၁.၅.၁ ခေတ်ဟောင်းက အဆောက်အအုံ များ
အထက်မှာဖော်ပြထားတဲ့ စည်းမျဉ်း လေးဟာ ရိုးစင်းလှ ပေမဲ့ ခေတ်ဟောင်းက အဆောက်အအုံ တွေအတွက် အဓိက လိုအပ်ချက်ပါ။ ယုံကြည်စိတ်ချ အားထား ရပြီး ကုန်ကျစရိတ် ကလည်း လူတွေ တတ်နိုင်လောက်အောင် တဲ့ M&E Systems တွေ မထွန်းကားလာခင် အချိန်တုန်းက လူတွေ နေဘို့၊ သုံးဘို့ အဆောက်အအုံ တွေကို ဒီဇိုင်း လုပ်တဲ့အခါ လိုက်နာရမယ့် အဓိက စည်းမျဉ်းလေး တစ်ခုပါပဲ။ အခြေအနေ နဲ့ လိုက်လျော ညီထွေ ဖြစ်တယ်လို့ ဆိုရအောင်ပဲ အရင်တုန်းက အဆောက်အအုံ တွေ ဆောက်တဲ့ အခါ အများအားဖြင့် အလင်းရောင် နဲ့ လေဝင်လေထွက် ကောင်းကောင်း ရနိုင်တဲ့ E ပုံ၊ H ပုံ၊ I ပုံ၊ L ပုံ၊ U ပုံ စသည် ဖြစ်လေ့ ရှိပြီး အတွင်းပိုင်းမှာ Corridor (လူ သွား စင်္ကြံ) ပါလေ့ရှိပါတယ်။
ကျယ်ကျယ် နက်နက် ဘူး ပုံဆောက်ထားတဲ့ အဆောက်အအုံ တွေမှာ ဆိုရင်လည်း နေ့အလင်းရောင် နဲ့ ပြင်ပလေကောင်းလေသန့် ရရှိနိုင်ဘို့ရာ အတွင်းပိုင်းမှာ Court yard လို့ခေါ်တဲ့ ကစားစရာ၊ အပန်းဖြေစရာ ကွက်လပ်နေရာ တွေ ပါရလေ့ ရှိပါတယ်။
Cathedrals (ဘရင်ဂျီ ဘုရားရှိခိုးကျောင်း) တွေလို ဘာသာရေးဆိုင်ရာ အထွတ်အမြတ် အဆောက်အအုံ တွေမှာတော့ အပေါ်က ပြောခဲ့တဲ့ စည်းမျဉ်းက နေ ခြွင်းချက် လို့ ပြော ရမှာပါ။ ဒါပေမဲ့ အဲဒီ အဆောက်အအုံ တွေ အားလုံး မှာ လေဝင်လေထွက် ကောင်းဘို့အလွန်မြင့် တဲ့ Atrium (ခန်းမဆောင် ကြီး) တွေ ရယ်၊ နေရဲ့ အပူရှိန် ကို ကာကွယ်နိုင်ဘို့ နံရံ အထူကြီးတွေ၊ Thermal Energy ကိုထိန်းနိုင်ဘို့ Heavy Mass တွေ ပါရှိ ကြပါတယ်။ အတွင်းပိုင်း မှာလည်း လျှပ်စစ်မီး မသုံးပဲ မီး ခပ်မှိန်မှိန် ထွန်းထား လေ့ရှိပါတယ်။
သမိုင်းကြောင်း တစ်ပတ်လည် လာလို့ Energy တွေသိပ်ရှားပါးလာရင် ဒီလို ပုံစံတွေပြန် ခေတ်မစား ဘူးလို့ ဘယ်သူ ပြောနိုင်ပါ့မလဲ နော်။
၁.၅.၂ အဆောက်အအုံ ၏ အမြင့် နှင့် နေရာ အသုံးချမှု
Building တွေကို Low-Rise, High-Rise စသည်ဖြင့် အမျိုးမျိုး ခွဲခြားနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်အမြင့်ကို ဘာလို့ ခေါ်မလဲ ဆိုတဲ့ တကယ့် သတ်မှတ်ချက် ကို ရှာတဲ့ အခါ အမျိုးမျိုး ကွဲပြားနေတာကို တွေ့ရပြန်ပါတယ်။ အကြမ်းအားဖြင့် ပြောရလွယ်အောင်
Class (အဆင့်) | ပျမ်းမျှ အထပ်ရေ | ပျမ်းမျှ အမြင့် | |
Low-Rise | Upto 7 stories | < 23m (၇၅ ပေ အောက်) | |
