Wednesday, April 29, 2009

Water Tanks ( ရေလှောင်ကန် များ )

  • အဆောက်အအုံ တိုင်းလိုလို မှာ သောက်ရေ၊ သုံးရေ က လိုအပ်ချက် အမျိုးမျိုး ရှိပါတယ်။ သောက်ဘို့၊ ချိုးဘို့၊ ဆေးကြောဘို့၊ အစားအစာ စီမံ ချက်ပြုတ်ဘို့၊ အပင်တွေရေလောင်း ဘို့၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတွက်၊ အရေးပေါ် မီးငြိမ်းသတ် နိုင်ဘို့၊ ကုန်ပစ္စည်း ထုတ်လုပ်ဘို့ တွေ အပြင် အခြားသုံးစွဲစရာ အကြောင်းတွေ အများကြီး ရှိပါတယ်။
  • ဒါကြောင့် Storage Water Cistern (Bulk Water Storage Tank) လို့ခေါ်တဲ့ အဆောက်အအုံ သုံး ရေလှောင်ကန် တွေ က မပါမဖြစ် ပါဝင်လာရပါတယ်။ ဒီလို ရေကန်၊ ရေစည် တွေ ကို သုံးခဲ့တာ ကလည်း ရှေးပဝေသဏီ၊ လူတွေရဲ့ ယဉ်ကျေးမှု စတင်ခဲ့ တဲ့ အချိန် က စတင် ခဲ့တာပါ။ ဒီစာ ထဲမှာတော့ အဆောက်အဦ တွေ အတွက် သုံးမဲ့ ရေလှောင်ကန် တွေ အကြောင်း ကို မိတ်ဆက်ပေးသွားမှာပါ။

Download: W023_R0 Water Tanks.pdf
https://www.dropbox.com/s/v3qp6f151q5z56s/W023_R01%20Water%20Tanks.pdf?dl=0

  1. Basic Design Consideration
    • ရေပေးဝေ တဲ့ စနစ် ရဲ့ reliability (မှီခိုအားထားနိုင်မှု) နဲ့ ကိုယ့် အဆောက်အအုံ ရဲ့ အသုံးပေါ် မူတည်ပြီး ရေမပြတ် ရလေအောင် (အမြဲတန်း လိုအပ်တဲ့ ရေ အဆင်သင့် ရနိုင်အောင်)၊ လိုအပ်တဲ့ ရေ ပမာဏ ကို သိုလှောင်မှုလည်း လိုအပ်လေ့ ရှိပါတယ်။
    • အဆောက်အအုံ တွေမှာ ရေကို သိုလှောင် ရခြင်း အကြောင်းရင်းတွေ ကတော့
      1. ရေဝေတဲ့ ဌာန က ပေးတဲ့ ရေမလာတဲ့ အခါ၊ လိုအပ်ချက် ကိုဖြည့်နိုင်အောင်။
      2. Reduce Maximum Rate of Demand : ရေဖြန့်ဝေတဲ့ ဘက်ကနေ ကြည့်မယ် ဆိုရင် လည်း ဗြုန်းကနဲ တအားဆွဲသုံး မဲ့ အစား တဖြည်းဖြည်း ချင်းဖြည့်ပေး ခြင်းအားဖြင့် ရေပေးတဲ့ မိန်းပိုက် Water-Mains တွေအတွက် Maximum Rate of Demand ကိုလျှော့ချ ပေးနိုင်ဘို့ပါ။ Water Supply Company တွေ က လည်း ရေမီတာ တွေ ကို တတ်ဆင်ပေးတဲ့ အခါ Maximum Demand အပေါ် ကို အခြေခံ လေ့ မရှိပဲ တစ်နေ့ပျမ်းမျှ အသုံးအား ပေါ်မှာပဲ အခြေခံ တွက်ချက်ပြီး တတ်ဆင် ပေးလေ့ရှိပါတယ်။ Maximum Demand လိုအပ်ချက် ရဲ့ တစ်စိတ်တစ်ပိုင်း ကို Storage Tank က နေ ဖြည့်ဆီးပေး ရပါတယ်။
      3. Fire Protection (မီးသတ်ဘို့ အတွက်) ဆိုရင် လည်း အရေးပေါ်အခြေအနေ အတွက် လိုအပ်မဲ့ ရေ အမြဲ အဆင်သင့် ဖြစ်နေအောင် သိုလှောင် ထားရပါတယ်။

    • ရေလှောင်မဲ့ Water Tanks အပြင်က ရေညစ်ပတ် တွေစိမ့်မဝင် အောင်၊ အထဲက ရေတွေ စိမ့်မထွက်နိုင်အောင် watertight ဖြစ်နေဘို့ လိုအပ်ပါတယ်။ ဒါ့အပြင် တိုက်စား၊ပွန်းစား၊ (သံ) ချေးတက်၊ စတဲ့ Corrosion ဒါဏ်တွေ ကို လည်း ခံနိုင်ရည် ရှိတဲ့ material တွေကိုသုံးပြီး တည်ဆောက် ရပါတယ်။ ဒီ materials တွေ က ရေရဲ့ quality ကို မထိခိုက်စေဘို့ လိုပါတယ်။ အရသာ နဲ့ အနံ့ ကိုသာမက ရေရဲ့ PH Level နဲ့ အခြား ဓာတ်ပြုမှုတွေ ကိုပါ မဖြစ်စေဘို့ လိုအပ်ပါတယ်။ ရေညှိ၊ ဘက်တီးရီးယား နဲ့ အခြား အနုဇီဝ ပိုးမွှားတွေ ပေါက်ပွားတာ ကို အားပေးနိုင် တဲ့ materials တွေ လည်း မဖြစ်ရပါဘူး။ ခဲဆိပ် မသင့်စေဘို့ အတွက် ခဲ (Lead) လုံးဝ မသုံးရပါဘူး။
      ( မြန်မာပြည်မှာတော့ သံဖြူဆရာတွေ သွပ်ရေပုံး၊ ရေကန် လုပ်ဘို့ ခဲသုံးနေဆဲ ဖြစ်တာ ကို စိတ်မကောင်းစရာ တွေ့နေ ရဆဲပါ။ )
    • ဒါကြောင့် water tank/container ကိုဒီဇိုင်းလုပ်တဲ့ အခါ ရေကို မထိခိုက် မညစ်ညမ်းစေရအောင် ဂရုစိုက်ရပါမယ်။ ဘက်တီးရီးယား နဲ့ ပိုးမွှားတွေ၊ ရေညှိရေမှော်တွေ၊ pH အပြောင်းအလဲ၊ minerals (သတ္တုဓာတ်) တွေ စုလာတာ အစ ရှိတဲ့ ပတ်ဝန်းကျင်ရဲ့ negative influences (ပယောဂ) တွေ ကြောင့် သိုလှောင်ထားတဲ့ ရေတွေကို ညစ်ညမ်းသွားစေ နိုင် ပါတယ်။ မှန်မှန်ကန်ကန် စနစ်တကျ ဒီဇိုင်း လုပ်ထားမယ် ဆိုရင် ဒီ negative effects တွေ ကို လျော့ပါးစေ နိုင်ပါတယ်။
    • သောက်သုံးရေ ကို ညစ်ညမ်းစေနိုင်တာ ကို ကာကွယ်ဘို့ အတွက် မလိုအပ်တဲ့ unauthorized access ကနေ လုံခြုံအောင် ကာကွယ် ပေးရပါမယ်။ အပြင်လူ အလွယ်တကူ မဝင်ရောက် နိုင်ဘို့ အတားအဆီး ထား ပေးရပါမယ်။ Contamination နဲ့ pollution လို့ခေါ်တဲ့ ရေကို ညစ်ညမ်းစေမှု အမျိုးမျိုး မဖြစ်အောင် လည်း ကာကွယ်ပေးရပါမယ်။
    • အဆောက်အအုံ တွေ မှာ အသုံးများတဲ့ materials တွေ ကတော့
      1. ကွန်ကရစ်၊ ကျောက်တုံး concrete, stone,
      2. ပလတ်စတစ် တွေဖြစ်ကြ တဲ့ plastics [ polyethylene (PE), polypropylene (PP)],
      3. ဖန်မျှင် တွေနဲ့ အားဖြည့်ထားတဲ့ fiberglass, [ FRP/GRP (Glass-fiber Reinforced Polyester) ]
      4. သံမဏိ steel (welded or bolted, carbon or stainless) တွေဖြစ်ကြပါတယ်။
    • မြေကြီးကို တူးပြီး ရေလှောင်ထားတဲ့ ကန်တွေ ကို လည်း tanks လို့ ခေါ်နိုင်ပါတယ်။ ( မြန်မာပြည် က မြစ်ဝကွန်းပေါ် ရေငံဒေသတွေ မှာ တစ်နှစ်စာ အတွက် မိုးရေလှောင် ဘို့ တွေ့ရလေ့ရှိတဲ့ သောက်ရေကန် မျိုး ကိုခေါ်တာ လို့ ထင်ပါတယ်။။ ) သစ်သားနဲ့ လုပ်တဲ့ စည်တွေ လည်း အချို့နိုင်ငံ (မလေးရှား၊ စကာင်္ပူ မပါ။) တွေ မှာသုံးတာတွေ့ရပါတယ်။
    • အဆောက်အအုံ တွေ မှာ အသုံးများတာ က FRP (GRP) Tanks, Steel Tanks နဲ့ RC Tanks တွေ ပါ။
    • စကာင်္ပူ မှာတော့ သောက်သုံးရေ လို့ သတ်မှတ် လိုက်တာ နဲ့ ကွန်ကရိ ကန်တွေ မသုံးတော့ပါဘူး။ PUB Approved Water Storage Tanks Materials တွေ ကတော့
      1. Fiberglass Integral Water Storage Tank
      2. FRP / GRP Sectional Water Storage Tank
      3. Stainless Steel Sectional Water Storage Tank ( Minimum Grade 316 )
    • သောက်သုံးရေ အတွက် မဟုတ်တဲ့ မီးသတ်ရေ ( Fire Water Tanks & Process Water Tanks) တွေ မှာတော့ Pressed Steel / Reinforced Concrete with Approved Epoxy Coating လို အခြားလက်ခံ နိုင်တဲ့ Materials သတ်မှတ်ချက်တွေ ရှိပါတယ်။ (ဒီနေရာ မှာ Water Proofing အပြင်ဘက်မှာ ကောင်းကောင်းလုပ်ထားပြီး၊ ထုထူထူ နဲ့ မြေအောက် Process Water ရေလှောင်ကန် က Epoxy Coating တွေ ဖောင်းလာ၊ ကွာကျ လာတဲ့ အတွေ့အကြုံ တစ်ခုလည်း ရှိခဲ့ဘူးပါတယ်။)
    • မလေးရှားနိုင်ငံ မှာတော့ သောက်ရေ သိုလှောင်မဲ့ RC Concrete tank တွေ မှာ PE lining ပါထည့်ပေး ရလေ့ရှိပါတယ်။ FRP ဆိုရင် တော့ အရည်အသွေး ကောင်းကြောင်း ထုတ်လုပ်သူ က အာမခံ ထောက်ခံချက် ပေးရနိုင်ပါတယ်။
    • အမြင့်ကို တင်ထားတဲ့ ရေကန် (ရေစင်) တွေ ကိုတော့ Elevated Water Tanks (သို့) water towers လို့ခေါ်လေ့ရှိသလို High Level Cistern လို့လည်းခေါ်တတ်ပါတယ်။ လိုအပ်တဲ့ ဖိအား pressure ရနိုင်တဲ့ အမြင့် မှာတင်ထား ခဲ့မယ် ဆိုရင် pressure boosting လုပ်ဘို့ မလိုအပ်ပဲ တန်းသုံးနိုင်ပါတယ်။ ဒီလို high level cistern ကနေထုတ်ယူ သုံးစွဲ တာ ကို Gravity Feed လို့ ခေါ်လေ့ရှိပါတယ်။ ဥပမာ အားဖြင့် သုံးစွဲမဲ့ နေရာအထက် 70 feet (21 m) အမြင့်မှာ တင်ထားတဲ့ water tank တစ်ခု က နေ gravity feed နဲ့ပေးခဲ့ မယ်ဆိုရင် static pressure 30 psig (~ 2.1 barg) လောက်ရပါလိမ့်မယ်။ ဒါက အိမ်သုံး domestic plumbing appliances အတော်များများ အတွက် လုံလောက်တဲ့ pressure ပါ။
    • Water tank application အတွက် လိုအပ်တဲ့ အချက်အလက် တွေ က material ရွေးတာတင် မကပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ အချက်အချို့လည်း လိုအပ်လေ့ ရှိတတ်ပါတယ်။
      1. Water tank ထားမဲ့နေရာ။ (indoors, outdoors, above ground or underground)
      2. သိုလှောင်ရမဲ့ ရေထုထည် ပမာဏ (Volume of water tank will need to hold)
      3. ဒီထဲက ရေကို ဘာအတွက် အသုံးပြုမှာလဲ။
      4. ပတ်ဝန်းကျင် အပူချိန်။ ရေခဲနိုင်မဲ့ နေရာ ဆို Insulation (သို့) Heat Tracing / Heating Systems တွေ လိုလာမယ်။ နေရောင် တိုက်ရိုက်ထိ လို့ ကြွတ်နေအောင် ပူလာနိုင်မဲ့ နေရာဆို ထပ်ဆင့် အမိုး လိုကောင်း လိုမယ်။
      5. ရေဖိအား Pressure requirements
      6. ရေကို ဘယ်လိုသွင်းယူမှာလဲ။ ( Automatic Control Valve, Sensor operated valves, pumps, etc.)
      7. ဘယ်လို ထုတ်ပေးမှာလဲ။ (Gravity, Via Pump, etc.)
      8. မုန်တိုင်း၊ လေပြင်းဒါဏ်၊ ငလျင်ဒါဏ် ခံနိုင်ရည် ရှိဘို့ လိုအပ်တဲ့ နေရာတွေ အတွက်လား။ ဒါဆိုရင် Wind and Earthquake design considerations ထည့်သွင်း ပေးရ ပါမယ်။

    • Maintenance လုပ်ဘို့ အတွက် Commercial / Industrial Water Stroage Tanks တွေ မှာ Compartments ခွဲပေးရလေ့ရှိပါတယ်။ တစ်ခြမ်းကို ပိတ်ပြီး Maintenance လုပ်လို့ ရတာ မို့ ရေကတော့ ရနေမယ် ဆိုတဲ့ သဘောပါ။ စကာင်္ပူ မှာ တော့ 5,000 L (5m³) ထက်ပိုရင် အခန်း နှစ်ခန်း ခွဲပေးရပါတယ်။
    • FRP နဲ့ GRP က Glass-fiber Reinforced Polyester တစ်ခုထဲ ကိုပဲ အတိုကောက် ခေါ်တဲ့ အမည် ကွဲ တွေပါ။ ဒီ material မှာ အထူးသတိ ထားရမဲ့ အချက် ကတော့ လိုအပ်ချက် ကို ဖြည့်ဆီးပေးနိုင်တဲ့ material quality ပါပဲ။ Manufacturer တစ်ခုထည်း မှာတောင် မှ ဒီဇိုင်း ကို လိုက်ပြီး quality က ကွာခြားနိုင်ပါတယ်။ ဒါကြောင့် Sekisui Tank က ဘယ်လို ဆိုထားလဲ ဆိုရင်.
          "All Water Tanks Are NOT Created Equally !"
    • နာမည် ရှိတဲ့ Sekisui လို FRP Tanks Manufacturer အများစု က လူတွေ လက်ခံနိုင်တဲ့ material quality ကိုပေးနိုင် ပေမဲ့ အချို့ Manufacturer က ပြီးစလွယ် ထုတ်တဲ့ Poor Quality Tank တွေ က ခနလေးနဲ့ ပျက်စီးတာ၊ ရေရဲ့ Quality ကို ထိခိုက်စေတာ မို့ မလေးရှား နိုင်ငံ KL တစ်ဝိုက် ကို ရေဖြန့်ဖြူးပေးတဲ့ SYABAS က 2005-2006 ဝန်းကျင်လောက် မှာ FRP Tank တွေကို သုံးစွဲ ခွင့် (ယာယီ) ပိတ်ခဲ့ပါတယ်။ အဲဒီနောက် ထုတ်လုပ်သူတွေ က ၁၀နှစ် အနည်းဆုံး အာမခံ ကြောင်း 10 Years Warranty ပါ တင်ပြ မှပဲ ပြန်လက်ခံမယ် လို့ ဆိုခဲ့ပါတယ်။


    ... Back to Top [Table of Contents]....
  2. Components of a Water Tank
    • အတန်အသင့် ကြီးမားတဲ့ ရေကန် တစ်ခုမှာ ပါဝင်ရလေ့ တဲ့ components အစိတ်အပိုင်း တွေ ကို အောက်ကပုံ မှာဖော်ပြထားပါတယ်။
    • Water Tank တစ်ခု မှာ ပါဝင်ရမဲ့ အဓိက အစိတ်အပိုင်း တွေ ကတော့
      1. Water Inlet (ရေဝင်ပေါက်)
      2. Water Outlet (ရေထွက်ပေါက်)
      3. Overflow (ရေလျှံ ပေါက်)
      4. Drain (ရေဖောက်ထုတ် ပေါက်)
      5. Vent (လေဝင်၊ လေထွက်)
      6. Access Manhole (Hatch) ( အဖုံး (သို့) လူဝင်ပေါက်)

        အခြား လိုအပ်နိုင်တာ တွေ ကတော့။
      7. Warning (အသိပေးပိုက်)
      8. Cat Ladders လှေခါး (အတွင်း၊ အပြင်၊)
      9. Level Indicators (ရေမှတ်)
      10. Partitions
      11. Balancing Pipe (if partitioned / compartmented)
      12. Level Sensors / Electrodes
      13. Sampling Pipes

    • ဒီ Components တွေ ကို စဉ်းစားတဲ့ အခါ အသုံးပြုမဲ့ လိုအပ်ချက် နဲ့ တွဲ စဉ်းစားပေးရပါတယ်။ ဥပမာ။
      1. Water Inlet မှာ Ball Float Valve ပါဝင်ခဲ့မယ် ဆိုရင် သူ့ကို maintenance လုပ်ဘို့ လိုအပ်ပါတယ်။ ဒီအခါ မှာ ရေကို မထိခိုက်စေပဲ လွယ်လွယ် ကူကူ maintenance လုပ်နိုင်ဘို့ Manhole က Inlet နဲ့ ကပ်လျက် adjacent panel ဖြစ်ဘို့ လိုပါတယ်။
      2. Manhole နဲ့ Internal Cat Ladder ကို တည့်တည့် ရှိနေမှ အောက်ကို ဆင်းလို့ လွယ်ကူပါမယ်။
      3. Manhole ကို ဖွင့်ထားတဲ့ အခါ Cad Ladder (သို့) သွားမဲ့ လမ်းကြောင်း ကို ပိတ်ပစ်သလို မဖြစ်သွား အောင် ဖွင့်မဲ့ ဘက်ကို လည်း စဉ်းစားရပါမယ်။
      4. Manhole ထားဘို့ အသင့်တော်ဆုံး Panel ကတော့ Corner ပါ။
      5. ရေတွေ stagnant သိပ်မဖြစ်ပဲ ညီညီမျှမျှ စီးသွားနိုင်ဘို့ Inlet နဲ့ Outlet နှစ်ခု Diagonally Opposite ဖြစ်ဘို့ လိုအပ်ပါတယ်။
      6. Vent Opening က အမြင့်ဆုံးမှာ ရှိရမယ်။ ဒါမှ ရေအတွက်အကျ ဖြစ်တဲ့ အခါ လေကို အသွင်းအထုတ် လုပ်နိုင်မှာ ဖြစ်ပြီး Harmful gas accumulation ကိုလည်း ကာကွယ်နိုင်မယ်။
      7. Drain/ Scour က အနိမ့်ဆုံး မှာရှိရမယ်။ ဒါမှ ရေ အားလုံး ကုန်အောင် ဖောက်ထုတ်နိုင်မယ်။
      စသည်ဖြင့်.... ပေါ့။


    ... Back to Top [Table of Contents]....
  3. Level of Components (လိုအပ်တဲ့ အစိတ်အပိုင်း တွေရဲ့ အမြင့် သတ်မှတ် နေရာချထားခြင်း။)

    • ရေကန် တစ်ခုရဲ့ လိုအပ်တဲ့ အစိတ်အပိုင်း တွေရဲ့ အမြင့်တွေ ကို သတ်မှတ်နိုင်ဘို့ လိုအပ်တဲ့ အစီအစဉ် ကို အောက်မှာ ဖော်ပြထားပါတယ်။

      1. INLET LEVEL: ကန်ထဲ ကို ရေဝင် လာမဲ့ အပေါက်ရဲ့ အောက်ခြေအမှတ် ကို ခေါ်တာပါ။ Float Valve ဆိုရင်တော့ သူ့ရဲ့ ထွက်ပေါက်ရဲ့ အနိမ့်ဆုံး အမှတ် ကိုခေါ်ရပါလိမ့်မယ်။
      2. OVERFLOW LEVEL: အဓိက ကတော့ ကန်ထဲကရေ နဲ့ အဝင်ပိုက် က ရေ၊ တိုက်ရိုက် မထိရအောင် ကာကွယ်ပေးဘို့ အတွက် ရေလျှံကျစေဘို့ပါ။ အရွယ်အစား အားဖြင့် အဝင်ပိုက်ထက် အနည်းဆုံး One Size-up ကနေ 50% လောက်ထိ ပိုကြီးထား ပေးရပါတယ်။ (အဝင် က Pressure များရင် များသလောက် အားကောင်းနိုင်ပေမဲ့ အထွက် က gravity flow မို့ အရွယ်တူရင် ဝင်သလောက် လျှံထွက်နိုင်မှာ မဟုတ်ပါဘူး။) အမြင့်ဆုံး အမှတ် က Inlet Level ထက်နိမ့်ရမှာ ဖြစ်ပြီး warning pipe ထက် ၂ လက်မ (50mm) လောက် မြှင့်ထားပေးရပါတယ်။
      3. WARNING LEVEL: ရေလျှံကျတော့ မဲ့ အကြောင်း အသိပေးနိုင်ဘို့ ပါ။ အချိန်မီ အဝင် ကို ပိတ်ပေးရင် ရေ မဆုံးရှုံး ရဘူးပေါ့။ ရေကန်အကြီးတွေ မှာ ထည့်ပေးရလေ့ ရှိပါတယ်။ ရေကန်ငယ် တွေ မှာ တော့ Overflow pipe က warning pipe ပါပဲ။ ပုံမှန်အားဖြင့် လိုအပ်တဲ့ Top water level ထက် ၁ လက်မ (25mm) လောက် မြှင့်ထားပေးရပါတယ်။
        U P C မှာတော့ ဝင်လာတဲ့ ရေရဲ့ Flowrate ကိုမူတည် ပြီး Overflow Pipe Sizes တွေ ကို အခုလို သတ်မှတ် ပေးထားပါတယ်။
        Maximum Capacity of Water Supply Line to Tank (gpm)Diameter of Overflow Pipe (inches)
        0 - 502
        50 - 150
        150 - 2003
        200 - 4004
        400 - 7005
        700 - 1,0006
        Over 1,0008
        For SI: 1 inch = 25.4 mm, 1 gallon per minute = 3.785 L/m.

      4. T.W.L (TOP WATER LEVEL): အမြင့်ဆုံး ထိန်းသိမ်းသိုလှောင် ဘို့ လိုအပ်တဲ့ ရေမှတ်ပါ။ အရံသိုလှောင် ရတဲ့ Fire Protection Storage Tanks တွေမှာဆို သူ့ကို ပုံမှန်ရေမှတ် NORMAL WATER LEVEL လို့ခေါ်ပါတယ်။ ဒီရေမှတ် ရောက်ရင် ရေအဝင် ကိုပိတ်ပေး ရပါမယ်။ ဝင်လာမဲ့ ရေကို မလျှံကျခင် အလိုအလျောက် ပိတ်ပေးနိုင်ဘို့ Float-operated valve (or) adjustable valve (or) pilot operated valve (သို့) အခြားသင့်တော်တဲ့ နည်းလမ်း တစ်ခုခု ကိုသုံးပေးရပါမယ်။ လွယ်လွယ်ကူကူ ပြင်ဆင် လဲလှယ် နိုင်တဲ့ ပစ္စည်း ဖြစ်ဘို့လည်း လိုအပ်ပါတယ်။
      5. L.W.L (LOW WATER LEVEL): ရေကန် က အနိမ့်ဆုံး ထိန်းသိမ်းသိုလှောင် ဘို့ လိုအပ်တဲ့ ရေမှတ်ပါ။ Pump Suction မဟုတ်တဲ့ gravity outlet ရှိတဲ့ water tank အတွက် ကတော့ Outlet Level ကို ခေါ်ပါတယ်။ Pump Suction အတွက်ဆိုရင် တော့ Pump ကလက်ခံနိုင်တဲ့ အမြင့် ကို ခေါ်ပါတယ်။
      6. OUTLET LEVEL: ရေထွက်ပေါက် ရဲ့ အောက်ခြေမှတ် ဖြစ်ပါတယ်။ သောက်သုံးရေကန် တွေဆို အနည်အနှစ် တွေ မပါဘို့ အတွက် ကန်အောက်ခြေ မျက်နှာပြင် ကနေ ၃-၄ လက်မ (75 to 100mm) လောက် မြှင့်ထား ပေးရပါတယ်။
      7. DRAIN / SCOUR LEVEL: ကန်ထဲ ကရေတွေ ကို အကုန်လုံး ဖောက်ထုတ်ဘို့ အတွက် လိုအပ်တဲ့ ရေထုတ်ပေါက် ပါ။ လွယ်လွယ် ကူကူ ဖောက်ထုတ် နိုင်ဘို့ အတွက် ကန်ရဲ့ အောက်ခြေ မျက်နှာပြင် ကို drain ရှိတဲ့ ဘက်ကို Sloped ခပ်ပြေပြေ လျှောစောက် လုပ်ပေးရပါတယ်။ ရေကန်ရဲ့ ရေရှိတဲ့ နေရာ ရဲ့ အနိမ့်ဆုံး အမှတ်ပါ။
        U P C မှာတော့ သိုလှောင်ထားနိုင်မဲ့ ရေပမာဏTank Storage Capacity ကိုမူတည် ပြီး Drain Pipe Sizes တွေ ကို အခုလို သတ်မှတ် ထားပါတယ်။
        Tank Capacity (gallons)Drain Pipe (inches)
        Up to 7501
        751 to 1,500
        1,501 to 3,0002
        3,001 to 5,000
        5,000 to 7,5003
        Over 7,5004
        For SI: 1 inch = 25.4 mm, 1 gallon = 3.785 L.


    • ဒီ အမြင့် လိုအပ်ချက် တွေ ကို နေရာချ ထားတဲ့ Panel Tank တစ်ခု အတွက် လိုအပ်ချက်တွေ ကို (Ref: စကာင်္ပူ) မှာ ဒီလို ဖော်ပြထားပါတယ်။
      Inlet - d (mm)202530405065100150200300
      Overflow
      Minimum D(mm)
      2530405065100150200300500
      Minium Z (mm)50505050505050505050




    ... Back to Top [Table of Contents]....
  4. Coordination Architect, Structural & Mechanical Engineer ညှိနှိုင်း ခြင်း။
    • Space Coordination : နေရာလျာထား သတ်မှတ်ခြင်း၊
      • Space for Access Manhole Openings (min 3ft (or) 900mm. Clear) ကန် အပေါ်က Manhole (လူဝင်ပေါက်) ကိုသွားနိုင်ဘို့ အတွက် အနည်းဆုံး ၃ပေ၊
      • For Panel Tanks: Parameter Maintenance Access (2 ft (or) 600mm Net min.), and Bottom of the Tank (2 ft (or) 600mm Net min.) Panel Tanks: တွေ တပ်ဆင်ဘို့ နဲ့ ပြုပြင်ထိန်းသိမ်း နိုင်ဘို့အတွက် ဘေးပတ်ပတ်လည် မှာ အလွတ် သက်သက် အနည်းဆုံး ၂-ပေ စီ။


      • တကယ်လို့ Manhole (လူဝင်ပေါက်) ကဘေးဘက်မှာ ထားရမယ်ဆိုရင် Manhole အရွယ်ကို 750mm(၂-ပေခွဲ) x 750mm (၂-ပေခွဲ) လောက်ထားရပါမယ်။ 600mm(၂-ပေ) x 600mm (၂-ပေ) ဆိုရင် အဝင်အထွက် အလွန်ခက် လို့ပါ။ ဒီအခါ Freeboard လိုအပ်ချက်က 1,200mm (၄-ပေ) လောက်ဖြစ်သွားပါလိမ့်မယ်။

      • ဒါ့အပြင် သင့်တော်တဲ့ နေရာမှာ ချထားပေးဘို့၊ စဉ်းစားရမဲ့ အချက်တွေ ကတော့
        1. Plumbing System တွေ ရဲ့ Pressure Requirements
        2. ပြုပြင်ထိန်းသိမ်း ဘို့ အတွက် လိုအပ်တဲ့ Maintainability Access
        3. အပေါ်၊ အောက်၊ ဘေးမှာ ရှိတဲ့ အခန်းတွေ နဲ့ တတ်ဆင် မဲ့ Services တွေ (to check if there is any contamination source)


    • Structural Impacts
      • Structural Load တွက်တဲ့ အချိန် မှာ ရေကန်တွေ ရှိတဲ့ နေရာ ကို အထူး သတိထား ဦးစားပေး စဉ်းစားရပါတယ်။ ရေရဲ့ အလေးချိန် (Load) က များလို့ ပါ။ ဥပမာ။ Unit Area (1 m²) နဲ့ စဉ်းစားမယ် ဆိုရင် 1m Height ရေထု ရှိတဲ့ ရေရဲ့ weight က 9.81kN/m² ရှိပါတယ်။
      • ဒါ့အပြင် ရေကန် ကို I-Beam တွေ RC Plinth တွေ နဲ့ Support လုပ်ရတဲ့ အခါ more concentrated load ဖြစ်သွားပါတယ်။ ဒါကြောင့် ကန်မြင့်လာလေ Structure Design က ရှုတ်ထွေးလာလေ ဖြစ်ပါတယ်။ (ဒါကြောင့် ကန်ရဲ့ အမြင့် ကို Structural Engineer နဲ့ မဆွေးနွေးပဲ ပြောင်းလို့ မရကြောင်း အမှတ်ရစေ လိုပါတယ်။)
      • RC Tanks တွေ မှာ Pipe Penetration လုပ်တဲ့အခါ Concrete Casting Metal Pipe Sleeve with Puddle Flange, Corrosion Protection & Water Proofing Wrapping တွေ ကို လည်း သတိထား ထည့်ပေးရပါမယ်။




    ... Back to Top [Table of Contents]....
  5. Tank Storage Capacity တွက်ချက်ခြင်း၊

    • တကယ်သုံး လို့ရမဲ့ ရေပမာဏ ကို Effective Capacity လို့ခေါ်ပါတယ်။ သူ့ကို ရဘို့ အတွက် ပထမ Effective Height ကို တွက် ယူရပါမယ်။ Top Water Level Low Water Level နှစ်ခုကြားက အမြင့်ပါ။
          Effective Height = T.W.LL.W.L

    • ဒီ T.W.L နဲ့ L.W.L အမှတ်နှစ်မှတ် ကြားမှာ ရှိနေတဲ့ water volume ကို effective capacity လို့သတ်မှတ်ပါတယ်။ Uniform Tank Internal Area ဆိုရင်တော့
          Effective Vol = Tank Internal Area x Effective Height

    • အများအားဖြင့် ရေလျှံ ဆုံးရှုံးမဲ့ High Level ထက်ကျော်လာတဲ့ အခြေအနေ နဲ့ ရေပြတ်လပ်မဲ့ အခြေအနေ ဖြစ်တဲ့ Low Level အောက် ရောက်သွားတဲ့ အခြေအနေ တွေ မှာ အသိပေး နိုင်ဘို့ Alarm ကိုလည်း ထည့်သွင်း ထားလေ့ ရှိပါတယ်။

    • Domestic Water Storage Tank
      • စကာင်္ပူ နိုင်ငံ မှာ တွက်ချက်လေ့ ရှိတဲ့ ပုံကို အပေါ်မှာ ဖော်ပြခဲ့ ပါတယ်။ အသုံးများတဲ့ ပုံစံ နဲ့ Simplify လုပ်မယ် ဆိုရင်
        d (mm)100150
        i (mm)142178
        a (mm)440530
        b (mm)515605
        c (mm)= H-b - 75 H - 590H - 680

      • ဒါကြောင့် ဒီဇိုင်း အစ နဲ့ နေရလျာထားဘို့ တွက်ချက်တဲ့ အခါ အကြမ်းအားဖြင့်
          Effective Water Height (m) = Tank Height (m)0.7 m
          နဲ့ယူလေ့ရှိပါတယ်။
      • ဒီမှာ သုံးထားတဲ့ Float Valve ရဲ့ နမူနာ ကို လေ့လာ ချင်ရင်တော့ EBCO Ball Float Valve ကို Download လုပ်ယူပါ။
      • Pilot-Controlled-Valve ကို တော့ Singer Valves: Non-Modulating Float Control Valve မှာ လေ့လာ နိုင်ပါတယ်။
      • Floatless Level Controller အသုံး နမူနာ တွေကိုတော့ Omron: Automatic Water Supply and Drainage Control မှာ Download Product Brochure ကို နှိပ်ပြီး ရယူနိုင်ပါတယ်။

    • Pump Suction Tanks
      • Pump တွေ ရေစုတ်ယူ တဲ့အခါ Water Level နဲ့ Suction Pipe က အရမ်း နီးလာရင် အပေါ်က လေကို ပါဆွဲစုတ်ပါတယ်။ လေဆင်နှာမောင်း အသေးစား ပုံစံ မျိုးပါ။ Pump Suction ရေထဲမှာ လေခိုလာရင် Cavitation လို့ခေါ်တဲ့ Pump Impeller ကိုဒုက္ခပေးမဲ့ အဖြစ် ဖြစ်ပေါ်လာပါတယ်။ ဒီအကြောင်းအသေးစိတ် ကို သိချင်ရင်တော့ Pump Intake Basin Design နဲ့ပတ်သက်တဲ့ စာအုပ်တွေ ကိုရှာဖွေ ဖတ်ရှု နိုင်ပါတယ်။
      • ဒါကြောင့် ဒီလို vortex ဖြစ်ပေါ်ပြီး နောက် Air bubbles တွေပိုက်ထဲ ဝင်လာနိုင်တဲ့ Water Level အထိမကျ ခင် Pump ကို ရပ်ရပါမယ်။ ဒီ Level ကို Low Level လို့သတ်မှတ်ပါတယ်။
      • Pump Suction Tank တွေကို တွက်တဲ့ အခါ ဒီအချက် ကိုပါထည့်သွင်း စဉ်းစားပေးစေလိုပါတယ်။

    • Fire Protection System Storage Tank (for Pump Suction)
      • Fire Protection အတွက် လိုအပ်တဲ့၊ အမှန်တကယ် သုံးလို့ ရနိုင်မဲ့ Effective Capacity ကို ရေပမာဏ ကို တွက်ချက်တဲ့ အခါ အထက် က ပြောခဲ့တဲ့ Pump Suction အတွက် လိုအပ်ချက် တွေ ကို သတ်မှတ်ထည့်သွင်း ပေးထားတတ်ပါတယ်။ vortex inhibitor လို့ခေါ်တဲ့ vortex ကို လျော့နည်းစေနိုင်တဲ့ Fitting ကို သုံးဘို့လည်း အားပေး လေ့ရှိပါတယ်။ ဒီလို သတ်မှတ်ချက် ပုံတွေ ကို အောက်မှာ ဖော်ပြထားပါတယ်။(Ref: BS 5306: Part 2 : 1990)



      • မှတ်ချက်။
        • Provision of Sump လုပ်ပေးတာ က Effective Capacity ကို တိုးစေပါတယ်။ ဘာလို့လဲ ဆိုတော့ tank ရဲ့ အခြေက Low Water Level ဖြစ်နိုင်လို့ပါပဲ။
        • Dimension A = Distance between Low Water Level and Highest Point of Water Entry into the pipe
        • Dimension B = Distance between the base of the Tank (or sump if provided) and Lowest edge of the Pipe (or the underside of vortex inhibitor if vortex inhibitor is fitted)
        • Dimension C = Distance from the Wall to the nearest edge of the pipe bore (or nearest periphery of vortex inhibitor if vortex inhibitor is fitted)

      • Table for Suction Size Inlet Clearance
        Normal Suction
        Pipe Size D (mm)
        Dimension A (mm)Dimension B (mm)Dimension C (mm)
        652508020
        803108024
        10037010030
        15050010045
        20062015060
        25075015075
        30087520090
        3501,000200105


    • Tank Storage Capacity
      • Symbol တွေကို ဒီလို သတ်မှတ်ရအောင်။ (အပေါ်က Dimensions တွေ နဲ့ သွား မရောမိစေနဲ့အုံး နော။)
        • A = Internal Area
        • d = Internal Diameter
        • L = Internal Length
        • W = Internal Width
        • H = Effective Height
      • တွက်ချက် ပုံ ကတော့ ရေရဲ့ Volume (ထုထည်) ကို ရိုးရိုးလေး တွက် အဖြေ ရှာရ တာပါပဲ။ သိထားရမဲ့ Unit Conversions တွေ ကတော့
        • 1 = 1,000 L (liters)
        • 1 ft³ = 7.48 gal (U.S gallon)
        • 1 ft³ = 6.23 igal (U.K Imperial gallon)
        • 1 gal (U.S gallon) = 0.833 igal (U.K Imperial gallon)
      • တွက်ပုံတွက်နည်းတွေ ကို အောက်မှာ ဆက်လက် ဖော်ပြ ပေးထားပါတယ်။

      • I.P (USCS) Units
        • Capacity (gal) =[ A (ft²) x H(ft) ] x 7.48 (gal/ft³)
        • For Rectangular Tank Capacity (gal) = 7.48 x L(ft) x W(ft) x H (ft)
        • Cylindrical Tank Capacity (gal) = 0.25 x π x d(ft)² x H (ft) x 7.48
          (OR) 5.875 x d(ft)² x H (ft)
        • To get imperial (UK) gallon (igal), multiply (US gal) by 0.833(I gal / US gal)

      • S.I Units
        • Capacity () = [ A (m) x H(m) ]
        • Rectangular Tank Capacity() = L(m) x W(m) x H (m)
        • Cylindrical Tank Capacity () = 0.25 x π x d(m)² x H (m)
          (OR) 0.7854 x d(m)² x H (m)
        • To get liters (L), multiply () by 1,000 (L / m³)



    ... Back to Top [Table of Contents]....
  6. Maintaining Water Quality

    • ရေရဲ့ quality ကို မထိခိုက်စေဘို့  လိုအပ်ချက်တွေ ထဲ မှာပထမ ပါတာ က back-siphonage (or) cross connection ကို ကာကွယ်ဘို့ လိုအပ်တဲ့ back flow prevention ပါ။ အဝင် ပိုက်ဘက် ကို contamination ပြန်မသွား နိုင်ဘို့ အတွက် ကတော့ အထက်မှာ ဖော်ပြခဲ့ တဲ့ overflow pipe arrangement က တာဝန်ယူပါလိမ့်မယ်။ ရေကန် ကနေ ပေးတဲ့ ဘက်မှာ တော့ good plumbing practices အတိုင်း appliances တွေ မှာ လိုအပ်တဲ့ air gap / air break (or) back flow prevention devices ပါရင်ပါ၊ Check valve လို back flow prevention devices တွေ မပါပဲ တိုက်ရိုက် ဆက်လို့ မရပါဘူး။
    • သောက်သုံးရေ တွေ အတွက် အဓိက စဉ်းစားရတာ က stagnant (ရေသေ) ဖြစ်မနေဘို့ပါ။ ရေအဝင် နဲ့ အထွက် ကို ဝေးအောင် diagonally opposite ထားပေးခြင်း အားဖြင့် ရေကို ပုံမှန်လည်သွားအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့် ဒီအချက် ကို လည်း Code of Practices အချို့မှာ ထည့်သွင်းထားပါတယ်။ အသုံးနည်းတဲ့ နေရာတွေ မှာ တစ်ခါတစ်ရံ ရေသေ တွေ ကို ဖောက်ထုတ် လဲလှယ် ပေးရ နိုင်ပါသေးတယ်။
    • အထူးသဖြင့် potable water storage tank (သောက်ရေကန်) တွေ ဆောက်တဲ့ အခါ ပတ်ဝန်းကျင် က အညစ်အကြေး တွေ စိမ့်ဝင်မလာဘို့ အထူးသတိ ထားရပါတယ်။ ကန်ရဲ့ အပေါ်မှာ Drainage / Sewerage ရေဆိုး ပိုက်တွေ၊ ထွက်ပေါက်တွေ နဲ့ အခြား Contamination Sources တစ်ခုမှ မရှိရပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် အိမ်သာတို့၊ kitchen တို့ အောက်တည့်တည့် မှာ မဖြစ်ရပါဘူး။ (ဖြစ်ခဲ့ရင် နောက်ထပ် RC slab အလွှာ တစ်ခု (သို့) အားလုံးကို ကာမိမဲ့ drain pan ကိုသုံးရပါလိမ့်မယ်။)
    • သောက်ရေ နဲ့ သောက်ရေ မဟုတ်တဲ့ ကန်နှစ်ခု ကို Common wall မသုံးရပါဘူး။ R.C Tank ဆိုရင် မြေကြီးနဲ့ တိုက်ရိုက်ထိနေ တဲ့ Lean concrete (or) retaining wall တွေ ကို တိုက်ရိုက်သုံးခွင့် မရှိပါဘူး။ ဒီ wall / floor နဲ့ကြားမှာ ရေဖြတ် မစီးနိုင်အောင် small air gap (or) perforated material ကြားခံပြီး သီးသန့် wall layer သတ်သတ်ကို ဆောက်ပေးရပါမယ်။ ဖြစ်နိုင်ရင်တော့ အနည်းဆုံး ၂ပေ ကျယ်တဲ့ Access Way လုပ်ထား ပေးသင့်ပါတယ်။
    • ရေကြီးနိုင်တဲ့ နေရာ၊ ရေစိမ့်ဝင် နိုင်တဲ့ နေရာတွေ မှာ လည်း potable water tank (သောက်ရေကန်) မထားသင့်ပါဘူး။ အမိုးကလည်း လူသွားလမ်း (သို့) မိုးရေစီးကြောင်း မဖြစ်ရပါဘူး။
    • ရေမစိမ့်ထွက်စေဘို့ Water proofing ကလည်း R.C tank တွေအတွက် အဓိက အရေးပါ ပါတယ်။ water tank က အရေးကြီးတဲ့ အခန်းတစ်ခုခု ရဲ့ အပေါ်ရောက် နေရင် water proofing layers သာမက double layer slabs တွေ ကိုပါ ထည့်သွင်းပေးရ နိုင်ပါတယ်။
    • Water tank ရဲ့ အမိုးမှာ ရေမစိမ့်၊ မဝပ်နေ ရအောင် ဂရုစိုက် ရတဲ့ အပြင် Access Manhole ကနေ ရေစိမ့် မဝင်အောင် ပါ ဂရုစိုက်ရပါမယ်။

      သောက်သုံးရေလှောင်ကန် လို့ သတ်မှတ် ရင် ဒီပုံမှာ ရှိတဲ့ wall, floor, roof အားလုံး က မြေအောက်မှာ မြေကြီးနဲ့ တိုက်ရိုက်ထိ လို့မရပါဘူး ဆိုတဲ့ အချက်တွေ မှာရှင်းပြခဲ့ပါတယ်။ မြန်မာပြည် မှာ အုတ်ကန် တွေ သုံးတာ က ရိုးရာထုံးစံ လို ဖြစ်နေပါတယ်။ သာမန် လုံးချင်းအိမ်တွေ မှာ မြေပေါ် အုတ်ကန် ထားတာ ကို စောဒက မတက်လိုပေမဲ့ ရန်ကုန်မှာ ဘယ်လိုမှ သန့်ရှင်းမှု မထိန်းနိုင်၊ မရှိနိုင်တဲ့ မြေအောက် အုတ်ကန် နဲ့ ရေလှောင်တာတွေ ကို အများလက်ခံ ပါနေတယ်။ အချို့အိမ်ရောင်းဘို့ ကြော်ငြာတဲ့ သူတွေတောင်

      “ရေ ၂၄ နာရီ ရနိုင်ဘို့ အတွက် မြေအောက်ရေကန် ပါရှိသည်။”

      ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ကြော်ငြာနေတာ တွေ့ရတော့ စိတ်ထဲ မကောင်းတာ အမှန်ပါ။
      ဒီရေတွေ တကယ် သောက်သုံးရေ အဆင့်မီအောင် လုပ်ထားနိုင်ပါသလား။ ရှင်းပါတယ်၊ မလုပ်နိုင်ပါ။ အနီးအနား မှာ အုတ် နဲ့ ပဲ ဆောက်ထားတဲ့ Septic Tanks တွေ လည်း ရှိကောင်း ရှိပါမယ်။ ဓာတ်ခွဲခန်း ပို့ပြီး စစ်ကြည့်ပါ E-Coli… ပါနေတာတွေ့ ရင် ဘယ်နိုင်ငံ တွေ မှာ လက်ခံပါသလဲ ဆိုတဲ့ တစ်ချက် ဆက်လေ့လာစေချင်ပါတယ်။ ကန်ထရိုက်တာ သိရက် နဲ့ မိုက် ပါတယ်။ ရေလောက်င အောင် မပေးနိုင်တာ စည်ပင်သာယာ ရဲ့ တာဝန် မှန်ပါတယ်။ အဝီစိ တွင်းတူးရတာ လည်း ဒီအချက်ကြောင့် လို့ ပြောလို့ ရပါတယ်။ ရေကို သန့်အောင် မလုပ်ပေးတာ ကတော့ ကန်ထရိုက်တာ တွေ နဲ့ တိုက်ရိုက်ဆိုင်ပါတယ်။

    • RC Tank တွေမှာ ရှိတဲ့ Penetration ပိုက်တွေ ဘေးကနေ ရေယိုစိမ့် တာကို တားဆီးပေးဘို့ နဲ့ ရေရဲ့ တွန်းအား ကို ခံနိုင်ဘို့ Puddle Flange ကို ထည့်ပေးရပါတယ်။ Puddle Flange သုံးရခြင်း အကြောင်းရင်းတွေ ကတော့၊
      • ရေစိမ့်တာ ကို တားဘို့ (To provide water barrier when a pipe passes through a concrete wall of a water retaining structure.)
      • ရေတွန်းအား ကို ခုခံပေးဘို့၊ (To act as a thrust flange when enclosed within a concrete wall, for example, a valve pit.)
      • ဒီလို သုံးဘို့ အတွက် puddle flanges တွေကို စက်ရုံ မှာ တပ်ဆင် ထုတ်လုပ် ထားတဲ့ pipes တွေရဲ့ အရည်အသွေး က ပိုကောင်း နိုင်ပါတယ်။ (It is recommended that puddle flanges are factory fitted onto pipes.)
      • Puddle Flange နမူနာ ပုံတစ်ခု ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

    • အတန်သင့်ကြီးမားတဲ့ (SS CP48: Storage Capacity : 5 cu.meter ထက်ကြီးတဲ့) water tank တွေမှာ လိုအပ်လာမဲ့ maintenance တွေဖြစ်တဲ့ repair (ပြင်ဆင်ဘို့)၊ cleaning (သန့်ရှင်းရေးလုပ်ဘို့) တွေ အတွက် လည်း အခန်း နှစ်ခန်းခွဲ (compartmented) ၊ ဒါမှမဟုတ် နှစ်ကန်ခွဲ (Series of Tanks) လုပ်ပေးရပါတယ်။ နှစ်ကန့်လုံးမှာ Inlet, outlets, overflow, warning, manhole, ladders အစရှိတဲ့ components တွေ သီးသန့် ပါဝင်လေ့ ရှိပြီး ပုံမှန် အခြေအနေ မှာ water level နှစ်ခုကို ထိန်းညှိပေးမဲ့ balancing pipe ကိုထည့်သွင်းပေးရပါတယ်။
    • အင်းဆက် ပိုးမွှားတွေ မဝင်နိုင်အောင်၊ ခြင်ဝင်မဥ အောင်၊ ပေါက်လာတဲ့ ခြင်တွေ မထွက်လာ နိုင်အောင် Vent & Overflow Opening တွေ မှာ Corrosion-Resistant Screen ခပ်စိတ်စိတ် နဲ့ အုပ်ပေး၊ ကာပေး ထားရပါမယ်။ Singapore SS CP48 အရ ဆိုရင် Corrosion-resistant mosquito-proof netting of aperture size not exceeding 0.65 mm ဖြစ်ပြီး U P C မှာ သတ်မှတ်ထားတာ အရ ဆိုရင်တော့ not less than 16 by 20 mesh per inch (630 by 787 mesh per m) နဲ့ Screen လုပ်ထားပေး ရပါမယ်။



    ... Back to Top [Table of Contents]....
  7. Design to Install Panel Tanks

    • FRP Tank မှာပါတဲ့ Panels တွေ နဲ့ Components တွေ ကို Web ပေါ်မှာ လေ့လာချင်ရင် တော့ အောက်မှာ ဖော်ပြထားတဲ့ Manufacturer Bridgestone ( နာမည်ကြီး ကားတာယာတွေ လည်း ထုတ်လုပ်သူ) ကိုရည်ညွှန်း လိုက်ပါတယ်။
      1. Bridgestone Water Supply Systems
      2. Bridgestone Tank Features
      3. Bridgestone Tank Configuration : ဒီ page ရဲ့ အောက်ဆုံး Accessories အောက်မှာ Interactive Figure တစ်ခု ပါပါတယ်။ အကြမ်းဖျဉ်း သွားရောက် လေ့လာနိုင်ပါတယ်။

    • စကာင်္ပူ မှာ တော့ Bridge Stone နဲ့ Sekisui အသုံးများပါတယ်။ မလေးရှား နိုင်ငံ ကထုတ်တာတွေ ကိုလည်း သုံးတာ တစ်ခါတစ်ရံ တွေ့ရပါတယ်။
      1. Sekisui Water Storage Tanks, Japan

    • မလေးရှားနိုင်ငံ မှာ အသုံးများတဲ့ Manufacturers တွေကတော့
      1. Hong Fatt, Water Tank Manufacturer, Malaysia
      2. Steelworks Engineering, Water tank manufacturer and supplier, Malaysia

    • U.S လို မြေနေရာ ပေါတဲ့ ဒေသ မှာတော့ Cylindrical Tank ကြီးတွေ အသုံးများပါတယ်။ Manufacturers အချို့ကို အောက်မှာ ဖော်ပြ ပေးထား ပါတယ်။ U.S Manufacturersတွေက Literature တွေ စုံစုံလင်လင် ပေးထားလေ့ ရှိတာမို့ သွားရောက်လေ့လာ စေလိုပါတယ်။
      1. American Tank Co., Inc., U.S.A
      2. Aquastore Tanks , Engineered Storage Products Company, U.S.A
      3. BH Tanks Inc., U.S.A
      4. Rosenwach Tank Inc.: ဒီ ကုမ္ပဏီ ကWooden Tanks (သစ်သားစည်) တွေကိုပါ ထုတ်လုပ် ပေးပါတယ်။

    • FRP Panel Tanks တွေက FRP အများအားဖြင့် Metric Tanks : 4m (1m x 4), 16 ft (4x 4) လောက် အထိပဲ ထုတ်လုပ် တပ်ဆင် လေ့ရှိပါတယ်။ ခံနိုင်ရည် ကြောင့် ဖြစ်မလားပဲ။ ဒီထက် Height ပိုတဲ့ Tank တွေက တော့ Steel Tank ကိုသုံးရပါလိမ့်မယ်။
    • Panel Tank အချို့ရဲ့ ပုံကို အောက်မှာဖော်ပြထားပါတယ်။
      • Typical Steel Tank
      • Typical Galvanised Epoxy Coated Tank
      • Typical SMC/FRP Tank

    • တပ်ဆင် မှု အဆင့်ဆင့် ကတော့ အကြမ်းအားဖြင့်
      1. RC Foundations
      2. Steel Skids
      3. Install Panels & Components
      4. Water Leak Test

    • ရေဖိအား ဒါဏ်ခံနိုင်ဘို့ အထဲ မှာ ကျားကန် ထားတဲ့ bracing steel rods တွေ ထည့်သွင်း ပေးထားရပါတယ်။
    • စာရေးသူ အလုပ်စလုပ် ခါစ လောက်တုန်းက FRP Tank ဆင်တာကို ပထမဆုံး မြင်ဘူးခဲ့ ပါတယ်။ Tank က အကြီးကြီး၊ ပြီးတော့ Bolt & nut တွေ ကလည်းအများကြီး တပ်ရမှာ မို့ အတော်ကြာမယ် လို့ထင်ခဲ့ ပါတယ်။ တစ်ရက်၊ နှစ်ရက်လောက် မှာပြန်သွားကြည့်တော့ ပြီးနေပါပြီ။ Power Tools တွေရဲ့ စွမ်းအားကို အဲဒီမှာ စ သတိပြုမိ ပါတယ်။ Bolt & nut တစ်ခုစီ ကို တက်တောက်တက်တောက် ခွ နဲ့ ကျပ်ရမယ် လို့ထင်ခဲ့ မိတာကိုး။
    • ကန်တွေ က ဆင်ပြီးခါစ Water Leak Test လုပ်ရင် ယိုတာပါပဲ။ အရင်တုန်းက စာရေးသူ က ဆင်တဲ့သူ ကို မေးခွန်းတစ်ခု မေးဘူးပါတယ်။
      Are you sure that there will be no leak?
      I can guarantee you there will not be no leak? If no leak, it is not we, who install them…”
      မယိုရင် ငါတို့ကြောင့် မဟုတ်ဘူး တဲ့။ မှန်ပါတယ်။ ပြီးမှ ယိုတဲ့ နေရာတွေ နား တစ်ဝိုက် က bolt & nut ကိုပြန် လိုက် tighten လုပ်ပေးမှ အယိုရပ် သွားတာပါ။ နောက်ပိုင်းမှာ တော့ ယိုခဲပါတယ်။
    • Sekisui Plant Systems Co., Ltd တပ်ဆင်မှု အသေးစိတ် ဖော်ပြထားတဲ့ "Sekisui Plant Systems Co. Ltd – Tank Installation Manual " ကို pdf ပြောင်းပြီး mediafire မှာ တင်ပေးထားပါတယ်။

    • FRP Panel Tank တစ်ခု၏ အတွင်းပိုင်း မြင်ကွင်း (၁)
    • FRP Panel Tank တစ်ခု၏ အတွင်းပိုင်း မြင်ကွင်း (၂)
    • ကျားကန်ပေးထားသော Bracing Rods များ။



    • Galvanized Steel Panel Tank တစ်ခု အတွက် Steel Skid ဆင်နေပုံ။
    • Galvanized Steel Panel Tank တစ်ခု အတွက် Panel စတင် တပ်ဆင်နေပုံ။
    • ပြီးစီးသွားသော Galvanized Steel Panel Tank [For Fire Protection Services]



    ... Back to Top [Table of Contents]....
  8. Standard Specifications

  9. Water Tanks တွေ က အရေးကြီး တာ မို့ တိုးတက်တဲ့ နိုင်ငံတိုင်း လိုလိုမှာ လိုက်နာရမဲ့ Standard Specificatioinsတွေ ကို ဖော်ပြထားလေ့ ရှိပါတယ်။ ဥပမာ FRP Tank အတွက် ဆိုရင်


    ... Back to Top [Table of Contents]....
  10. Review

    1. Effective Water Depth (Height) ကို ဘယ်လိုတွက် မှာလဲ။
    2. Effective Capacity ကို အမြန်ဆုံး ဘယ်လိုတွက် မှာလဲ ရော သိပြီလား။
    3. ဆင်ရ လည်း လွယ်အောင်၊ Maintenance လည်း လွယ်လွယ် ကူကူ လုပ်လို့ ရအောင် လိုအပ်တဲ့ နေရာကို ဘယ်လိုလျာထား ရမှာလဲ။
    4. Tank Assembly ကို ဖြန့်ချတဲ့ Assembly Drawing က ဘယ်လိုလဲ။ Most Economy ဖြစ်အောင် ဘယ်လို အချိုး ( L x W x H ) ကိုရွေးချယ်သင့်သလဲ။
    5. Tank ရဲ့ Pump Suction အတွက် ဘာတွေ သတိထားရမလဲ။
    6. Components တွေ ကို ဘယ်လို Arrange လုပ်မလဲ။


    ... Back to Top [Table of Contents]....
  11. References:
    1. Plumbing Engineering Services Design Guide, The Institute of Plumbing, UK
    2. International Plumbing Code , International Code Council
    3. Singapore Standard Code of Practice - CP: 48 Code of Practice for Water Services
    4. Singapore Standard - SS 245 Specification for Glass Reinforced Polyester Sectional Water Tanks
    5. British Standard BS 5306: Part 2 : 1990 Design of Automatic Sprinkler Systems


    ... Back to Top [Table of Contents]....
  12. Web-Links:


No comments: