- ရေကူးတာ က ကျန်းမာရေး အတွက် အထောက်အကူ ပြုတဲ့ အားကစား တစ်ခု ဖြစ်သလို ပျော်စရာ လည်း ကောင်းပါတယ်။ အသက်အရွယ် မရွေး (ပိန်ပိန်၊ ဝဝ) သင့်တော်တဲ့၊ သက်တောင့်သက်သာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်သလို၊ အရေးကြုံရင် သက်လုံကောင်းစေ ဘို့အတွက် ကျွမ်းကျင်မှု (Survival skill ) တစ်ခု လည်း ဖြစ်ပါတယ်။ ( စနစ်မကျတောင် ရေကောင်းကောင်း ကူးတတ်ဘို့ တော့ လိုတာပေါ့။ ကောင်းကောင်း မကူးတတ် ရင်တောင်မှ ရေတိမ်တိမ်မှာ ဘောကွင်းနဲ့ ဆော့နိုင်ပါသေးတယ်။ (ရေမကူးတတ်ရင် တော့ ရေကူးကျွမ်းကျင် တဲ့ အဖော်ပါမှ ဆော့စေချင်ပါတယ်။)
- အေးအေးဆေးဆေး နဲ့ အန္တရာယ် ကင်းကင်း ရေကူး ချင်သူတွေ အတွက် လိုအပ်ချက် တွေ ကို Swimming Pools (ရေကူးကန်) တွေ က ဖြည့်ဆီးပေးနေပါတယ်။
Download PDF: W031_R00 Swimming Pools.pdf
[https://www.dropbox.com/s/52aylk8ecv5q2ex/W031_R00%20Swimming%20Pools.pdf?dl=0]
- တွေ့နေကျ Concrete နဲ့ လုပ်ထားတဲ့ ကန်တွေသာမက အလွယ်တကူ ဆင်နိုင်တဲ့ Fiber-glass ကန်တွေ၊ Steel Reinforced Tank တွေ လည်း ရှိပါတယ်။
- Swimming Pool MEP Systems တွေ ကို Pool Specialist Contractor တွေ က ပဲ Installation လုပ်ပေး လေ့ရှိပါတယ်။ Architects နဲ့ Structure Engineers တွေ နဲ့ Coordinate လုပ်ရတာ တော့ ရှိပါတယ်။ တစ်ခါတစ်ရံ Lighting Specialist Consultants ရဲ့ လိုအပ်ချက် ပါဝင် တတ်ပါတယ်။
- အောက်မှာ ဖော်ပြထားတာ တွေ က အခြေခံ ကို သိရှိ နားလည်စေ ဘို့ ရည်ရွယ်ပါတယ်။
- Introduction
- Water Quality
- Codes, Rules & Regulations
- Safety
- MEP Systems
- Other Pools & Fish Ponds
- Construction
- Pool Maintenance
- Natatoriums - HVAC
- References
- တကယ်အသုံးချ ရမှာမို့ ပိုပြီး အသေးစိတ် သိချင်ရင် တော့ ကိုယ်တိုင် စာလည်း ရှာဖတ် ပြီးတော့ Specialist နဲ့ လည်း ဆွေးနွေး ဘို့ လိုအပ်ပါလိမ့်မယ်။ Specialist Contractors တွေ က လုပ်ငန်းအတွေ့ အကြုံလည်းရှိ၊ Fittings Supply (အစိတ်အပိုင်း ပစ္စည်း) တွေ ကို လည်း Supply လုပ်နိုင်တာမို့ပါ။ Calculation အတွက်အချက် နဲ့ Code / Regulation Requirements တွေနဲ့ ရင်းနှီးတာမို့ လိုအပ်တဲ့ Technical Support ကို ကောင်းကောင်းပေးနိုင်ပါတယ်။
- Introduction
- အခုခေတ် ရေကူးကန် တွေ က ရေဖြည့်လိုက်၊ ညစ်ပတ်လာရင် (နှစ်ပါတ် တစ်ခါလောက် ဖောက်ထုတ်လိုက်) လုပ်ရတဲ့ အမျိုးအစား တွေ မဟုတ်တော့ ပါဘူး။
- တိုးတက်လာတဲ့ Chemical Treatment နဲ့ Continuous Filtrations စနစ်တွေ က ရေတွေ ကို ပိုပြီး ကြည်လင် စေယုံ မက ရေရဲ့ သန့်ရှင်းမှု ကို လည်း ပိုကောင်းလာစေပါတယ်။ ကြည့်လိုက်ရင် ကန်အောက်ခြေ ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်အောင် ကို ကြည်လင်နေလေ့ ရှိ ပါတယ်။ ရေရဲ့ အရောင် က အောက်ခံကျောက်ပြား ရဲ့ အရောင် ကို ကောင်းကောင်း ရောင်ပြန် ဟပ်တာကို လည်း တွေ့ရပါမယ်။ ဒါကြောင့် ကျောက်ပြား အပြာတွေ သုံးထားရင် ရေတွေက ပြာနေတယ် လို့ ထင်ရစေပြီး အစိမ်း သုံးထားရင်တော့ ရေတွေက စိမ်းနေတယ် လို့ ထင်ရပါလိမ့်မယ်။
- စနစ်တကျ ဒီဇိုင်းလုပ် တတ်ဆင်ထားတဲ့ Underwater Light တွေ က လည်း Swimming Pools တွေ ကို ပိုပြီး ဆွဲဆောင်မှု ပေးပါတယ်။
- ဟိုတယ်၊ ကွန်ဒို တွေ မှာ က ရေကူးကန် က အဓိက အဆောင်အယောင် အနေနဲ့ ပါဝင်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေ မှာ တော့ Public Pool တွေ က လွယ်လွယ် ကူကူ ရောက်နိုင်တဲ့ နေရာတွေ မှာ ရှိနေပါတယ်။ Private Housing အိမ်တွေ မှာလည်း အဆောင်အယောင် တစ်ခု အနေနဲ့ ထည့်သွင်း တတ်ကြပါတယ်။ ရေကူးကန် ရဲ့ အရွယ်အစား က လည်း ခပ်သေးသေး က နေ အိုလံပစ် အရွယ် အကြီးစား တွေ အထိ ဖြစ်နိုင်ပြန်ပါတယ်။
- စကာင်္ပူ မှာ ဆိုရင် Public Pool တွေ က လူနေအိမ်တွေ ရဲ့ မလှမ်းမကမ်း နေရာ တွေ မှာ ရှိနေ တာ ကို တွေ့နိုင် ပါတယ်။
- အပြင်ကနေ ကြည့်ရင်တော့ နားနားနေနေ ထိုင်ဘို့ ခုံ နဲ့ အဆင်တန်ဆာ တွေ၊ ရေထဲဆင်းဘို့ Ladder နဲ့ ရေတွေ ပြည့်နေတဲ့ ရေကူးကန် ကို ပဲ မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီကန် ထဲကရေတွေ ကို အမြဲ ကြည်လင်ပြီး သန့်စင်နေ အောင် လုပ်ထားတဲ့ MEP System တွေ ကို သတိပြုချင် မှ ပြုမိပါလိမ့်မယ်။
- MEP Systems တွေ ရဲ့ အသုံး ဟာ ရေကူးကန် တစ်ခု ရဲ့ အဓိက အကျဆုံး ကုန်ကျစရိတ် Life Cycle Cost ဖြစ်လေ့ ရှိပါတယ်။ ထိန်းသိမ်းလည်ပတ် ဘို့ အတွက် အကုန်အကျ များလေ့ရှိပါတယ်။
- ရေကူးကန် အတွက် MEP Systems တွေ ရဲ့ အဓိက တာဝန် က တော့ လူကို အန္တရာယ် ပေးမဲ့ အညစ်အကြေး တွေ ကို ရေထဲ က နေ အဆက်မပြတ် (Continuously) စစ်ထုတ် ဖယ်ရှား နိုင်ဘို့ နဲ့ ရေအောက် မှာ အလင်းရောင် ကောင်းကောင်း ရအောင် လုပ်ပေးဘို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကုန်အကျ များရတာ ဖြစ်ပါတယ်။
- Water Quality
- Environmental Health လိုအပ်ချက် တွေ အရ ရေရဲ့ Quality ကို (သုံးစွဲနေတဲ့) အချိန်ပြည့် ထိန်းသိမ်းထားပေးနိုင်ဘို့ လိုအပ်ပါတယ်။ Water Quality ဆိုတဲ့ နေရာမှာ။
- Physical Quality (အရောင် (သို့) ကြည်လင်မှု၊၊ အနံ့၊ စသည်... )
- Biological Quality (ပိုးမွှား၊ ဘက်တီးရီးယား ကင်းစင်မှု၊ )
- Chemical Quality (Residual Chlorine, PH, other concentrations, etc.)
- ဒီလိုအပ်ချက်တွေ ကို ဖြည့်ဘို့ အတွက် Water Filtration & Treatment Systems တွေ လိုအပ်ပါတယ်။ ဒီစနစ် ရဲ့ အဓိက တာဝန် တွေ ကတော့၊
- ရေထဲမှာ ပါဝင်နိုင်တဲ့ အဏုဇီဝ ရောဂါပိုးမွှားတွေ ကို သုတ်သင်ဖယ်ရှား ပေးနိုင်ဘို့။
- ရေညှိ မတက်စေဘို့
- အနံ့ဆိုး နဲ့ အော်ဂလီ ဆန်မဲ့ အရသာ ကို ဖယ်ရှားဘို့။
- မျက်စေ့ နဲ့ နှာခေါင်း ယားယံစေတာ ကို မဖြစ်စေဘို့။
- ရေချိုး (ဂျိုး) မကပ်စေဘို့
- ရေတွေ ကြည်လင် ပြီး အရောင် တလက်လက် နေစေဘို့။
- Fixtures နဲ့ Fittings တွေ Corrosion မဖြစ်စေဘို့။
- လူတွေ က ဆက်တိုက် သုံးနေတာ နဲ့ အတူ ဒီ Treatment တွေ ကို လည်း Continuously အဆက်မပြတ် လုပ်ပေးနေရမှာ ဖြစ်ပါတယ်။ အပြင်က ကျလာမဲ့ မြက်၊ ခဲ၊ သစ်ရွက်၊ စက္ကူ၊ ဖုန်၊ အမှိုက် တွေ ကြောင့်သာ မက ရေကူးတဲ့ သူတွေ က နေ ထွက်လာမဲ့ သေး (ရှုရှုး)၊ ချွေး၊ dead skins အရေခွံ၊ ဆံပင်၊ တံတွေး၊ နှပ်၊ သလိပ်၊ မိတ်ကပ်၊ ခေါင်းလိမ်းဆီ၊ စတာ တွေ နဲ့ အတူ ပါလာမဲ့ ရောဂါပိုးမွှား တွေ ကို လည်း ဆက်မပွားစေပဲ သန့်စင် ပေးနိုင်ဘို့ လိုပါတယ်။
(ရေမြင်ရင် ရှုရှုး ပေါက်ချင် တာက လူတွေ ရဲ့ ဗီဇ မို့ ရေကူးကန် ထဲ ရေကူးရင်း ရှုရှုး ပေါက် ချတတ်ကြတာ သဘာဝ ပါ။ ဘယ်သူမှ လည်း နှပ်တွေ တံတွေးတွေ ကို မျိုချ နေမှာ မဟုတ်ပါဘူး။ ကလိုရင်း ရဲ့ အနံ့ ကြောင့် နှပ်တွေ က လည်း ပိုတောင် ထွက်ပါသေးတယ်။ အားစိုက်လို့ ထွက်လာတဲ့ ချွေးတွေ ကလည်း ရေထဲ ပျော်၊ သေချာ ရေမဆေး လာတဲ့ ဒွာရတွေ က....
ရွံတတ်ရင်တော့ ရွံပေါ့လေ။ ဟာဟ !
သိပ်လည်း မစိုးရိမ် ပါနဲ့။ ဒါတွေ က မြင်ရတာ မဟုတ် သလို သေချာ ဒီဇိုင်း လုပ်ထားလေ့ ရှိတာ မို့ ဒုက္ခ လည်း မပေးလှပါဘူး။
ကျန်းမာရေး လိုအပ်ချက် အရ Public Pools တွေ မှာ Lockers, Showers & Toilets Facilities တွေ မဖြစ်မနေ ပါဝင်ရပါတယ်။ ရေကူးမဲ့သူ တွေ ကလည်း ကျင့်ဝတ်စည်းကမ်း အနေနဲ့ ရေကန်ထဲ မဆင်းခင် Shower မှာ ရေချိုး ဘို့ လိုအပ်ပါတယ်။ ဒါကြောင့်စာဖတ်သူ ကို လည်း ရေကူးကန်ထဲ မဆင်းခင် နည်းနည်း ပိုသန့် သွားအောင် ရေသေချာ ချိုး ပြီး Bladder ထဲက ရေတွေ ကို လည်း အကုန်အစင် နီးပါး Drainage လုပ် ရှင်းပြီးမှ ဆင်းဘို့ တိုက်တွန်းလို ပါတယ်။ ရေကူးပြီးတော့ လည်း Shower မှာ ရေပြန်ချိုးပါ။ ရေကူးသွားဘို့ အတွက်၊ ရေကူးဝတ်စုံ၊ တံဘက် နဲ့ ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် (ဘူးသေး) တွေ ကသင့်တော် ပါတယ်။ ရေကူးဝတ်စုံ က အများအားဖြင့် ရေဆော့တဲ့ နေရာကလွဲ လို့ မရှိ မကူးရ စည်းကမ်းရှိလေ့ရှိပါတယ်။ ရေကူးမျက်မှန် တပ်ရင်တော့ မျက်စေ့ အစပ် သက်သာ တဲ့ အပြင် ရေငုတ်တဲ့ အခါ မျက်စိ ပသာဒ ခံစားနိုင်ပါလိမ့်မယ်။ )
- ရေကို အဆက်မပြတ် သန့်စင် ပေးနိုင်ဘို့ အတွက် အခြေခံ လိုအပ်ချက်တွေ ရှိပါတယ်။
- ရေတွေ ကို အမြဲသန့်စင် (စစ်) ပေးနိုင်ဘို့ ရေကို Water Treatment System ထဲကို Circulate လုပ်ပေးမဲ့ Pumps တွေ လိုပါတယ်။ Circulation လှည့်ပေးတဲ့ နှုန်း ကို Turnover လို့ ခေါ်ပါတယ်။ အသေးစိတ် ကို အောက် က MEP Section မှာ ဖော်ပြပေးပါမယ်။
- ရေကူးကန် အကြီးတွေ အတွက် Turnover က ၆ နာရီ အတွင်း လောက်ပါ။ အသုံးနည်းတဲ့ Private Pools တွေ အတွက် ၁၂ နာရီ အထိ ပေမဲ့ လက်ခံ (ကျေနပ်) နိုင်လောက်တဲ့ ရလဒ် ကို ပေးနိုင်ပါတယ်။ ကလေးတွေ ဆော့တဲ့ ခပ်တိမ်တိမ် Wadding Pools ဆိုရင်တော့ ၁ နာရီ - ၂ နာရီ လောက် အတွင်း ဖြစ်ရပါလိမ့်မယ်။ (မှတ်ချက်။ ။ နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ မြို့ အလိုက် Code Requirements တွေ မှာ ဒီလိုအပ်ချက် ကို ဖော်ပြထားလေ့ ရှိပါတယ်။ လိုက်နာဘို့ ရာလိုအပ်ပါတယ်။)
- ရေထဲ ကို ရောက်လာမဲ့ အညစ်အကြေး နဲ့ ရောဂါပိုးမွှား တွေ ကို အမြန်ဆုံး ဓာတ်ပြု နှိမ်နင်း ပေးနိုင်ဘို့ လိုအပ်တဲ့ Residual Chlorine မမာဏ ကို ရရှိဘို့။ (သိပ်များလွန်း ရင် လည်း မျက်စေ့ နဲ့ အရေပြား ကို ဒုက္ခ ပေးနိုင်ပါတယ်။)
- မြက်၊ ခဲ၊ သစ်ရွက်၊ ဆံပင်၊ စက္ကူ စတဲ့ အစိုင်အခဲ တွေ ကို Treatment System ထဲမရောက်စေဘို့ Lint Catcher ဇကာ။
- ရေထဲက အမှုန်အမွှား တွေ ကို စစ်ဘို့ Filter (Sand Filter, DE Filter, Cartridge Filters, etc.)
- ရေပေါ်ပေါ် နေတဲ့ ခေါင်းလိမ်းဆီ၊ လူအဆီ၊ မိတ်ကပ်၊ နှပ်၊ သလိပ်၊ နဲ့ အခြား ပစ္စည်းတွေ ကို ဖယ်ထုတ်ပေး နိုင်ဘို့ အတွက် Skimmer (ရေ အပေါ်ယံ လွှာကို Filtration Systems အတွင်း သို့ စုတ်ယူစေ သော Fitting ဖြစ်ပြီး ကန်အသေးစား တွေ အတွက် သုံးနိုင်သည်။ ကန်ကြီးလျှင် သုံးရန် မသင့်တော်။) ဒါမှမဟုတ် Scum gutters (ကန်ရေလျှံ ကျ တာ ကို Balancing Tank (Surge Tank) ထဲသို့ ပြန်လည် စီးဆင်းပေး စေမဲ့ ရေမြောင်းငယ်။ ကန်အကြီး - ဂါလံ ၅၀ ၀၀၀, 189 m³ အထက် အတွက် သုံးရသည်။ ကန်အသေးစားအတွက် လည်း သုံးနိုင်သည်။)
- ရေကန်ထဲ မှာ ရေသေမဲ့ နေရာ မပေါ်ပဲ ကောင်းကောင်း လှယ်ပေးနေနိုင်ဘို့ အတွက် Treatment System နဲ့ သက်ဆိုင်တဲ့ ရေ အဝင်အထွက် ကိုသေချာ ပြင်ဆင်ရပါမယ်။ လေးထောင့်ပုံ ဆို One Side က အဝင် Opposite Side က ပြန် အထွက် ထောင့်ဖြတ် ထားပေးခြင်း ဖြင့် ရေတွေ ကောင်းကောင်း လှည့်နေ စေပြီး Treatment ကိုဖြတ် စေရပါတယ်။ အဝင် နဲ့ အထွက် ကို လည်း သိပ်မကွာစေသင့်ပါဘူး။ ဒီအတွက် လိုအပ်တဲ့ Inlet အရေအတွက် နဲ့ နေရာချတဲ့ ပေါ်မူတည်ပါတယ်။
- ဒီလို Water Quality ကို ထိန်းသိမ်းဘို့ နဲ့ Health & Safety အတွက် မဖြစ်မနေ လိုက်နာရမဲ့ စည်းမျဉ်း စည်းကမ်း၊ ဥပဒေ တွေ ကို ဆက်လက်ဖော်ပြမှာ ဖြစ်ပါတယ်။
- Codes, Rules & Regulations
- Environment, Health and Safety လို့ ခေါ်တဲ့ ပတ်ဝန်းကျင်၊ ကျန်းမာရေး နဲ့ အန္တရာယ် ကင်းရှင်းရေး စတဲ့ လိုအပ်ချက် တွေ ကို ထိန်းသိမ်းဘို့ အတွက် လိုအပ်တဲ့ အချက်တွေ ကို တိုးတက်တဲ့ နိုင်ငံတွေ မှာ နိုင်ငံအလိုက်၊ (မြို့အလိုက်၊ ပြည်နယ် အလိုက်) သတ်မှတ်ထားတာ ရှိပါတယ်။ အဓိက ကတော့ သုံးမဲ့သူ တွေ အန္တရာယ် ကင်းရှင်းစေ ဘို့ နဲ့ အများပြည်သူ ကျန်းမာရေး ကို မထိခိုက် စေဘို့ပါ။
- အထူးသဖြင့် Public Pool တွေ အတွက် ဒီ Code လိုအပ်ချက် စည်းမျဉ်း တွေ က မလိုက်နာ လို့ မရတဲ့ စည်းမျဉ်းတွေပါ။ အများအားဖြင့် Public Pool ကို Operate လုပ်ဘို့ အတွက် လိုင်စင်၊ ပါမစ် လိုအပ်ပြီး Water Quality ကို report ပုံမှန်လုပ်ရလေ့ရှိပါတယ်။ ဒါကလည်း ဒေသ အလိုက် လိုအပ်ချက် ပါ။ မလိုတဲ့ နေရာ လည်း ရှိကောင်း ရှိနိုင် ပါတယ်။
- နေရာဒေသ အလိုက် အချို့ Regulation မှာ water quality လိုအပ်ချက် နဲ့ အမှတ်တမဲ့ ဝင်ပြီး ရေနစ်တာ ကို ကာကွယ်ဘို့ ခြံစည်းရိုး ခတ်တာ လောက် ပဲ ပြဌန်း ထားပေမဲ့ အချို့နေရာ တွေ မှာတော့ ဒီဇိုင်း အသေးစိတ် လိုအပ်ချက်၊ ရှိနေတဲ့ Technology နဲ့ ဆောင်ရန် ရှောင်ရန် အသေးစိတ် ကို ပါ ပေးထား တတ်ပါသေးတယ်။
- အချို့ ဒေသ က Regulation တွေမှာ အခြား Safety အတွက် Pool Water Depth ကို ပါ ကန့်သတ် ထားနိုင်ပါတယ်။ ဥပမာ။ ။ ရေအနက် 1.2m (4.0 ft) ကျော်ရင် Pool Life Guard ထားပေးရမယ် ဆိုတာမျိုးပါ။
- အချို့ဒေသ တွေ မှာ Specialist Contractor တွေ အတွက် အထူးလိုအပ်ချက် မရှိပေမဲ့ အချို့ဒေသ တွေ မှာ Swimming Pool Specialist ဖြစ်ကြောင်း Licensing Process / Exam / Registeration တွေ ကို လိုအပ်ပါတယ်။
- State of California လို Energy Conservation ကို အထူး အလေးထားတဲ့ ဒေသတွေ မှာ Energy Efficiency နဲ့ သက်ဆိုင်တဲ့ Regulation တွေကို ပါ သတ်မှတ် ထားပါတယ်။ California State Energy Commission က လိုက်နာရမဲ့ သတ်မှတ်ချက် တွေ ကို ပြဌာန်း ပေးထားပါတယ်။
- ဘာစည်းမျဉ်း မှ သတ်မှတ်ထားတာ မရှိတဲ့ နေရာ ဆိုရင်တောင် မှ ကျန်းမာရေး အတွက် လူတွေ စိတ်ချလက်ချ သုံးလို့ ရမဲ့ ရေကူးကန်ကောင်း ဖြစ်နေဘို့ လိုအပ်ပါတယ်။
- ဒီလိုအပ်ချက် နဲ့ ပတ်သက်လို့ စာဖတ်သူ ဆက်လက် လေ့လာနိုင်ဘို့ WebLinks နဲ့ အချက်အလက် တွေ ကို နောက်ပိုင်း မှာ အလျင်းသင့်သလို ထည့်သွင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။
- ဒီဇိုင်း ကို ပါ အသေးစိတ် သတ်မှတ်ပေး ထားတာတဲ့ Code တစ်ခု ကတော့ Fulton County Codes
[ http://www.fultoncountyga.gov/environmental-health/3697-fulton-county-code-of-ordinances-and-code-resolutions ] ဖြစ်ပါတယ်။
- Safety
- ပထမ ကာကွယ်ဘို့ လိုတာ က လူတွေ ရေ မနစ်စေဘို့ပါ။
- အများအားဖြင့် တစ်ယောက် တည်း ကူးနေတုန်း (မကူးတတ်လို့ပဲ ဖြစ်ဖြစ်၊ ကြွက်တက် လို့ပဲ ဖြစ်ဖြစ်) ရေနစ် ရင် ဘဝကူးဘို့ သေချာသလောက်ပါပဲ။ ဒါကြောင့် တစ်ယောက် ထဲ မကူးပါနဲ့။ အဖော် နဲ့ သွားကူးတာ က အရေးကြုံရင် အကူအညီ ရပါလိမ့်မယ်။ ( ရေနစ်ချင်ယောင် ဆောင်ပြီး နောက်တာ မျိုး ကို လည်း ရှောင်ပါ။ ) ဖြစ်နိုင်ရင် Lifeguard on duty ရှိနေတဲ့ အခြေအနေ မှာ ကူးပါ။
- မိုးရွာနေတဲ့ အချိန် (မိုးဖွဲဖွဲကျတာ အပါအဝင်) မှာ လျှပ်စီး ထိနိုင်တာ မို့ ရေကူးကန် ထဲ မှာ ရေမကူးသင့် ပါဘူး။ ရေကူးကန် (Outdoor) တွေ က လည်း မိုးရွာ ရင် ပိတ်ထားလေ့ ရှိပါတယ်။
- Public Pool တွေ မှာ အများအားဖြင့် Lifeguard ရှိနေ ဘို့ လိုအပ်ပါတယ်။ မရှိရင် လည်း မရှိကြောင်း ရေကူးတဲ့သူ ကန်ထဲ မဆင်းခင် အလွယ်တကူ မြင်သာတဲ့ နေရာမှာ Notice ချထားပေး ထားရ ပါတယ်။ အရေးအကြောင်း မှာ သုံးဘို့ ဘောကွင်း နဲ့ ကြိုးလို အသက်ကယ် ပစ္စည်းတွေ သာ မက First Aids Kits တွေပါ အသင့် ထားထားပေးရပါတယ်။ ရေရဲ့ WaterQuality ကို တိုင်းဘို့ Kits တွေ လည်း ကန်နားမှာ အဆင်သင့် ထားထားပေးရတတ် ပါသေးတယ်။
- အမှတ်တမဲ့ ကန်ထဲကျ ရေနစ် နိုင်မဲ့ နေရာ က ကန်တွေကို သင့်တော်တဲ့ ခြံစည်းရိုး ကာပေး ထားဘို့ လိုအပ်တတ်ပါတယ်။ Private Pool တွေ ဆိုရင် တော့ ကလေးငယ် တွေကို ကန်နား မှာ အမှတ်တမဲ့ မထားမိဘို့ အထူး ဂရုစိုက်ရပါလိမ့်မယ်။
- ရေနစ်ရတဲ့ နောက်တစ်ခု ကတော့ Pump Suction တွေမှာ ပိတ်ချုပ်မိ နေပြီး ရေနစ်တာပါ။ Pool အရွယ် နဲ့ မလိုက်အောင် ရေစုတ် အားကြီးတဲ့ Pump တွေပါဝင်တဲ့ Spa Pool တွေမှာ ဖြစ်တာ တွေ့ရပါတယ်။
- ဒုတိယ လိုအပ်တာ ကတော့ Water Treatment System ကြောင့်ဖြစ်တဲ့ Water Quality ထိခိုက်မှု တွေ ကို ကာကွယ်ဘို့ ပါ။ ဖြစ်တတ်တာတွေ ကတော့
- အက်ဆစ် တွေ များနေလို့ အရေပြား မျက်စေ့ ထိခိုက်တာ
- ကလိုရင်း များလို့ အရေပြား မျက်စေ့ ထိခိုက်တာ၊ အဆုတ် ထိခိုက်တာ။
- Residual Chlorine (ရေထဲမှာ အပိုကျန်နေတဲ့ ကလိုရင်း) နည်းလို့ (သို့) ထိထိရောက်ရောက် Water treatment မလုပ်နိုင်လို့ ဘက်တီးရီးယား အမျိုးမျိုး ပွားပြီး ရေကူးတဲ့သူ ကို ဒုက္ခပေးတာ။
စတာတွေပါ။
ဒါတွေကြောင့် လည်း Water Quality ကို မကြာခန တိုင်းတာ ပြီး Monitor လုပ်နေရတာ ဖြစ်ပါတယ်။
- MEP Systems
- System Components
- Swimming Pool တစ်ခု မှာ ပါဝင်တဲ့ MEP System Components တွေ ကတော့
- Circulation Pumps
- Water Filters (Sand, D.E, Cartridge, etc.)
- Water Treatments Systems
- Water Balancing (Gutters + Balancing/Surge Tank System (or) Skimmers Systems)
- Water Supply Make-up and Overflow Fittings
- Pipe & Fittings (Water Inlet Nozzles, Pipings, Valves, Strainers, Main Drains, Channel Grating, Skimmers, Vacuum Inlet, etc.)
- Back Wash Holding Tank (or) Backwash Absorption Pits
- Underwater Lights (Low Voltage)
- Pool Heaters
- Electrical Control Panel
- Swimming Pool Schematics နမူနာ တစ်ခု ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

Ref No | Description | | Ref No | Description |
1 | Circulation Pumps | | 9 | Balancing Tank (Surge Tank) |
2 | Sand Filter | | 10 | Pump Suction |
3 | PH Adjuster | | 11 | Main Drain Sump |
4 | Chlorinator | | 12 | Vacuum Point |
5 | Floor Inlet Nozzles | | 13 | Make-Up Water |
6 | Swimming Pool | | 14 | Over-Flow |
7 | Scum Gutter | | 15 | Back-Wash Tank |
8 | Strainer Busket | | 16 | Drain Sump |
- Circulation Pumps
- အဓိက တာဝန် က ရေကူးကန် ထဲ ကရေတွေ ကို Water Treatment ကိုဖြတ်ပြီး စီးဆင်းနေစေ ဘို့ ပါ။ သဘောတရား ကတော့ အခြား Pumps တွေ နဲ့အတူတူပါပဲ။
- Water Treatment System ရဲ့ ရှိနေနိုင်တဲ့ အမြင့်ဆုံး ခုခံအား (pressure head loss) မှာ လိုအပ်တဲ့ Turn Over Rate ကို ထုတ်ပေးနိုင်ဘို့ပါ။
- Pool Turnover Rate နဲ့ Pool Water Volume ကနေ Pump Flow rate ကိုတွက်ယူရပါမယ်။
Pump Flowrate= ( Pool Water Volume / Turn over period ) + Safety Factor(say 20%) - တွက်ချက်တဲ့ အခါ မှာ Unit ကိုတော့ သေသေချာချာ သတိထား ရပါမယ်။
- Pump Head ကို တွက်တဲ့အခါ မှာလည်း Filter ဟောင်းလာလို့ ပိုလာမဲ့ Pressure Loss ကို ထည့်သွင်းစဉ်းစားရပါတယ်။
- Water Filters (Sand, D.E, Cartridge, etc.)
- အဓိက တာဝန် က ရေထဲက အမှိုက် နဲ့ အမှုန်အမွှားတွေ ကို စစ်ထုတ် ဘို့ပါ။ သုံးလေ့ရှိတဲ့ အမျိုးအစား တွေ ကတော့။
- Cartridge Filter
- Sand Filter
- DE (Diatomaceous Earth) Filter
- Pool / Water Featurs အသေးတွေ ဆို cartridge filter က သုံးဘို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် Sand Filter နဲ့ DE Filter က အသုံးများ ပါတယ်။
- DE (Diatomaceous Earth) Filter က ပိုပြီး မှုန့်တဲ့ အမှုန်အသေး တွေ ကိုပါစစ်ပေးနိုင်ပြီး ပိုပြီးကြည်လင် တဲ့ ရေကို ရစေပါတယ်။
- စာရေးသူ က တော့ Sand Filter သုံးရတာကို ပိုကြိုက်ပါတယ်။ DE လောက်မကြည်တောင် မှာ ကန်အောက်ခြေ ကို ရှင်းရှင်းမြင်ရတဲ့ ရေကြည်ကြည် ကို ရနိုင်တာပါပဲ။ Maintenance လုပ်ရတာ လည်း အများကြီး ပိုလွယ်ပါတယ်။ ဈေးလည်း ပိုချိုပါတယ်။ ပတ်ဝန်းကျင် အတွက်ရော၊ maintenance လုပ်တဲ့ သူ အတွက် ရော ပိုကောင်းပါတယ်။
- Filter နှစ်မျိုးစလုံး က စစ်ထား တင်နေတဲ့ အမှိုက်တွေ ကို ပြန်ထုတ်ပစ်ဘို့ အတွက် Back wash လုပ်ရပါတယ်။ Sand Filter မှ သဲ ပြန်ဖြည့်ရလောက်အောင် ဆုံးရှုံး မှု မရှိပေမဲ့ DE ကတော့ အတိုင်းအတာ တစ်ခု အထိ ဆုံးရှုံးတာမို့ အပါတ်စဉ် ပြန်ဖြည့် (သို့) DE makeup ထားပေးရပါတယ်။ DE က ပေါင်ဒါလို အမှုန့် ဖြစ်တာမို့ သူ့ကို ဖြည့်တဲ့ အခါ ရှုသွင်းမိရင် အဆုတ် ကို ဒုက္ခ ပေးနိုင်ပါတယ်။ Cancer ဖြစ်စေနိုင် တယ် လို့ ဆိုပါတယ်။ နောက် မျက်စေ့ နဲ့ အသား ယားယံတာ၊ လောင်တာ တွေ ဖြစ်နိုင်ပါတယ်။ ရေရှည် ထိတွေ့ဘို့ မသင့်တော်တဲ့ ဓါတုပစ္စည်း တစ်ခုပါ။ ပါးစပ်ထဲ ဝင်လို့ မျိုချ မိရင်တော့ ဒုက္ခ မပေးဘူးလို့ ဆိုကြပါတယ်။ DE ကို ဓာတ်စာ လုပ်ရောင်းနေတာ တောင် ရှိပါတယ်။ Backwash လုပ်တဲ့ရေထဲမှာ DE ပါရင် Environment Control အရ လက်မခံ တဲ့ ဒေသ တွေ လည်းရှိတတ်ပါတယ်။
- အရွယ်အစား အရတော့ Capacity တူရင် သိပ်မကွာ လှပေမဲ့ Sand Filter က အနည်းငယ် ပိုကြီး လေ့ရှိပါတယ်။
- တည်ဆောက်ပုံ အသေးစိတ် နဲ့ အလုပ်လုပ်ပုံ ကို အောက်မှာ ပေးထားတဲ့ weblinks တွေထဲက supplier web site တွေ မှာ သွားရောက်လေ့လာ နိုင်ပါတယ်။
- အောက်မှာ Sand Filter တည်ဆောက်ပုံ နဲ့ DE Filter တည်ဆောက်ပုံ နမူနာ တွေ ကို ဖော်ပြထားပါတယ်။
- Sand Filter တည်ဆောက်ပုံ

Ref No | Description | Qty. Req'd. |
1 | Multiport Valve | 1 |
2 | Pressure Gauge | 1 |
3 | Valve/Tank O-Ring | 1 |
4 | Flange Clamp (Valve-Tank) | 1 |
5 | Sand Shield | 1 |
6 | Lateral Assembly W/Pipe | 1 |
7 | Filter Tank (SM1700T) | 1 |
8 | Lateral-One Piece / Screw on | 10 |
9a/9b | Drain Cap Assy (1 5/16” Dia) | 1 |
10 | System Mounting Base 1 | 1 |
11 | 1 ½” Elbow Adapter 1 | 1 |
12 | 1 ½” Straight Hose Adapter 1 | 1 |
13 | Hose | 1 |
14 | Hose Clamp | 2 |
15 | 5/16” X 3/4” Mounting Screw Kit | 2 |
16 | Pump | 1 |
17a /b | 3' or 6' Cord Set | 1 |
- ဒီ နမူနာ မှာ Pump ပါ တွဲရက် ပါဝင်နေ ပေမဲ့ Pump တွဲရက် မပါ တဲ့ (သီးခြား) Filter တွေ ကို လည်း သုံးနိုင်ပါတယ်။
- Sand Filter မှာ ပုံမှန်အားဖြင့် သဲထု က အနည်းဆုံး နှစ်ပေ နဲ့ Freeboard (နေရာလွတ်) တစ်ပေ လောက်လိုအပ်ပါတယ်။ Freeboard လိုအပ်ရတာ က Backwash လုပ်တဲ့ အခါ အမှိုက်တွေ ကို မွှေပြီး လျှံထုတ်ရမှာ မို့ သဲတွေ ရောပါသွားပြီး ဆုံးရှုံး မသွားစေဘို့ ဖြစ်ပါတယ်။
- D.E Filter တည်ဆောက်ပုံ

Ref No | Description | Qty. Req'd. |
1 | Manual Air Relief w/O-ring | 1 |
2 | Manual Air Relief Assembly | 1 |
3 | Pressure Gauge | 1 |
4 | O-Ring Kit | 2 |
5 | Manual Air Relief Nut | |
6 | Upper Filter Body | |
7 | Label Pack | |
8 | Clamp System including: Clamp, Clamp nut and Bolt, Hang tag, Metal Reinforced Seal and Labels | |
9 | Clamp Bolt and Nut | |
10 | Label Pack* | |
11 | Metal Reinforced Seal | |
12 | Retainer Nut 5/16”-18 | |
13 | Washer | 2 |
14 | Top Collector Manifold | |
15 | Retainer Rod | |
16 | Flex Air Relief Assembly | |
17 | Outlet Elbow O-ring | |
18 | Outlet Elbow | |
19 | Filter Element Cluster Assembly (Complete set of elements, collectors, Locators, Manifold, ect. | |
20 | Filter Element | 7 |
21 | Filter Element Short | 1 |
22 | Inlet Diffuser | |
23 | Element Spacer | |
24 | Filter Element Locator | |
25 | Bulkhead O-Ring | 2 |
26 | Bulkhead Fitting | 2 |
27 | Lower Filter Body | |
28 | Label Pack* | |
29 | Drain Plug w/ O-Ring | |
30 | Strap Kit (Optional) 2 straps, 2 Screws | |
31 | O-Ring (2 Req.) | 2 |
32 | Variable Flow Valve (Optional) | |
33 | Slide Valve 2” SKT (Optional) | |
- Water Treatments Systems
- အဓိက က တော့ ရေကို ပိုးသတ်ပေးဘို့ ပါ။ သုံးလေ့ရှိတာ က တော့ ကလိုရင်း (Chlorine) ထည့်ပေးတာပါ။
- Water Treatment System ထဲ လှည့်နေတဲ့ ရေထဲ မှာ တင်သတ်တာ မဟုတ်ပဲ ရေကန် ထဲမှာ ပါ အဆက်မပြတ် ဝင်လာတဲ့ ပိုးတွေ ကို သတ်ပေးနိုင်ဘို့ အသင့် ဖြစ်နေဘို့ အတွက် လိုအပ်တဲ့ Residual Chlorine အမြဲကျန်နေအောင် လည်း အပိုထည့်ပေးရပါတယ်။ Residual Chlorine ကို သင့်တော်တဲ့ မနည်းလွန်း မများလွန်း အခြေအနေ ရအောင် ထည့်ပေးရပါမယ်။ [ ဒီ Limits တွေ ကို လည်း EHS codes တွေ မှာ သတ်မှတ် ပြဌာန်း ထားတတ်ပါတယ်။ ဥပမာ စင်္ကာပူ နိုင်ငံ NEA Regulations အရ 1mg/ L ထက် မနည်းရ 3mg/L ထက် မများရ။ Ref APPENDIX 6: Water Quality Standards For Swimming Pool, Code Of Practice On Environmental Health 2005 with Addendum 1,2 &3, 2009 Jan ]
- Chlorine ထည့်ပေးတဲ့ စနစ် အမျိုးမျိုးရှိပါတယ်။ ဆေးပြား (Tablet) လိုထည့်ပေးနိုင်တဲ့ Tablet Chlorinator အသေးစား၊ Chemical Tank နဲ့ Pump သုံးပြီး ထည့်ပေးတဲ့ စနစ် အပြင် အိမ်သုံးဆား (NaCl ) ကနေ ကလိုရင်း ထုတ် ထည့်ပေးတဲ့ စနစ်တွေ စသည်ဖြင့် ပါ။ Chemical အနေနဲ့ Calcium hypochlorite Ca(ClO)2 ကို လည်း အသုံးများပါတယ်။
- နောက်တစ်ခု က တော့ PH Level ထိန်းထားဘို့ ပါ။ ဒါကလည်း Residual (Free) Chlorine ရဲ့ ဓာတ်ပြုမှု Activity တွေနဲ့ သက်ဆိုင်ပါတယ်။ နောက် လူတွေ ခံနိုင်တဲ့ ဝန်းကျင်လည်း ဖြစ်ဘို့ လိုပါတယ်။ Alkaline ဘက်နည်းနည်းရောက် နေ ဘို့ (7.2 < pH < 8 ) လိုအပ်ပါတယ်။ [ ဒီ Limits တွေ ကို လည်း EHS codes တွေ မှာ သတ်မှတ် ပြဌာန်း ထားတတ်ပါတယ်။ ဥပမာ စင်္ကာပူ နိုင်ငံ NEA Regulations အရ -pH 7.2 to 7.8 အတွင်း ထားရန်။ Ref APPENDIX 6: Water Quality Standards For Swimming Pool, Code Of Practice On Environmental Health 2005 with Addendum 1,2 &3, 2009 Jan]
- အခြားလိုအပ်တာကတော့ Algae (ရေညှိ) ကိုထိန်းဘို့၊ Scale (ရေချိုးကပ်တာ) ကိုထိန်းဘို့ နဲ့ လိုအပ်တဲ့ အရည်အသွေး Water Quality ရအောင် ထိန်းနိုင်အောင် လိုအပ်တဲ့ Chemical Treatment တွေပါ။ ကလိုရင်း ကို ထိန်းဘို့ နဲ့ လိုအပ်ရင် အခြားပိုးသတ် Chemical အချို့ လည်း ထည့်သုံးဘို့ လိုကောင်း လိုအပ်နိုင် ပါသေးတယ်။ ဒါတွေ ကတော့ သင့်တော်တဲ့ Specialist ရဲ့ ကျွမ်းကျင်မှု ကို ယူရပါလိမ့်မယ်။
- Water Balancing (Gutters + Balancing/Surge Tank System (or) Skimmers Systems)
- ရေတွေ ကို သေချာ Treatment လုပ်ထားပြီးသား ရေကြည်တွေ မို့ အလဟဿ ဆုံးရှုံးမှု မဖြစ်ဘို့ လိုအပ်ပါတယ်။ ရေတွေ အပြင် ကို လျှံထွက်ကျ မသွားဘို့ လိုအပ်ပါတယ်။
- Archimedes ရဲ့ နိယာမ မှာ ဆိုထား သလို ပဲ ရေကူးတဲ့သူ တွေ ကန်ထဲဆင်းရင် ရေမျက်နှာပြင် က မြင့်တက် ရပါတယ်။ အထူးသဖြင့် ရေကန် အကြီးစား တွေ မှာ ရေကို မဆုံးရှုံးစေပဲ ရေမျက်နှာပြင် ကို ထိန်းထားချင် ကြပါတယ်။ ဒီလိုထားနိုင် ဘို့ အတွက် Balancing (Surge) Capacity ဆိုတာ ကို စဉ်းစားရပါတယ်။ Balancing လိုအပ်ချက် က သုံးမဲ့ Water Circulation System Configuration ပေါ်မှာ မူတည်ပါတယ်။
- Balancing စဉ်းစားတဲ့ အခါ ရွေးစရာ စနစ် နှစ်ခု ရှိပါတယ်။ Balancing Tank (Surge Tank) ပါတာနဲ့ မပါတာပါ။ မပါတဲ့ စနစ် မှာ Skimmer Boxes တွေ ပါလေ့ရှိပါတယ်။
- Balancing Tanks (with Scum Gutter etc.)
- Skimmer System
- ပထမ တစ်ခု က ရေမျက်နှာပြင် ကို အမြဲ ထိန်းထား ချင်ရင် Scum Gutter Overflow နဲ့ Balancing Tank (Surge Tank) ကို သုံးရပါတယ်။ ဒီစနစ် က ကန်အရွယ်အစား မရွေးသုံးနိုင်ပါတယ်။

- ရေမျက်နှာပြင် အနည်းငယ် အတက် အကျ ဖြစ်တာ (၃ - ၄ လက်မ ခန့်) ကို လက်ခံ နိုင်ရင် တော့ ဒုတိယ အမျိုးအစား Skimmer System ကို သုံးနိုင်ပါတယ်။ (ရေမျက်နှာပြင် အတက်အကျ ရှိတာမို့ ကန်ဘေး မှာ ရေရာတော့ ထင် နေနိုင်ပါတယ်။) Skimmer လို့ခေါ်ရတာ က ရေအပေါ်ယံ ကို ပဲ ဆွဲယူအောင် လုပ်ထားတဲ့ Weir ပါတဲ့ Skimmer Box ရဲ့ ဒီဇိုင်းကြောင့်ပါ။ Pollutants တွေ က ရေမျက်နှာပြင် မှာ ပိုများပါတယ်။ Skimmer ကို သုံးခြင်းအားဖြင့် ဒီ Pollutant တွေ ကို Treatment System ထဲဖြတ်ပြီး သန့်စင်ပေးတာ ပါ။ ဒီ Skimmer စနစ် ကို အိမ်သုံး ကန်အသေးစား တွေ မှာပဲ သုံးသင့်ပါတယ်။


- Balancing Tank Capacity (Required Surge Capacity) ကိုတွက်ချက်တဲ့အခါ ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေ ကတော့
- ရေကူးမဲ့သူ အရည်အတွက် နဲ့ ပျမ်းမျှ အရွယ်အစား (avg 65L for Aseans, 85L for US)
- ရေလှိုင်းထု (assumed 20-25mm)
- ရေလှည့်ပေးမဲ့ စနစ်အတွက် အရံ Allowance for Pumping System and System Recirculation Delay
- Water Supply Make-up and Overflow Fittings
- အကြောင်းအမျိုးမျိုး ကြောင့် လျော့သွားတဲ့ ရေတွေ ကို ပြန်ဖြည့်ပေး ဘို့အတွက် Water Supply Make-up Fittings တွေ လိုအပ်ပါတယ်။
- Sand Filter / DE filter တွေ Backwash (ရေ ပြောင်းပြန် စီးပေးပြီး အနည်တွေ ထွက်သွားအောင် Filters တွေ ကို ဆေးပေးခြင်း။) လုပ်တဲ့ အခါ စစ်ပြီးသား ရေကူးကန် အတွက် ရေ Filtered Treated Water ကို သုံးရပါတယ်။ ဒါ့အပြင် အငွေ့ပျံ လို့ ဆုံးရှုံးတာ၊ လူတွေနဲ့ ကပ်ပါသွားလို့ ဆုံးရှုံးတာ၊ ကန်ရေလျှံလို့ ဆုံးရှုံးတာ၊ စသည်ဖြင့် ရေ ဆုံးရှုံးမှု တွေ ရှိပါတယ်။ ဒါတွေကို Make-up (ပြန်ဖြည့်ပေး) ဘို့ အတွက် အလိုအလျောက် ဖြည့်ပေးမဲ့ Water Supply Fittings တွေ ထည့်ပေးရပါတယ်။ Balancing Tank (Surge Tank) ပါတယ် ဆိုရင်တော့ ရေမှတ် Low Level တစ်ခု သတ်မှတ်ပြီး ဖြည့်ပေးနိုင်ပါတယ်။ ရေကူးကန် ထဲ တိုက်ရိုက် ဖြည့်ပေးနိုင်တဲ့ Fittings တွေလည်းရှိပါတယ်။
- ဒီလို Backwash လုပ်တာ က လည်း တစ်ပါတ်တစ်ခါ လောက် အနည်းဆုံး လုပ်ရလေ့ရှိတာ မို့ ရေကန်ထဲ ကရေတွေ ကို တစ်ဖြေးဖြေးချင်း အသစ်လဲ ပေးရလည်း ရောက်ပါတယ်။ ဒါကြောင့် ရေကူးကန် တစ်ခုလုံး ကို ဖောက်ထုတ် ရေလဲ ဘို့ ပုံမှန် အားဖြင့် မလိုအပ်တော့တာ ဖြစ်ပါတယ်။
- Save Environment, Conserve Water ! တစ်ခု သတိထားရမှာ က ရေတွေ အပို လျှံထွက် ဆုံးရှုံး မသွားရအောင် ဘယ်လောက်ဖြည့်ရမလဲ တွက်ချက် ချိန်ဆ ထား ဘို့ပါဘဲ။
- Water Treatment System ထဲမှာ အကြောင်းအမျိုးမျိုး ကြောင့် လိုအပ်တာထက် ပိုနေတဲ့ရေတွေ ကို လျှံထွက်စေ ဘို့အတွက် Overflow Fittings တွေ လိုအပ်ပါတယ်။ ဥပမာ။ ။
- Balancing Tank (Surge Tank)ပါတဲ့ စနစ်မှာ Balancing Tank (Surge Tank) ရဲ့ Overflow အမှတ်ကျော်လာရင်၊
- Balancing Tank (Surge Tank) မပါတဲ့ စနစ်မှာ ရေကန်ရဲ့ Overflow အမှတ်ကျော်လာရင်
ပိုနေတဲ့ ရေတွေ ကို Drainage System ထဲ လျှံကျ ထုတ်ပစ် ရပါတယ်။ - ဖြစ်နိုင်ခြေ တွေကတော့။
- Balancing (Surge) Capacity ကို စနစ်တကျ ဒီဇိုင်းလုပ်မထားတာ။ (Treated Water သန့်စင်ပြီးသား ရေကို အလဟဿ ဆုံးရှုံး စေသည်။ )
- မိုးရွာလို့ မိုးရေဝင် လို့ တိုးလာတာ
- ဒီဇိုင်းလုပ်ထားတာ ထက် ပိုတဲ့ လူတွေ ဝင်လာတာ (ဒါကတော့ ဖြစ်ခဲပါတယ်။)
- Pipe & Fittings (Water Inlet Nozzles, Pipings, Valves, Strainers, Main Drains, Channel Grating, Skimmers, Vacuum Inlet, etc.)
- Pool Water Treatment System အတွက် Pipe & Fittings တွေ လိုအပ်ပါတယ်။
- Water Inlet Nozzles (ကန်ထဲကို ရေထည့်ပေးဘို့ ရေဝင်ပေါက်)
- Pipings & Fittings (ရေပိုက် နှင့် ပိုက်ဆက်များ )
- Pumps Fittings (Strainers, Valves, Check Valves, Flexible Connectors, etc.)
- ကန်ထဲကရေတွေ ကို Treatment System ထဲကို စီးပေးမဲ့ Main Drains, Channel Grating, Skimmers, etc.
- Pool Maintenance လုပ်တဲ့အခါ နံရံတွေ နဲ့ အောက်ခြေ တွေ က အမှိုက်၊ အမှုန် အမွှား တွေ ကို စုတ်ယူ သန့်ရှင်း ပေး ဘို့ Vacuum Fittings တွေလည်း ပါဝင် ပါတယ်။ Vacuum Fittings ဆိုတာက လည်း တကယ်တော့ Filter ကို ပြန်သယ်သွားမဲ့ ရေလိုင်း ပဲ ဖြစ်ပါတယ်။
- Back Wash Holding Tank (or) Backwash Absorption Pits
- Filter Backwash လုပ်တဲ့အခါ စွန့်ထုတ်ရမဲ့ ရေရဲ့ အား က Pump Capacity ရှိသလောက် ဆိုတော့ ရေအားများတတ်တာမို့ Drainage Line က နိုင်ချင်မှ နိုင်ပါမယ်။ ဒါကြောင့် Drainage အတွက် Buffer လုပ်ဘို့ Back Wash Holding Tank (or) Backwash Absorption Pits လိုအပ် လေ့ရှိပါတယ်။ သူ့ရဲ့ အရွယ်အစား ကို တော့ Backwash Operation လိုအပ်ချက် အရ Pump Capacity (Flowrate) x 10 minutes လောက် ထားရလေ့ ရှိပါတယ်။
- Underwater Lights (Low Voltage)
- ညဘက်လို ကန်ရေထဲမှာ သဘာဝ အလင်းရောင် လုံလုံလောက်လောက် မရနိုင်တဲ့ အခါ ရေကူးနိုင်ဘို့ ရေအောက်မှာ မီးထွန်းပေး မဲ့ Underwater Light တွေကို သုံးရပါတယ်။ လျှပ်စစ် အန္တရာယ် မဖြစ်စေဘို့ အတွက် ဗို့အားနိမ့်နိမ့် (အများအားဖြင့် 24V ) ကိုသုံးရပါတယ်။ ရေထဲမှာ သုံးလို့ရအောင် ရေလုံ Water Seal တွေပါပါတယ်။ တကယ်လို့ မတော်တဆ ရေစိမ့်ဝင် ခဲ့ရင်တောင် မှ အလုပ်လုပ် နိုင်ပါလိမ့်အုံးမယ်။
- အရွယ်အစား၊ ပုံစံ နဲ့ wattage တွေကိုတော့ Architect နဲ့ညှိနှိုင်းပြီး ရွေးချယ်ရပါမယ်။ Special Lighting Effect လိုအပ်ရင်တော့ Lighting Specialist နဲ့ တိုင်ပင်ကောင်း တိုင်ပင် ရနိုင်ပါတယ်။ သူ့အတွက် လိုအပ်တဲ့ နေရာ ကိုလည်း ကန်ဆောက်တဲ့ အခါ ထည့်သွင်း စဉ်းစားထားရမှာ ဖြစ်ပါတယ်။
- Conduit တွေဆင်တဲ့အခါ မှာတော့ မတော်တဆ ရေဝင်ခဲ့ရင် Conduit တစ်လျှောက် စီးထွက် မသွားစေနိုင် ဘို့ သတိထား ရပါမယ်။
- မီးလုံး အများစု အတွက် အောက်ခံ ခွက် ကို ကွန်ကရိလောင်းထဲ က တစ်ပါတည်း ထည့်သွင့် တပ်ဆင်ပေးဘို့ လိုအပ်လေ့ရှိပါတယ်။ နောက်မှ လိုက်ထည့်ဘို့ မလွယ်ကူပါ။ မီးလုံး ကျွမ်းသွားရင် လည်း ရေဖောက်မထုတ်ပဲ လဲလှယ်နိုင်ဘို့ လိုအပ်ပါတယ်။ လိုအပ်မဲ့ ဝါယာကြိုး အရှည်ကို တွက်ပြီး ခွေထည့်ထားပေးရလေ့ရှိပါတယ်။
http://cdn.lesliespool.com/wpdf/jandywatercolors_install.pdf
- Pool Heaters
- နေရာဒေသ ရာသီဥတု ကိုလိုက်လို့ ဖြစ်ဖြစ်၊ သုံးစွဲသူ အကြိုက် ပဲ ဖြစ်ဖြစ် Pool Heating (Heat Pumps, Electric, Gas, etc.) တွေ လည်း ပါဝင် နိုင်ပါတယ်။ ASPE (American Society of Plumbing Engineers) Data book အရ ထားသင့်တဲ့ ကန်ထဲ က ရေအပူချိန် Design Temperature တွေ ကတော့
- Minimum Acceptable = 75°F (24°C)
- Competitive Swimming and Diving = 78-82°F (25.6-27.5°C)
- Commercial (Club, Motel, Apartment): 82-90°F (27.8-32.2°C)
- Residential: 75-85°F (24-26.7°C)
- Heat Pump တွေ ကို သုံးဘို့ အခွင့်အရေး ရရင်တော့ Energy Efficient ပိုဖြစ်နိုင်ပါတယ်။ DX Air-Con သုံးတဲ့ အိမ်အချို့မှာ Outdoor Unit Compressor အထွက် ကနေ Heat ကို ယူသုံးတာ လည်း တွေ့ဘူးပါတယ်။
- Energy Conservative ဖြစ်တဲ့ State of California မှာ ဆိုရင်တော့ သတ်မှတ်ထားတဲ့ Energy Efficiency Standard နဲ့ သက်ဆိုင်တဲ့ regulations တွေ ကို လည်း လိုက်နာရပါမယ်။
- ဒူဘိုင်း လို Energy ဖြုန်းနိုင်တဲ့ နိုင်ငံမှာ တော့ Outdoor Pool ကို အအေးခံ ဘို့ အတွက် Chilled Water ကို Heat Exchanger ခံပြီး ပေးတာ တွေ့ဘူးပါတယ်။
- Electrical Control Panel
- Water Pumps နဲ့ Underwater Lights တွေ အတွက် Electrical Control Panels တွေ လိုအပ် ပါတယ်။
- Electrical Safety မတော်တဆ ဖြစ်မှုတွေ ကို ကာကွယ်ဘို့ အတွက် RCCB
- Pool Circulation အတွက် Timer
- Underwater Lights တွေ အတွက် Step-down transformer
- Treatment Plant အတွက် Ventilation Fans
- MEP Equipments' Capacity Calculations
- Circulation Pump Capacity Calculation
- Pump Water Flowrate
Pool Turnover Rate နဲ့ Pool Water Volume ကနေ Pump Flow rate ကိုတွက်ယူရပါမယ်။
Pump Flowrate= ( Pool Water Volume / Turn over period ) + Safety Factor(say 20%)
တွက်ချက်တဲ့ အခါ မှာ Unit ကိုတော့ သေသေချာချာ သတိထား ရပါမယ်။
- Pool Water Volume
- Pool Water Volume ရှာတယ်ဆိုတာ ကတော့ ရေကန်ထဲ မှာ ရှိမဲ့ ရေထုထည် ပမာဏ ကို ရိုးရိုး Volume တွက်တာပါပဲ။ Rectangle ပုံဆိုရင် အလျား x အနံ x ပျမ်းမျှ အနက် နဲ့ မြှောက်ရင် ထုထည်ရမယ်။ Retangular မဟုတ်ရင်လည်း ကန်ကို ပျမ်းမျှ Rectangle အပိုင်းလေးတွေ ပိုင်းတွက် လို့လည်း ရပါတယ်။ AutoCAD နဲ့ဆိုရင်တော့ Area (ဧရိယာ) ကို ဆွဲတဲ့ပုံ အတိုင်း တိတိကျကျ တိုင်းပေးနိုင်ပါတယ်။
- Safety Factor က အမြဲထည့်စဉ်းစား မှာမို့ လက်ခံနိုင်တဲ့ အနီးစပ်ဆုံး ရရင် အဆင်ပြေပါပြီ။ ဒဿမ ဂဏန်း နဲ့ အတိအကျ (အချိန် အပိုအကုန်ခံပြီး) လိုက်တွက်နေဘို့ မလိုအပ်ပါဘူး။ ဒါကြောင့် US gal နဲ့တွက်တဲ့ အခါ 7.5 gal / ft3 နဲ့တွက်တာ ဖြစ်ပါတယ်။
- Depth က တူရင်တော့ Area x Depth Depth မတူရင် ဘယ်နည်း နဲ့ Average Depth အနီးစပ် ဆုံးရအောင် စဉ်းစားမလဲ တွက်ချက် ရမှာဖြစ်ပါတယ်။
- http://www.waterwarehouse.com/ ကပေးထားတဲ့ နမူနာ အလွယ် တွက်နည်း ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

- ဒါကို SI Units မှာပြောင်းကြည့်မယ် ဆိုရင်။
Geometry | Capacity Total (m³) |
Rectangular Pool: | Length (m) X Width (m) X Average Depth (m) |
 |
Oval Pool: | Long Diameter (m) X Short Diameter (m) X Average Depth (m) X 0.785 |
X 0.785 |
Circular Pool: | Diameter(m) X Diameter(m) X Average Depth(m) X 0.785 |
X 0.785 |
Pump Flowrate တွက်တဲ့ အခါ Litres ပြောင်းဘို့ လိုအပ်နိုင်ပါတယ်။ 1 m³ မှာ 1,000 Litres ရှိပါတယ်။
- Pump Head
- Pump Head ကို တွက်တဲ့အခါ မှာ တော့ Static Head နဲ့ Pipe & Fitting Losses တွေ ကိုစဉ်းစားပေးရပါမယ်။ စဉ်းစားတဲ့ အခါ Filter ဟောင်းလာလို့ ပိုလာမဲ့ Pressure Loss ကိုပါ ထည့်သွင်း စဉ်းစားပေးရပါမယ်။
- California Energy Commission - 2008 Building Energy Efficiency Standards မှာ တော့ ဒီလို ပေးထားပါတယ်။
H = C x F²- H is the total system head in feet of water.
- F is the flow rate in gallons per minute (gpm).
- C is a coefficient based on the volume of the pool:
- 0.0167 for pools less than or equal to 17,000gallons.
- 0.0082 for pools greater than 17,000gallons.
- Filter Capacity Calculation
- Filter Area ကို Regulation အချို့မှာ ဒီလို ကန့်သတ်ထားပါတယ်။
Filter factors (gpm/ft²): | CA Title 24: 2008 | Fulton County |
Cartridge | 0.375 | 0.375 |
Sand | 15 | 14 to 16 |
Diatomaceous Earth | 2 | 1 |
သတိပြုရန်။ ။ Unit က (gpm/ft²) ပါ။ SI Unit အတွက် 1 gpm/ft²= 40.74 lpm/m² ဖြစ်ပါတယ်။
Manufacturer's Recommendation ကတော့ ဒီ့ထက် အနည်းငယ် ပိုနိုင်ပါတယ်။
- ဒီဇယားအရ Filter Area တွေ ကို ယှဉ် ကြည့်ရင် ကတော့ DE Sand Filter ထက် ဧရိယာ ၇ ဆခွဲ ကနေ ၁၅ ဆ လောက် ထိ ပိုလို ပါတယ်။
- ဒါပေမဲ့ တည်ဆောက်ပုံ အရ ပြန်ကြည့်ရင် အရွယ် တူရင် DE Filter ရဲ့ Area က Sand Filter ထက် ၁၀ ဆ ကနေ ကနေ ၁၅ ဆ မက ပိုရှိနိုင် ပါတယ်။
- ဒါကြောင့် Capacity တူရင် အရွယ်အစား အရ တော့ သိပ်မကွာ လှပေမဲ့ Sand Filter က အနည်းငယ် ပိုကြီး လေ့ရှိပါတယ်။
- Sand Filter အတွက် ကတော့ ဒီလို တွက်လို့ရတဲ့ ဧရိယာ က Cylinder ရဲ့ စက်ဝိုင်း ဧရိယာ ဖြစ်ပြီး Filter Diameter ကို A = π d² / 4 ကနေ ခပ်လွယ်လွယ် ပြန်ရှာနိုင်ပါတယ်။ အခြား Filter တွေ အတွက် ကတော့ Manufacturer's Technical Data ကို မှီငြမ်းရပါမယ်။
- Balancing (Surge) Capacity Calculation
- Bather Load
- ဒါကို သိဘို့ အတွက် ရေကူးမဲ့သူ အရည်အတွက် နဲ့ ပျမ်းမျှ အရွယ်အစား ကို သိထားဘို့ လိုအပ်ပါတယ်။ ပျမ်းမျှ အားဖြင့် (avg 65L for Aseans, 85L for US) ပါ။ အရေအတွက် ကို တွက်တဲ့ အခါ မှာ Bathing Load Density လို့ခေါ်တဲ့ သတ်မှတ်ချက် ကို သိဘို့ လိုအပ်ပြန်ပါတယ်။ Bathing Load Density က နေရာဒေသ အလိုက် Regulation သတ်မှတ်ချက် ရှိနိုင်ပါတယ်။ အကြမ်းခန့်မှန်း ဘို့ အတွက် ကို အောက်က ဇယားမှာ ပေးထားပါတယ်။
Water Depth | Bather Load (m² / person) |
Shallow Water (under 1m deep) | 2.2 (23.7 square feet) |
Standing Water (1 - 1.5 m deep) | 2.7 (29 square feet) |
Deep Water (over 1.5 m deep) | 4.0 (43 square feet) |
Very Deep Water (over 2 m deep) | 4.0 OR Maximum DESIGN Bather load (whichever is less) |
Ref: The Swimming Pool Operators and Owners Resources Pages, UK [http://www.caromal.co.uk/Resource Page 1.HTM]
ကိုယ်သုံးမဲ့ ဒေသ ရဲ့ Regulation သတ်မှတ်ချက် နဲ့ နှိုင်းယှဉ်ကြည့်ဘို့ မမေ့ပါနဲ့။ Private Pool အတွက် ဆိုရင်တော့ အေးအေးဆေးဆေး ကူးဘို့ ပဲ ရည်ရွယ်တာ မို့ ဒီလောက် လူဦးရေ စိတ်ဘို့ လိုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုင်ရှင်ရဲ့ လိုအပ်ချက် ပေါ်ကြည့်ပြီး လူဦးရေ ကို သင့်တော်သလို လျှော့ချ နိုင်ပါတယ်။
- Wave Volume ရေလှိုင်းထု
- Pool Area နဲ့ ရေလှိုင်းထု ကို မြှောက်ရင် Wave Volume ကိုရပါတယ်။ ရေလှိုင်းထု ကို 20 ကနေ 25mm လောက် Assume လုပ်ပါ။
- Allowance for Pumping System and System Recirculation Delay (ရေလှည့်ပေးမဲ့ စနစ်အတွက် အရံ)
- Balancing Tank (Surge Tank) သုံးရတဲ့ နေရာတွေ မှာ Pump ကရေလှည့် ပေးတာ နဲ့ ကန်ထဲက ရေလျှံ ပြီး ပြန်ကျ လာမဲ့ အချိန် အတွင်း အချိန် အနည်းငယ် လိုပါတယ်။ ဒီအတွက် Pump တစ်မိနစ် စာ လောက် အရံ ချန်ထားသင့်ပါတယ်။
- ဒါ့အပြင် Pump တွေ က လည်း ရေနည်းရင် Vortex ပေါ်ပြီး လေကို ပါစုတ်သွင်း တဲ့ အခါ Cavitation ဖြစ်နိုင်တာမို့ ဒီလို မဖြစ်အောင် အနိမ့်ဆုံး ထားထားရမဲ့ Water Level တစ်ခု ရှိပါတယ်။ ဒါကို တော့ Balancing Tank (Surge Tank) ဒီဇိုင်းလုပ်တဲ့ အခါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။
- Balancing (Surge) Capacity တွက်ထုတ်ပုံ နမူနာ ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
Assumptions
Bather Volume, v0 = 0.06 m³/person ( 60 L / person )
Water Wave Height , h = 0.025 m (25mm)
Sr. | Pool ID | Pool Size | Bathing Load | Balancing Water Volume |
Area | Depth | Volume | ( m²/ person) | Persons | Bathers | Wave | Total |
(m²) | (m) | (m³) | (m³) | (m³) | (m³) |
A | D | V = AxD | L | *N= A/L) | v1= Nxv0 | v2= Axh | v3= v1+v2 |
1 | Public Pool | 300 | 1.4 | 420 | 2.7 | 112 | 6.7 | 7.5 | 14.2 |
2 | Private Pool 1 | 40 | 1.1 | 44 | 5.0 | 8 | 0.5 | 1 | 1.5 |
3 | Children (Wading) Pool | 30 | 0.4 | 12 | - | - | - | 0.75 | 0.75 |
- ရေကူးသူ ဦးရေ Bather Load *N ကို တော့ integer (ကိန်းပြည့်) ထားဘို့ အတွက် round up လုပ်ပေးရပါမယ်။
- Children (Wadding) Pool ဆိုတာကတော့ ကလေးတွေ ကူးဘို့ ထက် ရေတိမ်တိမ် မှာ ဆော့ဘို့ ပါ။ အများအားဖြင့် ၁၈ လက်မ (450mm) ထက် ပိုမနက် ရပါဘူး။ သူ့မှာ ကလေးတွေ ဆင်းဆော့တဲ့ အတွက် Bather Volume အနည်းငယ် ရှိမှာဖြစ်ပေမဲ့ Wave Volume နဲ့တင် လုံလောက်ပါလိမ့်မယ်။ သူ့အတွက် Turn Over ကတော့ မြန်ဘို့ လိုအပ်ပါတယ်။ ( ၁ နာရီ - ၂ နာရီ)
- Balancing Tank (Surge Tank) ကို ဒီဇိုင်းလုပ်တဲ့ အခါ သိဘို့ လိုအပ်တဲ့ အချက်တွေ ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Dimension | Description | Value |
A | Clearance Below Pump Suction Fitting | 75-100 mm |
B | Minimum Water Level to avoid Cavitation | 300 mm (or) Pump Requirements |
C | Pool Balancing Active Height | Calculate from Balancing Volume |
D | Make-up Range | 100 mm (and) < C |
E | Clearance Below Strainer Busket | > 50 mm |
F | Clearance Below Overflow Pipe | 25 mm |
G | Water Inlet above Top of Overflow Pipe | 25 mm |
- Pool Balancing Active Height (C) ကို ဒီလို တွက်ယူ နိုင်ပါတယ်။
Pool Balancing Active Height (C) = Balancing Volume / Balancing Tank Area - Make-up Range D ကတော့ မလိုအပ်ပဲ ရေပို မဖြည့်ရလေအောင် ထိန်းဘို့ပါ။ ရေကို အလေအလွင့် ပိုနည်းစေဘို့ အတွက် ဖြစ်နိုင်ရင် Make Up Range (D) ကို Active Height (C) အတွင်းမှာ မထားပဲ သီးသန့် ထည့်သွင်းစဉ်းစား ပေးသင့် ပါတယ်။
- Make-up Fitting အဝင်ရဲ့ အထက် မှာလည်း FreeBoard Space အနည်းငယ် ရှိဘို့ လိုအပ်ပါတယ်။
- Balancing for Skimmer Systems
- ဒီ စနစ်မှာ အရေးကြီးတာ က Make-up နဲ့ Overflow Level နှစ်ခု ကို သေချာ ရွေးချယ်တတ်ဘို့ ပါ။
- စဉ်းစားတဲ့ အခါ Bather Load နဲ့ Wave Volume အတွက် ရယ်။ Flap Weir / Floating Weir အလုပ်လုပ် မဲ့ အခြေအနေ ကို ထည့်သွင်း စဉ်းစားပေးရပါမယ်။ ပြီးရင် TWL (Top Water Level) အထက် ကို Overflow Level လို့ သတ်မှတ်၊ LWL (Low Water Level) ရဲ့အောက် ဆို Make-up လို့ သတ်မှတ်ရပါမယ်။

- Free Board Height = T.W.L – L.W.L C ကို လိုချင်ရင် တွက်ရမှာ ကတော့
Free Board Height = Balancing Volume / Pool Area
- တစ်ခါတစ်ရံ ကန်ရေမျက်နှာပြင် က Floating Weir အောက်နိမ့်သွား နိုင်လို့ Skimmer ထဲ ရေမဝင် နိုင်တဲ့ အခြေအနေ မျိုးဖြစ်လာရင် ကန်ထဲက နေ Skimmer အောက်ခြေ ကို Balancing Pipe တစ်ချောင်း သွယ်ပေးရနိုင်ပါတယ်။
- Pipe Sizing
- Regulation အရ သတ်မှတ်ချက် မရှိရင် ပိုက်အရွယ်အစား ရွေးချယ်တဲ့ နည်းကတော့ Domestic Water Supply နဲ့ Sanitary Drainage တွေမှာ ရွေးတဲ့ အတိုင်း ရွေးချယ်နိုင်ပါတယ်။
- ပိုက်အရွယ်အစား ရွေးချယ်နိုင်ဘို့ Fulton County ကတော့ Maximum Flow velocity ကို ဒီလို သတ်မှတ် ထားပါတယ်။
- Pressure piping : < 10 fps
- Vacuum lines : < 5 fps
- California Energy Commission - 2008 Building Energy Efficiency Standards မှာ တော့ ဒီလို ပေးထားပါတယ်။
- Return line : < 8 fps
- Suction line : < 6 fps
- ဒီ Standard ကို အခြေခံ ထားတဲ့ 2008 Residential Compliance Manual မှာတော့ ပိုက်အရွယ်အစား ကို တစ်ခါထဲ သတ်မှတ်ပေးထားပါတယ်။
Table 5-3 – 6-Hour Turnover Pipe SizingPool Volume (gallons) | Minimum Pipe Diameter (in) |
Min | Max | Return | Suction |
- | 13,000 | 1.5 | 1.5 |
13,000 | 1,7000 | 1.5 | 2 |
17,000 | 21,000 | 2 | 2 |
21,000 | 30,000 | 2 | 2.5 |
30,000 | 42,000 | 2.5 | 3 |
42,000 | 48,000 | 3 | 3 |
48,000 | 65,000 | 3 | 3.5 |
- Gravity / Gradient Flow Line တွေ ကို တော့ Manning Equation နဲ့ ဖြစ်ဖြစ် Gradient Flow Chart တွေနဲ့ ပဲဖြစ်ဖြစ် Size လုပ်နိုင်ပါတယ်။
- Other Pools & Fish Ponds
- Pools for Water Sports: အိုလံပစ် ရေကူးကန် များ။
- Swimming Competition, Diving, Water Polo, Synchronized Swimming အစ ရှိတဲ့ အားကစား တွေ အတွက် သုံးတဲ့ Swimming Pool ပါ။ တင်းကျပ်တဲ့ Rules တွေ နဲ့ အတိုင်းအတာ Tolerances သတ်မှတ်ချက်တွေ ရှိပါတယ်။
- အိုလံပစ် အားကစား တွေ အတွက် သုံးမဲ့ Pool တွေ အတွက် စံ တွေ ကို သတ်မှတ် ပေးထားတဲ့ အဖွဲ့အစည်း ကတော့ Fédération Internationale de Natation (FINA) ပါ။ (Fédération Internationale de Natation (FINA) is the International Federation (IF) recognized by the International Olympic Committee (IOC) for administering international competition in the aquatic sports (its name translated from French is "International Swimming Federation").
- ဒီ သတ်မှတ်ချက် တွေ ကို fina.org web site မှာ FINA Facilities Rules ဆိုပြီး တင်ပေးထားပါတယ်။
FINA Facilities Rules [http://www.fina.org/project/index.php?option=com_content&task=view&id=51&Itemid=119] - အလုပ်တစ်ခု မှာ လိုအပ်ချက် အရ ဒီလို Swimming Pool မျိုးကို ဒီဇိုင်း လုပ်တဲ့ Specialist နဲ့ အခြေခံ ဒီဇိုင်း တွဲလုပ်ဘို့ အခွင့်အရေး ရခဲ့ ဘူးပါတယ်။ သူ့ရဲ့ Idea ကို ပြန်မျှပေးလိုက်ပါတယ်။

- Competition Pool နဲ့ Diving Pool ကို အရှည်လိုက် တွဲပါတယ်။
- Specialist ဒီဇိုင်း လုပ်တာ ကတော့
- Turn Over = 4 hr
- Water Inlet Bottom Inlet, Slowly
- Balancing Tank (Surge Tank) at One Edge of the Pool : No Scum Gutter Required, Direct to the Balancing Tank
သူ့ရဲ့ Balancing Tank (Surge Tank) ထားတဲ့ ပုံရဲ့ အကြောင်းရင်း ကတော့ ရေက မျက်နှာပြင် ညီအောင် သူ့ဖာသာ အလိုလို ညှိပါတယ်။ ပိုတဲ့ ရေက ဘယ်ဘက်က ဖြစ်ဖြစ် လျှံကျမှာ ပါပဲ။ (မှတ်ချက်။ ။ Public Pool မှာ တော့ Regulation အရ ဒီအချက် အကျုံးဝင်ချင်မှ ဝင်ပါမယ်။)သူပြောခဲ့တာ က "This is the beauty of water. "။
- ဒါ့အပြင် ကစားနည်းကို လိုက်ပြီး ရေအနက် ကို ညှိနိုင်ဘို့ Pool အောက်ခြေ ကို လိုသလို နှိမ့်လို့ မြှင့်လို့ ရအောင် လုပ်တာ။ ရေအောက် ကင်မရာ တတ်ဆင်ဘို့ စတာတွေ ကို လည်း စဉ်းစားပေး ရပါတယ်။
- Water Treatment ကို လည်း တင်းကျပ်တဲ့ သတ်မှတ်ချက် တွေ နဲ့ ထိန်းပေးဘို့ လိုအပ်ပါတယ်။ Specialist မှီငြမ်းတဲ့ Standard ကတော့ The Pool Water Treatment Advisory Group (PWTAG) ရဲ့ Treatment and quality standards for pools and spas ဖြစ်ပါတယ်။
PWTAG Website [ http://www.pwtag.org/home.html ]
- အသေးစိတ် ဒီဇိုင်း လုပ်ဘို့ အခွင့်အရေး တော့ မရလိုက်ပါဘူး။
- Swimming Pool vs Fish ponds
- နောက်တစ်ခု သိထားသင့်တာ ကတော့ ရွှေငါးကန် နဲ့ Swimming Pool လုံးဝ မတူဘူး ဆိုတာပါ။ ငါးတွေ ကို မွေးတဲ့ အခါ ငါးတွေရဲ့ အညစ်အကြေး မှာ ပါတဲ့ အထူးသဖြင့် နိုက်ထရိုတ် ဓာတ်ပေါင်း တွေ ကို ဖြေပေးဘို့ Biological Filter တွေ လိုအပ်ပါတယ်။ ငါး အမျိုးအစား ကို လိုက်ပြီး ရေရဲ့ Quality ကို ထိန်းပေးဘို့ လည်း လိုအပ်ပါတယ်။ ငါးတွေ နဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင်၊ Aquatic Plants ရေပေါ်ရေအောက် အပင် တွေ ရှင်သန်ဘို့ အတွက် လည်း စဉ်းစားရပါမယ်။
- Swimming Pool ရေထဲမှာ ပါတဲ့ Chlorine ကတော့ ငါးတွေ အတွက် အဆိပ်ပါပဲ။ အသုံးများတဲ့ Biological Filter တွေကလည်း ငါးတွေရဲ့ အညစ်အကြေး တွေ မှာ ပါတဲ့ အမိုးနီးယား နဲ့ nitrites တွေကို nitrate တွေအဖြစ် ပြောင်းပေးနိုင်မဲ့ Bacteria တွေကို ထည့်သွင်း အသုံးချ လေ့ရှိပါတယ်။ Chlorine က သူတို့အတွက် လည်း ရန်သူ ဖြစ်ပါတယ်။
- ဒါကြောင့် Swimming Pool နဲ့ ငါးအလှမွေး ကန် အတွက် Treatment System ကို ပေါင်းလို့ မဖြစ်နိုင် ပါဘူး။
- ရေကူးကန် နဲ့ ငါးအလှကန် ကို ယှဉ်ရဲ့ ထားထားတဲ့ Project တစ်ခု မှာ ရေကူးကန် ကို Service လုပ်ရင်း ရေကူးကန်ထဲက ရေတွေ ငါးကန် ထဲ နည်းနည်းဝင်သွားတာ နဲ့ ငါးတွေ လျှော ကုန် လို့ ကန်ထရိုက်တာ အကြီးအကျယ် လျော်လိုက်ရတယ့် သတင်းတစ်ခု ကြားဘူးပါတယ်။ ဒီ (Koi Fish လို ရွှေငါးတွေ က အင်မတန် ဈေးကြီးနိုင် ပါတယ်။)
- Other Pools and Some Notes
- Water Fountains, Water Fall, Water Features and Display စတာ တွေ ကပ်ပါလာပြီ ဆိုရင် အဲဒီမှာ လိုချင်တဲ့ Display Pattern ကို ရဘို့ အတွက် Pump Capacity ကို သတ်သတ်တွက်ယူရမှာ ဖြစ်ပါတယ်။ အများအားဖြင့် Water Treatment အတွက် လိုအပ်တဲ့ Circulation Pumps တွေ နဲ့ မလုံလောက် ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ Display Pattern ရနိုင်မဲ့ Pump Set တွေ ကို သီးသန့် ဆင်ပေးဘို့ လိုအပ်ပါတယ်။ သီးခြားစီ ထားခြင်းအားဖြင့် Control လုပ်လို့ ပိုကောင်းပါတယ်။
- Spa Pools: Spa Jet တွေ ပါခဲ့ရင် လည်း ဖြစ်နိုင်ရင် သီးသန့် Pumps တွေ တပ်ဆင် ထားပေးသင့် ပါတယ်။
- Leisure Pool လို့ခေါ်တဲ့ အပျော်ဆော့ ကန် တွေမှာ လှိုင်းလုံးတွေ ကို ဖန်တီးပေးတာက တော့ BAS (Building Automation Systems) နဲ့ ထိန်းထားတဲ့ Automatic Controlled Blower တွေပါ။ သူ့ရဲ့ သဘောတရား က လည်း Wave Travels but Water does not. Water Only Moves Up and Down. ဖြစ်ပါတယ်။
- ရေစပ် ကနေ လျှောစောက် ပြေပြေ နဲ့ ရေတိမ်ကနေ ရေနက်ကို တစ်ဖြေးဖြေးချင်း နိမ့်ဆင်းသွားတဲ့ ရေကန်တွေ ကိုတော့ Zero Entry Pool လို့ခေါ်လေ့ ရှိပါတယ်။
- ဒီလောက်ဆိုရင် စာဖတ်သူ ဆက်လက်လေ့လာ ဘို့ အတိုင်းအတာ တစ်ခု အထိ ရောက်ပြီ လို့ မျှော်လင့် ပါတယ်။ ကိုယ်ပိုင် ရေကူးကန် ရဲ့ ပုံ ကို Online ဆွဲပြီး စိတ်ကူးယဉ် နိုင်ဘို့ Link တစ်ခု ကို အောက်မှာ ပေးထားပါတယ်။
My Dream Pool by Hayward Pool Products [ http://www.mydreampool.com/ ]
- အခြားအဆင့် တွေ အတွက် Checklist တွေ ကို အောက်မှာ ဆက်ပေးထားပါတယ်။ ကြုံရင် တော့ ထပ်ဖြည့် ပေးပါမယ်။ အခုတော့ ဒီလောက်နဲ့ တင် နားခွင့်ပြုပါ။
- Construction
- Coordination with Architects & Structural Engineers
- Aesthetic (Architectural Appeal)
- Spaces for MEP Systems, Equipment Logistic Routes
- Ventilation for Filtration Plant
- Water Pressure vs Structure (similar to water tanks)
- Before Concreting: Installation of Pipe Spools, Box-ups for Pool Fixtures and Lighting, Electrical Conduits, etc.
- Water Proofing Installations to prevent water leaks ( water proofing membrane, double slabs, puddle flanges, etc.)
- Pool Maintenance
- Cleaning / Vacuum
- Filter Backwash
- Water Quality Check
- System Check
- Pool Winterizing [ http://www.poolandspa.com/page107.htm ]
- Natatoriums - HVAC
- Evaporation Rate Calculation
- Environment Control and Humidity Removal
- References
Web-Links- Code & Regulations
- National Swimming Pool Foundation, USA: Code Links [ http://www.nspf.org/Codes_Links.html ]
- NEA Singapore - Code Of Practice On Environmental Health 2005 with Addendum 1,2 & 3 Chapter 7 Swimming Pool, 2009 Jan
[ http://app2.nea.gov.sg/cop_copeh_sp.aspx ]
- NEA Singapore - Swimming Pool License
[ http://app2.nea.gov.sg/onlinesvcs_swimmingpool.aspx ]
- NEA Singapore - Swimming Pool License Renewal Application
[ http://app2.nea.gov.sg/NEADownload.aspx?res_sid=20081202770387696494 ]
- USA, Georgia Counties: Codes Lists
[ http://waterworldinc.net/CodeSection/CountyList.htm ]
- USA : Georgia Counties: Fulton County Codes
[ http://www.fultoncountyga.gov/environmental-health/3697-fulton-county-code-of-ordinances-and-code-resolutions ]
- USA : California Energy Commission - Resource Library [ http://www.title24learning.com/page.php?pg=resourselibrary.php ]
- Western Australia : Code of Practice for the Design, Construction, Operation, Management and Maintenance of Aquatic Facilities (October 2009) pdf download
[ http://www.public.health.wa.gov.au/cproot/1893/2/CODE OF PRACTICE-AQUATIC FACILITIES 2009.pdf ]
- Western Australia : Code of Practice for the Design, Construction, Operation, Management and Maintenance of Aquatic Facilities (October 2009) Online
[ http://www.public.health.wa.gov.au/3/914/2/code_of_practice.pm ]
- Reference Standards
- Olympic Standards : Fédération Internationale de Natation (FINA)
[ http://www.fina.org/project/index.php?option=com_content&task=view&id=51&Itemid=119 ]
- Anthropometrics: (United States Swimming)
[ http://www.usaswimming.org/USASWeb/DesktopDefault.aspx?TabId=234&Alias=rainbow&Lang=en ]
- PWTAG : Treatment and quality standards for pools and spas
[ http://www.pwtag.org/home.html ]
- USA : California Energy Commission - 2008 Building Energy Efficiency Standards
[ http://www.energy.ca.gov/2008publications/CEC-400-2008-001/CEC-400-2008-001-CMF.PDF ]
- Online Articles
- Swimming Pool Fundamentals.html [ http://www.watermaid.ca/swimming-pool-fundamentals.html ]
- USA : Georgia Counties: Fulton County Codes (Good Reference)
[ http://www.fultoncountyga.gov/environmental-health/3697-fulton-county-code-of-ordinances-and-code-resolutions ]
- Wiki Swimming_pool [ http://en.wikipedia.org/wiki/Swimming_pool ]
- Pool Operations [ http://www.jazziepools.com/services/poolops.asp ]
- Swimming Pool Sanitation Article
[ http://www.pressreleasepoint.com/swimming-pool-sanitation-make-your-swimming-pool-clean-and-safe-health ]
- Pool Care Guide: from Doheny’s Water Warehouse
[ http://www.waterwarehouse.com/swimming-pool-care-guide.aspx ]
- The Swimming Pool Operators and Owners Resources Pages, UK
[ http://www.caromal.co.uk/Resource Page 1.HTM ]
- Pool Fittings Manufacturers / Suppliers
- Pentair Water Pool and Spa [ http://www.pentairpool.com/ ]
- Hayward Pool Product [ http://www.haywardnet.com/ ]
- Hayward : Pools Fittings Owner's Manual Download
[ http://www.haywardnet.com/inground/products/manuals.cfm ]
- Hydrotech (uae) [ http://www.hydrotechuae.com/ ]
Read More... [ အကျယ် ဖတ်ရန်... ]
Summary only...