High-Rise | 7-29 stories | 23 m to 100 m (၇၅ပေ မှ ၃၂၈ပေ၊) | |
Super High-rise | 30-50 stories | 100 m to 150 m (၃၂၈ပေ မှ ၄၉၁ပေ၊) | |
Skyscrapers | > 51 stories | >150m (၄၉၁ပေ အထက်၊) |
ဒါက ခွဲခြားရတာ လွယ်ကူအောင် သက်သက် အတွက်ပဲ ပြောရတာပါ။
အထပ်မြင့် တွေနဲ့ စာရင် အထပ်နိမ့် အဆောက်အအုံ တွေ ကို ပို သက်သက်သာသာ နဲ့ ဆောက်နိုင်ပြီး ပိုပြီးအရာရောက် အသုံးချ နိုင် မှန်းသိသာပါတယ်။ သို့ပေမဲ့ မြို့ပြ မြေနေရာတွေ ရှားပါးလာတာနဲ့ အမျှ High-Rise Building တွေတင် မကပဲ Skyscrapers တွေပါ ဆက်လက် ရေပန်းစား နေအုံး မှာပါ။ High-Rise Buildings တွေနဲ့ သက်ဆိုင်တဲ့ ထူးခြားတဲ့ အမှတ်အသား၊ သင်္ကေတ အဆောင်အယောင်၊ ဂုဏ်ရှိန် ဂုဏ်ဝါ တွေ ကလည်း Economic Terms နဲ့ပြဘို့ ခက်ခဲ ပေမဲ့၊ တကယ့်ကို အရေးပါလှတဲ့ အချက်တွေပါ။
ရာဇဝင် ကို ပြန်ကြည့်ရင် အဆောက်အအုံ ရဲ့အမြင့်ဟာ လူတွေရဲ့ လှေကား ကို ဘယ်လောက်တက်နိုင်၊ ဆင်းနိုင်တယ် ဆိုတဲ့ စွမ်းရည် နဲ့ပဲ အဓိက ကန့်သတ်ထား တာပါ။ ဒါပေမဲ့ ခုခေတ် High-Rise Building တွေမှာကတော့ လှေကားတွေ ဟာ အရေးပေါ် အခြေအနေ နဲ့ တစ်ထပ်နဲ့ တစ်ထပ်ကြား ကူးဘို့လောက်ပဲ သုံးကြပြီး ဓာတ်လှေကား ကိုပဲ အဓိက အသုံးပြုကြ ပါတော့တယ်။ ခုလက်ရှိ Elevator တွေဟာ ( 150 to 750m/min) အတွင်း ဒီဇိုင်းလုပ်ထားကြပါတယ်။ ဒါဟာ တစ်မိနစ်ကို ပေ ၅၀၀ ကနေ ၂၅၀၀ အတွင်းပါ။ ဒီအမြန်နှုန်း နဲ့ဆိုရင် အထပ် ၃၀ လောက်အမြင့်ကို စက္ကန့် ၃၀ အတွင်း ရောက်သွား နိုင်ပါတယ်။ စောင့်ရတဲ့ အချိန်တို့၊ လူအတက်အဆင်း၊ တံခါး အဖွင့်အပိတ် အချိန်တို့ မပါပေါ့လေ။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ် လာမဲ့ Burj Dubai Tower မှာ တော့ ကမ္ဘာပေါ်မှာ အမြန်ဆုံးဖြစ် တဲ့ 18 m/s (1080m/min) Speed: Observation Elevator ကိုတတ်ဆင် မယ်လို့ဆိုပါတယ်။ Architectural Concept Design အဆင့်မှာ ထဲက Traffic Analysis လို့ခေါ်တဲ့ Elevator Performance ကို ခန့်မှန်း တွက်ချက်ပြီး လူတွေ ပျမ်းမျှ ဘယ်နှစ်မိနစ် ပဲ စောင့်ရအောင် Elevators က ဘယ်နှစ်စင်း၊ Zones က ဘယ်နှစ်ခု လိုမယ် အစရှိသဖြင့် လျာထားရ ပါတယ်။
၁.၅.၃ Building Efficiency Factors (အဆောက်အအုံ ၏ ထိရောက်စွာ အသုံးပြု နိုင်မှု အချက်များ)
Theoretically ပြောရရင် အတွင်းပိုင်း နေရာအားလုံး ကို အသုံးပြု နိုင်ရင် ရာနှုန်းပြည့် ထိရောက်ပါတယ်။ ဒါကလည်း တစ်ထပ်အဆောက်အအုံ သေးသေး၊ M&E Equipments တွေကို အမိုးပေါ် (သို့) အပြင်ဘက် ထုတ်ထားနိုင် တဲ့ အခြေအနေ မျိုးမှာမှ ရနိုင်တာ မျိုးပါ။
အဆောက်အအုံ ရဲ့ အထပ်တွေ များလာတာ နဲ့အမျှ လှေကားတွေ၊ Structural Elements တွေ၊ Elevators နဲ့ Elevator Lobbies တွေ၊ M&E System shafts တွေ၊ စသည် စသည် တွေ အတွက် နေရာ လည်း ပိုမို လိုအပ် လာမှာ မို့ လူတွေ အသုံးပြူစရာ Net Usable Space မှလျော့သွားမှာ ဖြစ်ပါတယ်။
အဆောက်အအုံ ဒီဇိုင်း လုပ်တဲ့အခါ၊ ဦးတည်ချက်ပေါ် မူတည်ပြီး ဘယ်လောက် ထိထိရောက်ရောက် အသုံးချ နိုင်လဲဆိုတာကို တိုင်းတာတဲ့ အချက်တွေကတော့၊
- Net-to-Gross Ratio (NGR)
- Floor-Efficiency Ratio (FER)
- Volume-to-Surface Ratio (VSR)
- Area-to-perimeter Ratio (APR)
- Site Area
- GFA (Gross Floor Area)
- Plot Ratio
- NFA (Net Floor Area)
- NRA (Net Rentable Area)
- Site Area ဆိုတာကတော့ “ Survey Boundary Lines” နဲ့ ဘောင်ခတ်ထား တဲ့ ခြံမြေအတွင်းမှာ တိုင်းတာ ရရှိတဲ့ ဧရိယာ “ The Area of the Development Plot” ဖြစ်ပါတယ်။
- နောက်တစ်ခုက GFA (Gross Floor Area) ပါ။ အဆောက်အအုံ ရဲ့ အမိုးအကာအတွင်း ကင်းလွတ်ခွင့် မရထားတဲ့ Floor Areas အားလုံး၊ အပြင်ပိုင်း Commercial Use Area အားလုံး ပေါင်းကို GFA လို့ သတ်မှတ်ပါတယ်။ အသေးစိတ် သတ်မှတ်ချက် တွေကတော့ သက်ဆိုင်ရာ နိုင်ငံ ရဲ့ ဆောက်လုပ်ရေး အာဏာပိုင် ဌာနတွေ နဲ့ ဆိုင်ပါတယ်။
Singapore နိုင်ငံ ရဲ့ သတ်မှတ်ချက် အသေးစိတ် ကို Urban Redevelopment Authority (မြို့ပြ ပြန်လည် ဖွံ့ဖြိုးရေး အာဏာပိုင်) ရဲ့ Web Site: www.ura.gov.sg မှာ အခမဲ့ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ DC Handbook Series ထဲမှာ Handbook on Gross Floor Area ကိုတွေ့ရပါလိမ့်မယ်။ မတွေ့ရင် အဲဒီ URA Web ရဲ့ Search မှာ GFA လို့ ရိုက်ရှာ ကြည့်ရုံပါပဲ။
တကယ်တော့ GFA ဆိုတာ M&E Engineer တွေ Equipments အတွက် M&E Systems တွေ ဆင်ဘို့ နေရာ လိုအပ်ချက် တွေကို တောင်းတိုင်း ရိုးအီနေအောင် ကြားရမဲ့ အတားအဆီး တစ်ခုပါ။ GFA က Owner တွေအနေနဲ့ Building Authority (အာဏာပိုင် ဌာနဆိုင်ရာ) တွေနဲ့ ပတ်သက် ရတာမို့ လွယ်လွယ်ကူကူ တိုးချင်တိုင်း တိုးလို့ရတာ မျိုး မဟုတ်ပါဘူး။ Owner ကလည်း သူ့နေရာ ဖဲ့ပေးရမှာ မလိုလားပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် M&E Engineer တွေအနေနဲ့ ကိုယ့် System ရဲ့ Performance ကို ရရှိဘို့ရာ လိုအပ်တဲ့နေရာ ရဘို့ Professionally တောင်းရဲရပါမယ်၊ တောင်းနိုင်ရပါမယ်။ လွယ်လွယ်ကူကူ နဲ့ အလျှော့ပေး ဘို့မစဉ်းစား ပါနဲ့။ ဒီနေရာမှာ Owner ကို Provoke မလုပ်မိဘို့ အရေးကြီးသလို ကိုယ့် Professional Duty တာဝန် ကျေနိုင်ဘို့ လည်း အရေးကြီးပါတယ်။ အကြံပေး ခြင်တာကတော့ လိုအပ်တဲ့ Technical Data အချက်အလက်တွေ သေသေချာချာ စုပါ။ ပြီးရင် Client နားလည်လွယ်အောင် Technical Sketches တွေ ဆွဲပါ။ ကိုယ်တိုင်သေချာ စစ်ဆေး ပြီး ကျေနပ်လောက် မှ Present လုပ်ပါ။ အားလုံးက ပညာရှင်တွေ ပဲမို့ Please don't try to bluff ! သွားလှည့်စားဘို့တော့ မစဉ်းစားလိုက် ပါနဲ့။ - Plot Ratio ဆိုတာက GFA / Site Area ပါ။ Building Control Authority တွေသတ်မှတ် ထားတဲ့ အချက်တစ်ခုပါ။ နောက် Building ရဲ့အမြင့်ကို ကန့်သတ်ထား တဲ့ Overall building height (AMSL) ကိုလည်းသတိပြုရပါမယ်။ AMSL ဆိုတာကတော့ Above Mean Sea Level ရဲ့ acronym ပါ။ ဒါကလည်း Authority နဲ့ ပတ်သက်တဲ့ အချက်တစ်ခုမို့ သတိထားခိုင်း ရတာဖြစ်ပါတယ်။
- NFA (Net Floor Area) ဆိုတာကတော့ Occupants (နေထိုင်အသုံးပြူသူတွေ) အသုံးပြူနိုင် မဲ့ Floor Area ကို ဆိုလိုခြင်း ဖြစ်ပြီး တစ်ခါတစ်ရံ “ Net Assignable Area” လို့လည်း ခေါ်လေ့ ရှိပါတယ်။ NFA ဆိုတာ GFA ထဲကနေ တကယ်အသုံးမပြုနိုင်တဲ့ နေရာတွေကို နုတ်ထားတာပါ။ အသုံးမပြုနိုင်တဲ့ နေရာတွေထဲ stairs, circulation space, elevator, lobbies, structural columns, M/E equipments and shafts, etc. ပါဝင်ပါတယ်။
- NRA (Net Rentable Area) ဆိုတာက တော့ ငှားရမ်းနိုင်တဲ့ နေရာအကျယ်အဝန်း ကိုဆိုလိုပါတယ်။ Real Estate Agents (ပွဲစား) တွေသုံးတဲ့ အသုံးအနှုန်းပါ။ Net Leasable Space လို့လည်းခေါ်လေ့ ရှိပါသေးတယ်။ နေရာဒေသ ရဲ့ ဓလေ့ထုံးစံ ကိုလိုက်လို့ ကွဲပြားနိုင်ပါသေးတယ်။ အချို့ဒေသတွေမှာ Public Space လို့ခေါ်တဲ့ လူတွေ ဝေမျှ အသုံးပြု နိုင်တဲ့ Lobbies တွေ၊ Exterior Wall တွေ၊ M&E equipment room တွေကိုတောင် အချိုးကျ ထည့်သွင်း တွက်ချက် တတ်ပါသေးတယ်။
Net-to-Gross Ratio (NGR) ဆိုတာက သူ့အဓိပ္ပာယ်အတိုင်းပဲ NGR = (NFA / GFA) x 100 (%) ကို ခေါ်တာ ပါ။ ပုံမှန်အားဖြင့် ၆၀% ကနေ ၉၀% အတွင်း ရှိတတ်ပါ တယ်။ Objective (ရည်မှန်းချက်) ကတော့ Occupants ရဲ့ Comfort နဲ့ Productivity ရယ်၊ M&E Systems တွေရဲ့ Performance တွေရယ်၊ Initial and Operating Cost တွေရယ် ကိုပါ မျှမျှတတ ထည့်သွင်း စဉ်းစား ပြီး NGR ကို ပိုကောင်းအောင် လုပ်ဘို့ ပါ။ အဆောက်အအုံ မှာ စက်ပစ္စည်းတွေ၊ Circulation Spaces တွေ၊ Structural Elements တွေများလာလေ NGR ကျလာလေပဲ ဖြစ်ပါတယ်။ Highly Technical ဖြစ်တဲ့ Laboratories, Computer Centers and Hospitals တွေမှာ NGR ဟာ ၅၀% အောက်မှာ တောင် ရှိနိုင် ပါတယ်။
Floor-Efficiency Ratio (FER) ဆိုတာ ကို Office Building တွေက Typical Rental Floors တွေမှာ နေရာ ဘယ်လောက် ငှားစားနိုင်မလဲ ဆိုတာ တွက်ချက်ဘို့ ရာသုံးလေ့ရှိ ကြပါတယ်။ တွက်ချက်ပုံ ကတော့ FER = (NRA / GFA) x 100 (%) ပါ။ FER များတဲ့ အဆောက်အအုံတွေမှာ Central M&E Space ပိုလိုတာမို့ NGR နည်းလေ့ရှိ ပါတယ်။ ဒါကြောင့် မို့ FER နဲ့ NGR အကြား Trade-off (အလဲအလှယ်) လုပ်တဲ့အခါ Site ရဲ့ ကန့်သတ်ချက်၊ အဆောက်အအုံ ရဲ့အမြင့် ကန့်သတ်ချက်၊ နေရာ စီစဉ်မှု၊ နဲ့ Architectural Geometry အစရှိတဲ့ အချက်တွေ ပေါ် မူတည်ပါတယ်။ Centralized M&E Systems သုံးတဲ့ High-rise Office Building တွေမှာ FER ၉၀ % လောက်အထိ ရနိုင်ပါတယ်။ အကြမ်းအားဖြင့် FER ၈၅ % ကို ဒီဇိုင်းကောင်း လို့သတ်မှတ် နိုင်ပါတယ်။
VSR & APR နှစ်ခု လုံးက နာမည် အတိုင်းပဲ Geometrics Factors တွေ ဖြစ်ကြပါတယ်။ - Volume-to-Surface Ratio (VSR) VSR = V / S [ V: The Total Volume of the Building ; S: Total Exterior Surface Area] ဖြစ်ပြီး VSR ကောင်းရင် More efficient Building Geometry ဖြစ်ပါတယ်။
- Area-to-perimeter Ratio (APR) ကတော့ APR = A / P ဖြစ်ပါတယ်။ [ A: Typical or representative floor area of building ; P: Linear dimensions of a typical or representative floor ဖြစ်ပြီး။ သဘော သဘာဝ အရ VSR ကောင်းရင် More Energy Efficient ဖြစ်ပါတယ်။
No comments:
Post a Comment