Sunday, June 19, 2016

US RSMeans Construction Cost Data Books & Estimating

အမေရိကန် တွေ Cost Estimates မှာ အကြမ်းဖျဉ်း ခန့်မှန်းဘို့ အတွက် မှီငြမ်းစာအုပ် အချို့ရှိပါတယ်။ ဒီနေရာ မှာ အသုံးများတဲ့ မှီငြမ်း က တော့ RSMeans Cost Data Books တွေပါ။ ၂၀၁၆ အတွက် စာအုပ် ၂၆ အုပ်ရှိပါတယ်။ B ဒီခန့်မှန်းချက် မှာ အကြမ်းဖျဉ်း ခန့်မှန်းဘို့ အတွက် အဆောက်အဦ အမျိုးအစား၊ ဧရိယာ အရွယ်အစား နဲ့ ခန့်မှန်းတာ ရှိပါတယ်။ အဆောက်အဦ ရဲ့ တည်ဆောက်ပုံ အချက်အလက် အချို့ပါတယ်။ အဆောက်အဦ မှာ ပါနိုင်တဲ့ အခြား အချက်အလက် တွေ အတွက် ထည့်စဉ်းစားရမဲ့ အချက် ပါတယ်။ နေရာဒေသ အလိုက် ပြန်ပြီးညှိဘို့ Material & Labor Index Factor ပါတယ်။ ဒီအဆင့် ကို (+/- 50%) မျိုးမှာ သုံးနိုင်ပါတယ်။ ဒီမော်ဒယ် ရဲ့ တွက်ချက်မှု ပုံစံ ကို အောက်က လင့်ခ်မှာ လေ့လာနိုင်ပါတယ်။ https://www.rsmeans.com/square-foot-models.aspx . ဒုတိယ အဆင့်က Material Take Off လုပ်ပြီး မှ တွက်ရတယ်။ ( အများအားဖြင့် MTO ကို အင်ယာ တွေ က ကူတွက်ပေးရပါတယ်။ Estimator တော်တော်များများ က MTO မနိုင်ပါ။ Contract & Procurement တာဝန် က လည်း တစ်ယောက်တည်း တာဝန် ဖြစ်ချင်မှ ဖြစ်ပါမယ်။ စကာင်္ပူ မှာ ဆိုရင် တော့ QS ကောင်း တစ်ယောက် ရှိရင် MTO, Estimates, Tendering, Contract, Procurement, Sub-contract တော်တော်များများ ကို လက်လွှဲလို့ ရပါတယ်။) ဒီအဆင့်အတွက် Building Cost Data, Mechanical Cost Data, Electrical Cost Data & Plumbing Cost Data တွေ ကို မှီငြမ်းနိုင်ပါတယ်။ Labor Rate မှာတော့ တည်ဆောက်ပုံ တူပေမဲ့ အမြင့်မတူ ရင် ဈေးမတူပါဘူး။ ဥပမာ ၁၀ ပေ အမြင့်မှာ ဆင်တဲ့ ပိုက်နဲ့ ပေ ၃၀ အမြင့်မှာ ဆင်မဲ့ ပိုက် ပစ္စည်းတူပေမဲ့ ဈေးနှုန်း မတူပါ။ (မှတ်ချက်။ ။အထပ်တစ်ခု ရဲ့ ကြမ်းပြင် က နေ တိုင်းတဲ့ အမြင့် ကို ဆိုလိုတာပါ။ ဒီအတိုင်း လား၊ လှေကားနဲ့ တက်ရမလား၊ Scaffold ပေါ်ကနေ ဆင်ရမှာ လား ဆိုတဲ့ သဘောမျိုးပါ။ စကားချပ်) MTO ရဲ့ Detail Level ဘယ်လောက်အဆင့် အထိ တွက်မလဲ ဆိုတာ ကတော့ ကိုယ်လိုချင်တဲ့ ဘတ်ဂျက် တိကျမှု ပေါ်မူတည်ပါတယ်။ အများအားဖြင့် တော့ (+/- 10%) လောက်ဝင်အောင် တွက်ကြပါတယ်။ RS Means မှာ ဒီလို အသေးစိတ် အတွက် နှုန်းထား ပါတဲ့ အပြင် ပြည်နယ်၊ မြို့ ရဲ့ နေရာ ဒေသ ကို လိုက်ပြီး Material Cost & Labot Adjustment Factor တွေပါတယ်။ ဒါက ဘတ်ဂျက် တွက်တဲ့ အဆင့်။ ဒီနေရာ မှာ ဈေးကွက် က ဈေးနှုန်း အတက်အကျ ကို လည်း ထည့်သွင်းစဉ်းစားပေးရပါမယ်။ တကယ့် ကန်ထရိုက်တာ တွေ က တော့ Specifications နဲ့ Engineering Design ပေါ်မူတည်ပြီး Contract Price & Unit Rates တင်ကြတယ်။ Supplier ဆီက ဈေးနှုန်း နဲ့ အရှုံးအမြတ် ကိုတွက်ပြီး တင်ဒါတင်ကြတယ်။ အပေါ်က RS Means နဲ့ ယှဉ်ရင် များချင်များမယ်။ ဒီအချိန် မှာ အင်ဂျင်နီယာ က Justification လုပ်ပေးရပါတယ်။ အဓိက က တော့ ဒီဇိုင်း Specification မှာ လိုအပ်ချက် ပိုတဲ့ အချက် တွေ ပါ။ Spec မြင့်တယ်၊ ဒါမှမဟုတ် Design Basis လိုအပ်ချက် က Minimum Code Requirement ထက်ပိုရင် ဈေးနှုန်းမြင့်မှာပါ။ လောင်းကစား လုပ်သလို ကန်ထရိုက်တာ အချို့ က တစ်ခါတစ်လေ အလုပ်ရဘို့ အတွက် အောက်ဈေးနဲ့ လိုက်တာ လည်း ရှိတယ်။ ပြီးရင် Change Order (Variation Order) နဲ့ ပြန်ထေမယ် ဆိုတာ မျိုးပါ။ ချွင်းချက် ဆို တာ က တော့ နေရာတိုင်းမှာ ရှိပါတယ်။ https://www.rsmeans.com/products/books.aspx အခြားအချက် က တော့ Commodity Price Fluctuation နဲ့ သက်ဆိုင်ပါတယ်။ ဥပမာ Structural Steel Price က အမြဲတမ်း ငြိမ်နေတာ မဟုတ်ပါဘူး။ အရင် စလုံး၊ မလေးရှားမှာ လုပ်တုန်းက ဒီဈေးနှုန်း အပြောင်းအလဲ တွေ အတွက် ကန်ထရိုက်တာ အချို့ က ချွင်းချက် တင်ထားတာ Estimated Cost Escalation တွေ လုပ်ထားတာ တွေ့ဘူးပါတယ်။ အရင်တုန်း က ဆိုရင် ဂျပန် က စတီးဈေးကွက် ရဲ့ အဓိက ထုတ်လုပ်သူ၊ ကိုဘေး စတီး က နာမည်ကြီး၊ ကိုဘေး ငလျင် တုန်းက ရယ် နူ ဓာတ်ပေါင်းဖို ပွင့်တုန်း က ရယ် စတီးဈေး ကွက် ကို ရိုက်ခတ်တာ ရှိပါတယ်။ Electrical Cable ဆိုရင် Copper Price ကို အထိုက်အလျောက် မီခိုမှု လည်း ရှိပါတယ်။ နောက် Hauling (Excavated Earth Removal from Site) ဆိုတာတောင် Dumping Sites လိုအပ်ချက် ပြောင်းရင် ပြောင်းပါတယ်။ မှီငြမ်း၊ https://www.rsmeans.com/square-foot-models.aspx https://www.rsmeans.com/products/books.aspx?pagesize=0&sort=nameasc https://www.rsmeans.com/products/books.aspx

No comments: