Tuesday, March 23, 2010

Understanding Automatic Fire Sprinkler (Wet) System Drawings (Singapore)

  • စကာၤပူ မွာ Automatic Fire Sprinkler System Drawing တွေ ကို လေ့လာတဲ့ အခါ အထောက်အကူ ဖြစ်စေနိုင်ဘို့ ရည်ရွယ်ပါတယ်။ (M'sia, Australia & U.K အတွက် လည်း အထောက်အကူ ဖြစ်ပါလိမ့်မယ်။)


  1. System Operation and Components

    • Wet pipe installation : sprinkler bulb ကွဲတဲ့ အခါ အဆင်သင့် ပန်းထွက်နိုင်အောင် Pipework ထဲမှာ Pressurized-Water (ဖိအား) နဲ့ ရေဖြည့်ထား တဲ့ Installation ဖြစ်ပါတယ်။
    • အများဆုံး တွေ့ရလေ့ရှိတဲ့ Wet pipe installation Typical Arrangement ပုံစံ ကို အောက်မှာ ဖော်ပြထားပါတယ်။ (ပုံ ကို အကြီး လိုချင်ရင် ပုံပေါ် Mouse ရွှေ့ပြီး Link ကို ဖွင့်ပါ။)


    • အလုပ်လုပ်ပုံ ကတော့
      1. ပုံမှန် အခြေအနေ

        • Pipe တွေ ထဲမှာ Pressure နဲ့ ရေဖြည့်ထားပါတယ်။ ရေယိုစိမ့်တဲ့ အခါ ဒီ Pressure ကိုထိန်းထား နိုင်ဘို့ အတွက် Pressure Maintenance Pump (Jockey Pump)(17)က အလိုလို အလုပ်လုပ် နေပါမယ်။

      2. အရေးပေါ် အခြေအနေ

        • တစ်နေရာရာ မှာ မီးလောင်တဲ့ အခါ အဲဒီ့နေရာ မှာ အပူချိန် တက်လာပါပြီး နီးစပ်ရာ Sprinkler Head (26)ကို ကွဲစေပါမယ်။ အဲဒီ့ ကွဲသွားတဲ့ Sprinkler ကနေ ရေတွေ ပန်းထွက်လာပါမယ်။
        • ဒီအခါ ဒီ Sprinkler ကို ပေးထားတဲ့ Pipe Network ထဲမှာ ရေစီးပါမယ်။ Pressure လည်းကျလာပါမယ်။
        • ရေစီးတဲ့အတွက် ဒီ Pipe Network နဲ့သက်ဆိုင်တဲ့ Flow switch (24)ကနေ Fire Alarm Signal ပေးပါမယ်။ (ဒီ Signal က ဆက်ထားတဲ့ Fire Alarm System ကိုသွားပြီး အခြား Emergency Systems တွေ ကို Automatically Activate လုပ်ပါမယ်။
        • Pressure ကျလာတဲ့ အခါ Sprinkler Control (Alarm) Valve (20)အလုပ်လုပ် ပါမယ်။ ရေအားနဲ့ အလုပ်လုပ် တဲ့ Alarm Gong (22)က နေ မီးလှန့်သံချောင်း သံ (ခေါင်းလောင်းအဆက်မပြတ် တီး) ပါလိမ့်မယ်။
        • ဒီလို Sprinkler ကွဲလို့ System Pressure ကျလာရင် Duty Pump (14)က ချက်ချင်း (30s အတွင်း) အလိုလို Automatically Operate လုပ်ရပါမယ်။ Duty Pump က အကြောင်းတစ်ခုခု ကြောင့် Operate မလုပ်နိုင်ပဲ Fail ဖြစ်ခဲ့ရင် Standby Pump (9)က အလိုလို တာဝန်လွှဲ ယူရပါမယ်။ ဒီလို အခြေအနေ တွေ ကိုရဘို့ အတွက် Control Panel (/w Emergency Power Supply)(19) ကို ဒီဇိုင်း လုပ်ထားရပါတယ်။
        • Storage Tank (1)က မီးသတ်ဘို့ လိုအပ်တဲ့ ရေပမာဏ ကို သိုလှောင်ထား ရပါတယ်။
        • လိုအပ်ရင် Fire Engine (မီးသတ်ကား) ကနေ Sprinkler System ထဲကို အပြင်ကနေ ရေဖြည့်ခွင့်ရအောင် မီးသတ်ကား ဝင်လို့ လွယ်တဲ့ နေရာ အဆောက်အအုံ ရဲ့ အပြင်ဘက် မှာ Breeching Inlet (2) ကို ထားပေးရပါတယ်။

      3. Testing and Maintenance

        • အရေးပေါ် အခြေအနေ အတွက် တပ်ဆင်ထား တာမို့ အရေးအကြောင်း မှ ပျက်နေတာ မဖြစ်ဘို့၊ အမြဲတမ်း အဆင်သင့် ဖြစ်နေတာ သေချာဘို့ အတွက် ထိန်းသိမ်းမှု၊ စစ်ဆေးစမ်းသပ် မှုတွေ လုပ်ရပါတယ်။ ဒီလို လုပ်နိုင်ဘို့ အတွက် လိုအပ်တဲ့ Test Valve လို Fittings တွေ ကို ထည့်ထားပေးရပါတယ်။


      4. System Components

        1. Water Incoming Pipe: Storage Tank ထဲကို ရေထည့်ပေးမဲ့ ရေအဝင် ပိုက်ပါ။ In-Flow Requirements ကိုလိုက်ပြီး Pipe Size ကို ရွေးချယ်ထားရပါတယ်။
        2. Breeching Inlet(2): အရေးပေါ် အခြေအနေ မှာ မီးသတ်ကား (သို့) Fire Engine တစ်ခုခု က နေတစ်ဆင့် Sprinkler System ထဲကို ရေမောင်း ထည့်ပေးနိုင်ဘို့ အတွက် ထားပေးရတဲ့ Fitting ပါ။
        3. Water Tank(1): အရေးပေါ် အခြေအနေ မှာ Sprinkler System အတွက် လိုအပ်မဲ့ ရေပမာဏ ကို သိုလှောင်ထားဘို့ အတွက်ပါ။
        4. Pump Sets (Duty, Standby, Jockey)(14)(9)(17): System ထဲကို ရေမောင်းသွင်းဘို့ ပါ။ Sprinkler ကွဲလို့ System Pressure ကျလာရင် Duty Pump က ချက်ချင်း (30s အတွင်း) အလိုလို Automatically Operate လုပ်ရပါမယ်။ Duty Pump က အကြောင်းတစ်ခုခု ကြောင့် Operate မလုပ်နိုင်ပဲ Fail ဖြစ်ခဲ့ရင် Standby Pump က တာဝန်လွှဲ ယူရပါမယ်။ Jockey Pump ကတော့ ပိုက်ထဲ ကရေ စိမ့်ထွက်တာ ကို make-up (ပြန်ဖြည့်) ပေးပြီး System ထဲမှာ Water Pressure ကိုထိန်းထားပေးဘို့ ဖြစ်ပါတယ်။
        5. Control Panel (/w Emergency Power Supply)(19): Sprinkler Pumps တွေ ကို ပါဝါ ပေးဘို့ နဲ့ ထိန်းသိမ်းမောင်းနှင် ပေးဘို့ပါ။ Emergency Power Supply ကနေ ယူသုံးရပါတယ်။
        6. Pump Start Test Pipe(18): အရေးပေါ်အခြေအနေ မှာ Sprinkler Pumps တွေ အဆင်သင့် ဖြစ်စေနိုင်ဘို့ အတွက် Sprinkler ကွဲရင်ထွက်မဲ့ ရေ ကို ဖွင့်ထုတ်ပေး ပြီး Pump တွေ အလိုလို အလုပ်လုပ်မလုပ် စမ်းသပ်နိုင်ဘို့ပါ။
        7. Sprinkler Control (Alarm) Valve (20)နဲ့ တွဲပြီး Test Valve Assembly ကို ထားလေ့ ရှိပါတယ်။
        8. Sprinkler Control (Alarm) Valve(20): Sprinkler ကွဲလို့ System Pressure ကျလာရင် Valve ကို ဖွင့်ပေးဘို့ နဲ့ တစ်ပြိုင်တည်းမှာ ပဲ ရေအားနဲ့ အလုပ်လုပ် တဲ့ Alarm Gong (22)က နေ မီးလှန့်သံချောင်း သံ (ခေါင်းလောင်းအဆက်မပြတ် တီး) ပါလိမ့်မယ်။
        9. Flow Switch(24): ရေစီးတဲ့ အခါ Alarm Signal ပေးဘို့ပါ။
        10. Pipe and Fittings: လိုအပ်တဲ့ Sprinkler Heads တွေ ဆီ ရေပို့ပေးနိုင်ဘို့ပါ။
        11. Sprinklers(26): မီးလောင်ရင် အလိုလို ကွဲပြီး ရေဖြန်းငြိမ်းသတ် ပေးနိုင်ဘို့ပါ။
        12. Sprinkler Drain Valve, Pipes(25): Maintenance အတွက်ပါ။
        13. Air Release Valve(27): လေခို နိုင်တဲ့ နေရာတွေမှာ ခိုနေတဲ့ လေကို ထုတ်ပစ်ဘို့ အတွက် ပါ။ ရေပိုက်ထဲ မှာ လေခိုနေရင် လိုအပ်တဲ့ Water Flow ရဘို့ ကို အနှောင့်အယှက် ပေးနိုင်ပါတယ်။




  2. Understanding Automatic Fire Sprinkler System Drawings

    • လေ့လာမယ် ဆိုရင် လိုအပ်မဲ့ အခြေခံ Drawings တွေ ကတော့။
      1. Overall Schematics,
      2. Notes, Legends & Abbreviations
      3. Floor Plans
      4. Standard Details
      (စိတ်မကောင်းစွာ နဲ့ ပြောရမှာ ကတော့ စာရေးသူမှာ လောလောဆယ် တင်ပေးဘို့ အခက်အခဲ ရှိတဲ့ အတွက် ဒီ Drawings တွေ ကို တင်မပေးနိုင်သေးပါဘူး။ နီးစပ်ရာ က တစ်ဆင့် ရယူပါ။)

    • Highlighter (Translucent Marker)တစ်ခု နဲ့ ဒီ Drawing တွေ ကိုလေ့လာဘို့ ပေးထား တဲ့ (နောက် ပိုင်းမှာ တင်ပြထားတဲ့ အတိုင်း) သက်ဆိုင်ရာ နေရာတွေ ကို ရှာ မျဉ်းတားပြီး ကြည့်မယ် ဆိုရင် လေ့လာရတာ သက်သာ လွယ် ကူ ပါလိမ့်မယ်။

    • လေ့လာ ဘို့ လိုအပ်တဲ့ အဆင့်တွေ ကို အောက်မှာ ဖော်ပြထားပါတယ်။
      1. Classification of Fire Hazard [ LH, OH (1, 2, 3, 3S), HH (Cat 1, 2, 3, 4) ]
      2. System Types [ Wet, Pre-Action, Deluge, Others, ... ]
      3. Design Data [ Design Density of Discharge and Assumed Area of Operation (AMAO) ]
      4. Identify Water Source [ Pump Suction Tank, Gravity Tank, etc. ]
      5. Water Tank Storage Capacity [ Normal Capacity, Reduced Capacity /w Conditions ]
      6. Sprinkler Pumps (Duty, Standby, Jockey) Capacities
      7. Coverage and Spacing of Sprinklers
      8. Special Provisions (Under Beam, Under Duct, Above Concealed Ceiling, Above Open Grid Ceiling, etc.)
      9. Size and Type of Sprinklers
      10. Piping Arrangements (End-Center, End-Side) and Pipe Sizes (Pre-calculated, Partly pre-calculated, Fully hydraulically calculated systems)
      11. Total Number of Alarm (Control) Valves
      12. Maximum area of Zone Protected by Each Alarm Valve


    1. Overall Schematic Drawing

      Overall Schematic Drawing မှာ ရှာဖွေ ကြည့်ရမှာ တွေ ကတော့။
      1. ပထမ ဆုံး အဆင့် က Hazard Class ကို ရှာဘို့ပါ။ ဒါမှ ဆက်နွယ်တဲ့ Design Data တွေ ကို သိရှိမှာ ဖြစ်ပါတယ်။ Hazard Class ကိုပေးတဲ့ အခါ Sprinkler အမြင့် ကို ပါ ထည့်သွင်း ပေးတတ်ပါတယ်။ ( ဥပမာ။ ။ Ordinary Hazard 3, 30m)
        Hazard Class ကို ခြုံပြီး ပေးတာ ရှိနိုင်သလို နေရာအလိုက် ခွဲပေးတာလည်း ရှိနိုင်ပါတယ်။ ဒီ မှာ မတွေ့ရင် တော့ Note, Legends, Abbreviation တွေပါတဲ့ Drawing မှာ ရှာရမှာ ဖြစ်ပါတယ်။
      2. System Types ကို လေ့လာပါ။ [ Wet, Pre-Action, Deluge, Others, ... ]
      3. Design Data [ Design Density of Discharge and Assumed Area of Operation (AMAO) ] အထူးသဖြင့် High Hazard Classes တွေအတွက် အရေးကြီးပါတယ်။ Ordinary Hazard တွေမှာ တော့ Hazard Class သိရင် ဒီအချက်အလက်တွေ ကို CP52:2004 ကသက်ဆိုင်ရာ အခန်းမှာ ရှာလို့ ရပါတယ်။
      4. Water Source [ Pump Suction Tank, Gravity Tank, etc. ] ရေအဝင် နဲ့ ရေကန်တွေ ထားတဲ့ နေရာ ကိုလေ့လာပါ။ R.L (reduce level) ကိုလည်း ကြည့်ပါ။
      5. Water Tank Storage Capacity ရေကန်တွေ ရဲ့ အရွယ်ပမာဏ ကို ရှာပါ။ Normal Capacity (အပြည့်) ဖြစ်နိုင်သလို Reduced Capacity (ခွင့်ပြုချက် အတိုင်း လျှော့ချခွင့် ရှိ တဲ့ ပမာဏ) လည်းဖြစ်နိုင်ပါတယ်။
      6. Sprinkler Pumps (Duty, Standby, Jockey) Capacities ရေပန့်တွေ ရဲ့ Capacity လိုအပ်ချက် တွေ ကို ရှာပါ။ (ဒါက လည်း Hazard Class နဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်။)
      7. Total Number of Alarm (Control) Valves : Alarm Valves အရည်အတွက် နဲ့ ထားတဲ့ နေရာ တွေ ကို လေ့လာပါ။


    2. Notes, Legends & Abbreviations

      Notes, Legends & Abbreviations Drawings တွေ မှာ ရှာဖွေ ကြည့်ရမှာ တွေ ကတော့။
      1. Notes
        • သက်ဆိုင်တဲ့၊ သတိထားရမဲ့ မှတ်ချက် တွေ ကို စီစဉ် ပေးထားတာပါ။ သေသေချာချာ ဖတ်ထားဘို့ လိုအပ်ပါတယ်။

      2. Legends & Abbreviations
        • သုံးထားတဲ့ Symbols တွေ အတိုကောက်တွေ ကို ပေးထားတာပါ။ ဒါတွေ က Drawing ကို နားလည် စေဘို့ အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။


    3. Floor Plans

      Floor Plansတွေ မှာ ရှာဖွေ ကြည့်ရမှာ တွေ ကတော့။
      1. Location of Major Components
        1. Sprinkler Tank & Pump Locations
        2. Breeching Inlet Locations
        3. Sprinkler Control Valves Locations
        4. Main Pipe Route

      2. Piping and Sprinkler Arrangements
        1. Which type of Layout (Three End-Center, Two End-Center, Three End-Side, Two End-Side, Center Feed, End Feed, Other, etc…)
        2. Single Layer (or) Double Layer
        3. Sprinkler types and spacing
        4. Any Special Sprinkler Provided


    4. Standard Details

      • Pump Detail, Water Tank Detail, Alarm Valve Detail, Hanger Detail စတဲ့ အသေးစိတ် ပုံတွေ ကို ပေးထားလေ့ ရှိပါတယ်။ စာဖတ်သူ ပိုပြီး နားလည်စေနိုင်ဘို့ပါ။



  3. Checking with Code of Practices

    • လိုအပ်တဲ့ Code of Practices တွေ ကတော့ SS CP 52:2004 နဲ့ SCDF Fire Codes တွေပါ။
    • SCDF Code တွေ ကတော့ Web ကနေ Free Download ရနိုင်ပါတယ်။
    • Singapore Standard SS CP 52:2004 က အရမ်းတင်းကျပ်တဲ့ Copyright နဲ့ ထိန်းထားတာမို့ စာရေးသူ မှာ ဖြန့်ပေးပိုင်ခွင့် မရှိပါဘူး။ စာဖတ်သူ နီးစပ်ရာ ကနေ ရှာယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ CP52: Preview ကို သွားကြည့်ရင် ပါဝင်တဲ့ အခန်းတွေ ကို တွေ့ရမှာ ဖြစ်ပါတယ်။ 184 pages ရှိတဲ့ ဒီစာအုပ်ရဲ့ ရောင်းဈေး က S$140 မို့ ကိုယ်ပိုင်ဝယ်ဘို့ ကတော့ မသက်သာလှပါဘူး။)
      • CP52: 2004 ပါဝင်တဲ့ Clauses တွေ ကို အပိုင်း - ၁၃ ပိုင်းခွဲပြီးပေးထားပါတယ်။
        • 1 Scope
        • 2 Definitions
        • 3 Classes of sprinkler system and design data
        • 4 Installation
        • 5 Water supplies
        • 6 Spacing and location of sprinklers
        • 7 Sprinklers, sprayers and multiple controls
        • 8 Piping
        • 9 Valves and ancillary equipment
        • 10 Light hazard class systems
        • 11 Ordinary hazard class systems
        • 12 High hazard class systems
        • 13 Full hydraulic calculation of sprinkler systems
      • အပိုင်း 1 ကနေ 9 အထိက Hazard Classes အားလုံး အတွက် သက်ဆိုင်ပါတယ်။
        ဒါပေမဲ့ အထူး သတိထားရမှာ က အပိုင်း 10, 11 နဲ့ 12 ပါ။ Hazard Class အလိုက် သက်ဆိုင်တဲ့ အခန်းကို ပဲ ကြည့်ရမှာ ဖြစ်ပါတယ်။
      • လိုအပ်ချက် တွေ ကို ယေဘုယျ (General) သတ်မှတ်ချက် တွေ ရှိပေမဲ့ သီးသန့် လိုအပ်ချက်တွေ လည်း ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာ Clauses တွေ ကို သေသေချာချာ၊ အထပ်ထပ် ဖတ်ကြည့်ဘို့ လိုအပ်ပါတယ်။ (Read-it, read again, read again, ….)

      • Drawing တွေ ကို လေ့လာရင် စစ်ဆေးရမဲ့ အဆင့်တွေ ကတော့
        1. Check Hazard Class (incl. AMAO and Density of Discharge)
        2. Check Tank Capacity
        3. Check Pumps Capacities
        4. Check Sprinkler Control Valve and Area Served
        5. Check Pipe Sizes
        6. Check Sprinkler Spacing
        7. Check Special Sprinkler Provisions



      1. Check Hazard Class

        • Hazard Class ဖွင့်ဆိုချက် တွေ ကို CP52: 2004 အခန်း 3: Classes of sprinkler system and design data မှာ လေ့လာ နိုင်ပါတယ်။
        • Future Flexibility အတွက် Hazard Class တွေ ကို လိုအပ်တာထက် ပိုပြီး ယူတာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ High Rise Building မှာ စစချင်း Offices တွေ ပဲ ရှိတာကို OH 1 ယူမဲ့ အစား OH3 ယူထားတာမျိုးပါ။ ဒါက Client ရဲ့ Future Plan နဲ့လည်း ဆိုင်ပါတယ်။ ငှားမဲ့ Tenant ရဲ့ Occupancy နဲ့လည်းဆိုင်ပါတယ်။
        • Hazard Classကို အလေးအနက် ထားပြီး ပြောနေရတာ က တော့ အထဲမှာ ဖြစ်နိုင်တဲ့ Fire Hazard အခြေအနေ၊ အတိုင်းအဆ ကို ခန့်မှန်း နိုင်ဘို့ ဖြစ်ပါတယ်။ ဖြန်းပက်ရမဲ့ ရေပမာဏ က ငြိမ်းသတ်ရမဲ့ မီးရဲ့ အတိုင်းအဆ ပေါ်မူတည်တာ မို့ပါ။ Hazard Class မြင့်လာတာနဲ့ အတူ Sprinkler တစ်ခုချင်းစီ က ထွက်ရမဲ့ ရေပမာဏ ပိုလိုအပ် လာတာ သာမက Sprinkler အရေအတွက် လည်း ပိုပြီး လိုအပ်လာနိုင်ပါတယ်။ ဒါကြောင့် Hazard Class အလိုက် Assume Area of Operation (m²) နဲ့ Density of Discharge (mm/min) တွေ ကို သတ်မှတ် ပေးထားတာ ဖြစ်ပါတယ်။
        • လိုအပ်တဲ့ Density of Discharge (mm/min) ကို ရဘို့ အတွက် Hazard Class အလိုက် Sprinkler Spacing သာမက လိုအပ်တဲ့ Flowrate / Sprinkler Head ရဘို့ အတွက် Sprinkler K-Factor (or) Orifice Size တွေ ကိုလည်း သတ်မှတ် ပေးရတာ ဖြစ်ပါတယ်။


      2. Check Tank Capacity

        • ဒါကလည်း သက်ဆိုင်ရာ Hazard Class နဲ့ဆိုင်ပါတယ်။
        • Hazard Class တစ်ခု ထက်ပိုပါမယ် ဆိုရင် အားလုံးကို ကာမိစေဘို့ အမြင့်ဆုံး Hazard Class ကို အခြေခံ ပြီး ရှာရပါမယ်။
        • သက်ဆိုင်ရာ Clauses တွေ မှာသွားရှာပြီး နှိုင်းယှဉ် ကြည့်နိုင်ပါမယ်။ (မသက်ဆိုင် တဲ့ အခန်း ကို မကြည့်မိဘို့ သတိထားပါ။)
          • အခန်း 10 : Light hazard class systems
          • အခန်း 11 : Ordinary hazard class systems
          • အခန်း 12 : High hazard class systems

        • နောက်ထပ် သတိထားရမှာ က အခု စကာင်္ပူ မှာ ခွင့်ပြုထားတဲ့ Reduce Capacity လို့ ခေါ်တဲ့ ရေကန် ရဲ့ လှောင်ရမဲ့ ပမာဏ လျှော့ချခွင့် ရှိ၊ မရှိ နဲ့ သက်ဆိုင်တဲ့ ကန့်သတ်ချက်တွေ ကိုပါ။


      3. Check Pumps Capacities

        • အပေါ်က Tank Capacity ကို ရှာသလို ပဲ Hazard Class အမြင့်ဆုံး အတွက် လိုအပ်တဲ့ Capacity တွေ ကို သက်ဆိုင်ရာ အပိုင်း (c.l. 10 or 11 or 12) တွေ က နေရှာရပါမယ်။
        • နောက်တစ်နည်း ကတော့ Hazard Classes အားလုံး အတွက် လိုအပ်ချက်တွေ ကို Table 5 (pg. 48) မှာလည်း ဖတ်နိုင်ပါတယ်။ အောက်မှာပါတဲ့ Notes (a), (b) & (c) ကို သတိထားပါ။
        • နောက်ထပ် သတိထားရမှာ က Negative Suction (Suction Lift) Pumps တွေ ကို ခွင့်မပြုတော့ပါဘူး။ ဒါကြောင့် Pump ရဲ့ Impeller Level က အနိမ့်ဆုံး Water Level ထက်မြင့်နေလို့ မရတော့ပါဘူး။
        • Pressure Maintenance Pump (Jockey) Pump နဲ့ ပါတ်သက်ပြီး သတ်မှတ်ချက်တွေ ကို c.l. 9.6 မှာ တွေ့နိုင်ပါတယ်။ လက်ခံနိုင်တဲ့ (တွက်ထားတဲ့) စိမ့်ထွက်မဲ့ ရေပမာဏကို ၁၀ မိနစ် အတွင်း ပြန်ဖြည့်နိုင်ရမယ်။ 4 l/min ထက် လည်း မကျော်ရဘူးလို့ ဆိုပါတယ်။


      4. Check Sprinkler Control Valve and Area Served

        • c.l. 3.3.2.2: Wet pipe systems မှာ ဒီသတ်မှတ် ချက်တွေ ကိုပေးထားပါတယ်။
        • အရင် Old Code တုန်း ကတော့ အရေအတွက် Number of Sprinklers နဲ့ သတ်မှတ်ခဲ့တာပါ။ အခု လို Area နဲ့ ကန့်သတ် တဲ့ နည်းကတော့ ပိုပြီး အဆင်ပြေပါတယ်။ Sprinkler Quantity က Coordination အဆင့်မှာ ပြောင်းနိုင်တာမို့ အတိအကျ သတ်မှတ် နိုင်ဘို့ ခက်လို့ပါ။


      5. Check Pipe Sizes

        • ဒါကိုလည်း Hazard Class အလိုက် သက်ဆိုင်ရာ အပိုင်း (c.l. 10 or 11 or 12) တွေ က နေရှာရပါမယ်။
        • Range Pipe နဲ့ Distribution Pipe သေသေချာချာ ခွဲတတ်ဘို့ လိုပါတယ်။ Site Coordination ရှိလေ့ရှိတာမို့ Annex B, Figure 29, pg. 175 မှာရှင်းပြထားပါတယ်။ ဖြစ်နိုင်ရင် တော့ Distribution Pipe Size ကိုရွေးတာ ပိုစိတ်ချရပါတယ်။


      6. Check Sprinkler Spacing

        • ဒါကိုလည်း Hazard Class အလိုက် သက်ဆိုင်ရာ အပိုင်း (c.l. 10 or 11 or 12) တွေ က နေရှာရပါမယ်။
        • သတိထားဘို့ ။ ။သတ်မှတ်ချက် တွေ ကို ကြည့်တဲ့ အခါ နေရာအချို့မှာ ပိုပြီးကန့်သတ် ထားတာ တွေ့နိုင်ပါတယ်။ Sprinkler Coverage Ordinary Hazard မှာ ပုံမှန် သတ်မှတ်ချက် 12m² Max area, 4.2m Max Spacing ဆိုပေမဲ့ အချို့နေရာတွေ မှာ 9m² area, 3m Max Spacing လိုအပ်နိုင်ပါတယ်။ Light Hazard မှာလည်း ပုံမှန် သတ်မှတ်ချက် 21m² area, 4.6m Max. Spacing ဆိုပေမဲ့ တစ်ခါတစ်ရံ 12m² area, 4.2m Max. Spacing လိုအပ်နိုင်ပါတယ်။
        • c.l. 6.7.3 Suspended Open Grid Ceilings မှာ Gross Opening Ratio > 70%, Net >60% ဆိုရင် Ceiling Sprinkler မထည့်လို့ရပါတယ်။ ဒါပေမဲ့ သတ်မှတ်ချက် အရ Above Suspended Ceiling ကို Coverage Area < 9m² နဲ့ Spacing < 3m ဖြစ်ရမယ် စတဲ့ ကန့်သတ်ချက်မျိုးတွေပါ။
        • တစ်ခုနဲ့ တစ်ခုကြား (< 1.8m) ထက် ပိုမကပ်နေဘို့ သတ်မှတ်ချက် ရှိပါတယ်။ ကပ်နေရင် သတ်မှတ်ချက် အတိုင်း Baffle ထည့်ရပါမယ်။


      7. Check Special Sprinkler Provisions

        • သုံးမဲ့ Sprinkler အမျိုးအစား ကို ဆန်းစစ်ရပါမယ်။ ဒါ့အပြင် Sprinkler ရေထွက်အား ဖြစ်တဲ့ K-Factor နဲ့ Operation Temperature တွေ ကိုလည်း သတိထားရပါမယ်။ K-Factor က Hazard Class (or) AMAO ပေါ်မူတည်ပါတယ်။ Operation Temperature အတွက် က တော့ ထူးခြားတဲ့ နေရာ (e.g. Kitchen, Process ) တွေ ပါမပါ ဆန်းစစ်ရပါမယ်။
        • သီးသန့် စဉ်းစားပေးရမဲ့ အခြေအနေ တွေ၊ ဥပမာ
          • Column နားကပ်နေရင်။
          • ACMV Duct အကြီး (> 800 Then check with clauses)
        • ဒီ စပါယ်ရှယ် နေရာတွေ အတွက် လိုအပ်ချက် ဖွင့်ဆို ချက် တွေ က အပိုင်း 6 မှာ အသေးစိတ် ပါပါတယ်။ တွေ့ရ များတာတွေ ကတော့
          1. Beam and Joists (c.l. 6.4.4)
          2. Columns (c.l. 6.4.5)
          3. Clear Space Below Sprinklers (c.l. 6.4.8)
          4. Concealed Ceiling and Floor Spaces (c.l. 6.6.2)
          5. Suspended Open Grid Ceiling (c.l. 6.7.3)
          6. HVAC Ducts (c.l. 6.7.4) တွေပါ။





  4. Relation with Other Building Drawings

    • Sprinkler System တွေ ကို လေ့လာတဲ့ အခါ ဆက်နွယ်တဲ့ အခြား Building Services တွေ ရဲ့ အကျိုးသက်ရောက်မှု ကိုလည်း အထိုက်အလျောက် နားလည်ရပါတယ်။
    1. Structural Drawings

      • Column တွေ Beam တွေ က Sprinkler Location နဲ့ Arrangement လုပ်တဲ့ အခါ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေ ဖြစ်ပါတယ်။ Beam တွေ Column တွေ က Sprinkler Operation ကို Obstruct ဖြစ်နိုင်တာ မို့ သင့်တော်တဲ့ Provision တွေ Sprinkler System Drawing တွေ မှာ ပါလာနိုင်ပါတယ်။
      • Tank နဲ့ Pump တွေ ရှိတဲ့ နေရာ မှာ လည်း လုံလောက်တဲ့ Structural Support ရှိရပါမယ်။

    2. Architectural Drawings

      1. Ceiling အမျိုးအစား [ ဥပမာ - Removable Board Ceiling (e.g. 600x600, 600x1200), Plaster Ceiling, etc.]
      2. Space Designation (Usage) and Floor Areas
      3. Reflective Ceiling Plan (Interior Design)
        1. Space Between Ceiling & Upper Floor Slab
        2. Ceiling Profile
        3. Grid Ceiling
          Interior Design က Ceiling Profile ကို ခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်တတ်ပါတယ်။ Ceiling Profile ပြောင်းတာ လောက်တင် မဟုတ်ပါဘူး တစ်ခါတစ်ရံ Ceiling မရှိတဲ့ နေရာ Ceiling ထည့်ချင်ထည့်မယ်။ Ceiling ရှိတဲ့ နေရာမှာ Ceiling မရှိတော့ဘူး လုပ်ချင်လုပ်မယ်။ Open Grid Ceiling လည်းထားချင် ထားမယ်။ စသည်ဖြင့်ပါ။
          Sprinkler တကယ် နေရာချတဲ့ အခါ မှာ Ceiling Plan က အဓိက အရေးပါ ပါတယ်။
      4. Partition / Wall
        1. Full Height Slab to Slab
        2. Up to Ceiling Level
        3. 500 mm (or) more Lower than Ceiling
      5. Important Locations
        1. Riser Shaft Locations
        2. FCC (Fire Command Center) Location
        3. Fire Tank & Pump Location
        4. Fire Engine Access Locations

    3. Mechanical & Electrical Drawings

      1. MEP Plant Room Locations
      2. Large Air Duct Locations
      3. Lighting and Air Condition Diffusers



  5. Basic Design Considerations

    • Fire Sprinkler System တွေ ကို Professional Engineer (QP = Qualified Person) တွေ ပဲ တာဝန်ယူခွင့်၊ ဒီဇိုင်းလုပ်ခွင့် ရှိတာမို့ QP တွေ ကပဲ စစ်ဆေး လက်မှတ် ထိုးပါတယ်။ (မှတ်ချက်။ ။ စာရေးသူ က စကာင်္ပူ QP မဟုတ်ပါ။)
    • ဒါပေမဲ့ ဒီဇိုင်း ကိုတော့ Designer တွေ က Support လုပ်ရပါတယ်။ တစ်ခါတစ်ရံ Fire Specialist Contractors တွေ က လည်း Support လုပ်နိုင်ပါတယ်။ ဒီလို Support လုပ်ရတဲ့ အခြေအနေ မှာ သုံးနိုင်ဘို့ အဆင့်တွေ ကို ဖော်ပြပေးထားပါတယ်။
      1. Determine where Sprinkler System could be exempted (i.e. Area where no sprinkler protection is required)
      2. Determine Hazard Classes and Zones
      3. Determine Tank & Pumps Locations
        Avoid Suction Lift Conditions, otherwise expensive Turbine Pumps will be required.
      4. Determine Storage Tank Material (RC or Steel)
        Check Space Allocation for Tank & Pumps
      5. Determine Locations of Alarm Valves and Breeching Inlets
        Check with Fire Engine Access
      6. Determine Main Pipes Route
      7. Arrange Sprinklers and Piping Network (Also check with Reflective Ceiling Plans...)

    • Client's Insurance Policy နဲ့ လည်း တိုက်ရိုက် ပတ်သက်လေ့ ရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ CP52 သာမက လိုအပ်တဲ့ LPC, NFPA Code တွေကို ပါ ထည့်သွင်း စဉ်းစား ရနိုင်ပါသေးတယ်။
    • High Hazard In Storage Rack Sprinkler Protection ပါလာတဲ့ အခါ လိုအပ်တဲ့ Pump Capacity နဲ့ Tank Capacities က သာမန် Ordinary Hazard နဲ့ ယှဉ်ကြည့်ရင် အများကြီး ပိုနိုင်ပါတယ်။ ဒါ့အပြင် Roof (or) Ceiling Sprinkler Protection ပါ လိုအပ်တာမို့ ဒီအတွက် ပါထပ်ဆောင်း ထည့်ပေးရပါသေးတယ်။ သတိထားဘို့ပါ။


  6. Pictures of Some Major Equipments In Automatic Fire Sprinkler (Wet) Systems

    1. Sprinkler Alarm Valve Assembly





    2. Sprinkler Flow Switch



    3. Pressure Switch




    4. Sprinkler Water Storage Tank

      • Galvanized Steel Panel Tank တစ်ခု အတွက် Panel စတင် တပ်ဆင်နေပုံ။
      • ပြီးစီးသွားသော Galvanized Steel Panel Tank [For Fire Protection Services]




  7. References

    1. CP 52 : "Code of practice for automatic fire sprinkler system", 2004
    2. SCDF (Singapore Civil Defence Force): Fire Code 2007 Master Version
      [ http://www.scdf.gov.sg/content/scdf_internet/en/building-professionals/publications/fire_code_2007master_version.html ]

    3. SCDF: Fire Code 2002 Handbooks
      [ http://www.scdf.gov.sg/content/scdf_internet/en/building-professionals/publications/fire_code_2002handbooks.html ]


    Web-Links
    1. Singapore Standards eShop
      [ http://www.singaporestandardseshop.sg/Product/Home.aspx ]


    2. CP52: Preview Page[ http://www.singaporestandardseshop.sg/data/ECopyFileStore/060510164343Preview%20-%20CP%2052-2004+Err1.pdf ]

    3. Singapore Civil Defence Force (စင်္ကာပူ မီးသတ်တပ်ဖွဲ့)
      1. Publication Website : Singapore Civil Defence Force
        [ http://www.scdf.gov.sg/Building_Professionals/Publications/index.html ]

      2. SCDF (Singapore Civil Defence Force): Fire Code 2007 Master Version
        [ http://www.scdf.gov.sg/content/scdf_internet/en/building-professionals/publications/fire_code_2007master_version.html ]

      3. SCDF: Fire Code 2002 Handbooks
        [ http://www.scdf.gov.sg/content/scdf_internet/en/building-professionals/publications/fire_code_2002handbooks.html ]


    4. Youtube Videos
      1. Toronto Fire Dept-FIRE DEMO-Working Residential Sprinkler
        [ http://www.youtube.com/watch?v=Nlyx8zR7q7M ]

      2. Fire Sprinkler Demonstration[ http://www.youtube.com/watch?v=1NUKYQMxWl4 ]


    5. Manufacturers
      1. Aurora Fire Pumps Website[ http://www.aurorapump.com/html/market_fire.htm ]
      2. Victaulic Company
        [ http://www.victaulic.com/content/firelockautosprinklersfpliterature.htm ]

      3. Victaulic Company : Automatic Sprinkler Product Reference (pdf)
        [ http://www.victaulic.com/docs/lit/40.01.PDF ]

      4. Viking SprinklerSpray Patterns
        [ http://www.vikingcorp.com/databook/sprinklers/spraypatterns/ ]

      5. Steel Recon Industries (SRI) Malaysia Products [ http://www.sri.com.my/products.html ]

    6. Fire Protection Engineering by Morgan Hurley, P.E., SFPE
      [ http://www.wbdg.org/design/dd_fireprotecteng.php ]






No comments: