Saturday, August 16, 2008

Green Energy

ဒီတစ်ပါတ် တော့ မရှိမဖြစ် လိုအပ်လာတဲ့ ပတ်ဝန်းကျင် နဲ့ သဟဇာတ ဖြစ်မဲ့ Green Energy တွေ အကြောင်း တင်ပြ ထားပါတယ်။ရည်ရွယ်ချက် ကတော့ MEP Systems တွေကို Green Building Design Criteria တွေ နဲ့ ဆက်နွယ် စဉ်းစားတဲ့ အခါ အခြေခံ တွေကို နားလည်ထား ဘို့ပါ။ နောက်ကြုံတဲ့ အခါ Engineering Aspect တွေကို ပါထည့်သွင်း ပေးပါမယ်။

  1. Green Energy
    • Energy (စွမ်းအင်) က သက်ရှိတိုင်း ရဲ့ နေ့စဉ် လုပ်ဆောင်မှု တွေ အတွက် လိုအပ်တာမို့ အဖိုးတန် တဲ့ အရင်းအမြစ် တစ်ခု ဆိုတာ အငြင်းပွားစရာ မလိုပါဘူး။ လူနေမှု စနစ် နဲ့ စက်မှု နည်းပညာ တွေ တိုးတက်စေ ဘို့ အတွက် စွမ်းအား တွေ ကို ပေး ခဲ့ပါတယ်။
    • စက်မှု လုပ်ငန်းတွေ ထွန်းကားလာပြီးတဲ့ နောက်ပိုင်း မှာ Fossil Fuels လို့ခေါ်တဲ့ ကျောက်မီးသွေး၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ တွေဟာ လူတွေ အဓိက သုံးစွဲ တဲ့ Energy Sources တွေ ဖြစ်လာ ခဲ့ပါတယ်။ ဒီ နေ့စဉ် လူတွေ သုံးနေကြ Energy Resources တွေက Limited Quantity ပဲရှိတာ သာမက၊ Pollution တွေ ကိုပါ ဖြစ်စေပြီး Environment ကို ပျက်စီး စေ ပါတယ်။
    • ၂၀ -ရာစု မှတော့ သိပ္ပံ ပညာရှင် တွေက Uranium လိုသတ္ထု မျိုးသုံးတဲ့ Nuclear Energy ကို ရှာဖွေတွေ့ရှိ ခဲ့ကြ ပါတယ်။
    • Fossil Fuels တွေ ထက် ပတ်ဝန်းကျင် ကို ပိုပြီး Friendly ဖြစ်တဲ့ Alternative Energy ကို Green Energy လို့ခေါ်ပါတယ်။ ဥပမာပြရရင်
      • Wind Power (လေအား)
      • Water (ရေအား)
      • Solar Energy (နေရောင်ခြည် သုံး စွမ်းအင်)
      • Biomass Fuels (ဇီဝ ဓာတ်ငွေ့လောင်စာ သုံး)
    • Nonrenewable Energy တွေ တဖြည်းဖြည်း ချင်း ကုန်ခမ်း လာတာမို့ More Sustainable and Renewable Resources (ကုန်ခမ်းမသွား နိုင်တဲ့ ပြန်ဖြည့်လို့ ပိုရ နိုင်တဲ့ စွမ်းအင် အရင်းအမြစ်) ကို ရှာမှဖြစ်မယ် ဆိုတဲ့ အသိ တကမ္ဘာ လုံး မှာ ရှိလာကြပါပြီ။
    • ကမ္ဘာပေါ် မှာ တွေ့နိုင်တဲ့ Energy Resources တွေကို အုပ်စု နှစ်ခု ခွဲခြားနိုင်ပါတယ်။
      1. Renewable Resources: ပြန်ပြည့်နိုင်တဲ့ အရင်းအမြစ် ဖြစ်တဲ့ လေ၊ ရေ နဲ့ နေ တို့က ရတဲ့ စွမ်းအင်
      2. Nonrenewable Resources: ပြန်မပြည့်နိုင်တဲ့ အရင်းအမြစ် Fossil Fuels, Uranium
    • သူတို့ ကိုခေါ်တဲ့ အတိုင်း ပဲ Renewable Resources က သဘာဝ Cycles (သံသရာ) အတိုင်း မကြာခန ပြန်ပြည့် နိုင်စွမ်းတာ မို့ အတိုင်းအဆ မဲ့ ရနိုင်ပါတယ်။ Nonrenewable Resources တွေကတော့ သုံးလို့ ကုန်သွားရင် အပြီးတိုင် ကုန်ခမ်းသွားရင်သွား မယ်။ ဒါမှ မဟုတ် ရင်တောင် နောက်ထပ် ပြန်ပြည့် ဘို့ နှစ်ပေါင်း သန်းချီ စောင့်ရ ပါလိမ့်မယ်။
    • Nonrenewable Resources Fossil Fuels တွေက လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာ က ရှင်သန်ခဲ့ တဲ့ အပင်တွေ၊ သက်ရှိတွေ ရဲ့ ရုပ်ကြွင်းတွေ ကနေဖြစ်လာတာပါ။ ဒီလောင်စာ တွေ ကို နေ့စဉ် သုံးစွဲနေကြတာပါ။ Fossil Fuels တွေကို တူးဖော်နေမှု က ပတ်ဝန်းကျင် ကို သိသိသာသာ ထိခိုက်စေပါတယ်။ Fossil Fuels တွေကို မီးရှို့တဲ့ နည်း နဲ့ သုံးစွဲ တာမို့ လို့ ထွက်လာတဲ့ By-product (ဘေးထွက်ပစ္စည်း) ကပတ်ဝန်းကျင် ကို ပျက်စီးစေ တဲ့ Pollutant တွေကို ဖြစ်စေပါတယ်။
    • သုံးနေကြ လောင်စာတွေ ကုန်ခမ်းတော့ မယ် လို့ သဘောထား တူနေကြ ပေမဲ့လို့ တချို့လူတွေ က တော့ နေရာသစ် မှာ ရှာကြတာ ပေါ့ လို့ ရိုးရိုးလေး တွေးနေကြတုန်း ပါ။ ဥပမာ။ လောင်စာသိုက် တစ်ခုဖြစ် နိုင်တဲ့ Alaska က တောရိုင်း တိရစ္ဆာန် ဘေးမဲ့ တော မှာ တူးဖော်ကြဘို့ ငြင်းခုံ ကြတာမျိုးပါ။ အချို့က လောင်စာတွေ ကုန်ခမ်း တော့မှာ မို့ လုပ်သင့်တယ် လို့ ထင်ကြသလို၊ အချို့ကတော့ တောရိုင်း တိရစ္ဆာန် လေးတွေ နဲ့ အပင်တွေ ရဲ့ ရှင်သန်မှု သဘာဝ တွေကို မဖျက်ဆီးသင့်ဘူး လို့ ထင်ကြတာပါ။
    • Green Energy ကို ဘယ်လို ပြောင်းလဲ သုံးစွဲ ကြမှာ လဲဆိုတာကို သေချာ တွေးတော ဘို့ အရေးကြီး ပါတယ်။ မီးခလုတ် တွေ ပိတ်၊ ပြီး “မနက်ဖြန်က စပြီး အကုန် Green ဖြစ်ပြီ။ ငါတို့ Fossil Fuel တွေကို မသုံးတော့ဘူး” လို့ ပြောလို့ ရလောက်အောင် မလွယ်ပါဘူး။
    • တကယ်တော့ Green ဆိုတာ သက်ဆိုင်တဲ့ လူတွေ အတွက် အဓိပ္ပါယ် အမျိုးမျိုး ဖြစ်နိုင် ပါတယ်။ ကိုယ့် လိုအပ်ချက် ထက် ပိုမသုံးတာ ကတော့ အခြေခံ အချက်ပါ။ အနာဂတ် မျိုးဆက်တွေ ကိုမထိခိုက် စေဘို့ ခုထဲက ဆင်ခြင်သင့် ပါပြီ။ (မျိုးဆက်သစ်တွေ ရဲ့ အနာဂတ် ကို တမင် ဖျက်ဆီးနေတဲ့ သူတွေ မရှိတော့ရင် ပိုကောင်း မှာပါ။)
    • ပထမ လုပ်နိုင်တာက Green energy ကိုမြန်မြန် ပြန်ပြည့်အောင် လုပ် တာရယ်၊ ပိုထုတ်တာရယ် လုပ် ခြင်းဖြင့် Increase Supply လုပ်ဘို့ ဖြစ်ပြီး ဒုတိယကတော့ Lower Demand (သုံးစွဲနှုန်းလျှော့ချခြင်း) လုပ်ဘို့ပါ။ ဒီနေရာ မှာ Energy Conservation (စွမ်းအင် ချွေတာ သုံးစွဲခြင်း) ဝင်လာပါတယ်။ ကိုယ်လိုအပ်တာထက် ပို မသုံးဘူး။ ပတ်ဝန်းကျင် ကို မထိခိုက်စေဘူး။ ဆိုတဲ့ အသိ ဝင်လာစေဘို့ ပါ။ စွမ်းအင် ကို အကျိုးရှိရှိ သုံးတာမျိုး အပြင် နေ့စဉ် အကျင့်တွေ ကို ပြုပြင်ကြဘို့ ပါ။
    • More efficient technology
      • Fuel efficient vehicles (ဆီစားသက်သာ တဲ့ ကားကို သုံးစွဲခြင်း။)
      • Fluorescent (မီးချောင်း) တွေက Incandescent Light bulb (ပုံမှန် မီးလုံး) တွေထက် ပိုပြီး Energy Efficient ဖြစ်ပါတယ်။
      • Efficient Technology for Heating / Cooling
    • Changing daily habits (နေ့စဉ် အကျင့်တွေ ကို ပြုပြင်ခြင်း။)
      • မီးခလုတ်တွေ မသုံးရင် ပိတ်ထားတာ၊
      • Electronics ပစ္စည်းတွေ မသုံးရင် မီးပိတ် ထားတာ၊
      • Air-Conditioners / Heaters တွေကို လိုအပ်တာ ထက်ပို မသုံးတာ။
      • Mass transport လို့ခေါ်တဲ့ အများသုံး (Bus, Trains, MRT, LRT, etc.) တွေကို သုံးတာ။
      နည်းနည်းစီ က ကြီးမားတဲ့ အပြောင်းအလဲ ကိုဖြစ်စေပါတယ်။ တစ်ဦးချင်း စီက ပိုလာတဲ့ Energy Saving တွေကို ပေါင်းလိုက် ရင်မကြာခင် မှာ Power Plant တစ်လုံးစာ ပိုထွက်လာတာတွေ့ရ ပါလိမ့်မယ်။
    • လက်ရှိ Energy need ကို ကာမိအောင် လုပ်နိုင်လေ အနာဂတ် ကောင်းလေ ပါပဲ။ လက်ရှိ Renewable Energy နဲ့ Energy Efficiency အတွက် တက်တက်ကြွကြွ လုပ်ဆောင် နေကြသူ တွေ ထဲက နှစ်ခု ကတော့ Green-e နဲ့ ENERGY STAR တို့ ဖြစ်ကြပါတယ်။
    • Green-e Program
      • Green-e ဆိုတာက ဈေးကွက်ထဲမှာ renewable energy နဲ့ greenhouse gas reductions ရောင်းချတဲ့ အခါ လိုအပ်တဲ့ consumer protection program (သုံးစွဲ သူတွေကို ကာကွယ်ပေးရေး အစီအစဉ်) ဖြစ်ပါတယ်။
      • Green-e က renewable energy (ပြန်ပြည့်မြဲ စွမ်းအင်) နဲ့ greenhouse gas mitigation (မှန်လုံအိမ် ဓာတ်ငွေ့ လျှော့ချ ရေး) products တွေကို စစ်ဆေးအတည်ပြု ထောက်ခံ ပေးတဲ့ Service ကို လုပ်ပေးနိုင်ပါတယ်။

    • ENERGY STAR
      • ENERGY STAR ဆိုတာကတော့ U.S. Environmental Protection Agency နဲ့ the U.S. Department of Energy တို့ ပူးပေါင်း လုပ်ဆောင်နေတဲ့ energy efficient products and practices တွေ နဲ့ လူတွေ အကုန်အကျ သက်သာစေဘို့ နဲ့ ပတ်ဝန်းကျင် ကို ထိခိုက်မှု နည်းစေဘို့ လုပ်ဆောင်နေတဲ့ စီမံကိန်း တစ်ခုပါ။


  2. Non Renewable Energy Sources with Green Efforts
    1. Clean Coal Technology
      • လျှပ်စစ်ဓာတ်အားပေး စက်ရုံ အကြီးတွေ ကို လည်ပတ်ဘို့ အတွက် ကျောက်မီးသွေး ကို အကြီးအကျယ် အများဆုံးသုံးစွဲ ကြပါတယ်။
      • International Energy Agency ရဲ့ Statistics အရ Year 2005 တုန်းက ထုတ်လုပ်ခဲ့တဲ့ လျှပ်စစ်ဓာတ်အား တွေ ကိုကြည့်မယ် ဆိုရင် U.S မှာ သုံးသမျှ ဓာတ်အား ရဲ့ ၅၀%၊ တရုတ်ပြည်မှာ ၈၀% နဲ့ အိန္ဒိယနိုင်ငံမှာ ၇၀% အထိ ကျောက်မီးသွေးနဲ့ လည်ပတ်တဲ့ စက်ရုံ တွေကနေ ထုတ်လုပ် သုံးစွဲ ခဲ့ကြတာတွေ့ရပါတယ်။
      • Clean Coal technologyဆိုတာကတော့ ကျောက်မီးသွေး ကနေ စွမ်းအင်ထုတ်ယူတဲ့ အခါ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ကို လျှော့ချ နိုင်ဘို့ ရည်ရွယ်ထားတဲ့ နည်းပညာ တွေကို ခြုံငုံပြီး ကိုခေါ်တာပါ။ ပုံမှန်အားဖြင့် လေထဲကို ရောက်လာမဲ့ Pollutant တွေ ကို လျှော့ချ နိုင်ဘို့ ဦးတည်ပါတယ်။
      • အရင်တုန်း က ရှိခဲ့တဲ့ အဓိက ဦးတည်ချက် ကတော့ အက်ဆစ်မိုး ကို ဖြစ်ပေါ်စေနိုင်တဲ့ sulfur dioxide နဲ့ အမှုန်အမွှားတွေ ကို ထိန်းချုပ်ဘို့ပါ၊ မကြာသေးခင် က တော့ ကမ္ဘာကြီး ပူနွေးမှု ကိုဖြစ်ပေါ် စေတဲ့ carbon dioxide နဲ့ အတူ အခြား Pollutants တွေ ကိုပါ အာရုံစိုက် လာတာ တွေ့ရပါတယ်။
      • ဒီ နည်းပညာ ရဲ့ စီးပွားဖြစ် လုပ်နိုင်မှု အခြေအနေ က တော့ မရေရာသေးပါဘူး။ ၂၀၀၈ ခု US U.S. Presidential Debate မှာ အိုဘားမား က Clean Coal technologyကို အားပေးဘို့ ပြောခဲ့ သလို McCain ကတော့ နူကလီးယား နဲ့ ပါဝါ ပိုထုတ်ဘို့ ပြောခဲ့ တာ တွေ့ရပါတယ်။
        (ဆက်ရေး နေဆဲ..)

    2. Nuclear Power
      • အခြားရွေးစရာ တစ်ခုကတော့ Nuclear Power (နျူကလီးယား စွမ်းအင်) ပါ။ လျှပ်စစ် ဓာတ်အား အကြီးအကျယ် ထုတ်လုပ် ပေးနိုင်ပါတယ်။ သူ့ရဲ့ အားသာချက် ကတော့ Fossil Fuels တွေ ထက် လေထုညစ်ညမ်း စေမှု အရမ်းကို လျော့နည်း တာပါပဲ။ Nuclear Power Plant တွေက ကျောက်မီးသွေး သုံးတဲ့ Power Plant တွေထက် လေထုတဲ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှု နှုန်း ၆ဆ လောက် သက်သာပါတယ်။
      • Nuclear Power Cycle ဆိုတာ တကယ် တော့ Steam Powered Turbines (ရေနွေးငွေ့သုံး တာဘိုင်း) တွေလည်ပတ် တဲ့ Rankine Vapor Power Cycle ပဲ ဖြစ်ပြီး ရေနွေးငွေ့ ဘွိုင်လာ တွေကို အပူပေးတဲ့ Traditional Furnaces (သုံးနေကြ မီးဖို၊ ဥပမာ ကျောက်မီးသွေး မီးဖို) နေရာ မှာ Nuclear Reactor core ထည့်ပေးထား တာဖြစ်ပါတယ်။ လောင်စာ ကို မီးလောင် တာမျိုး မဟုတ်တဲ့ အတွက် လေထဲကို Carbon Dioxide, Sulfur Oxide, or Nitrogen Oxide တို့လို လေထုကို ညစ်ညမ်းစေမဲ့ ဓာတ်ငွေ့ တွေမထုတ်လွှတ်ပါဘူး။
      • ကျောက်မီးသွေး ထဲမှာ လည်း သဘာဝ အတိုင်း uranium နဲ့ thorium လို radioactive materials တွေ ပါဝင်တာမို့ Coal Power Plant တွေမှာ ကျောက်မီးသွေး တွေကို မီးရှို့တဲ့ အခါ ဒီ radioactive materials လေထဲကို ထုတ်လွှတ် နိုင်ပါသေးတယ်။
      • လိုအပ်တဲ့ ယူရေနီယံ က Fossil Fuels တွေလို ပဲ Finite Resources ပါ။ Radio Active Materials ကလည်း မပြိုကွဲ ပဲ နှစ်ပေါင်း ၁၅ ,၀၀၀ လောက် တည်ရှိနိုင်တာ မို့ Container တွေ ခံပါ့မလား ဆိုတဲ့ ပြဿနာ ကလည်း စဉ်းစားစရာ ပါ။ US အစိုးရက Nevada ပြည်နယ်၊ Yucca Mountain တောင်အောက် မှာ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျ စွန့်ပစ်နိုင်ဘို့ ကို လေ့လာ နေပါတယ်။
      • လူအများစု က သီဝရီ အရ Nuclear Energy ကို ထောက်ခံကြပေမဲ့ Radioactivity ယိုစိမ့်တဲ့ အန္တရာယ်၊ Nuclear Accidents ကို ကြောက်လန့် ကြတာ မို့ Nuclear Power Plant (နျူကလီးယား ဓာတ်ပေါင်းဖို) တွေကို ကိုယ့် အိမ်နားမှာ မရှိစေချင် ကြပါဘူး။ ဆိုးရွားတဲ့ Nuclear Accidents တွေကတော့
      • Nuclear Energy ကို အန္တရာယ်ကင်းတဲ့ သန့်ရှင်းတဲ့ Energy Source အနေနဲ့ သုံးစွဲတာကို အကောင်းဆုံး ဥပမာ ပေးနိုင်တာက ပြင်သစ် နိုင်ငံပါ။ သူတို့ ရဲ့ နည်းပညာ၊ စနစ်ကျန တဲ့ ထိန်းသိမ်း စီမံ ခန့်ခွဲမှု တွေနဲ့ Best Safety Records တွေကြောင့် ပြင်သစ် နိုင်ငံ ကစံပြ ဖြစ် နေရတာပါ။
      • နည်းပညာ အခက်အခဲ အပြင် အရေးကြီးတဲ့ တကယ့် အခက်အခဲ ကတော့ လောင်စာ ဖြစ်တဲ့ ယူရေနီယံ ရနိုင် ဘို့ နဲ့ ဘေး အန္တရာယ် ကင်းစေဘို့ အဆင့်ဆင့် ဘယ်လို ကာကွယ် မှု တွေလုပ်ရမလဲ ဆိုတာပါပဲ။
      • နိုင်ငံတကာ သဘောတူ ထိန်းချုပ်ထား တာမို့ တရားဝင် လိုင်စင်ရဘို့ အခက်အခဲ လည်း ရှိပါသေးတယ်။
      • IAEA (International Atomic Energy Agency) ရဲ့ Publication Website မှာ Nuclear Power Reactors တွေက ထုတ်လုပ်တဲ့ လျှပ်စစ် အချက်အလက် တွေ အပြင် Peace, Safety & Security (ငြိမ်းချမ်းရေး၊ အန္တရာယ် ကင်းစေရေး၊ လုံခြုံရေး၊) နဲ့ ဆိုင်တဲ့ စာအုပ် အချို့ ကိုလည်း Free Downlad လုပ် ယူနိုင်ပါတယ်။

    3. Natural Gas Power
      • Natural Gas (သဘာဝဓာတ်ငွေ့) သုံး gas turbines တွေကလည်း လျှပ်စစ် အဓိက ထုတ်ပေးနိုင်တာ တွေ့ရပါမယ်။ အရွယ်အစား သေးသေးနဲ့ ပါဝါ များများ ထုတ်နိုင်တဲ့ တာဘိုင်း တွေပါ။ combined cycle လို့ခေါ်တဲ့ gas turbines နဲ့ steam turbines တွဲထုတ်နိုင်တဲ့ စက်ရုံတွေ ဆို high efficiencies ရနိုင်ပါတယ်။ ဒီ Natural Gas ဓာတ်ငွေ့ က အခြား fossil fuels တွေ နဲ့ယှဉ်ရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု နှုန်း နည်းပါတယ်။ တူညီတဲ့ အပူစွမ်းအင်ရဘို့ Burning လုပ်တာချင်းယှဉ်ရင် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု နှုန်း petroleum ထက် ၃၀% နဲ့ ကျောက်မီးသွေး ထက် ၄၅% ပိုလျော့နည်းပါတယ်။ Renewable Energy မဟုတ်ပေ မဲ့ အခြား Fossil Fuels လောင်စာ တွေ နဲ့ ယှဉ်ကြည့် ရင် ပတ်ဝန်းကျင် နဲ့ သဟဇာတ အဖြစ်ဆုံးပါ။
      • Natural Gas သုံးတဲ့ ကားတွေ ကို လေထု ညစ်ညမ်းမှု ကိုသက်သာစေတဲ့ ကားတွေ အဖြစ် နိုင်ငံအများစု က လက်ခံ လာကြပါပြီ။ အမေရိက မှာ Natural Gas Powered Bus တွေကို Clean Air Fleet လို့ခေါ်တာ တွေ့ရပါတယ်။
      • ဒါကြောင့် Natural Gas ကနေ လျှပ်စစ်ထုတ်တာ က အခြား Fossil Fuels တွေနဲ့ ယှဉ်ရင် အသန့်ရှင်း ဆုံး ပါ။ ဒါကြောင့် Gas ဈေးချိုချို နဲ့ရနိုင်တဲ့ နေရာမှာ အသုံးများ ကြတာပါ။ မြန်မာနိုင်ငံ လို သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ နိုင်ငံ အတွက် လက်ရှိ အခြေအနေ မှာ အသင့်တော်ဆုံး လို့ သတ်မှတ်လို့ ရပါတယ်။


  3. Sustainability
    • အနာဂတ် မျိုးဆက်တွေ သူတို့လိုအပ်ချက် ကို သူတို့ဖြည့်ဆီး ပေးနိုင်ဘို့ ကိုမထိခိုက်စေ ပဲ လူတွေရဲ့ လက်ရှိ လိုအပ်ချက် ကိုဖြည့်ဆီးပေး နိုင် ခြင်း ကို Sustainability လို့ခေါ်ပါတယ်။ Process တွေက Sustainable ဖြစ်ခဲ့ရင် ပတ်ဝန်းကျင်၊ စီးပွားရေး နဲ့ လူမှုရေး တွေမှာ မကောင်းတဲ့ အကျိုးဆက် တွေ မကျန်စေဘဲ အတိုင်းအဆ မဲ့ လုပ်ဆောင်နိုင် မှာဖြစ်ပါတယ်။ ဒါမှလည်း လူသားတွေ အတိုင်းအဆ မဲ့ ဆက်လက်ရပ်တည် နိုင်မှာဖြစ် ပါတယ်။
    • The Concept Green Energy and Sustainability က Modern ခေတ်ပေါ် လို့ထင်ရပေမဲ့ တကယ် တော့ ideas အသစ်တွေ မဟုတ်ပါဘူး။ ရာစု နှစ်များစွာ ထဲက လူတွေ ဟာ ရွက်လွှင့်၊ လေအားသုံး၊ ရေအားသုံး ပြီး အလုပ်လုပ် ခဲ့ကြတာပါ။

  4. Hydro Power
    • Hydro Power ဆိုတာ စီးဆင်းနေတဲ့ ရေအား ကိုအသုံးပြုပြီး ထုတ်လုပ်တဲ့ စွမ်းအင် ကိုခေါ်တာပါ။ Hydroelectricity (or) Hydro-Electric Power (ရေအားလျှပ်စစ်) ဆိုတာကတော့ Hydro Power တစ်မျိုး ဖြစ်ပြီး Dam (ရေကာတာ) တွေကနေ စီးကျလာတဲ့ ရေတွေကနေ ထုတ်ယူတာဖြစ်ပါတယ်။
    • အသုံးများတဲ့ Hydor-Turbines နှစ်မျိုးက တော့ R.I.T (Mechanical Course) မှာသင်ရတဲ့ တို့ဖြစ်ကြပါတယ်။
    • အကျိုးကျေးဇူး တွေ နဲ့ အတူ အခက်အခဲ တွေလည်း ရှိပါတယ်။ ရေကာတာ အောက်က Turbines တွေလည်ပတ်နိုင်ဘို့ လိုအပ်တဲ့ ရေ သိုလှောင်နိုင်ဘို့ နဲ့  အမြင့်ရဘို့ ရေကြီးစေ တာ၊ ရေပြတ်လတ်စေတာ တွေဖြစ်စေ နိုင်တဲ့ အပြင်၊ မြစ်တွေရဲ့ စီးကြောင်းကို ထိခိုက်စေမှာ မို့ ပတ်ဝန်းကျင် ကို ထိခိုက်မှု လည်း ရှိနိုင်ပါတယ်။
    • လူနေဒေသ ကို သုံးခဲ့ရင် ဒေသခံတွေ ရဲ့နေရာ ဆုံးရှုံးမှု၊ စီးပွားရေး ထိခိုက်မှုတွေ ကိုဖြစ်စေမှာ မို့ သူတို့ ရဲ့ အနာဂါတ် ကို မဆုံးရှုံး စေဘို့ လိုအပ်တဲ့ အထောက်အပံ့ နဲ့ သင့်တော် တဲ့ နေရာပြန်လည် ခြထား ပေးမှု၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှု တွေလည်း လုပ်ပေး ရပါလိမ့်မယ်။ ဒီက ရလာတဲ့ အကျိုးအမြတ် ကိုလည်း အနီးအနား က ဒေသခံ လူတွေ ကိုပါ မျှဝေ ခံစားစေခြင်း ဖြင့် သူတို့ ရဲ့ အလေးအနက် တန်ဘိုး ထားစေဘို့ ကိုလည်း ရယူရပါမယ်။ ရေအားလျှပ်စစ် စက်ရုံ ကြီး ရှိနေ၊ မီးလင်းနေ ပါလျက် အနီးအနား က တိုင်းရင်းသား ရွာလေးတွေ မှာ မီးမှောင်ကျ အောင် လျစ်လျူ ရှုထားမယ် ဆိုရင် တစိမ့်စိမ့် ခံစား နာကြည်း နေရတဲ့ ဒေသခံ တွေက ဒီစက်ရုံ ကို ဝိုင်းပြီး ကာကွယ်ပေး မှာ မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ပဲ အနီးအနား ရွာလေးတွေ ကို သင့်တော်သလို လျှပ်စစ်ပါဝါ မျှဝေ ဖြန့်ဖြူးပေး ခဲ့မယ် ဆိုရင် ဒီစက်ရုံ ကိုသူတို့ အပိုင် လို သတ်မှတ်တော့ မှာ မို့ ကာကွယ်စောင့် ရှောက်ပေးကြ အုံးမှာပါ။ ဒီနေရာ မှာ စက်ရုံ အတွက်လည်း လိုအပ်တဲ့ မီတာခ ကောက်ခံ ရရှိနိုင် မှာ ဖြစ်သလို ဒေသခံ တွေ ရဲ့ လူနေမှု စနစ် ကိုလည်း မြှင့်တင် ပေးသလို ဖြစ်မှာ မို့ အားလုံး အကျိုးရှိမဲ့ Win-Win Situation ပါ။
    • နောက် အားနည်းချက် တစ်ခုကတော့ ရာသီဥတု နဲ့ မြစ်မှာ ရနိုင်တဲ့ ရေအား ပါ။ အထူးသဖြင့် ရာသီ အလိုက်ပဲ မိုးရွာ တဲ့ ဒေသတွေ မှာပေါ့။
    • ရေအနိမ့်အမြင့် သိပ်မကွာတဲ့ Dam အသေးလေးတွေ က လျှပ်စစ် ထုတ်လုပ်မှု နည်းပေမဲ့ ပတ်ဝန်းကျင် အတွက် တော့ အားသာချက် ကိုပေးပါတယ်။ Dam အကြီးတွေထက် အသေးတွေက ရေရဲ့အပူချိန် ပြောင်းလဲစေတာ၊ ငါးတွေနဲ့ ရေသတ္တဝါ ငယ် လေးတွေရဲ့ အရေအတွက် ကို ထိခိုက်စေတာ တွေ နည်းပါးပါတယ်။
    • ပတ်ဝန်းကျင် ထိခိုက်မှု နည်းတဲ့ Hydro Power ထုတ်လုပ်တာ ကို အားပေးနိုင်ဘို့ The Low Impact Hydropower Institute (LIHI) က တစိုက်မတ်မတ် ဦးတည် လုပ်ဆောင်နေ ပါတယ်။ (LIHI) က non-profit 501(c)(3) organization ဖြစ်ပြီး ပတ်ဝန်းကျင် ကိုမထိခိုက်တဲ့ (သို့) ထိခိုက်မှု နည်းတယ် လို့ သတ်မှတ်ထားတဲ့ Criteria တွေနဲ့ ပြည့်စုံ တဲ့ hydropower projects တွေကို certification လုပ်ပေးတဲ့ Service ရှိပါတယ်။
    • Hydro Power ကိုသုံးတဲ့ အခါမှာ မြစ်ရေကို သာ အဓိက သုံးခဲ့ကြပေမဲ့ အခုအခါ ပင်လယ်၊ သမုဒ္ဒရာ တွေက လှိုင်းလုံး နဲ့ ဒီရေ အတက်အကျ ကို သုံးပြီး Electricity ထုတ်လုပ်ဘို့ ကြိုးစားနေတဲ့ Tidal and Wave Power Plants တွေ အတန်သင့် အောင်မြင်နေပါပြီ။
    • သမုဒ္ဒရာ ရေစီးကြောင်းတွေ ကို လည်း အသုံးချဘို့ ကြိုးစားနေကြပါတယ်။

  5. Wind Power
    • Wind Power လေတိုက်အား ကို သုံးပြီး စွမ်းအင် ထုတ်ယူတာ ကို ခေါ်တာပါ။ အသုံးတွင်ကျယ် လာတာကတော့ Wind Turbines တွေကနေ လျှပ်စစ်ဓာတ် ထုတ်ယူ တာပါ။ Wind Energy Conversion Systems (WECS) လို့လည်း ခေါ်ကြပါတယ်။ သူ့မှာ စီးပွားရေး အရရော ပတ်ဝန်းကျင် အတွက် ပါ အားသာ ချက်တွေ ရှိတာ မို့ အလျင်အမြန် တိုးတက် နေတဲ့ နည်းပညာ ပါ။
    • အားနည်းချက် ကတော့ ဒီ Wind Turbines တွေကို လေအသွား အလာ ကောင်းတဲ့ နေရာတွေ မှာ ရွေးဆောက်ထား တယ် ဆိုပေမဲ့ လေ အမြဲ ပုံမှန် တိုက်ခတ် နေမယ် လို့ အာမ မခံ နိုင်တာ ပါပဲ။ ဒါကြောင့် လျှပ်စစ် ထုတ်လုပ်မှု လည်း ပြတ်တောင်းပြတ်တောင်း ဖြစ်နိုင်ပါတယ်။
    • Frictional & Inertia Effects တွေကြောင့် လေတိုက်နှုန်း 5 mph (တစ်နာရီ ၅ မိုင်နှုန်း) အောက်မှာ မလည်ပတ် နိုင်ပါဘူး။ ပုံမှန်ဆို ၁၀ မိုင်နှုန်း အထက် လိုအပ်ပြီး 15mph ကပျမ်းမျှ အကောင်းဆုံး လိုအပ်ချက်ပါ။ ပါဝါ ကလေတိုက်နှုန်း ရဲ့ သုံးထပ်ကိန်း မို့ လေတိုက်နှုန်း များလေ အကျိုးရှိလေ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃၀ မိုင်နှုန်း ကျော်လာတဲ့ အခါ WECS အပေါ်သက်ရောက်တဲ့ Forces တွေက မခံနိုင် လောက်အောင် ပြင်းထန်လာတာ မို့ လျှော့ပေးဘို့ စနစ်တွေ ထည့်ပေးရပါတယ်။
    • အသံဆူညံ မှု ထိန်းချုပ် နိုင်ဘို့ နဲ့ ငှက်တွေ ကို ရိုက်ခတ် မဲ့ အခြေအနေ ကိုလည်း ထည့်စဉ်းစား ပေးရပါလိမ့် အုံးမယ်။

  6. Solar Power
    • ကမ္ဘာပေါ် ကိုစွမ်းအင် ပေးနေတဲ့ အဓိက စွမ်းအင်ရှင်ကတော့ သူရိယ နေမင်းပါပဲ။ နေက ကမ္ဘာပေါ် က စွမ်းအင် အားလုံး အတွက် တိုက်ရိုက် ပဲဖြစ်ဖြစ် သွယ်ဝိုက် ပြီးပဲဖြစ်ဖြစ် ပေးနေတဲ့ မယုံကြည်နိုင် လောက်အောင် စွမ်းဆောင် နိုင်တဲ့ Incredible Energy Source ဖြစ်ပါတယ်။ နေ့တိုင်းနေ့တိုင်း နေက စွမ်းအင်တွေ အများကြီး ကို Space ကိုဖြစ် လို့ ကမ္ဘာပေါ် အရောက် ပေးပို့ နေပါတယ်။ ပျမ်းမျှ 429.2 BTU/ft²-hr (1.354 kW/m²) လောက်ရှိတဲ့ နေစွမ်းအင် က Earth s Atmosphere ရဲ့အပြင် ဖက် ကနေဝင်ရောက်လာပြီး သူ့ကို Solar Constant လို့ ခေါ်ပါတယ်။ သူ့ရဲ့ ၄၀% -၇၀% လောက်က မြေပြင်ပေါ် ထိရောက်လာပါတယ်။ နေကစွမ်းအင် ကို တိုက်ရိုက် ထုတ်ယူ တဲ့နည်း တွေ ကတော့ Heat absorption (အပူစွမ်းအင် ကို စုတ်ယူတဲ့ နည်း) နဲ့ Photovoltaic (လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်းလဲတဲ့နည်း) တွေပါ။
    • Heat absorption
      1. Passive Solar Heat absorption: ကတော့ အပူ စုပ်ယူ ထိန်းသိမ်း နိုင်တဲ့ Building Materials and Structures တွေ ကိုသုံးပြီး အဆောက်အအုံ အတွက် လိုအပ်တဲ့ Heating အတွက် အသုံးပြုတာပါ။
      2. Active Solar Heat absorption: ကတော့ အနက်ရောင် သုတ်ထားတဲ့ Solar Panel ပေါ်မှာ Liquid or Gas Tube တွေကို တပ်ဆင်ထားပြီး အပူစုတ်ယူ နိုင်တဲ့ Liquid or Gas တွေကို Pump နဲ့ Circulate လုပ်ပြီး လိုအပ်တဲ့ Heating Applications (အခန်းတွင်း အပူပေးဘို့၊ ရေပူ ရဘို့ စသည်) တွေ မှာသုံးတာပါ။ နေကစွမ်းအင် ကို အများဆုံး စုတ်ယူ နိုင်ဘို့ နဲ့ ပြန် မဆုံးရှုံး အောင် ထိန်း နိုင်ဘို့လည်း Solar Hot Water Panel Technology နည်းပညာတွေ လည်း တိုးတက်နေပါတယ်။ (ဥပမာ။ Vacuum Tube)
      3. လက်ရှိ Solar Energy သုံးတဲ့ စနစ်တွေ ထဲမှာ အထိရောက်ဆုံး နဲ့ အကျိုး အရှိဆုံးပါ။ Efficiency 90% လောက်အထိတောင် ရနိုင်ပါတယ်။ ဒါပေမဲ့ ရာသီဥတု က အစိုးမရ တာမို့ Heating အမြဲလိုအပ်ရင် သူ့ကို Backup လုပ်ဘို့ Heat Pump လိုမျိုး Equipments တွေထားပေး ရပါမယ်။

    • Photovoltaic Cells
      1. Photovoltaic Cells ဆိုတာကတော့ နေရောင်ကနေ လျှပ်စစ်ဓာတ် တိုက်ရိုက် ထုတ်ပေး နိုင်တဲ့ Silicon based cells တွေကို ခေါ်တာပါ။ Space Craft (ဥပမာ ဂြိုဟ်တု၊) တွေမှာ စွမ်းအင်ထုတ် ယူဘို့ စတင်ခဲ့ ရာ က အခုဆို အဝေးပြေး လမ်းမပေါ်က Emergency Telephone တွေမှာ၊ Calculators နဲ့ လက်ပတ်နာရီ တချို့အပြင် အချို့နေရာ တွေ မှာ အိမ်တွေ အတွက် Power (Electricity) ရဘို့ လည်းသုံးလာ ကြပါတယ်။ ပါဝါ မရနိုင်တဲ့ မြို့ပြနဲ့ ဝေးတဲ့နေရာ က အိမ်တွေ မှာသုံးကြသလို မြို့ကြီး ပြကြီးတွေ မှာ လည်း Sustainable Alternative Energy အနေနဲ့ သုံးလာကြတာပါ။
      2. အားနည်းချက် ကတော့ တိမ်ဖုံးနေတဲ့ နေ့တွေ၊ မိုးရွာတဲ့နေ့ တွေမှာ လုံလုံလောက်လောက် အလုပ်မလုပ် နိုင်တာ ပါပဲ။ နောက် Trade-offs အနေနဲ့ စဉ်းစား စရာက Silicon Chips တွေရဘို့ အတွက် သဲတွေ အများကြီး ကို တူးဖော်ရ၊ သန့်စင်ရ၊ နဲ့ စွမ်းအင်ကုန် တာမို့ Photovoltaic Cells တစ်ခု ရဘို့ကုန်ကျ တဲ့စွမ်းအင် အဲဒိ Cell ရဲ့ သက်တမ်းတလျှောက် ပြန်မှ ပေးနိုင်ပါ့ မလား ဆိုတဲ့ အငြင်းပွား ချက်တွေ လည်းတွေ့ ရပါတယ်။ နောက်တစ်ချက် ကတော့ ခုချိန်ထိ Efficiency မကောင်းသေးတာ ရယ် စီးပွားရေး အရ တွက်ခြေ ကိုက်လောက်တဲ့ လူတွေ လက်လမ်းမှီ တဲ့ ဈေး မဟုတ်သေး တာ ရယ်ပါ။ (အရင် နဲ့ စာရင် တော့ အများကြီး ဈေးချို လာပါပြီ။) နည်းပညာ ကို ဆက်လက် လေ့လာနေကြ တာ နဲ့ အတူ ပိုတိုးတက်၊ ပိုကောင်း လာပြီး ပိုလည်း ဈေးချို လာမယ် လို့ မျှော်လင့် ရပါတယ်။
      3. PV Supplier အချို့ နဲ့ စကားပြောခွင့် ကြုံ လို့ Payback Period ကို မေးကြည့်တဲ့ အခါ အနှစ် လေးဆယ် လောက် လို့ ဆိုပါတယ်။ Equipment Guarantee က ၂၅ နှစ် ပါတဲ့။ တိုးတက်မှု ကိုမျှော် ဘို့ လိုပေမဲ့ လက်ရှိ အချိန် မှာတော့ တွက်ခြေ မကိုက်သေးပါဘူး။
      4. ပုံမှန်ဆို Energy Storage လုပ်ဘို့ Battery လိုအပ်ပေမဲ့ Real Time Usage နဲ့ သုံးရင်တော့ Battery မလိုပါဘူး။ Power Grid နဲ့ အပြိုင် တတ်ဆင်ထားတာ ဖြစ်ပြီး Solar Power ရသလောက် ကို ထည့်သွင်း အသုံးပြု တဲ့ စနစ်ပါ။ Danfoss ရဲ့ Solar Inverter ကိုလေ့လာပါ။
      5. နောက်တစ်ခု က နေရာ လိုအပ်ချက် ပါ။ Efficiency က အရမ်းကောင်းတဲ့ Commercial Silicon Modules တွေတောင် မှ Overall Efficiency 12-13% လောက်ပဲ ရှိပါတယ်။ ဒီလို High Efficiency Module တောင်မှာ အရိပ် မထိုးတဲ့ Flat Surface 8m²/kWp လောက်လိုအပ်ပါတယ်။ Thin-Film Cell တွေအတွက် ဆို Overall Efficiency 12-13% လောက်ပဲ ရှိတာမို့ နေရာ လိုအပ်ချက် နှစ်ဆ ပိုပါတယ်။
      6. သူ့ရဲ့ Power ကို Peak power (kWp) နဲ့ ပြလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်နှစ်လုံး ကိုပျမ်းမျှ ရနိုင် တဲ့ နှုန်းနဲ့ တွက်ကြည့် တဲ့ အခါ စကာင်္ပူလို နိုင်ငံမှာတောင် ပျမ်းမျှ တစ်ရက် Peak power (kWp) x သုံးနာရီ လောက်စာ နဲ့ ပဲ ညီမျှပါတယ်။
        ဥပမာ 1kWp ရှိတဲ့ High Efficiency Commercial PV Cell အတွက်
        • အရိပ် မထိုးတဲ့ Flat Surface 8m² (86 ft²) လောက် လိုအပ်ပါတယ်။
        • ဈေးနှုန်း က ခန့်မှန်းချေ US$8,000 လောက် ကျသင့်ပါမယ်။
        • 1kWp x 3 (h/day) x 365 (days/yr) = 1,095 kW.h /year
        • ကမ္ဘာ့ ပျမ်းမျှ Electricity Tariff ဈေးနှုန်း 15 UScents / kWh နဲ့ ပဲတွက် တစ်နှစ် ကို US$160 ပဲ ပြန်ရနိုင် မှာပါ။


    • Light tube
      • Light tube နေရောင်ခြည် ကို အဆောက်အအုံ ရဲ့ အတွင်းပိုင်း ကို ပို့ပြီး အလင်းပေးဘို့ သုံးတဲ့ ပစ္စည်းပါ။
      • အဆောက်အအုံ တွေ ကအလင်းရောင် ရဘို့ Artificial Lighting တွေ အကြီး အကျယ် သုံးစွဲ ရပါတယ်။ ဒါကို အထိုက်အလျောက် အစားထိုးနိုင် စေဘို့ Light tube ကို သုံးစွဲ နိုင်ပါတယ်။ သူ့ကို sun pipes, solar pipes, solar light pipes, or daylight pipes စသည်ဖြင့် အမျိုးမျိုး ခေါ်ဆိုကြပါတယ်။


  7. Geothermal Energy
    • သူ့နာမည် အတိုင်းပဲ ကမ္ဘာမြေကြီး ရဲ့ အပူဓာတ် ကို ထုတ်ယူသုံး စွဲ တာကို ခေါ်တာပါ။ ကမ္ဘာ့ တိုက်ကြီးတွေ ရဲ့ အဆက် (Continental Plate) မှာ မြေအောက် ရေကြော နဲ့ ချော်ရည် ပူတွေ ထိတွေ့ ရာက High Pressure High Temperature Steam Fields တွေ ဖြစ်ပေါ်လာ ပါတယ်။ အဲဒီ နေရာတွေ မှာ စက်ရုံဆောက်၊ ကမ္ဘာ့ မြေထု ရဲ့ အပူကြောင့် သဘာဝ အတိုင်း ထွက်ရှိလာ တဲ့ Steam (ရေနွေးငွေ့) တွေကို တူးဖော် သွယ်ယူ ပြီး Steam Turbine တွေ နဲ့ Power (Electricity) ထုတ်ယူတာ ပါ။
    • အခြားအသုံးပြု နည်းကတော့ မြေအောက် နက်နက် ရေပိုက်တွေ ကိုမြှုပ်၊ မြေကြီး ရဲ့ အပူဓာတ် ကို ထုတ်ယူပြီး အဆောက်အအုံ ကို အပူပေးဘို့ (သို့) ရေပူ ရဘို့ သုံးစွဲ ကြပါတယ်။
    • အားနည်းချက် တစ်ချို့ ကတော့ သယ်ယူပို့ဆောင် ရေးလိုအပ်ချက် တွေကို မဖြည့်ဆီး နိုင်တာ၊ ဒါ့အပြင် နေရာတိုင်းမှာ Electricity ထုတ်ယူနိုင်လောက်အောင် လိုအပ်တဲ့ Steam Temperature ရနိုင်တာ မဟုတ် လို့ ပါပဲ။
    • နေရာ တိုင်းမှာ ရနိုင်တာ မဟုတ်ပေ မဲ့ ကံအကျိုးပေး ကောင်းလို့ Geothermal Energy နေရာ တစ်ခု ကမ္ဘာပေါ်မှာ ရှိပါတယ်။
    • IceLand
      • Europe နဲ့ Green Land ကြား North Atlantic Oceans မှာ တည်ရှိတဲ့ IceLand ဆိုတဲ့ နိုင်ငံ ကတော့ Hot Spring (ရေပူစမ်း) တွေ Underground Steam Fields တွေ နဲ့ ပြည့် နေတဲ့ နိုင်ငံ ပါ။ ၁၉၃၀ လောက်ထဲ က မြို့တော် Reykjavik မှာ ဒီ Resources တွေ ကိုထုတ်ယူ ပြီး အိမ်ယာ အဆောက်အအုံ တွေကို အပူပေး ဘို့ သုံးစွဲ ခဲ့တာပါ။ စီးပွားရေး မကောင်းခဲ့ တဲ့အခြေအနေ ကို ဒီ Geothermal Energy သုံးစွဲ မှုက ပြောင်းပြန် ဖြစ်စေ ခဲ့လို့ ခုဆို လူနေမှု အဆင့် အရမ်းမြင့် နေပါပြီ။
      • ဒါပေမဲ့ ဒီနိုင်ငံ ရဲ့ အဓိက စီးပွားရေး လုပ်ငန်း ဖြစ်တဲ့ ငါးဖမ်း လုပ်ငန်း မှာ သုံးဘို့ ပြည်ပ ကနေ လောင်စာဆီ တင်သွင်း နေရပါတယ်၊ ဆီဈေးတွေမြင့် လာတာ နဲ့အတူ Alternative Technology ကို ရှာလာပါပြီ။ သူတို့ လုပ်ဘို့ ကြိုးစားနေ တာကတော့ Hydrogen Fuel Cells နည်းပညာပါ။ သူတို့ ရဲ့ ကားတွေ၊ သဘောင်္တွေ၊ ငါးဖမ်း စက်လှေတွေ မှာ သုံးမှာပါ။
      • Geothermal ကနေ Hydrogen Fuel Cells အထိသုံးစွဲ Alternative Energy တွေကို နေတဲ့ Icelands က အခြားနိုင်ငံ တွေကို Alternative to Fossils Fuels ရှိကြောင်း သက်သေပြ နေပါတယ်။

  8. Biomass Fuels
    • အခြား ရွေးစရာ တစ်ခုက လည်း တကယ့် အခြေခံ ဖြစ်တဲ့ Biomass Fuels ပါပဲ။ နေရောင် ကနေ စွမ်းအင် တွေ ရရှိထား တဲ့ အပင်တွေ နဲ့ တိရစ္ဆာန် တွေရဲ့ စွန့်ပစ်ပစ္စည်းတွေ ကနေ ထုတ်ယူရတာ ပါ။ သစ် နဲ့ နွားချေးခြောက် တွေကို လောင်စာ အဖြစ် လူတွေ သုံးခဲ့တာ နှစ်ရာချီ နေပေါ့။
    • နေရဲ့ စွမ်းအင် ကို လူတွေ၊ အပင်တွေ၊ တိရစ္ဆာန် တွေအပါအဝင် သက်ရှိ အားလုံးက စုတ်ယူထား တာပါ။ အမှိုက်၊ အပိုပစ္စည်း တွေလို့ သတ်မှတ် ထားတဲ့ အရာ တွေတော်တော် များများ မှာ စွမ်းအင် တွေပါဝင် နေပါတယ်။ ဒီစွမ်းအင်တွေ ကို အကျိုးရှိရှိ ထုတ်ယူ သုံးစွဲ နိုင် တာကို Cutting-Edge Technology Alternative to Fossil Fuels လို့သတ်မှတ် နိုင်ပါတယ်။

    • Waste-to-Heat Electricity Generation
      • မြန်မာနိုင်ငံ ကို ရောက်လာတော့ မဲ့ နည်းပညာ တစ်ခု ပါ။ အမှိုက်တွေ လည်း ရှင်း၊ စွမ်းအင်လည်းရ။ လေထဲကို ထုတ်လွှတ်မဲ့ Emission Control ထိန်းသိမ်းမှု ကောင်းရင် ရန်ကုန်လို မြို့ကြီး တွေ အတွက် ရလဒ်ကောင်း ပေးနိုင်မယ် လို့ မျှော်လင့်ရပါတယ်။ (နောက်မှ ဆက်ရေးပါမယ်။)

    • Ethanol
      • တစ်ခုကတော့ Ethanol ပါ။
      • Ethanol ကို ကြံ၊ ပြောင်းဖူး နဲ့ sorghum လို လယ်ယာ ထွက်ပစ္စည်း တွေကို fermentation (အချဉ်ဖောက်ခြင်း) ဖြင့် ထုတ်ယူနိုင်ပါတယ်။
      • ဘရာဇီး နိုင်ငံ ဟာ ကြံ နဲ့ ဘေးထွက်ပစ္စည်းတွေ ကနေ ထုတ်ယူ ရရှိတဲ့ Ethanol ဂါလံ သန်းထောင်ပေါင်း များစွာ နှစ်စဉ် ထုတ်ယူ နိုင်ပါတယ်။ ဒါကြောင့် ဘရာဇီး နိုင်ငံ ရဲ့ လောင်စာဆီ လိုအပ်ချက် ရဲ့ ရာနှုန်း များစွာ ကို Ethanol ကနေ ဖြည့်ဆီးပေး နေပါတယ်။
      • ကြံစိုက်ပျိုးမှု ရဲ့ high carbon sequestration capabilities (ကာဗွန် စုတ်ယူ ထိန်းသိမ်းနိုင် စွမ်း) ရှိတာမို့ climate change ကို အမှန်တကယ် ရင်ဆိုင်နိုင်တဲ့ ရွေးချယ် စရာ ဖြစ်တာ မို့ ဘရာဇီး နိုင်ငံရဲ့ Ethanol ထုတ်လုပ်မှု ကိုချီးကျူး ကြပါတယ်။

    • Biodesel
      • နောက်တစ်ခု ကတော့ Biodesel ပါ။ Biodesel က Non-toxic, biodegradable ဖြစ်ပြီး စားသုံးဆီ၊ တိရစ္ဆာန် အဆီ (soybeans, vegetable oils, animal fats,) သာမက restaurant recy-grease (စားသောက်ဆိုင် ကစွန့်ပစ် ဆီ) တွေ အပြင် algae (ရေညှိ) တွေကပါ ထုတ်ယူ နိုင်ပါတယ်။ သူ့ရဲ အားသာချက်ကတော့ လက်ရှိ ဒီဇယ် သုံးအင်ဂျင် တွေမှာ တိုက်ရိုက် သုံးနိုင်တာ ပါ။
      • ဒီ Biofuel တွေ ကောင်းတယ် ဆိုပေမဲ့ အားနည်းချက် တွေ ကတော့ ရှိတာ ပါပဲ။ Biomass စိုက်ပျိုးဘို့ စွမ်းအင်လို သလို Biomass ကနေ Biofuel ထုတ်ယူ ဘို့ လည်းစွမ်းအင် လိုပါတယ်။ လယ်ယာထွက်ကုန် နဲ့ အပြိုင် ဖြစ်လာပါတယ်။ ဒါကြောင့် စားသောက်ကုန် တွေ ဈေးကြီးမြင့် လာတာ၊ နွားနို့တွေ၊ အသားဈေးတွေ မြင့်လာတာ။ ပြောင်းဖူး နဲ့ လုပ်တဲ့ cereals တွေဈေးတက် လာတာ တွေ လည်းဖြစ် စေခဲ့ပါတယ်။

    • Bio-Gas (Methane Fermentation)
      • နောက်တစ်ခု ကတော့ စွန့်ပစ် ပစ္စည်းတွေ၊ တိရစ္ဆာန် တွေရဲ့ မစင်တွေက နေ Methane ဓာတ်ငွေ့ ထုတ်ယူတာပါ။
      • လွန်ခဲ့တဲ့ အနှစ် ၂၀-လောက်တုန်း က မြန်မာပြည် မှာ လယ်သမားတွေကို ဘယ်လို ဓာတ်ငွေ့ ထုတ်လို့ရတယ် ဆိုပြီး ဖြန့်တဲ့ Leaflet တစ်ခု ဖတ်မိဘူးပါတယ်။ Methane ကို ထုတ်လုပ်ပုံ နဲ့တကွ ကားတာယာ Tube ထဲမှာ သိုလှောင်ပြီး အသုံးပြု နိုင်တယ် လို့ ရေးထားပါတယ်။ လူတွေ တကယ် စိတ်ဝင်စားအောင် မလုပ်နိုင်တာ ရယ်။ ဓာတ်ငွေ့ ကိုသုံးရကောင်း မှန်းမသိတာ ရယ်ကြောင့် မအောင်မြင် ခဲ့တာ တွေ့ရပါတယ်။
      • စပါးခွံ အင်ဂျင်တွေ သုံးတာလည်း မီသိန်း ကို ထုတ်သုံး တာပါ။ အရင်တုန်းက သူငယ်ချင်းတစ်ယောက် ကတော့ အဲဒီစက် ကလွင့်လာ တဲ့ လေက မသန့် တဲ့ အပြင် အမှုန်တွေ လည်းအများကြီး ပါကြောင်း၊ ကျန်းမာရေး ထိခိုက်ရကြောင်း၊ ဝမ်းပန်းတနဲ ညီးတွားပြောဆို နေတာ ကြားဘူးပါတယ်။ (တရားဝင် ကန့်ကွက် ခွင့် မရှိတဲ့ အတွက် ဆက်ခံ ရုံမှ တစ်ပါး….)။ နည်းပညာ ကို ကြိုဆို ရမှာဖြစ်ပေမဲ့ အနီးအနား နေသူတွေ နဲ့ ပတ်ဝန်းကျင် ကို မထိခိုက် အောင် ဘယ်လို လုပ်သင့်တယ် ဆိုတာ လည်း ထည့်သွင်း စဉ်းစား ရမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း မြန်မာပြည်မှာ ဒီ စနစ် အတော် ခေတ်စား လာတာတွေ့ရပါတယ်။ ထွက်လာတဲ့ ဓာတ်ငွေ့ ကို ဒီဇယ် အင်ဂျင် မှာ သုံးလို့ရတာ မို့ပါ။ ဘွိုင်လာ နဲ့ ယှဉ်ရင် အများကြီး တွက်ချေကိုက်တာ မို့ အသုံးများ ကြတာ ဖြစ်ပါတယ်။ အမှုန် နဲ့ ပတ်သက်ပြီး အတိုင်းအတာ တစ်ခုထိ ထိန်းသိမ်း လာနိုင်ပေမဲ့ ဘေးထွက် ဆိုးကျိုး အချို့တော့ ရှိနေ ဆဲပါ။ ပထမ တစ်ခုက မီသိန်း နဲ့ အနံ့ တွေ ယိုစိမ့်တာပါ။ ဒါကြောင့် အနံ့ ပြင်းသလို ဒီပစ္စည်း တွေ အပေါ်က သွပ်တွေ ဟာလည်း corrosion ဒါဏ် ကို ကြာကြာ မခံနိုင်ပါဘူး။ နောက်ထွက်လာတဲ့ စက်ပြာတွေ က လည်း အနံ့ ဆိုးဝါးပါတယ်။ ဒါကြောင့် ဒီစက်တွေ နားက စက်ပြာစွန့်ပစ်တဲ့ တချို့ရေဆိပ် တွေ မှာ လူတွေ ရေချိုးလို့ မရ၊ အဝတ်လျှော် မရ၊ သုံးလို့ မရ စတဲ့ ပြဿနာ လည်း တွေ့ရှိရပါတယ်။
      • ဒီစနစ် က ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် Alternative Energy Source ကိုပေးတယ် ဆိုပေမဲ့ လေထဲကို Green house gas ဖြစ်တဲ့ Methane တွေ ထုတ်လွှတ်နေ တာ ကို မလျှော့နိုင် ရင် တော့ စဉ်းစားစရာ ဖြစ်ပါတယ်။ မီသိန်းက Global Warming Potential က 72 ပါ။ ဆိုလိုတာ က Carbon Oxide ထက် ၇၂ ဆ ရှိပါတယ်။ နောက်လေထဲ မှာ လည်း အတော်ကြာကြာ နေနိုင်တဲ့ stable gas လည်းဖြစ်ပါတယ်။ Atmospheric Half Life - 7 years မို့ ၇ နှစ် မှ တစ်ဝက် လောက်ပဲ ပြိုကွဲ နိုင်တာပါ။ သူပြိုကွဲ ရင် Carbon Oxide နဲ့ ရေ ဖြစ်ပါတယ်။
      • Methane က အရောင်မရှိ၊ အနံ့ မရှိ toxic မဖြစ်ဘူးဆိုပေမဲ့ အတူထွက်လာတဲ့ အနံ့ပြင်းပြင်း က ခပ်ဝေးဝေး အထိ ရောက်နိုင်တာမို့ ပတ်ဝန်းကျင် မှာ ရှိတဲ့ နေထိုင် သူတွေ ရဲ့ ရေရှည် ကျန်းမာရေး ကို ဘယ်လို ထိခိုက်မှု ရှိမယ် မသိနိုင်သေးပါဘူး။ မီသိန်း ထုတ်တဲ့ နည်း စနစ်တွေ က Organic Compounds တွေ ကို Oxygen နည်းတဲ့ နေရာ မှာ အပုတ်ခံ (Decompose) လုပ်ရတာ မို့ တွဲရက် အနံ့ဆိုး ပါလာတာ ဖြစ်ပါလိမ့်မယ်။
      • ဒီစနစ် မှာ နည်းပညာ အခက်အခဲ အချို့ ရှိဆဲပါ။ အောက်မှာ မြန်မာပြည် မှာ လက်ရှိ သုံးနေတဲ့ စပါးခွံ ဓာတ်ငွေ့ ထုတ် ပေါင်းဖို ဓာတ်ပုံ တွေ ကို ဖော်ပြထားပါတယ်။

      • မီသိန်း ထုတ် ပေါင်းဖို အငယ် နှင့် အင်ဂျင်

      • ဆန်စက်ငယ် ကို လည်ပတ်ရန် မီသိန်း ထုတ် ပေါင်းဖို အလတ်စား

      • ဆန်စက်ငယ် အတွက် မီသိန်း သုံး အင်ဂျင်


    • Waste Gasification
      • ကြုံကြိုက်လို့ Ebra Pump Co. (Japan) ကနေ ရေးသားထား တဲ့ တိုတို ရှင်းရှင်း The Puzzle of Sustainable Society ဆိုတဲ့ စာအုပ် ကို စာဖတ်သူ အတွက် ညွှန်း လိုပါတယ်။
      • ဒီ အထဲမှာ ပါတဲ့ Internally Circulating Fluidizedbed Gasifier (ICFG) ဆိုတာ ကတော့ စွန့်ပစ် ပစ္စည်းတွေ ကနေ လျှပ်စစ်ထုတ် တာပါ။ Treatment Process အတွက် လိုအပ်တဲ့ စွမ်းအင် ကို လည်း ရနိုင်တဲ့ အပြင် အပို တောင်ထွက် သေးတယ် ဆိုတော့ အမှန်တကယ် စိတ်ဝင်စား ဘို့ ကောင်းပါတယ်။
      • ဒီစာအုပ်ထဲ မှာ ပါတဲ့ အခြား နည်းပညာ တွေ ကလည်း စာဖတ်သူ ကို Environmental Awareness ပေးလိမ့်မယ် လို့ ယုံကြည်ပါတယ်။


  9. မြန်မာပြည် နဲ့ Green Energy
    • Green Energy တွေကို လေ့လာ စမ်းသပ် နေတဲ့ အကြောင်း။ Renewable Energy Source လေးခုလုံး ကြွယ်ဝကြောင်း အစရှိတဲ့ သတင်း၊ ဆောင်းပါးတွေ ဖတ်ရပါတယ်။ အင်မတန် ဝမ်းသာစရာ သတင်းပါ။ စွမ်းအင် ငတ်နေတဲ့ ပြည်သူတွေ အတွက် မျှော်လင့်ချက် ရောင်ခြည်တွေ ပါ။ ခုချိန်ထိ တကယ် လက်တွေ့ဖြစ် မလာသေးပေမဲ့ အာသာပြေ ပေါ့လေ။) ဒါပေမဲ့ အားနည်းချက်၊ အားသာချက်တွေ ကို တကယ့် လက်တွေ့ လုပ်ဘူးတဲ့ အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာ တွေမှ ဆန်းစစ် နိုင်ဘို့ တော့ လိုအပ်ပါတယ်။
    • Green Energy ဆိုတာက ပတ်ဝန်းကျင် နဲ့ ရေရှည် အကျိုးဖြစ်ထွန်း စေမှာ မှန်ပေမဲ့ ကျောက်မီးသွေး (သို့) သဘာဝ ဓာတ်ငွေ့သုံး Turbine Generator တွေလောက် ကုန်ကျစရိတ် အရရော၊ စီးပွားရေး အရ ပါ တွက်ချေ မကိုက်သေး ပါဘူး။ ဥပမာ၊ လေအား လျှပ်စစ် ဆိုရင် အရင်ကထက် ဈေးပိုချိုလာ တယ် ဆိုပေ မဲ့ Coal / Gas Turbines (ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ သုံး တာဘိုင်း) တွေ က ထုတ်တာ ထက်စာရင် ကုန်ကျစရိတ် နှစ်ဆလောက် ပို နေတုန်းပါ။
    • ရနိုင်တဲ့ နေရာ နဲ့ လိုအပ်တဲ့ နေရာ အကန့်အသတ်၊ လိုအပ်တဲ့ နေရာကို Power Transmission (ပို့လွှတ်ဘို့) အခက်အခဲ တွေ ရှိနေတဲ့ အပြင် နိုင်ငံ ဖွံ့ဖြိုး တိုးတက် အောင် လိုအပ်တဲ့ ပမာဏ ပေးနိုင်ဘို့ အကြီးအကျယ် ထုတ်ပေးနိုင် ဘို့ မလွယ် သေးပါဘူး။ ဥပမာ၊ Tidal and Wave Power Source (ဒီလှိုင်းပါဝါ) အများဆုံး ရနိုင်မယ် လို့ခန့်မှန်း ထားတဲ့ ကျိုက္ခမီ မှာ Power 100kW လောက်ထိရနိုင်တယ် ဆိုတာ တိုးတက်တဲ့ နိုင်ငံ တစ်ခု က တစ် ဧက လောက် ပဲ ရှိတဲ့ ခြံမြေပေါ် မှာ ဆောက်ထားတဲ့ လူနေအိမ်ခန်း ၉၀ ပါ အထပ် ၃၀ မြင့် ကွန်ဒိုမီနီယံ တစ်ခု ကို ပေးဘို့ လိုတဲ့ Power 5MW (50,000 kW) ရဲ့ အပုံ ၅၀ပုံ တစ်ပုံ 2% လောက်ပဲ ရှိပါတယ်။ စက်ရုံ ဆိုရင်တော့ ပါဝါ သုံးလွန်း တာမို့ နှိုင်းယှဉ် စရာတောင် မလိုတော့ ပါဘူး။ ဒီ Tidal Wave Power Plant အတွက် ရေအဝင်အထွက် ဖြစ်စေဘို့ Lagoon (ရေအိုင်ကြီး) လိုပါတယ်။ 100 kW ရဘို့ အတွက် Lagoon ဧရိယာ ဧကပေါင်း ဘယ်လောက်လို မလဲ တွက်ချက် ကြည့်သင့် ပါသေးတယ်။
    • US-EIA (Energy Information Administration) - Electricity Data, Analysis, Surveys အရ အမေရိကန် ပြည်ထောင်စု မှာ 2006 ခုနှစ်က Electricity: 4,065 Billion kWh ထုတ်လုပ်သုံး စွဲခဲ့ပြီး
      • 49.0% of the electricity produced in the United States comes from coal,
      • 20% comes from nuclear,
      • 18.7% comes from natural gas,
      • 7% from hydroelectricity,
      • 2.4% from Renewables mostly coming from geothermal, solar and biomass
      • 2.3% from petroleum and the remaining
      ဒီစာရင်း အရ လိုအပ်ချက် ရဲ့ ၁၀ပုံ ၁ပုံ လောက်ကို ပဲ Renewable Green Energy ကနေ ရရှိတာ တွေ့ရပါမယ်။
    • International Energy Agency ရဲ့ Statistics : Electricity Production Unit in Year 2005 (GWh / year) ကိုကြည့်မယ် ဆိုရင်လည်း၊
      Production from:USAChinaIndiaThailandMalaysiaSingaporeMyanmar
      Coal2,153,9281,972,267479,95519,97423,134--
      Oil141,31760,63431,2228,7162,4899,783622
      Gas782,82911,93162,47594,41955,89928,4302,396
      Biomass48,4532,5041,9073,288---
      Waste22,762------
      Nuclear810,72653,08817,313----
      Hydro290,423397,01799,9995,7985,784-2,997
      Geothermal16,778--2---
      Solar Pv16-4----
      Solar Thermal596------
      Wind17,881-6,166----
      Tide-------
      Other Sources647------
      Total Production4,286,3562,497,440699,041132,19787,30638,2136,015
      Area (sq.mile)3,794,0663,704,4271,269,346198,115127,355273261,227
      Population (millions)305.01,321.91,132.463.027.54.655.4
      *Electricity Production Unit in GWh = 1000,000 kWh
      Ref: IEA Energy Statistics - for Electricity-Heat
      လူဦးရေ နဲ့ ပဲ အချိုးချချ၊ ဧရိယာ နဲ့ ပဲ အချိုးချချ၊ မြန်မာနိုင်ငံ သားတွေ စွမ်းအပ် ဘယ်လောက်ချို့တဲ့ နေရရှာလည်း တွေ့နိုင်ပါတယ်။ ဒါက လျှပ်စစ်ဓာတ် သုံးစွဲ မှု ကိုပဲ ပြောရသေးပါတယ်။ ဒီနေရာ မှာ အခြားနိုင်ငံ တွေ မှာ ချက်ပြုတ်ဘို့ သဘာဝ ဓာတ်ငွေ့က အဆင်သင့် (ပိုက်နဲ့) မဟုတ်တောင် လွယ်လင့်တကူ (အိုးနဲ့) ရနေတာ ကို ထည့်မပြော ရသေးပါဘူး။
    • အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံ တွေ မှာ Natural Gas (သဘာဝဓာတ်ငွေ့) သုံး gas turbines တွေကလည်း လျှပ်စစ် အဓိက ထုတ် ယူ နေတာ တွေ့ရပါမယ်။ မြန်မာနိုင်ငံ လို သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ နိုင်ငံ အတွက် လက်ရှိ အခြေအနေ မှာ အသင့်တော်ဆုံး နဲ့ (ဈေးအချိုဆုံး) လို့ သတ်မှတ်လို့ ရပါတယ်။
    • အိမ်နီးနား ချင်းနိုင်ငံ တွေ ကိုကြည့်မယ် ဆိုရင် မြန်မာပြည် ထက် အဆပေါင်းများစွာ ထုတ်လုပ် နိုင်ကြပေမဲ့ မြန်မာပြည် က ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ တွေ မျက်စေ့ ကျနေမှာပါ။ မြန်မာနိုင်ငံ အနေနဲ့ တိုင်းပြည် တိုးတက် ကောင်းစားရေး၊ ဖွံ့ဖြိုးရေး ကို တကယ်ရှေ့ရှုမယ် ဆိုရင် ပြည်တွင်း အတွက် သုံးမဲ့အစား တရုတ်ပြည် ရောင်းစားမယ်၊ ကုလားပြည် ကို ရောင်းမယ်၊ ယိုးဒယား ရောင်းစားမယ်၊ ဒါမှ နိုင်ငံခြားငွေ ရမယ် ဆိုတဲ့ အတွေးအခေါ် ကို ပြင်နိုင်သလောက် ပြင်ဘို့ အချိန်တန်ပြီ မို့ သင့်တော်၊ မတော် လူကြီးမင်းတို့ စဉ်းစားချင့်ချိန် တော်မူကြပါ။
    • သဘာဝ ဓာတ်ငွေ့ နဲ့ သယံဇာတ ကြွယ်ဝ တဲ့ နိုင်ငံ၊ နည်းလမ်းမှန်မှန် အသုံးချ နိုင်ရင်၊ ထင်း၊ မီးသွေး ပေါ်မှီခို နေရတာ လျော့သွား၊ လျှပ်စစ်မီး မမှန်တာ ပျောက်သွားမဲ့ အပြင် စက်မှုလုပ်ငန်း ထွန်းကားလာမှာ မို့ လူတွေလည်း ဝင်ငွေပိုရ၊ နိုင်ငံ အတွက်လည်း လိုအပ်တဲ့ ဓာတ်ငွေ့ခွန်၊ မီတာခွန် ပြန်ရမှာ မို့ Win-Win Situation ပါ။ ကိုယ့်နိုင်ငံ ကထွက်တဲ့ သယံဇာတ တွေ ကို နိုင်ငံ နဲ့ ပြည်သူတွေ အတွက် အကျိုးရှိရှိ သုံးစွဲနိုင်မှ နိုင်ငံ တိုးတက်နိုင်မှာပါ။ ဒါ့အပြင် ထင်း၊မီးသွေး အတွက် တောပြုန်းစေတဲ့ ပတ်ဝန်းကျင်ဒါဏ် ကိုလည်း လျော့ပါးစေ ပါလိမ့်မယ်။ နိုင်ငံတိုးတက်ဘို့ အတွက် လိုအပ်တဲ့ ပါဝါ ဘယ်လိုထုတ် ရမယ် ဆိုတာ မစဉ်းစား တတ်ပဲ လျှပ်စစ် ဆိုတာ မီးထွန်းဘို့ တစ်ခုတည်း မို့ Air Conditioners တွေ ကိုဖြုတ်သိမ်း ဘို့ အင်းသူကြီး တစ်ယောက်တွေး သလို ပဲ တွေးတတ်ကြရင် တော့ နိုင်ငံ ဘယ်လိုမှ မတိုးတက် နိုင်ပါဘူး။
    • တိုးတက်တဲ့ စက်မှု နိုင်ငံဖြစ်ဘို့ လိုအပ်တဲ့ လျှပ်စစ် ပါဝါ၊ မကြာခန ပြတ်တောက်ခြင်း မရှိတဲ့ မီးအား မှန်မှန် ကောင်းကောင်း၊ လိုအပ်ပါတယ်။ ဒါမှသာ နိုင်ငံတကာ အဆင့်မီ စက်ရုံ၊ အလုပ်ရုံ တွေ လည်ပတ်နိုင်မှာ ဖြစ်ပြီး နိုင်ငံသားတွေ လည်း အလုပ်ရ၊ အကျိုးရှိ၊ နည်းပညာ လည်းတိုးတက်၊ တိုင်းပြည်လည်း တိုးတက်၊...
    • ဘာပဲပြောပြော Green Energy ကိုလည်း ရေရှည် အတွက် ဆက်လက် လေ့လာထုတ်လုပ်၊ လက်ရှိ ရှိနေတဲ့ သယံဇာတ (ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး လောင်စာ) တွေကို လည်း မြန်မာ နိုင်ငံထဲ အတွက် အကျိုးရှိရှိ အသုံးချ နိုင်ရင် လိုအပ်တဲ့ Electricity / Power လုံလုံလောက်လောက် ရနိုင်မှာ ဖြစ်ပါတယ်။ လူ့ဘဝ ဆိုတာက မျှော်လင့်ချက် နဲ့ အသက်ရှင်ရတာ လို့ဆိုပါတယ်။ ဒါကြောင့် …


    • ကျောက်မီးသွေး သုံး စက်ရုံ များ အတွက် ၂၀၁၆ ဖြည့်စွက်ချက်။
      • ကျနော် အရင်တုန်း က မြန်မာပြည် ရဲ့ စွမ်းအင် လိုအပ်ချက် ကို ဖြည့်နိုင်ဘို့ ကျောက်မီးသွေး သုံး ဓာတ်အားပေး စက်ရုံ သုံးခွင့်ရရင် သုံးဘို့ အမြင်ရှိခဲ့ပါတယ်။
      • ခုနောက် ပိုင်း မှာတော့ ကျောက်မီးသွေး စက်ရုံမှ အမှိုက်များ လက်လွတ်စပါယ် လေထဲ ထုတ်လွှတ်ခြင်း နှင့် စိန မှ လွှတ်ပစ်ရန် ခက်ခဲသော စက်ရုံများ (အမှိုက်များ) ကို ရွှေနိုင်ငံ တော် သို့ အမှိုက်ပုံ သဖွယ် သဘော ထား ပို့မည့် အချက် များ ကို တွေ့လာရခြင်း နှင့် ထိုအမှိုက် များကို လက်ခံမဲ့ ဝိသမ လောဘ သမားများ ရှိ လာတယ် လို့ မြင်လာရတာ မို့ လက်မခံ နိုင်တော့ပါ။ သဘာဝ ဓာတ်ငွေ့ ကို သန့်စင် ပြိး သုံးတဲ့ တာဘိုင်း တွေ နဲ့ ဆိုရင် ပိုပြီး သန့်ပြီး ထုတ်လုပ်မှု စားရိတ် သက်သာ တဲ့ အပြင် ပတ်ဝန်းကျင် ထိခိုက်မှု လည်း ပိုနည်းမယ် လို့ မြင်ပါတယ်။ (ဆိုလိုတာ က ရွေးစရာ လည်း ရှိပါတယ်။)
      • ဘယ်စနစ် မဆို အကောင်း အဆိုး ကတော့ တွဲနေနိုင်ပါတယ်။ လက်ခံနိုင်တဲ့ အချက် နဲ့ လက်မခံ နိုင်တဲ့ အချက်၊ အကောင်း အဆိုး နှိုင်းယှဉ် ကြည့်နိုင်ဘို့ လည်း လိုအပ်ပါတယ်။

      • အရည်အသွေး မီ ကျောက်မီးသွေး
      • ၁။ ကျနော်တို့ နိုင်ငံ မှာ ကျောက်မီးသွေး သိုက်တွေ ရှိတယ် ဆိုတာ ငြင်းစရာ မရှိပါ။ ကျောက်မီးသွေး သိုက် ရှိလို့ ကျောက်မီးသွေး ထွက်တယ် လို့ ယူဆမိတာ မှားသွားတယ် လို့ ထင်ပါတယ်။ ကျနော် သိရသလောက် မြန်မာပြည် မှာ အရည်အသွေး ကောင်းတဲ့ ကျောက်မီးသွေး လုံလုံလောက်လောက် မထွက်ပါ။ တူးဖော်နိုင်စွမ်းအား လည်း ကောင်းကောင်းမရှိပါ။ ထို့ကြောင့် စိန ပြည်မှ တင်သွင်းရပါလိမ့်မယ်။ မြန်မာပြည် အတွက် ရောင်းမဲ့ စိနပြည် ဖြစ်မို့ (အားလုံး ဒုက္ခရောက် မဲ့) အရည်အသွေး ဖြစ်ကြောင်း စိတ်ချရပါလိမ့်မယ်။
        ၂။ မြန်မာပြည် က ကျောက်မီးသွေး ကျော တွေ ကို စိန က ကုမ္ပဏီ တွေ ပေးတူးရင် လည်း ကျောက်မီးသွေး ကောင်း ရ၊ မရ မသေချာ ပေမဲ့ တောင်ပြုန်းပြီး တိုင်းရင်းသား တွေ ဘဝပျက် မှာတော့ သေချာပါတယ်။

      • နည်းပညာ
      • ၃။ နည်းပညာ ပိုင်းမှာ လေထဲကို မထုတ် ခင် စနစ်တကျ သန့်စင်တဲ့ စနစ် တွေ ကို အနောက်ဖက် နိုင်ငံ (သို့) ဂျပန် ကနေယူ တယ်လို့ ပဲ ထားပါ။ ဒီအတွက် ကုန်ကျ စားရိတ် က မနည်းတာမို့ မကြာခင် ဖြစ်သလို လုပ်လာကြပါလိမ့်မယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး Law Enforcement မရှိပဲ နဲ့ ဘယ်လိုမှ တားလို့ မရပါဘူး။ ဘယ်သူ က စောင့်ကြည့် တာဝန်ယူ မှာလဲ။
        ၄။ ဂျပန် နဲ့ ဥရောပ၊ အမေရိက က လက်ရှိ နည်းပညာ တွေ၊ စံတွေ အတိုင်း စက်ရုံဆောက်ပါမယ်။ ဒီလိုဆိုရင်တောင် သဘာဝ ဓာတ်ငွေ့ က ထုတ်တာ ထက် ပိုပြီးသက်သာ စရာ အကြောင်း မရှိပေမဲ့ Emission ကတော့ သဘာဝ ဓာတ်ငွေ့ စက်ရုံထက် များမှာ သေချာပါတယ်။
        ၅။ ကျောက်မီးသွေး ဆိုတာ fuel of the past ပါ။ ခေတ်မမီ တော့ပါ။ အမေရိက က လည်း ကျောက်မီးသွေး စက်ရုံတွေ ကို လျှော့ချ လာပါပြီ။ ပတ်ဝန်းကျင်ကာကွယ်ရေး ထိန်းချုပ် မှု လည်း အဆင်သင့် ရှိပြီးသား ပါ။ စိန မြို့တော် ဘေဂျင်း က တော့ လေထုညစ်ညမ်း မှု မှာ ထိပ်ဆုံး ရောက်မဲ့ သဘော တွေ့လာရပါပြီ။
        ၆။ အမေရိကန် လည်း ကျောက်မီးသွေး ကို မဆမတန် မီးရှို့နေပါတယ်။ ဥရောပ လည်း ရှို့နေပါတယ်။ စိန လည်း မထိန်းမသိမ်း ရှို့နေပါတယ်။ ကျနော်တို့ အပြိုင်ရှို့နိုင်မလား။ သူတို့ က ကိုယ့်နိုင်ငံ ထွက် ကိုယ်ရှို့နေတဲ့ အချိန်မှာ ကျနော်တို့ က စိန က ဝယ်ပြီး ပြိုင်ပွဲဝင်ရမဲ့ သဘော။
        ၇။ နိုင်ငံတကာ Emission Control Limit ကို စဉ်းစားပေးနေတာ မဟုတ်ပါ။ အနီးအနား မှာ ရှိတဲ့ ပြည်သူပြည်သား တွေ ဘဝ ကို ပဲ အလေးပေး စဉ်းစားနေ ခြင်း ဖြစ်ပါတယ်။ လက်ရှိ ကျောက်မီးသွေး စက်ရုံ အများအပြား တည်ဘို့ စိုင်းပြင်းနေကြတယ် လို့ သိရပါတယ်။ ရွေးစရာ မရှိလို့၊ ကျောက်မီးသွေး ကောင်း လည်း ထွက်လို့ ဆိုရင် လက်ခံလိုပါတယ်။ သို့သော်…….
        "စိန က ကိုယ့်ဆီ က ဓာတ်ငွေ့ ကို စိတ်ကြိုက်ယူ ပြီး သူ့ဆီက အရည်အသွေး ခပ်ညံ့ညံ့ ကျောက်မီးသွေး တွေ ကို ပြန်ရောင်းပေးမယ်။ ဟုတ်လား ?
        နိုးလော့ ထလော့ ရွှေမြန်မာ။ ခုချိန်ထိ ဘိန်းငိုက် နေတုန်းလား၊ စိတ်ကူးယာဉ် ကောင်းနေတုန်းလား။
        "

      • Wakeeeeeeeeeeee uppppppppppppppppp !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! Natural Gas is considered as one of the cleaner energy by the way.


Web-Links
  1. Green Energy[ http://en.wikipedia.org/wiki/Green_energy ]
  2. Nuclear Power [ http://en.wikipedia.org/wiki/Nuclear_Power ]
  3. Natural Gas [ http://en.wikipedia.org/wiki/Natural_Gas ]
  4. Hydropower[ http://en.wikipedia.org/wiki/Hydropower ]

  5. Wind Turbines [ http://en.wikipedia.org/wiki/Wind_turbine ]
  6. Solar Power[ http://en.wikipedia.org/wiki/Solar_energy ]
  7. Geothermal Energy[ http://en.wikipedia.org/wiki/Geothermal_Energy ]
  8. IceLand [ http://en.wikipedia.org/wiki/Ice_land ]
  9. Hydrogen Fuel Cells [ http://en.wikipedia.org/wiki/Fuel_cell ]
  10. Biomass Fuels [ http://en.wikipedia.org/wiki/Biofuel ]
  11. EIA (Energy Information Administration)- Electricity Data, Analysis, Surveys [ http://www.eia.doe.gov/cneaf/electricity/epa/figes1.html ]
  12. IEA (International Energy Agency) Energy Statistics - for Electricity-Heat[ http://www.iea.org/Textbase/stats/prodresult.asp?PRODUCT=Electricity/Heat ]


No comments: