Sunday, January 17, 2016

မြို့တော် စည်ပင်သာယာ အဆင့်အတန်း နှင့် မီးအာမခံ ကုမ္ပဏီ များ၏ အခန်းကဏ္ဍ။

Building Codes တွေ အစ နဲ့ Life Safety လိုအပ်ချက် တွေကို အခြား Perspective ကနေ ကြည့်ကြရအောင် ပါ။ မီးအာမခံ စနစ် တွေ နဲ့ ပရီမီယံ သတ်မှတ်ချက် တွေ အတွက် အရေးပါတဲ့ အချက် တစ်ချို့ ကို တင်ပြပေးမှာ ဖြစ်ပါတယ်။
  1. General
  2. Public Protection Classification (PPC) : အများပြည်သူ ကာကွယ်မှု အဆင့်အတန်း သတ်မှတ်ခြင်း။
  3. သုံးသပ်ချက်
  4. မှီငြမ်း
  5. PDF Download:
  1. General
  2. ဖွံ့ဖြိုးပြီး နိုင်ငံတွေ ရဲ့ မြို့ပြ အဆောက်အဦ တွေ မှာ Building Codes တွေ ရှိတယ်။ မီးဒါဏ် ခံနိုင်ရည် ကိုလည်း သတ်မှတ်ထားတဲ့ အတိုင်း ထည့်သွင်းတည်ဆောက်ထားတယ်။ ခေတ်မီတဲ့ မီးဘေးကာကွယ်ရေး နဲ့ မီးသတ်စနစ် တွေလည်း ရှိတယ် ဆိုပေမဲ့ မီးလောင်ဆုံးရှုံး မှု ကို ရာနှုန်းပြည့် ကာကွယ်ပေးလို့ မရနိုင်ပါဘူး။
    ဒါကြောင့်အဆောက်အဦ တိုင်းလိုလို မီးအာမခံ ထားကြလေ့ရှိပါတယ်။ အဲ မီးအာမခံ ပေးတဲ့ ကုမ္ပဏီတွေ (Insurance Companies) က လည်း မီးဘေးကာကွယ်ရေး ဘယ်လောက် ကောင်းလည်း ကြည့်ပြီး မှ အာမခံ ပေးတတ် ကြတာပါ။ (သူတို့ လည်း အကျိုးအမြတ် ရချင်လို့ လုပ်ကြတာပဲ လေ။ သူတို့ အတွက် Risk သိပ်များနေရင် အာမခံ ဘယ်ပေးချင်မှာလဲ။ သူတို့ပါ ဒေဝါလီ ခံရဘို့ ဖြစ်သွားမှာပေါ့။)
    ဒါကြောင့် Buildings Codes တွေ သတ်သတ်မှတ်မှတ် ပေါ်လာရ တဲ့ အကြောင်းထဲ မှာ Insurance Companies တွေ ရဲ့ ပါဝင်ခဲ့ မှု ကလည်း အရေးပါခဲ့ပါတယ်။
    Building Codes တွေ က လည်း အဆောက်အဦ တိုင်း မှာ Automatic Fire Detection & Fire Suppression Systems တွေ ထည့်ရမယ်လို့ သတ်မှတ်ထားတာ လည်း မဟုတ်ပါဘူး။ ကုန်ကျစရိတ် မျှတ မဲ့ အရွယ်အစာ (သို့) အခြေအနေ ကို သုံးသပ်ပြီး အနည်းဆုံး ထည့်သွင်းပေးရမဲ့ လိုအပ်ချက် ကို ပဲ သတ်မှတ်ပေးထား တာပါ။ သတ်မှတ်ထားတဲ့ အနည်းဆုံးလိုအပ်ချက် ထက် ပိုပြီး ထည့်ချင် ရင်ကတော့ ပိုင်ရှင် က ဆုံးဖြတ်ဘို့ပါ။
    မီးသတ်တပ်ဖွဲ့ နဲ့ မီးသတ်တပ်ဖွဲ့ အတွက် အဆင်သင့် ဖြစ်နေဘို့ လိုအပ်တဲ့ စနစ် တွေ က မီးလောင်ဆုံးရှုံးမှု တွေကို လျှော့ချ နိုင်ဘို့ အဓိက အားထားစရာ အဆင့်မှာ ရှိနေပါတယ်။ ဒီနေရာ မှာ မြို့တစ်မြို့ (သို့) ရပ်ကွက် တစ်ခု ရဲ့ Municipal Services (စည်ပင်သာယာ ဝန်ဆောင်မှုတွေ) ထဲမှာ မီးဘေးကာကွယ် မှု အဆင်သင့် ရှိမှု၊ မရှိမှု (ဝါ) ကာကွယ်မှု အဆင့်အတန်း ရဲ့ အရေးပါမှု ကို လေ့လာရအောင် ပါ။

    ... Back to Top (Contents)....
  3. Public Protection Classification (PPC) : အများပြည်သူ ကာကွယ်မှု အဆင့်အတန်း သတ်မှတ်ခြင်း။
  4. US မှာ မြို့တစ်မြို့ရဲ့ စည်ပင်သာယာ ဝန်ဆောင်မှု (Municipal Services) တွေ နဲ့ ပတ်သက်ပြီး စစ်ပေးတဲ့ အဖွဲ့အစည်း တစ်ခု ရှိပါတယ်။ Insurance Service Office (ISO) လို့ ခေါ်ပါတယ်။ (International Standard Organization နှင့် မမှားစေလိုပါ။) ဒီလို စီစစ်ပြီးရင် ရလာတဲ့ အချက်အလက် တွေ ကို အာမခံ ကုမ္ပဏီ တွေ ကို ပြန်ရောင်းစားပါတယ်။ (ခုတော့ ဝယ်တဲ့ ကုမ္ပဏီ တွေ နည်းလာပြီ လို့ သိရပါတယ်။ စကားချပ်။)
    ISO က Fire Suppression Rating Schedule ( FSRS) ဆိုတာနဲ့ အများပြည်သူ ကာကွယ်မှု အဆင့်အတန်း Public Protection Classification (PPC) ကို 1 ကနေ 10 အထိအဆင့်ခွဲ သတ်မှတ်ပါတယ်။ အဆင့်  1 က အကောင်းဆုံးပါ။ 1-8 က လက်ခံနိုင်တဲ့ အထဲမှာ ပါပါတယ်။ အဆင့် 9 မှာ လက်မခံနိုင်တဲ့ အချက် တစ်ချက် က သင့်တော်တဲ့ ရေရနိုင်တဲ့ နေရာ (Fire Hydrant) နဲ့ ပေ တစ်ထောင် ထက် ပိုဝေးနေလို့ပါလို့ ဆိုပါတယ်။ အဆင့် 10 က တော့ ခရီးအကွာ အဝေး ငါးမိုင် အတွင်း မီးသတ်စခန်း မရှိလို့ပါတဲ့။ ဒါကို အဆိုးဆုံး အခြေအနေ လို့ သတ်မှတ် ပြီး မီးအာမခံ ပေးတဲ့ သူတွေ လက်ရှောင်တယ်။ ပေးရင်တောင် ပရီမီယံ အရမ်းများမယ် လို့ ဆိုပါတယ်။
    အဆင့် 9 & 10 အရ Public Hydrants တွေ နဲ့ မီးသတ်စခန်း တွေ ရဲ့ အရေးပါပုံ ကို သိနိုင်ပါတယ်။ ISO က FSRS နဲ့ ကဏ္ဍလေးမျိုး မှာ စစ်ဆေးသုံးသပ်ပါတယ်။
    1. Emergency Communications Systems: 10 Points
    2. Fire Department: 50 Points
    3. Water Supply: 40 Points
    4. Community Risk Reduction 5.5 Points
      Potential total of 105.5 points 

    1. Emergency Communications Systems ( မီးလှန့် အချက်ပေး သတင်းပို့ စနစ်များ )
    2. ပထမ Fire Alarms စနစ်တွေ ကနေ (သို့) အရေးပေါ် ဖုန်းစနစ် တွေက ပေးပို့ လာတဲ့ မီးလှန့်အချက်ပေးမှု တွေ ကို ဘယ်လိုကိုင်တွယ် စီမံ ခန့်ခွဲတယ် ဆိုတဲ့ အချက် ကို စစ်ဆေးသုံးသပ် ပါတယ်။
      မီးလန့်တဲ့ အခါ အလိုလို ဆက်သွယ် သတိပေးတဲ့ စနစ် တွေ က ခုချိန်မှာ သိပ်ပြီးခက်ခဲ လှတာ မဟုတ်တော့ပါဘူး။ Central Station Fire Alarm System ဝန်ဆောင်မှု တွေ အဆင်သင့် ရှိနေဘို့ တော့ လိုအပ်ပါမယ်။ ဒါဆိုရင် Panel သေးသေးတစ်ခုလောက်ပဲ အများဆုံး လိုအပ်နိုင်ပါတယ်။ နိုင်ငံတော်တော် များများ မှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြပါပြီ။ ကိုယ်ပိုင် အိမ်ခန်းမှာ တောင် တတ်လို့ ရနေတဲ့ အဆင့်ပါ။ ဆက်သွယ်ရေး စနစ်တွေ က လည်း ကောင်းနေပြီ မို့ ဘယ်လို သတင်းပို့ချင်ပိုချင် ဖြစ်နိုင်နေပြီ မဟုတ်ပါလား။
      စကာင်္ပူ မှာ တော့ Decentralised Fire Alarm Monitoring System (DECAM) Companies တွေ ရှိပါတယ်။ နာမည်ကြီး Security Company တွေများပါတယ်။ သူတို့ ဆီမှာ ချိတ်ဆက်ထားတဲ့ အဆောက်အဦ တွေ က မီးလန့် တဲ့ Fire Alarm Signal ရတယ်ဆိုရင် ချက်ခြင်း စိစစ်ပြီး SCDF ကို အကြောင်းကြားပေးပါတယ်။
      မလေးရှားမှာ လည်း ဒီလို စနစ်မျိုး ရှိပါတယ်။ Fire Alarm Signal ကို သီးသန့် ဖုန်းလိုင်းနဲ့ မီးသတ်ဌာန ကို အလိုလို ဆက်သွယ်ပေးတဲ့ စနစ်ပါ။
      NFPA ကတော့ Central Station Fire Alarm System လို့ ခေါ်ပါတယ်။ ဒီ ဝန်ဆောင်မှု ကိုပေးတဲ့ ကုမ္ပဏီ တွေ ဟာ Factory Mutual (FM) & Underwriters' Laboratory (UL) တစ်ခုခု ကနေ အသိအမှတ် ပြုဘို့ လည်း လိုအပ်လေ့ရှိပါတယ်။
      အမေရိက က အိမ်တွေ မှာ အချို့က GSM လိုင်းပါပြီး လုံခြုံရေး ဝန်ဆောင်မှု ပေးတာရှိပါတယ်။ ဖုန်းလိုင်း တောင် မလိုတော့ပါဘူး။ Home Alarm System နဲ့ပါ ချိတ်ထားတာမို့ သူခိုးဝင်ဝင် မီးလန့်လန့် သင့်တော်ရာ (ရဲစခန်း သို့ မီးသတ်ဌာန သို့ အရေးပေါ်ဆက်ဆံရေး ဌာန) ကို ဆက်သွယ်ပေးပါလိမ့်မယ်။

      ... Back to Top (Contents)....
    3. Fire Department ( မီးသတ်ဌာန )
    4. ဒုတိယ ကတော့ မီးသတ်ဌာန ရဲ့ အမြဲတမ်း အဆင်သင့် ဖြစ်နေမှု စွမ်းရည်ပါ။ မီးလန့်တဲ့ သတင်းရတာ နဲ့ ဘယ်လို တုန့်ပြန် နိုင်သလဲ ဆို ဆိုတဲ့ အရည်အသွေး ကို စိစစ်ပါတယ်။ မီးသတ်အင်ဂျင်၊ မီးသတ် လှေခါးအမျိုးမျိုး၊ စက်အရွယ်အစား၊ အရံစက်ပစ္စည်း နှင့် ကိရိယာ များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၏ အရေအတွက်၊ အရည်အချင်း နှင့် လေ့ကျင့်ပေးမှု စတာတွေ ကို အကဲဖြတ်ပါတယ်။ နောက် မြို့နယ်နမိတ် ထဲ က ဘယ် ပရဝုဏ် ဘယ်ခြံဝင်း မဆို မီးသတ်ဌာနတွေ အနီးနား ( ငါးမိုင်ခရီး အတွင်း ) မှာရှိမရှိ ကို လည်း အကဲဖြတ်ပါတယ်။
      မီးသတ်ဌာန (သို့) အပြင်က ဝန်ဆောင်မှုပေးတဲ့ မီးသတ်ယဉ် တွေ က လည်း ကွန်ပြူတာ စနစ် Computer Aided Dispatch Systems တွေ နဲ့ GPS စနစ်တွေ ကို သုံးပြီး စီမံခန့်ခွဲနိုင်ပါတယ်။
      မီလောင် ဆုံးရှုံးမှု တွေ ကို ကာကွယ် နိုင်ဘို့ မှာ အချိန်က စက္ကန့် နဲ့ အမျှ အရေးကြီး တာမို့ပါ။

      နိုင်ငံသားတွေ လိုက်နာရန် လိုအပ်ချက် ။ ။ မီးသတ်ကားတွေ အရေးပေါ်ကားတွေ က ဥသြဆွဲရင် အခြားကားတွေ အားလုံး လမ်းဖွင့်ပေးရပါမယ်။ လမ်းဘေးချရပ်ပေးရပါမယ်။ သူတို့ ကတော့ လွတ်တဲ့နေရာ က မောင်းသွားပါလိမ့်မယ်။ လမ်းအတည့် မရရင် လမ်းပြောင်းပြန် လည်း မောင်းခွင့်ရှိပါတယ်။ မြန်မာမီးသတ် ကားတွေ ကို လည်း ဥပဒေ နဲ့ ဒီလို လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ (လူတွေ မဖြစ်မနေ ဘေးဖယ်ပေး မပေးတော့ မသိပါ။ မီးသတ်က လူအချို့ပြောချက်အရ ဖယ်မပေးရင် ဆင်းဘေပလိုက်မယ် ဆိုလားပဲ။ )။
      မီးသတ်ကားနောက် ကပ် လိုက်တာ က ယာဉ်စီးကမ်း ချိုးဖောက်တာ ဖြစ်သလို၊ မီးကြည့်သွားတာ က လည်း အနှောင့်အယှက် ပေးခြင်း တစ်မျိုးမို့ ဥပဒေ နဲ့ တားမြစ်ပေးဘို့ လိုအပ်ပါတယ်။

      ... Back to Top (Contents)....
    5. Water Supply ( ရေပေးဝေ ရေး စနစ်များ )
    6. တတိယ အချက် က တော့ ရေပေးဝေတဲ့ စနစ်တွေ ကို စိစစ်အကဲဖြတ်တာပါ။ မီးသတ်ဘို့ အတွက် အရေးပေါ် အရံ ရေအား ဘယ်လောက် ရနိုင်မလဲ ဆိုတဲ့ အချက် ကို အလေးပေး ပါတယ်။ ပြီးရင် ဒီ အရံ ရေအား ပမာဏ က အရေးပေါ်အခြေအနေ မှာ မီးသတ်ဘို့ အတွက် အဆင်သင့်ရှိမလား၊ လုံလောက်မလား ဆိုတာ ကို စိစစ်ပါတယ်။ တပ်ဆင်ထားတဲ့ မီးသတ်ဘုံဘိုင်ခေါင်း (Fire Hydrants) တွေရဲ့ အရွယ်အစား၊ အမျိုးအစား၊ တပ်ဆင်ထားပုံ၊ ပြည့်စုံ ကောင်းမွန်မှု ရှိ၊ မရှိ၊ ပုံမှန် စစ်ဆေးမှု၊ ရေအားစစ်ဆေးမှု အစီအစဉ် တွေ ကို ပါ အကဲဖြတ်ပါတယ်။
      ဒီအချက် ကို အခြား Building / Fire Codes တွေ မှာ တွေ့နိုင် ပါတယ်။ လေ့လာနိုင်ဘို့ FEMA လို့ခေါ်တဲ့ ဘေး အန္တရာယ်ကာကွယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး ဆိုင်ရာ US အစိုးရ ဧဂျင်စီ ရဲ့ Water Supply Concept နဲ့ Fire Hydrants လိုအပ်ချက် စာအုပ် နှစ်အုပ် Links တွေ ပေးလိုက်ပါတယ်။
      FEMA Water Supply Systems and Evaluation Methods
      1. Volume I: Water Supply System Concepts
        https://www.usfa.fema.gov/downloads/pdf/publications/Water_Supply_Systems_Volume_I.pdf
      2. Volume II: Water Supply Evaluation Methods
        https://www.usfa.fema.gov/downloads/pdf/publications/water_supply_systems_volume_ii.pdf

      ဒီစာအုပ်တွေ ထဲ မြန်မာ Infrastructure Upgrade အတွက် အဖြေတစ်ခု ဖြစ်နိုင်တဲ့ District Water Supply Concept ကိုလည်း လေ့လာနိုင်ပါတယ်။

      ... Back to Top (Contents)....
    7. Community Risk Reduction ( ဆုံးရှုံးမှု လျော့ကျစေရန် ပြင်ဆင်မှု အစီအစဉ် များ။ )
    8. စတုတ္တအချက် ကတော့ နေထိုင်သူ ပြည်သူတွေ ရဲ့ ဆုံးရှုံးနိုင်မှု အခြေအနေ ကို လျော့ပါးအောင် ဘာတွေ၊ ဘယ်လို လုပ်နေသလဲ ဆိုတဲ့ အချက်ပါ။ မီးဘေးကာကွယ်ရေး အတွက် ဘာ Building Codes တွေ ရှိတယ်။ လိုက်နာမှု ရှိအောင် ဘယ်လို သတ်မှတ်ထားတယ်။ မီးဘေးကာကွယ် ရေး ပညာပေး အစီအစဉ် တွေ က ဘယ်လို။ မီးမတော်တဆ မှု တစ်ခု ဖြစ်ရင် ဘယ်လို စိစစ် စုံစမ်းမယ် ဆိုတဲ့ အချက်တွေ နဲ့ အကဲဖြတ် စိစစ်ပါတယ်။


    ... Back to Top (Contents)....
  5. သုံးသပ်ချက်
  6. မီးသတ်စနစ် တွေ မှာ စနစ်ကျနေ ပြီ ဖြစ်တဲ့ အမေရိကန် တွေ ရဲ့ စနစ်တွေ ကို မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ Insurance Office Data တွေ က အရင် က အရမ်းအားထား ခဲ့တဲ့ သဘောတွေ့ ရပါတယ်။ Code တွေ ပေါ်လာအောင် တွန်းအားပေးတဲ့ အထဲမှာလည်း ပါခဲ့ပါတယ်။ NFPA Fire Protection Handbooks တွေ မှာ ဒီ ISO data တွေ ကို မှီငြမ်းထားတာ တွေ့နိုင်ပါတယ်။ Building Codes တွေ Fire Prevention & Protection Practices တွေ၊ Codes & Standards တွေ ခုအခြေအနေ အထိရောက်လာတာ သူတို့ နဲ့ မကင်းဘူးလို ဆိုလိုချင်တာပါ။
    အမေရိက မှာ စီးပွားရေး အဆောက်အဦတွေ ကို သာမက အိမ်တွေ ကိုလည်း မီးအာမခံ ထားလေ့ရှိပါတယ်။ နောက်ဆုံး Apartment အိမ်ခန်းငှားတဲ့ အခါ လည်း စည်းကမ်းချက် အရ မီးအာမခံ ဝယ်ထားရတတ်ပါတယ်။ နေရာတကာ Insurance … ကား၊ ကျန်းမာရေး၊ အစုံ အစုံ...
    ခုနောက်ပိုင်း အချို့ Insurance Co. တွေ မှာ အလျော်အစား အချက်အလက်တွေ ပြည့်ပြည့်စုံစုံ ကိုယ့်ဖာသာ စုနိုင်လာတဲ့ အခါ ဒီ ISO data တွေတောင် မဝယ်တော့ဘူးလို့ ကြားရပါသေးတယ်။ နောက် စည်ပင်သာယာ တွေ မှာ လည်း မီးသတ်စနစ် တွေ က စနစ်တကျ ထည့်လာပြီ။ မြို့သစ်တောင် မြို့မတည်ခင် ထဲ က Master Plan နဲ့ လာတာ ဆိုတော့... အာရှ နဲ့ အခြားနိုင်ငံ မှာ အမေရိကန် ကုမ္ပဏီ တွေ Factory Mutual (FM) မှာ အာမခံ ထားရင် သူတို့ မှာ ရှိတဲ့ Fire Protection Specialist တွေ က Fire Protection Drawings တွေ ကို စစ်ပြီး လိုတာတွေ ကို Comments ပေးတယ်။ ပစ္စည်းတွေ ဆိုလည်း တကယ့် အကောင်းတွေ သုံးရတာ။ ဆင်ပြီးရင် လည်း ကျေနပ်အောင် စစ်တယ်။ ပြီးမှ အာမခံ ပေးတယ်။ (အချို့ ကတော့ ကိုယ့်ဖာသာ Self-Insured လုပ်တာလည်း ရှိပါတယ်။)
    မီးသတ်စနစ် မှာ သုံးတဲ့ Appliances / Equipment အားလုံးလိုလို က UL Listed ဖြစ်ဘို့ လိုပြီး တစ်ခါတစ်ရံ FM Approved ဖြစ်ဘို့ လည်းလိုအပ်နိုင်ပါတယ်။

    Summary:
    ခြုံငုံပြီး သုံးသပ်ရမယ် ဆိုရင် Water Supply Infrastructure, Fire Department နဲ့ Fire Alarm Reporting & Emergency Response Systems တွေ က လည်း မြို့တစ်မြို့ရဲ့ မီးဘေး ကာကွယ်ရေး အဆင့်အတန်း ကို ဖော်ပြတာ ဖြစ်သလို မီးအာမခံ အတွက် လည်း အရေးပါကြောင်းပါ ခင်ဗျာ။


    ... Back to Top (Contents)....
  7. References:(မှီငြမ်း)
    1. NFPA Fire Protection Handbook, 20th Edition: Section 12
    2. ISO Mitigation: PPC Program, FSRS
      http://www.isomitigation.com/ppc-program/fire-suppression-rating-schedule-overview.html
    3. FEMA Water Supply Systems and Evaluation Methods
      1. Volume I: Water Supply System Concepts
        https://www.usfa.fema.gov/downloads/pdf/publications/Water_Supply_Systems_Volume_I.pdf
      2. Volume II: Water Supply Evaluation Methods
        https://www.usfa.fema.gov/downloads/pdf/publications/water_supply_systems_volume_ii.pdf
    4. FM Global http://www.fmglobal.com/
      1. FM Approvals http://www.fmglobal.com/page.aspx?id=50000000
      2. FM Approval Standards
        http://www.fmglobal.com/page.aspx?id=50030000
    5. UL http://ul.com/

    ... Back to Top (Contents)....
  8. PDF Download:
  9. Download "I003_R01 Municipal Services vs Fire Insurance.pdf" from Dropbox.
    https://www.dropbox.com/s/bwotvt0p009s7ki/I003_R01%20Municipal%20Services%20vs%20Fire%20Insurance.pdf?dl=0

No comments: