Fire: ဘယ်လို မီး အမျိုးအစားလဲ။ ဘာတွေကို လောင်ကျွမ်းနေတာလဲ။
  • Classification of Commodity Stored: ဘာပစ္စည်းတွေ ကို ဘယ်လောက်၊ ဘယ်လို သိုလှောင်ထားရှိမှာလဲ။
  • Classification of Hazards: ဘယ်လို အန္တရာယ် အမျိုးအစားလဲ။ ဘယ်လောက် အန္တရာယ် ရှိနိုင်သလဲ။
ဒီ Classification တွေ၊ အဆောက်အဦ ရဲ့ အရွယ်အစား၊ အထဲမှာ ရှိနိုင်မဲ့ လူဦးရေ (သို့) မီးလောင်နိုင်တဲ့ ပစ္စည်း အတိုင်းအတာ ပမာဏ နဲ့ သုံးစွဲတဲ့ ဆောက်လုပ်ရေး ပစ္စည်း၊ ဆောက်လုပ်မှု အမျိုးအစား Construction Type တွေ ကို အခြေခံ ပြီး Code and Regulation တွေမှာ သတ်မှတ်ထားတဲ့ အနည်းဆုံး လိုအပ်ချက် တွေ စည်းမျဉ်းတွေ နဲ့ အညီ ထည့်သွင်းပေးရပါမယ်။ အနည်းဆုံး လိုအပ်ချက် တွေ သတ်မှတ်တဲ့ အခါ ဆုံးရှုံးမှု ဖြစ်နိုင်ချေ နဲ့ တွက်ချေ ကိုက်၊ မကိုက် အစွန်းနှစ်ဘက် ကို ချိန်ဆ ပြီး သတ်မှတ် ပေးထားတာ မို့ အကြမ်းအားဖြင့် လုံလောက်တယ် လို့ လက်ခံကြပါတယ်။

ဥပမာ Fire Sprinkler Systesms တွေ မရှိမဖြစ် ထည့်သွင်းဘို့ လိုမလို။ Fire Sprinkler Systesms တွေက အကောင်းဆုံး မီးသတ်စနစ် တစ်ခု ဆိုပေမဲ့ အန္တရာယ် သိပ်မရှိဘူးလို့ သတ်မှတ် တဲ့ အဆောက်အဦ ငယ်လေးတွေ မှာ အတိုင်းအတာ တစ်ခု အထိ ကင်းလွတ်ခွင့် ပြုရပါတယ်။

ပုံကြီးချဲ့ပြောရမယ် ဆိုရင် လယ်ထဲမှာ သီးသန့် ဆောက်ထားတဲ့ ဝါးတိုင်၊ ဝါးခင်း၊ သက်ကယ်မိုး တဲအိမ်ငယ်လေးကို ကို Complete Fire Sprinkler Systems တတ်ရမယ် ဆိုရင် ယုတ္တိမတန် ပါဘူး။ အဲသလိုပဲ မြို့လယ်ခေါင်မှာ ဝါးတိုင်၊ ဝါးခင်း၊ သက်ကယ်မိုး တဲထိုးပြီး လောင်စာဆီဆိုင် ဖွင့်မယ် ဆိုရင်လည်း မဖြစ်သင့်ပါဘူး။ အန္တရာယ်များတယ် လို့ သတ်မှတ်တဲ့ အခြေအနေ မှာ ဆိုရင် တော့ အဆောက်အဦ အရွယ်အစား မရွေး Fire Sprinkler Systems (သို့) အလားတူ မီးသတ်၊ ကာကွယ်ပေးနိုင်တဲ့ စနစ် ထည့်သွင်းပေးဘို့ လိုအပ် နိုင်ပါတယ်။ ကိုယ့်ခြံထဲ ကိုယ်ဆောက်တာ ပေမဲ့ ကို အဆောက်အအုံ မီးဒါဏ် ခံ နိုင်ရည် ရှိ ရုံ မက အပြန်အလှန် မီးကူး မလွယ် အောင် လည်း လုပ်ရပါမယ်။ ငါ့ခြံ ငါလုပ်ချင်တာ လုပ်မယ် ဆိုပြီး ငါတကောကော လို့ မရပါဘူး။

တတိယ ပိုင်း အနေ နဲ့ Passive Fire Protection လို့ ခေါ်တဲ့ မီးမလောင်ခင် ကြိုတင်ကာကွယ်မှု စနစ်တွေ ကို မိတ်ဆက် တင်ပြ ပေးပါမယ်။ အရေးပေါ် အခြေအနေ မှာ အဆင်သင့် ဖြစ်နေအောင် ကြိုတင် ဘာတွေ ကို ထည့်သွင်း စဉ်းစားထား ရမယ် ဆိုတာ လည်းပါဝင်ပါတယ်။ Means of Escape အရေးပေါ် အခြေအနေ ထွက်ပေါက် လမ်းကြောင်း လိုအပ်ချက်၊ Structural Fire Precautions: အဆောက်အဦကို မီးဒါဏ် ခံနိုင်အောင် ဆောက်လုပ်ဘို့ အတွက် လိုအပ်ချက်၊ Site Planning & External Fire Fighting Provision အဆောက်အဦ နဲ့ တည်နေရာ မြေကွက် ဝန်းခြံ အတိုင်းအတာ အနေအထား လေ့လာဆန်းစစ် ပြီး မီးဘေးနည်းအောင် စီစဉ် (အကွက်ချ)၊ မီးကူး မလွယ်အောင်။ မီးသတ်ကား တွေ အလွယ်တကူ ဝင်ရောက် နိုင်ဘို့ နဲ့ မီးသတ်တပ်ဖွဲ့ မီးကို ထိထိရောက်ရောက် ငြိမ်းသတ်နိုင်ဘို့အတွက် လိုအပ်ချက်တွေ၊ ကို မိတ်ဆက် ပေးသွားမှာ ပါ။ အခြားအဆောက်အဦ က မီး ကိုယ့်ဆီ အလွယ်တကူ မကူးအောင်၊ ကိုယ့်အဆောက်အဦ က မီးလည်း အခြားအဆောက်အဦ ကို လွယ်လွယ် မပြန့်နိုင်အောင် ပါစဉ်းစားပေးရပါမယ်။

စတုတ္တပိုင်း မှာတော့ မီးအစပျိုး (သို့) မီးလောင်တဲ့ အခါ မီးငြိမ်းသတ် နိုင်ဘို့ အတွက် အသုံးများတဲ့ Active Fire Protection Systems တွေကို စာဖတ်သူနဲ့ မိတ်ဆက်ပေးသွား မှာဖြစ်ပါတယ်။

Industrial Fire Protection Systems တွေကတော့ ရိုးရိုး အဆောက်အဦတွေ ထက် ပိုမို လေးနက် ရှုတ်ထွေးတာ မို့ ဒီ စာစု မှာ အပေါ်ယံ လောက်ပဲ မိတ်ဆက်ပေးနိုင်မှာပါ။ နောက်ပိုင်းမှာ ဆက်ဘို့ ရှိပါတယ်။



ဆက်ရန် -


Read More... [ အကျယ် ဖတ်ရန်... ]

Saturday, June 26, 2010

Testing & Commissioning Process for MEP Systems

  • MEP Systems တွေ ကို သတ်မှတ်ချက် အတိုင်း တပ်ဆင်ပြီး တဲ့ အခါ တကယ် လည်း အလုပ်တယ်၊ လိုချင်တဲ့ (သတ်မှတ်ထားတဲ့) Performances တွေ လည်း ရတယ် ဆိုတာ သေချာကြောင်း သက်သေပြ နိုင်ဘို့ အတွက် Commissioning Process တွေ လိုအပ်ပါတယ်။ Building Owner ကို ဒီ အဆောက်အအုံ ကြီး ကို အမှန်တကယ် အောင်အောင်မြင်မြင် ဆောက်လုပ် ပြီးစီးလို့ သွားပါပြီ။ Plans and Specification တွေ နဲ့လည်း Compliance ကိုက်ညီတဲ့ အရည်အသွေး ရှိပါ တယ်။ အသုံးချ နိုင်ဘို့ အတွက် လည်း Operationally and Functionally Ready အဆင်သင့် ဖြစ်နေ ပါပြီ။ ဒါကြောင့် လက်ခံ လွှဲပြောင်း ရယူတဲ့ Take-over လုပ်နိုင်ပါပြီ ဆိုတာ ကို သက်သေပြ မဲ့ အရေးပါတဲ့ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါတယ်။ ပါဝင်တာတွေ ကတော့
    1. Verifying the operation of system components under various conditions
    2. Verifying interactions between systems and subsystems
    3. Documenting system performance in reference to design criteria, and
    4. Instructing operators how to operate the building systems and equipment
  • Building Owner နဲ့ Operators တွေ ကို ပေးမဲ့ အကျိုးကျေးဇူး တွေ ကတော့။
    • Building Systems တွေက ဒီဇိုင်းလုပ်ထားတဲ့ အတိုင်း အကောင်းဆုံး efficiency နဲ့ မှန်မှန်ကန်ကန် အလုပ် လုပ်နေတယ်။
    • Systems တွေကြား (ရှုတ်ထွေးတဲ့ စနစ် တွေကြားမှာ တောင်) အပြန်အလှန် မှန်ကန် တဲ့ Interaction တွေ ရှိနေတယ်။
    • Maximum Comfort အတွက် System တွေ ကို စနစ်တကျ Balanced လုပ် ပြီးသား ဖြစ်နေတယ်။
    • Building System Operators တွေ ကိုလည်း Design Efficiencies ရနေအောင် ဘယ်လို ထိန်းသိမ်း Operate လုပ်ရမလဲ လို့ လေ့ကျင့် ပေးထားပြီး ဖြစ်တယ်။
    • Post Acceptance Coordination မှာလည်း Design Conditions နဲ့ အနီးစပ်ဆုံး တူတဲ့ အခြေအနေ ကို သေချာ ရွေးပြီး မှ စစ်ထားတာ မို့ လိုချင်တဲ့ အရည်အသွေး ရဘို့ သေချာ စေတယ်။

  • ASHRAE ရဲ့ Definition ကတော့
    "The Commissioning Process: is defined as a quality-oriented process for achieving, verifying, and documenting that the performance of facilities, systems, and assemblies meets defined objectives and criteria". Commissioning is an all inclusive process for all the planning, delivery, verification, and managing risks to critical functions performed in, or by, facilities."

  • လူ အများစု က Commission Process တွေ အားလုံး တပ်ဆင်ပြီး မှ လုပ်ဘို့ လိုအပ်တာ လို့ ထင်တတ်ကြပါတယ်။ အမှန်တကယ် လိုအပ်ချက် က တော့ Pre-Design အဆင့်မှာ ထဲက ကြိုတင် ပြင်ဆင်မှု တွေ၊ ထည့်သွင်းစဉ်းစားမှု တွေ လုပ်ထားရပါတယ်။ Project Phases အားလုံး မှာ သင့်တော်တဲ့ activities တွေ ပါဝင် ထားပေး ရပါတယ်။
  • နောက်ပိုင်းမှာ မလိုအပ်တဲ့ အငြင်းပွားမှု တွေ ဖြစ်မလာစေဘို့ အတွက် Contract Specifications တွေ မှာလည်း Commissioning Scope တွေ ကို တိတိကျကျ သတ်မှတ်ပေးထားရပါတယ်။ ဒါမှလည်း လိုအပ်ချက် အလိုက် သင့်တော်တဲ့ Budget တွေ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
  • စနစ်တကျ ရှိနေပြီးဖြစ်တဲ့ Commissioning Standards Manuals တွေ နဲ့ Certifications တွေ ပေးနိုင် တဲ့ Standard Organizations တွေ က တော့။
    1. AABC (Associated Air Balance Council)
    2. ASHRAE ( American Society of Heating, Refrigerating and Air-Conditioning Engineers, Inc.)
    3. NEBB (National Environmental Balancing Bureau)
    4. SMACNA (Sheet Metal and Air Conditioning Contractors' National Association)
    တို့ ဖြစ်ကြပါတယ်။

  • ခု တစ်ပါတ် မှာ Commissioning Process တွေ အကြောင်း ကို မိတ်ဆက် ပေးထား ပါတယ်။ Systems တစ်ခု စီရဲ့ အသေးစိတ် ကို တော့ နောက်ကြုံတဲ့ အခါ အလျင်း သင့်သလို တင်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ Post မှာ တင်ပြမဲ့ အစီအစဉ် ကတော့။
    1. Commissioning Teams
    2. Key Commissioning Activities
    3. Commissioning Scopes & Systems to be Commissioned
    4. Commissioning Procedure (1) : Planning & Documentations
    5. Commissioning Procedure (2) : Field Activities
    6. Commissioning Procedure (3) : Final Reports
    7. Commissioning Specialists in Singapore
    8. References

-အကြမ်းရေးလက်စ-

  1. Commissioning Teams
    • Commissioning Teams မှာ ပါဝင်ပတ်သက် ရမဲ့ သူတွေ ကတော့။
      1. အဆောက်အအုံ ပိုင်ရှင် (Owner)
      2. အဆောက်အအုံ ကို အမှန်တကယ် သုံးပြုမဲ့ သူ (End-User )
      3. ဒီဇိုင်းလုပ်သူ များ (Architects, MEP Engineers)
      4. ကန်ထရိုက်တာ များ (Main Contractor, Sub Contractors, …)
      5. TAB (Testing, Adjusting and Balancing) Commissioning Agents
      6. Building Operating & Maintenance Staffs
    • အားလုံး မှာ သက်ဆိုင်ရာ တာဝန်ကိုယ်စီ ရှိကြပါမယ်။
    • Comprehensive Commissioning လုပ်ချင်တဲ့ Owners တွေ အနေနဲ့ Pre-Design Stage မှာထဲက စိတ်ကြိုက် Commissioning Agent ကို တိုက်ရိုက် ခန့်အပ် ရွေးချယ် တာဝန်ပေးထားနိုင်ပါတယ်။ ဒီ အခြေအနေ မှာ Commissioning Agent က သက်ဆိုင်ရာ အဆင့်တိုင်း မှာ သင့်တော်သလို ပါဝင် ပတ်သက်ခွင့် ရမှာ ဖြစ်ပါတယ်။
    • Owners နဲ့ Engineers တွေ က ဘယ်လောက်အဆင့် အထိ Commissioning လုပ်ချင်တယ် ဆိုတာ ကို ကြိုတင် သတ်မှတ်ရပါမယ်။ ပြီးတော့ Commission Scope နဲ့ Specification အသေးစိတ် ကို သတ်မှတ် ပေးရပါမယ်။ ဒီလို အဆင့်တွေ အတွက် Commissioning Specialist ရဲ့ အကြံပြုချက် ကို ဆွေးနွေး ရယူနိုင်ပါတယ်။
    • သတ်မှတ်ချက် ထဲမှာ ပါတဲ့ လိုအပ်ချက် တွေ ရဘို့ Commission လုပ်ရမဲ့ သူတွေ နဲ့ တာဝန်တွေ ကို လည်း ခွဲခြားသတ်မှတ် ထားပေးရမှာ ဖြစ်ပါတယ်။ Contractor / Commissioning Agents တွေ က လည်း ဒီ သတ်မှတ်ချက် တွေ ကို ရအောင် လုပ်ပေးဘို့ Contract ရထဲက သဘောတူ ထားရမှာ ဖြစ်ပြီး တကယ်ရအောင် လည်း လုပ်ပေး ရပါမယ်။
    • အစထဲ က သဘောတူ မထားရသေးတဲ့ အချက်တွေ ကို လိုချင်ရင် (သို့) လိုအပ်လာမယ် ဆိုရင်တော့ မျှမျှတတ ညှိနှိုင်း ပြီး လုပ်ဆောင် ကြရမှာ ဖြစ်ပါတယ်။


  2. Key Commissioning Activities
    Commissioning Activities တွေ ကို Project Phases တွေ အလိုက် ကြည့်မယ် ဆိုရင်။
    1. Pre-design Phase
      1. Develop Commissioning Scope
      2. Review Design Intent
      3. Owner may employ Commissioning Agent for Comprehensive Commissioning

    2. Design Phase
      1. Develop Commissioning Specifications
      2. Design to accommodate Commissioning
      3. Commissioning Plan

    3. Construction Phase
      1. Identify commissioning scope
      2. Commissioning Test Details
      3. Manage Commissioning Process: Meetings, Plan & Schedules
      4. System Verification Checks and Documents
      5. Equipments System Start-ups
      6. Carry out TAB (Testing, Adjusting and Balancing)

    4. Acceptance Phase
      1. Functional Performance Tests
      2. Verify TAB results
      3. Train O&M Staffs
      4. Compile Final Commissioning Reports

    5. Post-Acceptance Phase
      1. Carry out any "off season" functional performance tests
      2. Update documents



  3. Commissioning Scopes & Systems to be Commissioned
    • ဘယ် Systems တွေကို Commissioning လုပ်မှာလဲ၊ ဘယ်လောက်အဆင့် အထိ လုပ်မှာလဲ။ ဘယ်လို လုပ်မှာလဲ ဆိုတာ တွေ ကို အတိကျ နိုင်ဆုံး သတ်မှတ် ပေးရပါမယ်။ Building MEP Systems အများစု ကို Commissioning Agents တွေက Commissioning လုပ်ပေးဘို့ တာဝန်ယူ နိုင်လေ့ ရှိကြပါတယ်။ ဥပမာ။
      1. HVAC Systems
      2. Plumbing Systems
      3. Utility Systems
      4. Fire Sprinkler Systems
      5. Fire Alarm & Life Safety Systems
      6. Building Automation Systems (or) Building Management Systems
      7. Electrical Systems
      8. Security Systems
      9. Lighting Control Systems

    • Commissioning Agency ရဲ့ Specialty ကိုလိုက်ပြီး ဘယ် Systems တွေ ကို လုပ်နိုင်မလဲ စစ်ဆေးဘို့ တော့ လိုအပ်ပါမယ်။ နောက်တစ်ချက် ကတော့ Contract Specifications တွေ အရ Systems တွေ အကုန်လုံး ကို Commissioning လုပ်ဘို့ လိုအပ်ချင် မှ လိုအပ်မှာပါ။
    • Contract Specifications ထဲက သဘောတူညီ မှုကို လိုက်ပြီး သက်ဆိုင်ရာ Contractors တွေ ကပဲ Commissioning လုပ်တာ၊ (သို့) သူတို့ နှစ်သက်တဲ့ Commissioning Agent (Third Party Specialist) ငှား လုပ်စေတာ တွေ လည်း ဖြစ်နိုင်ပါတယ်။ ( လိုအပ်ရင် Owner ကို အသိပေးပြီး သဘောတူညီမှု ရယူရမှာ ဖြစ်ပါတယ်။ )
    • အထူး Specialists Systems တွေ ကိုတော့ Specialist Contractors တွေ က နေ Commissioning လုပ်ပေးရနိုင် ပါတယ်။ ဒီအခါ သူတို့ရဲ့ သီးသန့် Commissioning Plans တွေ ရှိနိုင်ပါတယ်။


  4. Commissioning Procedure (1) : Planning & Documentations
    • တကယ် လုပ်ရမဲ့ Commissioning Procedure ရဲ့ ပထမဆုံး အဆင့်ပါ။ အစီအစဉ် နဲ့ လိုအပ်မဲ့ စာရွက်စာတမ်း တွေ၊ လုပ်ထုံးလုပ်နည်းတွေ ကို စနစ်တကျ ပြင်ဆင်မှု တွေ လုပ်ရတဲ့ အဆင့် လို့ ဆိုပါတော့။

    1. Commissioning Specifications & Acceptance Criteria
      • Commissioning Process ရဲ့ လိုအပ်ချက် အားလုံး ကို သတ်မှတ်မဲ့ Detail Specifications လိုအပ်ပါတယ်။ ပါဝင်နိုင်တာတွေ ကတော့။
        1. ပါဝင် ပတ်သက်ရမဲ့ Team Member တွေ နဲ့ သူတို့ရဲ့ Roles & Responsibilities (တာဝန်များ) အကျဉ်းချုပ်။
        2. သက်ဆိုင်ရာ Service အလိုက် ပတ်သက်သူ တွေ ရဲ့ Detail Responsibilities
        3. Commissioning လုပ်မဲ့ Systems, Equipments & Interfaces တွေရဲ့ စာရင်း။
        4. Field Installation Verification Requirements
        5. Functional Performance Tests Requirements including Testing Instruments Specifications & Calibration Requirements
        6. Documentation Procedure and Requirements
        7. O&M Staff Training Requirements
        8. Commissioning Standards


    2. Commissioning Plan
      • Commissioning Scope & Specifications တွေ ကို မှီငြမ်းပြီး ဘာတွေ လုပ်ရမလဲ သတ်မှတ်ပေးမဲ့ Action Plan ဖြစ်ပါတယ်။
        1. Identify the Commissioning Team
        2. Identify each Team member's responsibility and authority
        3. Identify the Commissioning Scope of the specific project
        4. Identify communication protocols for the specific project. Include startup meetings, progress meetings, and written communication procedures.
        5. Identify commissioning work flow. Includes weekly field report, start up observation reports, system check forms, equipment check forms and final report
        6. Commissioning schedule
        7. Maintenance Manual Review Procedure
        8. O&M Staffs Training / Turn Over Seminar Outline




    3. Interfacing with Design Documentations
      • Owner က စောစောထဲက ခန့်ထားလို့ ပတ်သက်ခွင့်ရခဲ့ ရင် Owner က Designer ကို ပေးတဲ့ Engineering Parameter တွေ ကို နောက်ပိုင်း မှီငြမ်းနိုင်ဘို့ Documented လုပ်ထားနိုင်ပါတယ်။
      • Design & Specification တွေ ရတဲ့ အခါမှာ လိုအပ်တဲ့ Design Parameters တွေ ရအောင် Commissioning လုပ်နိုင် မလုပ်နိုင် နဲ့ အခက်အခဲ တွေ ကို သိရှိနိုင် စေဘို့ အတွက် သေသေချာချာ ဆန်းစစ် စစ်ဆေးရမှာ တွေ ကတော့။
        1. Conflict between Systems
        2. Ability of Systems to be balanced
        3. Maintenance access and maintainability of system
        4. Commissioning Specification


    4. Commissioning Methodology (Method Statements)
      • လုပ်မဲ့ လုပ်ငန်းစဉ် အဆင့်ဆင့် အသေးစိတ် ကို အစီအစဉ် အလိုက် စနစ်တကျ ဖော်ပြထားတဲ့ လုပ်ငန်းစဉ် အသေးစိတ် ရှင်းတမ်း ဖြစ်ပါတယ်။ ဒီ Method Statements တွေ မှာ ပါဝင်နိုင်တာ ကတော့။
        1. ဘယ်သူတွေ ပါဝင်တယ်။
        2. ဘာ Tools & Instruments တွေ သုံးမယ်။ ဘာတွေ လိုအပ်တယ်။
        3. ဘယ် Form တွေ ကို သုံးပြီး ဘယ်လို Document လုပ်မယ်။
        4. ဘယ်ကစမယ်။ ဘာတွေလုပ်ရမယ်။ ဘယ်လို အဆင့်ဆင့် လုပ်ရမယ်။
        5. ဘာတွေ ကို ဘယ်အချိန် မှာ Verify လုပ်ရမယ်။ ဘယ်သူက verify လုပ်မယ်။
        6. လက်ခံနိုင်တဲ့ Criteria တွေကဘာတွေလဲ။ Remedy လုပ်ဘို့ လိုအပ်ရင် လုပ်မလဲ သတ်မှတ် မဲ့ Corrective Action Plan တွေ ကရော ဘယ်လို တွေ လုပ်ရမှာလဲ။
        စသည်ဖြင့်ပါ။


    5. Testing Reports Formats
      • စနစ်တကျ Documented လုပ် သိမ်းဆည်းနိုင်ဘို့ အတွက် လိုအပ်တဲ့ Forms တွေ ပါ။ အရေးကြီးတဲ့ စစ်ဆေးရမဲ့ အချက်တွေ ကို ပါထည့်သွင်း ထားလေ့ ရှိပါတယ်။ လိုအပ်တဲ့ Forms တွေ ကို အကြမ်းအားဖြင့် ငါးမျိုး ခွဲခြား နိုင်ပါတယ်။
        1. Notification Forms
          : အသိပေးဘို့ အတွက် သုံးတာပါ။ ဥပမာ။ ။ Inspection Request Forms, Corrective Action Request Forms

        2. Installation Verification Check Forms

        3. Integrity Testing Check Forms

        4. Start-up Check Forms

        5. Operational & Functional Performance Test Check Forms





  5. Commissioning Procedure (2) : Field Activities
    • ဒီအဆင့် ကတော့ Commissioning Procedure ရဲ့ ဒုတိယ အဆင့်ပါ။ လုပ်ငန်းခွင် ထဲမှာ တကယ် လက်တွေ့ စစ်ဆေး မှတ်တမ်းတင် ရတဲ့ အဆင့် ဖြစ်ပါတယ်။
    • ဒီအဆင့် မှာ Method Statements, Forms, Procedures, Protocols,… စတဲ့ လိုအပ်တဲ့ စာရွက်စာတမ်း တွေ၊ ပစ္စည်းကိရိယာတွေ၊ ပါဝင်သူတွေ ရဲ့ တာဝန် နဲ့ လုပ်ပိုင်ခွင့်တွေ ရယ် က သတ်သတ်မှတ်မှတ် ရှိနေပြီး ဖြစ်နေရပါမယ်။
    • သုံးမဲ့ Instruments တွေက လက်ခံနိုင်လောက်တဲ့ Acceptable accuracy ရှိရပါမယ်။ Instruments ရဲ့ အရေးပါမှု နဲ့ သက်တမ်း ကို လိုက်ပြီး Unexpired Calibration Report တွေလည်း လိုအပ်ကောင်း လိုအပ် နိုင်ပါတယ်။

    1. Pre-commissioning: Field Installation Verifications (or) System Verification Checks (SVCs)
      1. Installation inspection and checks
      2. Installation Integrity Tests
        • Pressure Tests
        • Continuity Tests
        • Vibration Tests
        • Sound Tests
        • Cleaning Tests
        • Produce Observation Verification Report

      3. Equipment & System Start-ups

    2. Commissioning
      1. Operational Performance Tests
      2. Testing Adjusting and Balancing
      3. Functional Performance Tests

    3. Corrective Actions


  6. Commissioning Procedure (3) : Final Reports
    • ဒီအဆင့် ကတော့ Commissioning Procedure ရဲ့ တတိယ (အပြီးသတ်) အဆင့်ပါ။ Field Commission Reports တွေနဲ့ အတူ အခြားလိုအပ်မဲ့ စာရွက်စာတမ်း တွေ ကို စနစ်တကျ ပြုစု မှတ်တမ်းတင်မှု တွေ နဲ့ သင့်တော်တဲ့ လေ့ကျင့် သင်တန်းပေးမှု တွေ၊ လုပ်ရမဲ့ အဆင့်ပါ။

    1. Final Commissioning Report
    2. Operation & Maintenance Manuals
    3. O&M Staff Training



  7. Commissioning Specialists in Singapore
    • စကာင်္ပူ မှာ NEBB Certified Firms လေး၊ ငါးခု လောက် ရှိပါတယ်။ အချို့က Cleanroom Performance Testing လုပ်ပေးနိုင်ပြီး အချို့ကတော့ HVAC System Commissioning လုပ်ပေးနိုင်ပါတယ်။ ဒီအထဲ က စာရေးသူ တွဲလုပ်ဘူးတဲ့ Firm နှစ်ခု ကတော့။
      1. Cesstech (S) Pte Ltd : Cleanroom Performance Testings
      2. CMD Services (SEA) Pte Ltd : HVAC System Commissioning
    • အခု အချိန်မှာ Supply ထက် Demands ကပိုများတော့ ဒီ Firms တွေလည်း အရမ်း အလုပ် များပါတယ်။
    • Cesstech (S) Pte Ltd ကတော့ Cleanroom Performance Testings တွေ ကို အဓိက လုပ်ပါတယ်။ စာရေးသူ အတွေ့အကြုံ အရတော့ Professional and Technically Very Cooperative ပါ။ Cleanroom Performance Testings တွေ ကလည်း တိကျတဲ့ သတ်မှတ်ချက်တွေ ရှိပြီးသားဖြစ်ပါတယ် ။
    • CMD Services (SEA) Pte Ltd ကလည်း HVAC System Commissioning ကောင်းကောင်း လုပ်ပေးနိုင်တဲ့ အတွေ့အကြုံ ကောင်းကောင်း ရှိတဲ့ သူတွေပါ။ သူတို့နဲ့ ကျန်ခဲ့တဲ့ 8 years ago လောက်တုန်း က တွဲလုပ်ခဲ့ ဘူးပါတယ်။ အစပိုင်း မှာ ပညာပြတာ ခံရမလို ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်း မှာ တော့ ဆက်ဆံရတာ အဆင်ပြေ ပါတယ်။ စကာင်္ပူ မှာ က HVAC Commissioning သတ်မှတ်ချက် အတိအကျ သတ်မှတ်ချက် မရှိသေးတာ မို့ Standard က လိုအပ်သလို အတိုးအလျှော့ လုပ်ချင် လုပ်နိုင်တာ မို့ပါ။ Commissioning Process မစရသေးခင် အစပိုင်း မှာ သူတို့ Representative က NEBB Procedures နဲ့ Forms တွေ မသုံးပဲ စာရေးသူ ဆီ Present & Submit လုပ်လာ ဘူးပါတယ်။ Sub-Contractor ရဲ့ QA နဲ့ အတူ လာတာပါ။ စာရွက်စာတမ်းတွေ ကို ကြည့်ပြီး စာရေးသူ က ဒါပဲလား မေးတော့ Representative က စနစ်တကျ လုပ်ထားသလို ခပ်တည်တည် ခပ်တင်းတင်း နဲ့ ဖြေပါတယ်။
    • အဲဒီ့ အချိန် မှာ စာရေးသူ ကလည်း NEBB Procedures တွေ ကို အထိုက်အလျောက် လေ့လာပြီးသားမို့ (ငါ အချဉ် မဟုတ် ပုံစံနဲ့။) သူတို့ လာတင်တဲ့ စာရွက်စာတမ်း တွေ ကို ဆက်လည်းမစစ်၊ လက်လည်း မခံ ပဲ ပြန်သွားစစ်ပြီး သေချာမှ ပြန်လာတင်ဘို့ ပြောလိုက် ပြီးတော့မှပဲ တကယ့် NEBB Procedures တွေ နဲ့ စနစ်တကျ ပြန်လာ ပါတော့တယ်။
    • NEBB Procedure အတိုင်း လုပ်ပေးရဘို့ Contract Obligation မရှိရင်တောင်မှ သူတို့လုပ်ပေးမဲ့ အစီအစဉ် ကို သေချာစစ်ပြီးမှ လက်ခံ သင့်ပါတယ်။



  8. References
    1. "AABC Commissioning Guideline", Associated Air Balance Council, 2002
    2. "NEBB Procedural Standards for Building System Commissioning", National Environmental Balancing Bureau



    Web-Links
    1. WBDG: Building Commissioning, National Institute of Building Sciences [ http://www.wbdg.org/project/buildingcomm.php ]
    2. AABC (Associated Air Balance Council)[ http://www.aabc.com/ ]
    3. ASHRAE ( American Society of Heating, Refrigerating and Air-Conditioning Engineers, Inc.)
      [ http://www.ashrae.org/ ]

    4. NEBB (National Environmental Balancing Bureau)[ http://www.nebb.org/ ]
    5. SMACNA (Sheet Metal and Air Conditioning Contractors' National Association)
      [ http://www.smacna.org/ ]


    6. NEBB Certified Firms in Singapore
      [ http://www.nebb.org/index.php?option=com_jumi&fileid=6 ]







----Scrap Notes-


Acceptable standard = Ambiguous ( On the mercy of owner’s agent… ), what standard?

Testing Instruments & Tools: Accuracy and Calibration


Realistic performances - eg temperature & humidity tolerances
  • အဓိက က ရည်ရွယ်ချက် တော့ လိုအပ်တဲ့ အရည်အသွေး သုံးခု ကို သေချာ ရနိုင်စေဘို့ပါ။
    1. Integrity: ဒါဏ်ခံနိုင်စွမ်း ရှိမရှိ။ ဥပမာ။ ပိုက်တွေ က သတ်မှတ် Test Pressure ကို ခံနိုင်ရည် ရှိတယ်။
    2. Operational Performance: အလုပ် လုပ်မလုပ်၊ ဥပမာ။ ။ Pump ကို On လိုက်ရင် ရေမောင်းတင် တယ်။
    3. Functional Performance: အရည်အသွေး ရမရ၊ ဥပမာ။ ။ Pump က လိုအပ်တဲ့ Pressure နဲ့ Water Flowrate ကို သတ်မှတ်ထားတဲ့ ပါဝါ အတွင်းမှာ ပဲ သုံးပြီး ပေးနိုင်တယ်။


    Read More... [ အကျယ် ဖတ်ရန်... ]

  • Tuesday, November 10, 2009

    Swimming Pools (ရေကူးကန် များ)

    • ရေကူးတာ က ကျန်းမာရေး အတွက် အထောက်အကူ ပြုတဲ့ အားကစား တစ်ခု ဖြစ်သလို ပျော်စရာ လည်း ကောင်းပါတယ်။ အသက်အရွယ် မရွေး (ပိန်ပိန်၊ ဝဝ) သင့်တော်တဲ့၊ သက်တောင့်သက်သာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်သလို၊ အရေးကြုံရင် သက်လုံကောင်းစေ ဘို့အတွက် ကျွမ်းကျင်မှု (Survival skill ) တစ်ခု လည်း ဖြစ်ပါတယ်။ ( စနစ်မကျတောင် ရေကောင်းကောင်း ကူးတတ်ဘို့ တော့ လိုတာပေါ့။ ကောင်းကောင်း မကူးတတ် ရင်တောင်မှ ရေတိမ်တိမ်မှာ ဘောကွင်းနဲ့ ဆော့နိုင်ပါသေးတယ်။ (ရေမကူးတတ်ရင် တော့ ရေကူးကျွမ်းကျင် တဲ့ အဖော်ပါမှ ဆော့စေချင်ပါတယ်။)
    • အေးအေးဆေးဆေး နဲ့ အန္တရာယ် ကင်းကင်း ရေကူး ချင်သူတွေ အတွက် လိုအပ်ချက် တွေ ကို Swimming Pools (ရေကူးကန်) တွေ က ဖြည့်ဆီးပေးနေပါတယ်။
      Download PDF: W031_R00 Swimming Pools.pdf
      [https://www.dropbox.com/s/52aylk8ecv5q2ex/W031_R00%20Swimming%20Pools.pdf?dl=0]
    • တွေ့နေကျ Concrete နဲ့ လုပ်ထားတဲ့ ကန်တွေသာမက အလွယ်တကူ ဆင်နိုင်တဲ့ Fiber-glass ကန်တွေ၊ Steel Reinforced Tank တွေ လည်း ရှိပါတယ်။

    • Swimming Pool MEP Systems တွေ ကို Pool Specialist Contractor တွေ က ပဲ Installation လုပ်ပေး လေ့ရှိပါတယ်။ Architects နဲ့ Structure Engineers တွေ နဲ့ Coordinate လုပ်ရတာ တော့ ရှိပါတယ်။ တစ်ခါတစ်ရံ Lighting Specialist Consultants ရဲ့ လိုအပ်ချက် ပါဝင် တတ်ပါတယ်။

    • အောက်မှာ ဖော်ပြထားတာ တွေ က အခြေခံ ကို သိရှိ နားလည်စေ ဘို့ ရည်ရွယ်ပါတယ်။
      1. Introduction
      2. Water Quality
      3. Codes, Rules & Regulations
      4. Safety
      5. MEP Systems
      6. Other Pools & Fish Ponds
      7. Construction
      8. Pool Maintenance
      9. Natatoriums - HVAC
      10. References


    • တကယ်အသုံးချ ရမှာမို့ ပိုပြီး အသေးစိတ် သိချင်ရင် တော့ ကိုယ်တိုင် စာလည်း ရှာဖတ် ပြီးတော့ Specialist နဲ့ လည်း ဆွေးနွေး ဘို့ လိုအပ်ပါလိမ့်မယ်။ Specialist Contractors တွေ က လုပ်ငန်းအတွေ့ အကြုံလည်းရှိ၊ Fittings Supply (အစိတ်အပိုင်း ပစ္စည်း) တွေ ကို လည်း Supply လုပ်နိုင်တာမို့ပါ။ Calculation အတွက်အချက် နဲ့ Code / Regulation Requirements တွေနဲ့ ရင်းနှီးတာမို့ လိုအပ်တဲ့ Technical Support ကို ကောင်းကောင်းပေးနိုင်ပါတယ်။

    1. Introduction
      • အခုခေတ် ရေကူးကန် တွေ က ရေဖြည့်လိုက်၊ ညစ်ပတ်လာရင် (နှစ်ပါတ် တစ်ခါလောက် ဖောက်ထုတ်လိုက်) လုပ်ရတဲ့ အမျိုးအစား တွေ မဟုတ်တော့ ပါဘူး။
      • တိုးတက်လာတဲ့ Chemical Treatment နဲ့ Continuous Filtrations စနစ်တွေ က ရေတွေ ကို ပိုပြီး ကြည်လင် စေယုံ မက ရေရဲ့ သန့်ရှင်းမှု ကို လည်း ပိုကောင်းလာစေပါတယ်။ ကြည့်လိုက်ရင် ကန်အောက်ခြေ ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်အောင် ကို ကြည်လင်နေလေ့ ရှိ ပါတယ်။ ရေရဲ့ အရောင် က အောက်ခံကျောက်ပြား ရဲ့ အရောင် ကို ကောင်းကောင်း ရောင်ပြန် ဟပ်တာကို လည်း တွေ့ရပါမယ်။ ဒါကြောင့် ကျောက်ပြား အပြာတွေ သုံးထားရင် ရေတွေက ပြာနေတယ် လို့ ထင်ရစေပြီး အစိမ်း သုံးထားရင်တော့ ရေတွေက စိမ်းနေတယ် လို့ ထင်ရပါလိမ့်မယ်။
      • စနစ်တကျ ဒီဇိုင်းလုပ် တတ်ဆင်ထားတဲ့ Underwater Light တွေ က လည်း Swimming Pools တွေ ကို ပိုပြီး ဆွဲဆောင်မှု ပေးပါတယ်။
      • ဟိုတယ်၊ ကွန်ဒို တွေ မှာ က ရေကူးကန် က အဓိက အဆောင်အယောင် အနေနဲ့ ပါဝင်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေ မှာ တော့ Public Pool တွေ က လွယ်လွယ် ကူကူ ရောက်နိုင်တဲ့ နေရာတွေ မှာ ရှိနေပါတယ်။ Private Housing အိမ်တွေ မှာလည်း အဆောင်အယောင် တစ်ခု အနေနဲ့ ထည့်သွင်း တတ်ကြပါတယ်။ ရေကူးကန် ရဲ့ အရွယ်အစား က လည်း ခပ်သေးသေး က နေ အိုလံပစ် အရွယ် အကြီးစား တွေ အထိ ဖြစ်နိုင်ပြန်ပါတယ်။
      • စကာင်္ပူ မှာ ဆိုရင် Public Pool တွေ က လူနေအိမ်တွေ ရဲ့ မလှမ်းမကမ်း နေရာ တွေ မှာ ရှိနေ တာ ကို တွေ့နိုင် ပါတယ်။
      • အပြင်ကနေ ကြည့်ရင်တော့ နားနားနေနေ ထိုင်ဘို့ ခုံ နဲ့ အဆင်တန်ဆာ တွေ၊ ရေထဲဆင်းဘို့ Ladder နဲ့ ရေတွေ ပြည့်နေတဲ့ ရေကူးကန် ကို ပဲ မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီကန် ထဲကရေတွေ ကို အမြဲ ကြည်လင်ပြီး သန့်စင်နေ အောင် လုပ်ထားတဲ့ MEP System တွေ ကို သတိပြုချင် မှ ပြုမိပါလိမ့်မယ်။
      • MEP Systems တွေ ရဲ့ အသုံး ဟာ ရေကူးကန် တစ်ခု ရဲ့ အဓိက အကျဆုံး ကုန်ကျစရိတ် Life Cycle Cost ဖြစ်လေ့ ရှိပါတယ်။ ထိန်းသိမ်းလည်ပတ် ဘို့ အတွက် အကုန်အကျ များလေ့ရှိပါတယ်။
      • ရေကူးကန် အတွက် MEP Systems တွေ ရဲ့ အဓိက တာဝန် က တော့ လူကို အန္တရာယ် ပေးမဲ့ အညစ်အကြေး တွေ ကို ရေထဲ က နေ အဆက်မပြတ် (Continuously) စစ်ထုတ် ဖယ်ရှား နိုင်ဘို့ နဲ့ ရေအောက် မှာ အလင်းရောင် ကောင်းကောင်း ရအောင် လုပ်ပေးဘို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကုန်အကျ များရတာ ဖြစ်ပါတယ်။


    2. Water Quality
      • Environmental Health လိုအပ်ချက် တွေ အရ ရေရဲ့ Quality ကို (သုံးစွဲနေတဲ့) အချိန်ပြည့် ထိန်းသိမ်းထားပေးနိုင်ဘို့ လိုအပ်ပါတယ်။ Water Quality ဆိုတဲ့ နေရာမှာ။
        1. Physical Quality (အရောင် (သို့) ကြည်လင်မှု၊၊ အနံ့၊ စသည်... )
        2. Biological Quality (ပိုးမွှား၊ ဘက်တီးရီးယား ကင်းစင်မှု၊ )
        3. Chemical Quality (Residual Chlorine, PH, other concentrations, etc.)

      • ဒီလိုအပ်ချက်တွေ ကို ဖြည့်ဘို့ အတွက် Water Filtration & Treatment Systems တွေ လိုအပ်ပါတယ်။ ဒီစနစ် ရဲ့ အဓိက တာဝန် တွေ ကတော့၊
        • ရေထဲမှာ ပါဝင်နိုင်တဲ့ အဏုဇီဝ ရောဂါပိုးမွှားတွေ ကို သုတ်သင်ဖယ်ရှား ပေးနိုင်ဘို့။
        • ရေညှိ မတက်စေဘို့
        • အနံ့ဆိုး နဲ့ အော်ဂလီ ဆန်မဲ့ အရသာ ကို ဖယ်ရှားဘို့။
        • မျက်စေ့ နဲ့ နှာခေါင်း ယားယံစေတာ ကို မဖြစ်စေဘို့။
        • ရေချိုး (ဂျိုး) မကပ်စေဘို့
        • ရေတွေ ကြည်လင် ပြီး အရောင် တလက်လက် နေစေဘို့။
        • Fixtures နဲ့ Fittings တွေ Corrosion မဖြစ်စေဘို့။

      • လူတွေ က ဆက်တိုက် သုံးနေတာ နဲ့ အတူ ဒီ Treatment တွေ ကို လည်း Continuously အဆက်မပြတ် လုပ်ပေးနေရမှာ ဖြစ်ပါတယ်။ အပြင်က ကျလာမဲ့ မြက်၊ ခဲ၊ သစ်ရွက်၊ စက္ကူ၊ ဖုန်၊ အမှိုက် တွေ ကြောင့်သာ မက ရေကူးတဲ့ သူတွေ က နေ ထွက်လာမဲ့ သေး (ရှုရှုး)၊ ချွေး၊ dead skins အရေခွံ၊ ဆံပင်၊ တံတွေး၊ နှပ်၊ သလိပ်၊ မိတ်ကပ်၊ ခေါင်းလိမ်းဆီ၊ စတာ တွေ နဲ့ အတူ ပါလာမဲ့ ရောဂါပိုးမွှား တွေ ကို လည်း ဆက်မပွားစေပဲ သန့်စင် ပေးနိုင်ဘို့ လိုပါတယ်။
        (ရေမြင်ရင် ရှုရှုး ပေါက်ချင် တာက လူတွေ ရဲ့ ဗီဇ မို့ ရေကူးကန် ထဲ ရေကူးရင်း ရှုရှုး ပေါက် ချတတ်ကြတာ သဘာဝ ပါ။ ဘယ်သူမှ လည်း နှပ်တွေ တံတွေးတွေ ကို မျိုချ နေမှာ မဟုတ်ပါဘူး။ ကလိုရင်း ရဲ့ အနံ့ ကြောင့် နှပ်တွေ က လည်း ပိုတောင် ထွက်ပါသေးတယ်။ အားစိုက်လို့ ထွက်လာတဲ့ ချွေးတွေ ကလည်း ရေထဲ ပျော်၊ သေချာ ရေမဆေး လာတဲ့ ဒွာရတွေ က....
        ရွံတတ်ရင်တော့ ရွံပေါ့လေ။ ဟာဟ !
        သိပ်လည်း မစိုးရိမ် ပါနဲ့။ ဒါတွေ က မြင်ရတာ မဟုတ် သလို သေချာ ဒီဇိုင်း လုပ်ထားလေ့ ရှိတာ မို့ ဒုက္ခ လည်း မပေးလှပါဘူး။
        ကျန်းမာရေး လိုအပ်ချက် အရ Public Pools တွေ မှာ Lockers, Showers & Toilets Facilities တွေ မဖြစ်မနေ ပါဝင်ရပါတယ်။ ရေကူးမဲ့သူ တွေ ကလည်း ကျင့်ဝတ်စည်းကမ်း အနေနဲ့ ရေကန်ထဲ မဆင်းခင် Shower မှာ ရေချိုး ဘို့ လိုအပ်ပါတယ်။ ဒါကြောင့်စာဖတ်သူ ကို လည်း ရေကူးကန်ထဲ မဆင်းခင် နည်းနည်း ပိုသန့် သွားအောင် ရေသေချာ ချိုး ပြီး Bladder ထဲက ရေတွေ ကို လည်း အကုန်အစင် နီးပါး Drainage လုပ် ရှင်းပြီးမှ ဆင်းဘို့ တိုက်တွန်းလို ပါတယ်။ ရေကူးပြီးတော့ လည်း Shower မှာ ရေပြန်ချိုးပါ။ ရေကူးသွားဘို့ အတွက်၊ ရေကူးဝတ်စုံ၊ တံဘက် နဲ့ ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် (ဘူးသေး) တွေ ကသင့်တော် ပါတယ်။ ရေကူးဝတ်စုံ က အများအားဖြင့် ရေဆော့တဲ့ နေရာကလွဲ လို့ မရှိ မကူးရ စည်းကမ်းရှိလေ့ရှိပါတယ်။ ရေကူးမျက်မှန် တပ်ရင်တော့ မျက်စေ့ အစပ် သက်သာ တဲ့ အပြင် ရေငုတ်တဲ့ အခါ မျက်စိ ပသာဒ ခံစားနိုင်ပါလိမ့်မယ်။ )

      • ရေကို အဆက်မပြတ် သန့်စင် ပေးနိုင်ဘို့ အတွက် အခြေခံ လိုအပ်ချက်တွေ ရှိပါတယ်။
        • ရေတွေ ကို အမြဲသန့်စင် (စစ်) ပေးနိုင်ဘို့ ရေကို Water Treatment System ထဲကို Circulate လုပ်ပေးမဲ့ Pumps တွေ လိုပါတယ်။ Circulation လှည့်ပေးတဲ့ နှုန်း ကို Turnover လို့ ခေါ်ပါတယ်။ အသေးစိတ် ကို အောက် က MEP Section မှာ ဖော်ပြပေးပါမယ်။
        • ရေကူးကန် အကြီးတွေ အတွက် Turnover က ၆ နာရီ အတွင်း လောက်ပါ။ အသုံးနည်းတဲ့ Private Pools တွေ အတွက် ၁၂ နာရီ အထိ ပေမဲ့ လက်ခံ (ကျေနပ်) နိုင်လောက်တဲ့ ရလဒ် ကို ပေးနိုင်ပါတယ်။ ကလေးတွေ ဆော့တဲ့ ခပ်တိမ်တိမ် Wadding Pools ဆိုရင်တော့ ၁ နာရီ - ၂ နာရီ လောက် အတွင်း ဖြစ်ရပါလိမ့်မယ်။ (မှတ်ချက်။ ။ နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ မြို့ အလိုက် Code Requirements တွေ မှာ ဒီလိုအပ်ချက် ကို ဖော်ပြထားလေ့ ရှိပါတယ်။ လိုက်နာဘို့ ရာလိုအပ်ပါတယ်။)
        • ရေထဲ ကို ရောက်လာမဲ့ အညစ်အကြေး နဲ့ ရောဂါပိုးမွှား တွေ ကို အမြန်ဆုံး ဓာတ်ပြု နှိမ်နင်း ပေးနိုင်ဘို့ လိုအပ်တဲ့ Residual Chlorine မမာဏ ကို ရရှိဘို့။ (သိပ်များလွန်း ရင် လည်း မျက်စေ့ နဲ့ အရေပြား ကို ဒုက္ခ ပေးနိုင်ပါတယ်။)
        • မြက်၊ ခဲ၊ သစ်ရွက်၊ ဆံပင်၊ စက္ကူ စတဲ့ အစိုင်အခဲ တွေ ကို Treatment System ထဲမရောက်စေဘို့ Lint Catcher ဇကာ။
        • ရေထဲက အမှုန်အမွှား တွေ ကို စစ်ဘို့ Filter (Sand Filter, DE Filter, Cartridge Filters, etc.)
        • ရေပေါ်ပေါ် နေတဲ့ ခေါင်းလိမ်းဆီ၊ လူအဆီ၊ မိတ်ကပ်၊ နှပ်၊ သလိပ်၊ နဲ့ အခြား ပစ္စည်းတွေ ကို ဖယ်ထုတ်ပေး နိုင်ဘို့ အတွက် Skimmer (ရေ အပေါ်ယံ လွှာကို Filtration Systems အတွင်း သို့ စုတ်ယူစေ သော Fitting ဖြစ်ပြီး ကန်အသေးစား တွေ အတွက် သုံးနိုင်သည်။ ကန်ကြီးလျှင် သုံးရန် မသင့်တော်။) ဒါမှမဟုတ် Scum gutters (ကန်ရေလျှံ ကျ တာ ကို Balancing Tank (Surge Tank) ထဲသို့ ပြန်လည် စီးဆင်းပေး စေမဲ့ ရေမြောင်းငယ်။ ကန်အကြီး - ဂါလံ ၅၀ ၀၀၀, 189 m³ အထက် အတွက် သုံးရသည်။ ကန်အသေးစားအတွက် လည်း သုံးနိုင်သည်။)
        • ရေကန်ထဲ မှာ ရေသေမဲ့ နေရာ မပေါ်ပဲ ကောင်းကောင်း လှယ်ပေးနေနိုင်ဘို့ အတွက် Treatment System နဲ့ သက်ဆိုင်တဲ့ ရေ အဝင်အထွက် ကိုသေချာ ပြင်ဆင်ရပါမယ်။ လေးထောင့်ပုံ ဆို One Side က အဝင် Opposite Side က ပြန် အထွက် ထောင့်ဖြတ် ထားပေးခြင်း ဖြင့် ရေတွေ ကောင်းကောင်း လှည့်နေ စေပြီး Treatment ကိုဖြတ် စေရပါတယ်။ အဝင် နဲ့ အထွက် ကို လည်း သိပ်မကွာစေသင့်ပါဘူး။ ဒီအတွက် လိုအပ်တဲ့ Inlet အရေအတွက် နဲ့ နေရာချတဲ့ ပေါ်မူတည်ပါတယ်။

      • ဒီလို Water Quality ကို ထိန်းသိမ်းဘို့ နဲ့ Health & Safety အတွက် မဖြစ်မနေ လိုက်နာရမဲ့ စည်းမျဉ်း စည်းကမ်း၊ ဥပဒေ တွေ ကို ဆက်လက်ဖော်ပြမှာ ဖြစ်ပါတယ်။


    3. Codes, Rules & Regulations
      • Environment, Health and Safety လို့ ခေါ်တဲ့ ပတ်ဝန်းကျင်၊ ကျန်းမာရေး နဲ့ အန္တရာယ် ကင်းရှင်းရေး စတဲ့ လိုအပ်ချက် တွေ ကို ထိန်းသိမ်းဘို့ အတွက် လိုအပ်တဲ့ အချက်တွေ ကို တိုးတက်တဲ့ နိုင်ငံတွေ မှာ နိုင်ငံအလိုက်၊ (မြို့အလိုက်၊ ပြည်နယ် အလိုက်) သတ်မှတ်ထားတာ ရှိပါတယ်။ အဓိက ကတော့ သုံးမဲ့သူ တွေ အန္တရာယ် ကင်းရှင်းစေ ဘို့ နဲ့ အများပြည်သူ ကျန်းမာရေး ကို မထိခိုက် စေဘို့ပါ။
      • အထူးသဖြင့် Public Pool တွေ အတွက် ဒီ Code လိုအပ်ချက် စည်းမျဉ်း တွေ က မလိုက်နာ လို့ မရတဲ့ စည်းမျဉ်းတွေပါ။ အများအားဖြင့် Public Pool ကို Operate လုပ်ဘို့ အတွက် လိုင်စင်၊ ပါမစ် လိုအပ်ပြီး Water Quality ကို report ပုံမှန်လုပ်ရလေ့ရှိပါတယ်။ ဒါကလည်း ဒေသ အလိုက် လိုအပ်ချက် ပါ။ မလိုတဲ့ နေရာ လည်း ရှိကောင်း ရှိနိုင် ပါတယ်။
      • နေရာဒေသ အလိုက် အချို့ Regulation မှာ water quality လိုအပ်ချက် နဲ့ အမှတ်တမဲ့ ဝင်ပြီး ရေနစ်တာ ကို ကာကွယ်ဘို့ ခြံစည်းရိုး ခတ်တာ လောက် ပဲ ပြဌန်း ထားပေမဲ့ အချို့နေရာ တွေ မှာတော့ ဒီဇိုင်း အသေးစိတ် လိုအပ်ချက်၊ ရှိနေတဲ့ Technology နဲ့ ဆောင်ရန် ရှောင်ရန် အသေးစိတ် ကို ပါ ပေးထား တတ်ပါသေးတယ်။
      • အချို့ ဒေသ က Regulation တွေမှာ အခြား Safety အတွက် Pool Water Depth ကို ပါ ကန့်သတ် ထားနိုင်ပါတယ်။ ဥပမာ။ ။ ရေအနက် 1.2m (4.0 ft) ကျော်ရင် Pool Life Guard ထားပေးရမယ် ဆိုတာမျိုးပါ။
      • အချို့ဒေသ တွေ မှာ Specialist Contractor တွေ အတွက် အထူးလိုအပ်ချက် မရှိပေမဲ့ အချို့ဒေသ တွေ မှာ Swimming Pool Specialist ဖြစ်ကြောင်း Licensing Process / Exam / Registeration တွေ ကို လိုအပ်ပါတယ်။
      • State of California လို Energy Conservation ကို အထူး အလေးထားတဲ့ ဒေသတွေ မှာ Energy Efficiency နဲ့ သက်ဆိုင်တဲ့ Regulation တွေကို ပါ သတ်မှတ် ထားပါတယ်။ California State Energy Commission က လိုက်နာရမဲ့ သတ်မှတ်ချက် တွေ ကို ပြဌာန်း ပေးထားပါတယ်။
      • ဘာစည်းမျဉ်း မှ သတ်မှတ်ထားတာ မရှိတဲ့ နေရာ ဆိုရင်တောင် မှ ကျန်းမာရေး အတွက် လူတွေ စိတ်ချလက်ချ သုံးလို့ ရမဲ့ ရေကူးကန်ကောင်း ဖြစ်နေဘို့ လိုအပ်ပါတယ်။
      • ဒီလိုအပ်ချက် နဲ့ ပတ်သက်လို့ စာဖတ်သူ ဆက်လက် လေ့လာနိုင်ဘို့ WebLinks နဲ့ အချက်အလက် တွေ ကို နောက်ပိုင်း မှာ အလျင်းသင့်သလို ထည့်သွင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။
      • ဒီဇိုင်း ကို ပါ အသေးစိတ် သတ်မှတ်ပေး ထားတာတဲ့ Code တစ်ခု ကတော့ Fulton County Codes
        [ http://www.fultoncountyga.gov/environmental-health/3697-fulton-county-code-of-ordinances-and-code-resolutions ]
        ဖြစ်ပါတယ်။


    4. Safety
      1. ပထမ ကာကွယ်ဘို့ လိုတာ က လူတွေ ရေ မနစ်စေဘို့ပါ။
        • အများအားဖြင့် တစ်ယောက် တည်း ကူးနေတုန်း (မကူးတတ်လို့ပဲ ဖြစ်ဖြစ်၊ ကြွက်တက် လို့ပဲ ဖြစ်ဖြစ်) ရေနစ် ရင် ဘဝကူးဘို့ သေချာသလောက်ပါပဲ။ ဒါကြောင့် တစ်ယောက် ထဲ မကူးပါနဲ့။ အဖော် နဲ့ သွားကူးတာ က အရေးကြုံရင် အကူအညီ ရပါလိမ့်မယ်။ ( ရေနစ်ချင်ယောင် ဆောင်ပြီး နောက်တာ မျိုး ကို လည်း ရှောင်ပါ။ ) ဖြစ်နိုင်ရင် Lifeguard on duty ရှိနေတဲ့ အခြေအနေ မှာ ကူးပါ။
        • မိုးရွာနေတဲ့ အချိန် (မိုးဖွဲဖွဲကျတာ အပါအဝင်) မှာ လျှပ်စီး ထိနိုင်တာ မို့ ရေကူးကန် ထဲ မှာ ရေမကူးသင့် ပါဘူး။ ရေကူးကန် (Outdoor) တွေ က လည်း မိုးရွာ ရင် ပိတ်ထားလေ့ ရှိပါတယ်။
        • Public Pool တွေ မှာ အများအားဖြင့် Lifeguard ရှိနေ ဘို့ လိုအပ်ပါတယ်။ မရှိရင် လည်း မရှိကြောင်း ရေကူးတဲ့သူ ကန်ထဲ မဆင်းခင် အလွယ်တကူ မြင်သာတဲ့ နေရာမှာ Notice ချထားပေး ထားရ ပါတယ်။ အရေးအကြောင်း မှာ သုံးဘို့ ဘောကွင်း နဲ့ ကြိုးလို အသက်ကယ် ပစ္စည်းတွေ သာ မက First Aids Kits တွေပါ အသင့် ထားထားပေးရပါတယ်။ ရေရဲ့ WaterQuality ကို တိုင်းဘို့ Kits တွေ လည်း ကန်နားမှာ အဆင်သင့် ထားထားပေးရတတ် ပါသေးတယ်။
        • အမှတ်တမဲ့ ကန်ထဲကျ ရေနစ် နိုင်မဲ့ နေရာ က ကန်တွေကို သင့်တော်တဲ့ ခြံစည်းရိုး ကာပေး ထားဘို့ လိုအပ်တတ်ပါတယ်။ Private Pool တွေ ဆိုရင် တော့ ကလေးငယ် တွေကို ကန်နား မှာ အမှတ်တမဲ့ မထားမိဘို့ အထူး ဂရုစိုက်ရပါလိမ့်မယ်။
        • ရေနစ်ရတဲ့ နောက်တစ်ခု ကတော့ Pump Suction တွေမှာ ပိတ်ချုပ်မိ နေပြီး ရေနစ်တာပါ။ Pool အရွယ် နဲ့ မလိုက်အောင် ရေစုတ် အားကြီးတဲ့ Pump တွေပါဝင်တဲ့ Spa Pool တွေမှာ ဖြစ်တာ တွေ့ရပါတယ်။

      2. ဒုတိယ လိုအပ်တာ ကတော့ Water Treatment System ကြောင့်ဖြစ်တဲ့ Water Quality ထိခိုက်မှု တွေ ကို ကာကွယ်ဘို့ ပါ။ ဖြစ်တတ်တာတွေ ကတော့
        1. အက်ဆစ် တွေ များနေလို့ အရေပြား မျက်စေ့ ထိခိုက်တာ
        2. ကလိုရင်း များလို့ အရေပြား မျက်စေ့ ထိခိုက်တာ၊ အဆုတ် ထိခိုက်တာ။
        3. Residual Chlorine (ရေထဲမှာ အပိုကျန်နေတဲ့ ကလိုရင်း) နည်းလို့ (သို့) ထိထိရောက်ရောက် Water treatment မလုပ်နိုင်လို့ ဘက်တီးရီးယား အမျိုးမျိုး ပွားပြီး ရေကူးတဲ့သူ ကို ဒုက္ခပေးတာ။
        စတာတွေပါ။
        ဒါတွေကြောင့် လည်း Water Quality ကို မကြာခန တိုင်းတာ ပြီး Monitor လုပ်နေရတာ ဖြစ်ပါတယ်။


    5. MEP Systems
      1. System Components

        1. Circulation Pumps
          • အဓိက တာဝန် က ရေကူးကန် ထဲ ကရေတွေ ကို Water Treatment ကိုဖြတ်ပြီး စီးဆင်းနေစေ ဘို့ ပါ။ သဘောတရား ကတော့ အခြား Pumps တွေ နဲ့အတူတူပါပဲ။
          • Water Treatment System ရဲ့ ရှိနေနိုင်တဲ့ အမြင့်ဆုံး ခုခံအား (pressure head loss) မှာ လိုအပ်တဲ့ Turn Over Rate ကို ထုတ်ပေးနိုင်ဘို့ပါ။
          • Pool Turnover Rate နဲ့ Pool Water Volume ကနေ Pump Flow rate ကိုတွက်ယူရပါမယ်။
            Pump Flowrate= ( Pool Water Volume / Turn over period ) + Safety Factor(say 20%)
          • တွက်ချက်တဲ့ အခါ မှာ Unit ကိုတော့ သေသေချာချာ သတိထား ရပါမယ်။
          • Pump Head ကို တွက်တဲ့အခါ မှာလည်း Filter ဟောင်းလာလို့ ပိုလာမဲ့ Pressure Loss ကို ထည့်သွင်းစဉ်းစားရပါတယ်။


        2. Water Filters (Sand, D.E, Cartridge, etc.)
          • အဓိက တာဝန် က ရေထဲက အမှိုက် နဲ့ အမှုန်အမွှားတွေ ကို စစ်ထုတ် ဘို့ပါ။ သုံးလေ့ရှိတဲ့ အမျိုးအစား တွေ ကတော့။
            1. Cartridge Filter
            2. Sand Filter
            3. DE (Diatomaceous Earth) Filter
          • Pool / Water Featurs အသေးတွေ ဆို cartridge filter က သုံးဘို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် Sand Filter နဲ့ DE Filter က အသုံးများ ပါတယ်။
          • DE (Diatomaceous Earth) Filter က ပိုပြီး မှုန့်တဲ့ အမှုန်အသေး တွေ ကိုပါစစ်ပေးနိုင်ပြီး ပိုပြီးကြည်လင် တဲ့ ရေကို ရစေပါတယ်။
          • စာရေးသူ က တော့ Sand Filter သုံးရတာကို ပိုကြိုက်ပါတယ်။ DE လောက်မကြည်တောင် မှာ ကန်အောက်ခြေ ကို ရှင်းရှင်းမြင်ရတဲ့ ရေကြည်ကြည် ကို ရနိုင်တာပါပဲ။ Maintenance လုပ်ရတာ လည်း အများကြီး ပိုလွယ်ပါတယ်။ ဈေးလည်း ပိုချိုပါတယ်။ ပတ်ဝန်းကျင် အတွက်ရော၊ maintenance လုပ်တဲ့ သူ အတွက် ရော ပိုကောင်းပါတယ်။
          • Filter နှစ်မျိုးစလုံး က စစ်ထား တင်နေတဲ့ အမှိုက်တွေ ကို ပြန်ထုတ်ပစ်ဘို့ အတွက် Back wash လုပ်ရပါတယ်။ Sand Filter မှ သဲ ပြန်ဖြည့်ရလောက်အောင် ဆုံးရှုံး မှု မရှိပေမဲ့ DE ကတော့ အတိုင်းအတာ တစ်ခု အထိ ဆုံးရှုံးတာမို့ အပါတ်စဉ် ပြန်ဖြည့် (သို့) DE makeup ထားပေးရပါတယ်။ DE က ပေါင်ဒါလို အမှုန့် ဖြစ်တာမို့ သူ့ကို ဖြည့်တဲ့ အခါ ရှုသွင်းမိရင် အဆုတ် ကို ဒုက္ခ ပေးနိုင်ပါတယ်။ Cancer ဖြစ်စေနိုင် တယ် လို့ ဆိုပါတယ်။ နောက် မျက်စေ့ နဲ့ အသား ယားယံတာ၊ လောင်တာ တွေ ဖြစ်နိုင်ပါတယ်။ ရေရှည် ထိတွေ့ဘို့ မသင့်တော်တဲ့ ဓါတုပစ္စည်း တစ်ခုပါ။ ပါးစပ်ထဲ ဝင်လို့ မျိုချ မိရင်တော့ ဒုက္ခ မပေးဘူးလို့ ဆိုကြပါတယ်။ DE ကို ဓာတ်စာ လုပ်ရောင်းနေတာ တောင် ရှိပါတယ်။ Backwash လုပ်တဲ့ရေထဲမှာ DE ပါရင် Environment Control အရ လက်မခံ တဲ့ ဒေသ တွေ လည်းရှိတတ်ပါတယ်။
          • အရွယ်အစား အရတော့ Capacity တူရင် သိပ်မကွာ လှပေမဲ့ Sand Filter က အနည်းငယ် ပိုကြီး လေ့ရှိပါတယ်။
          • တည်ဆောက်ပုံ အသေးစိတ် နဲ့ အလုပ်လုပ်ပုံ ကို အောက်မှာ ပေးထားတဲ့ weblinks တွေထဲက supplier web site တွေ မှာ သွားရောက်လေ့လာ နိုင်ပါတယ်။
          • အောက်မှာ Sand Filter တည်ဆောက်ပုံ နဲ့ DE Filter တည်ဆောက်ပုံ နမူနာ တွေ ကို ဖော်ပြထားပါတယ်။

          • Sand Filter တည်ဆောက်ပုံ

            Ref NoDescriptionQty. Req'd.
            1Multiport Valve1
            2Pressure Gauge1
            3Valve/Tank O-Ring1
            4Flange Clamp (Valve-Tank)1
            5Sand Shield1
            6Lateral Assembly W/Pipe1
            7Filter Tank (SM1700T)1
            8Lateral-One Piece / Screw on10
            9a/9bDrain Cap Assy (1 5/16” Dia)1
            10System Mounting Base 11
            111 ½” Elbow Adapter 11
            121 ½” Straight Hose Adapter 11
            13Hose1
            14Hose Clamp2
            155/16” X 3/4” Mounting Screw Kit2
            16Pump1
            17a /b3' or 6' Cord Set1

            • ဒီ နမူနာ မှာ Pump ပါ တွဲရက် ပါဝင်နေ ပေမဲ့ Pump တွဲရက် မပါ တဲ့ (သီးခြား) Filter တွေ ကို လည်း သုံးနိုင်ပါတယ်။
            • Sand Filter မှာ ပုံမှန်အားဖြင့် သဲထု က အနည်းဆုံး နှစ်ပေ နဲ့ Freeboard (နေရာလွတ်) တစ်ပေ လောက်လိုအပ်ပါတယ်။ Freeboard လိုအပ်ရတာ က Backwash လုပ်တဲ့ အခါ အမှိုက်တွေ ကို မွှေပြီး လျှံထုတ်ရမှာ မို့ သဲတွေ ရောပါသွားပြီး ဆုံးရှုံး မသွားစေဘို့ ဖြစ်ပါတယ်။



          • D.E Filter တည်ဆောက်ပုံ


            Ref NoDescriptionQty. Req'd.
            1Manual Air Relief w/O-ring1
            2Manual Air Relief Assembly1
            3Pressure Gauge1
            4O-Ring Kit2
            5Manual Air Relief Nut 
            6Upper Filter Body 
            7Label Pack 
            8Clamp System including:
            Clamp, Clamp nut and Bolt, Hang tag,
            Metal Reinforced Seal and Labels
             
            9Clamp Bolt and Nut 
            10Label Pack* 
            11Metal Reinforced Seal 
            12Retainer Nut 5/16”-18 
            13Washer2
            14Top Collector Manifold 
            15Retainer Rod 
            16Flex Air Relief Assembly 
            17Outlet Elbow O-ring 
            18Outlet Elbow 
            19Filter Element Cluster
            Assembly (Complete set of elements,
            collectors, Locators, Manifold, ect.
             
            20Filter Element7
            21Filter Element Short1
            22Inlet Diffuser 
            23Element Spacer 
            24Filter Element Locator 
            25Bulkhead O-Ring2
            26Bulkhead Fitting2
            27Lower Filter Body 
            28Label Pack* 
            29Drain Plug w/ O-Ring 
            30Strap Kit (Optional)
            2 straps, 2 Screws
             
            31O-Ring (2 Req.)2
            32Variable Flow Valve (Optional) 
            33Slide Valve 2” SKT (Optional) 



        3. Water Treatments Systems
          • အဓိက က တော့ ရေကို ပိုးသတ်ပေးဘို့ ပါ။ သုံးလေ့ရှိတာ က တော့ ကလိုရင်း (Chlorine) ထည့်ပေးတာပါ။
          • Water Treatment System ထဲ လှည့်နေတဲ့ ရေထဲ မှာ တင်သတ်တာ မဟုတ်ပဲ ရေကန် ထဲမှာ ပါ အဆက်မပြတ် ဝင်လာတဲ့ ပိုးတွေ ကို သတ်ပေးနိုင်ဘို့ အသင့် ဖြစ်နေဘို့ အတွက် လိုအပ်တဲ့ Residual Chlorine အမြဲကျန်နေအောင် လည်း အပိုထည့်ပေးရပါတယ်။ Residual Chlorine ကို သင့်တော်တဲ့ မနည်းလွန်း မများလွန်း အခြေအနေ ရအောင် ထည့်ပေးရပါမယ်။ [ ဒီ Limits တွေ ကို လည်း EHS codes တွေ မှာ သတ်မှတ် ပြဌာန်း ထားတတ်ပါတယ်။ ဥပမာ စင်္ကာပူ နိုင်ငံ NEA Regulations အရ 1mg/ L ထက် မနည်းရ 3mg/L ထက် မများရ။ Ref APPENDIX 6: Water Quality Standards For Swimming Pool, Code Of Practice On Environmental Health 2005 with Addendum 1,2 &3, 2009 Jan ]
          • Chlorine ထည့်ပေးတဲ့ စနစ် အမျိုးမျိုးရှိပါတယ်။ ဆေးပြား (Tablet) လိုထည့်ပေးနိုင်တဲ့ Tablet Chlorinator အသေးစား၊ Chemical Tank နဲ့ Pump သုံးပြီး ထည့်ပေးတဲ့ စနစ် အပြင် အိမ်သုံးဆား (NaCl ) ကနေ ကလိုရင်း ထုတ် ထည့်ပေးတဲ့ စနစ်တွေ စသည်ဖြင့် ပါ။ Chemical အနေနဲ့ Calcium hypochlorite Ca(ClO)2 ကို လည်း အသုံးများပါတယ်။
          • နောက်တစ်ခု က တော့ PH Level ထိန်းထားဘို့ ပါ။ ဒါကလည်း Residual (Free) Chlorine ရဲ့ ဓာတ်ပြုမှု Activity တွေနဲ့ သက်ဆိုင်ပါတယ်။ နောက် လူတွေ ခံနိုင်တဲ့ ဝန်းကျင်လည်း ဖြစ်ဘို့ လိုပါတယ်။ Alkaline ဘက်နည်းနည်းရောက် နေ ဘို့ (7.2 < pH < 8 ) လိုအပ်ပါတယ်။ [ ဒီ Limits တွေ ကို လည်း EHS codes တွေ မှာ သတ်မှတ် ပြဌာန်း ထားတတ်ပါတယ်။ ဥပမာ စင်္ကာပူ နိုင်ငံ NEA Regulations အရ -pH 7.2 to 7.8 အတွင်း ထားရန်။ Ref APPENDIX 6: Water Quality Standards For Swimming Pool, Code Of Practice On Environmental Health 2005 with Addendum 1,2 &3, 2009 Jan]
          • အခြားလိုအပ်တာကတော့ Algae (ရေညှိ) ကိုထိန်းဘို့၊ Scale (ရေချိုးကပ်တာ) ကိုထိန်းဘို့ နဲ့ လိုအပ်တဲ့ အရည်အသွေး Water Quality ရအောင် ထိန်းနိုင်အောင် လိုအပ်တဲ့ Chemical Treatment တွေပါ။ ကလိုရင်း ကို ထိန်းဘို့ နဲ့ လိုအပ်ရင် အခြားပိုးသတ် Chemical အချို့ လည်း ထည့်သုံးဘို့ လိုကောင်း လိုအပ်နိုင် ပါသေးတယ်။ ဒါတွေ ကတော့ သင့်တော်တဲ့ Specialist ရဲ့ ကျွမ်းကျင်မှု ကို ယူရပါလိမ့်မယ်။



        4. Water Balancing (Gutters + Balancing/Surge Tank System (or) Skimmers Systems)
          • ရေတွေ ကို သေချာ Treatment လုပ်ထားပြီးသား ရေကြည်တွေ မို့ အလဟဿ ဆုံးရှုံးမှု မဖြစ်ဘို့ လိုအပ်ပါတယ်။ ရေတွေ အပြင် ကို လျှံထွက်ကျ မသွားဘို့ လိုအပ်ပါတယ်။
          • Archimedes ရဲ့ နိယာမ မှာ ဆိုထား သလို ပဲ ရေကူးတဲ့သူ တွေ ကန်ထဲဆင်းရင် ရေမျက်နှာပြင် က မြင့်တက် ရပါတယ်။ အထူးသဖြင့် ရေကန် အကြီးစား တွေ မှာ ရေကို မဆုံးရှုံးစေပဲ ရေမျက်နှာပြင် ကို ထိန်းထားချင် ကြပါတယ်။ ဒီလိုထားနိုင် ဘို့ အတွက် Balancing (Surge) Capacity ဆိုတာ ကို စဉ်းစားရပါတယ်။ Balancing လိုအပ်ချက် က သုံးမဲ့ Water Circulation System Configuration ပေါ်မှာ မူတည်ပါတယ်။
          • Balancing စဉ်းစားတဲ့ အခါ ရွေးစရာ စနစ် နှစ်ခု ရှိပါတယ်။ Balancing Tank (Surge Tank) ပါတာနဲ့ မပါတာပါ။ မပါတဲ့ စနစ် မှာ Skimmer Boxes တွေ ပါလေ့ရှိပါတယ်။
            1. Balancing Tanks (with Scum Gutter etc.)
            2. Skimmer System

          • ပထမ တစ်ခု က ရေမျက်နှာပြင် ကို အမြဲ ထိန်းထား ချင်ရင် Scum Gutter Overflow နဲ့ Balancing Tank (Surge Tank) ကို သုံးရပါတယ်။ ဒီစနစ် က ကန်အရွယ်အစား မရွေးသုံးနိုင်ပါတယ်။

          • ရေမျက်နှာပြင် အနည်းငယ် အတက် အကျ ဖြစ်တာ (၃ - ၄ လက်မ ခန့်) ကို လက်ခံ နိုင်ရင် တော့ ဒုတိယ အမျိုးအစား Skimmer System ကို သုံးနိုင်ပါတယ်။ (ရေမျက်နှာပြင် အတက်အကျ ရှိတာမို့ ကန်ဘေး မှာ ရေရာတော့ ထင် နေနိုင်ပါတယ်။) Skimmer လို့ခေါ်ရတာ က ရေအပေါ်ယံ ကို ပဲ ဆွဲယူအောင် လုပ်ထားတဲ့ Weir ပါတဲ့ Skimmer Box ရဲ့ ဒီဇိုင်းကြောင့်ပါ။ Pollutants တွေ က ရေမျက်နှာပြင် မှာ ပိုများပါတယ်။ Skimmer ကို သုံးခြင်းအားဖြင့် ဒီ Pollutant တွေ ကို Treatment System ထဲဖြတ်ပြီး သန့်စင်ပေးတာ ပါ။ ဒီ Skimmer စနစ် ကို အိမ်သုံး ကန်အသေးစား တွေ မှာပဲ သုံးသင့်ပါတယ်။





          • Balancing Tank Capacity (Required Surge Capacity) ကိုတွက်ချက်တဲ့အခါ ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေ ကတော့
            • ရေကူးမဲ့သူ အရည်အတွက် နဲ့ ပျမ်းမျှ အရွယ်အစား (avg 65L for Aseans, 85L for US)
            • ရေလှိုင်းထု (assumed 20-25mm)
            • ရေလှည့်ပေးမဲ့ စနစ်အတွက် အရံ Allowance for Pumping System and System Recirculation Delay



        5. Water Supply Make-up and Overflow Fittings
          • အကြောင်းအမျိုးမျိုး ကြောင့် လျော့သွားတဲ့ ရေတွေ ကို ပြန်ဖြည့်ပေး ဘို့အတွက် Water Supply Make-up Fittings တွေ လိုအပ်ပါတယ်။
          • Sand Filter / DE filter တွေ Backwash (ရေ ပြောင်းပြန် စီးပေးပြီး အနည်တွေ ထွက်သွားအောင် Filters တွေ ကို ဆေးပေးခြင်း။) လုပ်တဲ့ အခါ စစ်ပြီးသား ရေကူးကန် အတွက် ရေ Filtered Treated Water ကို သုံးရပါတယ်။ ဒါ့အပြင် အငွေ့ပျံ လို့ ဆုံးရှုံးတာ၊ လူတွေနဲ့ ကပ်ပါသွားလို့ ဆုံးရှုံးတာ၊ ကန်ရေလျှံလို့ ဆုံးရှုံးတာ၊ စသည်ဖြင့် ရေ ဆုံးရှုံးမှု တွေ ရှိပါတယ်။ ဒါတွေကို Make-up (ပြန်ဖြည့်ပေး) ဘို့ အတွက် အလိုအလျောက် ဖြည့်ပေးမဲ့ Water Supply Fittings တွေ ထည့်ပေးရပါတယ်။ Balancing Tank (Surge Tank) ပါတယ် ဆိုရင်တော့ ရေမှတ် Low Level တစ်ခု သတ်မှတ်ပြီး ဖြည့်ပေးနိုင်ပါတယ်။ ရေကူးကန် ထဲ တိုက်ရိုက် ဖြည့်ပေးနိုင်တဲ့ Fittings တွေလည်းရှိပါတယ်။
          • ဒီလို Backwash လုပ်တာ က လည်း တစ်ပါတ်တစ်ခါ လောက် အနည်းဆုံး လုပ်ရလေ့ရှိတာ မို့ ရေကန်ထဲ ကရေတွေ ကို တစ်ဖြေးဖြေးချင်း အသစ်လဲ ပေးရလည်း ရောက်ပါတယ်။ ဒါကြောင့် ရေကူးကန် တစ်ခုလုံး ကို ဖောက်ထုတ် ရေလဲ ဘို့ ပုံမှန် အားဖြင့် မလိုအပ်တော့တာ ဖြစ်ပါတယ်။
          • Save Environment, Conserve Water ! တစ်ခု သတိထားရမှာ က ရေတွေ အပို လျှံထွက် ဆုံးရှုံး မသွားရအောင် ဘယ်လောက်ဖြည့်ရမလဲ တွက်ချက် ချိန်ဆ ထား ဘို့ပါဘဲ။
          • Water Treatment System ထဲမှာ အကြောင်းအမျိုးမျိုး ကြောင့် လိုအပ်တာထက် ပိုနေတဲ့ရေတွေ ကို လျှံထွက်စေ ဘို့အတွက် Overflow Fittings တွေ လိုအပ်ပါတယ်။ ဥပမာ။ ။
            • Balancing Tank (Surge Tank)ပါတဲ့ စနစ်မှာ Balancing Tank (Surge Tank) ရဲ့ Overflow အမှတ်ကျော်လာရင်၊
            • Balancing Tank (Surge Tank) မပါတဲ့ စနစ်မှာ ရေကန်ရဲ့ Overflow အမှတ်ကျော်လာရင်
            ပိုနေတဲ့ ရေတွေ ကို Drainage System ထဲ လျှံကျ ထုတ်ပစ် ရပါတယ်။
          • ဖြစ်နိုင်ခြေ တွေကတော့။
            • Balancing (Surge) Capacity ကို စနစ်တကျ ဒီဇိုင်းလုပ်မထားတာ။ (Treated Water သန့်စင်ပြီးသား ရေကို အလဟဿ ဆုံးရှုံး စေသည်။ )
            • မိုးရွာလို့ မိုးရေဝင် လို့ တိုးလာတာ
            • ဒီဇိုင်းလုပ်ထားတာ ထက် ပိုတဲ့ လူတွေ ဝင်လာတာ (ဒါကတော့ ဖြစ်ခဲပါတယ်။)



        6. Pipe & Fittings (Water Inlet Nozzles, Pipings, Valves, Strainers, Main Drains, Channel Grating, Skimmers, Vacuum Inlet, etc.)
          • Pool Water Treatment System အတွက် Pipe & Fittings တွေ လိုအပ်ပါတယ်။
            • Water Inlet Nozzles (ကန်ထဲကို ရေထည့်ပေးဘို့ ရေဝင်ပေါက်)
            • Pipings & Fittings (ရေပိုက် နှင့် ပိုက်ဆက်များ )
            • Pumps Fittings (Strainers, Valves, Check Valves, Flexible Connectors, etc.)
            • ကန်ထဲကရေတွေ ကို Treatment System ထဲကို စီးပေးမဲ့ Main Drains, Channel Grating, Skimmers, etc.

          • Pool Maintenance လုပ်တဲ့အခါ နံရံတွေ နဲ့ အောက်ခြေ တွေ က အမှိုက်၊ အမှုန် အမွှား တွေ ကို စုတ်ယူ သန့်ရှင်း ပေး ဘို့ Vacuum Fittings တွေလည်း ပါဝင် ပါတယ်။ Vacuum Fittings ဆိုတာက လည်း တကယ်တော့ Filter ကို ပြန်သယ်သွားမဲ့ ရေလိုင်း ပဲ ဖြစ်ပါတယ်။

        7. Back Wash Holding Tank (or) Backwash Absorption Pits
          • Filter Backwash လုပ်တဲ့အခါ စွန့်ထုတ်ရမဲ့ ရေရဲ့ အား က Pump Capacity ရှိသလောက် ဆိုတော့ ရေအားများတတ်တာမို့ Drainage Line က နိုင်ချင်မှ နိုင်ပါမယ်။ ဒါကြောင့် Drainage အတွက် Buffer လုပ်ဘို့ Back Wash Holding Tank (or) Backwash Absorption Pits လိုအပ် လေ့ရှိပါတယ်။ သူ့ရဲ့ အရွယ်အစား ကို တော့ Backwash Operation လိုအပ်ချက် အရ Pump Capacity (Flowrate) x 10 minutes လောက် ထားရလေ့ ရှိပါတယ်။


        8. Underwater Lights (Low Voltage)
          • ညဘက်လို ကန်ရေထဲမှာ သဘာဝ အလင်းရောင် လုံလုံလောက်လောက် မရနိုင်တဲ့ အခါ ရေကူးနိုင်ဘို့ ရေအောက်မှာ မီးထွန်းပေး မဲ့ Underwater Light တွေကို သုံးရပါတယ်။ လျှပ်စစ် အန္တရာယ် မဖြစ်စေဘို့ အတွက် ဗို့အားနိမ့်နိမ့် (အများအားဖြင့် 24V ) ကိုသုံးရပါတယ်။ ရေထဲမှာ သုံးလို့ရအောင် ရေလုံ Water Seal တွေပါပါတယ်။ တကယ်လို့ မတော်တဆ ရေစိမ့်ဝင် ခဲ့ရင်တောင် မှ အလုပ်လုပ် နိုင်ပါလိမ့်အုံးမယ်။
          • အရွယ်အစား၊ ပုံစံ နဲ့ wattage တွေကိုတော့ Architect နဲ့ညှိနှိုင်းပြီး ရွေးချယ်ရပါမယ်။ Special Lighting Effect လိုအပ်ရင်တော့ Lighting Specialist နဲ့ တိုင်ပင်ကောင်း တိုင်ပင် ရနိုင်ပါတယ်။ သူ့အတွက် လိုအပ်တဲ့ နေရာ ကိုလည်း ကန်ဆောက်တဲ့ အခါ ထည့်သွင်း စဉ်းစားထားရမှာ ဖြစ်ပါတယ်။
          • Conduit တွေဆင်တဲ့အခါ မှာတော့ မတော်တဆ ရေဝင်ခဲ့ရင် Conduit တစ်လျှောက် စီးထွက် မသွားစေနိုင် ဘို့ သတိထား ရပါမယ်။
          • မီးလုံး အများစု အတွက် အောက်ခံ ခွက် ကို ကွန်ကရိလောင်းထဲ က တစ်ပါတည်း ထည့်သွင့် တပ်ဆင်ပေးဘို့ လိုအပ်လေ့ရှိပါတယ်။ နောက်မှ လိုက်ထည့်ဘို့ မလွယ်ကူပါ။ မီးလုံး ကျွမ်းသွားရင် လည်း ရေဖောက်မထုတ်ပဲ လဲလှယ်နိုင်ဘို့ လိုအပ်ပါတယ်။ လိုအပ်မဲ့ ဝါယာကြိုး အရှည်ကို တွက်ပြီး ခွေထည့်ထားပေးရလေ့ရှိပါတယ်။
            http://cdn.lesliespool.com/wpdf/jandywatercolors_install.pdf

        9. Pool Heaters
          • နေရာဒေသ ရာသီဥတု ကိုလိုက်လို့ ဖြစ်ဖြစ်၊ သုံးစွဲသူ အကြိုက် ပဲ ဖြစ်ဖြစ် Pool Heating (Heat Pumps, Electric, Gas, etc.) တွေ လည်း ပါဝင် နိုင်ပါတယ်။ ASPE (American Society of Plumbing Engineers) Data book အရ ထားသင့်တဲ့ ကန်ထဲ က ရေအပူချိန် Design Temperature တွေ ကတော့
            • Minimum Acceptable = 75°F (24°C)
            • Competitive Swimming and Diving = 78-82°F (25.6-27.5°C)
            • Commercial (Club, Motel, Apartment): 82-90°F (27.8-32.2°C)
            • Residential: 75-85°F (24-26.7°C)
          • Heat Pump တွေ ကို သုံးဘို့ အခွင့်အရေး ရရင်တော့ Energy Efficient ပိုဖြစ်နိုင်ပါတယ်။ DX Air-Con သုံးတဲ့ အိမ်အချို့မှာ Outdoor Unit Compressor အထွက် ကနေ Heat ကို ယူသုံးတာ လည်း တွေ့ဘူးပါတယ်။
          • Energy Conservative ဖြစ်တဲ့ State of California မှာ ဆိုရင်တော့ သတ်မှတ်ထားတဲ့ Energy Efficiency Standard နဲ့ သက်ဆိုင်တဲ့ regulations တွေ ကို လည်း လိုက်နာရပါမယ်။
          • ဒူဘိုင်း လို Energy ဖြုန်းနိုင်တဲ့ နိုင်ငံမှာ တော့ Outdoor Pool ကို အအေးခံ ဘို့ အတွက် Chilled Water ကို Heat Exchanger ခံပြီး ပေးတာ တွေ့ဘူးပါတယ်။

        10. Electrical Control Panel
          • Water Pumps နဲ့ Underwater Lights တွေ အတွက် Electrical Control Panels တွေ လိုအပ် ပါတယ်။
            • Electrical Safety မတော်တဆ ဖြစ်မှုတွေ ကို ကာကွယ်ဘို့ အတွက် RCCB
            • Pool Circulation အတွက် Timer
            • Underwater Lights တွေ အတွက် Step-down transformer
            • Treatment Plant အတွက် Ventilation Fans



      2. MEP Equipments' Capacity Calculations

        1. Circulation Pump Capacity Calculation
          • Pump Water Flowrate
            Pool Turnover Rate နဲ့ Pool Water Volume ကနေ Pump Flow rate ကိုတွက်ယူရပါမယ်။
            Pump Flowrate= ( Pool Water Volume / Turn over period ) + Safety Factor(say 20%)
            တွက်ချက်တဲ့ အခါ မှာ Unit ကိုတော့ သေသေချာချာ သတိထား ရပါမယ်။

          • Pool Water Volume
            • Pool Water Volume ရှာတယ်ဆိုတာ ကတော့ ရေကန်ထဲ မှာ ရှိမဲ့ ရေထုထည် ပမာဏ ကို ရိုးရိုး Volume တွက်တာပါပဲ။ Rectangle ပုံဆိုရင် အလျား x အနံ x ပျမ်းမျှ အနက် နဲ့ မြှောက်ရင် ထုထည်ရမယ်။ Retangular မဟုတ်ရင်လည်း ကန်ကို ပျမ်းမျှ Rectangle အပိုင်းလေးတွေ ပိုင်းတွက် လို့လည်း ရပါတယ်။ AutoCAD နဲ့ဆိုရင်တော့ Area (ဧရိယာ) ကို ဆွဲတဲ့ပုံ အတိုင်း တိတိကျကျ တိုင်းပေးနိုင်ပါတယ်။
            • Safety Factor က အမြဲထည့်စဉ်းစား မှာမို့ လက်ခံနိုင်တဲ့ အနီးစပ်ဆုံး ရရင် အဆင်ပြေပါပြီ။ ဒဿမ ဂဏန်း နဲ့ အတိအကျ (အချိန် အပိုအကုန်ခံပြီး) လိုက်တွက်နေဘို့ မလိုအပ်ပါဘူး။ ဒါကြောင့် US gal နဲ့တွက်တဲ့ အခါ 7.5 gal / ft3 နဲ့တွက်တာ ဖြစ်ပါတယ်။
            • Depth က တူရင်တော့ Area x Depth Depth မတူရင် ဘယ်နည်း နဲ့ Average Depth အနီးစပ် ဆုံးရအောင် စဉ်းစားမလဲ တွက်ချက် ရမှာဖြစ်ပါတယ်။

            • http://www.waterwarehouse.com/ ကပေးထားတဲ့ နမူနာ အလွယ် တွက်နည်း ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

            • ဒါကို SI Units မှာပြောင်းကြည့်မယ် ဆိုရင်။
              GeometryCapacity Total (m³)
              Rectangular Pool:Length (m) X Width (m) X Average Depth (m)
              Oval Pool:Long Diameter (m) X Short Diameter (m) X Average Depth (m) X 0.785
              X 0.785
              Circular Pool:Diameter(m) X Diameter(m) X Average Depth(m) X 0.785
              X 0.785
              Pump Flowrate တွက်တဲ့ အခါ Litres ပြောင်းဘို့ လိုအပ်နိုင်ပါတယ်။ 1 m³ မှာ 1,000 Litres ရှိပါတယ်။


          • Pump Head
            • Pump Head ကို တွက်တဲ့အခါ မှာ တော့ Static Head နဲ့ Pipe & Fitting Losses တွေ ကိုစဉ်းစားပေးရပါမယ်။ စဉ်းစားတဲ့ အခါ Filter ဟောင်းလာလို့ ပိုလာမဲ့ Pressure Loss ကိုပါ ထည့်သွင်း စဉ်းစားပေးရပါမယ်။
            • California Energy Commission - 2008 Building Energy Efficiency Standards မှာ တော့ ဒီလို ပေးထားပါတယ်။
                       H = C x F²
              • H is the total system head in feet of water.
              • F is the flow rate in gallons per minute (gpm).
              • C is a coefficient based on the volume of the pool:
                1. 0.0167 for pools less than or equal to 17,000gallons.
                2. 0.0082 for pools greater than 17,000gallons.



        2. Filter Capacity Calculation
          • Filter Area ကို Regulation အချို့မှာ ဒီလို ကန့်သတ်ထားပါတယ်။
            Filter factors (gpm/ft²):
            CA Title 24: 2008Fulton County
            Cartridge0.3750.375
            Sand1514 to 16
            Diatomaceous Earth21
            သတိပြုရန်။ ။ Unit က (gpm/ft²) ပါ။ SI Unit အတွက် 1 gpm/ft²= 40.74 lpm/m² ဖြစ်ပါတယ်။
            Manufacturer's Recommendation ကတော့ ဒီ့ထက် အနည်းငယ် ပိုနိုင်ပါတယ်။
          • ဒီဇယားအရ Filter Area တွေ ကို ယှဉ် ကြည့်ရင် ကတော့ DE Sand Filter ထက် ဧရိယာ ၇ ဆခွဲ ကနေ ၁၅ ဆ လောက် ထိ ပိုလို ပါတယ်။
          • ဒါပေမဲ့ တည်ဆောက်ပုံ အရ ပြန်ကြည့်ရင် အရွယ် တူရင် DE Filter ရဲ့ Area က Sand Filter ထက် ၁၀ ဆ ကနေ ကနေ ၁၅ ဆ မက ပိုရှိနိုင် ပါတယ်။
          • ဒါကြောင့် Capacity တူရင် အရွယ်အစား အရ တော့ သိပ်မကွာ လှပေမဲ့ Sand Filter က အနည်းငယ် ပိုကြီး လေ့ရှိပါတယ်။
          • Sand Filter အတွက် ကတော့ ဒီလို တွက်လို့ရတဲ့ ဧရိယာ က Cylinder ရဲ့ စက်ဝိုင်း ဧရိယာ ဖြစ်ပြီး Filter Diameter ကို A = π d² / 4 ကနေ ခပ်လွယ်လွယ် ပြန်ရှာနိုင်ပါတယ်။ အခြား Filter တွေ အတွက် ကတော့ Manufacturer's Technical Data ကို မှီငြမ်းရပါမယ်။


        3. Balancing (Surge) Capacity Calculation
          1. Bather Load
            • ဒါကို သိဘို့ အတွက် ရေကူးမဲ့သူ အရည်အတွက် နဲ့ ပျမ်းမျှ အရွယ်အစား ကို သိထားဘို့ လိုအပ်ပါတယ်။ ပျမ်းမျှ အားဖြင့် (avg 65L for Aseans, 85L for US) ပါ။ အရေအတွက် ကို တွက်တဲ့ အခါ မှာ Bathing Load Density လို့ခေါ်တဲ့ သတ်မှတ်ချက် ကို သိဘို့ လိုအပ်ပြန်ပါတယ်။ Bathing Load Density က နေရာဒေသ အလိုက် Regulation သတ်မှတ်ချက် ရှိနိုင်ပါတယ်။ အကြမ်းခန့်မှန်း ဘို့ အတွက် ကို အောက်က ဇယားမှာ ပေးထားပါတယ်။
              Water DepthBather Load (m² / person)
              Shallow Water (under 1m deep)2.2 (23.7 square feet)
              Standing Water (1 - 1.5 m deep)2.7 (29 square feet)
              Deep Water (over 1.5 m deep)4.0 (43 square feet)
              Very Deep Water (over 2 m deep)4.0 OR Maximum DESIGN Bather load (whichever is less)
              Ref: The Swimming Pool Operators and Owners Resources Pages, UK [http://www.caromal.co.uk/Resource Page 1.HTM]
              ကိုယ်သုံးမဲ့ ဒေသ ရဲ့ Regulation သတ်မှတ်ချက် နဲ့ နှိုင်းယှဉ်ကြည့်ဘို့ မမေ့ပါနဲ့။ Private Pool အတွက် ဆိုရင်တော့ အေးအေးဆေးဆေး ကူးဘို့ ပဲ ရည်ရွယ်တာ မို့ ဒီလောက် လူဦးရေ စိတ်ဘို့ လိုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုင်ရှင်ရဲ့ လိုအပ်ချက် ပေါ်ကြည့်ပြီး လူဦးရေ ကို သင့်တော်သလို လျှော့ချ နိုင်ပါတယ်။

          2. Wave Volume ရေလှိုင်းထု
            • Pool Area နဲ့ ရေလှိုင်းထု ကို မြှောက်ရင် Wave Volume ကိုရပါတယ်။ ရေလှိုင်းထု ကို 20 ကနေ 25mm လောက် Assume လုပ်ပါ။

          3. Allowance for Pumping System and System Recirculation Delay (ရေလှည့်ပေးမဲ့ စနစ်အတွက် အရံ)
            • Balancing Tank (Surge Tank) သုံးရတဲ့ နေရာတွေ မှာ Pump ကရေလှည့် ပေးတာ နဲ့ ကန်ထဲက ရေလျှံ ပြီး ပြန်ကျ လာမဲ့ အချိန် အတွင်း အချိန် အနည်းငယ် လိုပါတယ်။ ဒီအတွက် Pump တစ်မိနစ် စာ လောက် အရံ ချန်ထားသင့်ပါတယ်။
            • ဒါ့အပြင် Pump တွေ က လည်း ရေနည်းရင် Vortex ပေါ်ပြီး လေကို ပါစုတ်သွင်း တဲ့ အခါ Cavitation ဖြစ်နိုင်တာမို့ ဒီလို မဖြစ်အောင် အနိမ့်ဆုံး ထားထားရမဲ့ Water Level တစ်ခု ရှိပါတယ်။ ဒါကို တော့ Balancing Tank (Surge Tank) ဒီဇိုင်းလုပ်တဲ့ အခါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

          4. Balancing (Surge) Capacity တွက်ထုတ်ပုံ နမူနာ ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
            Assumptions
            Bather Volume, v0 = 0.06 m³/person ( 60 L / person )
            Water Wave Height , h = 0.025 m (25mm)
            Sr.Pool IDPool SizeBathing LoadBalancing Water Volume
            AreaDepthVolume( m²/
            person)
            PersonsBathersWaveTotal
            (m²)(m)(m³)(m³)(m³)(m³)
            ADV =
            AxD
            L*N=
            A/L)
            v1=
            Nxv0
            v2=
            Axh
            v3=
            v1+v2
            1Public Pool3001.44202.71126.77.514.2
            2Private Pool 1401.1445.080.511.5
            3Children (Wading) Pool300.412---0.750.75
            • ရေကူးသူ ဦးရေ Bather Load *N ကို တော့ integer (ကိန်းပြည့်) ထားဘို့ အတွက် round up လုပ်ပေးရပါမယ်။
            • Children (Wadding) Pool ဆိုတာကတော့ ကလေးတွေ ကူးဘို့ ထက် ရေတိမ်တိမ် မှာ ဆော့ဘို့ ပါ။ အများအားဖြင့် ၁၈ လက်မ (450mm) ထက် ပိုမနက် ရပါဘူး။ သူ့မှာ ကလေးတွေ ဆင်းဆော့တဲ့ အတွက် Bather Volume အနည်းငယ် ရှိမှာဖြစ်ပေမဲ့ Wave Volume နဲ့တင် လုံလောက်ပါလိမ့်မယ်။ သူ့အတွက် Turn Over ကတော့ မြန်ဘို့ လိုအပ်ပါတယ်။ ( ၁ နာရီ - ၂ နာရီ)

          5. Balancing Tank (Surge Tank) ကို ဒီဇိုင်းလုပ်တဲ့ အခါ သိဘို့ လိုအပ်တဲ့ အချက်တွေ ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
            DimensionDescriptionValue
            AClearance Below Pump Suction Fitting75-100 mm
            BMinimum Water Level to avoid Cavitation300 mm (or) Pump Requirements
            CPool Balancing Active HeightCalculate from Balancing Volume
            DMake-up Range100 mm (and) < C
            EClearance Below Strainer Busket> 50 mm
            FClearance Below Overflow Pipe25 mm
            GWater Inlet above Top of Overflow Pipe25 mm
            • Pool Balancing Active Height (C) ကို ဒီလို တွက်ယူ နိုင်ပါတယ်။
                Pool Balancing Active Height (C) = Balancing Volume / Balancing Tank Area
            • Make-up Range D ကတော့ မလိုအပ်ပဲ ရေပို မဖြည့်ရလေအောင် ထိန်းဘို့ပါ။ ရေကို အလေအလွင့် ပိုနည်းစေဘို့ အတွက် ဖြစ်နိုင်ရင် Make Up Range (D) ကို Active Height (C) အတွင်းမှာ မထားပဲ သီးသန့် ထည့်သွင်းစဉ်းစား ပေးသင့် ပါတယ်။
            • Make-up Fitting အဝင်ရဲ့ အထက် မှာလည်း FreeBoard Space အနည်းငယ် ရှိဘို့ လိုအပ်ပါတယ်။


          6. Balancing for Skimmer Systems
            • ဒီ စနစ်မှာ အရေးကြီးတာ က Make-up နဲ့ Overflow Level နှစ်ခု ကို သေချာ ရွေးချယ်တတ်ဘို့ ပါ။
            • စဉ်းစားတဲ့ အခါ Bather Load နဲ့ Wave Volume အတွက် ရယ်။ Flap Weir / Floating Weir အလုပ်လုပ် မဲ့ အခြေအနေ ကို ထည့်သွင်း စဉ်းစားပေးရပါမယ်။ ပြီးရင် TWL (Top Water Level) အထက် ကို Overflow Level လို့ သတ်မှတ်၊ LWL (Low Water Level) ရဲ့အောက် ဆို Make-up လို့ သတ်မှတ်ရပါမယ်။

            • Free Board Height = T.W.L – L.W.L C ကို လိုချင်ရင် တွက်ရမှာ ကတော့
              Free Board Height = Balancing Volume / Pool Area

            • တစ်ခါတစ်ရံ ကန်ရေမျက်နှာပြင် က Floating Weir အောက်နိမ့်သွား နိုင်လို့ Skimmer ထဲ ရေမဝင် နိုင်တဲ့ အခြေအနေ မျိုးဖြစ်လာရင် ကန်ထဲက နေ Skimmer အောက်ခြေ ကို Balancing Pipe တစ်ချောင်း သွယ်ပေးရနိုင်ပါတယ်။



        4. Pipe Sizing
          • Regulation အရ သတ်မှတ်ချက် မရှိရင် ပိုက်အရွယ်အစား ရွေးချယ်တဲ့ နည်းကတော့ Domestic Water Supply နဲ့ Sanitary Drainage တွေမှာ ရွေးတဲ့ အတိုင်း ရွေးချယ်နိုင်ပါတယ်။
          • ပိုက်အရွယ်အစား ရွေးချယ်နိုင်ဘို့ Fulton County ကတော့ Maximum Flow velocity ကို ဒီလို သတ်မှတ် ထားပါတယ်။
            1. Pressure piping : < 10 fps
            2. Vacuum lines : < 5 fps

          • California Energy Commission - 2008 Building Energy Efficiency Standards မှာ တော့ ဒီလို ပေးထားပါတယ်။
            1. Return line : < 8 fps
            2. Suction line : < 6 fps

          • ဒီ Standard ကို အခြေခံ ထားတဲ့ 2008 Residential Compliance Manual မှာတော့ ပိုက်အရွယ်အစား ကို တစ်ခါထဲ သတ်မှတ်ပေးထားပါတယ်။
            Table 5-3 – 6-Hour Turnover Pipe Sizing
            Pool Volume (gallons)Minimum Pipe Diameter (in)
            MinMaxReturnSuction
            -13,0001.51.5
            13,0001,70001.52
            17,00021,00022
            21,00030,00022.5
            30,00042,0002.53
            42,00048,00033
            48,00065,00033.5

          • Gravity / Gradient Flow Line တွေ ကို တော့ Manning Equation နဲ့ ဖြစ်ဖြစ် Gradient Flow Chart တွေနဲ့ ပဲဖြစ်ဖြစ် Size လုပ်နိုင်ပါတယ်။



    6. Other Pools & Fish Ponds
      1. Pools for Water Sports: အိုလံပစ် ရေကူးကန် များ။
        • Swimming Competition, Diving, Water Polo, Synchronized Swimming အစ ရှိတဲ့ အားကစား တွေ အတွက် သုံးတဲ့ Swimming Pool ပါ။ တင်းကျပ်တဲ့ Rules တွေ နဲ့ အတိုင်းအတာ Tolerances သတ်မှတ်ချက်တွေ ရှိပါတယ်။
        • အိုလံပစ် အားကစား တွေ အတွက် သုံးမဲ့ Pool တွေ အတွက် စံ တွေ ကို သတ်မှတ် ပေးထားတဲ့ အဖွဲ့အစည်း ကတော့ Fédération Internationale de Natation (FINA) ပါ။ (Fédération Internationale de Natation (FINA) is the International Federation (IF) recognized by the International Olympic Committee (IOC) for administering international competition in the aquatic sports (its name translated from French is "International Swimming Federation").
        • ဒီ သတ်မှတ်ချက် တွေ ကို fina.org web site မှာ FINA Facilities Rules ဆိုပြီး တင်ပေးထားပါတယ်။
          FINA Facilities Rules [http://www.fina.org/project/index.php?option=com_content&task=view&id=51&Itemid=119]
        • အလုပ်တစ်ခု မှာ လိုအပ်ချက် အရ ဒီလို Swimming Pool မျိုးကို ဒီဇိုင်း လုပ်တဲ့ Specialist နဲ့ အခြေခံ ဒီဇိုင်း တွဲလုပ်ဘို့ အခွင့်အရေး ရခဲ့ ဘူးပါတယ်။ သူ့ရဲ့ Idea ကို ပြန်မျှပေးလိုက်ပါတယ်။
        • Competition Pool နဲ့ Diving Pool ကို အရှည်လိုက် တွဲပါတယ်။
        • Specialist ဒီဇိုင်း လုပ်တာ ကတော့
          1. Turn Over = 4 hr
          2. Water Inlet Bottom Inlet, Slowly
          3. Balancing Tank (Surge Tank) at One Edge of the Pool : No Scum Gutter Required, Direct to the Balancing Tank
            သူ့ရဲ့ Balancing Tank (Surge Tank) ထားတဲ့ ပုံရဲ့ အကြောင်းရင်း ကတော့ ရေက မျက်နှာပြင် ညီအောင် သူ့ဖာသာ အလိုလို ညှိပါတယ်။ ပိုတဲ့ ရေက ဘယ်ဘက်က ဖြစ်ဖြစ် လျှံကျမှာ ပါပဲ။ (မှတ်ချက်။ ။ Public Pool မှာ တော့ Regulation အရ ဒီအချက် အကျုံးဝင်ချင်မှ ဝင်ပါမယ်။)သူပြောခဲ့တာ က "This is the beauty of water. "။
        • ဒါ့အပြင် ကစားနည်းကို လိုက်ပြီး ရေအနက် ကို ညှိနိုင်ဘို့ Pool အောက်ခြေ ကို လိုသလို နှိမ့်လို့ မြှင့်လို့ ရအောင် လုပ်တာ။ ရေအောက် ကင်မရာ တတ်ဆင်ဘို့ စတာတွေ ကို လည်း စဉ်းစားပေး ရပါတယ်။
        • Water Treatment ကို လည်း တင်းကျပ်တဲ့ သတ်မှတ်ချက် တွေ နဲ့ ထိန်းပေးဘို့ လိုအပ်ပါတယ်။ Specialist မှီငြမ်းတဲ့ Standard ကတော့ The Pool Water Treatment Advisory Group (PWTAG) ရဲ့ Treatment and quality standards for pools and spas ဖြစ်ပါတယ်။
          PWTAG Website [ http://www.pwtag.org/home.html ]
        • အသေးစိတ် ဒီဇိုင်း လုပ်ဘို့ အခွင့်အရေး တော့ မရလိုက်ပါဘူး။


      2. Swimming Pool vs Fish ponds
        • နောက်တစ်ခု သိထားသင့်တာ ကတော့ ရွှေငါးကန် နဲ့ Swimming Pool လုံးဝ မတူဘူး ဆိုတာပါ။ ငါးတွေ ကို မွေးတဲ့ အခါ ငါးတွေရဲ့ အညစ်အကြေး မှာ ပါတဲ့ အထူးသဖြင့် နိုက်ထရိုတ် ဓာတ်ပေါင်း တွေ ကို ဖြေပေးဘို့ Biological Filter တွေ လိုအပ်ပါတယ်။ ငါး အမျိုးအစား ကို လိုက်ပြီး ရေရဲ့ Quality ကို ထိန်းပေးဘို့ လည်း လိုအပ်ပါတယ်။ ငါးတွေ နဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင်၊ Aquatic Plants ရေပေါ်ရေအောက် အပင် တွေ ရှင်သန်ဘို့ အတွက် လည်း စဉ်းစားရပါမယ်။
        • Swimming Pool ရေထဲမှာ ပါတဲ့ Chlorine ကတော့ ငါးတွေ အတွက် အဆိပ်ပါပဲ။ အသုံးများတဲ့ Biological Filter တွေကလည်း ငါးတွေရဲ့ အညစ်အကြေး တွေ မှာ ပါတဲ့ အမိုးနီးယား နဲ့ nitrites တွေကို nitrate တွေအဖြစ် ပြောင်းပေးနိုင်မဲ့ Bacteria တွေကို ထည့်သွင်း အသုံးချ လေ့ရှိပါတယ်။ Chlorine က သူတို့အတွက် လည်း ရန်သူ ဖြစ်ပါတယ်။
        • ဒါကြောင့် Swimming Pool နဲ့ ငါးအလှမွေး ကန် အတွက် Treatment System ကို ပေါင်းလို့ မဖြစ်နိုင် ပါဘူး။
        • ရေကူးကန် နဲ့ ငါးအလှကန် ကို ယှဉ်ရဲ့ ထားထားတဲ့ Project တစ်ခု မှာ ရေကူးကန် ကို Service လုပ်ရင်း ရေကူးကန်ထဲက ရေတွေ ငါးကန် ထဲ နည်းနည်းဝင်သွားတာ နဲ့ ငါးတွေ လျှော ကုန် လို့ ကန်ထရိုက်တာ အကြီးအကျယ် လျော်လိုက်ရတယ့် သတင်းတစ်ခု ကြားဘူးပါတယ်။ ဒီ (Koi Fish လို ရွှေငါးတွေ က အင်မတန် ဈေးကြီးနိုင် ပါတယ်။)


      3. Other Pools and Some Notes
        • Water Fountains, Water Fall, Water Features and Display စတာ တွေ ကပ်ပါလာပြီ ဆိုရင် အဲဒီမှာ လိုချင်တဲ့ Display Pattern ကို ရဘို့ အတွက် Pump Capacity ကို သတ်သတ်တွက်ယူရမှာ ဖြစ်ပါတယ်။ အများအားဖြင့် Water Treatment အတွက် လိုအပ်တဲ့ Circulation Pumps တွေ နဲ့ မလုံလောက် ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ Display Pattern ရနိုင်မဲ့ Pump Set တွေ ကို သီးသန့် ဆင်ပေးဘို့ လိုအပ်ပါတယ်။ သီးခြားစီ ထားခြင်းအားဖြင့် Control လုပ်လို့ ပိုကောင်းပါတယ်။
        • Spa Pools: Spa Jet တွေ ပါခဲ့ရင် လည်း ဖြစ်နိုင်ရင် သီးသန့် Pumps တွေ တပ်ဆင် ထားပေးသင့် ပါတယ်။
        • Leisure Pool လို့ခေါ်တဲ့ အပျော်ဆော့ ကန် တွေမှာ လှိုင်းလုံးတွေ ကို ဖန်တီးပေးတာက တော့ BAS (Building Automation Systems) နဲ့ ထိန်းထားတဲ့ Automatic Controlled Blower တွေပါ။ သူ့ရဲ့ သဘောတရား က လည်း Wave Travels but Water does not. Water Only Moves Up and Down. ဖြစ်ပါတယ်။
        • ရေစပ် ကနေ လျှောစောက် ပြေပြေ နဲ့ ရေတိမ်ကနေ ရေနက်ကို တစ်ဖြေးဖြေးချင်း နိမ့်ဆင်းသွားတဲ့ ရေကန်တွေ ကိုတော့ Zero Entry Pool လို့ခေါ်လေ့ ရှိပါတယ်။

      • ဒီလောက်ဆိုရင် စာဖတ်သူ ဆက်လက်လေ့လာ ဘို့ အတိုင်းအတာ တစ်ခု အထိ ရောက်ပြီ လို့ မျှော်လင့် ပါတယ်။ ကိုယ်ပိုင် ရေကူးကန် ရဲ့ ပုံ ကို Online ဆွဲပြီး စိတ်ကူးယဉ် နိုင်ဘို့ Link တစ်ခု ကို အောက်မှာ ပေးထားပါတယ်။
        My Dream Pool by Hayward Pool Products [ http://www.mydreampool.com/ ]

      • အခြားအဆင့် တွေ အတွက် Checklist တွေ ကို အောက်မှာ ဆက်ပေးထားပါတယ်။ ကြုံရင် တော့ ထပ်ဖြည့် ပေးပါမယ်။ အခုတော့ ဒီလောက်နဲ့ တင် နားခွင့်ပြုပါ။


    7. Construction
      1. Coordination with Architects & Structural Engineers
      2. Aesthetic (Architectural Appeal)
      3. Spaces for MEP Systems, Equipment Logistic Routes
      4. Ventilation for Filtration Plant
      5. Water Pressure vs Structure (similar to water tanks)
      6. Before Concreting: Installation of Pipe Spools, Box-ups for Pool Fixtures and Lighting, Electrical Conduits, etc.
      7. Water Proofing Installations to prevent water leaks ( water proofing membrane, double slabs, puddle flanges, etc.)


    8. Pool Maintenance
      1. Cleaning / Vacuum
      2. Filter Backwash
      3. Water Quality Check
      4. System Check
      5. Pool Winterizing [ http://www.poolandspa.com/page107.htm ]


    9. Natatoriums - HVAC
      1. Evaporation Rate Calculation
      2. Environment Control and Humidity Removal


    10. References

      Web-Links
      1. Code & Regulations
        1. National Swimming Pool Foundation, USA: Code Links [ http://www.nspf.org/Codes_Links.html ]
        2. NEA Singapore - Code Of Practice On Environmental Health 2005 with Addendum 1,2 & 3 Chapter 7 Swimming Pool, 2009 Jan
          [ http://app2.nea.gov.sg/cop_copeh_sp.aspx ]

        3. NEA Singapore - Swimming Pool License
          [ http://app2.nea.gov.sg/onlinesvcs_swimmingpool.aspx ]

        4. NEA Singapore - Swimming Pool License Renewal Application
          [ http://app2.nea.gov.sg/NEADownload.aspx?res_sid=20081202770387696494 ]

        5. USA, Georgia Counties: Codes Lists
          [ http://waterworldinc.net/CodeSection/CountyList.htm ]

        6. USA : Georgia Counties: Fulton County Codes
          [ http://www.fultoncountyga.gov/environmental-health/3697-fulton-county-code-of-ordinances-and-code-resolutions ]

        7. USA : California Energy Commission - Resource Library [ http://www.title24learning.com/page.php?pg=resourselibrary.php ]
        8. Western Australia : Code of Practice for the Design, Construction, Operation, Management and Maintenance of Aquatic Facilities (October 2009) pdf download
          [ http://www.public.health.wa.gov.au/cproot/1893/2/CODE OF PRACTICE-AQUATIC FACILITIES 2009.pdf ]

        9. Western Australia : Code of Practice for the Design, Construction, Operation, Management and Maintenance of Aquatic Facilities (October 2009) Online
          [ http://www.public.health.wa.gov.au/3/914/2/code_of_practice.pm ]



      2. Reference Standards
        1. Olympic Standards : Fédération Internationale de Natation (FINA)
          [ http://www.fina.org/project/index.php?option=com_content&task=view&id=51&Itemid=119 ]

        2. Anthropometrics: (United States Swimming)
          [ http://www.usaswimming.org/USASWeb/DesktopDefault.aspx?TabId=234&Alias=rainbow&Lang=en ]

        3. PWTAG : Treatment and quality standards for pools and spas
          [ http://www.pwtag.org/home.html ]

        4. USA : California Energy Commission - 2008 Building Energy Efficiency Standards
          [ http://www.energy.ca.gov/2008publications/CEC-400-2008-001/CEC-400-2008-001-CMF.PDF ]



      3. Online Articles
        1. Swimming Pool Fundamentals.html [ http://www.watermaid.ca/swimming-pool-fundamentals.html ]
        2. USA : Georgia Counties: Fulton County Codes (Good Reference)
          [ http://www.fultoncountyga.gov/environmental-health/3697-fulton-county-code-of-ordinances-and-code-resolutions ]

        3. Wiki Swimming_pool [ http://en.wikipedia.org/wiki/Swimming_pool ]
        4. Pool Operations [ http://www.jazziepools.com/services/poolops.asp ]
        5. Swimming Pool Sanitation Article
          [ http://www.pressreleasepoint.com/swimming-pool-sanitation-make-your-swimming-pool-clean-and-safe-health ]

        6. Pool Care Guide: from Doheny’s Water Warehouse
          [ http://www.waterwarehouse.com/swimming-pool-care-guide.aspx ]

        7. The Swimming Pool Operators and Owners Resources Pages, UK
          [ http://www.caromal.co.uk/Resource Page 1.HTM ]



      4. Pool Fittings Manufacturers / Suppliers
        1. Pentair Water Pool and Spa [ http://www.pentairpool.com/ ]
        2. Hayward Pool Product [ http://www.haywardnet.com/ ]
        3. Hayward : Pools Fittings Owner's Manual Download
          [ http://www.haywardnet.com/inground/products/manuals.cfm ]


        4. Hydrotech (uae) [ http://www.hydrotechuae.com/ ]




    Read More... [ အကျယ် ဖတ်ရန်... ]