ဒီရေတွေ ရဲ့ ရှိသင့်တဲ့ စံညွှန်း အဆင့်အတန်း တွေ ကို World Health Organization ( WHO) ရဲ့ လမ်းညွှန်မှာ အပိုင်းလေးပိုင်း ရှု့ထောင့်လေးခု ကနေ ခွဲခြား သုံးသပ်ပြထားပါတယ်။
- Microbial Aspect: အနုဇီဝ ပိုးမွှား ဆိုင်ရာ ရှုထောင့်။ အနုဇီဝ ပိုးမွှား ဆိုင်ရာ ရှုထောင့် ကနေ ကြည့်တဲ့ အခါ လူတွေ ဝမ်းပျက်ဝမ်းလျှော၊ အော့အန်၊ ကြွက်တက် စေနိုင်တဲ့ ပိုးမွှားတွေ နဲ့ အခြားဘေးဖြစ်စေ မဲ့ ပိုးမွှားတွေ လူတွေ အန္တရာယ် ဖြစ်စေနိုင်လောက် တဲ့ အထိ မပါဝင်စေဘို့ ပါ။ ဒီအထဲ မှာ နာမည်ကြီး Legionella & e-coli bacteria တွေ လည်း ပါဝင်ပါတယ်။
- Chemical Aspect: ဓာတ်သတ္တု ဆိုင်ရာ ရှုထောင့်၊ ဓာတ်သတ္တု ဆိုင်ရာ ရှုထောင့် ကနေ ကြည့်တဲ့ အခါမှာလည်း ရေထဲမှာ ပျော်ဝင်နေတဲ့ အထဲက ချက်ချင်း အဆိပ်သင့်နိုင်တဲ့ ဓာတ်ပေါင်း၊ ရေရှည်မှာ ဒုက္ခပေးမဲ့ ဓာတ်ပေါင်း၊ ကင်ဆာ ဖြစ်စေနိုင်တဲ့ ဓာတ်ပေါင်း စသည်ဖြင့် တွေ့နိုင်ပါတယ်။ ဒီအထဲ မှာ အာဆင်းနစ် ( Arsenic)၊ ခဲ ( Lead)၊ ပြဒါး ( Mercury)၊ ဆိုင်ယာနိုတ် ( Cyanide) တွေ က နာမည်ကြီး အဆိပ်တွေပါ။
- Disinfectants အနေနဲ့ သုံးတဲ့ ကလိုရင်း တွေ က မျက်စေ့၊ နှာခေါင်း နဲ့ အရေပြားယားယံတာ၊ အစာအိမ် သွေးနီဥ လျော့နည်းတာ တွေ ဖြစ်စေနိုင်တာ မို့ သုံးမဲ့ နေရာမှာ ရှိတဲ့ Residual Chlorine ကို ကန့်သတ်ပါတယ်။
ဒီနေရာ မှာ အတွေ့အကြုံ အချို့အရ ပြောရမယ် ဆိုရင် မလေးရှား၊ စကာင်္ပူ က ရေတွေ မှာ Residual Chlorine အတိုင်းအတာ တစ်ခု အထိ ပါတာမို့ သောက်တဲ့ အခါ အနံ့ သိသာပါတယ်။ ဒီရေတွေ ကို ငါးကန်ထဲ ထည့်မယ် ဆိုရင် ငါးတွေ မသေရင်တောင် သက်တမ်းတို ပါလိမ့်မယ်။ ကလိုရင်း က ရေထဲမှာ breakdown လုပ်တာ မြန်ပါတယ်။ ဒါကြောင့် တစ်ဆင့် ရေကန်ထဲ မှာ တစ်ရက် တန်သည်၊ နှစ်ရက်တန်သည် ချင့်ပြီး ခန လှောင်ထားပေးပြီး မှ ငါးကန်တွေ ထဲ ထည့်ရင် အဆင်ပြေ လေ့ရှိပါတယ်။
Water Features လို Legionella ဘက်တီးရီးယား ထိန်းဘို့ ကလိုရင်း ဆက်တိုက်ထည့်ထားတဲ့ ရေကတော့ ငါးတွေ အတွက် အဆိပ်ပါပဲ။ ပရောဂျက် တစ်ခု မှာ အပေါ်က Water Features အောက်မှာ Koi Fish Pond ထားတာ အပေါ်က ရေတွေလျှံပြီး အောက် က ငါးကန်ထဲ ကျလို့ ငါးတွေ အကုန်သေ ကုန်တာ ကြားဘူးပါတယ်။ (အတော် လျော်လိုက်ရတယ် လို့ လည်း ကြားလိုက်ရပါတယ်။) - ကလိုရင်း နဲ့ ဓာတ်ပြု ပြီး ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ မှာလည်း ကင်ဆာဖြစ်စေ နိုင်တဲ့ Bromate, Chlorite, Haloacetic acids ( HAA5) & Total Trihalomethanes ( TTHMs) တွေကလည်း ကင်ဆာ နဲ့ အခြား ဆိုးကျိုးတွေ ကို ဖြစ်စေနိုင်တာ မို့ ကန့်သတ်ပါတယ်။
- Radiological Aspect: ရေဒီယို ဓာတ်ကြွမှု ဆိုင်ရာ ရှု့ထောင့်။ ရေဒီယို ဓာတ်ကြွမှု ဆိုင်ရာ ရှု့ထောင့် ကနေ ကြည့်တဲ့ အခါမှာ လည်း ဒီဓာတ်ကြွ ပစ္စည်းတွေ ပါဝင်မှု အတိုင်းအတာ နဲ့ လူတွေ အပေါ် ဘယ်လောက်အထိ ဒုက္ခပေးနိုင်သလဲ ဆိုတဲ့ အချက်နဲ့ပဲ ကြည့်တာပါ။ Alpha, Beta, Radon စတဲ့ ရေဒီယို ဒြပ်ပေါင်း တွေ ကို ကန့်သတ်ချက် တွေ ပါဝင်ပါတယ်။
- Acceptability Aspect: Taste, odour and appearance: (အရသာ၊ အနံ့၊ အရောင်အဆင်း) လက်ခံနိုင်မှု ဆိုင်ရာ ရှု့ထောင့် အရသာ၊ အနံ့၊ အရောင်အဆင်း (အမြင်) လက်ခံနိုင်မှု ရှိ မရှိ ဆိုတာက တော့ လူတွေ ကြိုက်နှစ်သက်တာ၊ မကြိုက်နှစ်သက်တာ နဲ့ တိုက်ရိုက် သက်ဆိုင်လေ့ရှိပါတယ်။ အများအားဖြင့် ကျန်းမာရေး နဲ့ တိုက်ရိုက် မသက်ဆိုင် ရင် တရားဝင် ကန့်သတ်မှု နည်းပါတယ်။
... Back to Top [Table of Contents]....
E-coli ( Escherichia coli) ဆိုတာကတော လူတွေရဲ့ အူသိမ် နဲ့ တိရစ္ဆာန် တွေရဲ့ အူလမ်းကြောင်းမှာ ပေါက်ပွားရှင်သန် နေတဲ့ အစာကြေချက် မှု အတွက် မရှိမဖြစ် ဘက်တီးရီးယား တစ်မျိုးပါ။ သူ့ကို လူတွေ နဲ့ တိရစ္ဆာန် တွေ စွန့်ထုတ် လိုက်တဲ့ အညစ်အကြေး တွေ မှာ တွေ့နိုင်ပါတယ် (မှတ်ရလွယ်တာ ပေါ့ အီး-ကိုလိုင်) ။ E-coli အမျိုးအစား အချို့က ဘာဒုက္ခ မှ မပေးပေမဲ့ အချို့ ကတော့ အသက်ကို ပါရန်ရှာ နိုင်ပါတယ်။ (မှတ်ချက်။ ။ ဒိန်ချဉ်ထဲမှာ ပါတဲ့ အစာခြေ ဘက်တီးရီးယား တွေ က E-coli မဟုတ်ပါ။ ဒိန်ချဉ်ထဲ မှာ E-coli ပါရင်လည်း ဒုက္ခပေးနိုင်ပါတယ်။)
နောက်တစ်ချက် က E-coli တွေ့တယ် ဆိုတာ နဲ့ လူတွေ၊ တိရစ္ဆာန် တွေ ဆီ က အခြား ရောဂါပိုးမွှားတွေ လည်း ပါဘို့ အခွင့်အလမ်း များတယ် ဆို တဲ့ အချက်ပါ။
သောက်သုံးရေ ကြည်လင်ဘို့ ကလည်း လိုအပ်ချက် တစ်ခုပါ။ ရေမကြည်လင်စေတဲ့ အချက်တွေ ဖြစ်တဲ့ ရေအနည်ပါတာ ရေနောက်တာ တွေ က လည်း အနုဇီဝ ပိုးမွှားတွေ ပါဝင်နှုန်း နဲ့ တိုက်ရိုက်နီးပါး ဆက်စပ်နေပါတယ်။ Total Suspended (TSS) & Turbidity / Total Dissolved Solid (TDS) တွေ ကို စံသတ်မှတ် တိုင်းတာနိုင်ပါတယ်။
အခြား ပိုးမွှားဆိုင်ရာ အချက်တွေ အကြောင်းကို လည်း စိတ်ဝင်စား ရင် မှီငြမ်းစာရင်း မှာပေးထားတဲ့ WHO-Guidelines for Drinking-Water Quality စာအုပ်ကို ဒေါင်းလုပ်လုပ် ပြီး ဖတ်နိုင်ပါတယ်။
... Back to Top [Table of Contents]....
Lead (ခဲ) ကို ကယ်လီဖိုးနီးယား မှာတော့ ချက်ချင်းပဲ သေတော့မဲ့ အဆိပ်တစ်ခု သဘောထား ရွံ့ကြပါတယ်။ လက်ရှိ US မှာ ပိုက်ဆက်ပစ္စည်း တွေ က ခဲ အနည်းဆုံး (သို့) ခဲလုံးဝ သန့်စင်တဲ့ ( Lead-Free) ပစ္စည်းတွေ ကို ပဲ သုံးခွင့် ရှိပါတယ်။
EPA မှာတော့ ရေသန့်ဘို့ အတွက် သုံးတဲ့ ဓါတုပစ္စည်း ( Disinfectants) တွေ နဲ့ ဒီပစ္စည်းတွေ ကို သုံးလို့ ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ ကို လည်း ကန့်သတ်ပါတယ်။
EPA မှာတော့ ရေသန့်ဘို့ အတွက် သုံးတဲ့ ဓါတုပစ္စည်း ( Disinfectants) တွေ နဲ့ ဒီပစ္စည်းတွေ ကို သုံးလို့ ထွက်လာတဲ့ ဓာတ်ပေါင်း ( Disinfection Byproducts) တွေ ကို လည်း ကန့်သတ်ပါတယ်။
... Back to Top [Table of Contents]....
... Back to Top [Table of Contents]....
ရေစေးတာ ( Calcium / Ca Salt ထုံးဓာတ်ပါတာ) က လည်း အများအားဖြင့် ဥပဒေ အရ တရားဝင် ကန့်သတ်ချက် မှု ရှိချင်မှ ရှိပါမယ်။ ဒီနေရာ မှာ စံ နဲ့ တိုက်ရိုက် မသက်ဆိုင် တဲ့ အကြောင်းအရာ တစ်ခု ကို ဆွေးနွေးချင်ပါတယ်။
Water Softner လို့ခေါ်တဲ့ ရေစေးကို ရေသွက်ဖြစ်အောင် လုပ်တဲ့ နည်းတွေ ရှိပါတယ်။ အများအားဖြင့် ရေစေးစေတဲ့ Calcium ( Ca) Salt တွေကို ရေသွက် Sodium ( Na) Salt သို့ Potassium ( K) Salt နဲ့ Iron Exchange လုပ်တာပါ။
ကျန်းမာရေး အရ ကြည့်ရင် Calcium က လူတွေ အကျိုးပြုတယ် Sodium က မကောင်းဘူး ဆိုတဲ့ အချက်ပေါ် အခြေခံ ပြီး Water Treatment Specialist တွေ နဲ့ ဆွေးနွေးဘူးပါတယ်။ Sodium ဆိုတာလည်း လိုအပ်တဲ့ minierals တစ်ခုပါ။ ဆိုလိုတာက ကျန်းမာရေး အရ ထိခိုက်မှု အနည်းအများ ရှိနိုင်ပါတယ်။ ဒါပေမဲ့ တိုင်းတာရ ခက်ပါတယ်။ ပါဝင်တဲ့ ppm ပေါ်မှာ မှီပါလိမ့်မယ်။
အဓိက ကတော့ အမြင် အတွက် လုပ်ကြတာပါ။ ရေစေး က ထုံးဓာတ်က (ရေနွေးအိုး ဓာတ်ဘူးကို ဂျိုးကပ်စေသလို) ရေချိုးခန်း မှန်တွေ၊ ကြွေခွက်တွေ။ ပန်းကန် ခွက်ယောက် တွေ ကို စွန်းစေတယ်။ သန့်ရှင်းရေးလုပ်ရခက်တယ်။ ပိုက်တွေ ထဲ မှာ ဂျိုးကပ်တယ်။ ပိတ်တယ်။ ကျန်းမာရေး နဲ့ သိပ်မသက်ဆိုင်တာမို့ ရေဝေတဲ့ စနစ်တွေ မှာ တော့ EPA တရားဝင် တားမြစ်ချက် မရှိပါဘူး။ နောက် RO စနစ် ကစစ်ထုတ်လိုက်တဲ့ ရေ ကျပြန်တော့လည်း လိုအပ်တဲ့ Minerals သတ္ထု ဓာတ် တွေ ကုန်လု နီးပါးဖြစ်အောင် သန့်လွန်းလို့ PH7 ဆို ပေမဲ့ အက်ဆစ် လို ဖြစ်သွားတယ်။ ခန္ဓာကိုယ်ထဲ က ဓာတ်သတ္တုတွေ ကို ပြန်စုတ်ယူနိုင်တယ်။ ဒါကြောင့် ရေသန့် စက်ရုံတွေ မှာ လိုအပ်တဲ့ သတ္ထု ဓာတ် တွေ ကို အရသာ အတွက် ပြန်ထည့်ပေးလေ့ရှိပါတယ်။ အဲ ကော်ဖီဖျော်ရင်တော့ ကောင်းမှကောင်း။
နိုင်ငံတကာ မှာ ပိုက်နဲ့ ရေပေးဝေတဲ့ စနစ်တွေ မှာ ဒီ စံနှုန်း နဲ့ ကန့်သတ်ချက် တွေ ကို လိုက်နာ ရလေ့ရှိပါတယ်။
ဒီအရည်အသွေး ကို ထိန်းဘို့ အတွက် ရေဖြန့်ဝေပေးတဲ့ အဖွဲ့အစည်း တွေ ရော၊ ပိုက်ဒီဇိုင်း လုပ်ပေးတဲ့ အင်ဂျင်နီယာ ရော၊ ဆင်ပေးတဲ့ လိုင်စင်ရ ပိုက်ဆက်သမား ရော အားလုံးမှာ တာဝန် ရှိပါတယ်။ ဒီစည်းကမ်းချက် တွေ ကို ခပ်ပေါ့ပေါ့ ထားလို့ မရပါဘူး။ ချွင်းချက် မရှိ လိုက်နာ ကြဘို့လိုအပ်ပါတယ်။ စည်းကမ်း က အဆင့်အတန်း မမီရင်၊ မလုံလောက် ရင် ပြင်ရပါမယ်။
မြန်မာပြည် မှာ လည်း ဒီစံ တွေ ကို ထိန်းဘို့ အချိန် ရောက်လာ တော့မှာပါ။
အောက်က မှီငြမ်းထဲ မှာ သောက်သုံးရေ အဆင့်သတ်မှတ်ချက် တွေ ကို ရယူနိုင်ပါတယ်။
မှီငြမ်း။
- WHO : Guidelines for Drinking-Water Quality, Fourth Edition
http://www.who.int/entity/water_sanitation_health/publications/dwq_guidelines/en/index.html - SG-PUB: Water Quality
http://www.pub.gov.sg/general/watersupply/Pages/DrinkingWQReport.aspxx - US-EPA: Table of Regulated Drinking Water Contaminants
http://www.epa.gov/your-drinking-water/table-regulated-drinking-water-contaminants
No comments:
Post a Comment